**နာမည်ပေးရင် သတိထား**

မစ္စတာ Akbar Zeb ဆိုတာ ဆော်ဒီအာရေးဗျကို သံအမတ်အဖြစ် တာဝန် အပေးခံရတဲ့ ပါကစ္စတန်လူမျိုးပါ။ ဒါပေမဲ့ Zeb ဆိုတဲ့နာမည်ကြောင့် အပယ် ခံရတယ်။
သူ့ကိုယ်ရေးအတ္တုပ္ပတ္တိက မခေဘူး။ သံအမတ်အဖြစ် အမေရိက၊ အိန္ဒိယ ၊ တောင် အာဖရိက၊ ကနေဒါတို့မှာ တာဝန်ထမ်းပြီးပြီ။
ပြဿနာက Zeb ပါ။ ပါကစ္စတန်တွေကြားမှာ မှည့်လေ့မှည့်ထလည်း သိပ် မရှိဘူး။

Akbar ဆိုတာ မွတ်စလင်တွေ အမှည့်များတဲ့ နာမည်ဖြစ်ပြီး "great" "Big" "Large" ဆိုတဲ့ အဓိပ္ပါယ်ရှိတယ်။
ဒါဆို Zeb က ဘာအဓိပ္ပါယ်ရှိသလဲဆိုတာ စဉ်းစားလို့ရပါပြီ။ မရသေးရင် ဒါလေးတွေ ဖတ်ကြည့်ပါ။
"His Excellency the Big D..." တဲ့။
"You cannot just pronounce that name. It's too awkward.
How would he be announced at events? How would he be written about?"
"The media wouldn't dare to publish a name like this So every time he would be in the media they would have to face the name issue, and it would make it difficult to work with him."

ခွေးတစ်ကောင်ရဲ့ God ထံပေးစာ

ကျနော်က ခွေးတစ်ကောင်ပါ။ မရှင်းမလင်းတာလေးတွေ မေးချင်လို့ ခွင့်ပြုပါ။ ဒီမိုကရက်တစ်ကျကျ ဖြေဆိုပေးလိမ့်မယ်လို့ ယုံကြည်ပါတယ်။

၁။ မကြည့်ချင် မမြင်ချင်လို့ မျက်စိမှိတ်ပြီး လူရဲ့ ခြေသလုံးကိုဆွဲလိုက်မိတာ ဟာ ခွေးအခွင့်အရေး ချိုးဖောက်ရာ ရောက်ပါသလား။

၂။ ဘာရယ်မဟုတ် မည်းမည်းမြင်ရာ ဟောင်လိုက်မိတာကို နောက် က ခွေးတွေကလည်း (ဘာရယ်မဟုတ်) တအုံကြီးလိုက်ဟောင်ကြတယ်။ ဒါဆို သူတို့က ကျနော့်ကို "Like" လုပ်တာလား "Share" လုပ်တာလား။

၃။ အဲသလို ဖြစ်လာရင် ကျနော်ဟာ စည်းရုံးရေးကောင်းသူ ဖြစ်ပါပြီလား။ နိုင် ငံရေး လုပ်လို့ရပြီလား။

၎။ နိုင်ငံရေးပါတီတွေထဲမှာ ခွေးသားမစားတဲ့ ပါတီမရှိသေးပါ။ ခွေးသား မ စားတဲ့ ပါတီကိုပဲ မဲပေးလိုခြင်းဟာ အမြင်ကျဉ်းမြောင်းခြင်း ဟုတ်ပါသလား။ ဒါမှမဟုတ် ဒီမိုကရေစီကို နားမလည်ခြင်းလား။

၎။ ကျနော်နဲ့ ဟိုဘက်အိမ်က ခွေးမလေး (ကိုးကွယ်မှု မတူပါ) ရပြီး ခွေးလေး ငါးကောင်မွေးလာပါတယ်။ သူတို့ဟာ ဗုဒ္ဓဘာသာဖြစ်သင့်သလား၊ မွတ်စ လင်ဖြစ်သင့်သလား၊ ခရစ္စယန်ဖြစ်သင့်သလား။ မျက်နှာမလိုက်ကြေးနော် ဖျာ့။

၅။ ကောင်းကင်ဘုံမှာဆိုရင် ကျနော်တို့နေရာဟာ ဆိုဖာလား၊ တံခါးပေါက် လား၊ အမှိုက်ပုံလား။

၆။ ကောင်းကင်ဘုံရောက်ဖို့ တွေ့တဲ့လူတိုင်းကို "အဘ" ခေါ်စရာ လိုသလား။

၇။ "ခွေးတောင် ကြွေးတဲ့လက်ကို မကိုက်ဘူး" ဆိုတဲ့ စကားပုံဟာ ကျနော် တို့ကို နှိမ့်ချဆက်ဆံရာ (ဒစ်စ်ခရိုင်မီနေးရှင်း) မရောက်ဘူးလား။

၈။ ကျနော်တို့ ကစားနေကျ၊ အီးအီးပါနေကျ အဆောက်အဦကြီးဟာ အ ခု ဟော်တယ်ဖြစ်တော့မယ်လို့ ကြားရပါတယ်။ ဒါကိုပဲ ပြုပြင်ပြောင်းလဲခြင်း (Reform) လို့ ခေါ်ပါသလား။


၉။ ဟော်တယ်ဖြစ်သွားရင် ကစားလို့၊ အီးအီးပါလို့ မရတော့ပါ။ ဒီ အတွက် ကျနော်တို့က နစ်နာကြေးတောင်းဆိုရင် ရနိုင်ပါသလား။ တည်ဆဲ၊ တည် ဖို့ကြိုးစားဆဲ ဥပဒေတွေနဲ့ ညီညွတ်ပါသလား။

၁၀။ မျက်စိနောက်လောက်အောင် ဝတ်စားထားတဲ့လူတွေကို ဟောင် မိတဲ့ အတွက် တောင်ပန်စကားပြောဖို့ (အပေါ်လောဂျိုက်ဇ်) လိုအပ်ပါသလား။ ဒါမှမဟုတ် ဒါဟာ ကိုယ်ပိုင် လွတ်လပ်ခွင့်လား။

ကျေးဇူးပြုပြီး ဒီမိုကရက်တစ်ကျကျ ဖြေဆိုပေးပါ။ ဒါဟာ လူတွေလို ကွန်ပ လိန်းတက်နေခြင်း၊ အခွင့်အရေးတွေ တောင်းဆိုနေခြင်းမဟုတ်ဘဲ အင်တယ် လက်ကျူယယ်မေးခွန်းသက်သက်တွေမို့ ဖြေဆိုပေးမယ်လို့လည်း ယုံကြည် ထားပါတယ်။

(ဝေါင်း ဝေါင်း ဝေါင်း)
လေးစားစွာဖြင့်
ခရစ္စတိုဖာ စတီဗင် အောင်နက်
မြန်မာပြည်

အီးမေးထဲက အီကို

လီကွမ်းယုက စာမျက်နှာ ၄၀၀ ကျော် နောက် တစ်အုပ် ထွက်ဦးမယ်ဆိုပဲ။
စင်္ကာပူကတော့ ဘယ်လောက် တိုးတက်တိုးတက် နေပြည်တော် တောင်ေ ရွှ့ မြောက်ရွှေ့ ရွှေ့ရလောက်အောင် မြေ မချမ်းသာပါဘူး။
စိတ်ဝင်စားသူတွေ ဖတ်ရအောင် ဒီမှာ.... အီးမေးထဲက အီကို။
(ကမ်းလက်)

အနာဂတ်မြန်မာနိုင်ငံအတွက်အရေးပေါ်စဉ်းစားစရာများ(၁)
ဘုန်းလှိုင်(FWUBC)

အခု(၂၀၁၃)ကနေစပြီးလာမဲ့အနှစ်၂၀နဲ့ ၃၀အတွင်းမှာမြန်မာနိုင်ငံဟာဘယ်လိုနိုင်ငံမျိုးဖြစ်လာမလဲဆိုတာကို စီးပွားရေးကို အဓိကထားပြီးဆွေးနွေး သွားပါ မယ်။

Short Term(ရေတို)

မြန်မာနိုင်ငံမှာ အလည်အလတ်နဲ့  ရေရှည်စီးပွားရေးလုပ်ငန်းတွေ အကောင် အထည်ဖော်ဖို့  အခု လက်ရှိလိုတာတွေကိုပြောရရင်-လျှပ်စစ်ဓါတ်အား၊လမ်း ပန်း ဆက်သွယ်ရေး ၊ အရည်အသွေးရှိတဲ့လုပ်သား အင်အားတွေ လိုအပ်ပါ တယ်။ မြန်မာနိုင်ငံမှာ လူငယ်တွေအများကြီးရှိပါတယ် ဒါပေမဲ့ သုံးလို့ မရတဲ့ ပညာရေး စနစ်ကို မဆလခေတ်ကစပြီး အကောင်အထည်ဖော်ခဲ့ လို့ အရည် အသွေးရှိတဲ့အလုပ်သမားတွေဖြစ်ဖို့ အများကြီးသင်ကြားပေးရပါဦးမယ်။ ပြီးတော့ လျှပ်စစ်ဓါတ်ပုံမှန်ရဖို့ နဲ့  လမ်းပန်းဆက်သွယ်ရေးကောင်းဖို့ အတွက် လဲ အခုအချိန်က မှ စပြီးလုပ်ရမှာဖြစ်လို့ အချိန် အများကြီးယူရပါမယ်။ အဲ့ဒီ လုပ် ငန်းတွေအတွက်ငွေလိုပါတယ် အဲ့ဒါတွေလုပ်ဖို့  အခုမြန်မာနိုင်ငံရဲ့ အများဆုံး ဝင်ငွေရနေတဲ့ သဘာဝါဓါတ်ငွေ့ ရောင်းရတဲ့ငွေတွေ ကို ပြန်လည် ရင်နှီးမြုတ် နှံရမှာဖြစ်ပါတယ်။ အဲ့ဒီကနေပြီးတော့အလုပ်အကိုင်အခွင့်အလမ်းတွေအများ ကြီးပေါ် လာမှာဖြစ်ပါတယ်။

ပြီးတော့မြန်မာနိုင်ငံရဲ့လူဦးရေ ၇၀ ရာခိုင်နှုန်းဟာ လယ်ယာ လုပ်ငန်းမှာ လုပ်ကိုင်နေတာဖြစ်ပါတယ် မြန်မာပြည်မှာ လယ်ယာလုပ်နိုင် တဲ့မြေ လွတ် မြေရိုင်းတွေအများကြီးရှိပါတယ်။ အဲ့ဒါတွေရယ် လက်ရှိလုပ်ကိုင်နေတဲ့ လယ်သမားတွေကို ပြည်ပရင်းနှီင်္းမြှုတ်နှံမှု ငွေကြေး အကူအညီတွေ နဲ့ ထွက် နှုန်းတိုး အောင်လုပ်ပေးပြီးအလုပ်အကိုင်တွေအလျှင်အမြန်နဲ့ ဖော်ထုတ်ပေး
နိုင်မှာဖြစ်ပါတယ်။ အဲ့ဒီနေရာမှာ ပိုပြီး အားပေးချင်တာက Organic Farming -ဓါတုပစ္စည်းမသုံးဘဲနဲ့ သဘာဝအတိုင်းစိုက်ပျိုးထုတ်လုပ်တဲ့ လယ် ယာထွက် ကုန်တွေဟာ ဖွံ့ ဖြိုးတိုးတက်တဲ့နိုင်ငံတွေမှာအရမ်းရေပန်းစားနေပါတယ်။ဈေး ကြီးပေးဝယ်သုံးနေ ကြပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ဓါတုပစ္စည်းသုံး စိုက် ပျိုးရေးထွက်ကုန်တွေကို စားသုံးရင် လူတွေအတွက် ရေရှည်ကျန်းမာရေး ထိခိုက်လာနေတာကို အခုအခါသိရှိလာကြလို့ ဖြစ်ပါတယ်။
ဒါကြောင့် Organic Farming ကို မြန်မာနိုင်ငံမှာကျယ်ကျယ်ပြန့် ပြန့် လုပ်ပြီး ကမ္ဘာကိုတင်ပို့ မယ်ဆိုရင် ဈေးကွက်တွေအများ ကြီး ရမှာသေချာပါတယ်။
ပြီးတော့ Tourism-ခရီးသွားလုပ်ငန်းဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်းရဲ့ အဆိုး ဆုံးရလာဒ်ကိုပြရရင် အိမ်နီးချင်း ထိုင်းနိုင်ငံဟာနာမည်ကြီးပါတယ်။ ကာမဖြော်ဖြေမှုကို အဓိကထားတဲ့ လုပ်ငန်းဖြစ်နေလို့ ပါ ။ မြန်မာနိုင်ငံက ကျွန်တော်တို့ ရဲ့ အမတွေညီမတွေ တူမတွေကို အဲ့ဒီလိုလုပ်ငန်းထဲမှာ ဘယ် သူမှ အရောက်မခံစေချင်ကြဘူး လို့ ထင်ပါတယ်။ လုပ်နိုင်တာအများကြီး ရှိ ပါသေးတယ် ။
မြန်မာနိုင်ငံမှာ ပုဂံလို ကမ္ဘာက စိတ်ဝင်စားတဲ့ နေရာ တွေ ပြီးတော့ စက်မှု လုပ်ငန်းတွေမရှိသေးလို့  အလွန်လှပတဲ့တောတောင်သဘာဝအလှအပတွေ အများကြီး ရှိပါသေးတယ်။ အဲ့ဒီနေရာတွေကို စက်မှုလုပ်ငန်းတွေအတွက် အသုံးမချဘဲ Ecotourism လို့ ခေါ်တဲ့ သဘာဝ ပတ်ဝန်းကျင် ခရီးသွား လုပ်ငန်းကို လုပ်ကိုင်မယ်ဆိုရင် မြန်မာပြည်အတွက်ရေရှည်အကျိုးရှိမှာဖြစ်ပါ
တယ် သဘာဝပတ်ဝန်းကျင်ကိုလဲထိန်းသိမ်းပြီးသားဖြစ် ဝင်ငွေလဲ ရတဲ့လုပ်ငန်းဖြစ်ပါတယ်။
ဥပမာ -ထားဝယ် စက်မှုဇုံလိုနေရာမျိုးဆိုရင် အဲ့ဒီပတ်ဝန်းကျင်မှာ မြိတ် ကျွန်း စုက ကျွန်းတွေ ရာပေါင်းများစွာရှိပါတယ်။ အဲ့ဒါတွေကို Ecotourism လုပ်ငန်းမှာအသုံးချမယ်ဆိုရင် ဝင်ငွေအများကြီးရမှာဖြစ်ပါတယ်။ ဒါကြောင့် ထားဝယ် စီးပွားရေးဇုံ ကိုတကယ်မဆောက်ခင် ပြန်လည်စဉ်းစားစေ ချင်ပါ် တယ်။ ထိုင်နိုင်ငံဆိုရင် လဲ ကာမ ခရီးသွားလုပ်ငန်းနဲ့ နာမည်ဆိုးရခဲ့လို့  ထိုင်းအမျိုးသမီးတွေဘယ်လောက်မျက်နှာငယ်ရသလဲဆိုတာ အားလုံး အသိဘဲဖြစ်ပါတယ်။ဒါကြောင့်ခရီးသွားလုပ်ငန်းကို အခုခါ Medical Tourism ဖက်ကို အဆင့်မြှင့်ပြောင်းလဲ လာတာကိုတွေ့ ရပါတယ်။


Middle Term(အလယ်အလတ်ကာလ)
အရှေ့တောင်အာရှနိုင်ငံများကတော့အရှေ့အာရှနိုင်ငံများလို့စက်မှုအင်အားကြီးနိုင်ငံများအဖြစ်ကို မရောက်လာခဲ့ပေမဲ့ ဂျပန်နိုင်ငံလိုစက်မှုအင်အားကြီး နိုင် ငံကြီးတွေက ပြည်တွင်းမှာ ထုတ်လုပ်ရင် ငွေတန်ဖိုးမြင့်လာမှုနဲ့ အလုပ်သမား လခနဲ့ အထွေထွေ ကုန်ထုတ်လုပ်မှုစရိတ်တွေမြင့်မားလာလို ကုန်ထုတ်လုပ်မှု
စရိတ်နဲတဲ့နိုင်ငံ တွေကို စက်ရုံတွေရွှေ့ လို့ အလုပ်အကိုင်တွေပေါ်လာတာဖြစ် ပါတယ်။ ဥပမာအားဖြင့်မြန်မာနိုင်ငံမှာစတင် လုပ်နေတဲ့ သီလဝါနဲ့  ထားဝယ် စက်မှုဇုန်မျိုးတွေပေါ့ ။

သတိထားစရာအချက်များ
အဲ့ဒီနေရာမှာသတိထားဖို့ လိုတာက စီးပွားရေးအင်အားကြီးနိုင်ငံကြီးတွေဟာ တချို့ စက်မှုလုပ်ငန်းတွေ (ဥပမာ-ရေနံဓါတုစက်ရုံတွေ) ဟာ အရမ်း အန္တ ရာယ် များတာကြောင့် နိုင်ငံခြားတိုင်းပြည်တွေမှာ သွားပြီး ထူထောင်ကြ ပါတယ်။ တာကြောင့် အခုမြန်မာနိုင်ငံမှာစလုပ်နေတဲ့ သီလဝါနဲ့  ထားဝယ် စက်မှုဇုန်တွေမှာ ဘယ်လိုစက်ရုံတွေတည်ဆောက်မှာလဲ တည်ဆောက်ရင် သဘာဝပတ်ဝန်းကျင်ကိုမထိခိုက်အောင် ဘယ်လို ဥပဒေ နဲ့ စည်းကမ်းတွေ ကို ပြဌားန်းမလဲ အဲ့ဒီလိုပြဌာန်းတဲ့နေရာမှာ ထိရောက်ဖို့ (Binding) ဖြစ်ဖို့ လို ပါတယ်။

အဲ့ဒီလိုလုပ်တဲ့နေရာမှာ လုပ်ချင်အောင်(Incentive) အခွင့်အရေး-ဥပမာ အချိန်အတိုင်းအတာတစ်ခုအထိ အခွန်ကင်းလွတ်ခွင့်ပေးတာတို့ ၊ ဥပဒေ ချိုးဖောက်ရင် ထိရောက်တဲ့အရေးယူမှုတွေ ခံရမယ်ဆိုတာကိုတိတိ ကျကျြ ပဌာန်းပြီး အရေးယူအပြစ်ပေးဖို့ လုပ်ထားရပါမယ်။
ဥပမာအားဖြင့် ထိုင်းနိုင်ငံမှာရှိတဲ့ အကြီးဆုံး စက်မှုဇုံမှာ ပြည်ပ ရင်းနှီးမြုတ်နှံ မှု တစ်ခုထဲကိုစဉ်းစားပြီး ရင်းနှီးမြုတ်နှံမှုဥပဒေတွေကိုရော့ရော့ရဲရဲလုပ်ခဲ့လို့ 
အဲ့ဒီစက်မှုဇုံပတ်ဝန်းကျင်မှာနေထိုင်တဲ့ ဒေသခံလူထုကြီးထဲမှာ ပုံမှန်မဟုတ် တဲ့ ရောဂါမျိုးစုံဖြစ်ပြီး လူတွေအများကြီးသေနေပါတယ်။ ပြီးတော့ ပတ်ဝန်း ကျင် ညစ်ညမ်းမှုတွေအများကြီးဖြစ်နေပါတယ်။ အခုအခါ အစိုးရကို ဝိုင်းဝန်း အရေးဆိုကြလို့  စည်းမျဉ်းစည်းကမ်းတွေကို ပြန်လည်တင်းကျပ်ခဲ့ရပါတယ်။
နောက်ဆက်တွဲရလာဒ်က အဲ့ဒီလို စက်မှုဇုံမျိုး ထိုင်းနိုင်ငံမှာတည်ဆောက် ဖို့ နိုင်ငံရေးအရ မဖြစ်နိုင်တော့ လို့ အခု မြန်မာနိုင်ငံကိုလာပြီး ထားဝယ် စက်မှုဇုံ တည်ဆောက်ဖို့  ထိုင်းနိုင်ငံကလုပ်ဆောင်နေတာဖြစ်တယ်
လို့ မြင်မိပါတယ်။ ပြီးတော့နိုင်ငံခေါင်းဆောင်တွေဟာပြတ်သားဖို့ လိုပါတယ်။ ဥပမာ -လွန်ခဲ့တဲ့အနှစ် ၂၀လောက်က မလေးရှားနိုင်ငံကို ကျွန်တော် သွားရောက်ခဲ့စဉ်ကာလတုန်းက မလေးရှားမှာ ဝန်ကြီးချုပ် မဟာသီယာ အစိုးရတက်နေပါတယ်။ အရမ်းကို ဂျပန်နိုင်ငံကို မြှောက်ပင့်နေတဲ့ အစိုးရ ပါဘဲ ။

ဒါပေမဲ့အဲ့ဒီအချိန်တုန်းက မှတ်မှတ် ရရ မလေးရှားသတင်းစာထဲမှာ သတင်း ၂ပုဒ် ဖတ်ခဲ့ရပါတယ်။ တစ်ခုက မလေးရှားစီးပွားရေးဝန်ကြီး က နိုင်ငံခြား ရင်းနှီးမြုတ်နှံမှုနဲ့ ပတ်သက်ပြီး ပြောခဲ့တာပါ သူပြောတာက ဂျပန်ကမ္ပဏီတွေ လာရင် အလုပ်တော့ ရတယ် နည်းပညာမရဘူး ။ အမေရိကန်ကမ္ပဏီတွေလာရင် အလုပ်လဲရတယ်။ နည်းပညာလဲရတယ် ဒါကြောင့် အမေရိကန်ကုမ္ပဏီတွေ မလေးရှားမှာ များများလာပြီး ရင်းနှီးမြုတ် နှံစေချင်တယ်လို့ ပြောခဲ့ပါတယ်။
နောက်ထပ်သတင်းတပုဒ်က မလေးရှားမှာဓါတုဗေဒစက်ရုံတစ်ခုကို ဂျပန် ကုမ္ပဏီတစ်ခုက လာဆောက် တာ ဆောက်ခွင့်ပေးလိုက်ပြီးပြီး ဒါပေ မဲ့ စက်ရုံကြောင့်ပတ်ဝန်းကျင်ညစ်ညမ်းမှု ဖြစ်လာမဲ့အန္တရာယ်က စက်ရုံကြောင့်ရမဲ့အကျိုးအမြတ်ထက်ပိုများတယ်ဆိုတာကို ပြည်တွင်း မီဒီယာတွေက ဝိုင်းပြောပြကြ ထောက် ပြ ကြလို့  အဲ့ဒီတုန်းက ဝန်ကြီးချုပ် မဟာသီရာက အဲ့ဒီစက်ရုံဆောက်တာကိုရပ်ခိုင်းခဲ့ပါတယ်။
ဒါပေမဲ့ ဂျပန်နိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ဆက်ဆံရေးဟာ တစ်ခြားနိုင်ငံတွေနဲ့ မတူ ဘဲ မြန်မာလူမျိုးများ ဟာ ဂျပန်လူမျိုးများအပေါ်မှာ အာဃာတမရှိဘဲ မေတ္တာ တရားနဲ့ ဆက်ဆံခဲ့လို့ မြန်မာနိုင်ငံသားများကို ဂျပန်နိုင်ငံက မျက်နှာသာပေး ဆက်ဆံတာကို ကျွန်တော်ကိုယ်တိုင် ဂျပန်နိုင်ငံမှာရှိနေလို့ ကိုယ်တိုင် ခံစားမိ ပါတယ်။ ပြီးတော့ ဂျပန်နိုင်ငံနဲ့ တရုတ်နိုင်ငံရဲ့ နိုင်ငံရေး အဆင်မပြေမှုများေ ကြာင့် တရုတ်နိုင်ငံကို Out Sourcing လုပ်မဲ့လုပ်ငန်းတွေကို တခြား နိုင် ငံတွေကိုပြောင်းလဲလုပ်ကိုင်ဖို့ ဂျပန်နိုင်ငံကလုပ်နေတာလဲအသေအချာဖြစ် လို့  အဲ့ဒီအခွင့်အရေးကို မြန်မာနိုင်ငံအနေနဲ့ အမိအရ ဆုတ်ကိုင်သင့်တယ် လို့ ထင်ပါတယ်။


Long Term(ရေရှည်)

အရှေ့အာရှနိုင်ငံများဖြစ်တဲ့ ဂျပန် တရုတ် တောင်ကိုးရီးယားနိုင်ငံများဟာ စက်မှုလုပ်ငန်းတွေကိုအခြေခံတဲ့ အာရှရဲ့ စီးပွားရေး အင်အားကြီးနိုင်ငံ များဖြစ်ကြ ပါတယ်။အဲ့ဒီလိုဖြစ်လာအောင်ဆယ်စုနှစ် များစွာ အချိန်ယူပြီး ဘက်ပေါင်းစုံကကြိုးစားရမှာဖြစ်ပါတယ်။ရေရှည်(Long Term) အတွက် ရည်ရွယ်ပြီးလုပ်သွားရမှာဖြစ်ပါတယ်။
တရုတ်ပြည်မှာ စီးပွားရေး လုပ်ငန်းတွေတံခါးဖွင့်တုန်းကတော့ တန်ဖိုးနဲကုန် ပစ္စည်းတွေကိုထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ပြီးတော့အစိုးရကအခွန်ကောက် လို့ ရတဲ့ ငွေတွေနဲ့ ပညာရေးကိုမြှင့်တင်တယ် ပြီးတော့ အစိုးရနဲ့ နိုင်ငံခြား ကုမ္ပဏီတွေကြားထဲမှာ Joint Ventureတွေ နဲ့  အစိုးရပိုင် ကမ္ပဏီတွေေ ထာင်ပါ တယ်။ အဲ့ဒီလိုလုပ်ပြီးနည်းပညာကို ရအောင်ယူပြီး ထုတ်ကုန်တွေကို ကိုယ်တိုင်ထုတ်လုပ်နိုင်အောင်လုပ်တယ် နောက်ဆုံးမှာ တရုတ်ပညာရှင်တွေ ရဲ့ ကိုယ်ပိုင်နည်းပညာနဲ့  ပြည်ပနည်းပညာပေါင်းပြီး ကမ္ဘာ့ အဆင့်မှီ ကုမ္ပဏီေ တွပေါ်လာတာကိုတွေ့ ရပါတယ်။

တစ်ခုတော့ရှိပါတယ် တရုတ်ပြည်ရဲ့လူဦးရေကအရမ်းများတော့ အဲ့ ဒီဈေး ကွက်ကို လိုချင်တဲ့အတွက် တရုတ်အစိုးရက အပေါ်စီးကရနေတာဖြစ် ပါတယ်။ တစ်ခု ဒီနေရာမှာသတိပေးချင်တာက အစိုးရပိုင် စီးပွားရေး လုပ် ငန်းကြီးတွေတရုတ်ပြည်မှာအများကြီးရှိပါတယ်။အဲ့ဒီလုပ်ငန်းတွေကြောင့်
ဘဲပြဿနာ ပေါင်းစုံ တရုတ်နိုင်ငံမှာပေါ်နေပါပြီ၊ အနည်းကပ်ဆုံးပြဿနာကိုပြရရင် နို့ မှုန့် ပြဿနာဘဲဖြစ်ပါတယ်။ ဒါဆိုရင် လူတိုင်းသိပါတယ်။ အစိုးရက စီးပွားရေးတိုးတက်မှု ဘယ်လောက်ရှိရမယ် ဆိုပြီးအထက်ကအမိန့် ပေးလို့  အောက်ကပြည်နယ်တွေမှာ ဆောက်လုပ်ရေး ပရော့ဂျက်တွေအကောင်အထည်ဖော်တာ အခုအခါမှာ ဝယ်မဲ့သူ မရှိလို့ မရောင်းရလို့ လူမနေတဲ့မြို့ တွေအများကြီးပေါ်ပေါက်နေပါပြီ။အဲ့ဒီကနေတဆင့်ဘဲ မကြာခင် ကာလအတွင်းမှုာ တရုတ်ပြည်ရဲ့ စီးပွားရေး ပူစီပေါင်း ကြီးပေါက်တော့မယ်လို့ ကျွမ်းကျင်သူ ပညာရှင်တွေက ခန့် မှန်းပြီး အဲ့ဒီ ကနေတဆင့် ကွင်းဆက်အနေနဲ့  ကမ္ဘာ့စီးပွားရေးပြသနာကြီး ပေါ်ပေါက် လာမှာကို စိုးရိမ်နေကြ ပါတယ်။
ပိုက်ဆံတတ်နိုင်တဲ့ တရုတ်နိုင် ငံသားတွေဆိုရင် တရုတ်ကမ္ပဏီတွေက ထုတ်တဲ့အစားအသောက် တွကိုမယုံလို့ မစားတော့ဘဲ အနီးဆုံး နိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံထုတ်အစားအသောက်တွေကို ဝယ်ယူ စားသောက်နေတာေ တွ့ ရပါတယ်။ အဲ့ဒီ နေရာ မှာ သတိထားဖို့ အချက်က ဘယ်လို အခက် အခဲတွေဘဲတွေ့ ရတွေ့ ရ ဂျပန်နိုင်ငံဟာ Made in Japan ဆိုတဲ့ Brand Image ကို သေသေချာချာထိန်းသိမ်းထားတာကို အတု ယူသင့်ပါတယ်။ Made in Myanmar ဆိုရင် စိတ်ချရတယ် ယုံကြည်ရတယ် ဆိုတဲ့ Brand Image ကိုတည်ဆောက်သွားကြရအောင် ။ အားလုံးဝိုင်းလုပ် မှရမှနော်။

ပြည်တွင်းမှာ အဖက်ဖက်ကချွတ်ချုံကျနေတဲ့ မြန်မာနိုင်ငံအနေနဲ့ ကတော့ အဲ့ဒီလိုအခွင့်အရေးမျိုးရဖို့ အလွန်ခက်ခဲပါလိမ့်မယ်။ တစ်ခုရှိတာက အမေရိ ကန်ပြည်ထောင်စုနဲ့ နိုင်ငံရေးအရ နီးနီးကပ်ကပ်ပူးပေါင်းပြီး မဟာမိတ် အဆင့်ကိုရောက်အောင်လုပ်နိုင်မယ်ဆိုရင်တော့ အမေရိကန်နိုင်ငံ ဆီက ငွေရော နည်းပညာ ပါရဖို့ အလားအလာအများကြီးရှိပါတယ်။
ဥပမာ ထိုင်ဝမ် နဲ့  တောင်ကိုရီးယားနိုင်ငံတွေဟာ အဲ့ဒီနည်းနဲ့ စီးပွားရေး တိုး တက်လာတာဖြစ်ပါတယ်။အဲ့ဒီလမ်းကိုလျှောက်မယ်ဆိုရင် အရမ်းကို သတိ ထားရမှာဖြစ်ပါ တယ်။ ဘာဖြစ်လို့ လဲဆိုတော့ တရုတ်နိုင်ငံအနေနဲ့  သူ့ ကို အမေရိကန်ရဲ့မဟာမိတ်တွေက ဝိုင်းရံပိတ်ဆို့  ထား တာ အခုထွက်ပေါက် က မြန်မာပြည်တစ်ခုဘဲကျန်တော့လို့  သူတို့ အနေနဲ့ လက်ခံလာအောင်
နားလည်လာ အောင် ရှင်းပြနိုင်ဖို့ လိုပါလိမ့်မယ်။ မြန်မာနိုင်ငံ အတွင်းပြောင်း လဲ မှုတွေဟာတရုတ်နိုင်ငံရဲ့လုံခြုံရေးကိုမထိခိုက်ပါဘူးဆိုတာ သူတို့ လက်ခံ တဲ့အထိရှင်းပြနိုင်ဖို့ လိုပါတယ်။
တချိန်ထဲမှာမြန်မာပြည်ဟာ လွတ်လပ်ပြီးအချုပ်အခြာအာဏာပိုင်တဲ့နိုင်ငံ တစ်ခုဆိုတာကိုလည်း သူတို့ ကိုသတိပေးရ ပါလိမ့်မယ် ဘာဖြစ်လို့ လဲ ဆိုတော့ တရုတ် နိုင်ငံဟာ သူတို့ ရဲ့ နိုင်ငံတိုးတက်မှုမှာ တော်တော်ကြီးကို ဂုဏ်ယူ ပြီး တခြားနိုင်ငံတွေကိုအထင်သေးလာတဲ့အနေအထားမှာရှိပါတယ်။ တချိန်ထဲမှာမြန်မာနိုင်ငံအနေနဲ့ တရုတ် နိုင်ငံ နဲ့ ချစ်ကြည်ရင်းနှီးမှုကို ထိန်း သိမ်း ထားရမှာဖြစ်ပါတယ်။တရုတ်နိုင်ငံက မြန်မာပြည်ကို အနိုင်ကျင့် လို့ မ ရ အောင် အမေရိကန်ပြည်ထောင်စုနဲ့  နီးနီးကပ်ကပ်နေသင့်တယ်လို့ ထင် ပါတယ်။ အဲ့ဒီပေါ်လစီက (Back fire) ကိုယ့်ကို ပြန်ထိတာမျိုးမဖြစ်အောင်လဲ နိုင်ငံရေးပရိရာယ်ကြွယ်ဝဖို့ လိုပါလိမ့်မယ်။

ဥပမာ- တချိန်တုန်းက ဖဆပလ အစိုးရလက်ထက်မှာ တရုတ်ခေါင်းေ ဆာင် မော်စီတုံးမသေခင်က ဒုတိယဝန်ကြီးချုပ် (စီးပွားရေး) ဦးကျော်ငြိမ်းခေါင်းဆောင်တဲ့ ချစ်ကြည်ရေးနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မစ်ရှင် ဆိုပြီးတော့ ၃ လ ခရီးထွက်ခဲ့တာ ဆိုဗီယက်ပြည်ထောင်စုမှာ ၁ လ အရှေ့ဥပရောပမှာ ၁ လ နဲ့ တရုတ်ပြည် မှာ ၁ လ ကြာခဲ့ပါတယ်။ အဲ့ဒီ အဖွဲ့ ထဲမှာကျွန်တော့်အဖေလဲ အဖွဲ့ ဝင်တယောက်အနေနဲ့ ပါဝင်ခဲ့ပါတယ်။
မော်စီတုံးက အဲ့ဒီတုန်းက မြန်မာခေါင်းဆောင်တွေကို ပြောလိုက်တာက မင်းတို့ ဟာဘက်မလိုက်လုပ် နေတော့ ဘယ်သူ့ ဆီကမှ အကူအညီ ရမှာ မဟုတ်ဘူး တာကြောင့် ကိုယ့်နိုင်ငံကို ကိုယ်တိုးတက်ချင်တယ် ဆိုရင် နိုင်ငံခြား အကူအညီယူပါ။ အခု ကမ္ဘာမှာ ဆိုဗီယက် အုပ်စု ရယ် ငါတို့ (တရုတ် အုပ်စု) ရယ် အမေရိကန် အုပ်စုရယ် ၃ စုရှိတယ် ။ အုပ်စုတစ်စုဆီဆီကနေစီးပွားရေးအကူအညီယူပါ မယူရင် မင်းတို့ ငတ်နေမှာ ဘဲလို့ ပွင့်ပွင့်လင်းလင်းပြောခဲ့ပါတယ်။ နောက်တစ်ချက်လဲသတိပေးလိုက်ပါတယ်။ ငါတို့ (တရုတ်) ရဲ့ထွက်ပေါက်က မင်းတို့ တစ်နိုင်ငံဘဲ ရှိတော့ တယ် ဒါကြောင့် မင်းတို့ နိုင်ငံမှာ နိုင်ငံခြားစစ်တပ်တစ်ခု(အမေရိကန်ကို အဓိက ဆိုလိုတယ်လို့ ထင်ပါတယ်) ဝင်လာတာ(အခြေစိုက်စခန်းလာဖွင့်တာ)ကို လက်ခံရင်တော့ ဒီနေ့ ဝင်လာတာနဲ့ ငါတို့ က ဒီနေ့ ဝင်တိုက် မှာလို့ ပြောခဲ့ ပါတယ်။ ဦးကျော်ငြိမ်းခေါင်းဆောင်တဲ့ အဖွဲ့ မြန်မာပြည်ကို ပြန်ရောက်ပြီး -ဦးကျော်ငြိမ်းဦးဆောင်တဲ့အဖွဲ့ ဝင်တွေဝိုင်းဝန်းစဉ်းစားဆုံးဖြတ်တာက ရိုးရိုးလေးပါဘဲ ။
ငါတို့ အခု ကွန်မြူနစ်နိုင်ငံတွေကို ၃ လ လေ့လာခဲ့ပြီးတွေ့ ခဲ့တာက ကွန်မြူနစ် နိုင်ငံတွေအကုန်လုံးမွဲနေတယ်။ အဲ့ဒီတော့ သူတောင်းစားစီမှာ တပည့်ခံရင် သူတောင်းစားဘဲဖြစ်မယ်။ သူဌေးဆီမှာတပည့်ခံရင် သူဌေးဖြစ် မယ်။ ဒီတော့တပည့်ခံချင်းခံ သူဌေးဆီမှာဘဲတပည့်ခံမယ်ဆိုပြီး အမေရိကန် နဲ့ ပူးပေါင်းဖို့ ဆုံးဖြတ် ခဲ့ကြတယ်။ ကံဆိုးချင်တော့ ဖဆပလခေါင်းဆောင်ေ တွ ကွဲကြပြီး ဦးနေဝင်းခေါင်းဆောင်ပြီးစစ်တပ်က အာဏာသိမ်းခဲ့လို့ အဲ့ဒီ ဆုံးဖြတ်ချက် အကောင်အထည်ပေါ်မလာခဲ့ပါဘူး ။ နောက်ပိုင်း ဘာတွေဖြစ် ခဲ့သလဲ ဆိုတာကတော့ အားလုံးအသိဘဲဖြစ်ပါတယ်။အဲ့ဒီကာလက စစ်အေး တိုက်ပွဲကာလဖြစ်ပါတယ်။ အခု အများကြီး အပြောင်းအလဲတွေဖြစ်နေပြီ ဆိုတာ ကို မမေ့ သင့်ပါဘူး။


IT-Information Technology ခေတ်

အခုကမ္ဘာကြီးဟာ IT ခေတ် နည်းပညာခေတ်ဖြစ်ပါတယ်။ အဲ့ဒီ အိုင်တီခေတ် ကို အသုံးချနိုင်မယ်ဆိုရင်ရေရှည်မှာ စီးပွားရေးလဲ တိုးတက်ပြီး မြန်မာ နိုင်ငံ ရဲ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေ သဘာဝ သယံဇာတ နဲ့  ပတ်ဝန်းကျင်တွေ ကိုလဲ ထိန်းသိမ်းနိုင်မှာဖြစ်လို့  အိုင်တီ နည်းပညာတိုးတက်အောင် အိုင်တီ ပညာရှင်တွေ အများကြီးပေါ်ပေါက်အောင်လုပ်စေချင်တာက ကျွန်တော့်ရဲ့ ကိုယ်ပိုင်အမြင် Personal favorite စီးပွားရေး လုပ်ငန်းဖြစ်ပါတယ်။ အခုလောလောဆယ်ဆိုရင် တောင်ကိုးရီးယားနိုင်ငံရဲ့ အိုင်တီနည်းပညာကို အကျိုးရှိရှိ အသုံးချနိုင်မှုကြောင့် တချိန်က ကမ္ဘာ့ Electronic Market အီလက်ထရောနစ်ဈေးကွက်ကို လက်ဝါးကြီး အုပ်ထားနိုင်ခဲ့တဲ့ ဂျပန် ကမ္ပဏီ ကြီးတွေဟာ အခုအခါမှာ ဈေးကွက်ပြန်ရဖို့ အကြီးအကျယ်ရုန်းကန်နေရတဲ့ အနေအထားကိုရောက်နေတာတွေ့ ရပါတယ်။


နိ ဂုံး

ပြောစရာတွေ ရေးစရာတွေအများကြီးရှိပါသေးတယ် ။ အခုစာက အရေးပေါ် လက်ပူတိုက်ပြီး မြန်မာနိုင်ငံ ကလက်ရှိခေါင်းဆောင်တွေ စဉ်းစားလို့ ရအော င်ရေး လိုက်တာဖြစ်ပါတယ်။
ပြည်ပကအရင်းအနှီးတွေဝင်ရောက်လာဖို့ အတွက် က နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံရေးတည်ငြိမ်မှုရှိရမယ် တရားဥပဒေစိုးမိုးမှုရှိရမယ်၊ အဂတိလိုက်စားမှုတွေနဲရမယ်(ဘာလို့ လဲဆိုတော့အဂတိလိုက်စားမှု မရှိတဲ့ နိုင်ငံကမ္ဘာပေါ်မှာတစ်နိုင်ငံမှမရှိလို့ ပါ)။

အဲ့ဒါတွေမြန်မာနိုင်ငံမှာ တစ်ခုမှမရှိသေးပါဘူး ။ ဒါတွေကို အရင် ပြည့်စုံေ အာင် မလုပ်ဘဲနဲ့  ရေရှည် ရင်းနှီးမြုတ်နှံမှုတွေ ဝင်လာမှာ မဟုတ်ပါဘူး။ တစ်ခုတော့ရှိပါတယ် မြန်မာနိုင်ငံ ကသယံဇာတအရင်းအမြစ်တွေ ထုတ်တဲလုပ်ငန်းကိုတော့ဝင်နေခဲ့ကြ ဝင်နေကြဆဲ ဝင်လာဦးမှာဖြစ်ပါတယ်။
အဲ့ဒီသယံဇာတတွေကို ကုန်ကြမ်းအနေနဲ့ မရောင်းဘဲ Value Added လို့ ခေါ်တဲ့ ကုန်ချောအနေနဲ့ ရောင်း ချမယ်ဆိုရင် ရလာမဲ့ အကျိုးအမြတ်က အခုရနေတဲ့အကျိုးအမြတ်ထက် အဆပေါင်းများစွာ ပိုလွန်မှာ ဖြစ်ပါတယ်။
ပြီးတော့ကိုယ့်ရဲ့ရှေ့မှာရောက်နေတဲ့နိုင်ငံတွေမှာဖြစ်ပေါ်နေတဲ့ နိုင်ငံရေး စီးပွားရေးပေါ်လစီတွေရဲ့အဖြေကောင်းကျိုး ဆိုးကျိုးတွေကို လေ့လာပြီး သင်ခန်း စာယူပြီး မလိုတာပယ်ပြီး လိုတာကိုယူသုံးရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံ နိုင်ငံရေး စီးပွားရေး လူမှုရေးလမ်းကြောင်းမှန်ပေါ်ကို ရောက်လာအောင် ကျွန်တော်တို့ အားလုံး ဝိုင်းဝန်းကြိုးစားသွားကြရအောင်လို့ တိုက်တွန်းချင်ပါတယ်။ဒီစာကိုရေးရတဲ့အတွက် နိုင်ငံတော်အတွက် အုပ်တစ်ချပ်သဲတပွင့်စာအကျိုးပြုနိုင်တယ် ဆိုရင် ရေးရကျိုးနပ်ပါတယ်။ နောက်ဆုံးပြောချင်တာက နိုင်ငံတိုး တက်ဖို့ အ တွက် ဖြတ်လမ်းနည်းမရှိပါဘူးဆိုတာကို လူတိုင်းခေါင်းထဲမှာ ရှိစေချင်ပါ တယ်။ ရေရှည်လုပ်ရမှာ ဖြစ်ပါတယ်။ ဒီလိုစာမျိုးတွေရေးနိုင်အောင် အခြေ အနေ အခွင့်အလမ်းတွေဖန်တီးပေးတဲ့ဂျပန်နိုင်ငံနဲ့ ဂျပန် လူမျိုးများကို ကျေး ဇူး အထူးတင်ပါတယ်။

TOKYO
2013-07-07
ကိုးကား
-World Economic Forum
-Internet News
-Own Ideas

ကြယ်ငါးပွင့်အဆင့်ရှိ အိမ်မွေးတိရစ္ဆာန်များအတွက် ဘာကလေ ဟိုတယ်

ဒီလို ဝန်ဆောင်မှုတွေ ပေးတယ်
Shuttle cars to pick up pets (မြန်မာပြည်မှာ တစ်စီးတည်း ရှိတယ်ဆိုတဲ့ ကားမျိုး)
Cat’s suite
Dog’s suite
Indoor swimming pool (အပျံစားပဲ)
Air Condition, music, soft lights and hair salon (လိုတာ အကုန်ရှိ)

ကမ္ဘာတစ်ခြမ်းက စားစရာမရှိ၊ ကမ္ဘာတစ်ခြမ်းက ဒီလိုတွေ လုပ်နေလို့ဆိုပြီး ပူညံပူညံတွေ ဖြစ်နေကြတယ်။
စိတ်ဝင်စားရင်၊ အိမ်မွေးတိရစ္ဆာန်လည်းရှိ၊ အချိန်လည်းရှိရင် ဖတ်ကြည့် ပါ။ နေရာ လဲချင်စိတ်ပေါက်ရင်တော့ ထိမ်းထားပေါ့။



Welcome to The Barkley Pet Hotel & Day Spa

The Barkley Pet Hotel & Day Spa family of animal care facilities provide resort-style vacations for dogs and cats (birds and exotics vary by location), by combining homelike amenities with recreational activity. Our state-of-the-art properties are custom designed to meet and exceed all kennel industry standards for boarding, grooming, doggie day care and more. Our trained and caring staff members are the best in the business - providing unparalleled customer service, animal expertise and peace-of-mind 24-hours per day, 365 days per year. The end result is always a comfortable, safe and fun-filled experience at an affordable price!

The Barkley Pet Hotel & Day Spa concept was created by Beverly Hills Pet Hotels, Inc., a pet hotel management and development firm. Since the flagship facility opened in Orange Village/Cleveland, Ohio, the award-winning Barkley pet care brand has quickly become one of the most recognized and trusted names in pet hospitality. Our newest Westlake Village / Los Angeles, California location continues to set national standards and is considered a second home to celebrity pets and their celebrity owners alike.

ကျောင်းတွင်းမှတ်စု

လိပ်နဲ့ ယုန်  

ဝါဆိုလဆန်း ၆ ရက်နေ့က သီဟိုဠ်ဆရာတော် ဉာဏသီဟ၏ကျောင်း၊ သမာ ဓိ မက်ဒီတေးရှင်း စင်တာမှ သူတို့ကထိန်ပွဲအတွက် ပင့်လျှောက် လွှာရောက် လာသဖြင့် ပြုံးခဲ့ရသေးသည်။ ဝါပင် မဆိုရသေးပေ။ တိုက်တိုက်ဆိုင်ပင် နောက် နှစ်ရက်ကြာသော် မြန်မာကျောင်း တစ်ကျောင်း ၏ ဝါဆိုသင်္ကန်းဆက်ကပ်ပွဲ ပင့်လျှောက်လွှာ လက်ခံရရှိလိုက်တော့သည်။ စိုင်းထီးဆိုင်ကြီး သီချင်းအလိုက်အတိုင်း ဆိုရတော့မည့် ကိန်းဆိုက်နေသည်။ "တရုတ်ကပဲ သွက်တာလား၊ မြန်မာကပဲ နှေးတာလား"
သို့ဖြစ်စေ ကထိန်ပွဲ ပင့်လျှောက်လွှာက ဝါဆိုသင်္ကန်းဆက်ကပ်ပွဲ ပင့်ေ လျှာက်လွှာထက် ရှေးကျနေခြင်းကဖြင့် ပြုံးချင်စဖွယ်အစစ်ဖြစ်ပေတော့သည်။

ပဒေသာပင်

ကလေးများကို ငယ်စဉ်ကတည်းက စည်းကမ်းရှိအောင် ထိမ်းကြောင်းပေး ရသည် ဆိုသည်ကို မိဘတိုင်း သဘောတူကြမည်ထင်ပါ၏။ သို့သော် ခြားနားချက်ကလေးကိုတော့ ပြောချင်သည်။ ဓမ္မာရုံထဲမှာ ကလေး များအတွက် သကြားလုံး၊ ဘီစကစ်စသည် ထည့်ထားသည့် လင်ပန်းလေး ရှိ သည်။ တနင်္ဂနွေ ဓမ္မသင်တန်းမှာ ကလေးများစွာ လာပါလျက် သကြားလုံး၊ ဘီစကစ်တို့ ကုန်မသွားတတ်ပါ။ အဘယ့်ကြောင့်ဆိုသော် ကလေးအများစု က တစ်လုံး၊ တစ်ခုထက် ပိုမယူကြသောကြောင့် ဖြစ်သည်။ ကလေးက ပိုယူလျှင်လည်း မိဘက
"စားမလောက်ပဲယူ၊ ကျန်တာ ပြန်သွားထား"
ခိုင်းကြသဖြင့် လာလာပြီး ပြန် ထားတတ်ကြသည်။
ဤအကျင့် ကလေးများဆီမှာ စွဲသွားလျင် စင်္ကာပူမှာ ပဒေသာပင်လည်း ကြီး ထွားလာပေဦးမည်။ ရှေးဟောင်း အဆိုအရ လူ့လောဘကြောင့် ပဒေသာပင် ကွယ်ခဲ့သည် မဟုတ်ပါလား။

တိုက်တိုက်ဆိုင်ပင် ထိုနေ့က တစ်ဦးတစ်ဦးလျင် မတရား ရယူထားသည့် အမ်ယာပိုင်ဆိုင်မှု ရာကျော်အောင် ရှိနေသည်၊ အချို့က စာရင်းပြလို့ပင်မရ ဟု ဆိုသည့် မြန်မာပြည်က သတင်းကို အထောက်အထားများနှင့်တကွ ဖတ် လိုက်ရသည်။ ဖြစ်နိုင်လျင် ထိုလူကြီးများကို ဖိတ်ပြီး ဓမ္မသင်တန်းမှ ကလေး တိုကို လေ့လာ ဖို အကြံပြုလိုက်ချင်သည်။
"ကလေးကပဲ လိမ္မာတာလား၊ လူကြီးကပဲ မိုက်တာလား"

မေတ္တာဖြင့်
သီဟနာဒ

အီးမေးထဲက ဘုရင်မ

"စု" သူတွေရော "မစု" သူတွေပါ ဖတ်ရအောင် တင်ပေးလိုက်ပါတယ်။ ခက်တာက ကလောင်ရှင်အမည် မသဲကွဲတာပါ။ အမှာရေးထား တဲ့ မောင်မြတ်ထင် ကိုယ်တိုင်ကပဲ ဒီဆောင်းပါးကို ရေးထားတာဆိုရင်တော့ ကိစ္စပြီးပြီပေါ့။ သူမဟုတ်ဘူးဆိုရင်တော့ မူရင်း စာရေးသူကို ကျနော် တောင်း ပန်ပါတယ်။ အီးမေးထဲမှာ ရှာလို့ မတွေ့မိပါ။
(ကမ်းလက်)


"သရဖူမဆောင်းတဲ့ ဘုရင်မ"

The Economist အယ်ဒီတာ့အာဘော်တစ်ခုမှာ၊ ဒေါ်အောင်ဆန်းစုကြည်ကိုအကြမ်းဖက်မှုများနဲ့ စပ်လျဉ်းရင် အကြမ်းဖက်မှုတွေကို ရပ်ဖို့၊ ရှုံ့ချဖို့ ရှင်းရှင်းလင်းလင်း မပြော တဲ့အတွက်၊ ဖွဖွလေး အပြစ်တင်ထားတာ တွေ့ရတယ်။ အဲသလို အကြမ်း ဖက်မှုတွေကို ရှုံ့ချဖို့နှောင့်နှေးဆိုင်းတွနေတာက ဒေါ်စုလို လူတစ်ယောက် အတွက် အံ့သြစရာကိုး။အကြမ်းမဖက်ခြင်းအပေါ်ရပ်ခံဖို့က နိုင်ငံရေး အရေ ရာ ကိုယ်ကျင့်တရားအရရော မလွဲမသွေ လုပ်ရမှာလို့ ကာလရှည်လျား စွာနေအိမ်အကျယ်ချုပ်ကျနေတုန်းက သူ့အရေးအသားတွေထဲမှာ ပါခဲ့တာ ကိုး။
ဘီဘီစီရဲ့ DesertIsland Discs (ကန္တာရကျွန်း ဓာတ်ပြားများ) အစီအစဉ် အတွက် အင်တာဗျူးနှစ်ခု လုပ်တယ်။ တစ်ခုကအရင်နှစ် နိုဝင်ဘာ၊ နောက်တစ်ခုက ဒီဇင်ဘာမှာ။ သူက သာမန်နိုင် ငံရေးသမားတစ်ယေက်လိုပ အဲသည်ကိစ္စတွေကိုသတိကြီးစွာနဲ့ ဖြေတယ်။ ပထမ အင်တာဗျူးတုန်းက လူ့အခွင့်အရေးကတော့ လူတိုင်းရရှိရမှာပေါ့လို့ ခပ်တိုတိုပဲ ပြောပြီး ရိုဟင်ဂျာတွေရဲ့ မရှင်းသေးတဲ့ နိုင်ငံသား အဆင့်အတန်း ဆီ စကားကိုမြန်မြန် ရွှေ့သွားတယ်။ ပြီးတော့ ကျွန်မ မပြောတာက ကျွန်မပြောလို့ အခြေအနေက ပိုကောင်းလာမယ်လို့မှကျွန်မ မထင်တာ လို့လည်း ပြောတယ်။ “ကန္တာရဓာတ်ပြား” အစီအစဉ်မှာ နှစ်ဖက်လုံးက အကြမ်းဖက်ကြတာပဲတဲ့။သည့်နောက်မှ သူ့ရဲ့ ရပ်တည်ချက်ကို ရှင်းပြတယ်။ “တစ်ဖက်ဖက်မှာ ကျွန်မရပ်ရင် ရန်လိုမုန်းတီးခြင်းကပိုဆိုးမှာမို့ပါ။”

သူ့အဖြေ မှန်ကောင်း မှန်နိုင်ပါတယ်။ အဲသည်မေးခွန်းကိုဆက်လက်စူးစမ်းဖို့ အခွင့်အရေး မရခဲ့ဘူး။ ဒါပေတဲ့ အဲသည်အကြောင်းနဲ့စပ်ပြီး ကျွန်တော်နဲ့ စကားပြောတဲ့ လူတိုင်းလောက်နီးနီး (ဘာကြောင့် အဲသလို ပြောတာလဲ ဆိုတာကို သိနိုင်တဲ့ အခြေအနေရှိတဲ့လူတချို့အပါအဝင်) က၊ ဒေါ်စု သတိ ထားနေတာက နိုင်ငံရေးကြောင့်ပဲလို့ ဆုံးဖြတ်ကြတာ။ အဲဒါကတော့ ကျွန်တော့် (စာရေးသူ) ကို အခံရခက်စေပါတယ်။ ဗမာအများစုကြားမှာ ဒီကိစ္စက မဲရစရာတော့ မရှိဘူး၊မဲဆုံးရှုံးစရာပဲ ရှိလို့တဲ့။ ၂၀၁၅ ပါလီမန်ေ ရွးကောက်ပွဲမှာ ရနိုင်သလောက် ဗမာမဲအားလုံးလိုတာကိုးတဲ့။ လူနည်းစု တိုင်းရင်းသားတွေနဲ့ ပြီးတော့ စစ်တပ်ရဲ့ တစိတ်တပိုင်းနဲ့ မဟာမိတ်ဖွဲ့ ဖို့ အပြင်ပေါ့တဲ့။ စစ်တပ်အတွက် သီးသန့်မဲ ၂၅ ရာနှုန်းက ချန်ထားပြီးသား၊ အခြေခံဥပဒေပြင်ဖို့ကအောက်လွှတ်တော်မှာ ၇၅ ရာနှုန်းထက်ပိုတဲ့မဲ ရရမှာ မဟုတ်လား။ ဒါမှသာ သမ္မတ အရွေးခံရနိုင်မှာ။ကန္တာရကျွန်းဓာတ်ပြား အစီအစဉ် အင်တာဗျူးမှာ ကျွန်မ သမ္မတ ဖြစ်ချင်တယ်လို့ စုက ပြော ခဲ့တယ်။စု ဆိုလိုတဲ့ သမ္မတက အမေရိကန်သမ္မတလို လုပ်နိုင်ကိုင်နိုင်တဲ့ သမ္မတမျိုး။ နိုင်ငံရဲ့ရုပ်ပြ အကြီးအကဲသမ္မတ မဟုတ်ဘူး။ “ရှင့်လက်ထဲမှာ အစိုးရအာဏာရဖို့ လိုချင်သင့်တာပေါ့”လို့ စုက ပြောခဲ့တယ်။

ထိုင်းမှာ ဘုရားကိုးကွယ်သလို အဲသည်အတိုင်းအတာရဲ့တစ်ဝက်လောက် ကိုးကွယ်ကြတဲ့ ဘုရင်ရှိတယ်ဆိုရင်၊ မြန်မာမှာ သူက သရဖူမဆောင်းတဲ့ ဘုရင်မပဲ။စာပေပွဲတော်တုန်းက သူက ခဏပေါ်လာတာပဲ။ ဒါပေတဲ့ ဗြိတိန် ဘုရင်မကြီး ကြွချီလာတာကို ကျွန်တော်သတိရတယ်။ လူတိုင်းက ရိုသေ ကျိုးနွံ စွာ စုနားမှာ ဝိုင်းရံ၊ ထေ့တေ့တေ့လေး သူက ပြောရင်ကိုပဲရယ်ကြ၊ မျက်နှာတွေပေါ်မှာ အလိုအလျောက် မဟုတ်တဲ့ အပြုံးတွေ ဆင်ကြ (ကျွန်တော်ရောပါပဲ)။သူက ဘုရင်မကြီးတမျှပါပဲ ဂုဏ်သိက္ခာနဲ့ ပညာ တတ်ခြင်းနဲ့ အာရုံကပ်ငြိစေခြင်းနဲ့ သူ့ဟန်ပန်ဟာလေ။ဒါပေတဲ့ အဲသည် နာမဝိသေသန သရဖူမဆောင်းသောဆိုတဲ့ စကားလုံးထဲမှာ နိုင်ငံရေးဆိုတဲ့ အဖြစ်မှန်ကလည်းရှိနေသေးတာ။ သူ့အရှိန်အဝါရယ် ဆွဲဆောင်နိုင်မှု ညှို့ ဓာတ်ရယ်ဟာ တစ်စိတ်တစ်ပိုင်းကတော့မျိုးရိုးက လာတာပဲ။ သူပဲဖြစ်စေ မြန်မာပြည်ထဲက ဘယ်သူပဲ ဖြစ်ပစေ စုဟာ သည်တိုင်းပြည် ရဲ့သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်တယ်ဆိုတာကို တခဏေ လးတောင်မှ မေ့မှာမဟုတ်ဘူး။နောက်တစ်စိတ်တစ်ပိုင်းကတော့ သူ့ရဲ့ ကိုယ်ပိုင်တမူထူးတဲ့ ဘဝသမိုင်းကြောင်း၊ သူ့ရဲ့ သတ္တိဗျတ္တိ သူ့ တည်ရှိခြင်း ကိုယ်နှိုက်နဲ့၊ သူ့ဉာဏ်ပဋိဘာန်နဲ့ အလှက လာတာ။

စုရဲ့ ကျော်ကြားမှုက “ဖွဲ့စည်းအုချုပ်ပုံထဲကနေရာ” ကိုတော့ စုကို ရောက် မသွားစေနိုင်သေးဘူး။ စစ်တပ်က ရေးဆွဲခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေအပိုဒ် ၅၉ (စ) မှာ၊ တစ်စုံတစ်ယောက်ဟာ သူ့ရဲ့ ဇနီးခင်ပွန်းဖြစ်စေ၊ သူတို့နှစ်ဦး ရဲ့ကလေးတွေဖြစ်စေ၊ တိုင်းတစ်ပါးနဲ့ ဆွေမျိုးဉာတိတော်စပ်သော် သမ္မတဖြစ်ခွင့် မရှိစေရလို့တားမြစ်ထားတာ။ စုကြည်ရဲ့ ခင်ပွန်း မိုက်ကယ် အဲရစ်က ဗြိတိသျှလူမျိုး။ သူတို့နှစ်ဦးရဲ့ကလေးတွေဖြစ်တဲ့ အလက်ဇန္ဒားနဲ့ ကင်(မ)တို့လည်းပဲ ဗြိတိသျှလူမျိုးတွေပေါ့။ အဲသည် ဥပဒေကိုပြင်ဖို့ လိုနေ တာပ။ ပြင်ဖို့ကလည်း အောက်လွှတ်တော်ရဲ့ မဲ ၇၅ ရာနှုန်းကျော် ရရမယ်။ ပြီးတော့လည်းပြည်လုံးကျွတ် ဆန္ဒခံယူပွဲမှာ မဲပေးခွင့်ရှိတဲ့ မဲအားလုံးရဲ့ တစ်ဝက်ကျော် (တိုင်းရင်းသားတွေအပါအဝင်) ရရမယ်၊ စဉ်းစားကြည့်ပါ။ ဗိုလ်ချုပ်တွေက ဘယ်သူ့ကို ဆီးတားဖို့ ကြိုးစားနေသလဲဆိုတာကို။

အင်းယားကန်ဟိုတယ်၊ ဧရာဝတီပွဲတော်ကျင်းပရာ စင်မြင့်ပေါ် မှာ(အင်းယား ကန် ဟိုဘက်မှာ သူရဲကောင်းမို့ အကျယ်ချုပ်နဲ့ ဖြတ်သန်းကုန်ဆုံးခဲ့ရတဲ့ စုရဲ့အိမ်ရှိတယ်) စုက သူ့ကို ကြည်ညိုလေးမြတ်တဲ့ပရိသတ်ကို သူ့အကြိုက် ဆုံး စာအုပ်တွေအကြောင်းအလွယ်တကူနဲ့ အာရုံကပ်ငြိစဖွယ် ဟော တယ် ။ ဂျော့အဲလယော့၊ ဗစ်တာဟူးဂိုး၊ ပြီးတော့ စုံထောက်ဝတ္ထုတွေ။ သူက ထေ့ေ တ့တေ့ ပြောတယ်။ စုံထောက်ဝတ္ထုတွေက သူ့လက်ရှိ နိုင်ငံရေးအလုပ်မှာ အလွန်အသုံးကျသတဲ့။လူတွေရဲ့ ရည်ရွယ်ရင်းအကြောင်းခံဟာ ဘာလဲဆို တာ မှန်းနိုင်အောင် ကူညီလို့တဲ့။ ကျွန်တော်တို့အားလုံးရယ်ကြတယ်။

ကျွန်တော်က၊ ၁၉၉၀ နှစ်တွေ ချက်ကိုစလိုဗက်ကီးယားမှာ ဗက်ကလက် ဟာဗယ် သမ္မတဖြစ်ပြီး ကောင်းစားနေတဲ့ အချိန်ကာလတွေကို သတိမရဘဲ မနေနိုင်တော့ဘူး။အဲသည်တုန်းကလည်း နတ်သမီးပုံပြင်လို အာရုံကပ်ငြိ စဖွယ်ရာတွေ ပြည်တွင်းပြည်ပ မတန်တဆ ချီးမွမ်းမှုတွေနဲ့၊ပုဂ္ဂိုလ်ရေးအရ မသက်မသာဖြစ်ကြတာမို့ ဟာဗယ်ကို မြည်တွန်တောက်တီး သံတွေ ရောနေခဲ့ဖူးတာကိုး။ စုနဲ့ ပတ်သက်လို့ (ဟာဗယ်တုန်းကလိုပဲ) မသက်မသာ ခံစားကြရခြင်းဟာ နေရာပေါင်းစုံက လာတယ်။ ဌာနေ ပညာ တတ်တွေရဲ့ မပျော်နိုင်တာတွေ အပါအဝင်ပါပဲ။ ဒါပေတဲ့ အဲသလို မသက်မသာဖြစ်ရတဲ့ အဓိကအကြောင်းက၊ “ကိုယ်ကျင့်တရား - စာပေ ပညာရှင် - စိတ်ကောင်းစိတ်မြတ်ဘက်တော်သား မနေ့ကတော့နိုင်ငံရေး သမားရဲ့ ဆန့်ကျင်ဘက်ဖြစ်သူ” ဟာ “မနက်ဖြန်က လက်တွေ့ကျတဲ့ နိုင်ငံေ ရးသမား”(moral-literary-spiritual antipolitician of yesterday and the practicalpolitician of tomorrow) နဲ့ ကွဲပြားနေလို့ပါ။

ထူးခြားတဲ့ ပုဂ္ဂိုလ်တွေအတွက် သလိုပဲ ထူးခြားတဲ့ဒီကာလမှာ မေးခွန်း ၂ ခု မေးစရာ ရှိပါတယ်။ ပထမမေးခွန်းက အဲသည်ပုဂ္ဂိုလ်တွေဟာ သူတို့ကိုယ် သူတို့ဘယ်လို နားလည်ကြသတုန်း၊ ဘယ်နေရာကများ သူတို့ ကပြမှာတုန်း။ ဒုတိယမေးခွန်းက တခြားသူတွေကကောသူတို့အကြောင်းကို ဘယ်လိုရေးကြ ပြောကြမှာတုန်း။

နိုင်ငံရေးသမား

၁၉၉၀ တွေတုန်းက The New York Review မှာ အကြိမ်ပေါင်းများစွာ အက်ဆေးတွေထဲမှာ ကျွန်တော် တင်ပြခဲ့ဖူးတဲ့ ပြဇာတ်ရေးဆရာကနေ သမ္မတဖြစ်လာတဲ့ ဟာဗယ်ကတော့သူ့အနေနဲ့ နှစ်မျိုးလုံး တစ်ပြိုင်နက်တည်း မှာ ဖြစ်နိုင်တယ်လို့ ပြောခဲ့တာချည်းပဲ။ ပညာတတ်ပညာချွန်ရော နိုင်ငံရေးသမားရော (intellectual and politician) တစ်ပြိုင်နက်တည်းမှာဖြစ်နိုင်ပါတယ်တဲ့။ သမ္မတဖြစ်စ အစောပိုင်းကာလတွေ မှာ “အစိုးရဆန့်ကျင်ရေးသမားကနေ နိုင်ငံရေးသမားအဖြစ်ဘဝပြောင်းလာ သူ (dissidents-turned politicians) ဟာ သစ္စာတရားနဲ့အညီ နေနိုင်ေ သးရဲ့လား”လို့ မေးတုန်းကလည်း သူက နေနိုင်တယ်ဆိုလည်း ဖြစ်နိုင်တာပဲ၊ မနေနိုင်တော့ဘူး ဆိုလည်းဖြစ်နိုင်တာပဲ။ ဒါပေတဲ့ မနေနိုင်တော့ဘူးလို့ ထင်ရှားလာတယ်ဆိုရင် သူကတော့ သစ္စာတရားနဲ့အညီမနေတဲ့လူတော့ အဖြစ်ခံမှာ မဟုတ်ဘူးလို့ ဖြေတယ်။ ဟာဗယ်က သမ္မတ ၁၃ နှစ်လုပ်သွား တာ ၂၀၀၃ကျမှ နားတယ်။ သူ့အပြောအတိုင်း သစ္စာတရားနဲ့ ညီခဲ့ပါတယ် လို့ အောင်အောင်မြင်မြင် သက်သေမပြနိုင်ခဲ့ပါဘူး။

ပသို့ဆိုစေ ဟာဗယ်ဟာ အမြဲ သူ စွဲစွဲမြဲမြဲတည်နေတဲ့အရာတစ်ခု ကိုတော့ ပြနိုင်ခဲ့ပါတယ်။ အဲဒါကတော့ နိုင်ငံရေးသမားတစ်ယောက်အဖြစ် နှစ်ရှည်လများကြာပြီးတဲ့နောက်မှာ ပြဇာတ်ရေးဆရာဘဝကို သူ ပြန်သွားနိုင်တာပဲ။ အတိုက်အခံစိတ်က ရှိစမြဲ၊ သူက ထက်တဲ့မြတဲ့ ရွှင်မြူးတဲ့ နောက်ဆုံးပြဇာတ်တစ်ပုဒ် “ထွက်ခွာခြင်း (Leaving)” ဆိုတာကိုရေးခဲ့နိုင်သေးတာ။ “ထွက်ခွာခြင်း”က အာဏာမှာ ဆေးစွဲခြင်း။ အဲသည်အာဏာ မူးယစ်ဆေးကို ဖြတ်ရခက်ခြင်း အကြောင်းတွေ။

၁၉၉၀ တွေက ဘိုဟီးမီးယားက သရဖူမဆောင်းတဲ့ဘုရင်ရဲ့အနေအထားက ဒီကနေ့ မြန်မာပြည်ရဲ့ သရဖူမဆောင်းတဲ့ ဘုရင်မကြီးရဲ့ အနေအထားထက် အခြေအနေအရပ်ရပ်မှာသာတယ်။ ဟာဗယ်က သမ္မတဖြစ်ပြီးပြီ။ သမ္မတဖြစ် လည်းပဲ တိုင်းပြည်အုပ်ချုပ်ရာမှာ စီးပွားရေးအပါအဝင်နေရာတကာမှာ သူ တာဝန်မယူရဘူး။ ဟာဗယ်က သူဟာဖြင့် နိုင်ငံရေးသမား မဟုတ်ပါဘူးလို့ ဝန်ခံသော်လည်း၊နိုင်ငံရေးကျွမ်းကျင်မှုတွေလည်း အထိုက်အလျောက် ရှိတယ်ဆိုတာကို ပြခဲ့တယ်။ သူ့တိုင်းပြည်ကချမ်းသာပြီး လှုပ်ရှားတက်ကြွနေ တဲ့ အီးယူနိုင်ငံတွေနဲ့ ကပ်နေတာ၊ ကျဆင်းနေပေတဲ့လည်း ဒီနေ့မြန်မာပြည် နဲ့က မနှိုင်းယှဉ်သာအောင် အခြေအနေ ကောင်းသေးတာ။ ချက်ကိုစလိုဗေးကီးယားက မကြာမတင်မှာပဲနှစ်ပိုင်းကွဲသွားပေတဲ့ ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ သပ်သပ်ရပ်ရပ်နှစ်ခု (ချက်သမ္မတနိုင်ငံနဲ့စလိုဗေးကီးယား) ကွဲသွားတာ။

စုကတော့ ယခုထိ သမ္မတမဖြစ်သေးဘူး။ ၂ နှစ်ကြာဦးမယ်။နေပြည်တော် မရောက်ခင် အပေးအယူတွေ အများကြီး လုပ်ရဦးမယ်။ စုကတော့ ပြောင်ပြောင်ပဲ လုပ်မယ်လို့ဆုံးဖြတ်ပြီးပြီ။ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ဒါမှမဟုတ် လူ့အရင်းအမြစ် တိုးတက်မှုနဲ့စပ်လျဉ်းတဲ့ ဘယ်တိုင်း တာမှုမျိုးနဲ့ ကြည့်ပစေ သူ့တိုင်းပြည်က ကြောက်စရာ လန့်စရာ အခြေအနေ မှာ ရှိနေတဲ့၊ ဆယ်စုနှစ်ပေါင်းများစွာ အထီးကျန်၊ စစ်အုပ်ချုပ်ရေးက ခေါင်း ပုံဖြတ် ခြယ်လှယ်ခံရတဲ့နိုင်ငံပဲ။ စုရဲ့ နိုင်ငံရေးဉာဏ်အမြင် (ဇဝန ဉာဏ် ဖြတ် ထိုးဉာဏ် ဘာပဲခေါ်ခေါ်) ဟာ အတိုက်အခံကာလတွေမှာဟာဗယ်လောက် အထင်အရှား မပြနိုင်ခဲ့ဘူး။ စုရဲ့ အဖွဲ့ချုပ်ကလည်း တိုင်းပြည်အုပ်ချုပ်နိုင်ဖို့ လိုအပ်တဲ့ ကျွမ်းကျင်မှု ချို့တဲ့နေသေးတယ်။ မြန်မာဟာ အာရှ ချက်ကို စလိုဗေးကီးယား မဟုတ်ဘူး၊အာရှ ယူဂိုစလားဗီးယားနဲ့ ပိုတူတယ်။ “တိုင်းရင်းသား စပ်ထည်” တစ်ထည်ပဲ။ အာဏာကို ရောက်နိုင်သလေက်ရောက်အောင်အချိန်လည်းမီအောင် တဖြည်းဖြည်း လွှဲပြောင်းမှ အဲသည်စပ်ထည်ကြီးကို တွဲထားနိုင် မယ့်နိုင် ငံ။(အင်းယားကန် စာပေပွဲတော်မှာ စုကြိုက်တဲ့ စာအုပ်တစ်အုပ်က ရီဘက်ကာဝက်စ်ရဲ့ BlackLamb and Grey Falcon။ ၁၉၃၉ မတိုင်မီ ယူဂိုစလားဗီးယားအကြောင်း ရေးထားတဲ့ စာအုပ်။)

စုကတော့ သူ ဘာလုပ်ရမယ်ဆိုတာ ရှင်းနေအောင် မြင်ပုံရတယ်။ “ကျွန်မမှာ နိုင်ငံရေးနဲ့ ပတ်သက်ပြီး အမြင်လွဲမှားတာ ထင်ယောင်ဝိုးဝါးတာ ဘယ်တုန်းကမှမရှိဘူး။ I've never had illusions about politics” လို့ ဘီဘီစီ အင်တာဗျူးတစ်ခုမှာသူပြောခဲ့ဖူးတယ်။ ဟာဗယ်ရဲ့ ရှုမြင်ပုံမျိုး မရှိဘူးပေါ့။ ဒါမျိုးကတော့ သာရည်တစ်ခုပဲ။

ကျွန်တော့်အတွေ့အကြုံအရတော့၊ အတိုက်အခံ လုပ်ခဲ့ပြီး အာဏာရှင် ပြုတ် ကျပြီးနောက်ပိုင်းနိုင်ငံရေးမှာလည်း တွင်ကျယ်နိုင်တဲ့သူတွေ ဟာ အောက်ေ ဖ်ာပြသလိုပဲပြောခဲ့သူတွေ။ “အေး … အဲဒီတုန်းကတော့ ကျုပ်က ပညာတတ် (intellectual) အခုတော့ ကျုပ်ကနိုင်ငံရေးသမား။ တစ်နေ့မှာ ပညာတတ် ဘဝ ပြန်သွားကောင်း သွားမယ်။ ဒါပေတဲ့ အခုအခါမတော့ သင့်တင့်လျောက် ပတ်စွာသန့်ရှင်းတဲ့နိုင်ငံရေး ဂိမ်းကစားဖို့ အတတ်နိုင်ဆုံး ကြိုးစားမှာ။ ဘာကြောင့်လဲဆိုတော့ဒီနှစ်ခုဟာ မတူတဲ့ ကစားပွဲတွေ စည်းမျဉ်းတွေက လည်း တူမှ မတူပဲ။”

***

နာနာကျင်ကျင်နဲ့ပဲစောင့်ကြည့်နေကြရမှာ

ဒါပေတဲ့ လိုအပ်လို့ အလျှော့အတင်း အပေးအယူ လုပ်ရတာတွေ ဟာစောင့် ကြည့်သူတွေအဖို့ နာကျင်စရာတွေ ဖြစ်မှာပဲ။ ကျွန်တော် မြန်မာပြည်က ပြန်ထွက်ခဲ့တော့စုဟာ ကော်မရှင်တစ်ခုမှာ ဥက္ကဋ္ဌ တာဝန်ယူရတယ်။ မြန်မာစစ်တပ်နဲ့ တရုတ်လက်နက်ကုမ္ပဏီ နိုရင်ကိုတို့ ပူး တွဲပိုင်ဆိုင်တဲ့ ကြေးနီမိုင်းအတွက် အဆုံးအဖြတ်ပေးတဲ့ ကော်မရှင်။ တောင် သူတွေရဲ့မြေတွေကို သိမ်းလို့ ဆန္ဒပြနေကြလို့ ဆက်တူးဖော်ခွင့် ရှိသင့် မရှိသင့် ကော်မရှင်က ဆုံးဖြတ်ရတယ်။မွတ်စလင်ဆန့်ကျင်တဲ့ ဆူပူ သတ်ဖြတ် မှုတွေ မြန်မာပြည်ရဲ့ တချို့အရပ်တွေကို ပျံ့နှံ့နေတုန်းစုက တပ်မတော်နေ့ အခမ်းအနားမှာ ထိပ်တန်းဗိုလ်ချုပ်တွေနဲ့အတူ ရှေ့တန်းမှာ ထိုင်လို့ စစ်တပ်နဲ့သပ္ပာယဖြစ်အောင် လုပ်နေခဲ့တယ်။ စုဟာ သက်သောင့် သက်သာ ရှိပုံတော့ မပေါ်ပါဘူး။

သူ့အကြောင်းကို ရေးနေ ပြောနေတဲ့ ပြည်တွင်းကရောပြည်ပကပါ ကျွန်တော်တို့လို လူတွေအတွက် ဒါတွေကို ဘယ်လိုစဉ်းစားရမှာလဲ။ သူကတော့ စိန့်သူတော်စင်အဖြစ်ကိုစွန့်လွှတ်ဖို့ ပြင်ဆင်ပြီးပုံပဲ။ ခင်ဗျားတို့ ကျွန်တော်တို့ကရော အဲသည်ဂုဏ်ကျက်သရေကိုသူ စွန့်ပါစေတော့ လို့ ပြင် ဆင်ပြီးကြပြီလား။ မြန်မာတိုင်း(မ) အပတ်စဉ်စာစောင်မှာ စုနဲ့ ဒီချုပ်ကိုဝေ ဖန်ဖို့ လက်တွန့်ကြတဲ့ မြန်မာသတင်းစာဆရာတွေ အကြောင်း ဆောင်းပါး တစ်ပုဒ် ဖတ်ဖူးတယ်။ထိုင်းမှာ ဘုရင်ကို ဝေဖန်ရင် လိစ်မေဂျက်စတီဥပဒေက ပိတ်ဆို့သလိုပဲ ဒီမှာလည်း ဘုရင်မကြီးကိုမဝေဖန်ဘဲ ကိုယ့်ကိုယ်ကိုယ်ပဲ ဆင်ဆာလုပ် (self-censorship) ကတ္တီပါကြိုးနဲ့ ပိတ်လိုက်ကြတာပဲ။ စာဖတ်သူပရိသတ်တွေရဲ့ တုံ့ပြန်မယ့်ရန်ကိုလည်း ကြောက်တာကိုး (ငါတို့ရဲ့ ဘုရင်မကို ဝေဖန်ရဲတာမင်းက ဘာကောင်လဲ)။ လုံးဝ မဝေဖန်တာတော့ မဟုတ်ဘူး။ ဒါပေတဲ့ လူသူလေးပါးအတွက် ရေးတာ ပြောတာနဲ့အသိုက် အဝန်းတစ်ခုအတွင်း ဝေဖန်တာ နှစ်ခုကြားမှာ တော်တော်ကွာတာ။

ကျွန်တော်သာ မြန်မာ၊ နိုင်ငံရေးနဲ့ ပတ်သက်ပြီးတက်ကြွလှုပ်ရှားသူ တစ်ယောက် ဖြစ်ပြီး ကျွန်တော့်နိုင်ငံအတွက် အကောင်းဆုံးကို လိုချင် တယ်ဆိုရင်ကျွန်တော်လည်း ကိုယ့်ကိုယ်ကိုယ် ဆင်ဆာလုပ်မှာပဲ။ တကယ်တော့ တခြားနိုင်ငံရေး အင်အားစုတွေ၊ယခုထိ လွှမ်းမိုးနေဆဲ စစ် တပ်နဲ့ စစ်တပ်ထွက်တချို့တွေဟာ၊ စုကြည် အားပေးသူတွေ ယခုထိ မပိုင် ဆိုင်ရသေးတဲ့အာဏာအပေါ်မှာ ကတောက်ကဆတ်ဖြစ်ပြီး ပြိုကွဲ ကုန်မှာ ထက် ပိုကြိုက်တဲ့အရာ ရှိမှာမဟုတ်ဘူး။ညီညွတ်ခြင်းဟာ အင်အား မဟုတ် လား။ မြန်မာပြည်ရဲ့ ဒီမိုကရက်တစ်အင်အားစုတွေအဖို့ ညီညွတ်နိုင်သမျှ ညီညွတ်ဖို့ လိုတယ်။ ဒါမှသာ ဒီတိုင်းပြည်ကို အတူထိန်းထားနိုင်မှာ။ ၂၀၁၅ ရွေးကောက်ပွဲကိုတောင်ပြိုကမ်းပြိုနိုင်၊ အစိုးရဖွဲ့၊ စုကို သမ္မတမြှောက်၊ စု ဖြစ်ရမှာပဲလေ။

ကျွန်တော်သာ အနောက်တိုင်းက နိုင်ငံရေးသမားဒါမှမဟုတ် သံတမန်ဖြစ် ရင်လည်း ဒီလို ဗျူဟာမြောက်တဲ့နည်း လုပ်မှာပဲ။ ဒါပေတဲ့ သတင်းစာဆရာတစ်ယောက်အဖို့၊စာရေးဆရာတစ်ယောက်အဖို့ကတော့ … ဒီနည်းလမ်းဟာ မှန်ကန်တဲ့ နည်းလမ်း မဟုတ်နိုင်ဘူး။

နိုင်ငံတစ်နိုင်ငံက တာရှည်သဖြင့်ရော အလုံးစုံရောလွတ်လပ်ဖို့အတွက် အဲသည်နိုင်ငံဟာ မြန်မာဖြစ်ပစေ ထိုင်း၊ အိန္ဒိယ ဒါမှမဟုတ် အမေရိကဖြစ် ပစေစာရေးဆရာတွေ လိုတယ်။ သူတို့ရဲ့ ကိစ္စဟာဖြင့် အချက်အလက်တွေ ကို တူးဆွဖော်ထုတ်ဖို့၊ တတ်နိုင်သလောက်အမှန်တရားဆီ ရောက်ဖို့ ပြီးတော့လည်း ထိုသစ္စာကို ရိုးသားစွာ မျှတစွာ ရှင်းလင်းစွာနဲ့ တတ်နိုင်သေ လာက် ပေါ်လွင်ထင်ရှားစွာ တင်ပြဖို့ပဲလို့ ယူဆတဲ့ စာရေးဆရာတွေ။ အာဏာရှိသူတွေသရဖူဆောင်းတဲ့ ဘုရင်၊ သရဖူမဆောင်းတဲ့ ဘုရင်မ ဒါမှမဟုတ် သမ္မတမျှ၊ ဝန်ကြီးချုပ်မျှ၊ အားလုံးလည်းပဲအဲသလို အချက် အ လက်တွေကို အပန်းတကြီး ရှာဖွေသူတွေ အမှန်ကို ပြောသူတွေ လိုတာပ။ ကျွန်တော်မြန်မြန်လေး ထပ်ဖြည့်ချင်တာက အဲသလို အလုပ်ဟာ နိုင်ငံရေး သမား တစ်ယောက်ရဲ့ အလုပ်ထက် ပိုပြီးမြင့်တဲ့မြတ်တဲ့ အလုပ် ဒါမှမဟုတ် ပိုပြီးခက်ခဲတဲ့ အလုပ်လို့ ဆိုလိုတာ မဟုတ်ဘူးနော်။ ဒါပေတဲ့ စု ယခု ရွေး ချယ်တဲ့ ကိစ္စကြီးကို အလွန့်အလွန် အရေးပါ အရာရောက်စွာ ပြည့်စုံစေ မှာမို့ပါ။ကျွန်တော်တို့အလုပ်က ထိုအရာဟာ ထိုအရာသာလျှင် ဖြစ်ပါတယ် လို့ ပြောရတာ။

***
ပရိသတ်ကြီးခင်ဗျား…

မြန်မာနိုင်ငံတော်ကြီးမှာသမ္မတကြီး ဖြစ်ချင်တယ်လို့ ပြောတဲ့ လူနှစ်ယောက် ပဲ လောလောဆယ်မှာ ကျန်ခဲ့ပါတယ်။ လက်ရှိသမ္မတကြီးကတော့သူ သမ္မတ မလုပ်ချင်တော့ပါဘူးလို့ ပြောတယ်လို့ ဂျာနယ်တွေထဲမှာ ဖတ်ရတယ်။ သမ္မတဖြစ်ချင်တဲ့လူနှစ်ယောက်ကတော့ အများသိတော်မူကြတဲ့အတိုင်း ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ပါပဲ။သူတို့က ဘယ်လိုလူတွေပါလိမ့်။ အကဲခတ်ရမှာပဲ။ ကျွန်တော်တို့ လမ်းပေါ်ကလူတွေ ၂၀၁၅ မှာ မဲပေးရမှာကို။

ဦးရွှေမန်းကို အကဲခတ်ရတာမခက်ပါဘူးလို့ ကျွန်တော်က သဘောရတယ်။ သူက ဦးသန်းရွှေလက်ထက်မှာ နံပါတ် ၃ ဗိုလ်ချုပ်ကြီး။သူ့မှာ ပုဂ္ဂလိက အကျိုးစီးပွားတွေ ရှိတယ်။ အကျိုးစီးပွားတွေရှိတော့ အကျိုးစီးပွားတွေကို ကာကွယ်မှာပဲလို့ ယူဆရင် မမှားတန်ဘူး။

ဒါပေတဲ့ ဒေါ်စုကိုဘယ်လို အကဲခတ်မှာလဲ။ အကဲခတ်ဖို့ ၂ နှစ်တော့ ကျန်သေးတယ်။ သို့သော် မြစ်ဆုံကိစ္စ ထားဝယ်ကိစ္စတွေမှာ မဆိုင်သလို ပဲ နေခဲ့သလို လက်ပံတောင်းတောင်ကိစ္စမှာ ကြေးနီလေဒီလို့ တချို့က အမည်တပ်ခံခဲ့ရသူ၊လူမျိုးရေး ဘာသာရေး အခြေခံတဲ့ ကိစ္စတွေမှာ ငြိမ်နေသူ၊ သူ့ကို ကျွန်တော်တို့ လမ်းပေါ်ကလူတွေက ဘယ်လိုစဉ်းစားရမှာ လဲ။

တလောက နယူးရောက်စာအုပ်ရီဗျူးမှာသူ့အကြောင်း အရေးအသားတစ်ပုဒ် ဖတ်ရတယ်။ အဲဒီအရေးအသားက ဒေါ်စုကို တဖက်စောင်းနင်း မဟုတ်ဘဲ ဘက်နှစ်ဖက်က ကြည့်တယ်လို့ ကျွန်တော့်အနေနဲ့ သဘောရတယ်။ ပရိသတ်ကြီး ဆင်ခြင်တော်မူနိုင်ရန်ဖတ်ရှုတော်မူကြပါ။

စာရှုသူတို့ခင်ဗျား…

အင်တယ်လက်ကျူရယ်နဲ့နိုင်ငံရေးသမားဟာ တခြားစီတဲ့။ မတူဘူးတဲ့။ အဲသလို စဉ်းစားတာကို သတိထားမိကြမှာပါ။

အင်တယ်လယ်ကျူရယ်ဟာဘာလဲ။ ကျွန်တော်က အင်တယ် လက်ကျူရယ် ကို ပညာတတ်လို့ပဲ ဘာသာပြန်ထားပါတယ်။ “အင်တယ်လက်ကျူရယ်”ကို ဉာဏ်ရှိသူ၊ ဉာဏ်ကြွယ်သူ၊ ဉာဏ်ရည်ဉာဏ်သွားကို အသုံးပြုသူလို့ အဘိဓာန်က လာရှိပါတယ်။ယိုးဒယားစကားလုံး “panyachon ပညာချွန်” ဆိုတာ အင်တယ်လက်ကျူရယ်ဆိုပဲ။ ပညာချွန်ဆိုတဲ့အဲဒီစကားလုံးကို ပိုကြိုက်ပါတယ်။ စာတတ်ပေတတ်ဆိုရင်တော့ literati ပဲလို့ အဓိပ္ပာယ်ပေါက်သွားမှာပါ။

Intellectual ဟာintelligentsia ဆိုတဲ့စကားနဲ့ ဆက်နေပါတယ်။ အိုက်ဆက် ဘာလင်က အနောက်တိုင်းယဉ်ကျေးမှုနှင့်အသိအတတ်များ တတ်သော လူစု တဲ့။ အဲဒီလူစုဟာဖြင့် သူတို့ဟာ လူထုနဲ့ မတူဘူးလို့ ခံစားကြ သတဲ့။ အဲဒီထဲက လူတချို့ကဖြင့် သူတို့မှာ သူတို့ရဲ့ အတွေးတွေ အမြင်တွေကို လူသူလေးပါး သိအောင်လွတ်လွတ်လပ်လပ် ချပြရမယ်။ အကျိုးနဲ့အကြောင်းနဲ့ ဆင်ခြင်ပြီး ချပြတာမျိုး တိုးတက်ဖို့ ရည်သန်တာမျိုး တဲ့။ ကောင်းတဲ့ ရည်ရွယ်ချက်ပေါ်ပဲ မူတည်ပြီး ငါ့အတွက် ငါကြီးကျယ်ဖို့ ငါကိုမြှင့်တင်ဖို့ မဟုတ်ဘူးတဲ့။ အကျဉ်းအားဖြင့် ဒီအရေးအသားထဲမှာ ပါတဲ့ intellectual ဟာအဲဒီသဘောရှိတဲ့သူလို့ အနက်ကောက်ရမှာပါ။

နိုင်ငံရေးသမားကိုတော့ပရိသတ်ကြီး နားလည်သဘောပေါက်ပြီး နေမှာပါ။ သူတို့က ပရိယာယ်ဝေဝုစ် ရှိမှာပဲ။ တစ်သမတ်တည်းဘယ်ဟုတ်မှာလဲ။ အဲ … ဉာဏ်နီဉာဏ်နက်တွေလည်း သုံးချင် သုံးမလား မသိဘူး။

သစ္စာတရားနဲ့အညီ နေတယ်(Live in Truth) ဆိုတာကတော့ ကိုယ်မှန် တယ်ထင်တဲ့အတိုင်း ကိုယ်ယုံကြည်တဲ့အတိုင်း ပြောတာဆိုတာနေတာ ထိုင်တာကို ဆိုလိုတာပါ။ နိုင်ငံရေးသမားဟာ အဲသလို မနေနိုင်ဘူးတဲ့။

ကျွန်တော်တို့ ပြည်သူလူထုအနေနဲ့တော့ကျွန်တော်တို့ရဲ့ ခေါင်းဆောင်တွေမှာ ဉာဏ်နဲ့ ကရုဏာ ရှိစေချင်တာပါပဲ။ ကရုဏာ … ကရုဏာဟာလည်း အင်မ တန် အရေးကြီးတယ်လို့ ထင်တာပါပဲ။ အဲဒါတွေ ရှိဖို့က လူတွေနဲ့ မဝေးဖို့၊ လူတွေကို နက်နက်နားထေင်ဖို့ လုပ်ရမှာပါ။ သြ … ခင်ဗျားတို့က အဲသလို ခံစားနေရသကိုး၊ အဲသလိုကိုးလို့သိဖို့ပါပဲ။ ဒါပေတဲ့ စုကတော့ နားထောင် တဲ့နေရာမှာ နာမည်မကျော်ဘူးဗျာ။

ဆင်ခြင်ခြင်းများ - သရဖူမဆောင်းတဲ့ ဘုရင်မ
ချင်းတွင်းမဂ္ဂဇင်း fb
July 26, 2013 at 7:59pm

ရိုသေစွာဖြင့်
မောင်မြတ်ထင်

***လမ်းလျှောက်ခြင်း အကျိုး***

ဒီနေ့မနက် ၆ နာရီမှာ လမ်းထလျှောက်ရင်း ဘဝအတွက်အလွန်အရေးကြီးတဲ့ အမြင်သစ် သုံးခုရခဲ့ပါတယ်။ အဲဒါလေးတွေကို ပြောပြချင်ပါတယ်။

၁။ မနက်ပိုင်း (ဝေလီဝေလင်းမှာ) လမ်းလျှောက်ရင် အရပ်ရှည်သူရဲ့ခေါင်းမှာ ပိုးမျှင်ကပ်ဖို့ ရာခိုင်နှူံးပိုများတယ်။ ဒါကို မြင်တဲ့ လူအရေအတွက်ကျတော့ နည်းတယ်။
အရပ်ပုရင် ခေါင်းမှာ ပိုးမျှင်ကပ်ဖို့ ရာခိုင်နှူံးပိုနည်းတယ်၊ ဒါကို မြင်တဲ့ လူ အရေအတွက်ကျတော့ ပိုများသွားတယ်။

၂။ လမ်းလျှောက်ထွက်တယ်ဆိုပြီး ဖြတ်လမ်းရှာတာဟာ (နည်းနည်း) အူကြောင်ကြောင်နိုင်တယ်။

၃။ လမ်းလျှောက်ရင်း ညက ဆရာတော် ဦးသဇ္ဇနဟောတဲ့ တရားဆီ စိတ်ေ ရာက်သွားမိတယ်။ အာဠာဝကသုတ္တန် တရားတော်ပါ။ ကျန်တာတွေတော့ ဘာမှ မမှတ်မိဘူး။ မှတ်မိတာက.....
ဘုရင်က အာဠာဝကဘီလူးကြီးဆီ သူခိုး၊ ဓားပြတွေကို ထမင်းထုပ် အပို့ခိုင်း တယ်။ ဘီလူးကြီးက လာပို့တဲ့လူရော ထမင်းထုပ်ပါ အကုန်စားပစ်တယ် တဲ့။ ဒီမှာ ကောင်းတဲ့အချက်က အာဠာဝကဘီလူးကြီးဆီ ထမင်းထုပ် သွားပို့ရ မှာကြောက်တော့ (ပြန်လမ်းမရှိဘူးလေ) လူတွေက မခိုးရဲ၊ မတိုက်ရဲတော့ဘူး တဲ့။ ဒါက မိုက်တာ။

အဲလို အာဠာဝကဘီလူးမျိုး
လန်ဒန်မှာ တစ်ကောင်
စင်္ကာပူမှာ တစ်ကောင်
မြန်မာပြည် အနှံ့အပြားမှာ ၁၅ ကောင်လောက်ရှိရင် တော်တော်ရှင်းသွားမယ်။

အဲဒီ အုပ်စုကြီးလည်းကုန်၊ အာဠာဝကလည်း ဘရားနဲ့တွေ့၊ ကျွတ်တန်းဝင်။ အသလိုလေ။
တစ်ကောင်ထဲတော့ မရလောက်ဘူး။ ဒီဖက်ကလည်း အုပ်စုတောင့်တယ်။

မိုးနှင့် ဖေ့စ်ဘုတ် (တနင်္ဂနွေ အပျင်းပြေ)

ချစ်သားတို့......
လောက၌ "မိုး" လေးမျိုး ရှိလေရာ၏
၁။ ခြိမ်းပြီး မရွာသောမိုး
၂။ မခြိမ်းဘဲ ရွာသောမိုး
၃။ ခြိမ်းလည်းခြိမ်း ရွာလည်းရွာသောမိုး
၎။ ခြိမ်းလည်း မခြိမ်း ရွာလည်းမရွာသောမိုး တို့ဖြစ်ကြ၏။
(အင်္ဂုတ္ထိုရ်၊ စတုက္ကနိပါတ်)

ရောင်းရင်းတို့........
အွန်လိုင်းလောက၌ ဖေ့စ်ဘုတ် လေးမျိုး ရှိလေရာ၏
၁။ ပြောပြီး မရှယ်သော ဖေ့စ်ဘုတ်
၂။ မပြောဘဲ ရှယ်သော ဖေ့စ်ဘုတ်
၃။ ပြောလည်းပြော ရှယ်လည်းရှယ်သော ဖေ့စ်ဘုတ်
၎။ ပြောလည်း မပြော ရှယ်လည်းမရှယ်သော ဖေ့စ်ဘုတ်တို့ဖြစ်ကြ၏။

ကမ်းလက် လပတ်လည် ပဟေဠိ (New Addition)

အောက်ပါ အဖြေများမှ မှန်ကန်သော အဖြေ တစ်ခုကို ရွေးပါ။ ( နှစ်ခု မရွေးရ ဟု ဆိုလိုသည် ) တစ်ပုဒ်မှန် တစ်မှတ်။

၁။ နိုင်ငံ ( သေးသေးလေး ) တစ်နိုင်ငံ၏ ဝန်ကြီးချုပ်သက်တမ်းသည် ငါး နှစ်ဖြစ်သည်။ ဒုတိယအကြိမ် ရွေးကောက်ပွဲမှာ နိုင်ခဲ့သော် ဆယ် နှစ်ဖြစ်သည်။ သို့ ဖြစ်လျှင် ထို ဝန်ကြီးချုပ်၏သက်တမ်းသည်
  ( က ) အနှစ် ၂၀
  ( ခ )  အနှစ် ၄၀
  ( ဂ ) တစ်သက်လုံး ဖြစ်သည်။ ( မစ္စတာ ဂျင်းမ် )

၂။  နိုင်ငံတစ်နိုင်ငံ၌ ကျောင်းသားတစ်ယောက်အတွက် ကျောင်းဝင်ကြေးသည် ငါးရာကျပ် ဖြစ်၏။ သို့ဖြစ်လျှင် ကျောင်းသားတစ်ယောက် ကျောင်းအပ်ရန် မိဘများ ကုန်ကျငွေသည်
  ( က )  ငါးသောင်း  ဖြစ်သည်။
  ( ခ )   တစ်သိန်း  ဖြစ်သည်။
  ( ဂ )   ငါးသိန်း  ဖြစ်သည်။

၃။  နိုင်ငံတစ်နိုင်ငံ၌ စစ်ဗိုလ်ချုပ်ကြီး တစ်ယောက်လစာသည် ငါးသိန်းဖြစ်အံ့။ သို့ဖြစ်လျှင် ထို စစ်ဗိုလ်ချုပ်ကြီး၏ အမှန်တကယ် တစ်လ ဝင်ငွေသည်
  ( က )  သိန်း ငါးရာ  ဖြစ်သည်။
  ( ခ )   သိန်း တစ်ထောင်  ဖြစ်သည်။
  ( ဂ )   မရေ မတွက်နိုင်  ဖြစ်သည်။

၎။ နိုင်ငံ တစ်နိုင်ငံ၏ အခြေခံဥပဒေ ရေးဆွဲရာ ကာလသည် ငါးနှစ်ကြာသည်ဟု ဆို၏။ သို့ဖြစ်လျှင် ၎င်း အခြေခံဥပဒေ ရေးဆွဲ ပြီးစီးရန် လူထု စောင့် ရသော သက်တမ်းသည်
  ( က )  ၁၀ နှစ်  ဖြစ်သည်။
  ( ခ )   နှစ် ၂၀  ဖြစ်သည်။
  ( ဂ )   မည်မျှကြာမှန်း မသိနိုင်ပါ။

 ၅။   နိုင်ငံ တစ်နိုင်ငံ၏ မတည်ငြိမ်သော အခြေအနေကို ထိန်းသိမ်းရန် စစ်တပ်က " ခဏ " တာဝန် ဝင်ယူရသည်ဟု ဆို၏။ သို့ဖြစ်လျှင်  ၎င်း " ခဏ "  ဟူသည်
  ( က )  ၂၆ နှစ်  ဖြစ်သည်။
  ( ခ )   ၄၆  ဖြစ်သည်။
  ( ဂ )   စိတ်ကောင်းရှိသော ဗိုလ်ချုပ်ကြီး သမ္မတ မဖြစ်ခင် အထိ  ဖြစ်သည်။

၆။  နိုင်ငံ တစ်နိုင်ငံ၌ မတရား ရယူထားသော မြေများကို အခွန် စနစ်ဖြင့် ထိန်းမည်ဟု ဆို၏။ ထိုမြေများ အခွန်ပေးရန် မလွယ်ကူသဖြင့် ၎င်း ( မသေမီ ဖြစ်နေနေရရှာသောလူ့ ပြိတ္တာ ) တို့က နိုင်ငံတော်ကို ပြန်လည် အပ်နှံရမည် ဖြစ်သည်။ ထိုအခါ သုံးစွဲသင့်သော ဝေါဟာရမှာ
  ( က )  " ဧက တစ်သိန်းကျော်ကို နိုင်ငံတော်သို့   ပြန်လည် လှူဒါန်း "  ဖြစ်သည်။
  ( ခ )   " ( ဦး ) သိန်းစိန်ကို သေတောင် မကျေဘူး "  ဖြစ်သည်။
  ( ဂ )   " ဒီ သောက် ဒီမိုကရေစီ ရှုပ်ကို ရှုပ်တယ် " ဟု  ဖြစ်သည်။

၇။  အာရှတိုက်ရှိ အဆင်းရဲဆုံးနိုင်ငံ တနိုင်ငံမှ လူချမ်းသာကြီးများသည် လန်ဒန်ရှိ တန်ဖိုးကြီး အိမ်ယာများကို ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံများနှင့် တန်းတူ ဝယ်ယူနိုင်အောင် ချမ်းသာကြသည်ဟုဆို၏။ သို့ဖြစ်လျှင် ထိုနိုင်ငံမှ ဗိုလ်ချုပ်လူထွက်ကြီးများ ဝမ်းနဲတကြီးဖြစ်ရဆုံးသောနေ့သည်
    ( က ) အာဇာနည်နေ့  ဖြစ်သည်။
    (ခ) ရဟန်းတော်များ၊ ကျောင်းသားပြည်သူများ သွေးမြေကျရသောနေ့ ဖြစ်သည်။
    (ဂ) ဘိန်းဘုရင်ကြီး သေဆုံးသောနေ့ ဖြစ်သည်။

၈။ အပေါ်ခွံအမာကြီး အချွတ်ခံလိုက်ရသော လိပ်တစ်ကောင်ကို ဝတ်လစ်စလစ်ဟုလည်းကောင်း၊ အိမ်ခြေယာမဲ့ဟုလည်းကောင်း ဆိုကြ၏။  သို့ဖြစ်လျှင် အပေါ်ခွံအမာကြီး ချွတ်လိုက်သော လူတစ်စု၏ အမည်သည်
    (က) ဝတ်လစ်စလစ်အဖွဲ့ ဖြစ်သည်။
    (ခ) အိမ်ခြေယာမဲ့အဖွဲ့ ဖြစ်သည်။
    (ဂ)  ဦးသိန်းစိန်အစိုးရ ဖြစ်သည်။

၉။ လူဖတ်များသည့် ဖေ့စ်ဘုတ်အကြီးစားကြီးတစ်ခုသည် ကမ္ဘာအရပ်ရပ်ကရေးထားကြသည့် (မြန်မာလို) ကောင်းနိုးရာရာစာတွေကို အကုန်တင်၏၊ ပြီးတော့ မူရင်း လင့်ခ် ကို ဖြတ်ပစ်လိုက်၏။ အလွယ်တကူ မူရင်းလင့်မှ "ရှဲ " လုပ်လိုက်လျှင် ရပါလျှက် (ဖေ့စ်ဘုတ်တည်ထွင်သူ၏ အဓိက ရည်ရွယ်ချက်က ဤနည်းဖြင့် လွယ်ကူစွာ ဆက်ဆံနိုင်ရေး ဖြစ်သည်) မူရင်းလင့်ကိုချက်ချင်းသွားလို့မရအောင် ခရစ်ဒစ် ဘာညာဆိုပြီးအပင်ပန်းခံ ပြုမူလုပ်ဆောင်နေခြင်းသည်
    (က) စာဖတ်သူကို စေတနာထားခြင်းကြောင့်  ဖြစ်သည်။
    (ခ) စာရေးသူများကို  စေတနာထားခြင်းကြောင့်  ဖြစ်သည်။
    (ဂ) အချိန်တွေ ပိုနေသောကြောင့် (သို့) အခက်ကြိုက်သောကြောင့် (သို့ ) ဘယ်လိုပေါ်လစီကြီးပါလိမ့် ဖြစ်သည်။


အမှတ်ပြည့်ရသူ များကို  ကျေးဇူးတင်စကား ထိုက်ထိုက် တန်တန် ပြောပါမည်။

(  posted on 28/08/2012 )


ဇင်ဝေသော်


ဂန္တဝင်နဲ့ မော်ဒန်

ခေါင်းဆောင်က တရာနှစ်ရာ
ငယ်သားက တယောက်နှစ်ယောက်
ဘယ်သူ့ခေါင်း ခေါက်ရပါ့
မျက်စိနောက်စရာပါလားနော်။
(တင်မိုး)

အရှင်ဘုရား
သစ္စာရှိသူရော
သစ္စာမဲ့သူတွေပါ
စီရင်ချက်ဟာ အတူတူပဲလား
စမ်းသပ်ပွဲက ရက်ရှည်လွန်းတယ်။
(ပိုင်စိုးဝေ)

“ကား” ကနဲ့ “ဖုန်း” ဆို ကျသွားတော့…

(ရန်ကုန်က ပြန်လာတဲ့ အစ်မကြီးတစ်ယောက်ရဲ့ ကားလမ်းပိတ်ဆို့နေပုံ ဇာတ် လမ်းရှည်ကို နားထောင်လိုက်ရပြီး ရန်ကုန်အမှတ်တရ ဒီဆောင်းပါးဟောင်း ကို ပြန်တင်လိုက်ပါတယ်။ ဆောင်းပါးဟောင်းမို့ အချက်အလက်တချို့လက်ရှိ အနေအထားနဲ့ ကွဲလွဲနေပါလိမ့်မယ်)

မြို့တော်အသစ်အဟောင်းများရှိတဲ့ နိုင်ငံတော်ကြီးဆီကို မပြန်မီလေးမှာ တင် ပဲ Singtel က ဖုန်းဆက်ပြီး mio TV နဲ့ အင်တာနက်လိုင်းတွေ အဆင်ပြေရဲ့ လား၊ ပညာရှင်တစ်ယောက်ယောက် လာရောက် စစ်ဆေးကြည့်ပေးဖို့ လို အပ်ပါသလားလို့ မေးပါတယ်။ ပြဿနာတော့ ကြီးကြီးမားမား မရှိလှကြောင်း၊ လာရောက် ကြည့်ရှုမယ်ဆိုရင် ဘယ်အချိန်မှာ လာရောက်မလဲလို့ မေးေ တာ့ နေ့ခင်း (၁၂) နာရီကနေ (၃) နာရီအတွင်း လာမယ်လို့ ဖြေကြားတယ်။

နောက်တစ်နေ့မှာ သူရောက်လာတယ်။ မီယိုတီဗွီနဲ့ အင်တာနက် (ဝက်ဘ် ဆိုက်) နှစ်မျိုးစလုံး မော်ဒန်းတစ်ခုထဲကနေပဲ သုံးနေတော့ တီဗွီမှာ အနည်း ငယ်ထစ်တာမျိုး၊ အင်တာနက်တက်တာ အနည်းငယ် နှေးနေတာ မျိုး ဖြစ် တတ်ကြောင်း သူက ရှင်းပြ တယ်။ သူကပြောပေမယ့် နှစ်ခုလုံး ပြဿနာ ကြီးကြီးမားမားတော့ မရှိခဲ့ဖူးပါဘူး။ ပြီးတော့ သူက ဆက်ပြောပြတယ်။ mio တီဗွီမှာ မော်ဒန်းတစ်လုံး၊ အင်တာနက်အတွက် မော်ဒန်းတစ်လုံး သီးသန့်စီ ထားသင့်ကြောင်း၊ Singtel ကို ဖုန်းဆက်ရင် မော်ဒန်းအသစ် အလကား လာရောက်တပ်ဆင်ပေးမှာ ဖြစ်တဲ့အကြောင်း ပြောပြရှာတယ်။

ကျနော်ကလည်း ဒီအတိုင်း အလုပ်ဖြစ်နေတော့ သူတို့က အလကား လာ ဆင်ပေးရင်တောင် နောက်ထပ် မော်ဒန်းတစ်လုံး စားပွဲပေါ်မှာ ရှုတ်နေတာ မျိုး မဖြစ်ချင်တာနဲ့
“ကိစ္စမရှိပါဘူး။ ကျေးဇူးပါ။ လိုအပ်ရင် ဖုန်းဆက်ပါ့မယ်”
လို့ ပြောတော့
“ဆင်းတဲ(လ်) က အကောင်းဆုံး ဝန်ဆောင်မှု ပေးချင်လို့ပါ” လို့ ပြောသွားပါသေးရဲ့။

ပထမဆုံး ကျွန်တော် ဆွေးနွေးချင်တာက ဒီကိစ္စပါ။ မျက်စေ့နဲ့ မမြင်ရပေမယ့် အင်တာနက်လိုင်းတွေဟာလည်း လိုတာထက် ပိုသုံးရင် ရှုတ်ထွေးပြီး အဆင် မပြေမှု များစွာ ဖြစ်သွားနိုင်ပါတယ်။

မြို့တော်အသစ်၊ အဟောင်းတွေနဲ့ နိုင်ငံတော်ကြီးဆီ အလည်မပြန်မီ လ ပိုင်းလေးအတွင်းမှာပဲ (၂) သိန်းတန် ဖုန်းတွေ ရောင်းချပေးခဲ့ပါတယ်။ ငါးထောင်တန် ဖုန်းတွေကတော့ ပြောသာပြောနေကြပေမယ့် လက်တွေ့ တကယ်ဖြစ်လာဖို့ အချိန်လိုလိမ့်ဦးမယ်လို့ ထင်ပါတယ်။ နှစ်သိန်းတန် ဖုန်းတွေ ထုတ်ပေးလိုက်တဲ့နောက် ဖုန်းကိုင်နိုင်လာတဲ့ လူဦးရေ ဘယ်နှစ် သန်း တိုးလာသလဲဆိုတာ တိတိကျကျ မသိရပေမယ့် သန်းချီပြီး တိုးလာ မယ် လို့တော့ ခန့်မှန်းလို့ ရတယ်။ အဲ့ဒီအခါမှာ ဖြစ်လာ မယ့် ပြဿနာက ကွန်နက်ရှင်းကိစ္စပါ။ လိုင်းတွေ ပူးကြပ်နေတော့ ဈေးချိုတဲ့ဖုန်းတွေ ဝင်လာ ရင် စောစော က ဈေးကြီး ပေး ဝယ်ထား ရ တဲ့ ဖုန်းလိုင်းကိုပဲ လာရောက် ထိခိုက်ပါလိမ့်မယ်။ အဲ့သလိုဖြစ်လာရင်
“လူကြီးမင်း ခေါ်ဆိုသော ဖုန်းနံ ပါတ်မှာ” ဆိုတဲ့ အမျိုးသမီး ပိုပြီး အလုပ်များ လာစရာ ရှိပါတယ်။

ကျနော့်အတွေးထဲမှာတော့ ငါးထောင်တန်တွေ ဖုန်းတွေများ ထပ်ပြီး ရောင်း ချပေးခဲ့ရင်ဆိုတာနဲ့ “လူကြီးမင်း ခေါ် ဆိုသော”ဆိုတဲ့ အမျိုးသမီးအသံ ထပ်တလဲလဲ ကြားနေမိပါတယ်။

ဒီခေတ်ကြီးထဲမှာ ဟန်းဖုန်းတစ်လုံး ပိုင်ဆိုင်မှုဆိုတာ အမှန်တကယ် လိုအပ် တဲ့ ကိစ္စပါ။ ဒါပေမယ့် ဒီလို ဖုန်းတွေ ဈေးပေါပေါနဲ့ မရောင်းခင် အစိုးရက အမှန်တကယ် လုပ်ပေးရမှာက နည်းပညာအကူအညီနဲ့ ကွန်နက်ရှင်းတွေ ပိုအားကောင်းလာအောင် လုပ်ပေးဖို့ပါ။ မယုံမရှိပါနဲ့၊ ကျနော့်အရှေ့မှာ ထိုင်နေတဲ့ ညီအစ်မ နှစ်ယောက်က မြန်မာပြည်ရဲ့ ဖုန်းလိုင်း ဆက်သွယ် ချက် ကို သရုပ်ပြတဲ့အနေနဲ့ ကျနော့်ရှေ့မှာ ထိုင်ရင်း တစ်ယောက်ရဲ့ ဖုန်းကို နောက်တစ်ယောက်က ခေါ်ပြပါတယ်။ သူတို့ ညီအစ်မနှစ်ယောက် ရဲ့ အကွာအဝေးက တိုးတိုးလေး ပြောတာတောင် ကြားနိုင်ပါတယ်။ ခေါ်နေရင်း “လူကြီးမင်း ခေါ်ဆိုသော ဖုန်းနံပါတ်မှာ” ဆိုတဲ့ အမျိုးသမီးရဲ့ သနားစဖွယ်အသံကို ကြားလိုက်ရလို့ အားပါးတရ ရယ်မိကြပါသေး တယ်။ ငါးထောင်တန် ဖုန်းတွေများ ပေါ်လာခဲ့ရင် …။

မတွေးရဲတော့လို့ ရပ်ထားလိုက်မိတယ်။

မြို့တော်ဟောင်းကို ကျွန်တော်တို့ ရောက်ပြီး ဒုတိယနေ့မှာ ဟော့တ်ဖြစ်ေ နတဲ့ သတင်းက ကားပါမစ်သတင်းနဲ့ ကားဈေးတွေ ထိုးကျသွားတဲ့ သတင်း ပါ။ နိုင်ငံခြားငွေတစ်သောင်း ဘဏ်ထဲမှာ ရှိရင် ပါမစ်မလိုဘဲ ကားတင်သွင်း ခွင့်စတာတွေနဲ့ သတင်းတူဂျာနယ်ကွဲတွေ ဝဲပျံနေကြတယ်။ ဒီသတင်းက လက်လုပ်လက်စား ဆင်းရဲသားတွေနဲ့တော့ သိပ်မဆိုင်လှပါဘူး။ သိန်းထောင်ကျော်တန် ကားတစ်စီးကို သိန်း (၃၅၀) နဲ့ ရောင်းနေလည်း ဆင်းရဲသားတစ်ယောက်ကတော့ ဝယ်မစီးနိုင်ပါဘူး။ ဒါပေမယ့် သူတို့လည်း ဒီသတင်းကို စိတ်ဝင်တစား ဖတ်နေကြတာ တွေ့ရတယ်။

တစ်ချို့ကလည်း ကားတစ်စီးကို သိန်း (၅၀) လောက်နဲ့ ရရင် တို့လည်း ကားစီးနိုင်ပြီလို့ ကြုံးဝါးနေကြတယ်။ သူတို့ ကြုံးဝါးသံကို ကြားပြီး ကျွန်တော့် အတွေးက မြို့တော်အဝင် ဟွန်းသံတွေနဲ့ ဆူညံနေတဲ့ ကားတန်းကြီး ဆီ ကို ရောက်သွားပြန်ပါတယ်။

“ဂိတ်ကို ရောက်ဖို့ ဘယ်လောက် ကြာနိုင်သလဲ အကို”
“ပုံမှန်တော့ တစ်နာရီခွဲနဲ့ နှစ်နာရီလောက်ထိ ကြာတယ်”
“လမ်းကြောရှင်းရင် ဘယ်လောက် ကြာအောင် မောင်းရမလဲ”
“အလွန်ဆုံး မိနစ်နှစ်ဆယ်ပေါ့ကွာ”

“ဖုန်း” ကိစ္စတုန်းက အတိုင်းပါပဲ။ ကျွန်တော် (ကိုယ့်ကိစ္စ မဟုတ်ပါဘဲ) ခေါင်း နည်းနည်း ကိုက်သွားပြန်တယ်။ ကားအရေအတွက်က အရှိန်အဟုန်ေ ကာင်းကောင်းနဲ့ တိုးနေတယ်။ ကျွန်တော်တို့ အညာမပြန်ခင် နောက်ဆုံး နံပါတ်ဖြစ်တဲ့ ၃ - ဃ တွေက ရန်ကုန်လည်း ပြန်ရောက်ရော ၄ - ဃ တွေကို မျက်နှာငယ်လေးတွေနဲ့ ကြည့်နေကြတယ်။ ဦးလေး တစ်ယောက် က ပြော တယ်။ လကုန်ပိုင်းလောက်ဆိုရင် ၅ - ဃ တွေ ထွက်လာတော့မယ် တဲ့။

ကားတွေက တိုးလာချိန်မှာ လမ်းတွေ တိုးလာတာ မတွေ့ရဘူး။ ဒါဆိုရင် မြို့တော်ရဲ့ ယာဉ်ကြော ပိတ်ဆို့လာနိုင်မှုက ဗေဒင်မလို၊ နတ်ဆရာမလိုဘဲ ထုတ်လို့ရတဲ့ အဖြေ ဖြစ်သွားတယ်။

စင်္ကာပူကျွန်းငယ်လေးရဲ့ သုံးပုံတစ်ပုံက ကားလမ်းတွေတဲ့။ ဒါတောင်မှ ယဉ်ကြောပိတ်ဆို့မှု့တွေ မကြာမကြာ ဖြစ်နေလို့ အများသုံး ဘက်(စ်)ကား၊ MRT တို့နဲ့ ခရီးသွားကြဖို့ အစိုးရက အမြဲတမ်း အားပေးနေရတယ်။ ကား အခွန်တွေ အဆမတန် တင်ထားရတယ်။ ဒါပေမယ့် ကားဝယ်စီးသူဦးရေက သိသိသာသာ လျော့မသွားဘူး။

ဆင်းရဲသားတိုင်း သိန်းငါးဆယ်လောက်နဲ့ ကိုယ်ပိုင်ကား ဝယ်စီးစေချင်ပေ မယ့် ကြပ်လာမယ့် ယာဉ်ကြောတွေကိုတော့ ရင်မောမောနဲ့ ခံစားနေမိ တယ်။ ပြုပြင်ပြောင်းလဲနေတဲ့ အစိုးရ လုပ်ရမယ့် အလုပ်က ကိုယ်ပိုင်ကားေ တွ၊ ဇိမ်ခံကားတွေ တင်သွင်း ခွင့် ပျော့လျော့ပေး တာ မဟုတ်ဘဲ လမ်းတွေ ပိုကျယ်လာအောင်၊ ပိုကောင်းလာအောင် လုပ်ပေးဖို့၊ လူထုသုံး ဘက်(စ်) ကားတွေ အဆင့်မီမီ ပြေးဆွဲနိုင်ဖို့တွေ လုပ်ပေးရမှာလို့ ထင်ပါတယ်။ ကိုယ် ပိုင် ကားဈေးတွေ ကျလေလေ၊ ယာဉ်ကြော ပိတ်ဆို့မှု များလေလေဆိုတာ တိုးတက်တဲ့နိုင်ငံတိုင်း ကြုံတွေ့နေရတဲ့ လမ်းပေါ်က ပြဿနာပါ။

ငါးထောင်နဲ့ ဖုန်းတစ်လုံးရရင်၊
သိန်းငါးဆယ်နဲ့ ကိုယ်ပိုင်ကား ဝယ်စီးနိုင်ရင်၊

ရွေ့လို့မရတဲ့ ကားတန်းကြီးနဲ့
“လူကြီးမင်း ခေါ်ဆိုသော ဖုန်းနံပါတ်မှာ…” ဆိုတဲ့ အသံကို ကြေကွဲစွာ ကြားယောင်နေမိတယ်။

နည်းပညာကမတိုး ဖုန်းကတိုး။ ကားလမ်းကမတိုး ကားကတိုး။ ဝင်ငွေက မတိုး စားဝတ်နေရေး စရိတ်ကတိုး။ သမ္မကြီးတို့ အစိုးရရဲ့ တာဝန်တွေကို စာနာစွာ နားလည်မိလိုက်ပါတယ်။ ဒါနဲ့ပဲ မြို့တော်အဝင်မှာ စိုင်းထီးဆိုင်ရဲ့ သီချင်းလေးကို ညည်းလိုက်မိတယ်။

“ရန်ကုန်တော့ ဖြည်းဖြည်းပေါ့... ရန်ကုန်တော့ ဖြည်းဖြည်းပေါ့...ရန်ကုန်မြို့ကြီး ထွက်မပြေးပါဘူး...”

“ဆက်သွယ်ရေး ဧရိယာသည် လူကြီးမင်း ခေါ်ဆိုသော ဖုန်းနံပါတ်နှင့် မဆက်သွယိမိပါသဖြင့် …”

အက္ခရာသင်္ချာတွက်ကိန်း

ဒီစာကို The World Joke Bookထဲမှာ ပထမဆုံးဖတ်ရတော့ အူကြောင်ေ ကြာင်လို့ ထင်မိတယ်။ တကယ် လက်ရှိ အခြေအနေနဲ့ တိုက် ကြည့်တော့ မဆိုးလှဘူး၊ ဗေဒင်လောက် မှန်နေတာ တွေ့ရတယ်။
အက္ခရာတွေကို အစဉ်လိုက် နံပတ်ပေးပြီး ပေါင်းလိုက်တာပါ။ ဘယ်သူ အမှတ်အများဆုံးရသလဲပေါ့။

ဒီ အစဉ်အတိုင်းပါ။ ၁ ကနေ ၂၆ အထိ။
A=1, B=2, C=3, D=4, E=5, F=6, G=7, H=8, I=9, J=10, K=11, L=12, M=13, N=14, O=15, P=16, Q=17, R=18, S=19, T=20, U=21, V=22, W=23, X=24, Y=15, Z=26.

ဥပမာ အမျိုးသားဆိုရင်
Man, 13 (M)+1 (A) +14 (N)=28

အလုပ် ကြိုးစားမှုကို အရင်ကြည့်ရအောင်
H A R D W O R K=
8+1+18+4+23+15+18+11= 98%
၉၈ ဆိုတော့ မဆိုးဘူးပေါ့။

ပညာတတ်ကျတော့ နေရာ မရပြန်ဘူး။
K N O W L E D G E=
11+14+15+23+12+5+4+7+5= 96%
နိမ့်သွားတယ်။

စိတ်နေသဘောထားကတော့ လက်ရှိ တော့ပ် ပါပဲ။
A T T I T U D E=
1+20+20+9+20+21+4+5=100%
သူက ရာနှုံးပြည့်။

ပြဿနာက ဒီမှာ။ ဘူးရှစ်တွေက ထိပ်ဆုံးရောက်နေတော့ အားလုံး ပျက် ကရော။
B U L L S H I T=
2+21+12+12+19+8+9+20= 103%
ရာနှုံးကို ကျော်သွားတယ်။

မဟာဂန္ဓာရုံဆရာတော်ကြီးကလည်း "ထု" တယ်

ဂန္ဓာရုံဆရာတော်ကြီးရဲ့ ခေတ်ပြိုင်ဆရာတော်တချို့က သူ့ကို ထုကြသလို ဆရာတော်ကလည်း (ဓမ္မနည်းနဲ့) ပြန်ပြန်ထုတယ်။

"တရားသဘောတွေက သူ့သဘာဝအတိုင်း ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် အူလည် လည်ကြီး ဖြစ်သွားရော၊ အဂ္ဂိယတ်သမားနဲ့ ဂိုဏ်းသမားတွေလည်း ဒီလိုပါ ပဲ၊..... ပေါက်ရင်ပေါက် မပေါက်ရင် ရူးရောပဲ။..... သာသနာက စာပါမှ သူမပါရင် မကြာခင် ကွယ်သွားမယ်။
အလှူအတန်းတွေချည်း လိုက်နေတာက သာသနာပြု မဟုတ်ဘူး၊ သာသနာ "ထု" နေတာ" တဲ့။

ဒီ "ထု" ချက်က တချို့ တော်တော်ထိမယ်။ လက်ရှိအချိန် ဆရာတော်ရှိရင် ဘယ်လို မိန့်မလဲမသိဘူး။ ပြုလား ထုလား။

လူရိုင်းတွေနေတဲ့ တိုင်းပြည်ဖြစ်နေပြီ - ဘုန်းကျော် (ၾသစေတ်းလ်)

"အီးမေးထဲက နိုင်ငံတော်" ပြောရမလားပဲ၊ ဖတ်ကောင်းလို့ ထပ်ရှယ်လိုက် ပါတယ်။ မူရင်း သတ်ပုံအတိုင်းပဲ၊ သတင်းပေး၊ အင်ဖိုပေးရာမှာလည်း ပြုံးစ ရာလေးတော့ ပါမှပေါ့။ ဒီစာက ပြုံးရတယ်။
(ကမ်းလက်)


ကိုယ့်တိုင်းပြည်နဲ့ လူမျိုးအကြောင်းကို အပြစ်ချည်းပဲ မြင်တာတော့ မဟုတ် ဘူး။ သူများတွေနဲ့ ယှဉ်ပြီးတွေ့ မိတာကိုပြောပြတာ။ အမြင်မတော်လို့ ဆိုရင် ပိုမှန်လိမ့်မယ်။ မြန်မာတွေဟာ အရမ်းကိုယဉ်ကျေးပါတယ်။ သိမ်မွေ့ ပါတယ်။ ဘာသာတရားကိုအရမ်းကိုင်းရှိုင်းသလို၊ လူကြီးသူမတွေကိုလည်း လေးစား ပါတယ်လို့ ဆိုပြီးပြောနေကြစကားတွေကို ပြောချင်ပေမဲ့၊ အဆဲခံပြီး အဲဒါ နဲ ဆန့် ကျင်ဘက်စကားတွေကိုပဲ ပြောပါရစေ။

နိုင်ငံခြားမှာအနေကြာလို့ တော့မဟုတ်ဘူး။ နိုင်ငံခြားမှာတွေ့ ဘူး၊ ဆက်ဆံ ဘူးတဲ့ လူမှု့ ပတ်ဝန်းကျင်နဲ့ မြန်မာ့ပတ်ဝန်းကျင်ကို နှိုင်းယှဉ်တာပါ။
လက်တွေ့ ကြုံရလို့ ပါ။ နိုင်ငံခြားမှာအနေကြာလို့ များ မြန်မာနိုင်ငံထဲက မြန်မာလူမျိုးနဲ့ ဝေးနေလို့ များလားဆိုပြီး ခဏခဏစဉ်းစားကြည့်ပါတယ်။ ဘယ်လိုပဲ စဉ်းစား၊ စဉ်းစား။ အဖြေကတော့ မြန်မာလူမျိုးတွေ အတော့်ကိုရိုင်းနေတယ်။ အားလုံးတော့မဟုတ်ဘူး။

မြန်မာပြည်နဲ့ ဝေးပြီး ၁၅-နှစ်အကြာ ရန်ကုန်လေဆိပ်ကနေ ဆင်းဆင်း ချင်း လေဆိပ်ဝန်ထမ်းတွေရဲ့ ဆက်ဆံရေးက ဖော်ရွေမှု့ မရှိတာကို စတင်ေ တွ့ ရတယ်။ ကာစတန်ဝန်ထမ်းအမျိုးသမီး ဟောက်တာကိုခံရတယ်။ သူ များနိုင်ငံက လေဆိပ်ဝန်ထမ်းနဲ့ ကာစတန်ဆို ရင် တွေ့ေ တွ့ ခြင်း နေေ ကာင်း လားဆိုပြီး ပြုံးရွှင်တဲ့မျက်နှာနဲ့ ဝန်ထမ်းတွေက ဧည့်သည်ကို ကြိုဆို တာ ခံခဲ့ ဘူးတယ်။ ဒီလိုဆက်ဆံရေးမျိုးကိုတွေ့ ရတော့ စိတ်အေးချမ်းတာပေါ့။ အခုကြတော့ ရန်ကုန်လေဆိပ်ကိုရောက်တဲ့အချိန်မှာ လူက ပင်ပန်းနေတဲ့ အပြင် လေဆိပ်က ၀န်ထမ်းတွေရဲ့ ဆက်ဆံရေး ကိုတွေ့ တော့ အမောပါဆို့  တယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်ဘူး။ လေ ဆိပ်ထဲမှာ ခရီးဆောင်အိတ်ကို ထမ်းပါရစေဆိုတဲ့လူတွေကို ငြင်းရတာလည်း အမောပဲ။

တက္ကစီပေါ်ရောက်တော့လည်း တက္ကစီသမားရဲ့ ကျသင့်နှုံးထက် ပိုတောင်း တဲ့ ဈေးနှုံးကိုတွေ့ ရပြန်တယ်။ တက္ကစီထဲမှာ ကွမ်းတံတွေးတဗျစ်ဗျစ်နဲ့ ။ သန့် ရှင်းသတ်ရပ်တဲ့တိုင်းပြည်တော့ ဖြစ်အုံးမယ်။
ဟိုတည်ရောက်တော့ တက္ကစီလိုပဲ။ နိုင်ငံခြားသားကဈေးနှုံး တမျိုး။ မြန် မာနိုင်ငံသားဈေးနှုံးတစ်မျိုး။ မြန်မာတွေထင်နေတာက နိုင်ငံခြားသားက အရမ်းချမ်းသာတယ်လို့ များထင်နေလားမသိဘူး။ ဘာ့ကြောင့်များ ဈေးနှုံးကို အတူတူမသတ်မှတ်တာလဲမသိဘူး။ ဒါကိုမြင်တွေ့ ခံစားရတော့ ဒေါသ မ ထွက်ပဲနေပါ့မလား။

ဘုရားဖူးထွက်တော့လည်း တွေ့ ပြန်ပြီ။ နိုင်ငံခြားကလာလို့ တဲ့။ ကားငှားခ က နှစ်ဆလောက်ဖြစ်နေတယ်။ ဘုရားပေါ်မှာ ဓာတ်ပုံရိုက်ဖို့ လုပ်တော့ ကင်မရာအခွန်ဆောင်ပါဆိုပြီး အကြွေးတောင်းသလို လိုက်ပြီးတောင်း ကြ တယ်။ အဲဒိကင်မရာအခွန်ကိုနိုင်ငံတော်အစိုးရက ရလားဆိုတော့မရဘူး။ ကန်ထရိုက်ဆွဲထားတဲ့လူတွေကိုပေးရတယ်လို့ ဆိုပြီး ၀န်ထမ်း အမျိုးသမီး ကပြောတယ်။ ဘယ်က ကန်ထရိုက်လဲမသိဘူး။ ကင်မရာအခွန်ကောက်တာဆိုလို့ မြန်မာပြည်တစ်ခုပဲရှိမယ်ထင်တယ်။ အတော့်ကို ရုပ်ဆိုးပြီး ရှက်စရာကောင်းတဲ့ ကင်မရာအခွန်။

ဘုရားတွေမှာ အလှူခံတာကလည်း ဓားပြတိုက်သလိုပဲ။ နိုင်ငံခြားသားတွေ ကို ဈေးရောင်းတာက ဈေးရောင်းတာနဲ့ မတူပဲ အတင်းလုနေသလို။ သူငယ် ချင်းနိုင်ငံခြားသူတစ်ယောက်က ဘာပြောလဲဆိုရင် အရမ်းကို စိတ်အနှောက် အယှက်ဖြစ်ရတယ်လို့ ပြောတယ်။ သူတို့ လိုလူမျိုးခြားတွေ စိတ်အနှောက် အယှက်ဖြစ်ရတယ်ဆိုရင် ကျနော်တို့ လိုလူမျိုးတူတွေက ဒေါသအရမ်းထွက် ရပါတယ်။
ဘာပစ္စည်းပဲ ၀ယ်ဝယ်ဈေးနှုံးက လုံးဝမတူဘူး။ မော်လမြိုင်မှာ ဟင်းချက်စား ဖို့ ငါးဝယ်တော့ နိုင်ငံခြားကလာလို့ တဲ့ ဈေးက နှစ်ဆလောက်တင်ထားတယ်။ ယောက်ခမ၀ယ်တော့ ဈေးကတစ်မျိုး။ ဈေးရောင်းတဲ့လူနဲ့ ကျနော်တို့ က တစ်ရပ်ကွက်ထဲ။ နေ့ တိုင်းမြင်တွေ့ နေရတဲ့လူအချင်းချင်းတောင် လိမ် လိုက်သေးတယ်။ ပုံမှန်ဈေးတင်ရောင်းတော့ ဘာဖြစ်မှာမို့ လို့ လဲ။ အလေးက လည်း ခိုးသေး။

ဘက်စ်ကားတိုးစီးတော့ စပါယ်ရာဆဲတာကို ခံရတယ်။ ကားပေါ်ကိုဆွဲတင် တုန်းကတော့ မျက်နှာကတမျိုး။ အဆင်းမှာတော့ တွန်းချတယ်။ ကျောက်ေ ပါက်မာနဲ့ စပါယ်ယာသမားရဲ့ ပါးစပ်က မိုးမွှန်နေအောင်ဆဲတယ်။ အသက် ကြည့်တော့ ငယ်ငယ်လေး။ ကားပေါ်က ခရီးသည်တွေက အရွယ်ပေါင်းစုံ။ အပျိုအရွယ်မိန်းခလေးတွေနဲ့ ဘုန်းကြီးတွေကိုမှ အားမနာ ဆဲလိုက်တာများ သူတစ်ယောက်တည်းနေတာကြနေတာပဲ။ ပါးစပ်ကလည်း ကွမ်းတဗျစ်ဗျစ်။ သနားစရာနဲ့  ချစ်စရာတကွက်မှမကောင်းတဲ့ မြန်မာပြည်က ဆင်းရဲသားဗျာ။

ဘုရားနားမှာ အသုတ်စုံရောင်းတဲ့မိန်းမနဲ့ စားပွဲထိုး။ ဘယ်လောက်ထိအောင် ဆိုးလဲဆိုရင် သူ့ ဆိုင်မှာစားဖို့ အတွက် လူခေါ်တာများ၊ ရန်ဖြစ်သလိုပဲ။ အော် ကြီးဟစ်ကျယ်နဲ့ ။ လာပါစားပါဆိုတဲ့ စကားလုံးတွေဟာ သူ့ ပါးစပ်က ထွက် လာလိုက်တော သေနတ်နဲ့ ပစ်သလားတောင်ထင်ရတယ်။ ဆက်တိုက်ပဲ။ သူ့ ဆိုင်မှာစားတော့ အကိုကြီးဆိုတဲ့ စကားလုံးကို ပါးစပ်က မချဘူး။ မစားတော့ သူ့ မျက်နှာက ထပြီးရိုက်တော့မဲ့ပုံပဲ။

မဟာမြတ်မုနိဘုရားမှာ သင်္ကန်းဝတ်ထားတဲ့ ဘုန်းကြီးနှစ်ပါးဟာ နှစ်ရက်ရှိပြီး ဆွမ်းမစားရသေးလို့ ပါဆိုပြီး လိုက်တောင်းတော့ လှူခဲ့ပါတယ်။ နောက်မှ သူငယ်ချင်းတွေ ရှင်းပြတာက သင်္ကန်းဝတ်ပြီး လုပ်စားတာလို့ ရှင်းပြတယ်။ ဒီလောက်သန်သန်မာမာနဲ့ လူတွေဟာ လက်မပါသလိုပဲ။ အတော့်ကို အံ့သြရပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှုးဆိုတဲ့ လူက ရှစ်တန်းတောင်မအောင်ဘူး။ သူက ဥက္ကဌ။ လူကိုဆက်ဆံတဲ့ပုံစံက သူ့ ထမင်းကို အလကားထိုင်စားနေတဲ့ပုံစံနဲ့ ။ သူ့ ဘေးနားမှာကလည်း လူမိုက်လိုလို ဆယ်အိမ်ခေါင်းနဲ့ ရာအိမ် မှုး၊ ပေါင်း စားကြတာကိုတွေ့ ရတော့ ဒီလိုတွေးမိခဲ့တယ်။ ဦးသိန်းစိန်ရဲ့ သန့် ရှင်းသော အစိုးရဟာ သူတို့ လိုလူမျိုးတွေကြောင့် နာမည်ပျက်ရတော့မယ်။ သူတို့ က အောက်ခြေထုနဲ့ အဓိက ထိတွေ့ ရတဲ့ အာဏာပိုင်တွေပဲ။ နိုင်ငံခြား မှာဆိုရင် အဲဒါက Local Government လို့ ခေါ်တယ်။

နိုင်ငံတကာအဆင့်မှီရဲတပ်ဖွဲ့ ဖြစ်နိုင်ခြေရှိလားမရှိလားမရှိတော့ မသိဘူး။ လှိုင်သာယာမှာတွေ့ ခဲ့တဲ့ ရဲတပ်သားက မှုးနေပြီး ပတ်စ်ပို့ ပြဆို လို့ ပြခဲ့ ဘူးတယ်။ ထိုင်းမှာလိုမျိုး သူက လက်မှတ်ရှိမရှိ စစ်တဲ့ပုံစံနဲ့ ။ လူကြည့်တော့ စကားပြောစက်တစ်လုံးကိုင်ပြီး မှုးနေတယ်။ အင်္ဂလိပ်လိုရေးထားတဲ့ ပတ်စပို့ သတ်တမ်းကုန်တဲ့ရက်ကိုတော့ မဖတ်တတ်ဘူး။ ဘယ်လောက် အဆင့်ရှိတဲ့ရဲလည်းဗျာ။ သြော်..ဒုက္ခ။

ဗီဇာသက်တမ်းတိုးဖို့ အတွက် ခရီးတွေအတော်သွားရတယ်။ မော်လမြိုင်က လ၀ကဆိုတဲ့ ပညာရှင်တွေက Immigration ဖြစ်ပြီး၊ သက်တမ်းတိုးတာကို နားမလည်ဘူး။ သူတို့ ရဲ့ ကျွမ်းကျင်မှု့  Immigration ဖြစ်ပြီး၊ ဘာဖြစ်လို့ များ သက်တမ်းတိုးတာကို အစိုးရက မသင်ပေးတာလဲ။ လ၀က ရုံးထဲမှာတော့ ကုလားတွေအများကြီးပဲ။ ဒါကြတော့ နားလည်ပုံရတယ်။ မော်လမြိုင်ကနေ ရန်ကုန်။ ရန်ကုန်မှာ သုံးဆင့်လောက်ဖြတ်ပြီး လူလည်းပန်း၊ ငွေလည်းကုန်၊ လ၀က ၀န်ထမ်းတွေဟောက်တာကို ခံရပေမဲ့ သက်တမ်းတော့ မတိုးဖြစ် ခဲ့ဘူး။

နောက်ဆုံးဒေါ်လာ ငါးရာလောက်အကုန်ခံပြီး လေဆိပ်အထွက်မှာပဲတင် တုံးထုခဲ့ရပါတယ်။ တုံးထုတဲ့အချိန်မှာ သုံးရစ်နဲ့ လ၀က ပါးစပ်ကကွမ်း တ ဗျစ်ဗျစ်နဲ့ မျက်နှာက မှုံသုန်နေတယ်။ ကွန်ပြူတာလည်းမရှိတဲ့ သူ့ ရုံးခန်းထဲ မှာ သူ့ ဆရာက ဘယ်လောက်စားထားလဲမသိဘူး။ ၀ဖြိုးနေတာပဲ။ Cash လို့ ခေါ်တဲ့ ဒေါ်လာတွေကိုင်ကြတယ်။ ဘယ္လုိမ်ဴိး Transparency ရွိလဲေ တာ့မသိဘူး။ အစိုးရက ၀င်ငွေရလားမရလားမသိဘူး။ သူ့ ခေါင်းထဲမှာရှိပုံက ဒီပိုက်ဆံတွေက ငါ့ဟာတွေဆိုတဲ့ပုံစံနဲ့ ။

စင်္ကာပူနိုင်ငံသားတစ်ယောက်ကလည်း သူလည်း သက်တမ်း တစ် ရက်နောက်ကြလို့ သုံးဒေါ်လာဆောင်ရတယ်။ သူက သုံးဒေါ်လာအကြွေပဲ ပါတယ်။ ဒါကိုပေးတော့ လ၀က ကိုယ်တော်ချောတို့ က မယူဘူး။ အတန် အရွက်မှ ယူမယ်ဆိုလို့ စင်္ကာပူနိုင်ငံသားခင်ဗျား လေဆိပ်တစ်ခုလုံး လိုက်ပြီး လဲတာ ဘယ်ကောင်တာမှ အကြွေမယူဘူး။ အံ့ပါရဲ့ ဗျာ။ အကြွေလည်း ငွေ မဟုတ်ဘူးလား။
နောက်ဆုံးတော့ ကျနော်ပဲ ထုတ်ပေးလိုက်ပါတယ်။ သူ့ ခင်ဗျားကျေးဇူးတင်လွန်းလို့ အလေးတောင်ပြုသွားသေးတယ်။

နိုင်ငံတော်အစိုးရက လူကြီးမင်းများကတော့ စေတနာတွေဗရပွနဲ့ တိုင်းပြည် တိုးတက်အောင်လုပ်နေပါတယ်။ နိုင်ငံခြားက ပညာရှင်တွေနဲ့ အရင်း အနှီးတွေကိုဖိတ်ခေါ်ပြီး ကိုယ့်လူတွေတိုးတက်အောင်လုပ်နေပေမဲ့ ၀န် ထမ်းတွေနဲ့ ပြည်သူတွေရဲ့ စရိုက်ကိုမပြောင်းရင်တော့ အရွေ့ ဆိုတဲ့ဟာကြီး လည်း ဘယ်တော့မှ ရွေ့ ပါ့မလဲမသိဘူး။

ရန်ကုန်လေဆိပ်ကနေထွက်၊ စင်္ကာပူလေဆိပ်ကိုဝင်တဲ့အခါမှ သက်ပြင်းချရ ပါတယ်။ စင်္ကာပူကနေ တဆင့်သြစတျေးလျရောက်ရောက်ခြင်း မြန်မာေ တွနဲ့ ပက်သက်ပြီးတွေးမိတာက မြန်မာလူမျိုးတွေဟာအတော်ရိုင်းတာပဲလို့ ။
ကိုယ့်အချင်းချင်းဒီလိုပြောလို့ စိတ်ဆိုးလည်း မတတ်နိုင်ဘူးဗျာ။

ဘုန်းကျော် (ၾသစေတ်းလ်)
၁၁၊ ၆၊ ၂၀၁၃

The Light of Asia

ကဗျာဆရာကြီး ဆာ အက်ဒွင် အာနိုးရဲ့ The Light of Asia ကို ဆယ်ကျော် သက်ဘဝကတည်းက ကြားဖူးခဲ့ပေမယ့် အချိန် အတော်ကြာ (၃၀ ကျော် သည် အထိ) မဖတ်ခဲ့၊ မဖတ်နိုင်ခဲ့ပါဘူး။ အဓိက ကတော့ စာအုပ် လက် လှမ်းမမီမှုပါ။ အခုစာအုပ်ရှိလို့ ဖတ်ပြန်တော့လည်း "သူ့ရေးဖွဲ့ပုံနဲ့ သူ့စကား လုံးတွေကို ပြည့်ပြည့်ဝဝ နားလည်ခံစားနိုင်သလား" ဆိုရင် "Yes and No" ပါ။ ခံစားလို့ ရတယ်ဆိုရုံလောက်ပဲ ရှိပါတယ်။ ဆရာကြီး မောင်သာနိုး ကိုယ် တိုင်လည်း စာမျက်နှာ ၁၉၀ ကျော် ကဗျာရှည်ကြီးကို အပြီး မပြန်နိုင်သေးဘူး ထင်ပါတယ်။ (အမှတ်မှားရင် ခွင့်လွှတ်ပါ)

နောက် တစ်ချက်က ကဗျာဆရာရဲ့ ခံစားမှု ဝိဉာဉ်ကို ထေရဝါဒ ပေတန်နဲ့ တိုင်းတာတတ်ကြခြင်းပါ။ တကယ် မလိုအပ်တဲ့ ကိစ္စလို့ ယုံကြည်မိပါတယ်။

ဖတ်ရှုခံစားကြည့်ပါ။ အခု သူဖွဲ့စပ်တဲ့ ငါးပါးသီလကို ကျနော် တင်ပေးလိုက် ပါတယ်။ ဘာသာပြန် ပေးမထားပါဘူး။ ပြန်လည်း မပြန်ရဲပါဘူး။

(ဇင်ဝေသော်)

More is the treasure of the Law than gems;
Sweeter than comb its sweetness; its delights
Delightful past compare. Thereby to live
Hear the Five Rules aright:-

Kill not- for Pity's sake- and lest ye slay
The meanest thing upon its upward way.

Give freely and receive, but take from none
By greed, or force or fraud, what is his own.

Bear not false witness, slander not, nor lie;
Truth is the speech of inward purity.

Shun grugs and drinks which work the wit abuse;
Clear minds, clean bodies, need no Soma juice.

Touch not thy neighbour's wife, neither commit
Sins of the flesh unlawful and unfit.

မြန်မာတွေ ခေါ်ဝေါ်မှု မှန်ကန်ကြောင်း သိပ္ပံပညာ (DNA) ထောက်ခံ

မင်းတုန်းမင်းကြီး လက်ထက်ကတည်းက မြန်မာပြည်ကို သိမ်းယူဖို့ ပြူ တစ် ပြူတစ်လုပ်နေတဲ့ ဗြိတိသျှတွေကို မြန်မာတွေက ကုလားဖြူလို့ ခေါ်ခဲ့ ပါတယ်။ အဲဒီ ခေါ်ဝေါ်မှု မှန်ကန်ကြောင်း အခု သိပ္ပံပညာက ထောက်ခံ လိုက်ပါပြီ။
လက်ရှိ ဗြိတိသျှ ဘုရင်မကြီး အလစ်ဇဘက်ရဲ့ ဘိုးစဉ်ဘောင်ဆက်တွေဟာ အိန္ဒိယက အထက်တန်းလွှာ မျိုးနွယ်ဆက်ဖြစ်တဲ့ ဂုဂျာရတ် (Gujarat) တွေ ကနေ ဆင်းသက်လာတာလို့ အက်ဒင်ဘတ် တက္ကသိုလ် (University of Edinburgh) DNA ဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင်တွေက တွေ့ရှိ၊ ဖွင်ချ လိုက်ပါပြီ။
ဒီသတင်းက ကံဆိုးချင်တော့ ဘုရင်မကြီး အလစ်ဇဘက်ရဲ့ မြစ်တော်ေ လး မွေးဖွားတာနဲ့ တိုက်ဆိုင်သွားပြီး သူ့ကို လူတွေ အာရုံမစိုက်နိုင်အောင် ဖြ စ်သွားရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် DNA အရကတော့ ကုလားဖြူလေး တစ်ယောက် မွေးလာတာပါပဲ။

သိပ္ပံဆိုတော့လည်း သိပ္ပံပေါ့။ ဒါပေမဲ့ တော်ဝင် မိသားစုဟာ အိန္ဒိယက အထက်တန်းလွှာ မျိုးနွယ်ဆက်တွေပဲဖြစ်ရမယ်ဆိုတာကို ဒီအချက်တွေ ကြည့်ရင် အလွယ်တကူ သိနိုင်ပါတယ်။

၁။ သူတို့ လက်ထပ်မင်္ဂလာပွဲတွေဟာ အဆမတန်ကြီးကျယ်ပြီး ငွေ ကုန်ကြေးကျ များလွန်းတယ်။
၂။ အိန္ဒယဟင်းဖြစ်တဲ့ Curry ကို နိုင်ငံတော်ဟင်းအဖြစ် သတ်မှတ်ခဲ့တယ်။
၃။ တော်ဝင်မိသားစုတွေရဲ့ လိုက်ဖ်စတိုင်ကလည်း အငို၊ အရယ်တွေနဲ့ ဘောလီးဝုဒ် ဆုပ် အော်ပရာတွေနဲ့ တစ်ထပ်တည်း။
၎။ ချားလ်စ်မင်းသားဆိုရင် လူမမြင်ချိန်မှာ သစ်ပင်တွေကို ပတ်ပြေးရင်း 'က' နေတတ်တယ်။ (တခါတခါ အဝတ်အစား ပါတယ်)
၅။ မိသားတစ်စုလုံးဟာ ပြောင်ပြောင်လက်လက် အဆောက်အအုံတွေ ထဲမှာပဲ နေလို့ရတယ်လို့ ထင်နေတယ်။
၆။ မိသားတစ်စုလုံး အလုပ်ရယ်လို့ တစ်ယောက်မှ မယ်မယ်ရရ မရှိ။
၇။ ၂၁ ရာစုထဲရောက်နေတာတောင် အိမ်ကြီးမြိုင်လယ်မှာ ရာချီရှိတဲ့ အလုပ် အကျွေးတွေနဲ့ နေတာဟာ ဘာမှ အမှားအယွင်းမရှိဘူးလို့ ထင်ကြ တယ်။
၈။ ကလေးတွေကလည်း ပညာရေးမှာ လုံးဝ မစွံ၊ ဒါပေမဲ့ ကျောင်း၊ တက္က သိုလ် အကောင်းစားတွေမှာ တက်ခွင့်ရတယ်။
၉။ အဝတ်အစား ပြောင်ပြောင်လက်လက်တွေကို အမျိုးသမီးတွေထက် အမျိုးသားတွေက ပို သဘောကျတယ်။
၁၀။ ဘာမှမလုပ်လည်း သူတို့ဟာ သူများရဲ့ အရိုအသေကို အလိုလို ခံထိုက်ပြီးသားလို့ ယုံကြည်ကြတယ်။

DNA တွေ မပေါ်ခင်ကတည်းက သူတို့ တတွေဟာ (အသားဖြူတဲ့) ကုလားတွေလို့ မြန်မာတွေက သိခဲ့ပြီးသားပါ။ ဂုဏ်ယူစရာ မကောင်းဘူးလား။

သမ္မတကြီးတကယ်ရိုးသားခဲ့ရဲ့လားဖွင့်ဟချက် (ရဲရင့်ငယ်)

အီးမေးထဲက သမ္မတနဲ့ သမ္မတအိမ်တော် ကောက်ကြောင်းပါ။

ဒီမိုကရေစီ ကျကျဆိုရင်တော့ သမ္မတအိမ်တော်ဟာ ဦးသိန်းစိန်အိမ် မဟုတ်ပါဘူး၊ ဟုတ် လို့လည်း မရဘူး။ ပြည်သူကတင်မြှောက်တဲ့ ဘယ် သမ္မတမဆို တက်နေ ရ မယ့် အိမ်ပါ။ အမေရိက က အိမ်ဖြူ၊ တောင်ကိုရီးယားက အိမ်ပြာတို့လိုပေါ့။ အိမ်ဖြူဆို မစ္စတာ ခြုံပုတ် သမ္မတဖြစ်တော့ ခြုံပုတ်က အိမ်ဖြူတော်ထဲေ ရာက်၊ အခုဆို အိမ်က အဖြူ၊ တက်ပြီးနေနေတာက လူညိုသမ္မတ။ (မြန်မာ့အရေးကို စိတ်ဝင်စားတာရယ်၊ မြန်မာပြည် အလည်သွားတာ ရယ်၊ မြန်မာသမ္မတကို အိမ်ဖြူလာဖို့ ဖိတ်တာရယ်ကြောင့် သူ့ကို လူညို လို့ပဲ ခေါ်ပါတယ်၊ မဟုတ်ရင်တော့ လူမည်းပေါ့)။ အိုဗမာ နေလို့ အိမ်ဖြူကို အိမ်ညိုလုပ်လို့ မရပါဘူး။
စိတ်ဝင်စားလို့ အချိန်ပေးနိုင်ရင် ဓာတ်ပုံတွေ ဝေဝေဆာဆာနဲ့ ရှုစားနိုင်ဖို့
http://www.yeyintnge.com/2013/07/blog-post_22.html ဆီ သွားရောက်နိုင်ပါကြောင်း၊ ကွန်မင့်များ ပေးနိုင်ကြောင်း ။ ။

(ကမ်းလက်)

ဆောင်းပါးတပုဒ်ဖတ်ဖူးကြမှာပါ၊သမ္မတကြီးရွှေတြိဂံလိုနေရာမှာတိုင်းမှုးဖြစ်ခဲ့တာတောင်အဂတိကင်းတယ်၊သမ္မတကြီးကတော်ကမုန့်ဟင်းခါး
ရောင်းဖို့တောင်ကြံစည်ခဲ့သေးတယ်စသဖြင့်ရိုးဂုဏ်ဖွဲ့ဆောင်ပါးလေးပါ။ချီးကျူးအားကျသနားခဲ့ရပါသေးတယ်။အခုသမ္မတရာထူးရတော့ရော
အရင်အတိုင်းပဲလားဆိုတာလေးတင်ပြချင်တာပါ။တကယ်တော့ဒီတင်ပြမှုဟာစစ်အာဏာရှင်နဲ့ခရိုနီအသိုင်းအ၀ိုင်းရဲ့မြန်မာပြည်ကြီးကိုသွေး
စုတ်ဖုတ်ကောင်လိုဂုတ်သားလေးကိုက်စုတ်လိုက်ရမှအရသာရှိတာတွေနဲ့ယှဉ်ရင်ပြောပလောက်မယ်တော့မထင်ပါဖူး။အဖြစ်မှန်တခုအကြောင်း
တင်ပြခြင်းသာဖြစ်သည်။


ဒီလမ်းတဲ့တဲ့ဆင်းသွားရင် ပျဉ်းမနားမြို့ထဲရောက်တယ်။ဆန့်ကျင်ဖက် နေပြည်တော်သွားတဲ့လမ်း၊ နံမည်ကရာဇဌာနီလမ်း၊ အမြန်လမ်းမဟုတ်၊
လမ်းဟောင်းအတိုင်းလာရင်လမ်းညာဖက်မှာ ရွှေတိဂုံပုံစံ တည်ထားတဲ့ဘုရားရှိတယ်၊ဆက်သွားရင်နေပြည်တော်မရောက်ခင်လမ်းဆုံမှာသမ္မတခြံ
လို့ခေါ်တဲ့ဧက၅၀၀ကျယ်တဲ့သမ္မတပိုင်ခြံကြီးရှိပါတယ်၊ခွင့်ပြုချက်မရှိပဲအပြင်လူလာလို့မရပါဖူး၊ခွင့်ပြုချက်တခုကြောင့်အခုလိုတင်ပြနိုင်တာပါ။

ပြီးခဲ့တဲ့လလောက်ကဥရောပနိင်ငံတွေသမ္မတကြီးသွားတော့မွေးမြူရေးခြံတွေလျှောက်လေ့လာတာဘာအတွက်လဲဆိုတာလဲသိသာလာမှာပါ။
၂၁၅မိုင် အမြန်လမ်းမှာသရက်ခြံကြီးတခုကိုလည်းသမ္မတပိုင်ပါတယ်ဧကတော်တော်များပါတယ်။အဲ့ဒီခြံကထွက်တာဆိုပြီးတရုတ်သမ္မတဆီအပြင်
ကမျိုးကောင်းသရက်သီးတွေဝယ်ပြီးလက်ဆောင်ပို့ခဲ့ဖူးပါသေးတယ်။လူကြီးပိုင်းတော်တော်များများရဲ့ကိုယ်ပိုင်သတ်မှတ်ထားတာတွေ
အဲ့ဒီ မိုင် တိုင် ပတ်ဝန်းကျင် မှာအပြည့်ပါပဲ။

ဧက၅၀၀ကျယ်တဲ့သမ္မတခြံကြီးထဲမှာဘာတွေရှိလည်းဆိုတော့ဆန်စက်က၂လုံးရှိ၊စပါးစိုက်ခင်း၊သစ်ခွနဲ့နဂါးမောက်အပါအ၀င်စိုက်ခင်းများ၊
နွားဝက်ကြက်မွေးမြူရေးခြံကြီးများ၊ဆန်ဂိုထောင်များရှိပါတယ်။ သစ်ခွခြံဆိုကုန်ကျငွေသိန်း ၃၀၀ ကျော်လောက်ရှိမယ်။


ဆန်စက်ဆို ဒေါ်လာသန်းနဲ့ချီကုန်တာစိုက်ခင်းတွေကလည်းမနည်းမနောဘဲနဂါးမောက်တို့ နေကြာ ပုလဲသွယ်ဆိုတဲ့စပါးမျိုးတွေ
နွားတင်းကုတ်ဆို ရွာကဟာတွေမျက်စေ့ထဲသွားမမြင် နဲ့ ဟင်ဂလန်သံချောင်းတွေ နဲ့တိုင်ထောင်ပြီး အလူမီနီယံသွပ်မိုးထားတာ၊


ဒါက ခရမ်းသီး သခွား မွှေးသီး အသီးအနှံတွေပျိုးဖို့အ ဆောက်အဦးတွေ၊
ဆန်စက်တလုံးကိုအသီးအနှံထားဖို့အအေးခန်းအဖြစ်စကာင်္ပူကအင်ဂျင်နီယာတွေလာဆင်ပေးနေတာပါ။

တကယ်တော့သမ္မတလဲပိုင်ဆိုင်မှုဆိုတာရှိနိုင်ပါတယ်။ဒါပေမယ့်ဘယ်သူပေးတဲ့ဆုလာဒ်ဆိုတာတော့အားလုံးသိကြမှာပါ။
သမ္မတလုပ်လိုက်လို့ရတဲ့ဆုလာဒ်ဆိုတာကလဲအရင်စစ်အာဏာရှင်လက်ထက်မှာမထူးခြားပေမယ့်ပိုင်ဆိုင်မှုပြရတဲ့ဒီမိုကရေစီ
အစိုးရလက်ထက်မှာတော့ထောက်ပြစရာပါ။ဒီထက်ထူးခြားတာကရွှေသံလွင်ကျော်ဝင်းကတာဝန်ခံဆောက်လုပ်တယ်ဆိုပြီးနာမည်
ခံထားပေမယ့်ပြည်သူပိုင်စီမံကိန်းများသာတည်ဆောက်ရတဲ့ဆည်မြောင်းဦးစီးဌာနကလူရောငွေရောအကုန်ခံလုပ်ပေးနေတာပါပဲ။
ဘယ်လိုစာရင်းပြမလဲဆိုတာတော့စောင့်ကြည့်ရမှာပါ။ဝန်ထမ်းအခေါ်တော့(BLACK)လုပ်ပေးတယ်ခေါ်တာပေါ့။
ရွှေသံလွင်ကျော်ဝင်းကတာဝန်ခံဆောက်လုပ်တယ်ဆိုရင်လည်းအပြင်လူငှားလုပ်သင့်ပါတယ်။အစိုးရ၀န်ထမ်းတွေက
တဦးတယောက်ပိုင်ခြံကိုဝန်ထမ်းနေတာမြင်မကောင်းပါဖူး။
ဒီကြားထဲ ၀န်ကြီးအတွက်ကဘယ်နှစ်ဧကသမ္မတသားမက်အတွက်ကဘယ်နှစ်ဧကအဲ့လိုဝယ်ပေးရတာလည်းရှိသေးတယ်
ပြောချင် တာက တော့မတရားတွေသုံးနေတာဒီတသက်မ ပြောနဲ့နောင်ဘ၀တောင် စားမကုန်ဘူးနိုင်ငံတော်အတွက်
သုံးတာဆိုဘယ်လောက်ကောင်းမလဲ။အဲဒါပါပဲ။


ဒီပုံကတော့သမ္မတခြံထဲကကော်ဖီဆိုင်ပါ။အခုမှဖွင့်စဆိုတော့သောက်တဲ့သူကကျွန်တော်တယောက်ထဲပါပဲ။
နောက်တခါသွားလည်ရင်တော့အငြိမ်းစားသမ္မတကြီးကတော်ရဲ့မုန်ဟင်းခါးလက်ရာလေးစားရကောင်းပါရဲ့ဗျာ....။


(ရဲရင့်ငယ်)
(၂၂-၇-၂၀၁၃)

http://www.yeyintnge.com/2013/07/blog-post_22.html

မောနင်းပို့စ် (မွတ်စလင် အထူးထုတ်)

Ladies first

ဂျုတ်နဲ့ စရအောင်။
အရှေ့အလယ်ပိုင်း စစ်ပွဲအတွင်းက ဂျုတ်တစ်ခုပါ။ စစ်ပွဲအတွင်းလို့ပြော ရအောင်ကလည်း ဘယ်တုံးက ငြိမ်းချမ်းနေလို့လဲလို့ မေးစရာပါပဲ။ ထားပါတော့။

အီရတ်က ကူဝိတ်ကို ဝင်မသိမ်းမီ ဆယ်နှစ်လောက်တုံးက အမေရိကန် ဂျာနစ်လစ်ဇ် တစ်ယောက် ကူဝိတ်ကိုရောက်တော့ အမျိုးသားတွေက အမျိုးသမီးတွေရှေ့ ဆယ်တောင်အကွာလောက်ကနေ လမ်းလျှောက်နေကြတာကို တွေ့ရတယ်။ ဇနီး ခင်ပွန်း တန်းတူ မလျှောက်ကြဘူး၊ ဘယ်နေရာမဆို အမျိုးသားဦးဆောင်တယ်ဆိုတဲ့ မဟာပုရိသဝါဒပေါ့။

နောက် ဆယ်နှစ်လောက်ကြာလို့ အဲဒီ ဂျာနစ်လစ်ဇ် ကူဝိတ်ကို တစ်ခေါက်ပြန်ရောက်တော့ အပြောင်းအလဲတွေကြောင့် အံ့ဩတကြီး ဖြစ် ခဲ့ရပါသတဲ့။ ဒီတစ်ခါ တွေ့ရတာက အမျိုးသမီးတွေက အမျိုးသားတွေရှေ့ ဆယ်တောင်အကွာလောက်ကနေ လမ်းလျှောက်နေကြတာကို တွေ့လိုက် ရတယ်။ အမျိုးသမီး အခွင့်အရေးတွေ ရလာပြီ၊ အာရပ် ကမ္ဘာက အမျိုးသမီးတွေ ဦးဆောင်မှုအခန်းကဏ္ဍတွေမှာ နေရာရလာပြီ ပေါ့။

ဒါနဲ့ အမျိုးသမီးငယ်ကို ချဉ်းကပ်ပြီး အင်တာဗျူးကြည့်တယ်။
"ဘယ်လိုအကြောင်းတရားတွေကြောင့် အခုလို အမျိုးသမီးတွေကိုယ်တိုင် ဦးဆောင်မှုအခန်းကဏ္ဍတွေမှာ နေရာရလာရတာလဲ" ဆိုတော့
အာရပ် အမျိုးသမီးငယ်က
"မြေမြှတ်မိုင်းဗုန်းတွေ ကြောင့်ပါ" တဲ့။

(The World Joke Book)

၂ ။ ငါတို့ ဥပုသ်စောင့်နေလို့ နင်တို့ အိမ်သာဘေး သွားစားကြ

ဖြစ်ရပြန်ပြီ။ မလေးရှား၊ KL နားက ဆလန်းဂေါ (Selangor) က စာသင်ကျောင်းမှာပါ။ မွတ်စလင်ကလေးတွေ ဥပုသ်စောင့်နေတဲ့ရက်မို့ သူတို့ကို အနှောက်အယှက်မဖြစ်ရအောင် မွတ်စလင်မဟုတ်တဲ့ ကျောင်းသား ကလေးတွေ နေ့လယ်စာ စားချိန်မှာ အိမ်သာနဲ့ မျက်နှာချင်းဆိုင်က အဝတ် စားလဲလှယ်ခန်းမှာ သွားစားခိုင်းလို့ ကမ္ဘာကျော် ဖေ့စ်ဘုတ်လောကမှာ ပူညံပူညံဖြစ်နေကြရပြန်ပါတယ်။
ဒါကို မကျေမနပ်ဖြစ်ရလွန်းလို့ မွတ်စလင်မဟုတ်တဲ့ ကျောင်းသား မိခင် ဂုဏေစဝေရီ ကယ်လီ (Gunesweri Kelly) က အဲဒီ (ကလေးတွေ အိမ် သာဘေး စားနေကြရတဲ့) ဓာတ်ပုံကို သူမရဲ့ ဖေ့စ်ဘုတ်ပေါ်တင်လိုက်ရာ ကနေ ပြန့်သွားခဲ့တာလို့ ဆိုပါတယ်။
ပညာရေးဝန်ကြီးကတော့ ဒီကိစ္စကို အမှုမှန်ပေါ်အောင် စစ်ဆေးပြီး နောက် ဒါမျိုးမဖြစ်ရအောင် ထိထိရောက်ရောက် အရေးယူမယ်လို့ လေသံ ပစ်နေကြောင်း သိရပါတယ်။
(စထရိတ် တိုင်းမ်)

၃။ ဆရာမ ခေါင်းမြီးခြုံ ဖွင့်ပါ၊ ပလိစ်

ဖြစ်ရပြန်ပြီ။ ဒါက ဖိလစ်ပိုင်မှာ။ မွတ်စလင်ကျောင်းဆရာမတွေ စာသင်ခန်း ထဲ ရောက်တာနဲ့ ခေါင်းမြီးခြုံ ဖွင့်ပြီး စာသင်ဖို့ အစိုးရက ဥပဒေ ထုတ်ပြန်ခဲ့ ပါတယ် (စာသင်ခန်း အပြင်မှာတော့ သဘောရှိ၊ ကရောဟိ ပါ)။ ဒါမှသာ ဆရာနဲ့ တပည့် ပိုပြီး ထိတွေ့နားလည်နိုင်မယ်၊ တချို့အသံထွက်တွေ က နှုတ်ခမ်းလှုပ်တာကိုပါ မြင်ရမှ ပီပီပြင်ပြင်သိရှိနိုင်မယ် စတဲ့ အကြောင်းပြ ချက်တွေနဲ့ပါ။
ဒါကို မွတ်စလင်အဖွဲ့ချုပ်က ပညာရေးဖြစ်လို့ သူတို့အနေနဲ့ ဘဘောတူကြောင်း ဒါပေမဲ့ တရားဝင်ထုတ်ပြန်တဲ့စာတော့ သူတို့လက်ခံရရှိမှု မရှိသေးကြောင်း ပြောခဲ့ပါတယ်။
(စထရိတ် တိုင်းမ်)

အစ္စလမ်မစ် ဥပဒေ အလျှော့ပေးသွားရပြီ

"နော်ဝေနိုင်ငံသူ Ms Marte Deborah Dalelv ဟာ သူမကို အဓမ္မ အကျင့် ခံရတာကို ရဲသွားတိုင်လိုက်မိလို့ ထောင်ဒဏ် ၁၆ လ အကျခံလိုက်ရတယ်။ အဓမ္မကျင့်သူကိုတော့ ၁၃ လ ဒူဘိုင်းတရားရုံးက ထောင်ဒဏ် ချမှတ်လိုက် ပါတယ်" (၂၁ ရက်၊ တနင်္ဂနွေနေ့ ပို့စ်) 

ဒီပို့စ်ထဲမှာ ပါတဲ့ကောင်မလေးကို ဒူဘိုင်းတရားရုံးက အရေးမယူတော့ဘဲ (ယူလို့မှ မရတာ) လွတ်ငြိမ်းခွင့် ပေးလိုက်ရပါပြီ။ ကမ္ဘာ့ အသံနဲ့ ကမ္ဘာ့ အားပဲ။
အစွန်းရောက် အစ္စလမ်မစ် ဥပဒေနဲ့ ယုံကြည်မှုတွေကို ကမ္ဘာနဲ့ချီပြီး တိုက်ရင် ရတယ်ဆိုတဲ့ သာဓကပေါ့။


 

ဖြစ်ရပလေ၊ ဖခင်အတွက် ရှက်ရတယ်လို့

"ဖခင် (သို့) ဖခင်သဖွယ် ကျေးဇူးကြီးမာလှသည့် ပုဂ္ဂိုလ်ကြီးများအတွက် ဝေယျာဝစ္စများ ပြုခြင်း၊ အလေးဂါရဝပြုခြင်း (ဘာသာရေးမှာ ဘုရားရှိခိုးခြင်း၊ လူ မှုရေးမှာ အလေးပြုခြင်း၊ ဂါရဝပြုခြင်း) စသည်တို့ကို သိမ်ငယ်သည်ဟု ထင်ခြင်း၊ ထိုထိုအမှုတို့အား မိမိပြုလုပ်နေသည်ကို လူမြင်မှာ ရှက်နိုး မှု ဖြစ်ခြင်းစသည်တို့သည် အောက်တန်းကျသည့် တလွဲမာနသာဖြစ်ကြောင်း ရှက်နိုးစွာ မိမိအတ္တကို ပြန်ကြည်းရင်း စဉ်းစားနေမိ၏"

ဤအကြောင်းကို မရေးမီ မိမိကျင်လည်ခဲ့ရသည့် ဘဝနောက်ခံအကြောင်းကို အနည်းငယ်ပြန်ပြောမှ လိပ်ပတ်လည်လိမ့်မည်ထင်သည်။ မန္တလေးရှိ သာမန် စာသင်သားတို့ ဘဝအတိုင်း ဆွမ်းခံ၊ ဆွမ်းစား၊ စာကျက်၊ စာတက်ဖြင့် အချိန်ကုန်ခဲ့ရတာဖြစ်သည်။ မန္တလေးမှာနေစဉ် အထူးသဖြင့် ဗုဒ္ဓဝေယျာဝစ္စ များနှင့် အလှမ်းကွာဝေးခဲ့သည်။ ဘုရားဆွမ်းကပ်၊ ရေကပ်၊ ပန်းကပ် စသည် တို့ကို ဆရာတော်တာဝန်ပေးထားသည့် သာမဏေ (သို့ ) ရဟန်းငယ်တို့ သာ ပြုလုပ်ကြသည်။ ဆရာတော်ကလည်း စာကို ကြိုးစား သင်ယူဖြေဆိုနေ ကြသည့် သာမဏေ (သို)့ ရဟန်းတို့ကို ဝေယျာဝစ္စများ ပြုလုပ်ရန် ခိုင်းခဲ၏။ စာကိုသာ အာရုံစိုက် ကျက်မှတ်စေလိုခြင်း စေတနာ ဖြစ်၏။

ရွာမှာနေစဉ်ကလည်း ဤ ဗုဒ္ဓဝေယျာဝစ္စများကို အမြဲပြုလုပ် ပြင်ဆင် သူတို့ မှာ ကျောင်းအိပ် ကျောင်းသားများသာ ဖြစ်သည်ကို အမှတ်ရမိသည်။ သို့ဖြင့်ပင် ဤ ရဟန်းနှင့် ဗုဒ္ဓဝေယျာဝစ္စက ကာလအတန်ကြာ အလှမ်းေ ဝးနေခဲ့လေတော့သည်။
တခါတခါ ဗုဒ္ဓဝေယျာဝစ္စများ ကိုယ်တိုင် ပြုလုပ်နေစဉ် လူပုဂ္ဂိုလ်များ ရောက် လာတတ်ပြီး
"ကိုယ်တိုင်လုပ်နေရသလား၊ တပည့်တွေကို မခိုင်းဘူလား၊ တပည့်တော် လုပ်လိုက်မယ်"
စသည် ပြောဆိုပြီး သူတို့က ကုသိုလ်ယူသွားတတ်ကြသည်။
ဤကား ပြဿနာ မဟုတ်ပါ။ ပြဿနာက စိတ်ဖြစ်သည်။

သို့ဖြင့် စင်္ကာပူရောက်လာခဲ့သည်။ စင်္ကာပူ၏ ထုံးစံအတိုင်းနေ့ခင်းပိုင်းတွေမှာ သူ့အလုပ်နဲ့သူ ရှုပ်နေကြသဖြင့် ကျောင်းက တိတ်ဆိတ်နေတတ် ၏ ။ ကျောင်း၌ ရဟန်းနှစ်ပါးရှိရာ မိမိက အငယ်ဖြစ်သဖြင့် နေ့ခင်းပိုင်းများမှာ ဘုရားပန်းအိုးတို့ကို ရေလဲခြင်း စသည်လုပ်တတ်သည်။ ထိုအခါ မြန်မာ ဒကာ၊ ဒကာမတွေ ရောက်လာတတ်ပြီး
"အရှင်ဘုရား၊ ကိုယ်တိုင်လုပ်နေရသလား၊ တရုတ်တွေ မရှိဘူးလား၊ တပည့်တော်မ လုပ်လိုက်မယ်"
စသည် ပြောဆိုပြီး သူတို့ကလည်း ကုသိုလ်ယူသွားတတ်ကြသည်။
ဤသည်လည်း မဟုတ်။ ပြဿနာက စိတ်ဖြစ်သည်။

ထိုနှစ်များအတွင်း ဗုဒ္ဓဝေယျာဝစ္စများ လုပ်လျှင်ပင် ပုန်းရှိုးကွယ်ရှိုး လူ မမြင်အောင် လုပ်လာတတ်သည်။ သူတို့ပြောလာမည့် "ကိုယ်တိုင်လုပ်နေ ရသလား" ဆိုသည့် စကားအပေါ် ရှက်စိတ်ဝင်လာခြင်းကြောင့်ဖြစ်မည်ဟု ကိုယ်တိုင် သုံးသပ်မိသည်။ ဤ ကိစ္စများသည် ကပ္ပိယများ၊ သာမဏေ များ သာ ပြုလုပ်လေ့ရှိသည် ဆိုသည့် အမှတ်မှား အယူမှား သညာဝိပ္ပလ္လာသ၊ ဒိဋ္ဌိဝိပ္ပလ္လာသတို့ကြောင့်လည်း ဖြစ်နိုင်ပြန်၏။
ဤ ဝိပ္ပလ္လာသတို့က အချိန်အတော်ကြာ ဒုက္ခပေးခဲ့ကြောင်း ဝန်ခံရပါလိမ့်မည်။
နောက်မှ မိမိကိုယ်ကိုယ် ပြန်ပြောမိသည်။
"မင်းက ဘာကောင်မို့လို့ ဘုရားပန်းလဲ၊ ဘုရားပန်းအိုး ရေလဲရတာကို ဘာ အကြောင်းနဲ့ ရှက်နေရတာလဲ၊ စာသင်တာ မဟုတ်၊ စာချတာမဟုတ်၊ တရားဟောတာမဟုတ်လို့ သေးမွှားတဲ့ အလုပ်ဆိုပြီး ရှက်နေတာလား၊ မင်းအဖေ ဘုရားသခင်ရဲ့ ဗုဒ္ဓဝေယျာဝစ္စတွေကိုလုပ်တာပဲ၊ ဘယ်သူမြင်မြင် ဘာကြောင့် ရှက်နေရမှာလဲ" ဟု ဖြစ်သည်။
ထိုမှနောက်မှသာ မိမိနှင့် ဗုဒ္ဓဝေယျာဝစ္စ အဆင်ပြေသွားတော့သည်။ သို့မဟုတ်လျှင် စာမေးပွဲ အောင်လေလေ၊ ရာထူးကြီးလာလေလေ၊ ဩဝါဒါစရိယ ဖြစ်လေလေ ဘုရားနှင့် ဝေးလာလေလေ ဖြစ်ပေတော့မည်။ ကံကောင်း၍ ဤ အတွေးပေါ်လာခြင်းဖြစ်သည်။

ထို့အတူ ဤ လောက၌......
ဖခင် (သို့) ဖခင်သဖွယ် ကျေးဇူးကြီးမာလှသည့် ပုဂ္ဂိုလ်ကြီးများအတွက် ဝေ ယျာဝစ္စများ ပြုခြင်း၊ အလေးဂါရဝပြုခြင်း (ဘာသာရေးမှာ ဘုရားရှိခိုးခြင်း၊ လူမှုရေးမှာ အလေးပြုခြင်း၊ ဂါရဝပြုခြင်း) စသည်တို့ကို သိမ်ငယ်သည်ဟု ထင်ခြင်း၊ ထိုထိုအမှုတို့အား မိမိပြုလုပ်နေသည်ကို လူမြင်မှာ ရှက်နိုး မှု ဖြစ်ခြင်း စသည်တို့သည် အောက်တန်းကျသည့် တလွဲမာနသာဖြစ်ကြောင်း ရှက်နိုးစွာ မိမိအတ္တကို ပြန်ကြည်းရင်း စဉ်းစားနေမိ၏။

နှင်းဆီပွင့်ဖတ်ပေါ်သွေးတဲ့ဓား (သို့) ခရီးကြမ်း နှစ်

"တချို့လမ်းတွေက ကြမ်းရှတယ်
မေးရိုးမာမာတွေနဲ့ စီခင်းလို့။
တချို့လမ်းတွေက ချောမွတ်တယ်
အဒိန္နာဒါန နဲ့မြေညှိလို့။
တချို့လမ်းတွေက ကွေ့ကောက်ဝေးကွာတယ်
အံသွားတွေနဲ့ လမ်းဖောက်လို့။
တချို့လမ်းတွေက ဖြောင့်ဖြူးနီးကပ်တယ်
မုသာဝါဒနဲ့ လမ်းပြင်လို့"


စင်္ကြာမင်းလောင်းရဲ့ စာမျက်နှာ
သားအနေနဲ့ဖတ်တာ
သားအနေနဲ့ တတ်မြောက်တာ
အမေ တစ်ယောက်ထဲ ပါဘဲ
(တကယ်ဆို ခမည်းတော်တောင် မပါဘူး )
အမေ့ အတွက် သိဒ္ဓတ္ထ ဆိုတာ
စင်္ကြာမင်းလောင်း မဟုတ်
ဗုဒ္ဓအလောင်း မဟုတ်
နုံချာသူ မဟုတ်
မြင့်မြတ်သူမဟုတ်
ဘာဆို ဘာမှ မဟုတ်
သားဟာ သားပဲဖြစ်တယ်
အဲဒါ..အမေပါဘဲ။

သာကိယ မာန်တွေနဲ့
သံလိုက်ဓာတ် လွတ်နေတာ
သိဒ္ဓတ္ထရဲ့ အမေရင်း တစ်ယောက် ဝေစု
အမရင်း တစ်ယောက်ကို ခွဲပေးခဲ့ရတာ
( ဘဝါဘဝက ပါရမီ လို့ ဆိုကြသပေါ့ )
အဲဒါ..အမေပါဘဲ။

တချို့လမ်းတွေက ကြမ်းရှတယ်
မေးရိုးမာမာတွေနဲ့ စီခင်းလို့။

တချို့လမ်းတွေက ချောမွတ်တယ်
အဒိန္နာဒါန နဲ့မြေညှိလို့။

တချို့လမ်းတွေက ကွေ့ကောက်ဝေးကွာတယ်
အံသွားတွေနဲ့ လမ်းဖောက်လို့။

တချို့လမ်းတွေက ဖြောင့်ဖြူးနီးကပ်တယ်
မုသာဝါဒနဲ့ လမ်းပြင်လို့။


ဒီလမ်းတွေရဲ့ ပွေလီမှုမှာ
မဇ္ဈိမပဋိပဒါ ခြုံအုပ်နေတယ်၊
ဒီလမ်းကိုထွင်ဖို့
နီစွေး မြိရှတဲ့ ဓားတစ်ချောင်းတော့ လိုမှာပေါ့။

လူတချို့ကဆိုမယ်
ထွက်ပြေးခြင်းဟာ ရင်ဆိုင်တာ မဟုတ်ဘူးလို့
တစ်ခါတစ်ခါမှာတော့
ထွက်ပြေးခြင်းနဲ့ ရင်ဆိုင်တာဟာ
အပြောင်မြောက်ဆုံး အနုပညာပါဘဲ။ ။


ထပ်ပြောပါစေအမေ...
သိဒ္ဓတ္ထဆိုတဲ့ အမေ့သား ( ဓား ) ဟာ
ဓားသွေးကျောက်ပေါ် လမ်းလျှောက်ခဲ့တာမဟုတ်
( ဒီတော့ )
ကျောက်စီဓားအိမ်ထဲမှာ အိပ်မောကျ
အလှပြ ဓားတစ်ချောင်းလည်းမဟုတ်ဘူး။

သိဒ္ဓတ္ထဆိုတဲ့ အမေ့သား ဟာ
နှင်းဆီပွင့်ဖတ်ပေါ်သွေးခဲ့တဲ့ ဓားပါ

ဒါကြောင့်လည်း
သိမ်မွေ့မှုနဲ့ခက်မာ
ညင်သာသာနဲ့ကြုံးဝါး
ပန်းလက်ဖဝါးနဲ့ လေးကြမ်းတင်
နန်းရင်ပြင်ကနေ မွဲတေရ
ဝိရောဓိ ရသတွေ
တကယ်ကို အချိုးကျတဲ့ ဓားတစ်ချောင်းပါ
ခွင့်လွှတ်ပါ အမေ။ ။

အမေ့နာမည်က ဂေါတမီ
ဂေါတမီဆိုတာက ဂေါတမရဲ့အမေ...
အမေ့နာမည်ကိုထပ်တူပြုဖို့
(စက္ကဝတ္တီဆိုတဲ့ ဂုဏ်ဟာ)
မခို့တရို့နဲ့ မျက်လွှာချရှက်နေလိမ့်မယ်၊
အမေ့နာမည်ကို ဂုဏ်ပြုဖို့
ဂေါတမဖြစ်ဖို့ကလွဲလို့ လမ်းမရှိဘူး။


ဒီတော့မှ
ဂေါတမဆိုတာက အမေ့သား
အဲဒီသားအမေက ဂေါတမီ
မိထွေးတော်နဲ့ မွေးစားသား
သားတို့ သားအမိကြားမှာ
ခပ်ပါးပါးတောင် နေရာမရှိဘူး။

သွားပါရစေ အမေ
သားအဖျားမို့ အသည်းခွဲတာ
အမေဖျားမို့ အသည်းခွဲခံရတာ
ဒီရောဂါသာ မရှိရင်
အမေ ကျန်းမာပါပြီ။

ဂီတကို မြတ်နိုးတဲ့အမေ
ငြိမ်သက်စွာ နက်နဲတဲ့ အမေ
သကျမာန သံလိုက်ဓာတ်တွေ လွတ်နေတဲ့ အမေ
စင်္ကြာမင်းလောင်း သိဒ္ဓတ္ထဆိုတာထက်
သားဟာ သားပဲ ဆိုတဲ့အမေ
တေးကဗျာတွေ တစ်ပုဒ်ပြီးတစ်ပုဒ်သီရင်း
အလင်းနှစ်ဆီကို
မျက်နှာသစ်ရင်းသာ
ဦးလှည့်ကြိုပါတော့။

ကျောင်းအပ်ချိန်

မူလတန်းကလေးတွေ ကျောင်းအပ်ချိန်ဟာ သာမန်ကြည့်ရင်တော့ သာမန်ပါ ပဲ။ ဒါပေမဲ့ ကိုယ့်ကလေး ကျောင်းကောင်းကိုရောက်ဖို့ မိဘတွေ ဘယ်လို ပြင် ဆင်ကြရသလဲဆိုတာ ကြည့်လိုက်ရင် နိုင်ငံတွေရဲ့ ပေါ်လစီနဲ့ ကိုယ်ကျင့် တ ရားတွေကိုလည်း တွေ့ရတယ်။

အမေရိက။

အမေရိက ကတော့ ကက်ပီတယ်လစ်ဇင် အကြီးစားကြီးဆိုတော့ ပိုက်ဆံရှိ ရပ်ကွက်တွေ၊ မြို့တွေမှာ ကျောင်းကောင်းတွေ ပိုရှိသတဲ့။ ဒါကတော့ ကက်ပီ တယ်လစ်ဇင်ရဲ့ သဘာဝပါပဲ။
ဒီတော့ ကိုယ့်ကလေးကို ကျောင်းကောင်းကောင်းမှာ ပညာသင်ကြားနိုင်ဖို့ တတ်နိုင်တဲ့မိဘတွေက အိမ်တွေပြောင်း၊ အလုပ်တွေပြောင်းရင်း ကြိုးစားနေ ကြရသတဲ့။

ဗြိတိန်

ဗြိတိန်မှာတော့ ခရစ္စယန်ဘာသာရေးကျောင်းတွေက ကလေးတွေရဲ့ ပညာရေးအတွက် ပိုသင့်တော်ပုံရတယ်။ ကလေး ကျောင်းမအပ်ခင် ကလေး ကို အရေးပေါ် ဘက်ပတိုက်ဇ် လုပ်ကြသတဲ့။ ဒါမှ ကလေးချင်းယှဉ်ရင် တစ် ပန်း သာမှာပေါ့။
အမေရိက မှာလိုပဲ အိမ်တွေပြောင်း၊ အလုပ်တွေပြောင်းလည်း ရှိကြတယ်။

အိန္ဒိယ

အိန္ဒိယကလေးတွေရဲ့ ကျောင်းကံကြမ္မာက မူကြိုမှာ စတယ်လို့ဆိုပါတယ်။ မူကြိုမှာ တော်ခဲ့တဲ့ ကလေးတွေဟာ ကျောင်းကောင်းကောင်း ဝင်ခွင့်၊ တက် ခွင့်ရဖို့ အခွင့်အလမ်းပိုများတယ်။

တရုတ်

စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ တရုတ်ပါပဲ။ သူက ဘာသာရေး လည်း မဟုတ်။ ကက်ပီတယ်လစ်ဇင်လည်းမဟုတ်၊ မူကြိုမှာ စတာလည်း မဟုတ်။ ကျောင်းကောင်းကောင်းရချင်ရင် အလှူငွေထည့် တဲ့။ မြန်မာ ကလေးမိဘတွေနဲ့ သိပ် မစိမ်းလှတဲ့ပေါ်လစီပါပေါ့။ ထူးတာက မြန်မာပြည်မှာတော့ ဒါကို ရံပုံငွေ လို့ ခေါ်တယ်။

ပေါ်လစီတွေ ဘယ်လိုပဲ ကွဲနေကွဲနေ ကလေးကိုချစ်တဲ့ မိဘတွေရဲ့ မေတ္တာ တရားကတော့ အတူတူပါပဲ။ လက်ဆောင်ပေးဆို ပေးရမှာပေါ့။ ကျောင်းအုပ်ကြီးအတွက် ပေးတာမှ မ ဟုတ်ဘဲ၊ ကိုယ့်ကလေး ပညာရေးအတွက် သုံးလိုက်ရတာပဲ။

How the truth-seeker should be

Nan-in, a Japanese master during the Meiji era (1868-1912) received a university professor who came to inquire about Zen. Nan-in served tea. He poured his visitor's cup full, and kept on pouring. The professor watched the the tea overflow until he no longer could restrain himself.

"It is over full. No more will go in!"

"Like this cup," Nan-in said, " you are full of your opinions and speculation, how can I show you Zen unless you first empty your cup?"

Surekha V Limaye
Zen (Buddhism) and Mysticism, p, 51

ဝါဆို၊ ပထဝီအနေအထား၊ ရာသီဥတု၊ ပြက္ခဒိန်နှင့် အဓိပ္ပါယ်ပြန်ဆိုမှုများ

အရှင်ဘုရား
အရှင်ဘုရား၏ သစ္စာလေးပါး ရှာဖွေတွေ့ရှိမှုသည် လူ့သမိုင်းမှာ ရှိရှိ သမျှေ သာ ရှာဖွေတွေ့ရှိမှုတိုင်းကို စိန်ခေါ်နိုင်ပါ၏။
ဒေသနာ များစွာထဲမှ ဤ ဒေသနာကို ကနဦး ရွေးချယ်မှုကြောင့် ဤ ဒေ သ နာသည် အရှင်မြတ် တန်ဖိုးအထားဆုံးဒေသနာဖြစ်မည်ဟု မဝန့်မရဲ ကောက် ချက်ဆွဲလိုပါ၏။
ယနေ့ ခေတ်သစ်ပညာ၏ "Wh" မေးခွန်းများဖြင့် ပြဿနာချဉ်းကပ်ပုံကို အရှင်၏ ဤ ပထမဒေသနာ၌ ရှင်းလင်းစွာ တွေ့မြင်ကြရပါ၏။
"What" သည် ပထမသစ္စာ (ဒုက္ခသစ္စာ)၊ တတိယသစ္စာ (နိရောဓသစ္စာ) တို့ ဖြစ်ပြီး "Why" ကား ဒုတိယသစ္စာ (သမုဒယသစ္စာ) ဖြစ်ပေမည်။
အဓိက အကျဆုံးကား "How" ဆိုသည် စတုတ္တသစ္စာ၊ မဂ္ဂသစ္စာသာ ဖြစ်ေ ပတော့သည်။

ဒုက္ခ့ အစပျိုးသည့် ဒေသနာမျိုးကို ချပြခြင်းအားဖြင့် နာကြားမည့် နားတို့ကို အရှင်မြတ် အထင်မသေးကြောင်း ပျက်ပျက်ထင်ထင် ရှိပါ၏။
ဘယ်ဒေသနာတွေ ဘယ်လို ကာ ကာ ဇာတိ၊ ဇရာ၊ မရဏတို့ကတော့ "ရုပ်" ဒုက္ခမှ တစ်စက်မျှ ရွေ့လျောသွားမည်မဟုတ်။ သုခဟု ညာဝါးလို့ မရနိုင်။ ဖစ်ဆီယော်လော်ဂျစ်ကယ် ဆားဖားရင်းဟု နှောင်းလူတို့ ဆိုကြ၏

ဘယ်ဒေသနာတွေ ဘယ်လို ကာ ကာ အပ္ပိယေဟိ သမ္ပယောဂ၊ ပိယေဟိ ဝိပ္ပယောဂ၊ ယံပိစ္ဆံ နလဘတိ တမ္ပိ ဒုက္ခံ တို့ကလည်း "စိတ်" ဒုက္ခအဖြစ်မှ စိုးစဉ်း မရွေ့လျောပါ။ ယင်းကိုတော့ ဆိုက်ကော်လော်ဂျစ်ကယ် ဆားဖား ရင်းဟု အမည်တပ်ကြ၏။

ဒေသနာကို ချိတ်ပိတ်လိုက်ပုံက သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ။ "ရုပ်" ဒုက္ခ၊ "စိတ်" ဒုက္ခ၊ ဥပါဒါန်။
ဥပါဒါန် အကြီးအသေးသည် ဒုက္ခ အကြီးအသေးနှင့် ထပ်တူကျ အီကွေး ရှင်းဖြစ်ပေ၏။ ဥပါဒါန် ကြီးသည်နှင့်အမျှ အပိုဆောင်း ဒုက္ခတို့ကိုလည်း ရယူကြရဦးပေမည်။

(ယနေ့ ဆောင်းပါးဟောင်းကို ပြန်တင်လိုက်ပါသည်။ သုတေသန ဆန်ဆန် စောကြောဝေဖန်သည့်ဆောင်းပါးဖြစ်သဖြင့် ယောနိသောအသိဖြင့် ဖတ်ရှုကြရန် မေတ္တာရပ်လိုပါသည်။
မိမိတို့ လှေနံဓားထစ် အယူအဆ များကို အားကောင်းကောင်းဖြင့် ရိုက်ဖွင့်ပေးလိုက်သော ဆရာကြီး ဦးဌေးအောင်၏ ကျေးဇူးတရားတို့ကို ဤဆောင်းပါးဖြင့် မှတ်တမ်း ပြုပါ၏။)

ဤဆောင်းပါးအောက်၌ ပထမဆုံး ရှင်းရမည့်ကိစ္စသည် ထေရဝါဒဗုဒ္ဓဘာသာ ယဉ်ကျေးမှုနှင့် ထေရဝါဒ မြန်မာ (စသည်) ယဉ်ကျေးမှုတို့ပင် ဖြစ်သည်။ အများအားဖြင့် ရောထွေးနေတတ်ကြ၏။ အထူးသဖြင့် ပြည်ပအတွေ့အကြုံ မရှိသော၊ သူတစ်ပါး ယဉ်ကျေးမှုကို မလေ့လာမိသော သူတို့၌ပို၍ ရောထွေး ယှက်တင် ဖြစ်စေ၏။ မြန်မာတို့ ဘာသာရေးဆိုင်ရာ ဓလေ့ ထုံးတမ်းအားလုံး ကို “ထေရဝါဒ” ဟူသော ခေါင်းစဉ်အောက် စုပြုံထည့်တတ်ကြ၏။ မမှန်ပါ။ တချို့မှန်၍ တချို့ မမှန်ပါ။

Artist: Paw Oo Thet
Source: Dhammaweb

ဤ၌ ဥပမာ ထုတ်ပြပါမည်။
၁။ ထေရဝါဒဗုဒ္ဓဘာသာ ရဟန်းတော်တိုင်း ဝါဆိုဝါကပ်ကြသည်။ (ထေရဝါဒဗုဒ္ဓဘာသာ ယဉ်ကျေးမှု၊ ထေရဝါဒနိုင်ငံတိုင်း လက်ခံကျင့် သုံးကြ ၏ ဟူလို)
၂။ နှစ်ဝါထပ်သော နှစ်များ၌ မြန်မာရဟန်းတော်တို့က ဒုတိယဝါ၌ ဝါဆို ဝါ ကပ်တော်မူကြ၏။ (ထေရဝါဒ၊ မြန်မာယဉ်ကျေးမှု)
၃။ နှစ်ဝါထပ်သော နှစ်များ၌ သီရိလင်္ကာရဟန်းတော်များက မိမိတို့ ကျောင်း တိုက် နှစ်ခြိုက်ရာ ပထမဝါ (သို့) ဒုတိယဝါ၌ ဝါကပ်ကြ၏။ (ထေရဝါဒ၊ သီရိ လင်္ကာယဉ်ကျေးမှု)

အတန်ငယ် ရှင်းပြီဟု ထင်၏။ ဝါဆိုဝါကပ်ခြင်းကို တညီတညွှတ်တည်း လက်ခံကျင့်သုံးကြသဖြင့် “ထေရဝါဒ” ဟု သုံးက ပြီးပြည့်စုံပြီး မြန်မာ၊ သီရိ လင်္ကာ၊ ထိုင်းစသော ဝိသေသနတို့ မလိုတော့ပေ။ သို့သော် နှစ်ဝါထပ်သော နှစ်များ၌ မည်သည့်လ ဝါကပ်မည် ဆိုသည်က မူ ထေရဝါဒနိုင်ငံများမှာပင် မတူညီသော အဓိပ္ပါယ်ပြန်ဆိုချက်များ ကွဲနေတော့သည်။ ထိုအခါ မြန်မာ၊ သီရိလင်္ကာစသော ဝိသေသန ပါမှ သာ ပြည့် စုံလေတော့သည်။ ဤအချက်ကို မသိက ထေရဝါဒ ရဟန်းတော် တိုင်း ဒုတိယဝါ၌ ဝါကပ်သည်ဟု ထင်မှတ်မှားနိုင်သည်။
နိုင်ငံ၊ ဒေသ၊ လူ့အဖွဲ့အစည်းကို အခြေခံပြီး ကွဲလွဲနေသော (မတူညီသော ဟု ဆိုလိုသည်၊ မှားယွင်းသည်ဟု မဆိုလို) ယဉ်ကျေးမှုတို့ကို ထပ်ပြပါဦးမည်။

၁။ ထေရဝါဒဗုဒ္ဓဘာသာတိုင်း ညချမ်း၌ ဘုရားကို ပန်း၊ ရေချမ်း၊ ဆီမီး ကပ် လှူကြသည်။ (ထေရဝါဒ ယဉ်ကျေးမှု)
၂။ သီရိလင်္ကာထေရဝါဒ ဗုဒ္ဓဘာသာတို့က ညချမ်း၌ ပန်း၊ ရေချမ်း၊ ဆီးမီး သာမက ကွမ်းရွက်နှင့် ကွမ်းသီးတို့ကိုပါ ကပ်လှူကြသည်။ (ထေရဝါဒ၊ သီရိလင်္ကာယဉ်ကျေးမှု)
၃။ ရုရှားဗုဒ္ဓဘာသာများဆိုလျှင် ညချမ်းအခါ၌ ဗော်(ဒ်)ကာ အရက်များကိုပင် ကပ်လှူကြသည်ဟု ဆို၏။ (ရုရှားဗုဒ္ဓဘာသာ ယဉ်ကျေးမှု)
ဤ၌ မေးရန်ရှိလာ၏။ အဆုံးအမတစ်ခုတည်း ဖြစ်ပါလျှက် ဓလေ့ထုံးတမ်းတို့ ဘာ့ကြောင့် ကွဲနေရသနည်း။

ဤကိစ္စမျိုး၌ သူမှား၊ ငါမှန် ငြင်းခုံနေလျှင် ပြီးမည် မဟုတ်တော့။ ကိုယ့်နိုင်ငံ မှာ ဝိနည်းပိဋကတ်ရှိသလို ထေရဝါဒ (၅) နိုင်ငံလုံးမှာလည်း (အခြားထေရ ဝါဒ နိုင်ငံများမှာလည်း) ဝိနည်းပိဋကတ် ရှိသည်။ ကိုယ့်နိုင်ငံမှာ ပညာတတ် ရဟန်းတော်များ ရှိသလို သူတို့နိုင်ငံများမှာလည်း ပညာတတ် ရဟန်းတော် များ ရှိသည်။ ကိုယ်က အထောက်အထားများဖြင့် ငြင်းဆိုလျှင် သူတို့က လည်း အထောက်အထားများဖြင့် ပြန်လည် ငြင်းဆိုမည် ဖြစ်သည်။

သို့ဖြစ်လျှင် ကမ္ဘာ၌ လူအနည်းစုသာ ယုံကြည်ကိုးကွယ်နေသည့် ထေရဝါဒ ယဉ်ကျေးမှုကို ငါးစိတ် ထပ်စိတ်ရဦးတော့မလို ဖြစ်သွားတော့မည်။ မစွံတော့။
ဓလေ့ထုံးစံတို့ ကွဲပြားနေရခြင်းသည် နိုင်ငံ၏ သမိုင်း၊ တည်ရာရပ်ဝန်း၊ လူ့ အဖွဲ့အစည်းနှင့် အဓိကအားဖြင့် ဝိနည်းတော်ကို အဓိပ္ပါယ်ပြန်ဆိုပုံ မတူညီ ကြခြင်းကြောင့် ဖြစ်၏။ မည်သို့ဖြစ်စေ သူ့ယဉ်ကျေးမှုကို သဘောမတူညီနိုင် သည် ဆိုစေဦး၊ အပြန်အလှန် နားလည်ခြင်း၊ လေးစားခြင်းသည် ငြင်း ခုံေ နခြင်းထက် ဘုရားစကားနှင့် ပို၍ နီးကပ်ပါသည်။

ဤ၌ အဓိက ဆွေးနွေးလိုသော အချက်သည် ဝါကပ်ခြင်း၊ ဝါတွင်းကာလ၊ နိုင် ငံ၏ ရာသီဥတုစသည်တို့ ဖြစ်သည်။ ဤဆွေးနွေးချက်များသည် ကိုယ်ပိုင်အယူအဆ မဟုတ်၊ မန္တလေး သာသနာ့တက္ကသိုလ်တက်စဉ်က ဆရာကြီးဦးဋ္ဌေးအောင် (မိုးဇလ) ၏ လက်ချာများကို ပြန်လည်နှလုံးသွင်း ရင်း ဆွေးနွေးသော ဆောင်းပါးသာ ဖြစ်သည်။

ဝါတွင်းဟူသည် ပါဠိလို ဝဿ၊ မြန်မာလို မိုးများသောကာလ ဖြစ်သည်။ ဝါတွင်းကာလ သုံးလကြာ၏။ ဤ၌ ဆရာကြီးက ပထမဆုံး မေးခွန်းမေး သည်။ မြန်မာပြည်၌ မိုးရာသီ ဘယ်နှစ်လ ရှိသနည်း။ သုံးလလား၊ သုံးလ ထက် ပိုသလား။ သုံးလထက် ပိုပါသည်။ အကြမ်းဖျင်းအားဖြင့် ငါးလခန့် ရှိပေလိမ့်မည်။
သို့ဖြစ်လျှင် အဘယ့်ကြောင့် ဝါတွင်းသုံးလသာ ဖြစ်နေရသနည်း။
မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဆရာကြီး အကျွမ်းကျင်ဆုံး ဘာသာရပ်ဟု ဆိုက ရကောင်း ရနိုင်ပါလိမ့်မည်။ ဆရာကြီးက သိပ္ပံနည်းကျ ရှင်းသည်။
ဘုရားပွင့်ရာ မဇ္ဈိမဒေသ၌ မိုးတွင်းက သုံးလသာ ရှိသည်။ ထို့ကြောင့် ဝါတွင်းပညတ်ရာ၌လည်း သုံးလဟုသာ သက်မှတ်သည်။
ဆရာကြီး၏ မိုးဇလပညာရပ်အရ မုတ်သုန်လေသည် မြန်မာပြည်ကို အရင်ေ ရာက်၏။ ထို့ကြောင့် တစ်လခန့် ကြို၍ မိုးဦးကျ၏။ ထိုမုတ်သုန် က မြန် မာပြည်ကို ဖြတ်ပြီး အိန္ဒိယထဲသို့ ဝင်သွားသည်။ တစ်လခန့် ကြာသော် ထို မုတ်သုန်လေ မဇ္ဈိမဒေသကို ရောက်ပြီး မိုးရာသီလည်း စတော့သည်။
မုတ်သုန်လေ ပြန်လည်ဆုတ်ရာ၌လည်း ဤနည်းအတိုင်းပင်။ သီတင်းကျွတ် လခန့်တွင် မုတ်သုန်လေသည် မဇ္ဈိမဒေသမှ စတင် ထွက်ခွာသည်။ ထို့ကြောင့် သီတင်းကျွတ်သည်နှင့် မိုးလည်း ကျွတ်လေတော့၏။ မြန်မာပြည် ၌ သီတင်းပင် ကျွတ်သော်လည်း မိုးက မကျွတ်သေး။ အကြောင်းက အိန္ဒိယ မှ ဆုတ်ခွာလာခဲ့သော မုတ်သုန်လေက မြန်မာပြည်ထဲ၌ ရှိနေဆဲ ဖြစ်သောေ ကြာင့်ပင်။
သို့ဖြင့်ပင် မြန်မာပြည်၏ မိုးရာသီသည် ယေဘုယျအားဖြင့် နယုန်လမှစ၍ တန်ဆောင်မုန်းလအထိ ငါးလမှ ခြောက်လ၊ ခုနှစ်လအထိ ရှိနိုင်သည်။ သို့သော် မဇ္ဈိမဒေသ၌ကား သုံးလသာ ကြာ၏။ အကယ်၍ ဘုရားရှင် ဝိနည်းတော် ပညတ်ရာဒေသသည် မြန်မာနိုင်ငံမှာ ဖြစ်အံ့၊ ဝါတွင်းကာလ သည် သုံးလ မဖြစ်နိုင်၊ ငါးလ ဖြစ်နိုင်ရာသည်ဟု ဆရာကြီးက မှတ်ချက်ပြု သည်။ ပညာရှင်စကားဖြစ်သဖြင့် ဤစကားမျှဖြင့်ပင် ပြီးပြည့်စုံလေပြီ။

ဤသည်တို့ကား ဝိနည်းပါဠိတော်နှင့် ယဉ်ကျေးမှု ကွဲပြားလာရပုံ၏ လက်တွေ့ ဆန်သော၊ သိပ္ပံဆန်သော၊ ပညာရှင်ဆန်သော ကောက်ချက် ပင် ဖြစ်ပေေ တာ့သည်။
မန္တလေးစသော မြန်မာပြည်အလယ်ပိုင်း မြို့များမှာဆိုလျှင် ဝါတွင်း၌ ဝါဆို ရမည် ဆို၍သာ ဝါဆိုလိုက်ရသည်။ မိုးခေါင်သော နှစ်များ၌ မိုးဟူ၍ ဖြစ်ဖြစ်ြေ မာက်မြောက် မရွာ။ သို့သော် ဝိနည်းရှိ၍ ဝါဆို လိုက်ရ၏။
သီရိလင်္ကာ၊ စင်္ကာပူစသော ကျွန်းနိုင်ငံများ၌ ရာသီဥတု သက်သက်မှတ်မှတ် မရှိ၊ (၁၂) လလုံးလုံးလို မိုးရွာသည်။ ဤသို့ဆိုလျှင် (၁၂) လလုံးလုံးပဲ ဝါကပ် ရတော့မလို ရှိသည်။ မလိုအပ်။ ဝိနည်း၌ သုံးလဟုသာ ပါ၏။ ထို့ကြောင့် သုံး လသာ ဝါကပ်ကြ၏။
သို့သော် …
ထိုသုံးလကို အဘယ်သို့ သက်မှတ်မည်နည်း။
ဤအချက်ကား နိုင်ငံတို့ အသုံးပြုနေသော ပြက္ခဒိန်နှင့် လုံးဝ သက်ဆိုင် သွားတော့သည်။
ဥပမာအားဖြင့် နှစ်သစ်ကူးသောရက် ဖြစ်သည်။
အိန္ဒိယန်းတမီးလ်များနှင့် ထေရဝါဒငါးနိုင်ငံ၏ ပြက္ခဒိန်တို့သည် တော်တော် ဆင်တူသည်။ ဧပြီလမှာ နှစ်သစ်ကူးကြသည်။ သို့သော် နှစ်ဆန်းသည့်ရက်ကို ရေတွက်ကြရာ၌ ထပ်တူ မရှိတတ်။ ထိုင်းနှင့် သီဟိုဠ်က တူနေတာ များသည်။ မြန်မာက ကွဲနေတတ်သည်။ ပြက္ခဒိန်များ အားလုံးသည် “လ” ကို အခြေခံ တွက်ချက်သော လူနာ (Lunar) ပြက္ခဒိန် များ ဖြစ်သဖြင့် လပြည့်လကွယ်စသည်ကို သတ်မှတ်ရာမှာတော့ တစ်ရက် စ၊ နှစ်ရက်စ ကွာဟတတ်သည်မှ လွဲပြီး အများကြီး ကွာဟမနေ၊ ကွာဟ၍ လည်း မရ။

ဤ၌ နောက်ဆုံးဝါကပ်၊ ဝါဆိုသည့်လကို ပြန်ကြည့်ကြပါစို့။ မိုးများသော ကာလ၌ ဝါကပ်ကြသည်။ ဝါထပ်သောနှစ်များမှာ ဝါတွင်းသုံးလက တိတိ ကျကျ သက်မှတ်ထားသဖြင့် သဘောထား ကွဲလွဲခြင်း မရှိ။ သို့သော် နှစ်ဝါထပ်၍ ဝါတွင်းလေးလ ဖြစ်နေသော နှစ်များ၌ ဘယ်သုံးလကို ဝါဆိုကြမည်နည်း။ တစ်နေရာနှင့် တစ်နေရာ၊ တစ်မြို့နှင့် တစ်မြို့ မိုးအနည်းအများ မတူနိုင်တော့။ ထိုအခါ မိုးပိုများသော သုံးလကို ရွေးချယ်၍ ဝါကပ်ကြသည် ဆိုပါစို့။

ဝိနည်းတော်က ဘာပြောဦးမည်နည်း။ ဝိနည်းတော်နှင့် ဆန့်ကျင်နေသည်ဟု ဆိုရန် ရှိပါဦးမည်လော။ ဤကိစ္စမျိုးသည် အငြင်းပွားနေသင့်သော ကိစ္စ မဟုတ်သလို “သာသနာကွယ်လိမ့်မည်” ဟူသော ခပ်ဝါးဝါးစကားကိုလည်း မသုံးစွဲအပ်တော့။
ဤဆောင်းပါး၏ အဓိက ရည်ရွယ်ချက်သည် မတူညီမှုများကို နားလည်ပြီး လေးစားတတ်ရန်သာ ဖြစ်သည်။ မြန်မာဗုဒ္ဓဘာသာတို့ ကျင့် သုံးနေသော ဓလေ့ထုံးစံများတွင် အချို့ကား အခြားထေရဝါဒနိုင်ငံများနှင့် ညီ၏။ အချို့ကား မညီ။ ထိုမညီသော ဓလေ့ထုံးစံတို့ကို ထေရဝါဒမြန်မာ ယဉ်ကျေးမှုဟု ဆိုမှသာ ပြည့်စုံမည်။
ကျွန်ုပ်တို့ ဗုဒ္ဓဘာသာအမည်က ထေရဝါဒဖြစ်သည်။ ကျန်သော ငါးနိုင်ငံနှင့် ညီညွတ်လျှင် ပိုကောင်းသည်။ တိဗက်တန်ဗုဒ္ဓဘာသာဆိုလျှင် တိဗက်နှင့် ညီညွှတ်လျှင် ပြီးပြီ။ သူ့ဗုဒ္ဓဘာသာ အမည်ကပင် တိဗက်တန် ဗုဒ္ဓဘာသာ ဖြစ်နေသောကြောင့် ဖြစ်သည်။

ကျနော့် အီးမေးထဲက ဓားပျိုတစ်လက် (သို့) ဗိုလ်ချုပ်

**သခင်ဘတင် ( ရဲဘော်ဂိုလ်ရှယ်) ၏ ဗိုလ်ချုပ်သို့လွမ်းချင်း**

* ကျနော် မမှီဘူး သူက သိပ်မြင့်လွန်းတယ်
* ကျနော် မရှာဘူး သူက ကျနော့ အရှေ့မှာ အမြဲတမ်းရှိတယ်
* ကျနော် မတွေးဘူး သူက အားလုံးတွေးသွားပေးတယ်
* ကျနော် ကြောက်စရာလို့ထင်တော့ သူက ကျနော့ကိုယ်စား ရင်ဆိုင်ရှင်းသွားတယ်
* ကျနော် မပြောဘူး သူက ကျနော့အရှေ့က အားလုံးပြောသွားတယ်
* ကျနော် လုပ်မလို့ သူက အားလုံးလုပ်သွားပေးတယ်
* ကျနော် မကြိုက်ဘူး သူက ကျနော့ထက်ပိုဆိုးတယ်
* ကျနော် မရဲဘူး သူက ကျနော့ထက် အသင်္ချေအန္တရဲစွမ်းတယ်
* ကျနော် မချစ်ဘူး သူက ကျနော့ကို ချစ်တယ်
* ကျနော် ရှေ့မတိုးဘူး သူက ကျနော့ရှေ့မှာ တိုးတိုးတက်သွားတယ်
* ကျနော်နောက်ဆုတ်မလို့ သူက ကျနော့ကို ထောက်ကူထားတယ်
* ကျနော် ငိုမလို့ သူက ကျနော့မျက်ရည်တွေကို ယူသိမ်းလိုက်တယ်
* ကျနော် တိုက်မလို့ သူက အားလုံးကို တိုက်ချပစ်လိုက်တယ်
* ကျနော်လိုက်မလို့ သူက တိုက်ဖို့ထွက်သွားတယ်
* ကျနော် လမ်းခွဲရှာတော့ သူက လမ်းဆုံမှာ ထိုင်ပြီးပြုံးနေတယ်
* ကျနော် ကွန်မြူနစ်အကြောင်းပြောတော့ သူက ကွန်ညိုညစ်ကို ကျောခိုင်း လိုက်တယ်
* ကျနော် ဆိုရှယ်လစ်ကို လှမ်းကြည့်တော့ သူက ဒီမိုကရက်တစ်ဖြစ်နေတယ်
*ကျနော် လစ်ဘရယ်အကြောင်းပြောရင် သူက(Liberty- လေပါတီ အကြောင်း ချပြတယ်
*ကျနော်က လေပါတီအကြောင်းလိုက်ဆွေးနွေးတော့ သူက(Responsibility ရီစပွန်စီဘယ်လတီအကြောင်း ပြောတယ်

သူနဲ့ကျနော် နောက်ဆုံးတွေ့ကြတော့ သူပြောတာက......
“သူနှင့် သူ၏ ယုံကြည်ချက်ဖြစ်သော လွတ်လပ်ခြင်း၊ တရားမျှတခြင်း နှင့် တန်းတူညီမျှခြင်းတို့၏ အကျဉ်းထောင်ထဲတွင် သူထာဝရ တသက်တကျွန်း ကျခံနေရသော အကျဉ်းသားဖြစ်၏” တဲ့….
ယခု ကျနော် ပြောသော သူက ရဲရင့်စွာပြောဆိုကာ ဇူလိုင်၁၉ တွင် နုတ် မဆက်ပဲ ကျနော်ချစ်သော သူက သူချစ်သော သန်းပေါင်းများစွာသော ပူရိသ များအား တမ်းတခြင်းများစွာဖြင့် ထားချန်ရစ်ကာ သူရဲကောင်းတို့ ထာဝရမှေးစက်တည်မှီသော ဘုံဗိမာန်တွင် လဲလျောင်းနေခဲ့လေသည်။

၁၉၅၀ (ပျဉ်းမနား ကျွဲအင်းကြီးစခန်း)
ရဲဘော်ဂိုလ်ရှယ် (သခင်ဘတင်) ကွန်မြူနစ်ပါတီ (မြန်မာပြည်)

အစ္စလမ်မစ် ဥပဒေ (မနက်က မအားလို့ အီးဗီးနင်း ပို့စ်)

နော်ဝေနိုင်ငံသူ Ms Marte Deborah Dalelv ဟာ သူမကို အဓမ္မ အကျင့် ခံရတာကို ရဲသွားတိုင်လိုက်မိလို့ ထောင်ဒဏ် ၁၆ လ အကျခံလိုက်ရတယ်။ အဓမ္မကျင့်သူကိုတော့ ၁၃ လ ဒူဘိုင်းတရားရုံးက ထောင်ဒဏ် ချမှတ်လိုက် ပါတယ် ။
Ms Marte Deborah Dalelv ဟာယူအေးအီးနိုင်ငံမှာ ဒီဇိုင်းနားအလုပ်နေသူ၊ ၂၄ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ယောက် ဖြစ်ပြီး ဟော်တယ်တစ်ခုမှာ ပြုလုပ် တဲ့ အစည်းအဝေးကိုတက်ရင်း သူမရဲ့ လုပ်ဖော်ကိုင်ဖက်က အခုလို အဓမ္မ ကျင့်တာဖြစ်ပါတယ်။ လက်ထပ်ထားတဲ့ ခင်ပွန်းမဟုတ်သူနဲ့ ကာမ စပ်ယှက်မှု အပြစ်နဲ့ ထောင်ဒဏ် ၁၆ လ ချမှတ်တာပါ တဲ့။ အဓမ္မအကျင့်ခံရပါတယ်ဆို ခင်ပွန်းမဟုတ်သူနဲ့ ကာမစပ်ယှက်မှု တဲ့။
အခု သူမက အယူခံဝင်နေပြီး ဒီ မတရားမှုကို ကမ္ဘာသိအောင် ပြောရမယ် ဆိုပြီး မီဒီယာကတဆင့် ပြောနေလေရဲ့။ လူ့အခွင့်အရေးအုပ်စုတွေနဲ့ အနောက်က လစ်ဘရစ်တွေအတွက်တော့ မျက်လုံးပြူး မျက်ဆံပြာ ဖြစ်စ ရာပေါ့။
တရားတာ မတရားတာ အပထား အစ္စလမ်မစ် ဥပဒေအရ ယောက်ျားဖြစ်ရ တာ တော်တော်မိုက်တာပဲ။ အမျိုးသမီးဖြစ်ရပြီဆိုရင်လည်း မချောင်လှ။

(စထရိတ်တိုင်း)

မက္ကာသီနှင့် မာရိုး အတ္တမျက်နှာဖုံးကိုဆွဲခွာခြင်း (ရေးသားသူ- ရဲမိုး)

အီးမေးထဲ ရောက်လာတဲ့ဆောင်းပါးပါ၊ အချက်အလက် အားကောင်း တာ ရယ်၊ စဉ်းစားစရာ ပေးထားခဲ့နိုင်တာရယ်ကြောင့် တင်လိုက်ပါတယ်။

(ကမ်းလက်)

လူထုကြားမှာ အကြောက်တရားကို ပါးနပ်စွာနှိုးဆွကိုင်တွယ်နိုင်လျှင် ပုဂ္ဂိုလ်ေ ရးသြဇာအာဏာကို အလွယ်တကူတည်ထောင်နိုင်သည်ဆို သည့် သီအိုရီကို ယခုမှတွေ့ရှိသည်မဟုတ်ပါ။ သမိုင်းအဆက်ဆက်မှာနာမည်ဆိုးဖြင့် ကျော် ကြား သည့် ခေါင်းဆောင်များက လက်တွေ့ပြပြီး ဖြစ်ပါသည်။ စစ်အေးတိုက်
ပွဲ ကာလအစ အမေရိကန်ပြည်ထောင်စုမှာ “ကွန်မြူနစ်ချေမှုန်းရေး” ကို ကြွေးကြော်ခဲ့ပြီး ပုဂ္ဂိုလ်ရေးသြဇာအာဏာ ထူထောင်ခဲ့သည်။ ဆီနိတ်တာ ဂျိုးဇက်မက္ကာသီနဲ့ သူ့မျက်နှာဖုံးကို ရဲရဲဝံ့ဝံ့ဆွဲခွာခဲ့သည့် သတင်းစာဆရာ အက်ဒ၀ပ်အာရ်မာရိုးတို့အကြောင်းကို ဒီကနေ့ဆွေးနွေးကြပါစို့။

ဒုတိယကမ္ဘာစစ်ပြီးခါစ ကမ္ဘာ့နိုင်ငံရေးမှာ အမေရိကန်ဦးဆောင်သည့် အနောက်အုပ်စုနှင့် ဆိုဗီယက်ရုရှားဦးဆောင်သည့် ကွန်မြူနစ် ဘလော့ခ်တို့ အကြား စစ်အေးတိုက်ပွဲစတင်လာခဲ့သည်။ အမေရိကန် ပြည်သူများကြားမှာ “ကွန်မြူနစ် အကြောက်တရား”ကို နှိုးဆွခဲ့ပြီး ပုဂ္ဂိုလ်ရေးသြဇာကို တည်ေ ထာင်ခဲ့သူကတော့ ၀စ္စကွန်ဆင်ပြည်နယ် ရီပတ် ဘလစ်ကန် ဆီနိတ်တာ ဂျိုးဇက် မက္ကာသီပါ။

၁၉၅၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၉ ရက်မှာမက္ကာသီက “အမေရိကန် ပြည်ေ ထာင်စုကို ကွန်မြူနစ်တွေချုပ်ကိုင်ထားပြီ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှာလည်း ကွန်မြူနစ်တွေဝင်စီးထားပြီ၊ နိုင်ငံခြားရေးဌာနမှာ ၀င်ရောက်လုပ်ကိုင်နေ သည့် ကွန်မြူနစ် ၂၀၅ ယောက်စာရင်းကိုရထားပြီ” ဆိုသည့် ပြူးတူးပြဲတဲ မိန့်ခွန်းတစ်ခုကို သူစတင်ပြောခဲ့သည်။ သည့်နောက် ပိုင်းမှာတော့ “လူ့အ ဖွဲ့အစည်းအ တွင်းက ကွန်မြူနစ်တွေကို ဆွဲထုတ်ကြ” ဆိုသည့် ကြွေးကြော် သံကို ဦးဆောင်ပြီး အာဏာတစ်ခုကိုသူ ထူထောင်ခဲ့တော့သည်။

သာမန်ဘုမသိဘမသိပြည်သူများကြားမှာ အမေရိကန်နိုင်ငံကို နေချင်း ည ချင်း ကွန်မြူနစ်များက ထိန်းသိမ်းတော့မယောင် ထင်မြင်စေသည့် နည်း လမ်းဖြင့် မက္ကာသီတစ်ယောက် မျိုးချစ်တိုက်ပွဲကြီး၏ တပ်ဦးက သူရဲကောင်း အဖြစ် သူ့ကိုယ်သူ ခြယ်မှုန်းခဲ့သည်။

အလယ်ခေတ်က ဥရောပမှာ “စုန်း”ဟုစွပ်စွဲပြီး လူအများအပြားကို သတ်ဖြတ် ခဲ့သည့် “စုန်းစစ်ဆင်ရေး” Witch Hunt အတိုင်းကွန်မြူ နစ်စစ်ဆင်ရေး ကိုနိုင်ငံအ၀န်း ရွက်လွှင့်ခဲ့သည်။ မက္ကာသီခေတ်မှာ တက္ကသိုလ်ပါမောက္ခများ၊ စာရေး ဆရာများ၊ အနုပညာရှင်များ၊ နိုင်ငံ ၀န်ထမ်းအများအပြားရာထူးမှ ထုတ်ပယ်ခံရ၊ အရေးယူခံခဲ့ကြရသည်။ စာရင်းဇယားများအရ ထောင်နှင့် ချီသည့် အမေရိကန်များ အကြောင်းမဲ့အရေးယူခံကြရသည်ဟု ဆိုသည်။

မက္ကာသီကို ကျောထောက် နောက်ခံပေးထားသူကတော့ အက်ဖ်ဘီအိုင်ေ ထာက်လှမ်းရေးအဖွဲ့ကြီး၏ ညွှန်ကြားရေးမှူး ဂျေအက် ဒဂါဟူးဗား။ မက္ကာသီ ၏ ဆန္ဒကိုပုံ ဖော်ဖို့ ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များက အကျိုးဆောင်ပေး ခဲ့ကြသည်။ အိမ်ဖြူတော်ကပင်ဝင်မစွက်ရဲ။ အခြားနိုင်ငံရေးသမားများနှင့် အစိုးရအရာရှိများကလည်း လူပြိန်းကြိုက်ကြွေးကြော်သံအောက်မှာ နေရာ တစ်နေရာရဖို့ မက္ကာသီကို ပူး ပေါင်းကြရသည်။

မက္ကာသီကို မည်သူမျှမဝေဖန်ရဲ။ မက္ကာသီကိုမည်သူမျှစိန်မခေါ်ရဲ။ မက္ကာသီကို မည်သူမျှမဆန့်ကျင်ရဲခဲ့ပါ။ မက္ကာသီကိုဝေဖန်သူသည်မျိုး ချစ်စိတ်ဓာတ် မရှိ သူ၊ မက္ကာသီကို စိန်ခေါ်သူသည် ကွန်မြူနစ်၊ မက္ကာသီကို ဆန့်ကျင်သူသည် တိုင်းပြည်သစ္စာဖောက်ဟု မက္ကာသီနှင့် အဖွဲ့သားများက စည်းရုံးလှုံ့ဆော်ခဲ့ ကြသည်။

မက္ကာသီနှင့်အဖွဲ့က “အနီရောင်ချန်နယ်များ”Red Channels ဆိုသည့် လှုပ် ရှားမှုနှင့် သူတို့ အယူအဆနှင့် မကိုက်ညီသည့် ရေဒီယို အသံလွှင့်ဌာနများကို ကွန်မြူနစ်ဟု စွပ်စွဲခဲ့သည်။ သတင်းနှင့် ဖျော်ဖြေရေးသမား ၁၅၁ ဦးကို အ နက်ရောင်စာရင်း Black List သွင်းခဲ့သည်။ ဟောလိဝုဒ်အနက်ရောင် စာရင်း Hollywood Black List ဆိုသည့် လှုပ်ရှားမှုနှင့် ဟောလိဝုဒ် အနုပညာလော က က သရုပ်ဆောင်၊ ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာနှင့် အနုပညာရှင် အများအပြားကိုလည်း စွပ်စွဲတိုက်ခိုက်ခဲ့ကြသည်။

လွတ်လပ်သည့် အတွေးအခေါ်ကို ကိုင်စွဲခဲ့သည့်အတွက် မက္ကာသီခေတ်က အနက်ရောင်စာရင်းအသွင်းခံကြရသူများမှာ ကမ္ဘာကျော် ရုပ်ရှင်ပညာရှင် ချာ လီချက်ပလင်၊ သိပ္ပံပညာရှင် အဲလ်ဘတ်အိုင်းစတိုင်း၊ နိုဗယ်ဆုရ စာရေးဆရာ သောမတ်စ်မန်း၊ အဏုမြူဗုံးတီထွင်သူ သိပ္ပံပညာရှင် ရောဘတ် အိုဗင်ဟိုင်းမား၊ စာရေးဆရာကြီး အာသာမစ်လာ၊ စာရေးဆရာမ ဒေါ်ရိုသီ ပါကား တို့အပါ အ၀င် နိုင်ငံအဖိုးတန်ပညာရှင်များစွာပါဝင်ခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် မက္ကာသီလှုပ်ရှားမှုအောက်တွင် စကားဟဟ မပြောရဲတော့ပါ။ မည်သူမျှ ဂျိုးဇက်မက္ကာသီကို စိန်မ ခေါ်ရဲတော့ပြီလား။

Columbia Broadcasting System ရေဒီယိုနှင့် ရုပ်သံသတင်း ဌာနကြီးမှာ သမိုင်းတွင်မည့် သတင်းစာဆရာတစ်ယောက်ရှိခဲ့သည်။ သူ့ နာမည်က အက် ဒ၀ပ်အာရ်မာရိုး။ ဒုတိယကမ္ဘာစစ်အတွင်းက နာဇီဂျာမန်များ ဗုံးတွေ တ၀ုန်း ၀ုန်းကြဲနေသည့်ကြားက လန်ဒန်မြို့ကနေ ရေဒီယိုဖြင့် Live သတင်းကြေညာ ခဲ့သည့်မာရိုးကို အမေရိကန်ပြည်သူများက လေးစားယုံကြည်ကြသည်။

မာရိုးနှင့် သူ့မိတ်ဆွေ ပရိုဂျူဆာ ဖရက်ဖရင်ဒလေတို့က မက္ကာသီ အောက် မှာ မျှော်လင့်ချက်မဲ့နေခဲ့သည့်အမေရိကန်ပြည်ထောင်စုကို ပြန်လည်ဆယ်ယူဖို့ကြိုးပမ်းကြသည်။ မည်သူမျှမထိတို့ရဲသည့် မက္ကာသီကို စုံစမ်းဖော်ထုတ်ဖို့ သူတို့ပြင်ဆင်သည်။ နောက်ဆုံးတော့ မာရိုး၏ ရုပ်သံအစီအစဉ် “See It Now” ကတစ်ဆင့် မက္ကာသီကို စုံစမ်းဖော်ထုတ်သွားဖို့သူတို့ဆုံးဖြတ်ခဲ့သည်။ ထိုဆုံးဖြတ်ချက်က CBS ၏ သတင်းခန်းအတွင်းမှာ ဗုံးတစ်လုံးလို ပေါက်ကွဲ သွားတော့သည်။ အိမ်ဖြူတော်ကပင်ဆင်ခြင်နေရသည့် မက္ကာသီကို စိန်ခေါ်ခြင်းသည် CBS အတွက် ကိုယ့်သေတွင်းကိုယ်တူး ခြင်းဟု ဦးဆောင် သူအချို့ကယူဆသည်။ တစ်ဖက်က တန်ပြန်ပြုလုပ် လာမည့် တိုက်စစ်ကို သူတို့ ရင်မဆိုင် ရဲပါ။ နောက်ဆုံးတော့ CBS ကိုယ် တိုင်က မာရိုးကို တားမြစ် လာတော့ သည်။ မာရိုးနောက်မှာတော့ သူနဲ့ တစ်သားတည်းခံယူထားသည့် ပရိုဂျူဆာဖရင်ဒလေ၊ မာရိုးနှင့် အမှန်တရားကို ချစ်မြတ်နိုး၍ တစ်ဘ၀လုံး ပုံချထိုးကြမည့် ကင်မရာနှင့် အသံဖမ်းသမားများသာ။ အပြန်ပြန်အလှန် လှန် ငြင်းခုံကြပြီး CBS က မာရိုးကို ထုတ်လုပ်မှုစရိတ်မပေးနိုင်၊ CBS လို ဂိုကိုပင် အသုံးပြုခွင့်မပေးနိုင်ဟုပြောသည်။ မာရိုးနှင့် ဖရင်ဒလေကလည်း သူတို့အစီအစဉ်ကို ကိုယ့်စရိတ်ကိုယ်စိုက် ကြော်ငြာခပေးပြီး လွှင့်ထုတ်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။ သည်လိုနှင့် သတင်းစာပညာ၏ သမိုင်းဝင်တိုက်ပွဲကြီး စတင်ခဲ့ပါသည်။

၁၉၅၄ ခုနှစ် မတ်လ ၉ ရက်မှာ “ဆီးနိတ်တာ မက္ကာသီနှင့်ပတ်သက်၍ အစီရင်ခံစာ” A Report on Senator Joseph McCarthy ကို “ See It Now ” အစီအစဉ်မှာ ထုတ်လွှင့်ခဲ့သည်။သန်းနှင့်ချီသည့် အမေရိကန် ပြည်သူ များ ကို သူတို့ကြောက်ရွံ့သည့် မက္ကာသီကို စုံစမ်းဖော်ထုတ်ပြသည့် မာရိုး၏ မျက်နှာကို ရုပ်သံမှတစ်ဆင့် ကြည့်ရှုခဲ့ကြသည်။ စီးကရက်ကိုလက် ကြားညှပ် ထားပြီး တည်ငြိမ်စွာပြောဆို သွားသည့် မာရိုးက မက္ကာသီ၏ ရှေ့နောက်မညီ သည့် စကားများနှင့် အမှားများကို ရဲရဲဝံ့ဝံ့ဖွင့်ချခဲ့သည်။ အမေရိကန်ပြည်ထောင်စုတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ရုပ်မြင် သံကြားအစီအစဉ်ကို စောင့်စား ကြည့်ရှုခဲ့ကြသည်။ အစီအစဉ်အပြီး မှာတော့ မာရိုးက ပရိသတ်ကို သူနှုတ်ဆက်နေကြအတိုင်း “Good Night and Good Luck ” ဟု နှုတ်ဆက်စကားဆိုခဲ့သည်။ တင်ဆက်မှုပြီးသည်နှင့် သတင်းခန်း ထဲကို ဖုန်း များဆက်တိုက်ဝင်လာသည်။ မာရိုး ကို ထောက်ခံသည့် ပြည်သူ များ၏ တယ်လီဖုန်းများခေါ်သံများ။

မာရိုး၏ ထက်မြက်ရဲရင့်သည့် စုံစမ်းဖော်ထုတ်မှုက ပြည်သူများကို သတ္တိ ရှိရှိ ထုတ်ဖော်ပြောဆိုရဲဖို့ အားပေးခဲ့သည်။ မျှော်လင့်ထားခဲ့သည့် အတိုင်း မက္ကာ သီ ကလည်း မာရိုးနှင့် အဖွဲ့ကို “ကွန်မြူနစ်များ”ပြန်လည် စွပ်စွဲတိုက်ခိုက်ခဲ့ သည်။ သို့သော် ဒီ တစ်ခါတော့ မက္ကာသီ၏လူပြိန်းကြိုက်စွပ်စွဲမှုများ အလုပ် မဖြစ်တော့ပါ။ နောက်ပိုင်းမှာ ဆီးနိတ်လွှတ်တော်ကပါ မက္ကာသီကို စုံစမ်း စစ်ဆေးဖို့ စတင်အရေးယူ ဆောင်ရွက်လာခဲ့သည်။ ထိုအချိန်ကစပြီး မက္ကာသီ ၏ ကျဆုံးမှုစတင်ခဲ့ပါသည်။ နောက်ဆုံး အသည်းရောဂါဖြင့် သူ ကွယ်လွန်သည့်အခါ သူ့ဘေးမှာ ထောက်ခံသူများများစားစား မရှိတော့ပါ။

အက်ဒ၀ပ်အာရ်မာရိုး၏ မက္ကာ သီသတင်းပေးပို့ချက်သည် ရုပ်သံ သတင်း ဌာနခေတ်ဦးအတွက် ရှေ့ ဆောင်လမ်းပြဖြစ်ခဲ့သလို သတင်း စာဆရာ အား လုံးကို အမှန်တရား ကို ဖော်ထုတ်ရဲဖို့ပြသခဲ့သည့် သင် ခန်းစာလည်းဖြစ် သည်။ နောင်အခါ သြစတြေးလျနိုင်ငံသား ကမ္ဘာကျော် သတင်းစာဆရာမ ဂျွန်ပေလ်ဂျာရေးသည့် “ကမ္ဘာကိုပြောင်းလဲစေသည့် သတင်းစုံစမ်းထောက် လှမ်းမှုပညာ”” စာအုပ်မှာ မာရိုး၏ မက္ကာသီစုံစမ်းမှု ကို အခန်း တစ်ခန်ြး ဖင့် ပြန်လည်ရေးသားခဲ့သည်။

နောင်အခါ အမေရိကန်ပြည် ထောင်စုသမိုင်းမှာ “မက္ကာသီဝါဒ” ဆိုသည့် စကားလုံးကို “အကြောက် တရားကို မွေးဖွားခြင်း”နှင့် “ကျိုးကြောင်းမဲ့စွပ်စွဲခြင်း”တို့ကို ညွှန်းဆိုဖို့ အသုံးပြုလာခဲ့ပါသည်။

အက်ဒ၀ပ်အာရ်မာရိုးဆိုသည့် အမည်ကတော့ “အမှန်တရားကို ဖော်ထုတ်ခြင်း”နှင့် “အမှားကို စိန်ခေါ်ရဲသည့် သတ္တိ”အဖြစ် သမိုင်းမှာ တွင်ကျန်ခဲ့ပါသည်။

လူ့အဖွဲ့အစည်းအတွင်း မက္ကာသီများရှိနေသရွေ့ မာရိုးများရှိနေ ဖို့လိုပါလိမ့် မည်။ သင့်ကို မာရိုး အဖြစ် မြန်မာနိုင်ငံတော်က အလိုရှိ နေပါသည်။