သင်းကွဲလိပ်ပြာများရဲ့ ရင်ခုန်သံကို ခံစားခြင်း ( ၅ )


သတင်းစာနဲ့ မတူတဲ့ သတင်းစာ၊ သတင်းစာလိုလို ဂျာနယ်တွေ ကြီးစိုးနေ တဲ့ မြန်မာပြည်သားတစ်ယောက်အနေနဲ့ ဒီနေ့ ကျနော်ရင်ခုန်ခွင့်ရလိုက်တဲ့ သင်းကွဲလိပ်ပြာကတော့ Joseph Pulitzer ပါပဲ။ ဂျာမန်သွေးတွေ စီးဆင်းနေ တဲ့ ဒီ အမေရိကန်ကြီးဟာ အမေရိက သတင်းစာနဲ့ဂျာနယ်တော်လှန်ရေးရဲ့ အထင်ကရ ပဲ့ကိုင်ကြီးပေါ့။ သူနဲ့ပတ်သက်တဲ့ Pulitzer စာပေဆု ဆိုတာ အနောက်မီဒီယာလောကမှာ လူတိုင်းပန်လိုတဲ့ တော်ဝင်ပန်းတစ်ပွင့်ပါပဲ။ သူ့အကြောင်းတွေ ပြန်ရေနေမယ့် အစား သူ့စကားစကို ခြေရာနည်းနည်း ခံကြည့်လိုက်တယ်ဆိုရင်ပဲ စာနယ်ဇင်းကျင့်ဝတ်ကို မလိုက်နာကြရင်တောင် ကြားကောင်းအောင်တောာ့ ရွတ်ဖတ်လို့ရလိမ့်မယ်။
Joseph Pulitzer ( 1847-1911 )



တိုးတက်ဖို့ ပြုပြင်ပြောင်းလဲဖို့အတွက် အမြဲတမ်း တိုက်ပွဲဝင်နေပါ။
-always fight for progress and reform,

တရား မမျှတမှုနဲ့ ကိုယ်ကျင့်တရားပျက်မှုကို ဘယ်တော့မှ သည်းမခံနဲ့၊
-never tolerate injustice and corruption,

မတရားတဲ့နည်းနဲ့ အာဏာရယူချင်တဲ့ ဘယ်ပါတီရဲ့ အကျင့်ပျက်တွေကိုမဆို အမြဲတမ်း ထိုးနှက်ပါ၊
-always fight demagogues of all parties,

ဘယ်ပါတီထဲမှ မဝင်ပါနဲ့၊
-never belong to any party,

အခွင့်ထူးခံ ရေပေါ်ဆီလူတန်းစားတွေနဲ့ ပြည်သူ့ဘဏ္ဍာ သူခိုးတွေကို အမြဲ ဆန့်ကျင်ပါ၊
-always oppose privileged classes and public plunderers,

ဆင်းရဲသားလူတန်းစားအပေါ် ဘယ်တော့မှ ဂရုဏာမပျက်မိစေနဲ့၊
-never lack sympathy with the poor,

လူထုအကျိုးစီးပွားအတွက် အမြဲ သစ္စာစောင့်သိစွာ ရပ်တည်ပါ၊
-always remain devoted to the public welfare,

သတင်းလေးလောက် ပုံနှိပ်ဖြန့်ဝေရုံနဲ့ ဘယ်တော့မှ ကျေနပ်ရောင့်ရဲမနေနဲ့၊
-never be satisfied with merely printing news,

အမြဲတမ်းလွတ်လပ်စွာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပါ၊
-always be drastically independent,

( Statement of policy for the N.Y World and St. Louis. April 10, 1907 )
သူ အနားမယူခင် သူ့လူတွေအတွက် ထားခဲ့တဲ့ သူ့ဥဒါန်းတချို့ပါ။ စာဖတ် သူတွေ ဘယ်လိုခံယူမယ်ဆိုတာ မသိပေမဲ့ ကျနော်ကိုယ်တိုင်တော့ ကြက်သီးတွေနဲ့ စာစီခဲ့ရတယ်။ သူဟာ Joseph Pulitzer ပါ။

From Facebook's comment
Aung Minn Zaw ပူလစ်ဇာဆုက သူ့ကိုဂုဏ်ပြုတာလား

ဟုတ်ပါတယ်။ ဆောရီး၊ မအားလို့ ဒီအတိုင်းပဲ ပို့စ်လိုက်တယ်။


In 1912, one year after Pulitzer's death aboard his yacht, the Columbia School of Journalism was founded, and the first Pulitzer Prizes were awarded in 1917 under the supervision of the advisory board to which he had entrusted his mandate. Pulitzer envisioned an advisory board composed principally of newspaper publishers. Others would include the president of Columbia University and scholars, and "persons of distinction who are not journalists or editors." Today, the 19-member board is composed mainly of leading editors or news executives. Four academics also serve, including the president of Columbia University and the dean of the Columbia Graduate School of Journalism. The dean and the administrator of the prizes are non-voting members. The chair rotates annually to the most senior member. The board is self-perpetuating in the election of members. Voting members may serve three terms of three years. In the selection of the members of the board and of the juries, close attention is given to professional excellence and affiliation, as well as diversity in terms of gender, ethnic background, geographical distribution and size of newspaper.



 ဇင်ဝေသော်

“သူတို့က ခြင်္သေ့ဆိုရင် ကျွန်တော်တို့က လူခြင်္သေ့” ( အပိုင်း - ၂ )


ကျွန်တော် အဓိကဆွေးနွေးချင်တာက စင်ကာပူမှာရှိတဲ့ မြန်မာတွေရဲ့ ဘဝ၊ အခက်အခဲ၊ မြန်မာပြည်ပြန်လာချင်စိတ် ရှိ၊ မရှိ ဆိုတာပါ။ ဒီခေါင်းစဉ်အောက် မှာတော့ ကျွန်တော်နဲ့ ဆက်စပ်နေတဲ့ မြန်မာအသိုင်းအဝိုင်းရဲ့ အသံတစ်ချို့ လည်း ပါဝင်ပါလိမ့်မယ်။ ဒါကသည်ပင် အာဆီယံမှာ ကျားဖြစ်နေတဲ့ စင်ကာပူ နဲ့ ဆက်ဆံရေးကို တစ်စုံတစ်ရာ ပြောခဲ့ရာလည်း ရောက်ပါလိမ့်မယ်လို့ ယုံ ကြည်ပါတယ်။

၁။ စင်ကာပူရောက် မြန်မာများ-
သူတို့ လုပ်ကိုင်နေတဲ့ အလုပ်တွေကို အခြေခံပြီး-
(က) အင်ဂျင်နီယာများ
(ခ) ဘူမိဗေဒ ပညာရှင်များ
(ဂ) စာရင်းကိုင် ပညာရှင်များ
(ဃ) ကွန်ပျူတာနှင့် အိုင်တီပညာရှင်များ
(င ) ဆေးရုံက နာ့(စ်) များ
( စ )အိမ်ဖော်မိန်းကလေးတွေနဲ့
(ဆ) ဆောက်လုပ်ရေးက အလုပ်ကြမ်းသမားတွေနဲ့ သင်္ဘောကျင်းမှာ လုပ်နေရတဲ့ အလုပ်ကြမ်းသမား
- တွေလို့ အုပ်စု ၇ အုပ်စုခွဲထားနိုင်ပါတယ်။ ကျန်တာက လူနည်းစုပါ။

သူတို့ကို အလုပ်အကိုင်နဲ့ ခွဲခြားပြီးရင် သူတို့စင်ကာပူရောက်တဲ့ သက်တမ်း ကို အခြေခံပြီးတော့လည်း ဒီလို ခွဲခြားထားနိုင်ပါတယ်။
(က) တော်လှန်ရေး ကောင်စီအစိုးရ လက်ထက်နဲ့ ၈၈- အရေးအခင်း မတိုင် မီက ရောက်နေတဲ့ အုပ်စု
(ခ) ၈၈- အရေးအခင်းပြီးမှ ရောက်လာတဲ့အုပ်စု
(ဂ) ရွှေဝါရောင်ရဲ့ ဝန်းကျင်မှာ ရောက်လာတဲ့အုပ်စု လို့ အုပ်စုသုံးမျိုး ခွဲကြည့်နိုင်ပါတယ်။ ( ပုဂ္ဂလိက အမြင်ပါ )

တော်လှန်ရေး ကောင်စီအစိုးရ လက်ထက်နဲ့ ၈၈- မတိုင်မီကတည်း က ရောက်နေတဲ့အုပ်စုက လူနည်းစုဖြစ်ပြီး ပညာရှင် ပရော်ဖက်ရှင်နယ် စစ် စစ်တွေ၊ စီပွားရေးပညာရှင်တွေပဲ များပါတယ်။ သူတို့ဟာ စင်ကာပူမှာ လုံးဝ အခြေကျနေပြီး သူတို့ရဲ့ တတိယမျိုးဆက် အထိ ရောက်နေပြီဆိုရင် စင်ကာ ပူရီးယန်းစစ်စစ်ကြီး ဖြစ်နေကြပြီး တစ်ချို့ကလေးတွေဆိုရင် မြန်မာ့ အငွေ့ အ သက်ပျောက်နေပါပြီ၊ မြန်မာစာ၊ မြန်မာစကားကို မပြောတတ်ကြတော့ပါဘူး။

၈၈- အပြီးရောက်လာတဲ့ အုပ်စုက အင်ဂျင်နီယာအများစုပါ။ ဘူမိဘေဒ ပညာရှင်၊ စာရင်းကိုင်နဲ့ အလုပ်ကြမ်းသမားတစ်ချို့လည်း ရှိပါတယ် ။ သေချာ တာကတော့ (၂၀၀၀) ဝန်းကျင်အထိ အိမ်ဖော်မိန်းကလေးတွေက မရှိ သလောက် ရှားပါသေးတယ်။ ကွန်ပျူတာနဲ့ အိုင်တီပညာရှင်တွေလည်း သိပ် မရှိပါဘူး။
သက္ကရာဇ် (၂၀၀၀) ကျော်လောက်ကတည်းက သိသိသာသာ တိုးလာတာက ကွန်ပျူတာ၊ အိုင်တီ၊ အိမ်ဖော်၊ သူနာပြုတွေနဲ့အတူ အင်ဂျင်နီယာ အသစ် ကလေးတွေ၊ ဘူမိဗေဒပညာရှင်အသစ်ကလေးတွေ စုံလို့ပါပဲ။

သူတို့ဘဝတွေရဲ့ အခက်အခဲ-
အခက်မရှိတဲ့ဘဝကို လက်ညှိုးထိုးပြပါလို့ ဆိုရပါလိမ့်မယ်။ ကျွန်တော်နဲ့ ရင်းနှီးတဲ့ ပဲခူးက ကဗျာဆရာ၊ ပန်းချီဆရာကတော့ “မျှော်လင့်ချက်နဲ့နှိုင်းရင် ကြုံဆုံလာသမျှအဖြစ်တွေဟာ ကောင်းလွန်းပြန်တယ်” ဆိုပြီး ကိုထီးကြီး အသံနဲ့ ဆိုလေရဲ့။ သူက ဘူမိဗေဒပညာရှင်ပါ။
အထက်က အုပ်စုတွေအနေနဲ့ပဲပြောရရင် တော်လှန်ရေး ကောင်စီအစိုးနဲ့ (၈၈) မတိုင်မီကတည်းက ရောက်နေသူတွေကတော့ အဆင်ပြေသူ ရာနှုန်းပြည့် နီးပါးလို့ ပြောရပါလိမ့်မယ်။ လူချမ်းသာအသိုင်းအဝိုင်းထဲအထိ ပါတဲ့လူတောင် ပါဝင်ပါတယ်။ သူတို့ထဲက တချို့ကတော့ ဦးနေဝင်းအစိုးရနဲ့ တနည်းမဟုတ်တနည်း အကောင်းအဆိုး ဆက်စပ်နေသူတွေ လို့ ပြောရပါ လိမ့်မယ်။ အားလုံးဟာလည်း ပညာရှင်တွေနဲ့ စီးပွားရေးသမားတွေချည်းပါပဲ။ ကျနော်သိတဲ့ မစ္စတာ လီ ဝါးဝါး ဆို မြန်မာဖွား တရုတ်စစ်စစ်ပါ၊ အင်ဒိုနီးရှားငွေ၊ မြန်မာငွေစက္ကူတွေရိုက်ဖို့ စက္ကူတင်သွင်းခွင့် ရခဲ့သူလို့ သိရပါတယ်။ အဲသ လို လူတွေ တော်တော်ရှိပါတယ်။

၈၈- ပြီးမှ ထွက်လာတဲ့အုပ်စုကလည်း သက္ကရာဇ် ၂၀၀၀- ကျော်ကျော်ေ လာက်မှာရောက်တဲ့အထိ ပညာရှင်တွေပဲများပါတယ်။ ဒီအုပ်စုကြီးက အင် ဂျင်နီယာအုပ်စုကြီးလို့ ပြောရင်ရပါတယ်။ အများစုဟာ အင်ဂျင်နီယာတွေ ပါ။ မြန်မာပြည်က အင်ဂျင်နီယာဘွဲ့နဲ့ အလုပ်ဆက်လုပ်နေကြသူတွေရှိသလို ဒီမှာရှိတဲ့ NUS (National University of Singapore)၊ NTU ( Nanyang Technological University) တို့မှာ မာစတာဘွဲ့ဆက်တက်၊ အရေအတွက် မများလှပေမယ့် ပီအိတ်(ခ်ျ) ဒီအထိ ဆက်တက်သူတွေ ရှိပါတယ်။ အများစုက စင်ကာပူမှာပဲနေကြပြီး အနောက်ဘက်ကို ဆက်ထွက်သွားတဲ့ လူအနည်းစုလည်း ရှိပါတယ်။

ဒီအထဲမှာ ဘူမိဗေဒပညာရှင်များလည်း ပါဝင်ပါတယ်။
မြန်မာပြည်မှာ နေရာ သိပ်မရတဲ့ (ဆေး၊ အင်ဂျင်နီယာတို့ကို ထောက်ဆပြီး) ဘူမိဗေဒပညာဟာ အဆောက်အဦရဲ့ ဖောင်ဒေးရှင်းကို ဂရုတစိုက်ရှိလှတဲ့ စင်ကာပူမှာ နေရာကောင်းကောင်းတစ်ခု အမြဲလိုလို ရှိနေပါတယ်။ ဘူမိဗေဒအဖွဲ့တွေဟာ စင်ကာပူမှာ နာမည်ကောင်းလည်းရကြတဲ့အကြောင်း ဝမ်းသာဖွယ်သတင်းများ ကြားသိရပါတယ်။
ဒီအုပ်စုဟာလည်း အခြေအနေတကျတွေ ဖြစ်နေကြပြီမို့ အဆင်ပြေကြပါ တယ်။ ဘဝဒုက္ခလောက်သာရှိပြီး မဆံ့မပြဲ ဒုက္ခရောက်နေကြသူတွေ မရှိပါ ဘူး။

ရုန်းကန်ရဆုံးအဖွဲ့ကတော့ (၂၀၀၇) နောက်ပိုင်းမှ ထွက်လာကြတဲ့ လူငယ်တွေပါ။ အင်ဂျင်နီယာ၊ ကွန်ပျူတာ နဲ့ အေစီစီအေ လောက်အထိပြီး သူတွေကတော့ ပညာရှင်တွေမို့ အနှေးနဲ့အမြန် အဆင်ပြေသွားကြတာပါပဲ။ LCCI တွေလည်းအဆင်ပြေကြပါတယ်။ ဆေးရုံသူနာပြုလို့ဆိုတဲ့အထဲမှာ နှစ်မျိုးပြန်ခွဲကြည့်ရပါဦးမယ်။ ပရော်ဖက်ရှင်နယ်တန်းဝင် သူနာပြုတွေနဲ့ ရက်တို သင်တန်းတက်ပြီး အေးဂျင့်နဲ့ရောက်လာတဲ့ လူအိုရုံ၊ စိတ္တဇဆေးရုံမှာ အကူ အညီလုပ်နေရတဲ့ သူနာပြုလက်ထောက်တွေပါ။

ပထမအမျိုးအစားကတော့ ပညာရှင်တွေမို့ အဆင်ပြေကြပါတယ်။ ဒုတိယ အမျိုးအစားကတော့ ကိုယ့်နိုင်ငံထက် ငွေပိုရတယ်ဆိုတာလေးကလွဲရင် ကျပ်ကျပ်တည်းတည်းပါပဲ။ တစ်လမှာ ဒေါ်လာလေး ငါး ရာဝန်းကျင်လောက်ပဲ ရကြပါတယ်။ သင်္ဘောကျင်း၊ ဆောက်လုပ်ရေးစတာတွေမှာ လုပ်နေကြ တဲ့ မြန်မာလူငယ်တွေလည်း (၂၀၀၇) နောက်ပိုင်းမှာ ပိုများလာပါတယ်။ အမျိုးသားတွေဖြစ်လေတော့ သူတို့ဒုက္ခက မျက်ရည်ကျလောက်တဲ့ အဆင့် အထိ မရှိပါဘူး။ “ကံ” အပေါ်မူတည်တယ်လို့လည်း ပြောရပါလိမ့်မယ်။ အဆင်ပြေသူက ပြေ၊ မပြေသူက မပြေပါ။

အဆိုးဆုံးကတော့ အိမ်ဖော်လေးတွေပါ။ အဆင်ပြေသူတွေရှိကြပေမယ့် မပြေသူက ပိုများပါတယ်။ ကမ္ဘာမှာ လော ( ဥပဒေ ) ဘွဲ့ရတွေက အေ အဆင့်ပေမဲ့ မြန်မာ ဥပဒေ ဘွဲ့ရတွေကတော့ အိမ်ဖော်ဖြစ်နေတတ်တယ်၊ ကမောက်ကမ ပညာရေးပါပဲ။ အကူသူနာပြုလေးတွေရဲ့ ဘဝကလည်း အဆင်ပြေလှကြီးဟုတ်မယ် မထင်လှပါဘူး။ မှတ်မှတ်ရရကတော့ (၂၀၀၀) ဝန်းကျင်အထိ မြန်မာအိမ်ဖော်ဆိုတာ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ မတွေ့ ရသလောက်ပါပဲ။ ၂၀၀၇- နောက်ပိုင်းမှာတော့ မြန်မာအိမ်ဖော်တော်တော်များများ တွေ့လာရပါတယ်။ နောက်ဆုံးသတင်းအရ မြန်မာအိမ်ဖော် အရေအတွက်ဟာ အင်ဒို၊ ဖိလစ်ပိုင်၊ အိန္ဒိယတို့နောက် စတုတ္ထနေရာမှာ ရှိပြီး တစ်သောင်း ဝန်းကျင်ခန့် လို့ မှတ်သားရပါတယ်။

သူတို့ပြန်လာလိုစိတ် ရှိ၊ မရှိ-
လောလောဆယ်မှာတော့ အများအားဖြင့် စောင့်ကြည့်နေကြတယ်( wait and see) လို့ ဆိုရမှာပါ။
ဒီမှာ. မေးခွန်းတက်လာတာက စင်ကာပူမှာရတဲ့ လစာတစ်ဝက်လောက်အထိ ရမယ်ဆိုရင် အနစ်နာခံပြီး ပြန်လာနိုင်မလားဆိုတာပါ။
၁ ။ မပြန်နိုင်ဘူး။
၂ ။ တစ်ဝက်လောက်ရရင်ပဲ ပြန်မယ်ဆိုတဲ့ အဖြေနှစ်မျိုး အကြမ်းဖျင်း ထွက် လာပါတယ်။
မပြန်နိုင်ဘူး။ ဘာ့ကြောင့်လဲ။ လစာတစ်ဝက်လျှော့သွားပေမယ့် စားဝတ်နေရေးစရိတ်က အတူတူလိုဖြစ်နေတယ်။ မြန်မာပြည်ကတောင် ပိုဈေးကြီးသလိုလို ဖြစ်နေတယ်။ ဒီမှာ အိမ်ဝယ်နိုင်တယ်။ ရန်ကုန်မှာ အိမ် ဝယ်ဖို့မလွယ်ဘူး။ ဒီလိုတွေ ဖြေတတ်ကြတယ်။ ဒီအုပ်စုက စင်ကာပူလစာ တစ်ဝက်လောက်မှ မရရင်၊ ကုန်ဈေးနှုန်းလည်း မကျရင် စဉ်းစားမနေနဲ့ အထဲ ကပါပဲ။
ပြန်မယ်ဆိုတဲ့အုပ်စုလည်းရှိပါတယ်။ နိုင်ငံတော် ပြုပြင်တည်ဆောက်ဆဲကာလမှာ ပြောင်းလဲမှုအလျင်နဲ့ အတူတူပါသွားရင် ကိုယ်ပြန်လည် အခြေချနေတော့မယ်ဆိုတဲ့အခါ အဆင်ပြေပြီးသားဖြစ်သွားအောင်ဆိုတဲ့ အယူအဆမျိုး ဖြစ်နိုင်ပါတယ်။

စင်ကာပူမှာရှိတဲ့ မြန်မာတွေ ကျေနပ်နိုင်ကြတယ်ဆိုတာ စင်ကာပူနိုင်ငံ ကပေးတဲ့ အခွင့်အရေးအပြင် နိုင်ငံခြားတိုင်းပြည်တွေထဲမှာ စင်ကာပူ ဟာ မြန်မာအငွေ့အသက်အရဆုံး နိုင်ငံဖြစ်နေလို့လို့ပြောရင် ရနိုင်ပါတယ်။ ဘာသာရေးအနေနဲ့လည်း ကျောင်းပေါင်း (၁၇) ကျောင်း (ဆရာလေးတွေ နှစ်ကျောင်းအပါအဝင်) ရှိတယ်။ တရားထိုင်မယ်ဆိုရင်လည်း မဟာစည်၊ မိုးကုတ်၊ ဖားအောက် နည်းမျိုးစုံ ရိပ်သာတွေရှိတယ်။ မြန်မာပြည်က ကြွလာ တဲ့ နာမည်ကျော် ( Top 5 ) ဓမ္မကထိကတွေရဲ့ တရားပွဲတွေဆိုတာကလည်း သိပ်မပြတ်လှဘူး။

အစားအသောက်ဆိုတာကလည်း လိုတာ၊ လိုတဲ့အချိန်ရ တယ်။ မြန်မာ အချင်းချင်း လူမှုရေး၊ စီးပွါးရေး၊ ဘာသာရေး ကိစ္စတွေအတွက် တွေ့ကြမယ် ဆိုရင် တစ်နာရီအတွင်း ဘယ်နေရာကမဆို စုရပ်ကိုရောက်နိုင်တယ်။ စင်ကာပူက မြန်မာတွေဟာ မြန်မာပြည်ကို လွမ်းတယ်ဆိုဦးတော့ အလွမ်းဖြေ စရာ အငွေ့အသက်တွေက အများကြီးပါ။ ဒါကြောင့် မြန်မာပြည်ကို အရဲစွန့် ပြီးပြန်ဖို့ သိပ်လောကြလိမ့်မယ်လို့ မထင်မိဘူး။

ပြန်ခြင်း၊ မပြန်ခြင်းကိစ္စကို ဆက်ပါမယ်။ သေချာတာကတော့ (၈၈) မျိုး ဆက်ဟာ ဒေါ်စုအသည်းစွဲတွေပါ ( အွန်လိုင်းမှာ ဒီဘိတ်လုပ်ရတာ နှစ်ခြိုက် သူတွေလည်း တွေ့ရပါတယ်) သူတို့နဲ့ မလှမ်းမကမ်းမျိုးဆက်ကလည်း ဒီ ဂယက်ကြောင့်ပဲ ဒေါ်စုကို အသည်းစွဲကြပါတယ်။ ပြုပြင် တည်ဆောက် ဆဲ နိုင်ငံတော်အတွက် လိုအပ်နေတာက အဲဒီမျိုးဆက်ကြီးလို့ ယုံကြည်မိ ပါတယ်။
၈၈- မျိုးဆက်တွေဟာ ဒီနေ့အသက် ၄၀-နဲ့ ၅၀- ကြားတွေပါ။ ကာယအား၊ ဥာဏအား အကောင်းဆုံးအရွယ်ဖြစ်နေသလို အတွေ့အကြုံလည်း အမျာကြီး ရထားပြီးခဲ့ကြပါပြီ။ သူတို့စောင့်ကြည့်မှာက စီးပွါးရေးတောင် မဟုတ်လောက် ပါဘူး။ နိုင်ငံရေးပါ။ အစိုးရအဖွဲ့ထဲမှာ ဒေါ်စုဘယ်လောက် အလုပ်လုပ်ခွင့် ရနေပြီလဲ ဆိုတာပါ။ အဲဒါသည်ပင် သူတို့ပြန်လာချင်စိတ်ကိုပေါက်စေနိုင်တဲ့ အကြောင်းတရားပါပဲ။ ဒါကိုကြည့်ရင် ၂၀၁၅- ရွေးကောက်ပွဲဟာ ထွက်ပြေး သွားတဲ့ မြန်မာ့ဦးနှောက်တွေ ပြန်ရ၊ မရ အဖြေကို ထုတ်ပေးလိမ့်မယ်လို့ ယုံ ကြည်ပါတယ်။

ဘာပဲဆိုဆို ကျွန်တော်တို့နိုင်ငံဟာ စင်ကာပူကို ( တစိတ်တစ်ပိုင်း ) မော် ဒယ်ယူပြီး တဖြည်းဖြည်း တည်ဆောက်လိမ့်မယ်ဆိုတာကိုတော့ လတ်တလော ယုံကြည်လို့ရပါတယ်။ ဒီတော့ အစိုးရပိုင်းကအစ ပုဂ္ဂလိက စီး ပွါးရေး အထိ သူတို့နဲ့ တနည်းမဟုတ်တနည်း ပိုပြီးဆက်ဆံလာနိုင်စရာတွေ ရှိနေပါတယ်။ ဒီမှာ ကျွန်တော့်အတွေ့အကြုံကို သိုသိုသိပ်သိပ် ပြောခွင့်ပြုပါ။

၁။ ကိုယ်ကဦးဆောင်ရမယ်ဆိုရင် ခပ်ရှင်းရှင်း၊ ခပ်တင်းတင်း ဦးဆောင် တာ ကောင်းပါတယ်။ နေရှင်နယ်ဆားဗစ်မှာကတည်းက သူတို့ကို လေ့ ကျင့်ပေးထားတာက နောက်လိုက်ကောင်းဖြစ်ဖို့နဲ့ စွမ်းသူတွေတစ် ချို့ ခေါင်းဆောင်ကောင်းဖြစ်ဖို့ပါ။ စင်ကာပူလူမျိုးတွေဟာ ပါးစပ်က ပွစိ ပွစိပြောပေမယ့် နောက်လိုက်ကောင်းတွေများပါတယ်။ ရှမ်းလွယ်အိပ်တွေ နည်းတယ်။ ဟီးရိုးအစ်ဇင် များတယ်။ ကိုယ်က ခေါင်းဆောင်ခွင့်ရမယ် ဆို ရင် တော်တော်ကောင်းပါတယ်။

၂။ အဆင့်တူပေါင်းသင်းရရင်လည်း သူကအော်လိုက်၊ ကိုယ်ကအော်လိုက်၊ မဆိုပါဘူး။ သဘောမတူရင် ပြန်အော်လို့ ရတယ်။ ကိုယ် မအော်လည်း သူတို့ ကတော့ အော်မှာပဲ။ ငုံ့ခံလာပြီး သူတို့အတင်းပြောတာထက် သူအော် ကိုယ်အော်က အလုပ်ပိုဖြစ်တာ ( လက်လှမ်းမီသရွေ့ ) တွေ့ရပါတယ်။

၃။ သူတို့က အထက်ကဆိုရင်တော့ ဘယ်လောက်စိတ်ရင်းကောင်းတဲ့ လူ ပဲဖြစ်ဖြစ် အပေါ်စီးနည်းနည်းဆန်၊ ဘူလီ(Bully) နည်းနည်းကျတတ်ပါတယ်။ ( နည်းနည်း ဆိုတာက အားနာလို့ပါ ) သူတို့ကို အလွန်အမင်း ( အစိုးရ အရာရှိပိုင်းတွေ သတိထားသင့်တယ် ) အလျှော့မပေးဘဲ ဆက်ဆံတာဟာ အကျိုးအမြတ်အတွက်သာမက ရေရှည်ဆက်ဆံရေးကိုပါ ကောင်းမွန်စေပါတယ်။ ဒီတော့ ကျွန်တော်တို့ရဲ့စိတ်ဓာတ်ကို နည်းနည်းမြှင့်ထားမှ ရပါလိမ့်မယ်။
ဆိုလိုတာက အကြောင်းအကျိုးမသိ၊ အရမ်းမဲ့မောက်မာတာမျိုး၊ အရှေ့တောင် အာရှရဲ့ ကျားတစ်ကောင်ဆိုပြီး အလွန်အမင်း ရိုကျိုးနေစရာမျိုး မလိုဘူးဆိုတာကို ပြောလိုတာပါ။


ဘယ်သူနဲ့မှ မညှိဘူး။ ကျွန်တော့် ပုဂ္ဂလိက ယုံကြည်မှုကတော့ “ မင်းတို့က စင်ကာပူရ၊ ခြင်္သေ့မြို့တော်က ခြင်္သေ့တွေဆိုရင် သဘာဝအရင်းအမြစ်နဲ့ လူ သား အရင်းအမြစ်ကို အချိုးညီညီ ပေါင်းစပ်နိုင်တဲ့နေ့မှာ ငါတို့ဟာ မနုဿီဟ လူခြင်္သေ့တွေ ဖြစ်လာမှာပါကွာ ” ပါဘဲ။ ဒီ အရှိန်အဟုန်နဲ့ ဆက်သွားရင် လာမည့် အနှစ်နှစ်ဆယ်ရဲ့ မြန်မာ့အနာဂတ်ကို ဘယ်သူကြိုဖတ်မလဲ။ ဘာပဲဖြစ်ဖြစ် ဒါက စိတ်ချမ်းသာတယ်။

( တစ်ယောက်ယောက်၊ တစ်ဖွဲ့ဖွဲ့ ကိုများ ထိပါးမှုရှိခဲ့ရင် တောင်းပန်ပါတယ်။ ဂျနယ်ကြီးတစ်ဆောင်က ရွေးထားတယ်ဆိုပေမဲ့ မစောင့်နိုင်လို့ တင်လိုက် တာပါ )


 လေးစားစွာဖြင့်
ဇင်ဝေသော်

ဘီးလ်ဂိတ် မဆိုးဘူး


Success is a lousy teacher.
It seduces smart people into thinking they can't lose.
တဲ့။
အောင်မြင်မှုဆိုတာ အရူးဗုံမြှောက် ဆရာတစ်ယောက်ပဲ။
အောင်မြင်မှုကြောင့် လူတော်ငနဲတွေက သူတို့ ဘယ်တော့မှ မရှုံးနိုင်ဘူး လို့ အောက်ခြေလွတ်အတွေး ဝင်သွားကြတယ်။
မိုက်ကရိုဆရာကြီးရဲ့ ဒီစကားက မိုက်တယ်။

ငြင်းမရတဲ့ အချက်

ကျနော့် လက်ချာဆရာက ကျနော့် အက်ဆေးဟာ အင်တာနက်ကနေ တိုက် ရိုက် ခိုးကူးထားတာလို့ စွပ်စွဲတယ်။
ကျနော်လည်း မဟုတ်ပါဘူး ငြင်းဖို့ပဲ။ ပြဿနာက ဆောင်းပါးရဲ့ ဒုတိယ စာ မျက်နှာ အလယ်မှာ...
" Click here for information." ဆိုတာပါတွေ့လိုက်ရလို့ ငြင်းဖို့ အတော် ခက်သွားခဲ့တယ်။

Ray Bradan ( ဟာသပညာရှင် )


 (ဇင်ဝေသော်)

ဗြိတိသျှ ဗုဒ္ဓဘာသာ တစ်ယောက်ရဲ့ စစ်တပ်တွင်း အတွေ့အကြုံများ ( ၄ )

" ရုံးထဲမှာရှိတဲ့ လူတွေတော်တော်များများက သတ်မှတ်ထားတဲ့ အချိန် အ တွင်း ယင်ကောင်တွေ များနိုင်သမျှများအောင် သတ်နိုင်ဖို့ကြိုးစား ယှဉ်ပြိုင်နေချိန်မှာ၊ ကျနော်ကတော့ ယင်ကောင်လေးတစ်ကောင်ကို ကယ်ဖို့ မိနစ် ၂၀ လောက်အချိန်ပေးလိုက်ရတယ်။ ဘယ်သူကပိုပြီး အူကြောင်ေ ကြာင်ဖြစ်မှန်းတောင် မသိတော့ပါဘူး "
(Mark Vickers)

Born in 1960 in Lytham St Annes, England , Lieutenant Colonel Mark Vickers has been a Buddhist since 1991 and was serving in Afghanistan at the time he wrote this article. In early 2012 he retired from his career and emigrated to Taiwan with wife Estella.  His Own Studio : www.marktheartist.org

            အခု ကျနော်တာဝန်ကျနေတဲ့ နေရာမှာဆိုရင် ယင်ကောင်တွေ တော်ေ တ်ာပေါပါတယ်။ စားပွဲတိုင်းမှာလည်း ယင်ကောင်းသတ်တဲ့ မြင်းမွှေးတွေ ရှိနေတယ်၊ တော်တော် စိတ်မကောင်းဖြစ်မိတယ်။ ပြီးတော့ ကန့်သတ်ထား တဲ့ အချိန်အတွင်းမှာ ဘယ်သူက ယင်ကောင်ပိုများအောင် သတ်နိုင်သလဲ ဆိုတာကိုပဲ ပြိုင်ပွဲကြီးလုပ်ပြီး သတ်ပြနေကြတာတွေ တွေ့နေရတယ်။
ကျနော့် စားပွဲမှာရှိတဲ့ ယင်တစ်ကောင်ကို သတ်ဖို့ စစ်သားတစ်ယောက်က ကြိုးစားတယ်၊ ဒါနဲ့ သူ့ကို မသတ်နဲ့လို့ ငါ့စားပွဲမှာ ရှိနေတဲ့ ယင်ကောင်တွေ ကို ဘယ်သူမှမသတ်ရဘူးလို့ ခပ်ရှင်းရှင်းပြောလိုက်တယ်။ ဟုတ်တယ်လေ၊ ဒီသတ္တ၀ါလေးတွေအတွက် အသက်ချမ်းသာရာရနေတဲ့ စားပွဲလေးတစ် လုံးတော့ ရှိနေရမှပေါ့။

            ဒီကိစ္စနဲ့ ပတ်သတ်လို့လည်း ကျနော် ဘာမှထပ်မပြောခဲ့ပါဘူး။
            ရက်ပတ်တော်တော်ကြာတော့ ရဲဘော်တစ်ယောက်ကပဲ သူဘယ်လောက် များများ သတ်နိုင်ခဲ့တယ်ဆိုတာကို ဂုဏ်ယူမဆုံး လာ ပြောနေလို့ ကျနော် လည်း နှုတ်မထိန်းနိုင်ဖြစ်ပြီး
“ဘာဖြစ်လို့ယင်ကာင်တွေကို သတ်သင့်တယ်လို့ ထင်သလဲ” လို့မေးလိုက်မိတယ်။ သူ့အဖြေက ယင်ကောင်က ရောဂါပိုးကို သယ်ဆောင် လာလို့ ဆိုတဲ့ အဖြေပဲဖြစ်ပါတယ်။ လိုက်သတ်လိုက်လို့ ယင်သေတွေ ပြန့် ကျဲနေတာနဲ့ အသက်ရှင် ပျံသန်းနေကြတာကို နှိုင်းယှဉ်ကြည့်ရင် ပတ်ဝန်း ကျင်အတွက်တော့ သိပ်မထူးခြားလှပါဘူးလို့ ပြောပြီး တကယ်သတ်ရတဲ့ အကြောင်းက ရောဂါပိုးကြောင့်လား၊ စိတ်ထဲမှာ မခံချိမခံသာဖြစ်လို့လား လို့ လည်း ဆက်မေးမိတယ်။

            ဒီတော့မှ သူတို့က လက်ခံတယ်၊ ဒုတိယ အကြောင်းကြောင့်တဲ့။
ယင်ကောင်တွေကိုကြည့်ပြီး ဗိုလ်မှူးရောစိတ်ထဲမှာ ကသိကအောက် မဖြစ် ဘူးလားလို့ သူ့က မေးလို့ မဖြစ်ပါဘူး၊ ငါ့မျက်စိထဲမှာ ငါ့စားပွဲက ယင်ကောင်တွေဟာ ဟော့ဟော့ရမ်းရမ်း မရှိကြပါဘူးလို့ ဖြေလိုက်တယ်။ ဟုတ်တယ် ကျနော့် စားပွဲဟာ ယင်ကောင်တွေအတွက် အန္တရယ်ကင်းတဲ့ ဇုန်တစ်ဇုန်ပဲ။

            အဲဒီညနေမှာပဲ ကျနော့်ရုံးခန်းထဲ ယင်ကောင်တစ်ကောင်ဝင်နေ တယ်။ ပြူ တင်းပေါက်တွေအားလုံးက ပိတ်ထားတော့ သူထွက်လို့မရဘူး ဖြစ်နေတယ်၊ ကျနော့်အခန်းထဲမှာက ဘာမှစားစရာလည်းမရှိဘူး။ အဲဒီယင်ကောင်လေးက လည်း အခန်းအပြင်ထွက်ဖို့ ကြိုးစားနေတယ်။ ဒါနဲ့ အပေါက်ကျဉ်းကျဉ်း ဟပေးထားပြီး သူ့ကို မောင်းထုတ်ပေးတယ်။ ဒါပေမယ့် မရဘူး။ နောက်ဆုံး ကျနော်လည်း လက်လျှော့လိုက်ပြီး၊ ဘီစကစ်လေးတွေရှာ၊ ရေ ခွက်လေး တည်ပေးထားပြီး အိပ်ယာဝင်လိုက်မိတော့တယ်။ သူ့ကိုကယ်ဖို့ မိနစ်နှစ် ဆယ်လောက် အချိန်ကုန်သွားတယ်။

            အိပ်ယာထဲရောက်မှ ကိုယ့်အဖြစ်ကို တွေးမိပြီး ပြုံးမိသေးတယ်။ ရုံးထဲမှာရှိတဲ့ လူတွေတော်တော်များများက သတ်မှတ်ထားတဲ့ အချိန်အတွင်း ယင်ကောင်ေ တွ များနိုင်သမျှများအောင် သတ်နိုင်ဖို့ကြိုးစားနေချိန်မှာ ကျနော်ကတော့ ယင်ကောင်လေးတစ်ကောင်ကို ကယ်ဖို့ မိနစ် ၂၀ လောက် အချိန်ပေးလိုက် ရတယ်။ ဘယ်သူကပိုပြီး အူကြောင်ကြောင်ဖြစ်မှန်းတောင် မသိတော့ပါဘူး။

            လူပဲဖြစ်ဖြစ် တိရစ္ဆန်ပဲဖြစ်ဖြစ် ကျနော်ကတော့ အတတ်နိုင်ဆုံး မိတ်ဆွေ တစ်ယောက်လို ကြိုးစားပြီး ဆက်ဆံတာပဲ။ ကျနော်တို့ တာဝန်ကျတဲ့နေရာ မှာ အင်္ဂလိပ်လူမျိုးမဟုတ်တဲ့ အိမ်သာသန့်ရှင်းရေးသမားတွေ ရှိတယ်။ သူတို့ကို ဘယ်သူကမှ အရေးလုပ်စကားမပြောကြသလို သူတို့ကလည်း လုပ် စရာရှိတာကို လုပ်ပြီး ပြန်သွားတော့တာပဲ။ ဒါနဲ့ ကျနော်ကပဲ စပြီး နာ မည်တွေမေး၊ ပြုံးပြ၊ လက်ဆွဲ နှုတ်ဆက်၊ ချိုချဉ်လေး ဘာလေးပေး လုပ် လိုက်တယ်။ နောက်ပိုင်းကျတော့ ကျနော်တို့အားလုံး မိတ်ဆွေရင်းတွေ လိုဖြစ်သွားကြတယ်။ ကျနော်တင်မကဘူး တပ်ထဲကလူတွေပါ သူတို့နဲ့ ရင်းနှီးသွားပြီး သူတို့လုပ်အားကိုလည်း အသိအမှတ်ပြုလာကြတယ်။

            ဗုဒ္ဓဘာသာတစ်ယောက်အနေနဲ့ ကျနော့် ၀န်းကျင်ကလူတွေ ချစ်ချစ်ခင်ခင် ရှိကြတယ်ဆိုရင် ကျနော်လည်း စိတ်ချမ်းသာတာပဲ။နီပေါမှာဆိုရင် အက်စတယ်လာ(ကျနော့်ဇနီး)က အလှူငွေကောက်ခံပြီး မိဘမဲ့ကလေးတွေကို စောင့်ရှောက်ပေးတယ်။ ကလေးဂေဟာကို သွား သူတို့နဲ့ အချိန်ယူ မုန့်ကျွေးကြ၊ ကစားကြ လုပ်ကြတယ်။ သူတို့ ဂေဟာက ငှားထားတာဆိုတော့ လတိုင်း ငှားခပေးနေရတာ၊ ဒါနဲ့ အပိုင်ဝယ်နိုင်ဖို့ ကြိုး စားကြည့်ကြတယ်။ ဗြိတိသျှ စစ်သားအများစုက ကလေးတွေနဲ့နေတတ်ကြ ပါတယ်။ သူတို့နဲ့ဘောကန်သူက ကန်၊ တခါတရံ မိဘမဲ့ကလေးတွေကို ထမ်းပြေးပြီး ရံပုံငွေရအောင်လည်း ရှာတတ်ကြတယ်။

            နီပေါမတိုင်ခင်က အယ်ဘေးနီးယားမှာ သုံးနှစ်တာဝန်ထမ်းဆောင် ခဲ့ရသေး တယ်။ အဲဒီမှာ အလွန်ဆင်းရဲပြီး ဘယ်သူကမှ အဆက်အဆံမလုပ်တဲ့ ရိုးမား လူမျိုးစုလေး ရှိတယ်။ ဗြိတိသျှစစ်သားတွေက သူတို့ဆီသွား၊ ဆွံ့၊ အ၊ နားမ ကြား ကျောင်းတွေသွားပြီး အချင်းချင်း အလှူခံ ကလေးတွေကို မုန့်ပေးကြ၊ လူကြီးတွေကို အနွေးထည်တွေ ဝေငှကြ လုပ်ကြတယ်။

            ဒါတွေ ပြောပြနေတဲ့အကြောင်းက ကျနော်တို့ စစ်သားဘ၀ဟာ နေရာစုံ ကိုရောက်ရပြီး လူမျိုးစုံနဲ့ထိတွေ့နေရတော့ ကိုယ့်စိတ်ကူးထဲမှာတောင်မရှိတဲ့ လူတွေရဲ့ဘ၀ကို နားလည်ခွင့်ရတယ် ဆိုတာပါ။ ဒါတွေက ကျနော်တို့ကို အတွေ့အကြုံသစ်တွေဖြစ်စေပြီး၊ နေရာတိုင်း အချိန်တိုင်းမှာ ဓမ္မကိုပိုပြီး သတိတရဖြစ်စေပါတယ်။

            ဒါနဲ့ ရှေ့ကစကားကိုပြန်ဆက်ရရင် အပတ်တိုင်း ဆောက်လုပ်ရေး နယ်မြေတွေကို စစ်ဆေးဖို့ အဖွဲ့တစ်ဖွဲ့အမြဲတန်း ခေါ်သွားတယ်။ အလုပ်သမားတွေ အန္တရာယ် ကင်းစေချင်လို့ပါ။ အန္တရာယ်မရှိရေး အစီ အမံတွေ လည်း တတ်နိုင်သမျှ ဗြိတိသျှ " စံ " ၀င်အောင် ကြိုးစားပေး ပါ တယ်။

            တစ်နေ့မှာတော့ ဦးခေါင်းကို အခြားတိရစ္ဆာန် တစ်ကောင်ကောင်က ကိုက် ထားလို့ သေဆုံးနေတဲ့ ပင်ဂွင်းငှက်တစ်ကောင်ကို တွေ့ရတယ်။ စိတ်မကောင်းလည်း တော်တော်ဖြစ်မိတယ်။ ဒါနဲ့ ( သူတို့ မမြင်စေချင်တာနဲ့ ) ကျနော့်အဖွဲ့ကွယ်သွားတဲ့အထိ ခဏစောင့်ပြီး လက်နက်မပါတော့ ကိုယ့် လက်နဲ့ကိုပဲ ကျဉ်းလေးတူးပြီး သူ့အလောင်းကို မြေမြှုပ်ပေးလိုက်တယ်။ သုဂတိဘ၀မှာ မွေးဖွးနိုင်ပါစေလို့လည်း ဆုတောင်းပေးနေမိတယ်။
အဲဒီအချိန်မှာ ကျနော်သတိမထားလိုက်မိတာက ကျနော့်အဖွဲ့က ကျနော်မပါ လို့ နောက်ပြန်လှည့်လာတော့ ကျနော့်ကို တွေ့သွားတယ်။ အထူးအဆန်း သဖွယ်လည်း ကျနော့်ကို ကြည့်နေကြတယ်။

            ဒီမှာ အရိုးစွဲနေကြတဲ့ အယူအဆတစ်ခုက စစ်မှုထမ်းပြီး ဗုဒ္ဓဘာသာ ဖြစ်နေ သူတွေဟာ အသိဥာဏ်ခေါင်းပါးလို့၊ ဒါမှမဟုတ် စိတ်ဓာတ်မခိုင်မာလို့ ဆို တာဖြစ်ပါတယ်။ ကျနော့်သဘောကတော့ သူတို့ထင်တာနဲ့ လုံးဝဆန့်ကျင် ဘက်ပါ။ သူတို့ပျော့ညံ့တယ်ထင်တဲ့ အချက်ကို ကျနော်က အားသာချက်လို့ ထင်တယ်။ ကျနော့်ဘ၀မှာ သေခြင်းတရားနဲ့ အများကြီး လက်ပွန်းတတီး ရှိ တယ်။ ကျဆုံးသွားတဲ့ ရဲဘော်တွေ မီးသဂြိုလ်ပြီဆိုရင် သူတို့ ခန္ဓာကိုယ်တွေ တဖြည်းဖြည်း ပြာကျသွားသည်အထိ စောင့်ကြည့်တယ်။ ယူကေမှာရှိတဲ့ သားသတ်ရုံတွေကိုလည်း သွားသွားကြည့်တယ်။ ဒါတွေမြင်ပါများတော့ ကျနော့် မှာ အသားစားချင်စိတ်ကို မရှိတော့ဘူး။ အဲဒီနောက် ကျနော့် သတ် သတ်လွတ်စား ၀ါဒက ပိုပြီး ခိုင်မာလာခဲ့တယ်။

            ကျနော်ဟာ ဗုဒ္ဓဘာသာသာဝင် စစ်တပ်အရာရှိတယောက်ဖြစ်တယ် ဆိုတာ ကြားလိုက်ရုံနဲတင် လူတွေက ကျနော်ကဘယ်လိုပုံစံဖြစ်နေလိမ့်မယ်ဆိုတာ ကြိုတင်တွက်ထားတက်ကြတာ။ကျနော်က ဗုဒ္ဓဘာသာဖြစ်တယ်။ ဗုဒ္ဓဘာ သာဝင်ဖြစ်တဲ့ ထိုင်ဝမ်သူကို လက်ထပ်ထားတယ်။ သတ်သတ်လွတ် စား တယ်၊ စစ်တပ်က အနားယူပြီးတဲ့နောက် ဘုရားအဆုံးအမတွေကို သင်ယူ ရင်းနဲ့ ပဲ အချိန်ကုန်ချင်တယ်။ ပြီးရင် စာရေးမယ်၊ ပန်းချီဆွဲမယ်ဆိုတဲ့ ကျနော့် အိပ်မက်တွေကို ပြောပြတော့မှ အားလုံး အံ့သြကုန်ကြတာ။

            ကျနော် ကြုံတွေ့ရတဲ့ ဝေဖန်မှု၊ ရှုံ့ချမှု စတာတွေဟာ လူ့ အဖွဲ့အစည်း တစ်ခု လုံးရဲ့ ရောင်ပြန်ဟပ်မှုတစ်ခုသာပါ။ စစ်တပ်ထဲမှာရယ်လို့တော့ မဟုတ်ပါဘူး။
ဘာပဲဖြစ်ဖြစ် ကျနော်ဟာ ဗုဒ္ဓဘာသာ စစ်တပ်အရာရှိတစ်ယောက်ပါ။

ပြီးပါပြီ။    ။




 သီဟနာဒ

ရှင့်ကိုခိုင်းလိုက်ရင် စိတ်ကိုမချရဘူး


မီးဖိုထဲမှာ ချက်ရင်းပြုတ်ရင်း အလုပ်ရှုပ်နေတဲ့ ဇနီးက သူ့ယောင်္ကျားကို အကူအညီတောင်းတယ်။
" Could you go to the shops for me? Buy one carton of milk and, if they have eggs, get six." တဲ့။



အိုကေ ဆို ထွက်သွားပြီး ခဏနေတော့ နွားနို့ ခြောက် ကာတွန်းနဲ့ လေးလေး ပင်ပင်ကြီးဆွဲ ပြန်လာတယ်။
သူ့ကို ကြည့်ပြီး အံ့ဩမဆုံးဖြစ်နေရတဲ့ ဇနီးက
" ရှင့်နှယ်နော် ဘာလို့များ နွားနို့ ခြောက် ကာတွန်းအထိ ဝယ်လာတာရလဲ " ဆိုတော့
" မင်းမှာလိုက်သလိုပဲလေ၊ ' if they have eggs, get six.' ဆို။ သူတို့ဆိုင်မှာ ကြက်ဥတွေရှိလို့ နွားနို့ ခြောက် ကာတွန်း ဝယ်ခဲ့တာ " တဲ့။
ဇနီးဖြစ်သူမှာ စကားစတောင် ရှာမရရှာတော့ဘူး။

By:Andre Harken


 (ဇင်ဝေသော်)

မိသားစုလွန် လူမှုရေး


လွန်ခဲ့တဲ့ ဂျင်နရေးရှင်းတွေနဲ့ ပြန်ပြီးနှိုင်းယှဉ်ကြည့်မယ်ဆိုရင် တစ်ကမ္ဘာလုံး ဆိုင်ရာ လူသားမျိုးဆက်ဟာ “မိသားစုလွန်” လူမှုရေးစနစ်ဆီကို ဦးတည်နေ ပြီဆိုတာ သိသာနိုင်ပါတယ်။ ဒီအပြောင်းအလဲက မြန်ဆန်သလို အရှိန် အ ဟုန်လည်းကောင်းပါတယ်။ ဟိုတချိန်ကဆိုရင် အရွယ်ရောက်လာကြပြီ ဆို တာနဲ့ အိမ်ထောင်ပြု၊ မိသားစုဘဝကို တည်ထောင်ပြီး ပျော်ပျော် ရွှင်ရွှင်နေနို င်ကြဖို့ပဲ စိတ်ကူးတတ်ကြပါတယ်။ ဒီနေ့ လူတွေရဲ့ အနာဂတ်စိတ်ကူးဟာ အိမ်ထောင်ပြုမှုအပြင် အခြားအကြောင်းတရားတွေ အများကြီးဖြစ် လာနေ ပါပြီ။

၁၉၅၀ ခုနှစ်တွေတုန်းက (၉) ရာခိုင်နှုံးသာရှိတဲ့ အမေရိကန်တွေသာ အိမ်ထောင်မပြုပဲ နေတတ်ကြပေမယ့် ဒီနေ့မှာတော့ (၂၈) ရာခိုင်နှုံးအမေရိ ကန်တွေဟာ အိမ်ထောင်ပြုခြင်းဟာ မရှိမဖြစ်ကိစ္စ မဟုတ်သလို ကလေးရှိမှ မိသားစုဘဝက စိုစိုပြေပြေရှိတယ်ဆိုတာကိုလည်း မယုံကြည်ကြတော့ပါဘူး။ အခု အမေရိကန်တွေရဲ့အိမ်တွေမှာဆိုရင် ကလေးတွေထက် အိမ်မွေး တိရိစ္ဆာန်တွေက ပိုများလာနေတာကိုတွေ့ရပါတယ်။

ဒီအပြောင်းအလဲက အမေရိကမှာပဲဖြစ်နေတာ မဟုတ်ပါဘူး။ Scandinavia နိုင်ငံတွေမှာဆိုရင်လည်း ၄၀- ကနေ ၄၅- ရာခိုင်နှုံး လူဦးရေတွေဟာ တစ်ကိုယ်တည်းပဲ နေကြပါတယ်။

စပိန်နိုင်ငံမှာဆိုရင်လည်း ၁၉၇၃- ခုနှစ်တွေတုန်းက တနှစ်အတွင်း အိမ်ထောင်ပြုသူဦးရေဟာ နှစ်သိန်းနှစ်သောင်းရှိရာက ဒီနေ့မှာဆိုရင် တစ်သိန်းခုနှစ်သောင်းပဲ ရှိပါတော့တယ်။ အလားတူပဲ သူတို့ရဲ့ ကလေးမွေး ဖွားနှုံးကလည်း တရှိန်ထိုးကျဆင်းလို့ လာနေပါတယ်။ (၃၀) ရာခိုင်နှုံးရှိတဲ့ ဂျာမန်အမျိုးသမီးတွေက ကလေးယူဖို့ စိတ်မဝင်စားကြပါဘူး။ ၂၀၁၁- ခုက သုတေသနအရ အသက်ငါးဆယ်အောက် အမျိုးသမီးအများစုဟာ ကလေး မလိုချင်ကြဘူးလို့ ဆိုပါတယ်။ ဘရာဇီးနိုင်ငံက အသက် (၃၅) နှစ်အောက် အမျိုးသမီးတွေရဲ့ ကလေးမွေးဖွားနှုံးကလည်း ၄.၃ ကနေ ၁.၉ အထိ ကျဆင်း လာနေပါတယ်။

ဒီနေ့ကမ္ဘာဟာ “မိသားစု” လူနေမှုစနစ်ကနေ မိသားစုမရှိလည်း ဘာမှမဖြစ်ပါ ဘူးဆိုတဲ့ မိသားစုလွန်လူမှုရေးစနစ်ဆီကို အရှိန်အဟုန်ကောင်းကောင်း နဲ့ ရွေ့လျားလို့နေတယ်။

ဒီပြောင်းလဲမှုစနစ်ကို The Rise of Post- Famalism; Humanity’s Future? ဆိုတဲ့အမည်နဲ့ Joel Kotkin Anuradha Shroff နဲ့ Wendell Core စတဲ့ ပညာရှင်တွေက လေ့လာနေကြပါတယ်။

ဒီအပြောင်းအလဲဟာ ဘာကြောင့်ဖြစ်လာရတာလဲ။
အဖြေတွေက အများကြီးပေးထားပါတယ်။ ဘာသာတရားကို လူတွေ သိပ် မကိုင်းရှိုင်းကြတော့ဘူး။ တစ်ကမ္ဘာလုံးရှိလူတွေဟာ စီးပွါးရေးအလား အ လာနဲ့ ပတ်သက်လို့ သိပ်အကောင်းမမြင်ကြသလို စီးပွါးရေးနဲ့ ဆက်နွယ်နေ တဲ့ ဖိအားတွေအများကြီး ခံစားနေကြရတယ်။ ကမ္ဘာရပ်ဆိုင်ရာ အရင်းရှင် စီးပွါးရေးစနစ်ရဲ့ လက်ချက်လည်းမကင်းဘူးလို့ ဆိုကြပါတယ်။ အထူးသဖြင့် အရင်းရှင်စီးပွါးရေးစနစ်ကို နဖူးတွေ့ ဒူးတွေ့ရင်ဆိုင်နေရတဲ့ အာရှတိုက်မှာပါ။ အာရှတိုက်သားအများစုဟာ အလုပ်ကိုပဲ အာရုံစိုက်နေကြရပြီး အရှိန် အဟုန်လျော့လိုက်တာ၊ အလုပ်လုပ်ချိန်လျော့လိုက်တာနဲ့ သူ များတွေ က ကျော်တက်သွားတော့မှာပဲဆိုတဲ့ ဖိအားတွေနဲ့ နေကြရတာဖြစ်ပြီး ဒီ စိတ် ဓာတ်ကသည်ပင် သူတို့ရဲ့ လိုက်(ဖ်) စတိုင်ကို ပြောင်းလဲပေးလိုက်တာလို့ ယူ ဆကြပါတယ်။

ဂျပန်နိုင်ငံ National Institute of Population and Society Security အဖွဲ့ကလည်း Toru Suzuki ရဲ့ ဦးဆောင်မှုနဲ့ ဒါကိုလေ့လာဆန်းစစ်နေ ကြ ပါတယ်။ ဖွံ့ဖြိုးဆဲ၊ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ကလေးတစ်ယောက်ကို ပြုစု ပျိုးထောင်ဖို့ ကုန်ကျတဲ့ငွေက အဲဒီကလေးဆီက ရလာတဲ့ကျေနပ်ပျော် ရွှင်မှု ကို ကျော်လွန်လို့နေတယ်လို့ တွေးမြင်တတ်ကြပါတယ်။

စင်္ကာပူဆိုရင်လည်း တော်တော်စိတ်ဝင်စားစရာကောင်းပါတယ်။ အခြား အာရှနိုင်ငံတွေလို စင်္ကာပူဟာလည်း မိသားစုစနစ်ကို အခြေခံခဲ့ပါတယ်။ ဒါပေမယ့် စီးပွါးရေးတိုးတက်လာတာနဲ့အမျှ မိသားစုစနစ်ဟာလည်း လက်မြှောက်လာခဲ့ရပါတော့တယ်။ ဒီနေ့ စင်္ကာပူဟာ ကလေးမွေးဖွားမှု အနည်းဆုံး ကမ္ဘာ့နိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်။ စင်္ကာပူနိုင်ငံသားတွေဟာ ဘဝကို ဘယ်လိုပျော်ပျော်ရွှင်ရွှင် နေကြမယ်ဆိုတာထက် စာမေးပွဲမှာ အမှတ်ကောင်းဖို့၊ စီးပွါးရေး သူများထက်သာဖို့တွေနဲ့ပဲ အချိန်ကုန်နေကြ တယ်လို့ စင်္ကာပူကို သုတေသနလုပ်နေတဲ့ ပညာရှင်တစ်ယောက်က ဆိုပါ တယ်။

လာမည့်အနာဂတ်မှာ ကလေးမွေးဖွားနှုံး သိသိသာသာမကျဆင်းတဲ့ အမေရိ ကန်လို နိုင်ငံတွေက အဆင်ပြေပြီး ကလေးမွေးဖွားနှုံး သိသိသာသာကြီး ကျ ဆင်းလာနေတဲ့ ဂျပန်လိုနိုင်ငံတွေဟာ အခြေအနေသိပ်ကောင်းမှာ မဟုတ် ဘူးလို့ ပညာရှင်တွေက သုံးသပ်ကြပါတယ်။
နေရာအားဖြင့်ကြည့်ရင် လူပျိုအပျို လူလွတ်တွေဟာ မြို့ပြကြီးတွေ မှာ နေထိုင်တတ်ကြပြီး အိမ်ထောင်ရှင်တွေဟာ ဆင်ခြေဖုန်းတွေမှာ နေထိုင် တာပိုများလာပါတယ်။ အမေရိကရဲ့ နိုင်ငံရေးကိုကြည့်ရင် အိမ်ထောင်ရှင်တွေ က ရီပတ်ဗလီကန်ကို ထောက်ခံပြီး လူပျိုအပျို လူလွတ်တွေက ဒီမိုကရက် တစ်ပါတီကို ထောက်ခံတာပိုများတယ်ဆိုတာ တွေ့ရှိရပါတယ်။ Mitt Romney ဟာ အိမ်ထောင်ရှင်တွေရဲ့ ထောက်ခံမဲတွေကို အများကြီး ရခဲ့ပေ မယ့် လူလွတ်တွေရဲ့ မဲအများစုက အိုဘားမားဆီကို ရောက်ကုန်ပါတယ်။ လူလွတ်တွေရဲ့ ထောက်ခံမဲတွေမှာ အိုဘားမားကို ထောက်ခံသူက (၆၂) ရာခိုင်နှုံးရှိပြီး ရွမ်နေက (၃၅) ရာခိုင်နှုံးပဲ ရလိုက်ပါတယ်။

၂၀၁၂- ရွေးကောက်ပွဲက ဒီမိုကရက်နဲ့ ရီပတ်ဘလီကန် အားပြိုင်မှု ဆိုတာ အပြင် မိသားစုစနစ်နဲ့ မိသားစုလွန်စနစ်တို့ အားပြိုင်မှုလို့လည်း ပြောရင် ရ လာပါတယ်။ လူဟာ တစ်ယောက်တည်း လွတ်လွတ်လပ်လပ်နေရရင် အ လုပ်ကို ပိုကောင်းအောင်၊ ပိုအကျိုးရှိအောင် လုပ်နိုင်တယ်ဆိုတဲ့ အမြင်လည်း ရှိလာပြန်ပါတယ်။ တကယ်တော့ ဒီအယူအဆက အမှားကြီးပါ။ လူဟာ မိသားစုနဲ့နေ၊ အသိုင်းအဝိုင်းနဲ့နေမှ သူလုပ်ရမယ့် တာဝန်နဲ့ ဝတ္တရားတွေကို ပိုပြီးလေးလေးနက်နက်ရှိလာတာပါ။ နိုင်ငံအတွက်၊ လူ့အဖွဲ့အစည်း အတွက် လည်း သူတို့ကပိုပြီး အကျိုးသက်ရောက်စေပါတယ်။
နောက်ပြီး ရှေးဟောင်းအစဉ်အလာဖြစ်တဲ့ မိသားစုစနစ်ဟာ အခြားသူတွေကိုလည်း ပိုပြီးနားလည်ပေးနိုင်မယ့် လူတွေကို မွေး ထုတ်ပေးနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံရဲ့ ဥပဒေကလည်း လူတွေကိုအိမ်ထောင်ပြုဖြစ်ဖို့ အားပေးတဲ့ ဥပဒေတွေဖြစ်လာအောင် ပြင် ဆင်ထားသင့်ပါပြီ။ ဥပမာ ခွင့်ရက်ရှည်ကလေးမွေးဖွားခွင့်နဲ့ အခြား အခွင့် အရေးတွေ ရက်ရက်ရောရောပေးတာမျိုးပါ။ ဒါမှလည်း ကလေးမွေးဖွားနှုံး တက်လာမှာပါ။

လူအချင်းချင်း ရိုင်ပင်းကူညီတတ်ဖို့အတွက် ဖြေရှင်းချက်က မိသားစုစနစ် တစ်ခုအပေါ်မှာ မူတည်တယ်လို့ ပြောလို့မရပါဘူး။ ကျွန်တော်တို့အားလုံးဟာ ပိုပြီးများပြားလာတဲ့ ဘဝနဲ့ပတ်သက်တဲ့ ရွေးချယ်မှုတွေကြား မှာ နေထိုင်နေ ကြရတာပါ။ ဒါကြောင့် ချဉ်းကပ်ပုံ၊ ရွေးချယ်ပုံတွေကလည်း မတူကွဲပြား လာ ရတာပါပဲ။

ဒီပုံစံအတိုင်းသာ ဆက်သွားနေလို့ကတော့ လူသားမျိုးဆက်တော့ ငရဲဆိုက် လိမ့်မယ်ဆိုတဲ့ ကောက်ချက်အစား တစ်ယောက်ကိုတစ်ယောက် နားလည်ပေးမှု၊ ရိုင်းပင်းကူညီမှုတွေရှိအောင် စတင်ကြိုးစားလာကြမယ်ဆို ရင် အဆင်ပြေနိုင်ပါတယ်။ တကယ်အရေးကြီးတာက ဒီမိသားစုစနစ် အပြောင်းအလဲကို ချက်ချင်းကြီး ပြောင်းလဲပစ်ဖို့မဟုတ်ပဲ အရွယ်ရောက်လာ သူတိုင်းဟာ အသိတွေလည်းမြောက်လာပြီး တစ်ယောက်ကိုတစ်ယောက် ရိုင်းပင်းကူညီရင်း ကိုယ့်ရွေးချယ်မှုအတိုင်းပဲ နေထိုင်သွားကြဖို့ပါ။


By David Brooks
New York Times.


 ဇင်ဝေသော်

ခေါင်းစားတတ်တဲ့ အင်္ဂလိပ် စကားလုံးများ ( ၂ )


ညနေပိုင်း သတင်းကြေငြာသူက " paradigm " ဆိုတဲ့ စကားလုံးကို သုံးဖို့ MODEL ဆိုတဲ့ ခပ်ရိုးရိုးစကားလုံးကို သိပ်ပြီး ခံတွင်းမတွေ့ဘူး။
သတင်းစာ ကော်လံ ဆရာကလည်း RETHINKING လို့ ရေးဖို့ထက် " re- contextualization " ကို ပိုပြီး အာရုံကျတယ်။
တစ်ယောက်ယောက်ကများ GOAL အစား " mandate " လို့ ပြောရင် မအံ့ဩပါနဲ့ မနက်ခင်း သတင်းစာထဲမှာ TASK ကို " procedure " လို့ ရေးတတ်တယ်။

အများညီလို့ အရှုံးပေးရတဲ့အထဲမှာ ဂရမ္မာလည်း ပါသတဲ့။
ကျနော်တို့ အင်္ဂလိပ်စကားလုံး အရွေ့ကို မယုံရင် အောက်က စကားလုံးတချို့ကို ဆက်ကြည့်ပါအုံး။
WEAKEN ( အားနည်းအောင် လုပ်တယ် ) က ရိုးလို့ " marginalize "
QUICKLY က လူတိုင်းသိနေလို့ " expeditiously "
MANY ကလည်း လွယ်လွန်းတော့ " plethora " လို့ ပြောင်းပြီး ရေးကြတယ်။
IMAGE ကိုတော့ အခု " persona " ပေါ့။
COMPLETE ကလည်း မခမ်းနားဘူး။ ကဲ " holistic " လို့ ခမ်းခမ်းနားနား ပြောလိုက်တော့ ပိုမိုက်သွားရော။
DIFFERENCE ကလည်း အထင်ကြီးစရာ မရှိဘူး။ ဒီတော့ " dichotomy "
SHORTSIGHTED ကတော့ " myopic " လို့ဆို ပိုလှတယ်။

ကဲ ဒါ စကားလုံး အရွေ့ပါပဲ။
MODEL= paradigm
RETHINKING= re contextualization
GOAL = mandate
TASK = procedure
WEAKEN = marginalize
QUICKLY = expeditiously
MANY= plethora
IMAGE = persona
COMPLETE = holistic
DIFFERENCE= dichotomy
SHORTSIGHTED = myopic

မှတ်ချက်။ ။ ဆရာကြီးများအတွက် မဟုတ်။ ပဲ့သော မပဲ့သော ရှင်နှောင်းလို လူငယ်များအတွက်။


ဇင်ဝေသော်

" မောင်မာနနှင့် မသင်္ခါ " ( ကမ်းလက် ၁၅ လပြည့် အမှတ်တရ )


ဒီနေ့ ၂၈ ရက်နေ့မို ထူးထူးခြားခြား မဖတ်ဖူးသေးသူများ ဖတ်ရင်း ပြုံး ရအောင် တာရာမင်းဝေ ရဲ့ " ပန်းလက်ဖဝါးမှာ ပါးအပ်ခွင့်မရှိတဲ့ ကောင် မလေး " ဝတ္ထုထဲက တေးထပ်ကဗျာလေးကို ကူးတင်ပေးလိုက်ပါတယ်။ သူ ဝန်ခံထားတာကလည်း မူရင်း " မောင်မာနနှင့် မသင်္ခါ " ရွှေကြူးကုမ္ပဏီ ထုတ် စာအုပ်အဟောင်းလေးထဲက ပါတဲ့။

I love you very much
စွဲမှီးကပ် မှန်တယ်
Hurry up ကြံရွယ်တယ်
စံစပယ်ပန်း
Rosy Cheeks ခိုင်ပန်းကြူကို
I wan to kiss ဖို့ ဖေမှန်း
Pretty face မေ့ အသားဝါကို
နေ့မကွာ စိတ်တမ်း
Lady ကို ဖေရည်မှန်းပါလို့
နေခြည်သန်းအခါ
မပျော်ပြီ Jolly ကင်းတာမို့
Sorry ခြင်း ဖြစ်ရတော့တာ
Letters က ရက်များကြာလျင်
ခက်ငြားမှာ You see တော့
Beautiful လေးမျက်ရှင်
တွေးလျက်ထင်မြင်
How and then ပုလဲမျှင်ကို
Marry ချင်စမ်းပါဘိလေး ။ ။


 ကမ်းလက် 

ဒါ့ကြောင့် တိုက်ကွန်းဖြစ်တာ


Masayoshi Son က ဂျပန် ကိုရီးယားစပ်၊ အာရှမှာ အချမ်းသာဆုံး တိုက်ကွန်းတွေထဲက တစ်ယောက်ပေါ့။
သူ့ဆံပင်တွေက နောက်ပြန်လန်နေတော့ သူ့ပုံစံက ထိပ်ပြောင်နေသလိုပဲ။ ဒါကိုသရော်တဲ့ အနေနဲ့ Kingfisher 0423. ဆိုသူက ဒီလို တွစ်တယ်။ ( Kingfisher က အိန္ဒိယ အဲယားလိုင်းတစ်လိုင်းရဲ့ နာမည်ပါ။ အဲယားလိုင်းချင်း လှမ်းကလိတာနဲ့ တူပါတယ် ) hairline နဲ့ Airline ရော တွစ်နေကြတာပါ။

“Your hairline has receded so much, you’re a baldie,”
တဲ့။ ဆံပင်တွေ နောက်ပြန်လန်နေတဲ့ ထိပ်ပြောင်ပေါ့။
ဒါကို သူပြန်တွစ်တာက ပိုမိုက်တယ်။
“That’s not my hairline moving back. That’s me moving forward.” တဲ့။
ငါ့ ဆံပင်တွေက နောက်ဆုတ်သွားတာ မဟုတ်ဘူး။ ငါက ရှေ့တိုးသွားနေ တာ တဲ့။ မလှဘူးလား။


 ဇင်ဝေသော်

" ကံ " ဆိုတာ ရှိတယ်


ဒီစကားက ဗုဒ္ဓဘာသာကတင် ပြောတာ မဟုတ်တော့ပါဘူး။ အင်္ဂလန်၊ Hertfordshire တက္ကသိုလ်၊ စိတ်ပညာ ပါမောက္ခ ဒေါက်တာ Richard Wiseman က ရှင်းပြမရတဲ့ ကိစ္စတွေဟာ ကံနဲ့ပဲ ရှင်းလို့ရတယ်ဆိုတာ လက်တွေ့ပြသခဲ့တယ်။

ဒီလိုပါ။ သူရွေးချယ်ထားတဲ့ လူတွေအားလုံးဟာ ထိပ်တန်း " အေ " အဆင့်ရှိ သူတွေချည်းပဲ။
၁ ။ အားလုံးဟာ အရည်အချင်း ရှိကြသလို အခွင့်အလမ်းတွေ့ရင်လည်းအခွင့် အလမ်းမှန်း သိကြတယ်။
၂ ။ သင်ထားတဲ့ပညာရပ်တွေနဲ့ မဆိုင်ရင်တောင် အကျိုးရှိမယ့် အလုပ်တွေ ဆို စိတ်ထဲက အလိုလို ခံစားသိ သိနေတတ်ကြတယ်။
၃ ။ အကောင်းမြင်ဘက်က ကြည့်တတ်ပြီး ရည်မှန်းချက် ပေါက်မြောက်ေ အာင်လည်း စွမ်းဆောင်နိုင်ကြတယ်။
၎ ။ မှားမှန်းသိရင်လည်း ချက်ချင်းပြင်တတ်တဲ့ ( ခေါင်းမမာတဲ့ ) လူတွေ လည်း ဖြစ်ကြယ်။

ဒီလို အရည်အချင်းတွေ အားလုံး ပိုင်ဆိုင်နေရင် အချိန်လေး လက် တစ်သစ်လောက် အသာစီးရသူက ထိပ်ရောက်သွားတတ်တယ်။
ဒီနေရာမှာ ရှင်းပြရခက်တဲ့ " ကံ " ဆိုတဲ့ကိစ္စ ဝင်လာတယ်ဆိုတာကို သူက သုတေသနဆန်ဆန်ရှင်းပြတယ်။

သူ့ သုတေသနက ဒီလိုပါ...
သူတို့အားလုံးရဲ့ စားပွဲပေါ်မှာ သတင်းစာရှိတယ်။
သူတို့ဖြေရမယ့် ပထမ မေးခွန်းက " သတင်းစာထဲမှာ ဓာတ်ပုံ ဘယ်နှပုံ ပါသလဲ၊ ရေတွက်ခဲ့ပါ " တဲ့။
သိပ်လည်းမကြာ၊ ရေတွက်ရတာလည်း မခက်ဆိုတော့ တော်တော် များများ က ရေတွက်ကြတယ်။
ဒေါက်တာ Richard Wiseman ကတော့ ဒီအုပ်စုကို ကံဆိုးတဲ့ အုပ်စု လို့ ခေါ်ပါတယ်။ ဘာကြောင့်လည်းဆိုရင် သတင်းစာရဲ့ ဒုတိယစာမျက်နှာ မှာ ရေးထားတာက
( စာလုံးမည်းကြီးနဲ့တော့ မဟုတ်ဘူး ) " Stop counting, There are 43 photos in this newspaper." တဲ့။

လူတော်တွေထဲမှာ ကံ သိပ်ကောင်းတဲ့ လူအနည်းငယ်ပဲ အဲဒီစာကြောင်းလေးကိုတွေ့ပြီး မြန်မြန်နဲ့ အတိအကျ ဖြေဆိုနိုင်တယ် တဲ့။
ဘွဲ့ရအတူ၊ တက္ကသိုလ် အတူ၊ ကျောင်းပြီးနှစ် အတူ၊ အမှတ်တူ တွေ အလုပ်လည်းလုပ်ကြရော လစာ မတူ၊ ရာထူးမတူတွေဟာ ကံ ကြောင့်ပါပဲ။
ဒေါက်တာ Richard Wiseman အဆိုအရ " Stop counting, There are 43 photos in this newspaper." ကို မတွေ့မိကြသူတွေပေါ့။
ကံကောင်းကြပါစေ ( သို့ ) " Stop counting, There are 43 photos in this newspaper." ကို အရင်တွေ့မိကြပါစေ။



  ဇင်ဝေသော်

နို့ရည်များဖြင့် ပန်းစိုက်သူ


အမေနေ့မို့ ၂၀၀၇ ခုနှစ်က ရေးခဲ့တဲ့ " နို့ရည်များဖြင့် ပန်းစိုက်သူ " ဆောင်းပါးကို " လှည့်ကြည့်မိတဲ့ ထောင့်ချိုးများ " အနေနဲ့ နည်းနည်း ပါးပါး ပြင်ပြီး တင်ပေးလိုက်ပါတယ်။

" နို့ရည်များဖြင့် ပန်းစိုက်သူ "

ဟောဒီမှာ ဟေ့...
ရာဇ၀င် လူ့သမိုင်း အဆက်ဆက်
နို့ရေစက်တွေနဲ့ ခဲ... ပျစ်...။
ထုဆစ်ခဲ့တဲ့ ငွေစင်ရောင် ရုပ်ထု
အမေများကို ဂုဏ်ပြု မလို့ပါ။



လူပြောများသလောက် သိက္ခာရှိတဲ့အလှ။ ဘယ်တော့မှ ခံတွင်း မပျက် တဲ့ မေတ္တာတရား။ လူသားအားလုံးရဲ့ နိုဘယ်ဆုရှင်။ ဒီနေ့ သူတို့ကို ငွေစင် ရုပ်တု ချီးမြှင့်လိုက်ပါတယ်။ အမေ... အမေတို့...။

ဒီနေ့ “အမေ့” အကြောင်းနဲ့ ပတ်သက်လို့ ဖတ်ဖူးသူတွေကို တောင်းပန် ပါတယ်။ ဒါပေမယ့် ပြောတော့ ပြောကို ပြောပြရပါဦးမယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာကတည်းက သိပ္ပံပညာရှင်တွေဟာ မိခင် ရဲ့ မေတ္တာစိတ်ကို လက်တွေ့ကျကျ သုတေသနပြု ကြည့်ခဲ့ကြတယ်။ သုတေ သနပြုနည်းကတော့ အစာ၊ လိင်ကိစ္စ၊ သားဇော၊ ဘယ်စိတ်ဟာ အမျိုးသမီး တစ်ယောက်ရဲ့ ရင်ကို အပူလောင်စေဆုံးလဲ ဆိုတာပါပဲ။

သူတို့ရွေးခြယ်လိုက်တဲ့ ဇာတ်ကောင်ကတော့ ကြွက်မလေးပါ။ ပထမဆုံး အစာ။ ကြွက်မကို အစာမကျွေးပဲ ရက်ပေါင်း အတော်ကြာ ထားခဲ့ကြ တယ်။ ကြွက်မလေး တော်တော်ဆာနေပြီ ဆိုတော့မှ သူမနဲ့ မလှမ်းမကမ်းမှာ အစာကို ချထားလိုက်တယ်။ ဒါပေမယ့် သူမနဲ့ အစာကြားထဲမှာက လျှပ်စစ် စီးကြောင်းကြီး ဆီးတား ထားကြတယ်။ ငတ်မွတ်နေတဲ့ ကြွက်မလေးက ကြိုးစားတယ်။ ပူလွန်းလို့ ပြန်ပြေးလာတယ်။ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ် နောက်ဆုံးတော့ စိတ်ပျက်ပျက်နဲ့ အိပ်နေလိုက်တော့သတဲ့။

ဒုတိယ ဖိုမ ကိစ္စ။ ကြွက်မလေးကို သူမရဲ့ ဘွိုင်းဖရင့်နဲ့ အကြာကြီး ခွဲထား ကြတယ်။ ပြီးတော့မှ သူမနဲ့ မလှမ်းမကမ်းမှာ နှုတ်ခမ်းမွေးရေးရေးနဲ့ သူမရဲ့ ဘွိုင်းဖရင့်ကို ကြိုးချည်ပြီး ထားလိုက်တယ်။ ကိန္နရီ ချောင်းခြား အားပါး မလွယ် လျှပ်စစ်စီးကြောင်းက တားလို့ ဘာရမလဲ.. သူနဲ့ဝေးလို့ ခံစားရတဲ့ ဒုက္ခ၊ ကြွက်မထက် ဘယ်သူပိုသိမလဲ။ သူမ ရအောင်သွားခဲ့တယ်။
အဖြေတစ်ခု ရလိုက်တဲ့ သိပ္ပံပညာရှင်တွေက လျှပ်စစ်ဗို့အားကို ထပ်တိုးပြီး ဆီးတားကြပြန်တယ်။ ဒီတော့ သူမ ကြိုးစားတယ်။ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်," ဆောရီးပဲ ကိုကိုရယ် " ဆိုပြီး မျက်လုံးလေး ကလယ်ကလယ်နဲ့ လှမ်းလို့သာ ကြည့်နေလိုက်တော့ သတဲ့။

နောက်ဆုံး “မိခင်စိတ်”။ နို့တိုက်ရမဲ့ မိခင်က တစ်ဖက်၊ နို့ဆာနေတဲ့ ကြွက် ကလေးတွေက တစ်ဖက်၊ ကြားထဲမှာက ဗို့အား တိုးထားတဲ့ လျှပ်စစ် စီးကြောင်း။ သားဇောနဲ့ ပူလောင်နေတဲ့ ရင်ဘတ်တစ်ခုလုံးကို လျှပ်စစ်စီးကြောင်းတွေက ထပ်ပြီး အပူမပေးနိုင်ကြဘူး။ ကြွက်မလေးက လျှပ်စီးကြောင်းကို ဖြတ်ပြီး နို့တိုက်ဖို့သွားခဲ့တယ်။

သိပ္ပံပညာရှင်တွေက ဗို့အားတွေထပ်တိုးပြီး စိန်ခေါ်တယ်။ သားသမီးကို ချစ်တဲ့ စိတ်နဲ့ စိန်ခေါ်မှုတိုင်းကို ကလေးအမေ ကြွက်မလေးက တုန့်ပြန်တယ်။

သိပ္ပံပညာရှင်တွေက ဗို့အားတွေတိုးလေလေ၊ ကလေးအမေ ကြွက်မလေးရဲ့ သားသမီးဇောတွေကလည်း တိုးလေလေ။ နောက်ဆုံး သိပ္ပံပညာရှင် လူသား ကြီးတွေ ကြွက်မလေးရဲ့ မေတ္တာလက်နက်နဲ့ အလံဖြူအောက်မှာ မရှုမလှ အရှုံးပေးလိုက်ရတယ်။ သူတို့ ရှုံးတော့မှ တစ်ညီတစ်ညွတ်ထဲ အသံပြုလိုက် ကြတယ်။

“သားသမီး ချစ်စိတ်နဲ့သာ ကာကွယ်မထားရင် ဒီကြွက်မဟာ လျှပ်စီးကြောင်းပေါ်မှာ ချက်ချင်း ပြာကျသွားနိုင်တယ်” တဲ့။

ဒါဟာ ကြားကောင်းအောင်ပြောတဲ့ အိပ်ယာဝင်ပုံပြင် မဟုတ်ဘူး။ လက်တွေ့၊ သိပ္ပံနည်းကျလေ့လာ တွေ့ရှိမှု။ ကျေးဇူးပြုပြီး သံသယတွေ ဖျောက်ထားကြပါ။

ဦးဂမ္ဘီရရဲ့ အမေ။ လက်နက်မဲ့ လူသားတစ်ယောက်ကို သေနပ်ကိုင်ထားတဲ့ ငါးသိန်းကျော် လူတွေက “မုန်တိုင်း”လို့ အမည်ပေးရလောက်တဲ့ သားတစ်ယောက်ရဲ့အမေ။ အကျယ်ပြန့်ဆုံး မေတ္တာလွင်ပြင်ရှိတဲ့ ဂေါတမ ဗုဒ္ဓရဲ့ သားတစ်ယောက် မွေးထုတ်ပေးလိုက်တဲ့ အမေ။
မျက်ရည်လွယ်သူ၊ လူသနားအောင် မျက်ရည်ကျပြမှာ မဟုတ်ဘူးဆိုတဲ့ အမေ။
“မိန်းမလက်နက် မျက်ရည်စက်”ဆိုတဲ့ ခပ်ချာချာ စကားပုံကို ပြာဖြစ်အောင် မျက်စောင်းထိုး လိုက်တဲ့အမေ။
ပုထုဇဉ် ပီသစွာ အိပ်ယာထဲမှာတော့ ခိုးပြီး ငိုခဲ့ရပါတယ်, လို့ ရိုးသားစွာ ၀န်ခံခဲ့တဲ့အမေ။
လင်ဇော၊ သားဇောတွေနဲ့ ရူးသွတ်သွားခဲ့ရတဲ့ ဗုဒ္ဓစာပေထဲက ပဋာစာရီကို “ညီမလေး”လို့ ခေါ်လို့ရအောင် ရဲဝန့်ပြသွားတဲ့ အမေ။

ဒီအမေဟာ ပုံပြင်ထဲက အမေ မဟုတ်ဘူး။
လင်နဲ့သားနှစ်ယောက်က နတ်ဆိုးတွေရဲ့ အရက်စက်ဆုံး အကျဉ်းထောင် ထဲမှာ။ (ဒီဆောင်းပါးရေးစဉ် ဘယ်သူမှ လွတ်မလာသေးပါ။) နတ်ဆိုးတွေရဲ့ ဖမ်းဆီးတာကို ခံရပြီဆိုရင် ဘာမဆို ဖြစ်လာနိုင်တယ်။

ဒီအမေဟာ ဒီအခြေအနေတွေထဲကနေ မေးလာတဲ့ သတင်းဌာနတိုင်းရဲ့ သိလိုမှုတွေကို မျက်ရည်တစ်စက်နဲ့မှ လိမ်းကျံ ပေပွမှု မရှိပဲ ရဲရဲဝံ့ဝံ့ ဖြေ ဆိုပြသွားခဲ့တယ်။ ဒီအမေကို ဂုဏ်မပြုရင် ဘယ်အမေကို ဂုဏ်ပြုကြမလဲ။

ဝန်ခံပါတယ်။
အမေတွေ အများကြီးရှိတယ်။
ဆရာကြီး ဦးသုခရဲ့ အမေ၊
ဆရာ ညီပုလေးရဲ့အမေ၊
ထူးအိမ်သင်ရဲ့အမေ၊
မွန်းအောင်ရဲ့အမေ၊
ခင်ဝမ်းရဲ့ အမေ။
ဟင်္သာတ ထွန်းရင်ရဲ့ အမေ။
ချစ်စံဝင်းရဲ့အမေ၊
ကျွန်တော့်အမေ၊
ခင်ဗျားတို့အမေ။
အားလုံးရဲ့ အမေ (အမေစု)။


ဒါပေမယ့် ဒီနေ့ ဒီအခြေအနေမှာ အမေများရဲ့ ကိုယ်စား ငွေစင်ရုပ်ထု တက်ရောက်ယူဖို့အတွက်တော့ ဦးဂမ္ဘီရရဲ့အမေကလွဲ လို့ကျွန်တော့်မှာရွေး စရာမရှိခဲ့ပါဘူး ဘာလို့လဲဆိုရင်တော့ ...........
တစ်ချို့အမေတွေက သားရဲ့ဒုက္ခတွေကိုဝင်ရောက်ကိုယ်စားယူခွင့် ရခဲ့ကြပြီး ဦးဂမ္ဘီရရဲ့ အမေကတော့ ဒီအခွင့်အရေးကိုတောင် ငတ်မွတ်ခဲ့လို့ပါ။ သားရဲ့ ဒုက္ခကို မျှဝေယူခွင့် မရှိတဲ့ အမေတစ်ယောက်ရဲ့ ဒုက္ခဟာ ဘယ်ဒုက္ခထက် မဆိုကြီးတယ်။ သားနဲ့ နေရာချင်းလဲလို့ ရမယ်ဆိုရင် ဦးဂမ္ဘီရရဲ့ အမေဟာ အင်းစိန်ထောင်ထဲကို သွားနေဖို့ ခြေလှမ်းနှေးမှာ မဟုတ်ဘူး။ ဒါကြောင့် ကျွန်တော် ရွေးခြယ်မှုကို ထောက်ခံပေးကြပါ။

ဦးဂမ္ဘီရရဲ့ အမေ။ ခင်ဗျားတို့ ကျွန်တော်တို့ရဲ့အမေ။ အမေ...။

ဟောဒီမှာ ဟေ့...
ရာဇ၀င် လူ့သမိုင်း အဆက်ဆက်
နို့ရေစက်တွေနဲ့ ခဲ... ပျစ်...။
ထုဆစ်ခဲ့တဲ့ ငွေစင်ရောင် ရုပ်ထု
အမေများကို ဂုဏ်ပြု မလို့ပါ။
(အားလုံးရဲ့ ကိုယ်စား)
ဦးဂမ္ဘီရရဲ့ အမေကြွပါ ခင်ဗျား...။
စကြ၀ဠာမှ လက်ခုပ်သံများ စီ ညံ ဝေ စေ။


 ဇင်ဝေသော်

ပြောင်းလာတဲ့ နှုတ်ခွန်းဆက်သံများ


အသက် ၄၀ ကျော်စ အိမ်ထောင်မရှိ အမျိုးသမီး ( အပျိုကြီးလို့ခေါ်ရင် ရက် စက်လွန်းလေမလား ) တစ်ယောက်ရဲ့ ရင်ဖွင့်ထားတဲ့ စာတိုလေးတစ်ပုဒ် ဖတ်လိုက်ရတယ်။
သူမကတော့ ပေါ့ပေါ့ပါးပါးပဲ ပြောသွားတာပါ။

ကျမ ဆယ်ကျော်သက် ဘဝတုန်းက ဆွေမျိုးတွေ၊ သူငယ်ချင်းတွေက ကျမ ကိုတွေ့ရင်
" ဒီအပတ် တနင်္ဂနွေမှာ ဘယ်သူနဲ့ အပြင်ထွက်မှာလဲ ဟေ့ " လို့ မေးကြ တယ်။

ကျမအသက် နှစ်ဆယ်ကျော်လာတဲ့ အခါမှာတော့ သူငယ်ချင်းတွေက
" မပြောလည်းသိပါတယ်နော်၊ အဆင်ပြေကြတယ် မဟုတ်လား " လို့ ပြောင်းပြီး မေးကြတယ်။

ကျမအသက် သုံးဆယ်ကျော်လာတော့
" စောင့်နေရတာ ကြာပြီနော်၊ ဘယ်တော့ စားရမှာလဲ " မေးကြပြန်တယ်။

အခု ကျမအသက်က လေးဆယ်ကျော်ဆိုတော့
" ဟယ် နင့်လက်ကိုင်အိပ်လေးက လှလိုက်တာ၊ ဘယ်ဆိုင်က ဝယ်တာလဲ၊ ဝတ်ထားတဲ့ ဖက်ရှင်နဲ့ အရမ်းလိုက်တာပဲ " တဲ့။
ပြောင်းလဲလာတဲ့ နှုတ်ခွန်းဆက်သံတွေကို နားထောင်ရင်း ကျမတော့ပြုံးနေ မိတယ်။


( R.D, Oct, 2011 )


 ဇင်ဝေသော်

လူကြိုက်များပြီး မူပိုင်ခွင့်ပျောက်နေတဲ့ အနုပညာ


ဒီနှစ်မှာတော့ အကယ်ဒမီဆု ပေးတဲ့နေ့မှာမှ ထူးထူးခြားခြား ရွာကို ရောက်နေလျက် ဖြစ်နေတယ်။ ရွာက အရင်က ရွာမဟုတ်တော့ ရွာသူရွာသားတွေကလည်း တီဗွီရှေ့မှာ ဘယ်သူများ အကယ်ဒမီ ရလေမလဲ ဆိုတဲ့ စိတ်လှုပ်ရှားမှုတွေနဲ့ပဲ။
သိပ်မကြာပါဘူး။ ဇာတ်ပို့ဆု အကယ်ဒမီဆုရှင်ကို ကြေညာတော့ လူရွှင်တော် မော့စ် ဖြစ်နေတယ်။ ရွာသားတွေရဲ့ ပါးစပ်ထဲမှာ
“ဟင် … ဟာ …”
“ဒီ မော့စ်ကြီးကိုများ၊ အမြင်ကပ်လိုက်တာ။ အကယ်ဒမီ ပေးစရာ ရှားလို့”
“အေးလေ၊ သူ့ပေးမယ့်အစား ‘ ………….’ ကို ပေးလိုက်ရောပေါ့”
သဘောမတူတဲ့ အသံတွေ တညီတညွှတ်တည်း ထွက်လာတယ်။
အကယ်ဒမီပေးဖို့ ဆုံးဖြတ်တဲ့အဖွဲ့ဟာ ရွာသားတွေဆိုရင် မော့စ်အနေ နဲ့ သေချာပေါက် အကယ်ဒမီနဲ့ လွဲနိုင်တယ်။

သူတို့က မော့စ် ရတဲ့ အကယ်ဒမီကို သဘောမတူနိုင် ဖြစ်နေချိန်မှာ ကျနော် ကတော့ ပူပိုင်ခွင့်တွေ ပျောက်ဆုံးနေရရှာတဲ့ ဟာသပညာရပ်အေ ကြာင်းေ တွးနေမိတယ်။
ပထမဆုံးက ဟာသလေးတွေ (Jokes) ဖော်ပြတတ်တဲ့ ရီဒါးဒိုင်ဂျက် အကြောင်းပါ။ အခုတလော ထွက်တဲ့ ရီဒါးဒိုင်ဂျက်ရဲ့ ပြက်လုံးတွေက မရီ ရတော့ဘူး။ ပညာမပါလို့ မဟုတ်ဘူး။ ဟာသတွေ ထပ်နေလို့။ ဒါပေမဲ့ ပေးပို့သူရဲ့ နာမည်တွေကတော့ မတူတော့ဘူး။ သူတို့ အယ်ဒီတာ အဖွဲ့လည်း တတ်နိုင်သမျှတော့ စိစစ်ကြမှာပဲ။ ဒါပေမဲ့ မရဘူး။ ဟာသတွေ က ကော်ပီရိုက်တန်းဖိုးကို အလေးထားတဲ့ အင်္ဂလိပ်မီဒီယာ ထဲမှာကိုပဲ ထိမ်း မနိုင်၊ သိမ်းမရ ဖြစ်နေတယ်။

ဒါဟာ ဘာ့ကြောင့်များ ပါလိမ့်လို့ ဘကြီးနွား အလကား ကျောင်းနေမိတယ်။
လူဟာ ဟာသကို ချစ်ပေမဲ့ တန်ဖိုးတော့ သိပ်မထားဘူး။ ရယ်စရာ အနေနဲ့ပဲ သဘောထားတယ် ဆိုတာ အဓိကအချက်လို့ ထင်တယ်။ ကိုယ်ကြိုက်နှစ်သက်တဲ့ အဆိုအမိန့်တွေဆို ဘယ်သူ ပြောတာဆိုတဲ့ မူလ ပိုင်ရှင်နဲ့တွဲပြီး မှတ်တတ်ကြပေမဲ့ ကိုယ်တိုင် လှိုက်လှိုက်လှဲလှဲ ရယ်မောလိုက် ရတဲ့ ပြက်လုံးကိုတော့ (Joke) ပိုင်ရှင်နဲ့ တွဲမှတ်ဖို့ မေ့လျော့ နေတတ်ကြ တယ်။
နားထောင်သူ ဘက်ကလည်း ဒီအတိုင်းပါပဲ။ မှတ်သားစရာ အဆိုအမိန့်ဆိုရင် ဘယ်သူ ပြောတာလဲလို့ မေးတတ်ကြပေမဲ့ ရယ်စရာကိုတော့ ရယ်လိုက်ရုံနဲ့ ပြီးသွားတတ်ကြတယ်။


နောက်ပြီး ရယ်စရာကို ရယ်စရာအနေနဲ့ ထားလိုက်တော့ အကိုးအကား နဲ့ ဖော်ပြနေစရာလည်း မလိုပြန်ဘူး။
နောက်တစ်ချက် ဖြစ်နိုင်တာက ရယ်စရာက တစ်ခါ အူလှိုက်သည်းလှိုက် ရယ်ပြီးရရင် မှတ်မိသွားတယ်။ မမေ့တော့ဘူး။ ဒါ့ကြောင့် ရယ်စရာတွေ ထပ်နေရင် ထပ်နေကြောင်း ချက်ချင်း သိတာလည်းပဲ ဖြစ်နိုင်ပြန်ပါတယ်။ ဘာပဲဖြစ်ဖြစ် ရယ်စရာ ဟာသတွေမှာ စာပေမှာပဲ ဖြစ်ဖြစ်၊ ပြက်လုံး အနေနဲ့ ပဲ ဖြစ်ဖြစ် မူရင်းပျောက်နေတာတော့ အမှန်ပဲ။

အင်္ဂလိပ်လို ဖတ်တဲ့သူအတွက်ဆိုရင် ဒီကိစ္စက ပိုပြီး စိတ်ပျက်စရာ ကောင်း တယ်။ တော်တော်များများတွေက သူတို့ Joke တွေနဲ့ လွတ်ကို မလွတ်ဘူး။ ခပ်တည်တည်နဲ့သာ ကိုယ်ပိုင်လိုလို ဘာလိုလို ရေးနေကြ၊ ပြက်နေကြတာ။ ဟုတ်ပြီ။ ဒီပြက်လုံးကို ဘယ်သူ ပြောတာလဲလို့ လိုက်ပြန်တော့ အင်္ဂလိပ် မီဒီ ယာထဲမှာကိုပဲ ဝေဝါးသွားပြန်ရော။
ရယ်စရာ၊ ပြုံးစရာ အရေးကောင်းတဲ့ စာရေးဆရာတွေထဲမှာ မင်းလူနဲ့ တာရာမင်းဝေကို တော်တော်လေး လေးစားမိတယ်။ မင်းလူက ရယ်ရအောင် ရေးတတ်တာ။ တာရာမင်းဝေကတော့ ပြုံးစိစိဖြစ်အောင် ရေး တတ်တာ။ ဘယ်ဟာသမှ မပါဘဲ ဒိုင်ယာလော့ဂ် ချရေးတာကိုပဲ တာရာမင်းဝေ ရေးရင် ပြုံးချင်စရာတွေ အများကြီး။ တစ်ခု ကောင်းတာက သူတို့ ရေးဟန်ကျတော့ ဟာသက အတုံးလိုက် အတစ်လိုက် မဟုတ်တော့ ခိုးတာ မခံရတော့ဘူး။




သူတို့ထက် ပိုပြီး လေးစားစရာ ကောင်းတာကတော့ ဘာစကားလုံးမှ မပါဘဲ ရယ်ရအောင် လုပ်နိုင်တဲ့ ချာလီချက်ပလင်တို့၊ မစ္စတာ ဘီးန် တို့ပဲ။ ရယ်လိုက် ရတာသာ မောသွားတယ်။ စကားလုံး မပါတော့ သူများကို ပြောပြလို့ မရတော့ဘူး။ ပြောပြလည်း သူများက မရယ်တော့ဘူး။

အငြိမ့်တွေ အခြေအနေ မကောင်းတာက ခေတ်ကြောင့်လို့ အဓိက ပြောရင် ရသလို လူရွှင်တော်တွေ ပြက်လုံးထပ်နေတာလည်း ပါမယ်။ ထပ်လို့လည်း အပြစ်ပြောစရာ မရှိဘူး။ လွယ်ကူတဲ့ ပညာရပ်မှ မဟုတ်တာပဲ။ ကမ္ဘာမှာတောင် ကမ္ဘာကျော် စာရေးဆရာက ရေတွက်လို့ မကုန်ဘူး။ မစ္စတာဘီးန်နဲ့ မစ္စတာ ချာလီချက်ပလင်က ဘယ်နှစ်ယောက် ရှိတာမှတ်လို့။ ရယ်စရာ၊ ရယ်စရာလို့ ပြောနေကြပေမဲ့ ဒီကိစ္စက ရယ်စရာကိစ္စတော့ မဟုတ် ဘူး။ အခက်ဆုံး အတတ်ပညာ၊ အနုပညာလို့တောင် ဆိုချင်ဆိုလို့ ရနိုင်တာပဲ။

နောက်ဆုံးအချက်က အရင်က ရှိပြီးသား ဟာသတစ်ခုကို နာမည်ကြီး တစ်ယောက်က ဝင်သုံးလိုက်ရင် အဲ့ဒီဟာသက နာမည်ကြီးရဲ့ ကိုယ်ပိုင် ဟာသ ဖြစ်သွားတယ်။ မူရင်း မပေါ်တော့ဘူး။
ကဗျာတွေမှာဆို အတုံးလိုက်၊ အတစ်လိုက် မပြောနဲ့ စကားလုံးလေး တစ်လုံး ယူလိုက်တာနဲ့တင် သူ့ဟာ မဟူတ်ဘူးဆိုတာ သိကြတယ်။သိရင်လည်း ပြော ကြတယ်။

ဟာသလေးတွေကတော့ (အရင်ကလည်း ဟာသလို့ပဲ သဘောထားတော့) အတုံးလိုက် အတစ်လိုက် ယူတာတောင် ယူသူက ဝန်မခံသလို သိသူက လည်း အရေးတယူ သိပ် မရှိလှဘူး။ ရှိရင်တောင် လူရွှင်တော်လော ကလောက်ပဲ ဖြစ်မယ် ထင်တယ်။ ကျန်တဲ့နေရာမှာတော့ ဟာသလေးတွေက မူလဖန်တီးသူနဲ့ ဝေးနေရတာပဲ များတယ်။

ရယ်စရာဟာ ရယ်စရာပေမဲ့ ရယ်စရာပေါ့ရွှတ်ရွှတ်ပညာတော့ မဟုတ်ဘူး။
ဟာသစစ်စစ် ဖန်တီးနိုင်သူများ ထိုက်တန်တဲ့ဆုလဒ် ရကြပါစေ။


 ဇင်ဝေသော်

ခေါင်းစားတတ်တဲ့ အင်္ဂလိပ် စကားလုံးများ


မြန်မာကလေးတွေသုံးတဲ့ ဝေါဟာရတချို့ကို လူကြီးတွေ နားမလည်တော့ ဘူးဆိုတာ သဘာဝကျပါတယ်။ အင်္ဂလိပ်ကိုလည်း ကြည့်ပါ။
ဒီနေ့ " virtually, aggregate, advocate, documentation " ဆိုတဲ့ ဝေါ ဟာရလေးလုံး မီဒီယာမှာ တွင်ကျယ်လာလိုက်ပုံက ဘယ်အချိန်တုန်းက "almost, gather , urge, paperwork " တို့ကို ကျော်တက်သွားတယ် ဆို တာ မသိရသလောက်ပဲလို့ အင်္ဂလိပ်ဘာသာဗေဒ ပညာရှင်တွေက ဆိုပါ တယ်။
virtually = almost
aggregate=gather
advocate=urge
documentation=paperwork


မီဒီယာလောကမှာ သုံးလာတဲ့ စကားလုံးတွေက လှပေမဲ့ ဝေ့လည်လည်လို့ လည်း ဆိုကြပါတယ်။ ဟုတ် မဟုတ် ကြည့်ပါဦး။
" profit " အကျိုးအမြတ် လို့ ပြောမယ့်အစား " the return on investment."
" improvement " တိုးတက်ကောင်းမွန်လာမှုလို့ ပြောမယ့်အစား " net positive impact "
" careful spending " ဂရုတစိုက်သုံးစွဲမှုလို့ ပြောမယ့်အစား " better cash flow management " တဲ့။

မှတ်ချက်။ ။ ဆရာကြီးများအတွက် မဟုတ်။



ဇင်ဝေသော်

Morning kicking news


ချယ်လ်ဆီး ဘောလုံးသမား ဟားဇာ့ဒ်က အချိန်ဆွဲလို့ ဆိုပြီး ဘောလုံးကောက်တဲ့ကလေး နံရိုးကို ကန်ပြီး ဘောလုံးကိုဆွဲယူတယ်။
ဒိုင်လူကြီးက ဟားဇာ့ဒ်ကို အနီကတ်ပြ ကန်ထုတ်တယ်။
မြန်မာ တယ်လီဖုန်းနဲ့ ကြေနန်းဆက်သွယ်ရေး ဝန်ကြီးသိန်းထွန်းက ပြည် သူတွေရဲ့ထမင်းခွက်ကိုကန်ပြီး ချွေးနည်းစာလေးတွေကို လုယူတယ်။
ဦးသိန်းစိန် အစိုးရက သူ့ကို ( အရင် တပတ်က ) အနီကတ်ပြထုတ်တယ်။

ဟားဇာ့ဒ်ကို နားလည်ပေးနိုင်သူ တချို့ရှိပေမဲ့ ဦးသိန်းထွန်းကို ကိုယ်ချင်းစာ သူတော့ ( သူ့မိသားစုကလွဲရင် ) မရှိလောက်ဘူးး။ ရှိရင်တောင် ဖေ့စ် ဘုတ်ပေါ် မတက်ရဲလောက်ဘူး။
ဒါဇင်ပေါင်းများစွာ အကျင့်ပျက် အရာရှိတွေလည်း အဝါကတ်တွေ ထိတယ် လို့ သတင်းစာကပြောတယ်။

အကျင့်ပျက် ဝန်ကြီးတွေကို အနီကတ်ပြဖို့ ဦးသိန်းစိန်အစိုးရမှာကော အနီ ကတ် အလုံအလောက် ရှိရဲ့လားမသိ။ နည်းတော့ မနည်းလောက်ဘူး။

စိုးရိမ်စရာက တစ်ခုပဲ.....
ဘောလုံးပွဲ တစ်ပွဲမှာကြည့်ဖူးတယ်။ အနီကတ် ကျနေရစ်ခဲ့တာကို ဒိုင်လူကြီး က မသိလိုက်ဘူး။ အဲဒီအနီကတ်ကို ဘောလုံးသမားက ကောက်ရသွားတယ်။
ခဏနေတော့ အနီကတ် ကောက်ရထားတဲ့ ဘောလုံးသမားက ဒိုင်လူကြီးကို အနီကတ်ပြလိုက်ရော။
ဦးသိန်းစိန်ကြီးလည်း အနီကတ် ကျ မပျောက်စေနဲ့။ ကိုယ့် ပြသွားဦးမယ်။

အေဂျင်စီ၊ ပရက်စ်။ နယူးယောက် စင်ဒီကိတ်


ဇင်ဝေသော်

ဆယ်ဒေါ်လာဆိုလည်း ဆယ်ဒေါ်လာပဲလေ


ဂျိုးနဲ့ ရှယ်လီတို့ လင်မယားက တကယ်လည်း ရှေ့သွားနောက်လိုက် ညီကြ တယ်။
နှစ်စဉ် ကျင်းပတဲ့ လေယာဉ် နဲ့စက်မှုပွဲတော်ကို သူတို့ရောက်ဖြစ်ကြ တယ် ။ ရောက် တိုင်းလည်း ဂျိုးက
" ရှယ်လီရာ နှစ်ယောက်စီး လေယာဉ်လေးကိုစီးပြီး မြို့ကို အပေါ်စီးကနေ ကြည့်ချင်လိုက်တာ " လို့ပြောတယ်။
သူပြောတိုင်းလည်း ရှယ်လီက
" ရှင့် ဆန္ဒကို သိပါတယ် ဂျိုးရယ်၊ ဒါပေမဲ့ လေယာဉ်တစ်ပတ်စီးခက ဆယ်ဒေါ်လာ တဲ့၊ ဆယ်ဒေါ်လာဆိုလည်း ဆယ်ဒေါ်လာပဲလေ "
လို့ ပြန်ပြောတတ်တယ်။

ဒီလို အဆိုပြုလိုက် ပယ်ချလိုက်နဲ့ ဂျိုးအသက် ၇၁ နှစ်ရောက်လာတာတောင် လေယာဉ် မစီးဖူးသေးဘူး။ ဒါနဲ့ ဂျိုးက
" ရှယ်လီရေ ငါလည်း ၇၁ နှစ်ရှိပြီ၊ ဒီနှစ်မှ မစီးရရင်တော့ ဒီတစ်သက် အခွ့င့် အရေးမရှိလောက်တော့ဘူး " လို့ ပြောရှာတယ်။
ဒါပေမဲ့ ရှယ်လီကတော့ ဆယ်ဒေါ်လာဆိုလည်း ဆယ်ဒေါ်လာပဲလေ ကနေ တစ်ပြားမှ မလျော့ဘူးး

သူတို့ပြောနေတာကို ကြားသွားတဲ့ ပိုင်းလော့က သနားသွားပြီး
" ကျနော် လေယာဉ်မောင်းနေစဉ် ဘာအသံမှ မထွက်ဘူးဆိုရင် အလကား မောင်းပို့ပေးမယ်။ဘယ်လိုလဲ။ အသံ တစ်သံသံထွက်ရင်တော့ ဆယ်ဒေါ်လာက ဆယ်ဒေါ်လာပဲနော် " လို့ ပြောတယ်။
ဒါကို သဘောတူတဲ့ ဂျိုးနဲ့ ရှယ်လီတို့ နှစ်ယောက်စီး လေယာဉ်လေးပေါ် တက်လိုက်ကြတယ်။

သူတို့ လေယာဉ်ပေါ်ရောက်တယ်ဆိုရင်ပဲ ပိုင်းလော့ကပညာပြတော့တာ။ နိမ့် ပျံလိုက်။ မြင့်ပျံလိုက်၊ ဂျွမ်းထိုးလိုက်နဲ့ အစွမ်းကုန် ပညာပြတော့တာပဲ။
သူတို့ဆီက ဘာဆို ဘာသံမှ မကြားရဘူး။ နောက်ဆုံး အချိန်ပြည့်လို့ မြေပြင် ကို ဆင်းသက်လိုက်တဲ့နောက် ပိုင်းလော့က
" ခင်ဗျားတို့ နိုင်သွားပြီ။ ကွန်ဂရက်ကျူလေးရှင်း ပါ။ ဆယ်ဒေါ်လာ ပေးစရာ မလိုတော့ပါဘူး " ပြောတော့မှ ဂျိုးက
" ဟုတ်တယ်၊ ကျုပ်လည်း ရှုံးတော့မလို့ပဲဗျ။ ရှယ်လီ လေယာဉ်ပေါ် က ပြုတ် ကျသွားတော့ အော်လိုက်မိတော့မလို့။ နောက်မှ ' ဆယ်ဒေါ်လာဆိုလည်း ဆယ်ဒေါ်လာပဲလေ ' လို့ သတိရသွားလို့ " တဲ့။

ဟုတ်တယ်။ ပိုင်းလော့ နောက်လှည့်ကြည့်လိုကတော့ ဂျိုးတစ်ယောက်တည်း ပဲ တွေ့ရတော့တယ်။
( ရီးဒါ ဒိုင်ဂျက် အဟောင်းလေးထဲက )


 ဇင်ဝေသော်

ကချင်နဲ့ မြန်မာအစိုးရ၊ တရုတ်နဲ့ အမေရိကန် စစ်ဆင်ရေး

"ပဋိပက္ခ ငြိမ်းသွားတယ်။ ကချင်က ပေးတဲ့ ဒုက္ခမရှိတော့ဘူး။ ရေနံပိုက်လိုင်း အတွက်လည်း စိုးရိမ်စရာ မရှိတော့ဘူး။
ပဋိပက္ခ မငြိမ်းဘူး။ သူတို့တော့ (တရုတ်ပြည်အနေနဲ့တော့) ဒုက္ခ နည်းနည်း ခံရမယ်။ ဒီအတွက် အမေရိကန် မြန်မာ ဆက်ဆံရေး ပို တင်းမာလာနိုင်တဲ့ အကျိုးအမြတ် သူတို့ ရမယ်။
သေချာတာကတော့ ကချင်လက်နက်ကိုင်တွေနဲ့ မြန်မာစစ်တပ်က ကျည်ဆံချင်း ပစ်ခတ်နေချိန်မှာ တရုတ်နဲ့ အမေရိကန်တွေကလည်း ပေါ်လ စီချင်း ပစ်ခတ်နေကြတာပါပဲ။ "

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးမှာ ပြည်တွင်းရေးတွေ ပါဝင်နေသ လို နိုင်ငံခြား ဆက်ဆံရေးတွေ လည်း ပါဝင်နေပါတယ်။ အထူးသဖြင့် တရုတ် ကိုပဲ မှီခိုနေရတဲ့ နိုင်ငံခြားရေး ပေါ်လစီဟာ လုံးဝ အလုပ် မဖြစ်နိုင်တော့ဘူး ဆိုတာတော့ အစိုးရအနေနဲ့ သေချာပေါက် သဘောပေါက်ခဲ့ပြီလို့ အခု အ တိုင်းဆို ပြောလို့ ရနေပါပြီ။

ဒီ ခပ်ဟဟ မြန်မာနိုင်ငံရဲ့ တံခါးပေါက်ထဲကို အထင်ကရ ဝင်လာတာက အမေရိကန်တွေ ဖြစ်နေတယ်။ ပြုပြင်ပြောင်းလဲ လာနေတဲ့ ပြည်တွင်းရေး ၊ နိုင်ငံခြားရေး မူတွေကြောင့်ဆိုပြီး ပိတ်ဆို့ထားတဲ့ စီးပွားရေး တံခါးတွေကို တစ်စချင်း ဖွင့်ပေးလာခဲ့တယ်။ လွန်ခဲ့တဲ့ နိုဝင်ဘာလက သမ္မတ အိုဘားမား ကိုယ်တိုင်ပင် သမိုင်းဝင် အလည်အပတ်ခရီး ရောက်လာခဲ့သေးတယ်။ အဲ့ဒီ အချိန်အထိ ဘာမှ ပြောသံဆိုသံ ကြီးကြီးကျယ်ကျယ် မကြားရသေးပါဘူး။

ဒီအသံတွေကို ထွက်လာအောင် ဆွပေးလိုက်တာကတော့ ကချင်လက် နက်ကိုင်အဖွဲ့နဲ့ မြန်မာစစ်တပ်အကြား လတ်တလော ဖြစ်ပွားနေတဲ့ အတိုက် အခိုက် ကိစ္စပါ။ ဒါလည်း ဖြစ်ရော အမေရိကန် အစိုးရဟာ မြန်မာအစိုးရ အပေါ် ထားတဲ့ သဘောထားကို ပြန်လည် စီစစ်သင့်ပြီ၊ စီးပွားရေး ပိတ်ဆို့ မှုတွေ ဖွင့်ပေးတာ၊ အိုဘားမား အလည်အပတ် သွားတာ စောလွန်းတယ် စတဲ့ လေသံတွေ သမ်းလာတယ်။

သူတို့ ဘယ်လိုပဲ ဝေဖန်ဝေဖန် အမေရိကန် အစိုးရကလည်း မြန်မာ အစိုးရ အပေါ် လက်ရှိ ထားထားတဲ့ ဆက်ဆံရေးမူဝါဒကို ပြန်လည် စီစစ်ဖို့ လေသံ လုံးဝ မဟပါဘူး။ ဒါတင် မကဘူး။ အရင်ကတည်းက အစီအစဉ် ရှိနေခဲ့တဲ့ ဒုတိယကမ္ဘာစစ်အတွင်းက ပျောက်ဆုံးခဲ့တဲ့ အမေရိကန်စစ်သား (၇၃၀) ကျော်နဲ့ ပတ်သက်တဲ့ သဲလွန်စတွေ ရှာဖွေဖို့ ဟာဝိုင်ယီ အခြေစိုက် အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့ကို လွှတ်ဖို့ ရှိနေပါတယ်။ ဒါနဲ့ ပတ်သက် ပြီး နေမထိ ထိုင်မသာ ဖြစ်နေရှာတာက တရုတ်ပါပဲ။

ကချင်၊ မြန်မာကြား အပစ်အခက်နဲ့ ပတ်သက်လို့ တရုတ်မှာ ခံစားချက်နှစ်မျိုး ရှိနေနိုင်ပါတယ်။
၁။ ကချင်နဲ့ မြန်မာအစိုးရကြား ငြိမ်းချမ်းရေးလည်း ရစေချင်တယ်။
၂။ ငြိမ်းချမ်းရေးလည်း မရစေချင်ဘူး။

ကချင်နဲ့ မြန်မာအစိုးရကြား ငြိမ်းချမ်းရေး ရစေချင်တယ် ဆိုတာက တရုတ် အရေး သက်သက်ပါ။ ဒီစစ်ပွဲကြောင့် အနည်းနဲ့အများ တရုတ်ကိုလည်း သွား ထိပါတယ်။ အခု လက်ရှိမှာကိုပဲ ယူနန်ပြည်နယ်ထဲမှာ ထောင်ပေါင်း များစွာသော ကချင်ဒုက္ခသည်တွေ ပြေးဝင်လာကြတယ်။ ပြီးတော့ ဒေါ်လာ နှစ်ဘီလီယံ တန်ဖိုးရှိတဲ့ ရေနံပိုက်လိုင်းကိစ္စကိုလည်း မထိခိုက်စေချင်ပါဘူး။ ဒါ့ကြောင့် ဒီပဋိပက္ခ အမြန်ပြေလည်သွားဖို့ တရုတ်က ဆန္ဒရှိတယ်ဆိုတာ ငြင်းလို့ မရဘူး။

တစ်ချိန်တည်းမှာပဲ ဒီပဋိပက္ခကို ဒီအတိုင်းပဲ ရှိစေချင်ပုံ ရတယ်ဆိုတဲ့ သုံးသပ် ချက်ကိုလည်း ပညာရှင်တချို့က သံသယအဖြစ် ချန်ထားခဲ့ကြပြန်ပါတယ်။ ဒါကတော့ အမေရိကန် အစိုးရနဲ့ လုံးဝ ပတ်သက်နေပါတယ်။ ဆိုလိုတာက ဒီပဋိပက္ခ ငြိမ်းအေးသွားရင် အမေရိကန် မြန်မာ ဆက်ဆံရေးဟာ ပိုပြီး ချောမွေ့လာစရာ ရှိပါတယ်။ ဒီပဋိပက္ခက ဒီအတိုင်းပဲ ရှိနေမယ် (သို့မဟုတ်) ဒီထက် ဆိုးရွားလာမယ်ဆိုရင် တစ်နည်းမဟုတ် တစ်နည်း အမေရိကန်မြန်မာ ဆက်ဆံရေးကို ထိခိုက်လာနိုင်ပါတယ်။

တရုတ်ပြည်ရဲ့ ဒီသဘောထားကို ရိပ်မိတဲ့ အမေရိကန်တွေကလည်း မြန်မာနဲ့ သူတို့ ဆက်ဆံရေးဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးနဲ့သာ ဆိုင်ပြီး အခြားနိုင် ငံ တစ်နိုင်ငံနဲ့ (တရုတ်နဲ့) မြန်မာ့ ဆက်ဆံရေး အားနည်းသွားအောင် လုပ်လို တဲ့ဆန္ဒ လုံးဝမပါကြောင်း အစိုးရပိုင်းက ပြောလာတယ်။ သူတို့ ပြောတာတွေ ကိုလည်း တရုတ်ပြည်က မယုံကြည်ပြန်ဘူး။

ဒီထက်ပိုပြီး ကျယ်ကျယ်လောင်လောင် ဝေဖန်လာတာတွေကတော့ တရုတ်ပြည်က သတင်းစာ ဆောင်းပါးတွေပါ။

သူတို့အဆိုအရ အရှေ့တောင်အာရှနဲ့ မြန်မာနိုင်ငံမှာ ရှိနေတဲ့ တရုတ် စီး ပွားရေးနဲ့ တရုတ်မဟာဗျူဟာကို ဟန့်တားဖို့ အမေရိကန်တွေက ခြေသွက် လက်သွက် ဝင်ရောက်လာတာ ဖြစ်တယ် ဆိုတာပါ။

ဒီထက် ပိုပြင်းထန်တဲ့ ဝေဖန်သံက စောစောပိုင်းက ဖြစ်ပွားခဲ့တဲ့ လက်ပန်းတောင်း အရေးအခင်းမှာတောင် အမေရိကန်တွေရဲ့ လက်ချက် လုံးဝ မကင်းနိုင်ဘူးဆိုတဲ့ အချက်ပါ။ ဒီအချက်ကတော့ တရုတ် အမြင် နည်းနည်း ချော်နေတယ်လို့ ဆိုရမှာပါ။ လက်ပန်းတောင် အရေးအခင်း က ပြည်တွင်းက ပြည်သူတွေရဲ့ ဆန္ဒသာ ဖြစ်ပြီး အမေရိကန်တွေ ရဲ့ နိုင် ငံရေးပေါ်လစီ ဝင်ရောက် စွတ်ဖက်ခွင့် တော်တော်နည်းတယ်လို့ ဆိုရမယ် ထင်ပါတယ်။

လက်ပန်းတောင်ကိစ္စကို အမေရိကန်တွေရဲ့ စနက် မကင်းဘူးလို့ ကြံဖန် ဝေ ဖန်လို့ ရပေမဲ့ ကချင်လက်နက်ကိုင်တွေနဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခကိုတော့ အမေရိကန်စနက် မကင်းဘူးလို့ ပြောလို့ လုံးဝ မရနိုင်တဲ့ အနေအထားမှာ ရှိပါတယ်။

ဒီတော့ ကချင်နဲ့ မြန်မာအစိုးရကြားက ပဋိပက္ခကိုတော့ တရုတ်က မြွေမသေ၊ တုတ်မကျိုးဝါဒကို ကိုင်ထားပါလိမ့်မယ်။

ပဋိပက္ခ ငြိမ်းသွားတယ်။ ကချင်က ပေးတဲ့ ဒုက္ခမရှိတော့ဘူး။ ရေနံပိုက်လိုင်း အတွက်လည်း စိုးရိမ်စရာ မရှိတော့ဘူး။
ပဋိပက္ခ မငြိမ်းဘူး။ သူတို့တော့ (တရုတ်ပြည်အနေနဲ့တော့) ဒုက္ခ နည်းနည်း ခံရမယ်။ ဒီအတွက် အမေရိကန် မြန်မာ ဆက်ဆံရေး ပို တင်းမာလာနိုင်တဲ့ အကျိုးအမြတ် သူတို့ ရမယ်။
သေချာတာကတော့ ကချင်လက်နက်ကိုင်တွေနဲ့ မြန်မာစစ်တပ်က ကျည်ဆံချင်း ပစ်ခတ်နေချိန်မှာ တရုတ်နဲ့ အမေရိကန်တွေက လည်း ပေါ် လစီချင်း ပစ်ခတ်နေကြတာပါပဲ။

 ဇင်ဝေသော်

သင်းကွဲလိပ်ပြာများရဲ့ ရင်ခုန်သံကို ခံစားခြင်း ( ၄ )


စာမျက်နှာ ငါးရာကျော်ရှိတဲ့ " The Great Thoughts " စာအုပ်ကြီးထဲမှာ ကိုယ့်နိုင်ငံသား တစ်ယောက်ယောက်ကများ ကမ္ဘာ့သမိုင်း ဝင်အောင် ပြော ခဲ့လေမလား ဆိုတဲ့အတွေးကြောင့် ရှာကြည့်မိရာ ဦးသန့်ရဲ့ ငြိမ်းချမ်းရေး စကားသံတချို့ကို ကျေကျေနပ်နပ် ခံစားလိုက်ရပါတယ်။ ဗုဒ္ဓရဲ့ ဓမ္မပဒ အနံ့အသက်လည်း ရလိုက်တယ်။




" မော်ဒန်စစ်ပွဲ တစ်ပွဲမှာ အောင်နိုင်သူနဲ့ ရှုံးနိမ့်သူဆိုတာ မရှိတော့ပါဘူး။ .....တကယ်ရှိတာက ရှုံးနိမ့်သူတစ်ယောက်တည်းပါ၊ အဲ ရှုံးနိမ့်သူ ဆိုတာ ကလည်း လူသားမျိုးနွယ်ဆက်ကြီးကိုယ်တိုင်ပါပဲ။ "

In modern war there is no such thing as victor and vanquished......There is only one loser, and that loser is mankind.
( Address. Economic Club. New York City,1963 )

" တကယ်လို့များ တတိယကမ္ဘာစစ်ကို ကျနော်တို့ မဟန့်တားနိုင်ခဲ့ဘူးဆိုရင် ကျနော်တို့ အားလုံး သမိုင်းဝင်ပုဂ္ဂိုလ်တွေ ဖြစ်ကုန်မယ်။ အဲ အပြစ်ရှိတဲ့ သမိုင်းထဲက အဖြစ်မရှိတဲ့ သမိုင်းဝင်ပုဂ္ဂိုလ်တွေ၊ သူတို့ လူသားမျိုးဆက်ကြီး တစ်ခုလုံး မျိုးတုံးမယ်ကိစ္စကို မဟန့်တားခဲ့တဲ့ အဖြစ်မရှိတဲ့ မျိုးဆက်တစ်ခု အနေနဲ့ပေါ့ "

If we are not able to prevent a third word war, we shall go down in history - if history should survive- as the guilty generation, the generation which did nothing to prevent the annihilation of mankind itself.
( Quoted in N.Y Times, Nov, 12,1963 )


 ဇင်ဝေသော်

ဗြိတိသျှ ဗုဒ္ဓဘာသာ တစ်ယောက်ရဲ့ စစ်တပ်တွင်း အတွေ့အကြုံများ ( ၃ )

" အခုနှစ်တွေမှာဆိုရင် ဗုဒ္ဓဘာသာတစ်ယောက် စစ်ဗိုလ်တစ်ယောက် အနေ နဲ့ ရှေ့ခရီးဆက်လို့ ရနိုင်ပါ့မလားဆိုတဲ့ အခြေခံကျကျမေးခွန်းတွေ မကြာမကြာ မေးနေမိတယ်။ တရားဓမ္မကို သိနားလည်လာလေလေ၊ မေး ခွန်းတွေ ပိုများလာလေလေ၊ ဖြေဆိုရတာလည်း ပိုခက်လေလေ ဖြစ်နေ တတ်ပါတယ် "
(Mark Vickers)

“ပုရွက်ဆိတ်ကိုတောင် မသတ်ရဲတဲ့လူက ဘယ်လိုလုပ် စစ်တပ်ထဲ ရောက် လာရတာလဲ” တဲ့
ဒါနဲ့ သူတို့ဆီ ချက်ချင်းသွားပြီး အရာရှိလေသံနဲ့ပဲ ပြောလိုက်တယ်
“ငါးမိနစ်အတွင်း မင်းတို့နှစ်ယောက် ငါ့ရုံးကိုလာခဲ့”လို့။

သူတို့ရောက်လာတယ်ဆိုရင်ပဲ ငါနဲ့ပတ်သတ်လို့ တစ်ခုခု ပြောစရာရှိရင် ငါ့ကို တိုက်ရိုက်ပြော၊ ငါ့ကွယ်ရာမှာမပြောနဲ့ ဆိုပြီး ကျနော် ကြားခဲ့ရတဲ့ စကားတွေ ကို ပြန်ပြောပြလိုက်တယ်။ တကယ်ဆို လူတစ်ယောက်ရဲ့ ယုံကြည်မှုနဲ့ ပတ် သတ်ပြီး ကျေကျေလည်လည် ဆွေးနွေးချင်ပါတယ်။
ဒါနဲ့ သူတို့ကို ပညတ်ချက်တော်(၁၀)ပါးအကြောင်းကို မေးတယ်။ သတ္တ၀ါတွေကို မသတ်နဲ့ သတ်ရင် စစ်ပွဲမှာ ဒီအကျိုးဆက်က ပြန်လာတတ် တယ်ဆိုတဲ့အပိုဒ်ပါ။ ပြီးတော့ ကျနော်က ဆက်ပြောတယ်၊ မသတ်ရဘူး စစ်ပွဲမှာ ပြန်လာမယ်ဆိုတဲ့ စကားဟာ ကျဉ်းမြောင်းကြောင်း၊ ဘယ်နေရာမှ၊ ဘယ်ခြေအနေမှ မသတ်သင့်ကြောင်း ပြောလိုက်မိတယ်။ မင်းတို့ ယုံကြည် တာက God။ ငါယုံကြည်တာက ဗုဒ္ဓနဲ့ ဗုဒ္ဓရဲ့ကမ္မ၊ မတူကြဘူးလို့။

သူတို့ထွက်သွားပြီး ခဏနေတော့ တစ်ယောက်ကလာပြီး တောင်းပန်ပါ တယ်။ ကျနော်ပြောတာကို နားထောင်ပြီး သူ့အတွက် စဉ်းစားစရာ တစ် ခု ဖြစ်သွားတယ်ဆိုတာပါ ဖွင့်ပြောသွားတယ်။
“ဗုဒ္ဓဘာသာတစ်ယောက်ဖြစ်ပြီး စစ်တပ်ထဲ ဘယ်လိုလုပ် ရပ်တည်နေနိုင် တာလဲ”ဆိုတဲ့ မေးခွန်းမျိုး အကြိမ်ပေါင်း ထောင်သောင်း အမေးခံခဲ့ရဖူးတယ်။
မေးလာတိုင်းလည်း အထက်က ပြောခဲ့တဲ့အတိုင်းပဲ ဖြေခဲ့တာပါပဲ၊ တကယ် လို့ မေးလာသူက ခရစ္စယာန် အစွဲကြီးသူဆိုတာ သေချာရင်တော့ ငါယုံကြည် တာက ထာဝရ ဘုရားရှင်မဟုတ်ဘူး၊ ကံ ကံ၏ အကျိုးသာဖြစ်တယ်လို့ ဖြေ လိုက်ပါတယ်။ နောက်ပြီး ငါထမ်းဆောင်နေတဲ့ အစိုးရဟာ ဒီမိုကရက်တစ် ကျ ကျ ရွေးချယ်တင်မြှေက်ထားတဲ့အစိုးရဖြစ်တယ်၊ ဒီအစိုးရကလည်း စစ် အင်အားသုံးဖို့ လိုအပ်တယ်။ စစ်အင်အား သုံးရာမှာလည်း အများစုကောင်း ကျိုး ချမ်းသာအတွက်ဆိုတာ ယုံကြည်တယ်ဆိုရင် အခြားစစ်သား တစ်ယောက် လုပ်နိုင်တာမှန်သမျှ ငါလည်း လုပ်နိုင်တယ်။

ကိုယ်လုပ်မိတဲ့ အလုပ်က အကုသိုလ်ဖြစ်နေရင် ဒီ အကုသိုလ်ပြေဖို့ တခြား ကုသိုလ်ကို ပိုများအောင်လုပ်ဖို့ပဲ ရှိတယ်၊ ကံရဲ့သဘောတရားဟာ ဒီအတိုင်း ပဲ ရှိနေမယ်လို့ ထပ်ဖြည့်ပြီးရှင်းပြတတ်ပါတယ်။
ဗုဒ္ဓဘာသာရဲ့အဆုံးအမတွေ သူတို့ကို ပြောလို့ အကျိုးရှိမရှိဆိုတဲ့ ကိစ္စကို လည်း မပြောခင် အလေးအနက်ထား စဉ်းစားပါတယ်။

တစ်ခါက ဗုဒ္ဓဘာသာစစ်ဝန်ထမ်းတွေကို ဘာသာရေးဆိုင်ရာ သင်ခန်းစာတွေ ပို့ချဆွေးနွေးတဲ့အကြောင်းကို အမှတ်ရမိတယ် အဲဒီအထဲမှာ အထက်ကပေး လာတဲ့ အမိန့်ကိုပင် တစ်ချို့အမိန့်တွေကို သေသေချာချာ စဉ်းစားပြီးမှ လိုက်နာရမယ်ဆိုတဲ့ အကြောင်းအရာလည်း ပါ ပါတယ်။
ကျနော့် သဘောအရကတော့ အရေးကြီးရှေ့တန်း စစ်မျက်နှာလိုနေရာမျိုးမှာ အမိန့်ပေးရမယ့် စစ်ဗိုလ်က တွေဝေနေမယ်ဆိုရင် ဘယ်လိုမှ အကျိုးမရှိနိုင် ပါဘူး။ အမိန့်ဟာ တရားဥပဒေနဲ့ အညီ ဖြစ်နေရမယ်၊ ဒါကတော့ မှန်တာပေါ့။ ဥပဒေနဲ့ မညီတဲ့အမိန့်ဆိုရင် လိုက်နာစရာမလိုဘူးလို့ စစ်တပ်ဥပဒေမှာ အထင်အရှားရှိတာပဲ။

ကိုယ်က ဗုဒ္ဓဘာသာတစ်ယောက်ဖြစ်ပြီး ပေးလာတဲ့ အမိန့်တွေကို ကိုယ့်ယုံ ကြည်မှုနဲ့ ဆန့်ကျင်နေတာတွေ ပါလာမယ်ဆိုရင် `ငါ စစ်မှုကို ဆက်ထမ်းလို့ ဖြစ်ကော ဖြစ်နိုင်ပါတော့မလား´ဆိုတဲ့ မေးခွန်းမျိုးကို ကိုယ် တိုင်လည်း မေးကြည့်သင့်တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ဒီလိုစဉ်းစားခြင်း က ဗုဒ္ဓဘာသာမှရယ်လို့ မဟုတ်ပါဘူး၊ အခြားဘာသာဝင်တွေလည်း စဉ်းစားရမှာပါပဲ။

အခုနှစ်တွေမှာဆိုရင် ဗုဒ္ဓဘာသာတစ်ယောက် စစ်ဗိုလ်တစ်ယောက် အနေ နဲ့ ရှေ့ခရီးဆက်လို့ ရနိုင်ပါ့မလားဆိုတဲ့ အခြေခံကျကျမေးခွန်းတွေ မကြာမကြာ မေးနေမိတယ်။ တရားဓမ္မကို သိနားလည်လာလေလေ၊ မေး ခွန်းတွေ ပိုများလာလေလေ၊ ဖြေဆိုရတာလည်း ပိုခက်လေလေ ဖြစ်နေ တတ်ပါတယ်။
အခုအထိ ကျနော် ရှင်းရှင်းလင်းလင်း သဘောပေါက်ထားတာကတော့ ဒီမေး ခွန်း ဒီအဖြေတွေကို ကြိုတင်စဉ်းစား ကြိုတင်အဖြေထုတ်ထား ဖို့ပါ။ ရှေ့ တန်းမှာ ကိုယ့်ရဲဘော်တွေရဲ့ သက်စွန့်ဆံဖျားအချိန်ရောက်မှ စဉ်းစားတွေေ ၀နေလို့ မရပါဘူး။ ဆုံးဖြတ်စရာရှိတာကို ဆုံးဖြတ်၊ လုပ်ဆောင်စရာရှိတာကို လုပ်ဆောင်ရမှာပါ။
တလောလေးကပဲ တပ်ဖက်ကမိတ်ဆွေ တစ်ယောက်နဲ့ ကျနော့် ယုံကြည်မှု ကျနော့်တာဝန်နဲ့ ပတ်သတ်ပြီး ဆွေးနွေးမိကြသေး တယ်။ ဆွေးနွေးပြီး တဲ့နောက်မှာတော့ အခြေအနေတွေအတွက် အားလုံး ကြိုတင်စဉ်းစားပြီး သားမို့ လုပ်ဆောင်စရာရှိရင် တွန့်ဆုပ်နေမှာမဟုတ်ဘဲ သူများထက် ပင် ပြတ်ပြတ်သားသား ဆောင်ရွက်သွားမယ့် စစ်ဗိုလ်တစ်ယောက်ဖြစ်ကြောင်း သူယုံကြည်သွားခဲ့တယ်လို့ ထင်မိပါတယ်။ တချို့က ပြဿနာကို ကြိုတွေးမထားလို့ ပြသနာနဲ့ တကယ်ရင်ဆိုင်ရတဲ့အခါ မှာ တွေဝေသွားကြတာပါ။

ကျနော်တို့ကို (ဗုဒ္ဓဘာသာ စစ်မှုထမ်းတွေကို) ဝေဖန်နေကြတဲ့ ပုဂ္ဂိုလ်တွေ ကိုယ်တိုင်လည်း သူတို့ကိုသူတို့ ပြန်စီစစ်ကြည့်သင့်ပါတယ်။ ကျနော်တို့ နိုင် ငံတော်အတွက် ပေးဆပ်သလောက် သူတို့ရောပေးဆပ်နေကြသလား၊ ကျနော်တို့ အပြုသဘောဆောင်သလောက် သူတို့ကိုယ်တိုင်ကရော အပြု သဘောဆောင်သလား--- စတာတွေပါ။

စစ်သားတွေအနေနဲ့ ကျနော်တို့ထမ်းဆောင်နေရတာက နိုင်ငံတော် အစိုးရ ရဲ့အမိန့်ပါ၊ ဒီ အစိုးရဆိုတာက ဒီမိုကရေစီကျကျ ရွေးချယ်တင်မြှောက်ထား တဲ့ အစိုးရပါ၊ ဒါကို မေ့လို့မရပါဘူး။ ဒီတော့ စကားကြီး စကား ကျယ်တွေ ပြောမနေကြဘဲ အရေးကြီးရင် ကျနော်တို့ကိုယ်တိုင် လွတ်လပ် ခွင့်သာမက အသက်ကိုပါ နိုင်ငံတော်အတွက် ပေးဆပ်ဖို့ အသင့်ဖြစ်နေကြ ရပါမယ်။

အများအားဖြင့်တော့ ဆိတ်ဆိတ်နေလိုက်တာက နားအေးပါတယ်။


 သီဟနာဒ

နည်းပညာ ခိုးယူမှုကို အနံ့ခံခြင်း


Stealing ahead of time 
by Peter A. Coclanis

( မနေ့က စထရိတ်တိုင်းမ်ထဲက ဆောင်းပါးပါ၊ ပြုံးရတယ်။ အမေရိကန်တွေ လည်း သူးခိုးတွေပဲဆိုကာကို အမေရိကန် ပညာရှင်တွေကပဲ သုတေသန လုပ်ပြီးရေးကြတာ။ )


လွန်ခဲ့တဲ့ လေးနှစ်က တရုတ်ပြည်ကို ရောက်ပြီး ပီကင်းတက္ကသိုလ်ထဲ မှာ ဟောပြောပွဲတစ်ခု ဟောပြောခဲ့ရဖူးပါတယ်။ ဟောပြောပွဲ ပြီးတဲ့နောက် တရုတ်ပါမောက္ခတွေက သူတို့ ယဉ်ကျေးမှုအရ ညစာစားပွဲ ဧည့်ခံပေးခဲ့ပါ တယ်။ မောက်တိုင်း (Moutai) သုံးလေးခွက်လောက် ဝင်သွားပြီးတဲ့နောက် အနောက်တိုင်း စီးပွားရေးမဂ္ဂဇင်းမှာ ကျွန်တော် ဖတ်ခဲ့ရတဲ့ ဆောင်းပါး အကြောင်း သူတို့နဲ့ ဆွေးနွေးကြည့်မိတယ်။ ဆောင်းပါးမှာ ဖော်ပြထားတာက တရုတ်ပြည်ထဲမှာ သုံးနေတဲ့ နည်းပညာဆိုင်ရာ (၇၅) ရာခိုင်နှုန်းဟာ ခိုးယူ ထားတာတွေ ဖြစ်ပါတယ် တဲ့။ ဒါကို ကျွန်တော်က ပြောပြတော့ ပါမောက္ခတွေအားလုံး သဘောမတူသလိုလို ခေါင်းတွေ ရမ်းကြတယ်။ သူတို့ထဲက တစ်ယောက်က ထပြီး “ဒါကို ကျွန်တော်တို့ လုံးဝ သဘော မတူပါဘူး။ သူတို့ သတင်းစာတွေ ဖော်ပြထားတဲ့ ရာခိုင်နှုန်းဟာ သိပ် နည်းလွန်းနေပါတယ်” တဲ့။

သူပြောလိုက်တဲ့ စကားက ကျွန်တော့် ခေါင်းထဲမှာ နှစ်ပေါင်းများစွာ စွဲ ထင်နေပါတယ်။ တရုတ်ပြည်က ဆော့(ဖ်)ဝဲယား ခိုးယူမှု၊ နည်းပညာရပ်တွေ ခိုးယူမှု၊ ဆိုက်ဘာခရိုင်း(မ်) စတဲ့ သတင်းတွေကလည်း အမြဲလိုလို ဖက်နေ ကြရတာကြောင့်လည်း ဖြစ်ပါလိမ့်မယ်။

Bloomberg Business Week မှာ မနှစ်က စာလုံးမည်းကြီးနဲ့ကို ချဲ့လင်း လုပ်ထားတာ တွေ့လိုက်ရပါတယ်။ “ဟေ့ တရုတ်၊ ငါတို့ နည်းပညာတွေ ခိုးတာရပ်” တဲ့။ (Hey China! Stop stealing our stuff). အမေရိကန်ရဲ့ နောက်ဆုံး ရွေးကောက်ပွဲ ကာလမှာတုန်းကတောင် သတင်း အချက်အလက်တချို့ ခိုးယူတာ ခံလိုက်ရတယ်ဆိုတဲ့အကြောင်း ဖတ်လိုက်ရ ပါသေးတယ်။

အခု လတ်တလော အချိန်အထိပဲ တရုတ်ပြည်ရဲ့ နည်းပညာ ခိုးယူမှုတွေဟာ (၉၀) ရာခိုင်နှုန်းကို ကျော်နေဆဲဆိုတာ သိရပါတယ်။ စီးပွားရေး လေ့လာ သုံး သပ် သူတွေအားလုံး သဘောတူထားတာက ဖွံ့ဖြိုးဆဲ နိုင်ငံတွေ အားလုံးမှာ ဒီ နည်းပညာခိုးယူမှုဟာ အကြီးမားဆုံး ပြဿနာဆိုတာနဲ့ မဖွံ့ဖြိုးသေး တဲ့ နိုင်ငံတွေမှာတော့ ဒီပြဿနာက ပိုလို့တောင် ကြီးကျယ်သေးတယ် ဆိုတာပါပဲ။

တရုတ်ပြည်ကိုယ်တိုင်လည်း ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ အသည်းအသန် ကြိုးစားနေတာပါပဲ။ ဒါပေမဲ့ ဒီပြဿနာက ချက်ချင်းတော့ ပြေလည်သွားဦး မယ့် သဘော မတွေ့ရသေးပါဘူး။

ဒါတင် မကဘူး။ နည်းပညာ ခိုးယူမှုအကြောင်းသာ ပြောကြစတမ်းဆိုရင် ဖွံ့ဖြိုးပြီး နိုင်ငံတွေလည်း ခိုးယူခဲ့ကြတာပဲ။ ဒီအထဲမှာ အမေရိကလည်း ပါတယ် လို့ တရုတ်စတဲ့ နိုင်ငံတွေက ခွန်းတုန့်ပြန် လာခဲ့ကြပါတယ်။

ကမ္ဘာ့ပညာရှင်တွေထဲမှာ မစ္စတာ ဒေးဗစ် ဂျေ၊ ဂျရမီး (Mr. David J. Jeremy) နဲ့ မစ္စတာ ဒိုရန်ဘင်အတာ (Mr. Doron Ben. Atar) ဆိုရင် အထင်ကရ အရှိဆုံးတွေပါ။ သူတို့က နိုင်ငံတော်ရဲ့ စီးပွားရေး တည်ဆောက် ယူနေစဉ်မှာ စက်မှုဆိုင်ရာ နည်းပညာတွေ ခိုးယူတဲ့အထဲမှာ အမေရိကန်တွေဟာ လက်အသွတ်ဆုံး ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။

သက္ကရာဇ် (၁၇၈၀) နဲ့ (၁၈၂၀) ခုနှစ်တွေ ကြားမှာ နည်းပညာ ခိုးယူမှုကို အမေရိကန်တွေက လက်ရဲဇက်ရဲကို လုပ်ခဲ့ကြပါတယ်။ အထူးသဖြင့် စက်မှု စီးပွားရေးနဲ့ ဆိုင်တဲ့ နည်းပညာတွေပါ။ သူတို့ ခိုးယူခဲ့တာက အဲ့ဒီအချိန်မှာ ဖွံ့ဖြိုးပြီး ဖြစ်နေတဲ့ ဗြိတိန်စတဲ့ နိုင်ငံတွေကပါ။

အဲ့ဒီအချိန်တုန်းကတော့ နည်းပညာ ခိုးယူမှုကို ဘယ်သူကမှ အရေးတယူ လုပ်မနေကြပါဘူး။ အရေးတယူ မလုပ်တဲ့အပြင် " ကုန်ထုတ်လုပ်မှု တိုးမြှင့်ရေး " ၊ " အသုံးချ နည်းပညာများကို လက်ဆင့်ကမ်းရေး " လို့တောင် ဆိုခဲ့ကြပါသေးတယ်။ အဲ့ဒီအထဲမှာ အမေရိကန် အစိုးရတောင် ပါပါသေး တယ်။

တိုးတတ်ပြန့်ပွားအောင် လုပ်ဆောင်ရာမှာ လုပ်ဆောင်ပုံတွေကလည်း ပုံစံ အမျိုးအမျိုး ရှိနိုင်ပါတယ်။ စက်မှုဆိုင်ရာ နည်းပညာတွေ ခိုးယူမှု၊ အစီ အစဉ်တွေ ကို ခိုးယူမှု၊ အခြားနိုင်ငံရဲ့ မော်ဒယ်တွေလို ကိုယ့်ပြည်တွင်းထဲ ခိုးယူမှု စတာတွေပါ။

ထိပ်တန်းအေးဂျင့်တွေကို ငှါးရမ်း၊ ငွေကြေးမက်လုံးတွေ ပေးပြီး တီထွင်ဖန် တီးရှင် ပညာတတ်တွေ အမေရိကထဲ ခိုဝင်လာအောင် ဖြားယောင်းမှုတွေ လည်း ရှိခဲ့တာပါပဲ။

ဘဏ္ဍာရေးနဲ့ ပတ်သက်လို့လည်း အင်္ဂလန်ဘဏ်တွေထဲ ခိုးဝင်လေ့လာပြီး သူတို့ ငွေကြေးလည်ပတ်ပုံ စနစ်တွေကို ခိုးယူခဲ့ကြပါတယ်။ ဒါတွေ စာရင်း ချပြရရင် ပြောမဆုံးပေါင် တောသုံးထောင်ပါပဲ။ အဲ့ဒီအထဲမှာ အထင်ကရ နိုင် ငံရေးသမားကြီးတွေလည်း တစ်ပုံတစ်ပင်ပဲ။

စက်မှုဆိုင်ရာ နည်းပညာ ခိုးယူမှုကို အားပေးခဲ့သူတွေထဲမှာ ဘင်ဂျမင် ဖရင် ကလင် (Benjamin Franklin)၊ အဲလက်ဇန်းဒါး ဟာမစ်တန် (Alexander Hamiton)၊ တင့်(ခ်ျ) ကောက်(က်စ်) (Tench Corx) နဲ့ ဂျွန် အဒမ် (John Adans) တို့တောင် ပါဝင်ပါတယ်။ သူ့ခေတ်နဲ့ သူ့အခါမို့ သူတို့ ဒီလို အားပေး တာကို အပြစ်ရှိတယ်လို့ မထင်ကြသလို စိတ်ဝင်စားစရာ ကိစ္စလို့လည်း မထင်ကြပါဘူး။

စိတ်ဝင်စားစရာ ကောင်းတာက ဒါကို လက်မခံနိုင်ခဲ့တဲ့ သောမက် ဂျက်ဖာဆင် လို လူမျိုးပါ။

မစ္စတာ ဘင် အတာက ဒါကို ထပ်ပြီး ရှင်းပြပြန်ပါတယ်။ သောမက် ဂျက်ဖာဆင် လို ပုဂ္ဂိုလ်တောင် နည်းပညာရပ်ဆိုင်ရာ ခိုးယူမှုနဲ့ လုံးဝ ကင်းရှင်းတာတော့ မဟုတ်ပါဘူး။ အဝတ်အထည်နဲ့ ပတ်သက်တဲ့ Richard Arkwright ရဲ့ နည်းပညာတွေကို (၁၇၈၀) ခုတွေမှာ ပြင်သစ် သံအမတ် အဖြစ် တာဝန် ထမ်းဆောင်စဉ်က ခိုးယူခဲ့ပါတယ်လို့ ထောက်ပြတယ်။

ပညာရပ်ဆိုင်ရာ မူပိုင်ခွင့်တွေအကြောင်း ပြောရင် (၁၈) ရာစု နှောင်းပိုင်း၊ (၁၉) ရာစု ဦးပိုင်းနဲ့ ဒီနေ့ခေတ်က လုံးဝကို ခြားနားနေပါပြီ။ (၁၈) (၁၉) ရာစုတွေတုန်းက ဒီမူပိုင်ခွင့်တွေ ရှိလာဖို့ စတင် အကောင်အထည်ဖော်စပဲ ရှိပါသေးတယ်။ ဒီနေ့မှာတော့ အပြည်အပြည်ဆိုင်ရာ နိုင်ငံတွေအထိ ဒီမူပိုင်ခွင့်တွေကို လက်ခံကျင့်သုံး လာနေကြပါပြီ။

ကိုယ့်ကိုယ်ကို ကိုယ်ကျင့်တရား ကောင်းလှပြီလို့ ထင်ပြီး တရုတ်ကို သူခိုး ရိုးနေမဲ့အစား ကျွန်တော်တို့ အမေရိကန်တွေလည်း “ ဒီလို ပညာရပ်ဆိုင်ရာတွေ ဥရောပနိုင်ငံတွေဆီက မခိုးယူခဲ့ဘူးဆိုရင် ဒီနေ့ ရှိနေတဲ့ စီးပွားရေးပါဝါကို ရနိုင်ဖို့ မလွယ်ဘူး” ဆိုတာကို အမှတ်ရပါလို့ သတိပေးထား ခဲ့ပြန်ပါတယ်။

အထူးခြားဆုံးကတော့ ဆင်မြူရယ် စလိတ်တာ (Samuel Slater) ပါပဲ။ သူ အမေရိကန်ထဲကို ခိုဝင်နေထိုင်လာခဲ့တော့ သူနဲ့အတူ Arkwright ရဲ့ စီးပွားရေး အခြေခံမူတွေပါ ယူလာခဲ့တယ်။

သူ့ကို အမေရိကန်တွေက အမေရိကန် စက်မှုစီးပွားရေးတော်လှန်ရေးရဲ့ ဖခင် (Father of the American Industrial revolution) လို့ ခေါ်ပြီး ဗြိတိန်မှာတော့ သူ့နာမည်က သစ္စာဖောက် စလိတ်တာ ( Traitor Slater) တဲ့။



The writer is Albert R. Newsome distinguished professor of history and Global Research Institute director at University of North Carolina-Chapel Hill.



 ဇင်ဝေသော်

အဘိဓမ္မာ အင်တာဗျူး ( By Skynet )

စင်္ကာပူနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်သော အဘိဓမ္မာစာမေးပွဲ ( ဒီဇင်လာလ ၂၀၁၂) ကြီးနှင့်ပတ်သက်၍ Skynet မှ မှတ်တမ်းတင် ရိုက်ကူးထုတ်လွှင့်ထားသော ရုပ်သံဖိုင်

Website : http://www.abhidhammafoundation.org
Facebook: https://www.facebook.com/abhidhammasociety

 ကမ်းလက် 

“သူတို့က ခြင်္သေ့ဆိုရင် ကျွန်တော်တို့က လူခြင်္သေ့” ( အပိုင်း - ၁ )


အမှာ။       ။ ဒီဆောင်းပါးက ရေးထားတာ ၅ လလောက်ရှီပါပြီ။ အင်ဖော်မေးရှင်း တန်ဖိုးတော့ သိပ်မရှိတော့ပါဘူး။ ဒါပေမဲ့ တန်ဖိုးတချို့ ( သဘောတူတာ၊ မတူတာ အပထား ) ရှိနိုင်ကောင်းရဲ့ ဆိုပြီး ရှည်လွန်းသွားမှာစိုးလို့ နှစ်ပိုင်းခွဲ တင်ပေးလိုက်ပါတယ်။

    မကြာမီလေးကပဲ စင်ကာပူက ဆရာကြီး ဂိုချောက်ထောင်နဲ့ ဝန်ကြီးအဖွဲ့ မြန်မာပြည်ကို သွားခဲ့ကြတယ်။ မနေ့က စထရိတ်တိုင်းသတင်းစာထဲမှာတော့ စင်ကာပူက တီမာဆက်အဖွဲ့ နဲ့ ပိုလီအဖွဲ့တို့က မြန်မာအစိုးရထိပ်သီးပိုင်းတွေကို သင်တန်းတိုပေးဖို့ရှိတယ်ဆိုတာ ပါလာပြန်တယ်။ နောက်ပြီး ဂိုချောက်တောင်ရော ဝန်ကြီးချုပ် လီရှန်လွန်းကိုယ်တိုင်ရော ပြောနေတာက မြန်မာနဲ့ စင်ကာပူအတူလက်တွဲသွားမယ်ဆိုရင် မြို့ပြစီမံကိန်းနဲ့ဆိုင်တဲ့ အကူအညီတွေ စင်ကာပူက အများကြီးပေးနိုင်လိမ့်မယ်လို့ သံပြိုင်ဆိုနေကြတယ်။ ဒါတွေကိုကြည့်ရင် မြန်မာအစိုးရဟာ စင်ကာပူကို ခြေရာကောက်ဖို့ တော်တော်အလေးအနက်ထားတယ်ဆိုတာ ထင်သာမြင်သာပါတယ်။

    ဒါ့ကြောင့်ဖြစ်မယ်၊ မြန်မာပြည်က မီဒီယာတစ်ခုစ နှစ်ခုစက လူကိုယ်တိုင်ဆင်းပြီး သတင်းယူနေကြတာ တွေ့ရတယ်။ မေးခွန်းတွေကများပေမယ့် အဓိကအားဖြင့်တော့-
    ၁။ မြန်မာပြည်အစိုးရဟာ စင်ကာပူပုံစံနဲ့ ခရီးသွားဖို့ စိုင်းပြင်းနေတယ်။ ဒီကိစ္စအပေါ် ဘယ်လိုမြင်ပါသလဲ။ ဘာတွေလိုအပ်ပါသလဲ။
    ၂။ နိုင်ငံရေးနဲ့ စီးပွါးရေးပေါ်လစီတွေ ရုတ်တရက်ကြီး ပြောင်းလဲလာမှုအပေါ် ဘယ်လိုမြင်ပါသလဲ။ တစ်ချို့က ဒီကိစ္စကို စိုးရိမ်မကင်းဖြစ်နေကြတယ်။ ဒါကိုရော ဘယ်လိုယူဆပါသလဲ။
    ၃။ စင်ကာပူရောက်နေတဲ့ မြန်မာတွေရဲ့ဘဝ ၊ အခက်အခဲ။ သမ္မတကြီး ဖိတ်ခေါ်ထားတဲ့အတိုင်း မြန်မာပြည်ကို ပြန်လာဖို့ ဆန္ဒ ရှိ၊ မရှိ။
   
    အခု ကျွန်တော်ရေးမယ့် ဆောင်းပါးဟာ ပညာရှင်တစ်ယောက်ရဲ့ ရှုထောင့်စုံက သုံးသပ်မှုမျိုးမဟုတ်ပဲ ကျွန်တော့်ဝန်းကျင်မှာ တွေ့ရသမျှလေးတွေကို ရေးသွားမှာဖြစ်ပါတယ်။ ဘာပဲဆိုဆို မြန်မာနဲ့ စင်ကာပူကြားက လတ်လတ်ဆတ်ဆတ် ဆက်သွယ်ချက်တစ်ချို့ကိုတော့ ချန်ထားခဲ့နိုင်ကောင်းပါရဲ့လို့ ဆန္ဒပြုမိပါတယ်။

    ပထမဆုံးနံပါတ်တစ်နဲ့ ပတ်သက်လို့ကတော့ မလေးရှားဟာ စင်ကာပူမဖြစ်နိုင်သလို၊ စင်ကာပူဟာလည်း မလေးရှားမဖြစ်နိုင်ပါဘူး။ နိုင်ငံအကြီးအသေး၊ ချမှတ်တဲ့ ပေါ်လစီ၊ ကိုးကွယ်မှုဘာသာ စတာတွေနဲ့ မဆိုင်ပါဘူး။ စင်ကာပူက တရုတ်အများစုဖြစ်နေပြီး မလေးရှားက မလေးအများစု ဖြစ်နေတဲ့ကိစ္စပါပဲ။ တရုတ်စီးပွါးရေးကို နှုတ်လိုက်ရင် မလေးရှားဟာ စားအုန်းဆီခြံတွေနဲ့ လုံးလည်လိုက်နေတုန်းပါ။ စင်ကာပူလူဦးရေရဲ့ ရာခိုင်နှုံး (၈၀) ခန့်ဟာ တရုတ်လူမျိုးတွေ ဖြစ်နေပါတယ်။ အိန္ဒိယန်းတွေ၊ မလေးတွေလည်းရှိတယ်ဆိုပေမယ့် မပြောပလောက်ပါဘူး။ အိန္ဒိယန်းကို ဖယ်လိုက်ရင် စင်ကာပူအစိုးရထဲက အားကစားဝန်ကြီး လျော့သွားမယ်။ မလေးကိုဖယ်ရုံနဲ့တော့ အစိုးရအဖွဲ့ထဲက ထင်ထင်ရှားရှား လျော့မသွားပါဘူး။

    အဲသလိုပါပဲ။ မြန်မာဟာ စင်ကာပူ မဖြစ်နိုင်သလို၊ စင်ကာပူဟာလည်း မြန်မာမဖြစ်နိုင်ပါဘူး။ ဒါပေမယ့် စင်ကာပူ ဝန်ကြီးချုပ်ပြောသလို မြန်မာတွေ စင်ကာပူဆီက အဓိက ရနိုင်တာကတော့ မြို့ပြတည်ဆောက်မှု “ စံ ” ပါ။ ဒါ့ကြောင့်ဖြစ်ပါလိမ့်မယ်။ ဂိုချောက်တောင် မြန်မာပြည်ကိုသွားတော့ မြို့ပြစီမံကိန်းဝန်ကြီး ခေါ်ဘွန်ဝမ်း ပါသွားခဲ့တယ်။ ခေါ်ဘွန်ဝမ်းဟာ အစိုးရအဖွဲ့ထဲက ရှားရှားပါးပါးပါ။ ဗုဒ္ဓဘာသာဖြစ်ပြီး အရင်ဝန်ကြီး မနိုင်မနင်းဖြစ်နေလို့ ကျန်းမာရေးဝန်ကြီးဌာနကနေ မြို့ပြကိုပြောင်းကိုင်လာတဲ့ လူတော်တစ်ယောက်ပါ။

    သူတို့ မြို့ပြစီမံကိန်းက တော်တော်စနစ်ကျပါတယ်။ လမ်းမလွတ်လို့ အိမ်ဖျက်ရတာတွေ၊ ဆိုင်ဖျက်ရတာတွေ မရှိပါဘူး။ လမ်းဖောက်မှု၊ မြေအောက်ကား ရထားလမ်းဖောက်မှု၊ လျှပ်စစ်ကြိုးသွယ်တန်းမှု စတဲ့စီမံကိန်းတွေကို နှစ်ရှည်လများ ကြိုတင်အကွက်ချထားပြီးသားပါ။ ဒါ့ကြောင့်မို့ အိမ်ဆောက်ခွင့်မရတာပဲရှိမယ်၊ ဘာ့ကြောင့် ညာ့ကြောင့်ဆိုပြီး ဆောက်ပြီးသားဖျက်ရတာတွေ မရှိသလောက်ပါပဲ။ ဒီစနစ်တွေဟာ သူတို့ကိုယ်ပိုင်တွေလားဆိုရင်တော့ ဖြေဖို့ခက်ပါတယ်။ သူတို့လည်း ဗြိတိသျှဆီကရတဲ့ အမွေတွေပါ။

    အဆောက်အဦးဆောက်ခွင့်ပြုရာမှာလည်း ဘယ်နေရာမှာဆိုရင် ဘယ်လောက်အမြင့် ဘယ်နှစ်ထပ်ပဲဆောက်ခွင့်ပြုမယ် ဆိုတာတွေ ရှိပြီးသားပါ။ တော်တော်လေး အတုယူထားဖို့ကောင်းပါတယ်။ စနစ်ကျပါတယ်။ မြို့ပြစီမံကိန်းဆိုတာ ရုပ်ဝတ္တုသက်သက်ကိစ္စလို့ ပြောရင်ရပါတယ်။ ဒါကြောင့် ပြဿနာမရှိလှပါဘူး။

    ဒါပေမယ့် စင်ကာပူရဲ့ ပညာရေး၊ စီးပွါးရေး စတာတွေကို ပြောရာမှာတော့ ရုပ်ရော၊ နာမ်ရော တွဲစပ်နေတာမို့ ကျယ်ကျယ်ပြန့်ပြန့် သုတေသနမလုပ်ပဲရေးလို့ အဓိပ္ပါယ်သိပ်မရှိနိုင်ပါဘူး။ ဆောင်းပါးအနေနဲ့လည်း ပြည့်စုံဖို့ မလွယ်ကူပါဘူး။

    တစ်ခုခုကို ရွေးပြောရမယ်ဆိုရင် စင်ကာပူရဲ့ပညာရေးဟာ အခြားအာဆီယံနိုင်ငံတွေထက် နှာတစ်ဖျားသာနေတဲ့ကိစ္စက အင်္ဂလိပ်စာပါ။ ဒါဟာ လီကွမ်းယူ မိုက်မိုက်ကန်းကန်း ရွေးခဲ့တဲ့လမ်း မှန်သွားတယ်လို့ ဆိုရပါမယ်။ အင်္ဂလိပ်စာ၊ စကားကို နံပါတ်တစ်ဘာသာစကားအဖြစ် ရွေးလိုက်တော့ သူလည်း ဝေဖန်တာတွေ တော်တော်ခံခဲ့ရပါတယ်။ ဘာပဲဆိုဆို ဒီနေ့ စင်ကာပူရီးယန်းကျောင်းသားတွေရဲ့ အင်္ဂလိပ်စာ အရေး၊ အဖတ်နဲ့ နားထောင်နိုင်မှုစွမ်းရည်ဟာ ကမ္ဘာ့စံကို ဝင်ပါတယ်။ သူတို့စကားပြောတဲ့အခါ “လား” တွေ၊ “လော်” တွေနဲ့မို့ အင်္ဂလိပ်စာမတတ်ဘူးထင်ရင် တက်တက်စင်အောင် လွဲပါလိမ့်မယ်။ စင်ကာပူရီးယန်း ပညာတတ်တွေဟာ အင်္ဂလိပ်စာကို လမ်းပေါ်ကစကားလို ဘရုတ်ကင်းဆန်ဆန် အချင်းချင်းပြောတတ်သလို ပညာရှင်ဆန်ဆန် မှန်မှန်ကန်ကန်လည်း ပြောတတ်ပါတယ်။ ပြောတဲ့နေရာ၊ လူ စတာတွေကို အခြေခံပြီး သူတို့သုံးစွဲတဲ့ သဒ္ဒါနဲ့ စကားလုံးလည်း ကွဲသွားပါတယ်။ ဟုတ်ပြီ။ သူတို့ အင်္ဂလိပ် “စံ” ဝင်တယ်။ ဒါပေမယ့် ဒီအတွက် စင်ကာပူပြန်ပေးလိုက်ရတာကတော့ တရုတ်လူမျိုးတစ်ချို့ တရုတ်လိုမပြောနိုင်တော့တာပါပဲ။ ရေးတတ်ဖို့ဆိုတာကတော့ ခဏထားလိုက်ပါဦး။

    ဒါ့ကြောင့် ပညာရေးမှာတော့ စင်ကာပူကို “စံ” ထားတယ်ဆိုရင်တောင် စင်ကာပူကိုမီဖို့ နည်းနည်းခက်ပါလိမ့်မယ်။ အဓိကအားဖြင့် အင်္ဂလိပ်စာမှာပါ။ ကျွန်တော်တို့က မြန်မာစာကိုကျော်ပြီး အင်္ဂလိပ်စာကို နံပါတ်တစ်နေရာထားဖို့ဆိုတာ လုံးဝမဖြစ်နိုင်လို့ပါ။ ဒါဆိုရင် ကျွန်တော်တို့နဲ့ ပုံစံခြင်းတူပြီး ကမ္ဘာ့စံဝင်တဲ့ နိုင်ငံတွေရဲ့ ပညာရေးကို ကြည့်သင့်ပါတယ်။ သူတို့ကတော့ ဂျပန်နဲ့ တောင်ကိုရီးယားတို့ပါ။ သူတို့ ပညာရေးဟာ အင်္ဂလိပ်ကို မဖြစ်မနေသင်ကြရပေမယ့် သူတို့ရဲ့မိခင်ဘာသာကိုကျော်ပြီး အင်္ဂလိပ်ကို “တစ်”မထားပါဘူး။ ဒါပေမယ့် သူတို့ပညာရေး အားကောင်းပါတယ်။

    နောက်ပြီးတော့ စင်ကာပူရဲ့အခြေခံ စီးပွါးရေးစိတ်ဓာတ်။ သူတို့ရဲ့ မူလဘူတဖြစ်တဲ့ “တရုတ်” ဆိုတာကို မေ့ထားလို့ မရပါဘူး။ သူတို့ဆီက “စံ” တွေ ဘယ်လောက်ပဲယူယူ အခြေခံကွဲလွဲနေတာက မြန်မာနဲ့ တရုတ်တို့ရဲ့ စီးပွါးရေးအမြင်နဲ့ အရဲစွန့်မှုပါ။ မြန်မာတွေ မစွံဘူးလို့ပြောတာ မဟုတ်ပါဘူး။ အမြစ်တွယ်နေတဲ့ ဘာသာရေးအခြေခံစိတ်ကို အဓိကဆိုလိုတာပါ။ ရှုပ်နေမှာစိုးလို့ ဥပမာတစ်ခု မပြောချင်ပေမယ့် ပြောရပါဦးမယ်။

    အဲဒါ လော်စစ်ဟန် (သို့) သူ့ရဲ့သား စတီဖင်လော ရဲ့ကိစ္စပါ။ အမေရိကန်အစိုးရ အလိုရှိနေတဲ့ ဘိန်း အိမ်ရှေ့မင်းသားပေါ့။ “ဘိန်း”  ပါမလာဘူးဆိုရင် လော်စစ်ဟန်ဟာ စင်ကာပူထဲကို ဝင်လိုဝင်၊ ထွက်လိုထွက် လုပ်လို့ရပါတယ်။ ဒီလောက်နာမည်ကြီးတဲ့ လူတစ်ယောက်ကို မူးယစ်ဆေးနဲ့ပတ်သက်ရင် လုံးဝသည်းမခံတဲ့နိုင်ငံက စီးပွါးရေးတစ်ခုတည်းကိုကြည့်ပြီး ဝင်ခွင့်ပြုထားပါတယ်။ “လူနဲ့ ငွေသာလာပါ၊ ဘိန်းယူမလာပါနဲ့” ဒါပါပဲ။ ကျွန်တော်တို့ အစိုးရကို အဲသလိုအစိုးရ အနေနဲ့ ကျွန်တော်တို့ မြင်ချင်သလား။ လော်စစ်ဟန်ရဲ့ငွေမည်းတွေ စင်ကာပူထဲမှာရောက်ပြီး ဖြူနေတယ်ဆိုတာ FBI က မကြာမကြာ ပြောတတ်တယ်။ ဒါပေမယ့် ဒီဖက်ကတော့ မသိချင်ယောင်ဆောင်ပြီး ရေငုံနှုတ်ပိတ်လုပ်နေခဲ့တယ်။ ဒါပေမယ့် စာရင်းဇယား ကုမ္ပဏီနာမည်တွေနဲ့အတူ စတီဖင်လောရဲ့ စင်ကာပူလူမျိုးဇနီးအမည်ကစ ထုတ်ပြီးဖွလိုက်တော့မှ စထရိတ်တိုင်းသတင်းစာကစလို့ ဝန်ခံခဲ့ရပါတော့တယ်။ အမှတ်မမှားဘူးဆိုရင် သူ့ဇနီးပိုင်တဲ့ ကုမ္ပဏီ အလတ်စား၊ အငယ်စား (၁၅) ခု ရှိပါတယ်။

    ဒါတွေကို စင်ကာပူအစိုးရက မသိဘူးလား။ မဖြစ်နိုင်ပါဘူး။ အနီပြောက် (little red dot) နိုင်ငံပေါက်စလေးထဲမှာ အစိုးရဟာ အပ်ကျတာကအစ သိပါတယ်။ ဒါတွေကို ကျွန်တော်ရေးနေတာဟာ စင်ကာပူနဲ့ သူတို့အစိုးရကို အပုတ်ချနေတာ မဟုတ်သလို လော်စစ်ဟန်ကို ပုဂ္ဂိုလ်ရေး မုန်းတီးလို့လည်း မဟုတ်ပါဘူး။ လူ့အဖွဲ့အစည်းနှစ်ခုရဲ့ စီးပွါးရေးအပေါ်မှာထားတဲ့ မူဝါဒချင်း လုံးဝတူမှာ မဟုတ်ဘူးဆိုတာကို နှိုင်းယှဉ်ပြတဲ့သဘောပါ။

    မြန်မာအစိုးရနဲ့ သူတို့ရဲ့ အကြံပေးပညာရှင်တွေဟာ ဒါလေးတွေလောက်တော့ မသ ဘဲမနေပါဘူး။ ကျွန်တော်ရေးတာက သာမာန်လူတန်းစားတွေအတွက်သာပါ။ တရုတ်တိုင်းဟာ စီးပွါးရေးကိစ္စမှာ စီးပွါးရေးအနေနဲ့ပဲ ကြည့်ပါတယ်။ အနောက်ကလူတွေနဲ့တောင် မတူပါဘူး။ ဒီတော့ စင်ကာပူရဲ့ စီးပွါးရေး “စံ” ဟာ ယူစရာတွေရှိသလို ပယ်စရာတွေလည်း ရှိနေမှာပဲဆိုတာ ပြောနေစရာမလိုတော့ပါဘူး။ စာရင်းဇယားတွေနဲ့ တွက်ချက်ပြီး ဒီထက်ခိုင်မာတဲ့ ဆောင်းပါးတွေကိုတော့ ပညာရှင်တွေရေးဖို့ ချန်ထားခဲ့ရပါမယ်။ ကျွန်တော့်ဥာဏ်မမီပါဘူး။

    နိုင်ငံရေးနဲ့ စီးပွါးရေးပေါ်လစီတွေ အမြန်ကြီးပြောင်းလဲလာမှုကတော့ ထူးထူးထွေထွေ ပြောစရာမရှိပါဘူး။
    ကျွန်တော် အဓိကဆွေးနွေးချင်တာက စင်ကာပူမှာရှိတဲ့ မြန်မာတွေရဲ့ ဘဝ၊ အခက်အခဲ၊ မြန်မာပြည်ပြန်လာချင်စိတ် ရှိ၊ မရှိ ဆိုတာပါ။ ဒီခေါင်းစဉ်အောက်မှာတော့ ကျွန်တော်နဲ့ ဆက်စပ်နေတဲ့ မြန်မာအသိုင်းအဝိုင်းရဲ့ အသံတစ်ချို့လည်း ပါဝင်ပါလိမ့်မယ်။ ဒါကသည်ပင် အာဆီယံမှာ ကျားဖြစ်နေတဲ့ စင်ကာပူနဲ့ ဆက်ဆံရေးကို တစ်စုံတစ်ရာ ပြောခဲ့ရာလည်း ရောက်ပါလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဆက်ရန် -


 ဇင်ဝေသော်

စကြဝဠာ , Universe, ( လောကဓာတု )


စကြဝဠာ ( လောကဓာတု ) နှင့် ပတ်သက်၍ ရှေး နှစ်ပေါင်းများစွာ ကတည်း က ပုံစံ အမျိုးမျိုး ဖွင့်ဆို ရှင်းပြခဲ့ကြသည်။ ၎င်းတို့ အနက် သိပ္ပံပညာဖြင့် လေ့ လာ သုံးသပ်ကြည့်လျှင် ဘုရားရှင်၏ စကြဝဠာ ( လောကဓာတု )ဆိုင်ရာ ဖွင့် ဆိုမှုသည် အပြည့်စုံဆုံး ဖြစ်သည်။

ဘုရားရှင်၏ ဒေသနာတော်တို့ အရ စကြဝဠာသည်
၁။ အစ အဆုံးမရှိ ( S. 11, 178 )
၂။ သို့သော် ပုံသဏ္ဍာန် ရှိ၏။ ယင်း ပုံသဏ္ဍာန်ကား တသမတ်တည်း ရှိမနေ၊ အချိန်ကြာမြင့်လာသည်နှင့် အမျှ ပြိုကွဲလိုက်၊ စုစည်းလိုက်ဖြင့် ပုံသဏ္ဍာန် အမျိုးမျိုး ပြောင်းလဲနေ၏။ ( D.111,84 )
၃။ ယင်း စကြဝဠာ ( လောကဓာတု ) ကြီထဲ၌ မရေမတွက်နိုင်သော ကမ္ဘာ ၊ နေ၊ လ တို့ တည်ရှိနေကြသည်။ ( A.1 ,227 )
၎။ လောကဓာတ် နှစ်ခုကြားက နေ၊ လ အရောင်၊ အပူငွေ့ တို့ မရောက် ရှိသော ရပ်ဝန်း ရှိသည်၊ လောကန္တရိက ( လောကန္တရိက် ငရဲ ) ဟု ဆို၏။ ( M.111, 124 )
၅။ နဂါးငွေ့တန်းတို့၏ တစ်ခု နှင့် တစ်ခု အကွာအဝေးကလည်းလွန်စွာ ရှည် လျားလှသည် ဟု အထက်ပါ စာဖြင့် ညွှန်းဆိုခဲ့၏။

အချိ့သော ဘာသာရေး ယုံကြည်မှုများအရ စကြဝဠာ ( လောကဓာတု ) သဘောကို ဖန်ဆင်းသူ တန်ခိုးရှင်တို့ကသာ ရှင်းပြနိုင်သည် ဟုဆို၏။ ဗုဒ္ဓဘာသာအရ ဤ အယူသည် အမှတ်မှားမှု တစ်ခုသာ ဖြစ်ကြောင်း ယူဆ သည်။
ဗုဒ္ဓဘာသာ ဒေသနာများ အရ စကြဝဠာ ( လောကဓာတု ) သည် သဘာဝ အရင်းခံ ဖြစ်တည်မှုသာဖြစ်ပြီး ( Natural causes ) သဘာဝလွန် တန်ခိုး ရှင်၊ ဖန်ဆင်းရှင်တို့နှင့် ( Super-natural causes ) တစုံတရာ ပတ်သက်မှု မရှိ။
Ref: A Guide to Buddhism A to Z. Universe.

လူပုဂ္ဂိုလ် များအတွက်
S= သံယုတ္တ နိကာယ။
D=ဒီဃ နိကာယ။
A= အင်္ဂုတ္တရ နိကာယ။
M= မဇ္ဈိမ နိကာယ။



 သီဟနာဒ

စူပါများကြား ရပ်တည်ခြင်း ( ၈:၃ )

" အမေရိက က အရှေ့အာရှကနေ လုံးဝကြီး လက်ရှောင်ထွက်သွားပြီး တ ရုတ် တစ်ယောက် တည်းကပဲ ကြီးစိုးထားမယ်ဆိုရင်တော့ အနေ အထား က ပိုဆိုးသွားနိုင်ပါ တယ်။ ဆိုပါတော့။ မင်းက တရုတ်ကို စိတ် မချမ်း မသာဖြစ်အောင် လုပ်မိတယ် ဆိုရင် သူတို့က မင်းကို လာတိုက်နေစရာကို မလိုဘူး "
( လီကွမ်းယု )

မေး ။ ။ စင်ကာပူရဲ့ နိုင်ငံခြားရေးမူဝါဒပုံဖော်တာ၊ အခြား နိုင်ငံတွေနဲ့ဆက် ဆံရေးမှာ မစ္စတာလီရဲ့အမြင်က ဘယ်လိုရှိပါသလဲ။ မိမိနိုင်ငံရယ်၊ မိမိတို့ နဲ့ ဆွေမျိုးတော်စပ်တဲ့ နိုင်ငံတွေရဲ့ အခြေအနေတွေအပေါ်မှာ မူတည်ပြီးကြည့် မိတဲ့ အမြင်မျိုးပေါ့။

ဖြေ ။ ။ မလေးရှားကို ကြည့်။ မလေးရှားမှာရှိတဲ့ မလေးလူမျိုးတွေက အင်ဒို နီးရှားလူမျိုးတွေကို သူတို့နဲ့ ဇာတ်တူတယ်လို့ ထင်ကြတယ်။ အခု အင်ဒိုနီး ရှားတွေက တို့ထက် မလေးကို ပိုမုန်းနေကြတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့အချင်းချင်း အမ်ဘာလတ် (Ambalat) မှာရှိတဲ့ ရေနံတွေကြောင့် အငြင်းအခုံ ဖြစ်နေကြလို့။ တို့က ဒီကိစ္စအတွက် လက်ရှောင်ပေးထားတယ်။ အမ်ဘာလတ်မှာ သင်္ဘောချင်းငြိကြတော့ စစ်ဖြစ်တော့မလိုတောင် ဖြစ် ခဲ့သေးတယ်။

ဒီကိစ္စအတွက် မလေးရှားနဲ့ အင်ဒိုနီးရှားက လုံးဝ အစေးမကပ်ဘူး။ အင်ဒို နီးရှားကလည်း ငါက အစ်ကိုကြီး၊ မင်း ငါ့ကို ကလန်ကဆန် မလုပ်နဲ့။ ဒါမျိုး။ မလေးရှားကလည်း ရေနံတွင်းတွေကို လုံးဝ မပေးနိုင်ဘူး။ ဒါနဲ့ ကြားနေ ဒိုင် လူကြီးရဲ့ အဆုံးအဖြတ်ကို ယူရအောင်လို့ ပြောတယ်။ ပြီးတော့ မလေးရှားက ဆီပဒန်နဲ့ လီဂီတန်ဒေသတွေကို သူတို့ပိုင်တယ်လို့ ပြောတယ်။ နယ်ခြား စည်းတွေ ပြန်ကြည့်တော့ သူတို့ပြောတာနဲ့ တခြားစီပဲ။

ပြဿနာတွေက မကျေလည်သေးဘူး။ အခြေအနေကလည်း ဘာဖြစ် မယ်ပြောလို့ မရဘူး။ ဒီကြားထဲ ငါတို့ကသာ သူတို့ထဲက တစ်ယောက်ယောက်ကို ပြဿနာရှာကြည့်၊ သူတို့ချင်းပေါင်းမိပြီး ငါတို့ကို တွယ်မှာ။ ဒါနဲ့ ငါတို့က သူတို့ချင်းဖြစ်တာ ဖြစ်ပါစေဆို ပြီး အေးအေးပဲ နေ လိုက်တယ်။ တို့ကိုလည်း ပြဿနာလာမရှာနဲ့ပေါ့။

မေး ။ ။ ကျွန်တော်တို့အားလုံးဟာ ကမ္ဘာလုံးဆိုင်ရာ ပထဝီအနေအထား အရွေ့အပြောင်းတွေ ကြားမှာ နေထိုင်နေကြရတာ။ ဒီလိုအနေအထားမျိုးမှာ စင်ကာပူရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်ပြီး မစ္စတာလီပေးချင်တဲ့ အခြေခံ မူဝါဒဆိုင်ရာ အဆုံးအမများရှိရင် သိပါရစေ။

ဖြေ ။ ။ အတူတူပါပဲကွာ။ ငါတို့ရှင်သန်ဖို့အတွက် နေရာလေး ကျယ်နိုင် သမျှကျယ်အောင် ယူထားကြဖို့ပါပဲ။ သစ်ပင်အကြီးကြီးတွေက သူတို့အရိပ် မလွှမ်းမိုးနိုင်တဲ့ နေရာလပ်ကလေးကို ငါတို့ရှင်သန်ဖို့ ကွက်လပ်ကလေး အဖြစ် ပေးထားရင် အကောင်းဆုံးပေါ့။ သစ်ပင်ကြီးတစ်ပင်ရဲ့ လောင်းရိပ်အောက်မိနေရင် တို့အတွက် အခြေအနေ သိပ်မကောင်းဘူး။

မေး ။ ။ အဲသလို သစ်ပင်ကြီးတွေရဲ့ကြားမှာ ကိုယ့်နေရာလေးရအောင် စင်ကာပူအတွက် ဘာတွေ လိုအပ်မလဲ။

ဖြေ ။ ။ အမေရိကန်၊ ဂျပန်တို့နဲ့ ငါတို့ဆက်ဆံရေး ခိုင်ခိုင်မာမာ မရှိခဲ့ဘူး ဆိုကြပါစို့။ အဲဒီတုန်းက တရုတ် ပေါ်မလာသေးဘူး။ အမေရိက၊ ဂျပန်နဲ့ ဥရောပနိုင်ငံတွေ နိုင်ငံရေးကစားနေကြတာ။ အင်း … ဗြိတိန်ဆိုရင် ဒီနေ့ အ ထိ စစ်တပ်အင်အားကောင်းပြီး စစ်တပ်ဖြည့်ဆည်းဖို့ကိုလည်း စိတ်ဝင်စား ကြတယ်။ အဲဒါက တို့ကို နေရာလေး တစ်နေရာရပြီး အသက်ရှူချောင်စေ တယ်။ တို့က အရှေ့တောင်အာရှ နိုင်ငံတွေကြားမှာ ညှပ်ပူးညှပ်ပိတ် မိနေ တာ မဟုတ်ဘူး။ သူတို့က ငါတို့နဲ့ စီးပွားရေး အတူတူ မလုပ်ချင်ဘူး ဆို ရင်တော့ အဲဒါသူတို့ရဲ့ ရွေးချယ်မှုတစ်ခုပဲ။ တို့က နိုင်ငံပေါင်းစုံကို ဒီအထဲ ဆွဲသွင်းတယ်။ ကမ္ဘာကို ပစ္စည်းတွေ ပြန်ပို့တယ်။ ပြီးတော့ အိမ်နီးချင်းနိုင် ငံတွေအားလုံး နိုင်ငံပေါင်းစုံစနစ်ကို လက်ခံလာပြီး တို့နဲ့အတူ ပေါင်းကြတယ်။ ဒီအထဲမှာ ရင်းနှီးမြှုပ်နှံမှုတွေ တို့က ပိုရတယ်။ ပိုကောင်းတဲ့ အရည်အသွေး ကို ပိုင်ဆိုင်ခွင့်ရတယ်။ ဒီတော့ ထုတ်ကုန်ပစ္စည်းတွေရဲ့ တန်ဖိုးတွေလည်း ပိုတက်လာတယ်။ ဆိုလိုတာက အိမ်နီးချင်းတွေကို ငါတို့ ဖောက်ထွက်ခဲ့ တယ်။

ဆိုပါတော့ … ဂျပန်၊ အမေရိကန်တွေနဲ့ ငါတို့ မဆက်သွယ်မိဘူး။ သူတို့ပြော သလို အိမ်နီးချင်းတွေနဲ့ပဲ စီးပွားရေးလုပ်ကြ။ ကဲ ဒါဆိုရင် အင်ဒိုနီးရှားရဲ့ ဝယ် လိုအားက ဘယ်လောက်ရှိသလဲ။ ဂျပန်နဲ့ အမေရိကတို့ကို ပြိုင်ပြီး ထိုင်းနိုင်ငံ ရဲ့ ဝယ်လိုအားကရော ဘယ်လောက်ရှိလို့လဲ။ သြစတေးလျနဲ့ နယူးဇီလန်တို့နဲ့ ယှဉ်ရင်တောင် ထိုင်းနိုင်ငံရဲ့ ဝယ်လိုအားက ဒီလောက် အားရစရာ မကောင်း လှပါဘူး။ သြစတေးလျက လူဦးရေ (၂၅ - ၂၇) မီလီယံ၊ နယူးဇီလန်က (၃) မီလီယံပဲရှိမယ်။ ဒါပေမဲ့ သူတို့ လူနေမှုအဆင့်အတန်းက ပိုမြင့်နေတော့ တို့ စီးပွားရေးအတွက် နေရာပိုရတယ်။

ဒီဒေသတွင်းမှာ တို့က လုံခြုံတည်ငြိမ်တဲ့ အခြေခံကို ပေးထားနိုင်တဲ့အတွက် ဒီကနေပြီး အသီးမျိုးစုံ၊ ထောပတ်၊ ကြက်ဥ၊ ဘဲဥ၊ ရေခဲစိမ်ကြက်သား၊ ဝက် သား၊ ဘာမဆို ဒေသအတွင်း ဖြန့်ချိနိုင်တယ်။ ပထမ စင်ကာပူကို အခြေစိုက် ယူတယ်။ ပြီးတော့မှ လိုအပ်တဲ့ဒေသတွေကို ဖြန့်ချိတယ်။ တို့က (စင်တာ) ဌာနချုပ်တစ်ခုဖြစ်အောင် လုပ်ခဲ့ကြတာ။ တကယ်တော့ ဗြိတိသျှလက်ထက် ကတည်းက စင်ကာပူက ဒေသတွင်းမှာတော့ ပစ္စည်းဖြန့်ချိရာ ဌာနချုပ်ပါ။ တို့က ဒါကို ပိုကောင်းအောင် ကြိုးစားပေးဖို့ပဲ လိုပါတယ်။

မေး ။ ။ ဒီကရှေ့ စင်ကာပူအတွက် အခက်အခဲတွေ ပိုရှိနိုင်တယ်လို့ တချို့ မြင်နေကြပါတယ်။ အဲဒါ အကြောင်းနှစ်ချက်ကြောင့် ဖြစ်ပါတယ်။ တစ်က တရုတ်နဲ့ အမေရိကတို့ရဲ့ (သိမ်သိမ်မွေ့မွေ့နဲ့) အကြမ်းမဖက် စူပါပါဝါနေရာကို လုနေကြတာနဲ့ နှစ်က မစ္စတာလီလို လူတစ်ယောက် မရှိတော့တာရယ်ကြောင့်ပါ။ မစ္စတာလီရဲ့အမြင်က ဘယ်လိုပါလဲ။

ဖြေ ။ ။ မဟုတ်ပါဘူး။ ငါ့သြဇာလွှမ်းတယ်ဆိုတာ အခိုက်အတန့်လေးတင် ပဲ ဖြစ်ပါတယ်။ ဒီထက်ပိုရင်လည်း အန္တရာယ်ရှိတယ်။ အမေရိက က အရှေ့အာရှကနေ လုံးဝကြီး လက်ရှောင်ထွက်သွားပြီး တရုတ်တစ်ယောက် တည်းကပဲ ကြီးစိုးထားမယ်ဆိုရင်တော့ အနေအထားက ပိုဆိုးသွားနိုင်ပါ တယ်။ ဆိုပါတော့ မင်းက တရုတ်ကို စိတ်မချမ်းမသာဖြစ်အောင် လုပ်မိတယ် ဆိုရင် သူတို့က မင်းကို လာတိုက်နေစရာကို မလိုဘူး။

ငါတို့နဲ့ တရုတ်ပြည်ဆက်ဆံရေးက စီးပွားရေးအရတောင် တစ်နေ့တခြား ပိုခိုင်မာနေတယ်။ ဒါပေသည့် ငါတို့က အိန္ဒိယအပါအဝင် အခြားနိုင်ငံတွေနဲ့ပါ ဆက်ဆံနေတာနော်။ သူတို့ဈေးကွက်က အကြီးကြီး၊ ဒီတော့ စီးပွားရေအရ သူတို့က ငါတို့ကို ထိန်းထားမှာပဲ။ ဟောင်ကောင်ဆိုရင်လည်း သူတို့နေရာကို သူတို့သိတယ်။ စီးပွားရေး ကျဆင်းသွားတာတောင် ဟောင်ကောင်သားတွေက “ကောင်းပြီ၊ ငါတို့ဆီက လူတွေကို သူတို့အိမ်တွေ အရောင်းအဝယ် လုပ်ခိုင်းပြီး စီးပွားရေး တိုးတက်လာစေရမယ်” လို့ ပြောကြတယ်။



 ကမ်းလက် 

အနံ့အသက် မရှိတဲ့ သင်္ခန်းစာ


သူတို့ကလည်း သူတို့ပဲ့။ ဘောလုံးပွဲအပြီး သောက်လာလို့ မူးနေတယ် ဆိုလည်း အေးအေးဆေးဆေး ဝင်အိပ်ကြပေါ့၊ ခုတော့ ဒီလို မဟုတ်ဘူး။ သီချင်းလေး တကြော်ကြော်နဲ့။ ဒါကို ညွန့်ဝေဆိုတဲ့ကောင်က နည်းနည်းမှ ကြည့်လို့ရတာ မဟုတ်ဘူး။
ကြည့်လိုသာ မရတာ ဘော့စ်နဲ့က ပနံရနေတော့ သူလည်း ဘာမှ မပြောသာ ဘူး။ ရောက်ပြီးတဲ့ နောက်မှာတောင် စကား တောင်ရောက် မြောက်ရောက် က ထိုင်ပြောလိုက်ချင်ကြသေးတာ။ ထားပါ၊ ပြဿနာက မနက်မှ တက်တာ
" မင်းတို့ နှစ်ယောက်တော့ ငါ မပြောရင် ဒုက္ခ ရောက်ပြီ "
" ဘာဖြစ်နေလို့လဲ၊ ညက မူးလာလို့လား "
" မင်းတို့ နှစ်ယောက်မူးတာက အထူးအဆန်းမို့လို့လား "
" ဒါဖြင့် ဘာဖြစ်လို့လဲ "
" ဘာဖြစ်နေရမှာလဲ၊ ကိုယ့် ကုတင်အောက်ကို မကြည့်ခဲ့ဘူး လား "
" ကုတင်အောက်ကို ဘာအတွက် ကြည့်နေရမှာလဲ "
" မကြည့်နေပေါ့။ ဘော့စ် တွေ့လို့ကတော့ မင်းတို့ အသေပဲ။ ညက မူးမူးနဲ့ အိပ်ယာထဲ သေးပါးထားတာ၊ ကုတင်အောက်မှာ သေးကွက်ကြီးတွေ ရှိနေ တုန်း "
" ဟာ၊ ဟုတ်လို့လားကွာ။ တစ်ခါမှ ဒီလို မဖြစ်ဖူးပါဘူး "
" မယုံနေပေါ့၊ တင်ထွန်းကိုတောင် ငါ ပြခဲ့သေးတယ် "

မယုံဘူးလို့သာပြောတာ ဒီ ကောင်နှစ်ယောက် လက်ကုတ်ပြီး လစ်ထွက် သွားကြတယ်။
" ဟေ့ကောင် ထွန်းဇော်အောင်၊ တကယ်က အိပ်ယာထဲ သေးပါးရင် ငါတို့ ပုဆိုးတွေလည်း စိုနေရမှာ နော် "
" ငါလည်း ဒီလိုတော့ စဉ်းစားမိပါတယ်၊ သေချာအောင် သွားတော့ ကြည့်ကြဦးစို့ "
ဟုတ်တယ်၊ သူတို့ ကုတင်အောက်မှာအကွက်ကြီးတွေ တွေ့ရတယ်။ သိပ်လည်း မခြောက်သေးဘူး။ စူးစမ်းတာ ဝါသနာကြီးတဲ့ ခင်မောင်မြင့်က အနံ့ခံကြည့်တယ်။
" နေဦး ထွန်းဇော်အောင်၊ သေးနံ့လည်း မနံဘူးကွ "
ကျောင်းဆရာဖြစ်ချင်တဲ့ ထွန်းဇော်အောင်က အရဲတော့ သိပ် မစွန့်ရဲဘူး။
" ဘာပဲဖြစ်ဖြစ် ကြည့်ကောင်းအောင်တော့ အဝတ်နဲ့ သုတ်လိုက်ရအောင် ကွာ၊ တွေ့သွားရင် မလွယ်ဘူး "

ငနဲ နှစ်ကောင် သန့်ရှင်းရေးလုပ်နေတာကိုပဲ အထူးအဆန်းကြီး တစ်ခုလို ပြုံးစိစိလာကြည့်တဲ့ကောင်တွေကလည်း မနည်းဘူး။
အဖြေက သိနေပြီးသားဆိုတော့ စောစောစီးစီး ကုသိုလ်ရတဲ့ အလုပ်တွေ လုပ်နေကြပါလား လို့ လာပြောတဲ့ ကောင်တွေကလည်း ရှိသေးတယ်။

သူတို့နဲ့ ခပ်ဝေးဝေးမှာတော့ ညွန့်ဝေက ဆန်းဝင်းကို ဖောက်သည်ပြန်ချရင်း ရယ်နေတယ်။
" ဒီကောင်တွေ ညက အိပ်ယာထဲ တကယ် သေးပါတာလား " ဆန်းဝင်းက မေးတော့
" မပါပါဘူးကွာ။ မူးတော့ တော်တော်မူးနေကြတာ။ ငါလည်း အမြင်ကပ်လို့ သူတို့လည်း အိပ်ပျော်သွားရော သူတို့ ကုတင်အောက် ရေ ဖလား တစ် ဝက်လောက် လောင်းပေးထားလိုက်တယ်၊ အခု သူတို့ ကြောက်ကြောက်နဲ့ သန့်ရှင်းရေးတွေလုပ်နေကြတယ်လေ "
" ဟား ဟား ဟား "

သူတို့ အားလုံးပြီးလို့ ညွန်ဝေက အဖြစ်အမှန်ကို ပြောပြတော့မှ ဆဲလိုက်ကြ တာ မိုးမွှန်ရောပဲ။
( ရွာက သူငယ်ချင်းများကို အမှတ်တရ နဲ့ )



ဇင်ဝေသော်