၂၀၁၃ ခုနှစ် အဘိဓမ္မာစာမေးပွဲ ဝင်ရောက်ဖြေဆိုခွင့် (စင်္ကာပူ)


ဓမ္မမိတ်ဆွေအပေါင်းသူတော်ကောင်းတို့...
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ သာသနာရေးဝန်ကြီးဌာန သာသနာရေးဦးစီးဌာန မှ ကျင်းပပြုလုပ်သော အဘိဓမ္မာ (ရိုးရိုး) ၊ အဘိဓမ္မာ ဂုဏ်ထူးဆောင် နှင့် ၀ိသုဒ္ဓိမဂ်စာမေးပွဲဆိုင်ရာ ၀င်ခွင့်လျှောက်လွှာများကို မင်္ဂလာဝိဟာရကျောင်း (30 Jalan Eunos Singapore 419495) တွင် ရယူနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

✍ စာမေးပွဲကျင်းပမည့်ရက် ✍
အဘိဓမ္မာပထမဆင့် (ဒီဇင်ဘာလ (၁၃) ရက်၊ သောကြာနေ့)
အဘိဓမ္မာဒုတိယဆင့် (ဒီဇင်ဘာလ (၁၄) ရက်၊ စနေနေ့)
အဘိဓမ္မာတတိယဆင့် (ဒီဇင်ဘာလ (၁၅) ရက်၊ တနင်္ဂနွေနေ့)
စာမေးပွဲကျင်းပမည့်အချိန် ။ ။ စင်ကာပူစံတော်ချိန် မွန်းလွဲ ၁:၃၀ မှ ညနေ ၅:၃၀ အထိ
ကျင်းပမည့်နေရာ ။ ။ မင်္ဂလာဝိဟာရကျောင်း ၊ ဒုတိယထပ် ၊ Chew Quee Neo Hall

 
လျှောက်လွှာများ
အဘိဓမ္မာ နှင့် ၀ိသုဒ္ဓိမဂ် စာမေးပွဲကြေငြာချက်
အဘိဓမ္မာစာမေးပွဲ ၀င်ခွင့်တောင်းပုံစံ
အဘိဓမ္မာ (ရိုးရိုး)အဘိဓမ္မာ (ဂုဏ်ထူးဆောင်)၀ိသုဒ္ဓိမဂ် ၀င်ခွင့်လက်မှတ်

ဖြေဆိုသူတစ်ဦးလျှင် ဝင်ခွင့်တောင်းခံလွှာနှင့် ဝင်ခွင့်ကဒ် (၁)စုံ ဖြည့်ရပါမည်။

ဝင်ခွင့်တောင်းခံလွှာ ၀င်ခွင့်ကဒ်
လျှောက်လွှာထုတ်ယူနိုင်သည့်နေ့ရက်နှင့် အချိန်
စနေနေ့ ။ ။ ညနေ (၅း၀၀) နာရီမှ ည (၉း၀၀) အထိ
တနင်္ဂနွေနေ့ ။ ။ ညနေ (၅း၀၀) နာရီမှ ည (၉း၀၀) အထိ

ဖောင်ဖြည့်ရာတွင် လိုအပ်သည့် အချက်အလက်များ
၁။ ဖြေဆိုမည့်သူအမည်
၂။ ဖြေဆိုမည့်သူ၏ အမျိုးသားမှတ်ပုံတင်အမှတ်
၃။ ဖြေဆိုမည့်သူ အလုပ်အကိုင်
၎။ ဖြေဆိုမည့်သူ၏ အဘအမည်
၅။ ဖြေဆိုမည့်သူ၏ နေရပ်လိပ်စာ အပြည့်အစုံ (စင်္ကာပူလိပ်စာ)
၆။ သင်တန်းဆရာတော်အမည်နှင့် သင်တန်းလိပ်စာ
၇။ ၂-လက်မပတ်လည် ဓာတ်ပုံ (၄) ပုံ
(ဝင်ခွင့်ကဒ်တွင် ဓာတ်ပုံနှစ်ပုံကပ်၍ ဓာတ်ပုံအလွတ် (၂) ပုံ၏ နောက်ကျောတွင် ဖြေဆိုမည့်သူ၏အမည်၊ အဘအမည်၊ ဖြေဆိုမည့်စားမေးပွဲကို ထင်ရှားစွာ ရေးသားပေးပို့ရမည်။)

လျှောက်လွှာနောက်ဆုံးအပ်ရမည့်နေ့
အောက်တိုဘာ (၁၃) ရက်၊ တနင်္ဂနွေနေ့ ည ၉း၀၀ နာရီ။


စုံစမ်းရန်

အရှင် စက္ကပါလ (8191 0822)
ကိုဇော်မျိုးမင်း (9047 9374)

More information -Please visit www.abhidhammafoundation.org

အနံ့ခံ စစ်ခွေး၊ ရဲခွေးတို့ အလုပ်အကိုင် ပြဿနာ


အလုပ်အကိုင် တည်မြဲရေးအတွက် စိုးရိမ်ပူပန်ရမှုဟာ လူတွေမှာသာမက အနံ့ ခံ စစ်ခွေး၊ ရဲခွေးတို့လည်း အခု ရင်ဆိုင်နေကြရပါပြီ။ ဟော်လန်နိုင်ငံ ရဲတွေက ဆေး၊ ဘိန်း စတာတွေကို ရှာဖွေရာ မှာ ခွေးအစား ကြွက်ကို အစား ထိုး သုံးစွဲကြည့်ရာမှာ အကြီးအကျယ် အောင်ြ မင်နေပါတယ်။
အနံ့ခံရာမှာ ကြွက်က နှာခေါင်းပိုစွမ်းပြီး ကာစတန်မာကို ပို အကြိုက်တွေ့စေ ပါတယ်။
အထူးသဖြင့် ကာစတန်မာတွေ နှစ်သက်စေတဲ့ အကြောင်းက လေဘာ ခ ဈေးချိုခြင်းပါ။
ခွေးတစ်ကောင်ကို လေ့ကျင့် သင်ကြားပေးဖို့ ဒေါ်လာ တစ်သောင်းလောက် ကုန်ကျပြီး ကြွက်တစ်ကောင်က ဆယ်ဒေါ်လာဆိုရင် ရနေပြီလို့ စထရိတ် တိုင်း သတင်းစာအရ သိရပါတယ်။

ဒီမန်းများလာရင် ကြွက်ရဲ့ လေဘာခ ကလည်း တက်လာနိုင်စရာရှိပြီး ခွေးေ တွအနေနဲ့လည်း လေဘာခကို လျှော့ချပြီး ကမ်းလှမ်းနိုင်မှ အလုပ်အကိုင် မြဲမယ့်သဘော ရှိနေပါတယ်။
ပေါ်ပြူလေးရှင်း ဒီမိုဂရပ်ဖစ် အညွှန်းအရကတော့ လေဘာဈေးကွက် မှာ ခွေးတွေ ရှုံးတော့မယ့် သဘောပါပဲ။ ခွေးတွေက ဘယ်နည်းနဲ့မှ ကြွက် ဦးရေ (ကလေးမွေးဖွားနှုံး ဖာတယ်လတီ ရိတ်) ကို ယှဉ်နိုင်မည် မဟုတ်ပါ။
ဒါ့ကြောင့် အနာဂတ် လေယာဉ်ကွင်းတွေမှာ အနံ့ခံခွေးတွေထက် အနံ့ ခံကြွက်တွေ တွေ့ရဖို့ များနေကြောင်း သုံးသပ်လို့ ရပါတယ်။

မောနင်း ရီဖလက်ရှင်း


(တစ်)
ဆော်ဒီက မွတ်စလင်ဘုန်းကြီး တစ်ပါးက အမျိုးသမီးတွေ ကားမောင်းရင် အ သားအိမ်ကို ထိခိုက်ပြီး ကလေးကိုယ်ဝန်ဆောင်မှုကို အတားအဆီး ဖြစ်စေနို င်တယ်လို့ ဝါဒဖြန့်နေသတဲ့။ အခု ဆော်ဒီမှာ အမျိုးသမီးတွေ ကားမမောင်းရ ဥပဒေနဲ့ ယဉ်ကျေးမှုကို အဆုံးသတ်ဖို့ လှုပ်ရှားနေကြချိန်မှာ သူ့ဝါဒကို ပြော ဆိုနေတာဖြစ်ပါတယ်။
သူ့စကား ဘယ်လောက်သဘာဝ ကျ၊ မကျဆိုတာက လူတိုင်းသိလို့ ရတဲ့ အဖြေပဲ။ ဒါပေမဲ့ သူကိုယ်တိုင်နဲ့ သူ့နောက်လိုက်တွေကတော့ သူတို့ အစွန်းရောက်နေတယ်လို့ ထင်မိမှာ မဟုတ်ဘူး။ ဘာသာရေးနဲ့ ပတ်သက် တဲ့ ပြဿနာက အမှား၊ အမှန်ကို Facts နဲ့ဆုံးဖြတ်ရတာ မဟုတ်ဘဲ Belief နဲ့ ဆုံးဖြတ်နေရခြင်း ဖြစ်ပါတယ်။ ဒီတော့ တိကျတဲ့အဖြေ မရှိတော့ဘူး။ ထင် သလို ဆော်နေကြတာပဲ။ အစွန်းရောက်နေသူကလည်း သူ့ကိုယ်သူပြန် ကြည့်တော့ အလယ်တည့်တည့်မှာပဲ ရှိနေတော့တယ်။

(နှစ်)
နောက်ပြီး စဉ်းစားမိတာက ဘာ လေ၊ မိုးမှမကျဘဲ အသားလွတ် ပြိုကျနေ တတ်တဲ့ အိန္ဒိယက တိုက်တွေအကြောင်းပါ။ မွမ်ဘိုင်း တိုက်ပြိုမှုမှာ သေဆုံး သူဦးရေ ၆၁ ယောက်ရှိသွားပြီလို့ဆိုတယ်။ အင်ဂျင်နီယာပညာ အဆင့်မမီ တာလား၊ ဘီလပ်မြေခိုးတာ များတာလား၊ ရီနိုဘိတ်လုပ်ရုံနဲ့ ပြိုတာဆိုေ တာ့လေ။
အိန္ဒိယထဲ ကားစီးသွားရင် အပြီးမသတ်ရသေးတဲ့ သံချောင်းထောထောင်နဲ့ အိမ်ဟောင်းတွေ နေရာတိုင်းမှာ တွေ့ရတယ်။ ဘာကြောင့်ပါလိမ်လို့ မေး ကြည့်တော့ အိမ်ကို အပြီးသတ်လိုက်ရင် အခွန်ပေးရတော့မှာမို့ အခွန်ရှောင်ဖို့ တမင် အဲသလို တဝက်တပြက် ချန်ထားတာ တဲ့ (မှားနေရင် ထောက်ပြပေးပါ ဦးကုသလ ဘုရား)။ အဲဒီ စရိုက်ကလည်း ကမ္ဘာမှာ ဘယ်နိုင်ငံမှာမှ မရှိနိုင်ေ လာက်ဘူး။

ကဲ.. ဒါနဲ့ မြန်မာနိုင်ငံက အက်ကြောင်းတွေနဲ့ ရန်ကုန်မြို့လယ်က တိုက်တွေ ကရော ဘယ်လိုလဲ။
အခု ဆောက်နေတဲ့ တိုက်အသစ်တွေ ကရော ဘယ်လိုလဲ။
ဒီ ကန်ထရိုက်တွေကို ရနေတာက လမ်းတွေ၊ တံတားတွေ ကန်ထရိုက် ယူဆောက်နေတဲ့ ဆရာကြီးတွေပဲလား။
လမ်းတွေ၊ တံတားတွေကတော့ ပျက်ဆဲ၊ မကြာမီ ပျက်လတံ့။ လမ်းပေါက်တာက ကွင်းမောင်းလို့ရပေမဲ့ တိုက်ပေါက်ရင်တော့ သေကုန်ကြ မယ်။
ဒါတွေကို "ကမ္မသကာ" ထဲ ထည့်မထားသင့်ဘူး ထင်တယ်။

"Myanmar seeks own growth model"


"ဟိုက် ရှားပါး" လို့ လုပ်ချင်ရင် လုပ်လို့ရပါတယ်။ အထက် ခေါင်စဉ်က မနေ့က စထရိတ် တိုင်းမ် အယ်ဒီတာအာဘော်မှာ ဒေါ်စုပြောခဲ့တာတွေကို အခြေခံပြီး ရေးလာတဲ့ သုံးသပ်ချက်ပါ။ တကယ်ကို ကြုံတောင့် ကြုံခဲပါ။ မနေ့က ကမ်းလက် လပတ်လည်မှာ ဆရာလီးစာအုပ် ကြော်ငြာလိုက်လို့ ဒါကို မတင်နိုင်ခဲ့ပါ။

နိုင်ငံရေးသမားတွေက ပြည်ပမှာဆိုရင်တောင် နိုင်ငံရေးဆိုတာကတော့ ပြည် တွင်းမှာပဲရှိတယ်။ ပြည်တွင်းက မဲပေးတင်မြှာက်မယ့် ပြည်သူလူထုရဲ့ သဘောထားကို အခြေခံပြီး ပေါ်လစီရေးဆွဲရမယ်။ သူတို့ အများစု အမြင်က စီးပွားရေး တိုးတက်လာရုံနဲ့ စနစ်တကျ ဒီမိုကရေစီအကူးအပြောင်းကို အာမ မခံနိုင်ပါ။ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လက်ဖော်ဆောင်နေဖို့ ဒေါ်စုရဲ့ လှုံ့ဆော်နေမှုတွေဟာ သဘာဝကျကြောင်း သုံးသပ်မိတယ်။ ဒါပေမယ့် နိုင်ငံခြားရင်းနှီးမြှုတ်နှံမှုနဲ့ ပတ်သက်လို့ ဒေါ်စုပြောထားခဲ့တာဟာ နည်းလွန်းတယ်။ ရင်းနှီးမြှုတ်နှံလိုသူတွေက သူမဆီက ဒီထက်မက မျှော် လင့်ခဲ့ကြတယ်။

အမျိုးသား စည်းလုံးညီညွတ်ရေး အရေးပါကြောင်း ရှင်းပြခဲ့တယ်။ ဒါပေမဲ့ ဒါနဲ့ ပတ်သက်လို့ နိုင်ငံခြားတိုင်းပြည်တွေက ဘာမှ ဝင်လုပ်ပေးလို့ မရ။ ကမ္ဘာနဲ့ အာစီယံ နိုင်ငံတွေက စီးပွားရေးသမားတွေ မျှော်လင့်တာက သူတို့ ရင်းနှီးမြှုတ်နှံထားတာတွေကို မြန်မာအစိုးရက ဘယ်လို အကာအကွယ်ပေး မှာလဲ ဆိုတာဖြစ်တယ်။ (ဒီကိစ္စ သူမ ဘာမှ မပြောခဲ့)

အစိုးရကောင်းတစ်ခုရဲ့ မရှိမဖြစ်လိုအပ်ချက်တွေက ပွင့်လင်းမြင်သာမှုနဲ့ စိတ် ချယုံကြည်ရမှု (Transparency and accountability ) တို့ ဖြစ်တယ်။ မြန် မာ့ နိုင် ငံရေး၊ စီးပွားရေးအပေါ် အကောင်းမြင်ဝါဒကိုသံသယရှိကြောင်း ပြော ခဲ့တဲ့ သူမစကားမှာ ရိုးသားမှုနဲ့ လက်တွေ့ကျကျ ရှုမြင်တတ်မှုတွေ တွေ့ရှိရ တယ်။
သူမရဲ့ ဖိတ်ခေါ်မှုကို အပြည်ပြည်က ကြိုဆိုကြတယ်။ မြန်မာဟာ သဘာဝ ရင်းမြစ် ချမ်းသာမှုတင်မက မတို့မထိရသေးတဲ့ စိတ်အားထက်သန်ပြီး စွမ်း စွမ်းတမန်ရှိနိုင်မယ့် ၅၂ သန်းကျော်လူထုရဲ့ အနာဂတ် အလားလာလည်း ရှိနေပါတယ်။ ဒါတွေကြောင့် အပြည်ပြည်က စိတ်ဝင်စားတာပါ။ (လူသား အရင်အမြစ်ကိုပါ သုံးသပ်ပြလို့ ကျေးဇူးတင်ရပါတယ်၊ မှတ်ချက်)

သူမ ပြောတဲ့ သူများဆီက လေ့လာစရာတွေကို လေ့လာပြီး ကိုယ့်နည်း ကိုယ်ဟန်နဲ့ကိုယ် ခရီးသွားရမယ်ဆိုတာ အမှန်ပါပဲ။ ဒါပေမဲ့ စင်္ကာပူပုံစံကို ယူပြီးခရီးသွားသင့်တယ်လို့တော့ မတူညီတဲ့ သမိုင်၊ ယဉ်ကျေးမှု စတာေ တွကြောင့် ဘယ် စင်္ကာပူရီယန်းကမှ အဆိုပြုမည် မဟုတ်ပါ။

မတူညီတဲ့ နိုင်ငံတွေက ကွဲပြားစွာ ချမှတ်ကြတဲ့ စီးပွားရေးမူဝါဒတွေ ကိုေ တာ့ နိုင်ငံတိုင်းက စီးပွားရေးရင်းနှီးမြှုတ်နှံလိုသူတွေက သိလိုကြတယ်။ ဒါကို သိမှ မြန်မာ့ စီးပွားရေး အစီယံရေစီး၊ ကမ္ဘာ့ရေစီးထဲ စီးဝင်ဖို့ ကြိုးစားရာမှာ အိမ်နီးချင်းတွေအနေနဲ့ တစ်တပ်တစ်အား ပါဝင်ခွင့်ရပေလိမ့်မယ်။

ကျေးဇူးပါ။ ဒါက မနေ့က စထရိတ် တိုင်းမ် အယ်ဒီတာအာဘော်ပါပဲ။ တိုက် ရိုက် ဘာသာပြန်ထားခြင်း မဟုတ်ပါ။

တနင်္ဂနွေ အပျင်းပြေ


in with or without water

Water is composed of two gins, Oxy-gin and Hydro-gin.
Oxy-gin is pure gin and Hydro-gin is gin with water.

There are two types of water
H2O and CO2.
H2O is Hot water and CO2 is Cold water.

The difference between teacher and doctor.
A teacher teaches.
A doctor docts.

Mr. Zin

စနေ ဘောလုံး


အကြွေးမဆပ်နိုင်သေးတဲ့ စပါး။
သူများနှာခေါင်းက ဝက်ခြံ ညှစ်ပေးရင်း အနီထိသွားတဲ့ တော့ရက်စ်။
လူနှစ်ယောက်ဆက်ဆံရေးကို (သူနဲ့ သူ့လက်ထောက်) မီဒီယာမှာ ဖွင့်ချရအောင် ကလေးမဟုတ်ဘူးဆိုတဲ့ မော်ရင်ညို။ (ဟဲဟဲဟဲ)
စပါး ၁၊ ချယ်လ်ဆီး ၁။

~~~~
တနင်္ဂနွေအဆက်
ပို့စ်ဖာဂူဆန် မန်ယူက ဒေးဗစ် မိုယေး လက်ထက်မှာ လူမလေး ခွေးမလေး၊
ဝက်စ်ဘရောင်းကို အိုးထရက်စ်ဖို့ဒ်မှာ တစ် နှစ်နဲ့ အမြီးကုပ် ပြေးနေရတယ်။
မန်စီးတီး ဗီလာကို အဝေးကွင်း ၃၊ ၂ အရှုံးက လက်ခုပ်တီးနိုင်သေးတယ်။
ဘယ် အသင်းကြီးမှ တေးမဆိုနိုင်တဲ့ ဒီအပတ်မှာ
အိုးထရက်စ်ဖို့ဒ် ရှိုက်သံဝေနေမယ်။

" နားဝင်မချိုတဲ့ အမှန်တရားများ " ဒိုင်ယာရီ


၁။ စိတ်အရှည်ရဆုံး၊ အချိန် အကုန်ဆုံးက စထရိတ်တိုင်းနဲ့ သဘောတူ စာချုပ် ချုပ်နိုင်ဖို့ ကြိုးစားရခြင်းပါ။
၂။ ဒီစာအုပ် မြန်မာဘာသာပြန်ဟာ တရုတ်ပြီးရင် ဒုတိယ နိုင်ငံခြားဘာသာ ပြန်ဆိုခွင့် ရခြင်းပါ။ ရုရှားနဲ့ ပြင်သစ်တို့ကို ဘာသာပြန်ခွင့် မပြုသေး၊ ကြိုးစားဆဲလို့ သိရပါတယ်၊ ဘာကြောင့်လဲတော့ မသိပါ။
၃။ စိကြိုက် ပြင်ဆင်၊ ဖြတ်တောက် ဘာသာခွင့် ပေးပါတယ်။ ဒိုင်ယာလော့ဂ်တွေကို လုံးဝ မဖြတ်ခဲ့ပါ။ အမှာတွေကိုတော့ အကျဉ်းချုပ်ပြီး ကိုယ်ဘာသာ ပြန်ရေးပါတယ်။
၎။ စိတ်ကူးချိုချိုမှာ ရိုက်ပြီး မျိုးဆက်သစ်က ဖြန့်ပါမယ်။ စိတ်ကူးချိုချိုက ကိုစန်းဦးကို စာအုပ်အပြင်အဆင်အတွက် ကျေးဇူးတင်ရပါတယ်။
၅။ ဂျပန်စက္ကူ (ရနိုင်သမျှထဲတော့ အကောင်းဆုံး လို့သိရပါတယ်)၊ ကတ်ထူဖုံးနဲ့ပါ။ စာမျက်နှာ ၄၀၆။
၆။ ပုံမှန် ရောင်းဈေး ၆၀၀၀၊ ၇၀၀၀ ကျပ်ကို ပြည်တွင်းစာဖတ်သူတွေအတွက် ၄၀၀၀ နဲ့ ဖြတ်ချခဲ့ပါတယ်။
၇။ စာကြည့်တိုက်တွေနဲ့ အခြား ရင်းနှီးတဲ့ မိတ်ဆွေတွေအတွက် အုပ်ရေ ၅၀၀ ခန့် လှူဒါန်းပါမယ်၊ လက်ဆောင်ပေးမယ်။
၈။ ဘာသာပြန်ခ တစ်ပြားမှ ယူမထားပါ။

ထွန်ယက်လို့ မညက်သေးဘူး
အမှတ်တမဲ့ စိုက်ပျိုးမိတဲ့
ဆန္ဒအရိုင်းလေး ပွင့်လာလို့
ကမ်းလက်ကို ဆန့်လိုက်ကြတာ

ရိတ်သိမ်းရဖို့ဆန္ဒ လွင်တီးခေါင်
ဘာမှမဟုတ်ဘူးရယ် ...တကယ်
နှစ်ခြိုက်သူတို့ နမ်းပါစေ။ ။

လီကွမ်းယု စာအုပ်မိတ်ဆက်ပွဲ

" နားဝင်မချိုတဲ့ အမှန်တရားများ "
ဇင်ဝေသော် မြန်မာပြန်သော
Lee Kuan Yew ရဲ့ Hard Truths to Keep Singapore Going
အောက်တိုဘာ ၂၈ ရက်
Central Hotel, Yangon
နေ့လည် ၁း၀၀ နာရီ မှ ၃း၀၀ နာရီ 


(စိတ်ကူးချိုချိုမှ ပုံနှိပ်၍ မျိးဆက်သစ် စာပေမှ ဖြန့်ချီမည်။)


ရပ်နီးရပ်ဝေးမှ မိတ်ဆွေများ အားလုံးကို ဖိတ်ခေါ်ပါတယ်။


ဒါနဲ့ ကမ်းလက်လည်း အဲဒီနေ့မှာ ၂ နှစ်သား ပြည့်ပြီ။

လေးစားစွာဖြင့်
ဇင်ဝေသော်

အီးမေးထဲက ငလျင်သတင်း


ပျက်စီးမှုများမည့် အင်အားပြင်းငလျင်ကြီးများ လှုပ်ခတ်နိုင်ခြေရှိဟု ပညာရှင် များသတိပေး
Post 26 September 2013
By မျိုးသူ(မြစ်မခ)

စစ်ကိုင်းပြတ်ရွေ့တွင် ငလျင်လှုပ်နိုင်သည့်အပိုင်းများအနက် တောင်ဘက် ပဲခူးအပိုင်း၌ အင်အားကြီးငလျင်များ လှုပ်နိုင်ခြေရှိပြီး အကယ်၍ လှုပ်ခတ်ခဲ့ ပါက ၁၉၃၀ခုနှစ်ကလှုပ်ခတ်ခဲ့သည့် ပဲခူးငလျင်ထက်အပျက်အစီး ပိုမို များပြာနိုင် သည် ဟု မြန်မာနိုင်ငံ ငလျင်ကော်မတီ အတွင်းရေးမှူး ဦးစိုးသူရ ထွန်းက သတိပေးပြောကြားလိုက်သည်။

“တစ်ပိုင်းချင်းဆီက ပမာဏ ၇အဆင့် လောက်ရှိတဲ့ ငလျင်တွေ လှုပ်လေ့ ရှိတယ်။ တစ်ခါလှုပ်ပြီးသွားရင် နှစ်(၁၀၀) ၀န်း ကျင် လောက်ဆိုရင် တစ်ကျော့ပြန်လှုပ်တတ်တယ်။ ပဲခူးအပိုင်းက၁၉၃၀တုန်းက လှုပ်ခဲ့တယ်။ သူ့မြောက်ဘက် ဖြူး အပိုင်းကလည်း ၁၉၃၀ကပဲ လှုပ်ခဲ့တယ်။ ပြတ်ရွေ့ တစ်ခုလုံးလှုပ်ခဲ့တဲ့ ငလျင်တွေက နှစ်ပေါင်း(၈၀)ကျော်နေပြီ။ အခု နေ လှုပ် ရင် အင်အားပြင်း ငလျင်တွေ ဖြစ်နိုင်တယ်” ဟုဦးစိုးသူရထွန်း ကပြော သည်။

ငလျင်ကြီးများနှင့်အင်အားပြင်းငလျင်များလှုပ်နိုင်ခြေ အများဆုံးမှာ မန္တလေး မှရန်ကုန်အထိ ဖြစ်နိုင်ပြီးမည်သည့်အချိန်တွင် လှုပ်ခတ်မည်ကိုမူ ခန့်မှန်း ရ ခက်ကြောင်း ဦးစိုးသူရထွန်းက ဆက်လက်ပြောသည်။

ထို့အပြင်သပိတ်ကျင်းမြို့၌ လှုပ်ခတ်ခဲ့သည့် ငလျင်ကြီး၏ နောက်ဆက်တွဲ လှုပ်ခတ်မှုဖြစ်လျှင် စိုးရိမ်စရာမရှိသော် လည်း မြောက်ဘက်ပိုင်း တကောင်း ဘက်ခြမ်းရှိသည့် စစ်ကိုင်းပြတ်ရွေ့ပိုင်းနှင့် ဆက်စပ်နေသည်ဆိုပါက စိုးရိမ် ရသည့် အခြေအနေ ဖြစ်သည်ဟု ငလျင်ကော်မတီမှ သိရသလို မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းအနေဖြင့်လည်း လေ့လာဆန်းစစ်မှုများ ပြုလုပ်နေ သည်ဟု သိရှိရသည်။

“ဖြစ်နိုင်ခြေများတယ်ဆိုတာတော့ဟုတ်တယ်။ ဘယ်တော့လည်း ဆိုတာ အတိအကျ မပြောနိုင်ဘူး။ စစ်ကိုင်းပြတ်ရွေ့ မှာ ငလျင်ကြီးတွေ လှုပ်ခဲ့တာ ကြာပြီလေ။ တော်တော်လေးစိုးရိမ်ရလို့ လေ့လာမှုတွေ တောက်လျောက် လုပ်နေပါ တယ်”
ဟု မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းဥက္ကဋ္ဌ ဦးကြိုင်စိန်က ပြောသည်။

လက်ရှိအချိန်တွင် ငလျင်လှုပ်ခတ်ခဲ့ပါကဖြစ်ပေါ်လာနိုင်သည့် ပျက်စီးဆုံးရှုံး မှုအခြေအနေများကိုသိရှိနိုင်ရန် ပဲခူး၊ တောင်ငူနှင့်စစ်ကိုင်းအနီး ပတ်ဝန်း ကျင်ဒေသများ၌ ဘူမိပညာရှင်များအနေဖြင့် ကွင်းဆင်းလေ့လာမှုများ ဆောင် ရွက် နေကြောင်း၊ အဆောက်အအုံအခြေအနေနှင့် လူဦးရေအနေအထားများ ကိုလည်း သုံးသပ်လေ့လာလျက်ရှိသည်ဟု မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းမှ သိရှိရသည်။

ထိုသို့လေ့လာဆောင်ရွက်ရာ၌ မြန်မာနိုင်ငံဘူမိဗေဒပညာရှင်များနှင့် ယူအင်န် အဖွဲ့များ၊ စင်္ကာပူပညာရှင်များနှင့် ပူးပေါင်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းပြတ်ရွေ့တောင်ပိုင်းတွင်မူ ၁၉၃၀ခုနှစ်က အင်အားရစ်ခ်ျစတာစကေး ၇ဒသမ၃အဆင့်ရှိ ပဲခူးငလျင်ကြီး လှုပ်ခတ်ခဲ့သည့် အတွက် ပဲခူးမြို့တွင် လူပေါင်းရာနှင့်ချီသေဆုံးခဲ့သည့်အပြင် စေတီပုထိုးသာသနိက အဆောက် အ အုံ များ များစွာပျက်စီးခဲ့ရပြီး ပဲခူးရွှေမော်ဓောစေတီ၏ ထီးတော်မြေခခဲ့ရ သည်။

စစ်ကိုင်းပြတ်ရွေ့၏ မြောက်ဘက်ပိုင်း၌လည်း ၁၉၅၆ ခုနှစ်က လှုပ်ခတ်ခဲ့ေ သာ စစ်ကိုင်းငလျင်ကြီးကြောင့် လူအသေ အပျောက် များခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က စစ်ကိုင်းခရိုင်နှင့် ရွှေဘိုခရိုင်ကို ဗဟိုပြုပြီး အင် အား ရစ်ခ်ျတာ စကေး ၆ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး လူအသေ အပျောက်ရှိခဲ့ကြောင်း၊ စစ်ကိုင်းပြတ်ရွေ့ တောင်ပိုင်းတွင်မူ ၁၉၃၀ ခုနှစ်က အင်အား ၇ ဒသမ ၃ အဆင့်ရှိ ပဲခူးငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် ငလျင် များ ထပ်မံ မလှုပ်ခတ်တော့ကြောင်း၊ ထို့ကြောင့် မန္တလေးတိုင်းဒေသ ကြီး တောင်ဘက်မှ ရန်ကုန်မြို့ သုံးခွမြို့နယ်အထိ အင်အား ၇ အဆင့်ရှိ ငလျင်များ လှုပ်ခတ်နိုင်ခြေ မြင့်မားနေကြောင်း သိရသည်။

“အပျက်အစီးကတော့ ဘယ်အတိုင်းအတာအထိဖြစ်မယ်လို့ မပြောနိုင်ေ သးဘူး။ အသေးစိတ် သိနိုင်ဖို့ ကွင်းဆင်း လေ့လာမှု တွေ လုပ်နေ တယ်။ သေချာတာကတော့ ၁၉၃၀ ငလျင်ထက် အပျက်အစီး ပိုများနိုင်ပါ တယ်”
ဟု ဦးစိုးသူရ ထွန်းက ဆိုသည်။

ထိုသို့ခန့်မှန်းရခြင်းမှာ ၁၉၃၀ခုနှစ်တွင်လူဦးရေသည် ယခုလောက် ထူထပ် များပြားခြင်းမရှိသေးဘဲယခုအချိန်တွင် လူဦး ရေထူ ထပ်များပြားလာသည့် အပြင် တိုက်တာအဆောက်အအုံများလည်း ယခင်ထက် ပိုမိုများပြား လာခြင်း ဖြစ်ကြောင်းကိုလည်း သိရ သည်။

“ ငလျင်လုပ်နိုင်ခြေများတယ်လို့ ခန်းမှန်းထားတော့ အားလုံးသတိ ထားေ နကြတယ်။ ရှေ့မှာလည်းဖြစ်ခဲ့ဖူးတာရှိခဲ့တော့ စိုးရိမ်မှု တွေတော့ ရှိကြ တာပေါ့”ဟု ပဲခူးမြို့  ဥဿာရပ်ကွက်နေထိုင်သူ ဦးဗိုလ်မြင့်က ပြောသည်။

စက်တင်ဘာ ၂၀ရက် ၊ ညနေ ၅ နာရီ ၅၈ မိနစ်အချိန်တွင် သပိတ်ကျင်းမြို့ အနီးကို ဗဟိုပြု၍ အင်အား ရစ်ခ်ျတာ စကေး ၄ အဆင့်ရှိသည့် မြေငလျင် တစ်ခုလှုပ်ခတ်သွားခဲ့ပြီး ညနေ ၆ နာရီ ၂၃ မိနစ်တွင် သပိတ်ကျင်းမြို့ ၏ တောင်ဘက် ၅မိုင်ခန့် အကွာ ကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၅ အဆင့်ရှိ မြေငလျင်ထပ်မံ လှုပ်ခတ်ခဲ့ကြောင်း၊ယင်းနောက် ညနေ ၆ နာရီ ၅၅ မိနစ်တွင် သပိတ်ကျင်းမြို့၏ အနောက်မြောက်ဘက် ၄ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်ခ်ျတာစကေး ၅ ဒသမ ၄ အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့ သည်ဟု သိရသည်။

အမေရိကကို မှီပါပြီတဲ့ ကဲ ပြီးတော့ ဘာလဲ


၉၁ နှစ်သား လီကွမ်းယုက ကမ္ဘာက ဖတ်ရတဲ့စာတွေ ရေးနေဆဲပဲ။ ဒီ "Once China catches up-what then?" ဆောင်းပါးက ရှေ့လ ၇ ရက်နေ့ထုတ် Forbes မဂ္ဂဇင်းပါ ဆောင်းပါးပါ။ အနှစ်ချုပ် ပြန်ပေးထားပါတယ်။

* ဒီကြားထဲမှာ ပြဿနာအကြီးအကျယ် မဖြစ်ရင် ၂၀၂၀ မှာ တရုတ် စီးပွားေ ရးဟာ အမေရိကကို မီလာလိမ့်မယ်။ ပြီးရင် ကျော်တက်သွားလိမ့်မယ်။

* ၁၉၇၈ နဲ့ ၂၀၁၁ ကာလအကြား တရုတ်စီးပွားရေး တိုးတက်လာမှုဟာ တိန့်ရှောင်ဖိန် ၁၉၇၈ ခုမှာ စင်္ကာပူကို ရောက်လာပြီး နိုင်ငံရေး၊ စီပွားရေး ချက်ချင်းပြောင်လဲလိုက်မှုကြောင့် ဖြစ်တယ်။ ဒီနှစ်တွေအတွင်း တရုတ် စီး ပွားရေးဟာ နှစ်စဉ်ပုံမှန် ၁၀ ရာခိုင်နှူံးတက်နေတယ်။ အမေရိက စီးပွားရေး တိုးတက်လာမှုနှူံးက ၂ ရာခိုင်နှူံး ၃ ရာခိုင်နှူံးပဲ ရှိတယ်။

* ဥရောပနဲ့ အမေရိက စီးပွားရေး အကျပ်ရိုက်နေစဉ် တရုတ်စီးပွားရေးက ထိခိုက်မှု မရှိဘဲပုံမှန်တက်နေတာဟာ အနောက် ဖွံ့ဖြိုးပြီး နိုင်ငံကြီးတွေနဲ့ တရုတ်စီးပွားရေး ကွာဟမှုကို ကျဉ်းမြောင်းစေဖို့ အထောက်အကူ ဖြစ်နေ တယ်။
* တရုတ်စီးပွားရေး တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၈.၂၂ ထရီလီယံ။ အမေရိက စီးပွားရေး တန်ဖိုးက အမေရိကန်ဒေါ်လာ ၁၅.၆၈ ထရီလီယံ။
အခု တရုတ်ဟာ ကမ္ဘာမှာ ပို့ကုန် နံပတ် တစ်။ သွင်းကုန် နံပတ် နှစ်။

*၂၀၁၂ုခု တရုတ်ပြည်ရဲ့ တစ်ဦးချင်း ဝင်ငွေက အမေရိကန်ဒေါ်လာ ၉,၂၃၃။
အမေရိကရဲ့ တစ်ဦးချင်း ဝင်ငွေက အမေရိကန်ဒေါ်လာ ၄၉,၉၆၅။
၂၀၂၀ မှာ တရုတ်ပြည်ရဲ့ တစ်ဦးချင်း ဝင်ငွေက ၁,၀၀၀ ခန့်မှန်းကြတယ်။ အမေရိကရဲ့ ငါးပုံ တစ်ပုံ။

*၂၀၁၂ုခု တရုတ်ပြည်ရဲ့ လူဦးရေက ၁.၄ ဘီလီယံ၊ အမေရိက လူဦးရေက ၃၁၆.၅ မီလီယံ။
၂၀၂၀ မှာလည်း တရုတ်ပြည်ရဲ့ လူဦးရေက အမေရိကထက် လေးဆ များနေမယ်။

* အမေရိကရဲ့ စီးပွားရေးကွန်ယက်ကို ဆက်သွယ်ပေးထားတာက Interstate Highway System ဖြစ်တယ်။ ၁၉၅၆ ခုမှာ စတင်ပြီး ၁၉၉၁ ခုမှာ ပြီးဆုံးတယ်။ မိုင် ၄၇၁၈၂ ရှည်လျားတယ်။
တရုတ်ကလည်း National Trunk Highway System လုပ်နေတယ်။ ၁၉၉၀ မှာ ၂၇၁ km ပဲ ရှိခဲ့ပြီး ၂၀၁၁ မှာ ၈၅,၀၀၀km ရှိနေတယ်။ လူဦးရေ နှစ်သိန်းအထက်ရှိတဲ့ မြို့တိုင်းကို အမြန်လမ်းမ ဖောက်ပေးလိမ့်မယ်။

* မေးခွန်းက တရုတ်က ၂၀၂၀ မှာ အမေရိကကို မှီပါပြီတဲ့ ကဲ ပြီးတော့ ဘာဆက်ဖြစ်မှာလဲ။ သူတို့ ပူးပေါင်းကြမှာလား၊ ယှဉ်ပြိုင်ကြမှာလား။
လာမယ့် နှစ် ၃၀မှာ တရုတ်ဟာ အမေရိကနဲ့ ထိပ်တိုက် ရင်ဆိုင်ရမှာ ကို ရှောင်မယ်။ အကြောင်းက
၁။ အမေရိကနဲ့ ထိပ်တိုက်ရင်မဆိုင်ရင် သူတို့ စီးပွားရေးက ပုံမှန်တိုးတက်နေ မယ်။
၂။ စီးပွားရေးက ရှေ့ရောက်နေပေမယ့် နည်းပညာက နောက်မှာ အများကြီး ကျန်နေခဲ့တယ်။ တရုတ်ကျောင်းသားတွေအတွက် အမေရိက တက္ကသိုလ် ကြီးတွေ လိုတယ်။

အမေရိမှာ ဦးဆောင် တီထွင်ကြံဆတတ်တဲ့ ယဉ်ကျေးမှုရှိတယ်။ ကမ္ဘာ့ ပညာ ရှင်တွေကို ဆွဲဆောင်နိုင်တယ်။
တရုတ်မှာ နှစ် လေး ငါးထောင်ကြာ ယဉ်ကျေးမှုနဲ့ စာပေသမိုင်းရှိတယ်။

မတူညီတဲ့ ယဉ်ကျေးမှုတွေနဲ့ စူပါ ပါဝါကြီးနှစ်ခုကြားမှာ ပစိဖိတ် သမုဒ္ဒရာ ကတော့ အနောက်ဖက်ကို ခပ် ယွန်းယွန်း ဖြစ်နေလိမ့်မယ်။
(Ref: S.T. Sept, 27, 2013)

ညီလေးရယ် စိုးရိမ်လို့


လူတစ်ယောက် နှစ်ယောက်
ဒါမှ မဟုတ်
အဖွဲ့အစည်းတစ်ခုရဲ့ မကောင်းကြောင်းကို
ဆယ်မိနစ်ပြည့်တိုင်း
စတေးတပ် ရေး တင်နေရရင်
ကိုယ့်လူတို့ ဘဝရဲ့
ဖွဲ့စည်းပုံ အခြေခံ ဥပဒေလည်း
ပြင်သင့်ပြီ ထင်တယ်နော်။ ။

**ပရော်ဖက်ဆာရဲ့ ဘဝနဲ့ ဘီယာ ဒဿန**


ပါမောက္ခကြီးရဲ့ သရုပ်ပြခန်းမထဲမှာ သံပုံး အလွတ်ကြီးတစ်လုံးရယ်၊ ကျော က်တုံးကြီးတွေ ထည့်ထားတဲ့ သံပုံးတစ်လုံးရယ်၊ ကျောက်ခဲသေးသေးေ လးတွေ ထည့်ထားတဲ့ သံပုံးတစ်လုံးရယ်၊ သဲပုံး တစ်ပုံးရယ် ချထားတယ်။ စာသင်ခန်းထဲမှာ ကျောင်းသားတွေ စုံစုံညီညီလည်း ရောက်နေနှင့်ကြပါပြီ။ ဒီနေ့ ဆရာကြီးက ဘာတွေများ သရုပ်ပြမှာပါလိမ့်ပေါ့။
ခဏနေတော့ ပါမောက္ခကြီး ဝင်လာပြီး သရုပ်ပြပွဲ စပါတော့တယ်။ သံပုံး အ လွတ်တစ်ကြီးထဲကို ပရော်ဖက်ဆာက ကျောက်တုံးကြီးတွေ ပြည့် သွားေ အာင် ထည့်လိုက်တယ်။ ပြီးတော့

"သံပုံးကြီး ပြည့်သွားပြီလား" လို့ တပည့်တွေကို မေးတယ်။
" ပြည့်သွားပါပြီ ဆရာကြီး"
ဒါနဲ့ ပါမောက္ခကြီးက ပြည့်သွားပြီဆိုတဲ့ သံပုံးထဲကို ကျောက်ခဲသေးသေးေ လးတွေထပ်ထည့်ပြတယ်။ ပြည့်သွားပြီဆိုပေမဲ့ ကျောက်ခဲသေးသေးလေးတွေက ကျောက်တုံးကြီးတွေကြားထဲကနေ ဝင်သွားတယ်။
ပါမောက္ခကြီးက သူ့တပည့်တွေကို
"သံပုံးကြီး ပြည့်သွားပြီလား" လို့ ထပ်မေးတော့
" ပြည့်သွားပါပြီ ဆရာကြီး" လို့ ဖြေကြပြန်တယ်။
ဒါနဲ့ ပြည့်သွားပါပြီ ဆိုတဲ့ အဲဒီ သံပုံးကြီးထဲကဲကို ပရော်ဖက်ဆာကြီးက သဲတွေ ထပ်ထည့်ပြပြန်တယ်။
သဲတွေကလည်း ကျောက်ခဲသေးသေးလေးတွေကြားကနေ ဝင်သွားပြန်ရော။
ီဒီတော့မှ ပါမောက္ခကြီးက သူ့ရဲ့ ဘဝဒဿနသင်္ခန်းစာကို ဖွင့်ဆိုပြတော့ တယ်။

သံပုံးအလွတ်ကြီးက မင်းတို့ရဲ့ ဘဝ ဆိုပါတော့။ အဲဒီ ဘဝထဲကို ထည့်ရမယ့်၊ ဘဝထဲမှာ ရှိနေရမယ့် အရာတွေအားလုံး အစီအစဉ်တကျ ရှိနေရမယ်။ ဒါမှ အားလုံး ထည့်လို့ ရမယ်။
သဲတွေကို အရင်ထည့်လိုက်မိရင် ကျောက်တုံးကြီးတွေ၊ ကျောက် ခဲသေးေ သးလေးတွေ ဘယ်နည်းနဲ့မှ ထပ်ထည့်လို့ မရတော့ဘူး။ အဲသလိုပဲ ကျောက် ခဲသေးသေးလေးတွေကို အရင်ထည့်လိုက်မိရင်လည်း ကျောက်တုံးကြီးေ တွအတွက် နေရာမရှိတော့ဘူး။

ကျောက်တုံးကြီးတွေက ဘဝမှာ အရေးကြီးတဲ့ မိသားစုနဲ့ဆိုင်တဲ့ ဆက် ဆံရေးပါပဲ။ သူတို့ဟာ ဘဝထဲမှာ ပထမဆုံး ရှိနေရမယ့် အရာဖြစ်တယ်။
ကျောက်ခဲသေးသေးလေးတွေဆိုတာကတော့ ငွေ၊ အိမ်၊ ကား စတဲ့ စီး ပွားရေးနဲ့ ဆိုင်တဲ့ ကိစ္စတွေပါပဲ။ ဒုတိယ အရေးအကြီးဆုံးဖြစ်သလို ဘဝထဲ ကို ဒုတိယဦးစားပေးထည့်ထာရမယ့့်  အရာတွေဖြစ်တယ်။
သဲတွေကတော့ အခြား သေးမွှားတဲ့ ကိစ္စတွေပါ။

သေးမွှားတဲ့ ကိစ္စတွေနဲ့ အချိန်ကုန်နေရင် အရေးကြီးတဲ့ စီးပွားရေးနဲ့ ဆိုင်တဲ့ ကိစ္စတွေ၊ မိသားစု ဆက်ဆံရေးတွေကို မလုပ်နိုင်တော့ဘူး။
အဲသလိုပဲ စီးပွားရေးနဲ့ ဆိုင်တဲ့ ကိစ္စတွေနဲ့ပဲ အချိန်ကုန်နေပြန်ရင်လည်း မိ သားစုကို ပစ်ထားသလို ဖြစ်တယ်။ ဒါကြောင့် ဒီကိစ္စတွေအားလုံး ဟန်ချက် ညီညီဆောင်ရွက်နိုင်ဖို့ ဦးစားပေးရမယ့်အရာတွေကို အရင် ဦးစားပေးမိကြ ဖို့ပါ......ဆိုပြီး ပါမောက္ခကြီးက သရုပ်ဖော်ရင်း ရှင်းတယ်။

ဒီတော့မှ ပါမောက္ခကြီးရဲ့ သရုပ်ပြ သင်္ခန်းစာကို သဘောပေါက်ပြီး ကျောင်း သားတွေ ဘဝင်ကျသွားကြတော့တယ်။
သင်္ခန်းစာလည်း ပြီးသွားပြီလို့ ထင်နေကြတာပေါ့။
..........................................................................................

အဲဒီအချိန်မှာ ပါမောက္ခကြီးက ကျောင်းသားတွေ မမြင်အောင် သိမ်းထားတဲ့ ဘီယာဂျားကြီးကို ထုတ်ယူလာပြီး
"မင်းတို့ အားလုံးက ဒီ သံပုံးကြီးတော့ ပြည့်သွားပြီ၊ ထပ်ပြီး ဘာမှဖြည့်လို့ မရတော့ဘူး ထင်နေမှာပေါ့၊ ဘယ်ဟုတ်မလဲ၊ ဒီမှာ ကြည့်"
ဆိုပြီး အဲဒီ သံပုံးကြီးထဲကို ဘီယာတွေလောင်းထည့်ပြလိုက်တယ်။
ပြီးတော့မှ

"ကဲ နောက်ဆုံး သင်္ခန်းစာကို မင်းတို့ အားလုံး ရလိုက်ပြီလို့ ဆရာ ယူဆ ပါတယ်။ အဲဒါ ဘာလဲဆိုတာ တစ်ယောက်ယောက်က ဖြေပေးပါ"
တစ်ယောက်တင် မကပါဘူး။ ကျောင်းသားအားလုံး တညီတညွတ်တည်း ဒီလို ဖြေလိုက်ကြတယ်။

"ဘဝမှာ ဘာတွေနဲ့ ဘယ်လိုပဲ ပြည့်နှက်နေပါစေ၊ ဘီယာအတွက် နေရာ အမြဲတမ်းရှိနေတယ်" တဲ့။
ပါမောက္ခကြီးက သူ့ဗိုက်ပူပူကြီးကို ပွတ်ရင်း ပြုံးနေလိုက်တယ်။

အမှာ။ ဒါနဲ့ ဆင်တူတွေရှိပေမဲ့ (ကွန်မင့် "ကျွံ" လာမှာစိုးလို့) ကျနော် မှီးထား တာကTommy Cooper ရဲ့ "ဘီယာ" ကိုပါ။

ချင်လီးရဲ့ ရီပေါ့တ်


အမေရိကန် စီးပွားရေးသမားတစ်ယောက်က အိမ်ထောင်ရေး ဖောက်ပြန်မှုနဲ့ ပတ်သက်ပြီး ဇနီးအပေါ် သံသယရှိနေတယ်။ ဒါ့ကြောင့် သူခရီးမထွက်ခင် အခြေအနေတွေကို အသေးစိတ် စောင့်ကြည့်ဖို့ နံမည်ကြီး ကြေးစား တ ရုတ်ထောက်လှမ်းရေး ချင်လီးကို ငှားရမ်းခဲ့တယ်။ သူ ခရီးက ပြန်လာအပြီး ရက်ပိုင်းအတွင်းမှာပဲ ချင်လီးဆီက အောက်ပါ အစီရင်ခံစာကို ရခဲ့တယ်။

Most honorable sir,
You leave house I watch house. He came to house. I watch.
He and she leave house. I follow.
He and she go in hotel. I climb tree.
I look in window. He kiss she. She kiss he.
He play with she. She play with he. I play with me.
I fall off tree. I not see. No fee.
Sorry!
Chen Lee

အိုင်ကျူ၊ ရက်စ်၊ အီးကျူ? အော်..အင်း...ဘယ်လို ပြောရပါ့


ဒီမိုကရေစီ အိုက်ကွန်းကို မတို့မထိခင် ပေါ့ပေါ့ပါးပါးလေးနဲ့ စလိုက်ချင် ပါတယ်။

၁။ ဈေးချိုချိုနဲ့ ရလိုက်တဲ့ ဘဲလ်

ဒါက ရီယယ်မက်ဒရစ် ဘောလုံးအသင်း ဥက္ကဋ္ဌ မစ္စတာ ပီရက်ဇ် ပြောတဲ့ စကားပါ။ တော့တင်ဟန်ကနေ ကမ္ဘာ့စံချိန်နဲ့ ဝယ်ခဲ့ရတဲ့ ဂရိတ်သ် ဘဲလ် ကို ဈေးချိုချိုနဲ့ ရလိုက်တာတဲ့။ တကယ်ပေးရတဲ့ ဈေးအမှန်ကို ဘယ်သူမှ မသိဘူး။ စပိန် မီဒီယာ အလိုအရ ပေါင် ၉၁ သန်း။ တော့တင်ဟန် ပြော စကားအရ ပေါင် ၁၀၁ သန်း။ ဘာပဲဖြစ်ဖြစ် မစ္စတာ ပီရက်ဇ်အတွက် " ဈေးချိုချို" တဲ့။

၂။ ဝမ်းသာ ဝမ်းနည်း

ဂျာမနီက သတင်းနဲ့ တရုတ်က သတင်းပါ။
လူမျိုးကြီးဝါဒနဲ့ ဂျာမနီမှာ ပထမဆုံး ဆီနီဂေါအနွယ် လူမည်း ပါလီမန် အ မတ် နှစ်ယောက် ရွေးချယ်ခံလိုက်ရတယ်ဆိုတဲ့ သတင်းဟာ အံ့ဩ စ ရာေ ကာင်းသလို ကမ္ဘာ့လူမျက်ပြင်အတွက် ဝမ်းသာစရာလည်း ကောင်းပါတယ်။ ရက်ကော့ ဘရိတ်ကင်း သတင်းပါ။

ဝမ်းနည်းစရာက တရုတ်မိန်းကလေးနှစ်ယောက် အဝတ်လျှော်စက်ထဲ မှာ သေဆုံးရတယ်ဆိုတဲ့ (မနေ့က) သတင်းပါ။ အဝတ်လျှော်စက် အလုပ် လုပ်နေစဉ် အဲဒီ ညီအမ နှစ်ယောက်က စက်ထဲ ကျော်ဝင်တာလို့ ဆိုပါတယ်။ အခု အဝတ်လျှော်စက် ထုတ်လုပ်တဲ့ ကုမ္ပဏီက ဒါ မဖြစ်နိုင်ဘူး၊ ဒီလို အခြေ အနေမှာ ဘယ်နည်းနဲ့မှ အဝတ်လျှော်စက်က အလုပ် ဆက်လုပ်နေမှာ မ ဟုတ်ဘူးဆိုလို့ ရဲ အမှုဖြစ်သွားရပါတယ်။ သမီးဆိုရင် မလိုချင်တဲ့ ယဉ်ကျေး မှုဟောင်းက ရှိနေတော့ ဒီ အမှုက ရှုပ်ထွေးမယ့် သဘောပါ။

၃။ အိုင်ကျူ၊ ရက်စ်၊ အီးကျူ? အော်..အင်း..ဘယ်လို ပြောရပါ့

ဒါကတော့ ဒေါ်စုနဲ့ ဒေါ်စု ချန်ထားခဲ့တဲ့ ဂယက်ပါ။ သတင်းစာ ကောက်ဖတ်တဲ့ စလုံးတိုင်း မျက်နှာပျက်သွားတတ်ကြတယ်။
စလုံးတွေနဲ့ အစိုးရကြားမှာ တလိပ်ခဲခဲဖြစ်နေတဲ့ "Work-balance" "Stressful life" ကိစ္စကို မလိုအပ်ဘဲ ပြောထားခဲ့တယ်လို့ ထင်တယ်။ မလိုအပ်ဘဲဆိုတာ အကျိုးမရှိလို့ပါ။ အကျိုးရှိရင်တော့ ပြောပေါ့။
တိုက်ဆိုင်မှုလား၊ ဝင်ထိမ်းတဲ့ သဘောလားတော့ မသိပါဘူး။ ဝန်ကြီးချုပ် လီရှန်လွန်းကိုယ်တိုင် ဒီကိစ္စကို ညက ပြန်ဖြေလာတာ တွေ့ရတယ်။
"ဒီလိုမှ မလုပ်ရင် ကျနော်တို့ နေ့လယ်စာကို သူများနိုင်ငံတွေက လုယူသွား လိမ့်မယ်" တဲ့။
အငြင်း နက်ဂတစ်ဝါကျတွေ မပါဘဲ ပြောလို့ရရင် မပါဘဲ ပြောတာက ဒီပလို မက်တစ် ပိုဖြစ်တာပေါ့။
"ဒီကောင်တွေ မကြိုက်တော့ရောေ-က်ဂရုစိုက်စရာလား" လို့ ပြောရင်တော့ ရတာပေါ့။ ဒါပေမဲ့ ဒါက ဖေ့စ်ဘုတ် စကားပဲ။ ဒီပလိုမက်တစ်စကား မဟုတ် ဘူး။

ဒေါ်စုရဲ့ ငါးရက်ကြာ စင်္ကာပူခရီးဟာ အောင်မြင်မှု တစ်ခု။ မှန်ပါတယ်၊ တော်တော်အောင်မြင်ပါတယ်။ အိုင်ကျူ အောင်မြင်မှုဆို ပို မှန်မယ်။
အီးကျူကတော့ အော် အင်း ဘယ်လို ပြောရပါ့မလဲ။
Timothy Garton Ash ပြောသလိုပဲ တို့ အမေ၊ တို့ အန်တီကလည်း အီးကျူ နဲ့ ပတ်သက်လို့ နာမည် မကြီးလှဘူး။
တို့ အမေ၊ တို့အန်တီကို မလိုအပ်တဲ့မှတ်ချက်တွေကြောင့် လူ မမုန်းစေချင် ဘူးလေ၊ ပြေးကြည့်မှ ဒါလေးပဲ ရှိတာ။

(အမေရိကန် သမ္မတကို ဝေဖန်ဖို့ ကိုယ်တိုင် သမ္မတဖြစ်နေရမယ်ဆိုတဲ့ ဥပဒေ မရှိဘူး)

အထင်ကြီး၊ လေးစား၊ မြတ်နိုးမှုများစွာနဲ့ပါ

ဒေါ်စု A 2 မှ B 3 သို့


နောက်ဆုံးဖြေသွားတာတွေက But တွေ If တွေ၊ တစ်ဝက် လက်ခံ၊ တစ်ဝက် ပယ် တွေနဲ့ဆိုတော့ စလုံးတွေ သိပ်တော့ သဘောတွေ့ကြဟန်မတူဘူး။
ဒေါ်စုလည်း သတင်းစာထဲမှာ A 2 ကနေ B 3 ကို ရောက်သွားတော့တာပဲ။ ရယ်ရတယ်။
နောက်တာပါ။ B က Home သတင်းပဲ။ စင်္ကာပူနဲ့ပတ်သက်တဲ့ မှတ်ချက် ဆိုတော့ Home သတင်းပဲပေါ့။

ဘယ်လိုလုပ် စင်္ကာပူကို ပုံတူ ကူးချလို့ ရမှာလဲ။ ဟိုမှာက မြန်မာစာ၊ မြန်မာစကား၊ ဘုရား၊ ကျောင်းကန် တွေနဲ့ဥစ္စာ။
စင်္ကာပူရီယန်းတွေလည်း ကြည့်တတ်ရင် မြန်မာတွေဆီက လေ့လာစရာတွေ အများကြီးဆိုတာကို အောက်သက်သက်ဖြစ်ပုံတော့ရတယ်။
သူတို့ကမှ နိုင်ငံပေါက်စ သာကိယတွေနဲ့ ခပ်ဆင်ဆင်။
ဘယ်သူ့မှ ဆရာ သိပ်တင်ချင်တာ မဟုတ်ဘူးလေ၊
မြန်မာတွေဆီ က လေ့လာစရာတွေဆိုတော့..........။

Tommy Cooper Jokes:


Time is the best teacher; Unfortunately it kills all its students!
We are born naked, wet and hungry. Then things get worse.
Man who wants pretty nurse, must be patient.
Man who drive like hell, bound to get there.
War doesn't determine who's right. War determines who's left.
Man who lives in glass house should change in basement
Man who leap off cliff jump to conclusion.

လူ့အကြိုက်


ကောင်းတိုင်း လူ ကြိုက်မယ် မဆိုနိုင်ဘူး။
ဖျာဝင်ခင်းမယ့်လူက ပွဲဆူတာကြိုက်တယ်၊
မတရား စီးပွားရှာမယ့်လူက ပြည် ပျက်တာကြိုက်တယ်၊
ခါးပိုက်နှိုက်မယ့်လူက လူကျပ်တာကြိုက်တယ်၊
ခိုးမယ့်လူက အမှောင်ကြိုက်တယ်၊
လိမ်းစာမယ့်လူက လူတွေ "အူ" တာကြိုက်တယ်။

စောင့်ကြည့်မိတဲ့ ဒေါ်စုရဲ့ စာမျက်နှာ နှစ်


ဒေါ်စုရဲ့ စင်္ကာပူခရီးစဉ်နဲ့ ဆက်စပ်ပြီး အခုတလောမှာ ကြားရတဲ့ အသံတွေ ကလည်း အမျိုးစုံပဲ။ စင်္ကာပူ ထိပ်သီးအစည်းအဝေးကို ဒေါ်စုက လွှမ်းသွားမှာ စလုံးတွေက မလိုလားဘူးဆိုတာတွေရော၊ စင်္ကာပူ က ဒေါ်စုကို ရိုးလ်တင် မပေးဘူး (ပေးမှာ မဟုတ်ဘူး) ဆိုတာတွေရော ပဲ။
ပထမစကားကတော့ ပုဂ္ဂလိက အမြင်ဖြစ်ပြီး ဘာမှလည်း ပြောစရာ မရှိပါ ဘူး။ နေပါစေ။ ဒုတိယ စကားကိုတော့ နည်းနည်း တို့ချင်တယ်။ စလုံးက ဒေါ်စုကို ဘာကြောင့် ရိုးလ်ချနေမှာလဲ။ တစ်ခုရှိတာက သူလာတဲ့ ခရီးစဉ်ကို မျက်ခြေမပြတ်ဖို့တော့ လိုတာပေါ့။ တစ်ချိန်ချိန်မှာ အိမ်နီးချင်း နိုင် ငံကြီးတစ်နိုင်ငံရဲ့ သမ္မတဖြစ်လာနိုင်တဲ့ (ဖွဲ့စည်းပုံပြင်၊ ရွေးကောက်ပွဲ လည်း နိုင်ခဲ့ရင်) လူတစ်ယောက်ကို အကြောင်းမဲ့ စိတ် ကသိကအောက်ြ ဖစ်အောင် ပါးနပ်တဲ့ အစိုးရက မလုပ်ပါဘူး။ လုပ်လို့လည်း မရ၊ လုပ်စရာ လည်း အကြောင်း မရှိပါဘူး။

ကျနော်စောင့်ကြည့်မိတာက ဒေါ်စုပြောသမျှကို စထရိတ်တိုင်း ဘယ် စာ မျက်နှာမှာ ဖော်ပြမလဲ ဆိုတာပါ။ စာမျက်နှာ တစ်၊ မျက်နှာဖုံး ဆိုတာ ကတော့ သတင်းလည်းကြီး၊ လူလည်းစိတ်ဝင်စား၊ ဓာတ်ပုံကောင်းကောင်းေ တွ နဲ့ ဖော်ပြရာ နေရာပေါ့။
ဒါပေမဲ့ ဒီ သတင်းစာရဲ့ (စထရိတ်တိုင်း) တန်ဖိုးအထားဆုံးစာမျက်နှာက စာမျက်နှာ နှစ်ပါ။ စာမျက်နှာ နှစ်မှာ ဖော်ပြတဲ့ ဆောင်းပါးတွေဆိုရင် Page 2 အာတီကလ်တွေဆိုပြီး စာအုပ်ပြန်ထုတ်တယ်။ ဒီပေါ်လစီကို မကြိုက်လို့ ( စာမျက်နှာ နှစ်မှာ ဖော်ပြတဲ့ အကြောင်းအရာတွေက လေးလံလွန်းလို့) သူတို့လည်း ဝေဖန်တာ တော်တော်ခံခဲ့ရဖူးတယ်။ ဆိုလိုတာက သူတို့လည်း တန်ဖိုးထား၊ တွေးစရာခေါ်စရာလည်းပါတဲ့ စာ၊ စကားတွေကို စာမျက်နှာ နှစ်မှာ ဖော်ပြတယ်ဆိုတာပါ။ အခု ဒေါ်စုနဲ့ ဆက်စပ်တဲ့ သတင်းတွေဆိုရင် မျက်နှာဖုံးမှာ မိတ်ဆက်ပေးတတ်ပြီး စာမျက်နှာ နှစ်မှာ အကျယ်တဝင့် ပြန်ဖော်ပြတာတွေ့ရပါတယ်။
ကျနော်တော့ သူတို့ တန်ဖိုးထားမှုကို ကြေနပ်မိတယ်။

ဒီနေ့ ဒေါ်စု လှမ်းတို့လိုက်တာက ခေါင်းဆောင်မှု ဆိုတဲ့ ဂုဏ်ရည်ပါ။ ကိုယ် တိုင်လည်း ဒီအတိုင်းပဲ ယုံကြည်မိလို့ လက်ခုပ်သံ ကျယ်ကျယ်ပဲ တီးလိုက် မိပါတယ်။
လူထုအကြိုက်လိုက်၊ ရွေးကောက်ပွဲမှာ မဲ ရရှိရေးလောက် လုပ်ရုံနဲ့ေ တာ့ ခေါင်းဆောင်စစ်စစ် မဟုတ်နိုင်ပါဘူး။ (နိုင်ငံခြားထုတ် စာတွေပဲ ဖတ်ပြီး ရေးနေတာလို့ ဆိုလာရင်လည်း မတတ်နိုင်) ရေရှည် အကျိုးစီးပွားကို ကြည့်ပြီး လူထုသိပ်မကြိုက်တာတွေ (ရှိခဲ့ရင်) ကို ရဲရဲဝန့်ဝန့် ဆန့်ကျင် ဆုံးဖြတ်ရဲမှ ခေါင်းဆောင် စစ်တယ်။ လူထုထက်လည်း ကျော် မြင်နေမှ၊ သတ္တိလည်း ရှိမှ၊ ပေါ်ပြူလာဖြစ်ချင်စိတ်လည်း နည်းမှ ဒါမျိုး လုပ်လို့ ရတယ်။

ကဲ လက်တွေ့ ကြည့်ကြည့်ရအောင်
၁။ စင်္ကာပူပင်လယ်ကမ်းခြေက မြေတွေ သိမ်းယူပြီး အစိုးရက အနာဂတ် အိုးအိမ် စီမံကိန်းတွေ အာဏာသုံး ချခဲ့တာ
၂။ NTU တက္ကသိုလ်ကို တရုတ်ဘာသာကနေ အင်္ဂလိပ်ကို ဇွတ်ပြောင်းခဲ့တာ
၃။ အင်္ဂလိပ်ကို ရုံးသုံးဘာသာစကား ပြဌာန်းခဲ့တာ၊

ဒါတွေဟာ လူထု ၇၅ ရာခိုင်နှုံးလောက် ခါးခါးသီးသီး ဆန့်ကျင်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေပါပဲ။
မမေ့သင့်တာက နိုင်ငံရဲ့ လာမယ့် ရာစုဝက်ကံကြမ္မာကို ဆုံးဖြတ်ပေးမှာ ကလည်း အဲသလို ဆေးခါးကြီးတွေ ဖြစ်နေတတ်တယ်။
အဲဒါ ဒေါ်စုရဲ့ ဒီနေ့ စာမျက်နှာ နှစ်ပါ။

Vitamin F (အီးမေးထဲက ဗီတာမင်)


ကာရိုက်တာမတူတဲ့ မိတ်ဆွေတွေ ငါ့မှာ ဘာကြောင့် ဒီလောက် များနေရ တာလဲ။
သူတို့အားလုံးနဲ့ သဟဇာတကျအောင် ဘယ်လိုနေလို့ ရနိုင်မှာလဲ။

ဒါပေမဲ့ မတူညီတဲ့ မိတ်ဆွေတွေဆီက မတူညီတဲ့ ရလာဒ်တွေ ရတယ်။
ဒီ တစ်ယောက်နဲ့ ယဉ်ယဉ်ကျေးကျေး၊ ဟို တစ်ယောက်နဲ့ ပျော်ပျော်ပါးပါး
နောက်တစ်ယောက်နဲ့ကျ အရေးတကြီးကိစ္စတွေ ဆွေးနွေး
အခြားတစ်ယောက်နဲ့ ရယ်ရမောရ
သူတို့ ပြဿနာ ကိုယ်က နားထောင်ပေး
သူတို့ပေးတဲ့ အကြံဉာဏ် ကိုယ် ယူ။
မိတ်ဆွေဆိုတာ သူတို့က ကိုယ့်အကြောင်း ကိုယ့်ထက် ပိုသိသူတွေ။

Real Age ဒေါက်တာတွေက မိတ်ဆွေဟာ ကျန်းမာရေးကို ကောင်းမွန်စေ တယ် တဲ့။
Dr Oz က မိတ်ဆွေတွေဟာ ဗီတာမင် (Vitamin) F တဲ့။
သုတေသနတွေက ဆိုတယ်၊ လူတွေနဲ့ နီးနီးကပ်ကပ် ပေါင်းသင်း ဆက် ဆံနေရင် စိတ်ဓာတ်ကျရောဂါနဲ့ လေဖြတ်တာကို ၅၀ ရာခိုင်နှုံး ကာကွယ်နိုင် သတဲ့။
ဗီတာမင် F ကောင်းကောင်းမှီဝဲရင် ရှိရင်းထက် အသက် ၃၀ အထိ ပို နုပျိုနိုင် တယ်။
နွေးထွေးတဲ့ ဆက်ဆံရေးက ပူပင်မှုကို ရပ်စေပြီး အခက်အခဲကို လွယ်စေ တယ်။

Why do I have a variety of friends who are all so different in character? How is it possible that I can get along with them all?

I think that each one helps to bring out a "different" part of me.

With one of them I am polite. With another I joke - with another I can be a bit naughty.

I can sit down and talk about serious matters with one.

With another I laugh a lot.

I listen to one friend's problems.

Then I listen to another one's advice for me.

My friends are like pieces of a jigsaw puzzle. When completed they form a treasure box. A treasure of friends!

They are my friends who understand me better than I understand myself. They are friends who support me through good days and bad.

Real Age doctors tell us that friends are good for our health.

Dr Oz calls them Vitamin F (for Friends) and counts the benefits of friends as essential to our well being.

Research shows that people in strong social circles have less risk of depression and terminal strokes. If you enjoy Vitamin F constantly you can be up to 30 years younger than your real age.

The warmth of friendship stops stress and even in your most intense moments, it decreases the chance of a cardiac arrest or stroke by 50%.

I'm so happy that I have a stock of Vitamin F! In summary, we should value our friends and keep in touch with them. We should try to see the funny side of things and
laugh together and pray for each other in the tough moments. Some of my friends are friends on-line. I know I am one of their friends because their names appear on my computer screen often and I feel blessed that they care as much for me as I care for them. Thank you for being one of my Vitamins!

ကမ္ဘာ့ဘာသာကြီးများအကြောင်း


ပထမဆုံး ကက်သိုလစ် ခရစ်ယန်ရဲ့ ယုံကြည်မှုကိုကြည့်ရအောင်။
သူကတော့ အရာခပ်သိမ်း ဘုရားရှင်အလိုတော်ကျ စစ်စစ်ပဲ။
Catholicism: If "shit" happens, I deserve it.

ပရိုတက်စတင့်က ခရစ်ယန်ချင်းတူပေမဲ့ အားစိုက်မှု လူပဓာန ဝါဒ ကို ရှေ့တန်းတင်လာတယ်။
Protestantism: "Shit" won't happen if I try harder.

ဂျူးဘာသာကတော့ အပြစ်တင်သံလေးနဲ့ စူးစမ်းကြည့်တယ်။
Judaism: Why does this "shit" always happen to me?

ဗုဒ္ဓဘာသာကတော့ ဝိဘဇ္ဇသဘောနဲ့ မေးခွန်းတက်တယ်။
Buddhism: When "shit" happens, is it really shit?

အစ္စလမ်ကတော့ ဘာဖြစ်ဖြစ် တစ်ကြောင်းဆွဲပဲ။
Islam: If "shit" happens, take a hostage.

ဟိန္ဒူကတော့ အတိတ်ကို လက်ညှိုးပြန်ထိုးပြတယ်။
Hinduism: This "shit" happened before.

ဘယ် ဘာသာတွေ ဘာတွေပြောပြော ဘာသာမဲ့နဲ့တွေ့တော့ ကိစ္စပြတ်ရော။
Atheist: No "shit".
(Ref: The World Joke Book)

ဒေါ်စု ကွန်စစ်စတင့် ဖြစ်တယ် (ရာသီစာ)


ဒေါ်စု အင်္ဂလိပ်က တော်တော်ကောင်းတာပဲ ပြောရင်လည်း အရူး အပြောခံ ရဦးမယ်။
ဒါက စထရိတ်တိုင်း ဆွဲထုတ်ထားတဲ့ အမေး အဖြေ သုံးစုံပါ။

မေး။ မြန်မာနိုင်ငံက ရိုဟိန်ဂျာပြဿနာကို ကိုင်တွယ်ဖြေရှင်းရာမှာ အာဆီ ယံနိုင်ငံတွေ အနေနဲ့ ဘယ်လိုအကူအညီတွေ ပေးနိုင်မယ်လို့ ထင်ပါသလဲ။

ဖြေ။ ဒီနှစ်တွေအတွင်း ရင်ဆိုင်နေရတဲ့ ပြဿနာတွေထဲမှာ ရိုဟိန်ဂျာပြဿ နာက တစ်ခု အပါအဝင်ပါ။ တရားဥပဒေစိုးမိုးရေးကနေ အစပြုမှ ရမယ်။ မေး လာတိုင်း အမြဲတန်း ဒီလိုပဲ ကျမကတော့ ဖြေနေတာပဲ၊ ဒါပေမ့ ဒီအဖြေက စိတ်လှုပ်ရှားစရာ သိပ်မကောင်းတော့ လူတွေက သိပ်မကြိုက်ကြဘူး။ လုံခြုံအေးချမ်းမှု မရှိဘဲ အခြေခံခြင်းမတူတဲ့ လူ့အဖွဲ့အစည်းတွေ တစ်စားပွဲ တည်းအတူထိုင်ပြီး နှစ်ဦးနှစ်ဖက် သဘောတူတဲ့အဖြေရအောင် ဘယ်လိုရှာ လို့ ရနိုင်မလဲ။
ဒီတော့ အာဆီယံနိုင်ငံတွေနဲ့ ကမ္ဘာက ကျမတို့ကို လုပ်ပေးစေချင်တာက ကျမတို့ရင်ဆိုင်နေရတဲ့ ပြဿနာကို ပိုပြီး နားလည်ပေးဖို့ နဲ့ ပြဿနာရဲ့ ဇစ်မြစ်ကို ပို သဘောပေါက်ပေးဖို့ပါ။ မွတ်စလင်နဲ့ ဗုဒ္ဓဘာသာ ကြားက ပြဿ နာဆိုတာလောက်တင် မမြင်စေချင်ပါဘူး။ အဓိက ဖြစ်နေတာက စိုးရွံ့ထိတ် လန်မှုပါ။
အားလုံးက ဘာ့ကြောင့် ဒီ ပြဿနာတွေ အခြေတည်ခဲ့တယ်ဆိုတာကို နားလည်မှုပေးခြင်း အားဖြင့် ဒီလို စိုးရွံ့ထိတ်လန်မှုကနေ ကျော်လွှားနိုင်ဖို့ ကူညီနိုင်ကြပါတယ်။ လူ့အဖွဲ့အစည်းနှစ်ခု တစ်ခုကို တစ်ခု မုန်းတီးနေတယ်၊ ပျက်စီးစေချင်နေတယ်ဆိုတာ သာမန်ပြဿနာလေး မဟုတ်ပါဘူး။
ဒီပြဿနာကို ကျကျနနသဘောပေါက်အောင် ကျေးဇူးပြုပြီး ကြည့်မြင်ပေး ကြပါ။ အပေါ်ယံလေး လျှပ်ကြည့်ပြီး ဟိုဖက်အပြစ်တင် ဒီက် ပုတ်ခတ် မလုပ် ကြပါနဲ့။ ဒီလိုလုပ်ခြင်းအားဖြင့် ကျမတို့ အမှန်တကယ်လိုအပ်နေတဲ့ နားလည် ၊ ငြိမ်းချမ်းမှုကို မရစေနိုင်ပါဘူး။

မေး။ ရင်းနှီးမြှုတ်နှံလိုသူတွေအနေနဲ့ မြန်မာနိုင်ငံ တိုးတက်ကောင်းမွန် လာ မယ့်အချိန်ကို စောင့်နေသင့်ပါသလား၊ ဒါမှမဟုတ် နိုင်ငံရေး၊ တရား စီရင်ေ ရးစတာတွေ တဖြည်းဖြည်း ကောင်းမွန်လာလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အခုပဲ ရင်းနှီးမြှုတ်နှံ စတင်သင့်သလား။

ဖြေ။ ရင်းနှီးမြှုတ်နှံမှုတွေကို ဆက်လက်လုပ်စေချင်ပါတယ်။ တတ်နိုင်သေ လာက် တာဝန်သိသိနဲ့ လုပ်စေချင်ပါတယ်။ ပါဖက်ဖြစ်လာတဲ့အချိန်ကို စောင့်မနေသင့်ပါဘူး၊ ပါဖက်ဖြစ်လာအောင် လုပ်ရင်း ခရီးဆက်ကြရမှာပါ။

မေး။ မြန်မာပြည်ရဲ့ ပြုပြင်ပြောင်လဲမှု နောက်ကြောင်းပြန် ကိစ္စကရော ဘယ် လို အနေအထားမှာ ရှိပါသလဲ။
ဖြေ။ ဒါကလည်း ကျမကိုအမြဲမေးနေကြတဲ့ မေးခွန်းပါပဲ။ နောက်ကြောင်းပြန် မလှည့်ရိုး အမှန်ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ရပါမယ်။ ဒီ ဥပဒေက ဒီမိုကရေစီ မကျပါဘူး၊ ပြင်ကို ပြင်ရမယ်။
(တတိယ အဖြေက မဆုံးသေးပါဘူး)

အဲ..ဒါနဲ့ ဒေါ်စုတို့ကတော့ ဘားမားကနေ တစ်ပြားသားမှ လျှော့မယ့်ပုံ မပေါ်။ ကွန်စစ်စတင့် ဖြစ်တယ်။ ကျနော်တို့ကတော့ ဘယ်လို ခေါ်ခေါ် ထမင်းဝ၊ လူ တန်းစေ့ရင်တော်ပြီ။

**မုဒိတာအလွမ်း မှတ်စု**


ပွဲတစ်ခု ငြိမ်းချမ်းစွာ ပြီးဆုံးတိုင်း အောင်မြင်မှုဆီ ခြေတစ်လှမ်း ရွေ့သွား တာပါ။
သွားကြရအောင် သားဖောက်ရာ အရပ်ဆီ.......

ဟိုး ၁၉၈၀၊ ၁၉၉၀ နှစ်တွေတုန်းက... မန္တလေးသင်္ကြန်ကို ဇော်ဝင်းထွဋ်တို့၊ လေးဖြူတို့အထိ တက်လာပြီး ကျုံးဘေးမှာ အလွတ်တန်း စတိတ်ရှိုးတွေ ဆိုတတ်ကြတယ်။
မဇ္ဈိမလှိုင်းနဲ့ ကိုတိုးကြီးတို့ကတော့ အိမ်ရှင်တွေလေ။ ပရိသတ်က အနည်းဆုံး သောင်းချီတာပေါ့၊ ပြီးတော့ အများစုက လူငယ်တွေ၊ သောက် တာကလည်း
နည်းနည်းသောက်၊
များများသောက်၊
ခေါင်းမထောင်နိုင်အောင်သောက်ပဲ ကွာမယ်။
ဇော်ဝင်းထွဋ် အသံ၊
လေးဖြူအသံ ကြားတာနဲ့ အဲဒီလူအုပ်ကြီးလည်း ပေါက်ကွဲတော့မတတ် မူးရူး၊ အော်ဟစ်၊ ကခုန်နေကြတော့တာပဲ။

ဒါကို ပွဲ စီစဉ်သူတွေက သိတယ်။ ထိမ်းမရတဲ့ မန္တလေးလူငယ်ထုကြီးကို ထိမ်းနိုင်တာက မဇ္ဈိမလှိုင်းနဲ့ ကိုတိုးကြီးပဲ။
"အခု အလှည့်ကျ အမျိုးသား တေးသံရှင် ခင်မောင်တိုး" ဆိုလိုက်တာနဲ့ ပေါက်ကွဲတော့မတတ် မူးရူး၊ အော်ဟစ်၊ ကခုန်နေတဲ့ လူအုပ်ကြီးက ဆေးကြိမ်လုံးနဲ့ အရိုက်ခံလိုက်ရသလို ငြိမ်ကျသွားတယ်။

ပြီး..........ကိုဇော်မျိုးထွဋ်ရဲ့ ကြိုးကြာသံ အင်ထရိုများ လူး..လွန့်..လိမ့် တက်လာပြီဆိုရင် အားလုံးထိုင်၊ မေးလေးတွေ လက်ထောက်ပြီး သူတို့လည်း မြေက်ဖက်က သားဖောက်ရာဆီ ပျံသန်းကြတော့တာပါပဲ။
ဘာပြဿနာမှ မရှိတတ်ဘူး။

အခု ဒေါ်စုဆီရောက်လာတဲ့ လူတွေဟာ မိုက်မိုက် ရမ်းရမ်းတွေ မဖြစ်နိုင် ပါဘူး။
ပွဲတစ်ခု ငြိမ်းချမ်းစွာ ပြီးဆုံးတိုင်း အောင်မြင်မှုဆီ ခြေတစ်လှမ်း ရွေ့သွား တာပါ။
သွားကြရအောင် သားဖောက်ရာ အရပ်ဆီ.......

လူနှစ်မျိုး


အခုတလော ရေးနေကြတာတွေ
တွေ့ကြုံနေရတာတွေရယ်ကို သုံးသပ်ကြည့်ရင်
လောကကြီးမှာ လူနှစ်မျိုးပဲ ရှိတယ်။
တစ်မျိုးက အသေခံ ကွန်မန်ဒို
နောက် တစ်မျိုးက မိုက်ကရိုဖုန်းနဲ့ ဗွီအိုင်ပီ
ဒါမှလည်း ဟန်ချက်ညီ ထင်ပါရဲ့။ ။

မောနင်း ပို့စ်


၁။ ပြင်သစ်က ကလေးတီရှပ်

ဒါက ပြင်သစ်က ကျောင်းလာအပ်တဲ့ ကလေးရဲ့ တီရှပ်ပေါ်က စာတန်း တဲ့။
I am a bomb.
Jihad: Born on Sept 11
ဒါနဲ့ ပတ်သက်ပြီး ကလေးအမေ Bouchra Bagour နဲ့ သူမရဲ့မောင် Zayed ကို ပြစ်သစ်တရားရုံးက တရားစွဲဆိုထားပြီး ဒဏ်ငွေ ပေါင် နှစ်ထောင် နဲ့ လေးထောင်၊ ထောင်ဒဏ် တစ်လနဲ့ နှစ်လ အသီးသီး ချမှတ်ထားပါသတဲ့။

၂။ ဝန်ကြီးချုပ်နာမည် စာလုံးပေါင်းမှားလို့

ဒါက ဂျပန်က သတင်းပါ။ ဖူကူရှီးမားကို သွားရောက်စစ်ဆေးတဲ့ ဂျပန် ဝန်ကြီးချုပ်ရဲ့ နာမည်ကို ဝတ်စုံပေါ်ရေးထိုးရာမှာ ဆင်တူရိုးမှား လွဲနေလို့ Tepco က တောင်းပန်ထားရပါသတဲ့။ အနုမြူယိုစိမ့်မှုကို မတားဆီးနိုင်သေး တဲ့အပြင် ဝန်ကြီးချုပ်နာမည်ကိုတောင် မှန်၊ မမှန် မစစ်ဆေးနိုင်လို့ဆိုပြီး အွန်လိုင်းပေါ်မှာ ပျက်လုံးတစ်ခု ဖြစ်နေလေရဲ့။

၃။ ရွှေနိုင်ငံက မြေဈေး

ဒါကတော့ ရွှေမြန်မာတို့ရဲ့ ရွှေ ဝိသမလောဘ သတင်းပါ။ ယုတ္တိရှာလို့ မရအောင် မှားနေတဲ့ မဟာအမှားကြီးပါ။ ဝိသမလောဘသားကြီးတွေရဲ့ လက်ချက်ပါပဲ။
ရုံးခန်း ငှားခ ဈေးနှူံး

ရန်ကုန်၊ တစ် စကွဲယားမီတာ၊ အမေရိကန်ဒေါ်လာ ၈၀။
ဘန်ကောက်၊ တစ် စကွဲယားမီတာ၊ အမေရိကန်ဒေါ်လာ ၂၅။
ဟနွိုင်း၊ တစ် စကွဲယားမီတာ၊ အမေရိကန်ဒေါ်လာ ၃၀။
စင်္ကာပူ၊ တစ် စကွဲယားမီတာ၊ အမေရိကန်ဒေါ်လာ ၇၀။

မြေမရှိ၊ ဒီမန်းပိုများတဲ့ စင်္ကာပူထက် ဈေးပိုးကြီးနေတာကတော ရူးသွပ်မှု၊ တစ်ကျပ်ရင်း တစ်ဆယ်မြတ်ချင်တဲ့ ဝိသမလောဘကလွဲလို့ ဘာမှ မဖြစ်နိုင်ေ တာ့ပါဘူး။ ဒီ ဒဏ်တွေကို ဆင်းရဲသား အလုပ်သမားတွေ ရင်စည်းပြီး ခံကြရ လိမ့်မယ်။

၎။ စင်္ကာပူ ဝန်ကြီးချုပ်က နပ်တယ်

သူပြောသွားတာက မြန်မာအစိုးရ၊ ပြည်တွင်းထဲက နိုင်ငံရေး တီးမိခေါက်မိ ရှိတဲ့ မြန်မာတွေနဲ့ တစ်လေထဲပဲ။ လီကွမ်းယု မဟုတ်ပေမဲ့ လီရှန်လွန်း က လည်း ဒီပလိုမက်တစ်တော့ လုံးဝ ကျမ်းကြေတယ်။ ဖတ်ကြည့်ပါ။ သူ့အင်္ဂ လိပ်က လွယ်လွယ်လေးပါ
"I think one of the problems which Myanmar has had is that many outsiders tell you what to do without knowing what is happening inside the country, without really understanding the complexities of the country, And I do not think I should add to your problems by doing that."

ငွေရောင် အနားကွတ်လေးများ

အင်္ဂါနေ့က ဘော့စတွန်က အလုပ်လက်မဲ့၊ အိမ်ခြေယာမဲ့ လူတစ်ယောက် ရှော့ပင်းမောထဲမှာ သူတွေ့ခဲ့တဲ့ ကျောပိုးအိပ်ကို ရဲစခန်းပြန် အပ်ခဲ့တဲ့ အကြောင်း ဖတ်ခဲ့ရတယ်။ ကျောပိုးအိပ်ထဲမှာ ပတ်စပို့စတာတွေ အပြင် ဒေါ်လာ လေးသောင်းနှစ်ထောင်ပါတယ်လို့ သိရတယ်။ အိမ်ခြေယာမဲ့လူတစ်ယောက်အတွက် ဒေါ်လာ လေးသောင်းနှစ်ထောင်က မနည်းလှဘူး။ ချီးကျူးစရာပဲ။ အွန်လိုင်းမီဒီယာ ကောင်းမှုကြောင့် သူ့ အကြောင်းလည်း အမေရိကန် လူထုအကြား ရောက်သွားခဲ့တယ်၊ ချီးကျူးကြ၊ ဂုဏ်ပြုကြပေါ့။


အဲဒီအထဲ ဗာဂျီးနီးယား က လူတစ်ယောက်က "Change his life" ဆိုပြီး သူ့အတွက် အွန်လိုင်းအလှူခံဋ္ဌာန ကောက်ဖွင့်လိုက်တော့ အခု ဒေါ်လာ ကိုးသောင်းတောင် ကျော်သွားပြီ။ သူ ပြန်ပေးတဲ့ငွေရဲ့ နှစ်ဆကျော်ပဲ။
သူက နားသိပ်မကောင်းတော့ အလုပ်ရှာရခက်တယ်လို့ ဆိုပါတယ်။
ဝမ်းမြောက်စရာသတင်း ဖတ်ရခဲတဲ့ သတင်းစာတွေထဲမှာ ဒါမျိုးလေးတွေ ပါလာတော့ သာဓုခေါ်ရတာပေါ့။

Original storySelfless act paying off for Boston homeless man

ခေါင်းမြီးခြုံ လုံပါပေ့ (ကျောင်းတွင်းမှတ်စု)

စီစီတီဗွီထဲမှာ ခေါင်းမြီးခြုံထားသော အမျိုးသမီးငယ်တစ်ယောက် တောင် ကြည့် မြောက် ကြည့်ဖြင့် သူမ၏ ခေါင်းမြီးခြုံကို အလျင်အမြန် ခွာချပြီး ကျောင်းဝင်းထဲ ဝင်လာနေသည်ကို တွေ့မြင်နေရသည်။ သူမဘာလုပ်ချင်သည်လဲ မသိရ။ သူမမှာ မတူညီသော ကိုးကွယ်မှု ရှိသည် ဆိုတာကတော့ သေချာသည်။ သို့ဖြင့် စိတ်ဝင်စားစွာ သူမကို စောင့်ကြည့်နေ လိုက်မိသည်။ အတန်ကြာသောအခါ မိမိထိုင်နေသော စားပွဲကို ရောက် လာပြီး သူမသည် Buddhist and Pali Collage ဒီပလိုမာသင်တန်း တက်ရောက်ရန် လျှောက်လွှာလာတင်ခြင်းဖြစ်ကြောင်း သိလိုက်ရသည်။

ထို့ကြောင့် ဘာဖြစ်လို ခေါင်းမြီးခြုံကို့ ဖွင့်ခဲ့ရတာလဲ၊ စီစီတီဗွီထဲမှာ တွေ့မြင် လိုက်ရသည်ဆိုတော့ သူမက သူမသည် မွတ်စလင်ဘာသာဝင်ဖြစ်ကြောင်း၊ မွတ်စလင်ဘာသာဝင်ဖြစ်နေသည့်အတွက် သူမ၏ ကောလိပ်ဝင်ခွင့် အဟန့် အတား ဖြစ်မှာစိုးရိမ်မိခြင်းကြောင့် ခေါင်းမြီးခြုံကို့ ဖွင့်ခဲ့ရခြင်းဖြစ်ေ ကြာင်း ဖြေဆိုလေသည်။ Buddhist and Pali Collage ဟူသည် ဗုဒ္ဓဘာသာ ဝင်များအတွက်သာမက ဗုဒ္ဓဘာသာကို စိတ်ဝင်စားသူ ဘယ်ဘာသာဝင်မဆို တက်ရောက်လေ့လာနိုင်ကြောင်း၊ အရင်နှစ်က ခရစ္စယန် သီလရှင်များပင် တက်ရောက်လေ့လာတာ တွေ့ရကြောင်း ရှင်းပြမိသည်။

လျှောက်လွှာ ဖောင်ဖြည့်ပြီးသောအခါ သူမအမည်နှင့် ကိုးကွယ်သည့် ဘာသာကို လျို့ဝှက်ပေးထားစေလိုကြောင်း တောင်းဆိုလာသည်။ အကြောင်းက သူမ ဗုဒ္ဓဘာသာလေ့လာနေသည်ကို သူမ အသိုင်းအဝိုင်းက သိသွားလို့ မဖြစ်သောကြောင့်ပင်။ စာနာလိုက်မိသည်။

ကျွန်ုပ်တို့ ကံကောင်းကြပါသည်။ မိမိ စိတ်ဝင်စားသည့် ဘယ်ဘာသာ၏ ကျမ်းစာကိုမဆို လွတ်လပ်စွာ လေ့လာခွင့်ရကြပါသည်။ သို့သော် သူတစ်ပါး ဘာသာ၏ ကျမ်းစာများကို အပြစ်ရှာလိုခြင်းကြောင့် လေ့လာခြင်း ထက် ကောင်းကွက်၊ အားသာချက်များကိုပါ တွေ့ရှိရန် လေ့လာခြင်းက တစ်ဦးချင်း၏ စရဏနှင့် အသိကို တိုးတက်ကောင်းမွန်လာစေနိုင်ပေလိမ့်မည်။
ထို အမျိုးသမီးငယ်ကား သူမ ခေါင်းမြီးခြုံဖွင့်လိုက်သည်ကိုပင် သူမ အသိုင်း အဝိုင်းမှ တစ်စုံတစ်ယောက် တွေ့မြင်သွားမည်ကို လွန်စွာ စိုးရိမ်နေရလျက် ရှိနေရှာသည်။
ထို့အတူ သူမ၏ ဗုဒ္ဓဘာသာအပေါ် စိတ်ဝင်စားမှု ပမာဏကိုလည်း ကျွန်ုပ် တို့ လျှော့တွက်မထားသင့်။

အမူးပြေချိန်

ဒီနေ့ ဘောလုံးပွဲမှာ စကော့တလန်က အင်္ဂလန်ကို နိုင်သွားလို့ အောင်ပွဲခံရင်း သူ သောက်နေတာ။ တော်တော်လည်းကြာ တော်တော်လည်း များနေပြီ။
ဒါနဲ့ အိမ်ပြန်မယ်ဆိုပြီး ကုလားထိုင်ပေါ်က အထမှာ "ဗုန်း" ကနဲ လဲကျသွားတယ်။ ဆိုင်ထဲက လူတွေကသူ့ကိုထူပေးဖို့ရောက်လာကြတယ်။
သူက လက်မခံပါဘူး၊ ယောက်ျား သိက္ခာ၊ အရက်သမား သိက္ခာ၊ စကော့တ် သိက္ခာ ဘယ် အကျခံလို့ရမလဲ။
သူ ကြိုးစားပြီး ထကြည့်တယ်။ မရဘူး၊ ပြန် လဲကျသွားတာပဲ။
ဒါနဲ့ လေးဖက်ထောက်ပြီးပဲ အိမ် အရောက်ပြန်လိုက်တယ်။ အိမ်နဲ့ အရက် ဆိုင်က ဘာဝေးတာမှတ်လို့။
သူ အိမ်ရောက်တော့ သူ့ဇနီးက မျက်လုံးပြူး မျက်ဆံပြာနဲ့...
"ရှင် ဝှီးချဲယားကို ဆိုင်မှာ ထားခဲ့တာလား" တဲ့။

(ဒါနဲ့ ညက ချယ်လ်ဆီးတော့ အိမ်ကွင်းမှာ ဘာဆယ်ကို နှစ် တစ်နဲ့ ရှုံးသွားလေရဲ့။)

ဓားသွားနဲ့ ပွင့်ချပ်လွှာ

"သမီး၊ ပွင့်ချပ်လွှာနဲ့ ဓားသွား ဘယ်ဟာက ပိုပြီး မာကြောသလဲ"
"ဖေဖေ ဖြေစေချင်တာက ပွင့်ချပ်လွှာဖြစ်မယ်၊ ဒါပေမဲ့ သမီးကတော့ ဓားသွား လို့ ထင်ပါတယ်"
"ပွင့်ချပ်လွှာကို ခုတ်ဖြတ်မိရင် အဲဒီ ဓားသွားက သံချေးတက်သွားတယ်၊ ပွင့် ချပ်လွှာက ပြတ်သွားပေမဲ့ နောက်ထပ် ပွင့်ချပ်လွှာတစ်ခု ထွက်လာတယ်"
"ဒီတော့ ဖေဖေဆိုချင်တာက"
"သမီးလက်ထဲမှာ ဓားရှိရင်တောင် ပွင့်ချပ်လွှာကို မခုတ်ဖြတ်မိပါစေနဲ့၊ ပန်းပွင့် လည်း လှပါစေ၊ ဓားသွားလည်း သံချေး ကင်းနေပါစေ"

ကိုရီးယား သမိုင်း "Blade and Petal" ဇာတ်ကားထဲက ဘုရင်ကြီးက သူ့ သမီး ကို ပြောပြတဲ့ ဒိုင်ယာလော့ဂ်လေးပါ။

Safety first ပေါ်လစီများ (၂)

၃။ မျက်နှာချိုသွေး အစိုးရရဲ့ Safety first ပေါ်လစီ

"ငါတို့က အစောကြီး ကြိုလုပ်ပေးရင် ပြည်သူက မေ့သွားတယ်။ ဒါ့ကြောင့် အရေးကြီးတာကြီးတွေကို ရွေးကောက်ပွဲနီးမှ လုပ်ပေးလိုက်တယ်၊ ဒါ ဆို ရွေးကောက်ပွဲမှာ ငါတို့နိုင်တယ် " တဲ့။

ကြိုက်လို့ ရွေးမိတဲ့ အစိုးရထက် ရွေးမိတဲ့ အစိုးရက သဘောကျစရာေ ကာင်းနေ တာဟာ နိုင်ငံအတွက် ပို အလားအလာ ရှိတယ်။

၃။ မျက်နှာချိုသွေး အစိုးရရဲ့ Safety first ပေါ်လစီ

စကားလုံးရိုင်းသွားရင်တော့ တောင်းပန်ရပါလိမ့်မယ်။ လက်ရှိမြန်မာ အစိုးရ ကို မျက်နှာချိုသွေး အစိုးရလို့ မြင်မိပါတယ်။ ဒီ အစိုးရဟာစစ်တပ်နဲ့ လူထုကို ရင်ကြားပြန်စေ့နိုင်ဖို့ တတ်နိုင်သရွေ့ လူထုအလိုကို လိုက်လျောနေတာ၊ မျက်နှာချိုသွေးနေတာတွေ့ရတယ်။ ဒါပေမဲ့ အရေးအကြီးဆုံး (တနည်း) နိုင်ငံအလိုက် ကြီးကြီးမားမားပြောင်းလဲမှုဖြစ်သွားစေနိုင်တဲ့ (ဘရိတ် သရုဖ်) ပေါ်လစီတွေကိုတော့ မချရသေး၊ မကျင့်သုံးရသေးပါဘူး။ Safety first လုပ်နေဆဲပါ။
အပြည်ပြည်ဆိုင်ရာကို မျက်နှာချိုသွေးဖို့ မီဒီယာ လွတ်လပ်ပွင့်လင်းမှု ကို ဖော်ဆောင်လာတာ၊ နိုင်ငံရေး အကျဉ်းသားတွေကို အရစ်ကျ လွှတ်ပေး လာတာ၊ ဒေါ်စုနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်တာ စတာတွေ လုပ်ဆောင် လာခဲ့ပါတယ်။ အောင်လည်း အောင်မြင်နေတယ်လို့ ဆိုရမှာပါ။ နောက်ပြီး ဒီ အစိုးရကိုပဲ ကြမ်းခင်း အစိုးရလို့ ခေါ်ရင်လည်း ရပါတယ်။ ကြမ်းခင်း အစိုးရ ဆိုတော့ အစိုးရအစစ်မဟုတ်သေးဘူးပေါ့။
အခုအထိတော့ ဦးသိန်းစိန်က ၂၀၁၅ သမ္မတရွေးကောက်ပွဲမှာ ဝင်ပြိုင်မှာ မဟုတ်တော့ဘူးလို့ လေသံပစ်နေဆဲပါ။ ကျနော်တော့ ဒီကိစ္စကို သံသယ ရှိပါတယ်။ ဘာကြောင့်လဲဆိုရင် စစ်တပ်က လူထုကို ရွေးချယ်စရာ နှစ်ခုပေး ထားတယ်လို့ မြင်မိလို့ပါ။
ဒီ နှစ်ခုကို အလွယ်ဆုံးနဲ့ အတိုဆုံး ပြောရရင် အပျော့နဲ့ အမာ၊ ဦးသိန်းစိန်နဲ့ ဦးရွှေမန်းပါပဲ။ ဒီပေါ်လစီလည်း မှန်သွားတယ်လို့ ပြောရင် ရပါတယ်။ အခု လူထုကြားမှာ သူတို့ဟာ ပုံစံကွဲ လူကြိုက်များလာနေတာ တွေ့ရပါတယ် (အခုဆို အချိန်ကုန်ခံပြီး ဘယ်သူက ဘယ်လို၊ ဘယ်ညာ ငြင်းခုံနေကြပြီ)။ ၂၀၁၅ မှာ ဒေါ်စုကို နိုင်လောက်တဲ့လူ တက်လာပြီး သမ္မတ အရွေးခံပါလိမ့် မယ်။ အခုတလော သူတို့ကြား အက်ကြောင်းရှိနေတယ်ဆိုတာတွေဟာ တကယ်ဖြစ်နိုင်သလို နိုင်ငံရေးသဘောတရားဖြစ်ဖို့လည်း ရှိပါတယ်။ ပိုပြီး အရောင်အသွေးစုံလာတယ်၊ ပိုပြီး သဘောထား ကွဲလွဲမှုကို လက်ခံလာတယ် ဆိုတဲ့သဘောကို ပြသဖို့ပါ။

ဘာကြောင့် ဒီကောက်ချက်ကို ဆွဲနိုင်သလဲဆိုရင် မြန်မာအစိုးရဟာ လက်ရှိ အလုပ်ဖြစ်နေတဲ့ တရုတ်ကွန်မြူနစ်အစိုးရကို မော်ဒယ်ယူပြီး ပြောင်းလဲ လာနေလို့ပါ။

တရုတ်ကွန်မြူနစ်အစိုးရက
၁။ အာဏာလည်း လက်မလွှတ်နိုင်ဘူး
၂။ နိုင်ငံလည်း တိုးတက်စေချင် တယ်။
ဒီတော့ လူမပြောင်းဘဲ မူ ပြောင်းလိုက်တယ်။

အရင်က စူပါ ပါဝါကြီးတစ်ယောက်က အကုန်ချုပ်ကိုင်ထားပြီး အခုဆိုရင် စူပါ ပါဝါတစ်ယောက်နေရာကို ရွေးချယ်နိုင်ဖို့ အရည်အချင်းတူ၊ အရည် အသွေးတူ သုံးလေးယောက်လောက် အားပြိုင်နေပါတယ်။ ဒါကို တရုတ် ကွန်မြူနစ်အစိုးရက "အင်ထရာ ဒီမိုကရေစီိ" လို့ ခေါ်ထားပါတယ်။ ကြိုက်ရာကို ရွေးခွင့်ရှိတယ်၊ ဒါပေမဲ့ ပေးထားတဲ့ ရွေးချယ်စရာတွေကတော့ ကွန်မြူနစ်အစိုးရထဲက လူတွေချည်းပါပဲ။ စစ်တပ်ဟာ အမှန်တကယ် စိတ်ကောင်းဝင်လာရိုးမှန်ရင် ဒီ ပေါ်လစီကို သေချာပေါက် လိုက်ပါလိမ့်မယ်။

ဒါပေမဲ့ တရုတ်ကွန်မြူနစ်အစိုးရကို ပုံတူ ကူးချလို့တော့ မရပြန်ဘူး။ ဘာကြောင့်လည်းဆိုတော့ အဖွဲ့ချုပ်နဲ့ ဒေါ်စုက ကြားခံနေလို့။ ဘာပဲဖြစ်ဖြစ် အာဏာကို စစ်တပ်နယ်ပယ်ထဲမှာပဲ ရှိနေဖို့ စစ်လူထွက်ကြီးတွေ အသေ အလဲ ကြိုးစားကြလိမ့်မယ်ဆိုတာကတော့ စံဇာနည်ဘို မဟောလည်း သိနိုင် ပါတယ်။
လက်ရှိမြန်မာ အစိုးရက ဘာကြောင့် အခုအထိ Safety first လုပ်နေကြ တာလည်းဆိုရင်တော့ ရွေးကောက်ပွဲ ဝေးသေးလို့ပါ။
ဘောလုံးစကားနဲ့ ပြောရရင် မိနစ် ၆၀ မရောက်သေးလို့၊ နောက်တန်း လူကို ထုတ်ပြီး တိုက်စစ်မှူးထည့်ရလောက်အောင် အရဲ စွန့်စရာ မလိုသေးလို့ပါ။
၂၀၁၄ ခု နှစ်ဝက်ကျော်တာနဲ့ စစ်တပ်အစိုးရက တိုက်စစ်အား မြှင့်လာ ပါ လိမ့်မယ်။ စောင့်ကြည့်ပါ။ ကြည့်ကောင်းမယ်လို့ မျှော်လင့် (ဆုတောင်း) ပါတယ်။
ဘယ်လို တိုက်စစ်လည်းဆိုတော့ လူထုသည်းခြေခိုက်နေတာတွေကို ပြတ်ြ ပတ် သားသား အရဲစွန့် လုပ်ပြလိုက်ခြင်းမျိုးပါ။
ဥပမာ (တကယ် ဥပမာပါ) ပြည်သူတွေ မကျေမနပ်ဖြစ်နေတဲ့ခရိုနီတွေရဲ့ မြေ ပိုင်ဆိုင်မှု။ အခုအထိ မတို့မထိရဲသေးဘူး ထင်ရတဲ့ ပြဿနာကြီး ပေါ့။

ဆိုပါတော့၊ သမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌက ဒီမြေတွေ (.....ထဲက တစ်ဝက်ေ လာက်၊ ရှင့်လည်းလျှောက်သာ၊ ပြားလည်းစွဲသာ) ကို ပြည်သူပိုင်သိမ်းဖို့ သဘောတူလိုက်တယ်။ ဒါဆို ကျနော်ထင်တယ်၊ အဖွဲ့ချုပ် အတော်ခဲမှ သူတင်ကိုယ်တင်ရှိမယ်။ မလွယ်တော့ဘူး။ ဒါက ဥပမာမှ တကယ့် ဥပမာပါ။
မဖြစ်နိုင်ဘူးလို့တော့ မထင်ပါနဲ့။ ဒီပုံစံနဲ့ပဲ ဦးနေဝင်း ဟီရိုးတက်လုပ်ခဲ့တာပဲ။

ဒါဖြင့် ပြည်သူ သည်းခြေခိုက်ကိစ္စတွေကို ဘာလို့ အခု မလုပ်သေးတာလဲ။ ဒါကိုတော့ လီကွမ်းယု အဖြေကိုသာ ဖတ်ကြည့်ပါ။
"ငါတို့က အစောကြီး ကြိုလုပ်ပေးရင် ပြည်သူက မေ့သွားတယ်။ ဒါ့ကြောင့် အရေးကြီးတာကြီးတွေကို ရွေးကောက်ပွဲနီးမှ လုပ်ပေးလိုက်တယ်၊ ဒါဆို ရွေးကောက်ပွဲမှာ ငါတို့နိုင်တယ် " တဲ့။

အကြောင်းသင့်မှ ဆက်ပါဦးမယ်။
တကယ်တော့ ကြိုက်လို့ ရွေးမိတဲ့ အစိုးရထက် ရွေးမိတဲ့ အစိုးရက သဘော ကျစရာကောင်းနေတာဟာ နိုင်ငံအတွက် ပို အလားအလာ ရှိတယ်။

ဇင်ဝေသော်
(ဆက်ရန်)

Low Battery ( The caller of the year)

A Young man saved his girlfriend's phone number on
his mobile as "LOW BATTERY".

Whenever she calls him in his absence, his wife
takes the phone and plugs it to the charger.

Give that man a medal!

*ဗီလိန်တွေနဲ့ ဖွဲ့ရတဲ့ ပုံပြင်များ*

ကိုယ့်အကြောင်းကို ပြောတဲ့ ပုံပြင်တွေထဲမှာ လူတိုင်း ဟီးရိုးဖြစ်ခွင့်ရှိတယ်၊
ကံမကောင်း အကြောင်းမလှစွာ ဗီလိန် တစ်ယောက် (သို့) နှစ်ယောက်လည်း ပါနေမှ ရတတ်တယ် (အဂ်လိပ် ဆိုရိုး)

...............ရဲ့ အတ္ထုပ္ပတ္တိကို ကျနော်တို့ ဖတ်ရတယ်၊ သူငယ်စဉ်က ဆင်းရဲလှပုံ၊ မိဘမဲ့၊ အဒေါ်နဲ့ နေခဲ့ရပုံ၊ အဒေါ်က သူ့ကို မျက်နှာသာ မပေးပုံ၊ ရက်စက်ပုံ၊ သူ ကြိုးစားခဲ့ပုံ၊ သူ ကြိုးစားခဲ့လို့ ဒီ အခြေအနေ ရောက်လာပုံ
ကျနော်တို့ တကယ် လေ့လာကြည့်တော့...
သူငယ်စဉ် ဘဝဟာ သူ ပြောသလောက် ဆင်းရဲလှတာ မဟုတ်သလို
သူ့ အဒေါ်ဟာ အလွန် ကြင်နာတတ်တဲ့ အမျိုးသမီးကြီးဆိုတာ တွေ့ခဲ့ရ ပါ တယ်။

လမ်းလျှောက်နေစဉ်ကျနော့် လက်ကိုလှမ်းဆွဲပြီး ကောင်မလေးတစ်ယောက် က
"ရှင်က အာဖရိကန် လူမျိုးလား၊ ကျမ အာဖရိကကိုသွားပြီး ပရဟိတ လုပ်ချင် လို့ အကူအညီပေးပါ"
"မင်းက အာဖရိကကိုသွားပြီး ဘာဖြစ်လို့ ပရဟိတ လုပ်ချင်နေရတာလဲ"
"မလုပ်လို့ မရဘူး၊ အခြေအနေတွေ အရမ်းဆိုးနေတယ်၊ လူသားချင်း ကယ် ဆယ်မှ ရမယ်"

သူ့မျက်နှာကို ကျနော်ကြည်မိတယ်၊ လူဖြူမလေး၊ အသက်က ရှိလှ ၂၀ ပေါ့။
အာဖရိကဟာ ဆင်းရဲတယ်၊ မတိုးတက်သေးဘူး၊ ဒါကို ကျနော်လက်ခံတယ်။ ဒါပေမဲ့ အာဖရိကန်တွေရဲ့ လက်တွေ့ဘဝဟာ ဟောလီးဝုဒ်ရုပ်ရှင် ကားထဲ ကလောက် မဆိုးဘူး၊
လူဖြူတွေရဲ့ ဟီရိုးအစ်ဇင် ဇာတ်လမ်းတွေမှာ
လူဖြူတွေရဲ့ လူသားချင်း စာနာမှုအဖွဲ့တွေရဲ့ လက်ကမ်းကြော်ငြာတွေထဲမှာ
ကျနော်တို့ အာဖရိကန်တွေရဲ့အရည်အသွေးဟာ ဇီးရိုး ရောက်သွားခဲ့ရတယ်။

သူတို့ ပရဟိတ ပရောဂျက်တွေမှာ လူတွေ စိတ်ဝင်စားဖို့၊ အလှူငွေရဖို့ ကျနော်တို့မှာ ရှိနေတဲ့ အရည်အသွေးတွေကိုတောင် လူယူခြင်း ခံနေရပါ တယ်။

ဇာတ်လမ်းသိမ်းခါနီး၊ ဘရစ် ပစ်နဲ့ ဂျိုးလီက ဟယ်လီကော်ပတာနဲ့ ရောက် လာ၊ လူဆိုးတွေကို တိုက် ခိုက်၊ အပြစ်မဲ့ လူမည်းတွေကို ကယ်ဆယ်။
သူတို့ မဟာလူသားဝါဒကို ချဲ့ကား၊ ဇာတ်သိမ်း၊ ရုပ်ရှင်ရုံထဲမှာ လက်ခုပ်တွေ တဖြောင်းဖြောင်း။
ကျနော် "တက်" ခေါက်ရင်း ထွက်လာခဲ့တယ်။

အာဖရိကန် တစ်ယောက်ရဲ့ စာကိုဖတ်ရင်း လူတွေရဲ့ ဟီရိုးအစ်ဇင် ပုံပြင်တွေအကြောင်း တွေးနေမိတယ်။
ဖွင့်ရေးလောက်အောင်အထိတော့ ကျနော်လည်း မမိုက်သေးပါဘူး။

လူနဲ့ တိရစ္ဆာန်တွေ သတင်း

တရုတ်ပြည်က လူတွေကလည်းများတော့ သတင်းတွေကလည်း အထူး အဆန်းတွေချည်းပဲ။ Guizhou ပြည်နယ်က He Yong ဆိုတဲ့လူဟာ ရေ ခရုေ တွကို (river snails) စားမိရာကနေ တစ်ကိုယ်လုံး အစိမ်းရောင်တွေပေါက် သွားတယ်၊ မျက်လုံးတွေပါ အစိမ်းရောင် ဖြစ်သွားတယ်လို့ Guiyang Evening News က ဆိုထားပါတယ်။ အစိမ်းရောင် နှစ်ခြိုက်သူတို့ ရေခရုကို (river snails) စားနိုင်ကြပါပြီ။ ဒါပေမဲ့ ကာရန်မသင့်ရင် သေတတ် တယ်လို့ လည်း သိရပါတယ်၊ စိမ်းမလား၊ သေမလား ရွေးရုံပါပဲ။

နောက် သတင်းတစ်ပုဒ်ကတော့ ဆရာတေဇတို့ ဂိုဏ်းဝင် အင်ဒိုနီးရှားက Lion Air ပါ။ သတင်းခေါင်းစဉ်က “Pilot Lands Plane On Cow” တဲ့။ နွား မပေါ် လေယာဉ်ဆင်းသက်ခြင်းပေါ့။
Gorontalo မြို့ လေယာဉ်ကွင်းမှာ ဆင်းသက်ချိန် လေယာဉ်ပြေး လမ်းေ ပါ် နွားမသုံးကောင် လမ်းလျှောက်နေရာက စတင်ဖြစ်သွားခဲ့တာပါ။ ဆရာတေဇ လေယာဉ်နဲ့ ကွာခြားတာက နွားမသုံးကောင်ဟာ စက်ဘီး စီးနေရင်း တိုက်မိတာ မဟုတ်ဘူး ဆိုတာပါ။
ဘယ်သူမှ အနာတရ မဖြစ်ဘူးလို့ သိရပါတယ်။
ဒါဆို အဲဒီ အမဲသားက မွတ်စလင်တွေအတွက် ဟလာ လား၊ ဟလာ မဟုတ်တာ လား။

နောက်ဆုံးသတင်းကတော့ တရုတ်ဆေးဝါး သုံးစွဲသူတွေအတွက် Modern Express က ဖော်ပြထားတဲ့ သတင်းပါ။
Jiangsu ပြည်နယ်က Wang Pengsheng ဆိုတဲ့လူ မွေးထားတဲ့ ပိုးဟပ် အကောင်ရေ တစ် မီလျံ လွတ်ထွက်သွားတဲ့ အကြောင်းပါ။ အဲဒီ ပိုးဟပ်တွေ က တရုတ်ဆေး ဖော်ရာမှာ အသုံးပြုဖို့ မွေးထားတာလို့ သိရပါ တယ်။
ိစိတ်ဝင်စားစရာက ဘယ်လိုဆေးဖော်ရာမှာ ပိုးဟပ်တွေကို ထည့်ပါလိမ့် ဆိုတာပါ။
သတိထားရမှက ဆေးကို ရှူကြည်လို့ ပိုးဟပ်နံ့ ရ မရပါပဲ။

အကြမ်းဖက်သမား စိတ်ကို ခြေရာခံခြင်း

အကြမ်းဖက်မှုဖြစ်ပြီဆိုရင် အကြမ်းဖက်သမားကို လိုက်ဖမ်း၊ ထောင်ချ စ တာတွေဟာ လုပ်ရမယ့်အလုပ်တွေပေမဲ့ အကြမ်းဖက်မှုကို ကာကွယ် ဖို့တော့ ဒါလောက်နဲ့ မရတော့ဘူးဆိုတာ ပညာရှင်တွေ လက်ခံကြပါတယ်။ ဒါက သည်ပင် သူတို့ဦးနှောက် အလုပ်လုပ်ပုံနှဲ့ အခြား အခြေခံ အကြောင်းတွေ ကို လေ့လာမိကြဖို့ ဦးတည်ပေးလိုက်တာပါပဲ။
မေရီလင်းတက္ကသိုလ်၊ ပါမောက္ခ Arie Kruglanski အဆိုအရ အကြမ်းဖက် သမားတွေဟာ အကြမ်းဖက်လိုစိတ် အုံကြွမလာသေးသမျှ သာမန် သူလို ကိုယ်လိုပါပဲ။
သူတို့ထက် မိသားစုကို အမြဲတန်း ရှေ့တန်းတင်ထားသူတွေ၊ အလုပ်ကို တန်ဖိုးထားသူတွေပါ။
အကြမ်းဖက်သမားတွေရဲ့ ပထမဆုံး အကြမ်းဖက်မှုနဲ့ ပါဝင်ပတ်သက်ခြင်း ဟာ အဲဒီ အဖွဲ့အစည်းတွေကို လစဉ် ငွေနဲ့ ထောက်ပံ့ခြင်းမျိုးပါ။ သူတို့ဟာ အဲဒီ အဖွဲ့အစည်းတွေနဲ့ တိုက်ရိုက်ပါဝင်ပတ်သက်ခြင်း မရှိသလို စစ်သင် တန်း လေ့ကျင့်ရေးတွေမှာလည်း တက်ရောက်ခြင်းစသည် မရှိတတ်ကြဘူး။
အဲသလို သာမန်လူတွေကို အကြမ်းဖက်သမားဖြစ်အောင် လှုံ့ဆော်ပေးတတ် တဲ့ အချက်က သူ့ ဘာသာဝင်တွေ မတရား နှိပ်စက်၊ သတ်ဖြတ်မှုတွေ ခံနေရတယ်ဆိုတဲ့ အမြင်ပါ။

နောက်ပြီး ကလေးဘဝကတည်းက မုန်းတီးရေး အိပ်ယာဝင်ပံပြင်တွေနဲ့ ဦးနှောက်ဖျက်ဆီးမှု ခံထားရတာလည်း အဓိကအကြောင်းထဲမှာ ပါဝင် ပါတယ်။
၂၀၀၂ ခုနှစ် ဘာလီဗုံးဖောက်ခွဲမှုရဲ့ နောက်ကွယ်က မာစတာမိုင်းဒ် လုပ်ခဲ့သူ အလီ ဂူဖရွန်အဆိုအရ ကလေးဘဝကတည်းက သူတို့ဟာ အဖိုးရဲ့ ဂျီဟတ် စစ်ပွဲတွေအကြောင်းနားယဉ်နေခဲ့ပြီး ဘာသာရေးအတွက် သတ်ဖို့ဖြတ်ဖို့ အဆင်သင့် ဖြစ်နေခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်သမားတွေရဲ့ ဦးနှောက်ကို ပထမဆုံး သုတေသနပြုခဲ့ သူ ကတော့ အစ္စရေး ပါမောက္ခ Ariel Merari ပါ။
သူဟာ အသေခံ ဗုံးဖောက်ခွဲရေးသမား ၁၅ ဦးရဲ့ ဦးနှောက်ကို သုတေသ နပြုခဲ့တယ်။ ပြီးတော့ သူတို့နဲ့ ဆက်စပ်နေတဲ့ မိသားစု ၃၄ စု၊ အသေခံ ဗုံးဖောက်ခွဲရေးကို အမိန့်ပေးနေတဲ့ ကွန်မန်ဒါ ၁၄ ယောက်ရဲ့ ဦးနှောက် ကိုလည်း သုတေသနပြုခဲ့တယ်။
သူ့ရဲ့ Driven To Death စာအုပ်မှာ အကြမ်းဖက်သမားတွေဟာ စိတ်ဓာတ် ခိုင်မာသူတွေ မဟုတ်ကြဘူး။ အရှက်အကြောက် အားကြီးတယ်၊ ခေါင်းေ ဆာင်လိုစိတ်ထက် နောက်က လိုက်လိုသူတွေသာဖြစ်တယ်။ အကျဉ်းအကြပ်ထဲမှာဆိုရင် စိတ်ဖိစီးမှုကို တည်ငြိမ်အောင် မထားနိုင်ဘူး။ သူတို့အထဲက ၆၅ ရာခိုင်နှုန်းဟာ သူတို့ကို သူတို့ အသေခံ ဗုံးဖောက်ခွဲရေး သမားတွေဖြစ်မယ်လို့ ဘယ်တုံးကမှ တွေးထင် မထားကြဘူး။ ကွန်မန်ဒါ က အမိန့်ပေးလို့ ကြောက်ကြောက်နဲ့ လုပ်ရသူတွေချည်းပါပဲ။

အကြမ်းဖက်ခေါင်းဆောင်တွေက စိတ်ဖိစီးမှုကို ထိန်းနိုင်တယ်၊ ဒါပေမဲ့ သူတို့က အသေခံ ဗုံးဖောက်ခွဲရေးသမားတော့ ဘယ်တော့မှ ဖြစ်မလာဘူး။ သူတို့ အောက်လက်ငယ်သားတွေကို ပြောတာက စီစဉ်ပေးမှုဟာ အသေ ခံတာထက် ပို အရေးကြီးတယ်ဆိုတဲ့ အကြောင်းပါ။
အစောက ပြောခဲ့သလိုပါပဲ၊ အသေခံ ဗုံးဖောက်ခွဲမှုတွေဟာ ပုဂ္ဂလိက ခံစားချက်ကြောင့်မဟုတ်ဘဲ သူတို့ ဘာသာဝင်တွေ မတရား နှိပ်စက်၊ သတ်ဖြတ်မှုတွေ ခံနေရတယ်ဆိုတဲ့ အမြင်ပါ။
လတ်တလော ဘော်စတွန် ဗုံးဖောက်ခွဲခဲ့တဲ့ ညီအကိုနှစ်ယောက်ထဲက တစ်ယောက်ဆိုရင် အမေရိကန်တွေရဲ့ အီရတ်နဲ့ အရှေ့အလယ်ပိုင်း စစ် ပွဲတွေကို မကျေနပ်လို့ လို့ ထွက်ဆိုတယ်။

အမေရိကန် သမိုင်းပညာရှင် Walter Laqueur ကတော့ သူ့ရဲ့ No End to War စာအုပ်မှာ အကြမ်းဖက်မှုတွေဟာ ၂၁ ရာစုမှာလည်း ရှိနေဦးမှာပဲလို့ ဆိုထားလေရဲ့။ နိမိတ်မရှိပေမဲ့ အမှန်တရားဖြစ်ဖို့တော့ များတယ်။
အစွန်းရောက် နိုင်ငံရေး၊ ဘာသာရေးတွေနဲ့ စိတ္တဇ ပါရာနွိုက်ရောဂါကြောင့်လို့ သူက အကြောင်းပြပါတယ်။
တတ်နိုင်သရွေ့ ဖြေရှင်းနိုင်တာက ဂျီဟတ်တွေလက်ထဲ ကလေးတွေရဲ့ ဦးနှောက် မရောက်ခင် မွတ်စလင် ဘာသာရေးခေါင်းဆောင်တွေက လက်ဦး မှု ရယူထားဖို့လိုကြောင်း ဆောင်းပါးရှင်က အကြံပြုထားပါတယ်။
နောက်ပြီး မိသားစု အနှောင်အဖွဲ့ကလည်း ဒါကို အထိုက်အလျောက် ဟန့် တားနိုင်တယ်။
ဘာလီ ဗုံးဖောက်ခွဲမှုမှာ ပတ်သက်ခဲ့တဲ့ အူမာ ပက်တိတ်ဆိုရင် သူ့ဇနီးကို သံယောဇဉ်ကြီးလွန်းလို့ ဇနီးနဲ့ ဂျီဟတ် ဘယ်ဟာက ပိုအရေးကြီးသလဲ လို့ တွေးမိကြောင်း ပြောကြားခဲ့တယ်။
အရှေ့ အလယ်ပိုင်း၊ ဖိလစ်ပိုင်က လတ်တလော ပြဿနာ၊ သိရိလင်္ကာက မငြိမ်းသေးတဲ့ မီး၊ ရခိုင်ပြည်နယ်ပါ အဆစ်က ပါနေသေးတယ်။
အားလုံးကို ချုပ်ကြည့်တော့လည်း တရားခံက ဂျီဟတ်ပါပဲ။

Ref: Knowing how the terrorist's brain ticks. S.T, Aug, 29th, 2013
By: M.Nirmala

*မသိခြင်း ကိန်းသေများ*

သူက အမေရိကန်
သစ်ခွ မျိုးပေါင်း ၆၀၀ ကျော် သုတေသနပြုနိုင်ခဲ့ပြီး
ကချင်တောင်တန်းတွေထဲက ထွက်လာခဲ့တယ်။
အမေရိကန် သမ္မတ ဘယ်သူလဲမေးတော့ သူမသိတော့ဘူး။
နာမည်တွေ
ဘာတွေ
ညာတွေ မပြောကြေး။
သူ သစ္စာဖောက်လား
သူ လူစွမ်းကောင်းလား။
မိတ်ဆွေ ဖြေကြည့်ပါ။

ကျနော်တို့မှာ
သစ်ခွပန်းတွေ ရှိသရွေ့
ဘယ်သူ သမ္မတဖြစ်မယ်ဆိုတာ အရေးကော ပါရဲ့လား။
မိတ်ဆွေ ဖြေကြည့်ပါ။

ပေတန်ကို ထမ်းပြီး သွားနေတိုင်း
ကိုယ့်အထွာကို ကိုယ် သိတယ် မဆိုနိုင်ဘူး။

★အာရှ ကားလမ်း ဥပဒေ ၂၁ ★ (New Addition)

၁။ ကားလမ်း ဥပဒေ ဆိုတာ မရှိ။
၂။ အထူး ဥပဒေ ရှိ။ ယင်း ဥပဒေသည် နွားအုပ်များ အတွက်သာ ဖြစ်သည်။
၃။ လမ်း အားလုံး လက်ယာကပ် မောင်း ဖြစ်သည်။
၎။ လက်ဝဲ ကပ်မောင်းသော လမ်းများမှလွဲ၍ဟု ဆိုလိုသည်။
၅။ အချို့ လမ်းများမှာ အလည်ခေါင် တည့်တည့်မှလည်း မောင်းနိုင်သည်။
၆။ ရှေ့ကားကို ကျော်တက်မည်ဆိုလျှင် ဘယ်ဖက်မှ (သို့) ညာဖက်မှ (သို့) အောက်မှ (သို့) အပေါ်မှသာ ကျော်တက်ခွင့် ရှိသည်။ အခြား ဘယ် နည်းနဲ့မျှ ကျော်တက်ခွင့် မရှိ။
၇။ ကားကြီးသူက ဗိုလ်ကျ စတမ်း ဖြစ်သည်။
၈။ ထိုင်ခုံ ခါးပတ် ပတ်မည့်အစား ပို၍ အန္တရာယ် ကင်းစေနိုင်သော ပန်းကုံး၊ လက်ဖွဲ့ ၊ နတ်ရုပ် စသည် ကားခေါင်းခန်းတွင် ထားရှိနိုင်သည်။
၉။ ကားမောင်းနေစဉ် အခြားကိစ္စ များပါ လုပ်ဆောင်ရန် လိုအပ်သည်။ ဥပမာ ဒရိုင်ဘာ အသစ်များ အတွက် ကွမ်စားခြင်း၊ မိုဘိုင်းဖုန်း ပြောခြင်း စသည် တို့ဖြစ် ပြီး ဝါရင့် ဒရိုင်ဘာများ အတွက် အစား တစ်ခုခုစားခြင်း၊ ဒေသထွက် အရက်သေစာ တစ်မျိုးမျိး သောက်သုံးခြင်း၊ ကာရာအိုကေ လိုက်ဆိုခြင်း၊ ဗွီဒီ ယို ကြည့်ခြင်း စသည်တို့ ဖြစ်သည်။
၁၀။ မိမိ ချိုးမည့်ဖက်ကို မီးဆစ်ဂနယ်ပြခြင်းသည် မယဉ်ကျေး၊ နောက်ကား ကို အံ့ဩစရာ တစ်ခုခု ဖြစ်စေရန် အချက်မပြဘဲ ချိုးသင့်သည်။
၁၁။ ညပိုင်း ကားမောင်းမည်ဆိုလျှင်
(က) ကား ရှေ့မီးကို တစ်ဖက်က လာနေသော ကားသမား၏ မျက်နှာ တည့်တည့် ထိုးထားရမည်၊
(ခ) ကား ရှေ့မီး လုံးဝ မဖွင့်ဘဲလည်း မောင်းနှင်နိုင်သည်။ ( စည်းကမ်း ၁၁ ကို လေးစားသော အားဖြင့်)
၁၂။ ရှေ့ကားကို ကျော်မတက်မီ နောက်ကား လာ မလာ စစ်ဆေးခြင်း သည် ယောက်ျားမဆန်သော အပြုအမူ ဖြစ်သည်။
၁၃။ နှစ်လမ်းပြိုင် ကားလမ်းမပေါ် ကာအစီးရေ များနိုင်သမျှ များအောင် မောင်းပြခြင်းဖြင့် ဂုဏ်ယူပါ။
၁၄။ ကားလမ်း ပိတ်ဆို့ခဲ့သော် မြေမာလမ်းပေါ်မှ မောင်းနှင်ပါ။
၁၅။ ထို မြေမာလမ်းပါ ပိတ်ဆို့နေသော် ပလက်ဖောင်းပေါ်မှ မောင်းနှင်ပါ။
၁၆။ အမှန်တကယ် မလိုအပ်ဘဲ လမ်းလျှောက်နေသူ၊ စကိတ်စီးနေ သူ၊ မော်တော်ပီကယ်တို့ကို ကားဖြင့် မကြိတ်မိအောင် ဆင်ခြင်ပါ။ တကယ် မလိုအပ်ဘဲ မော်တော်ပီကယ်ကို ဝိုင်းမရိုက်ရ။
၁၇။ အရေး အကြီးဆုံး ဥပဒေသည် "လမ်းစည်းကမ်း" "မရှိခြင်း" ဖြစ်သည်ကို အမြဲ အမှတ်ရနေပါ။
၁၈။ နွားကိုသာ ဝင် မတိုက်မိပါစေ နှင့်။
၁၉။ ထရပ်ကားကြီး မောင်းသူဖြစ်လျှင် "လာ မနမ်းနဲ့ " " ဟွန်းတီးပါ " စေ သာ စာတမ်း တစ်ခုခု မြင်သာအောင် နောက်မှာ ရေးထားရမည်။ ကားနံပတ် ထက် ထို စာတမ်းတို့က ပို၍ ထင်သာမြင်သာရှိရမည်။
၂၀။ အလွန်အမင်း အခက်တွေ့သော် "အကိုရေ၊ တစ်စီးစာ နော်" ဟု ကားပြူ တင်းမှ လက်ထုတ်ပြပြီး ဆဲနေသည့်ကြားမှ ရအောင် ဝင် တိုးပြီး မောင်းနှင်ပါ။ ဆဲရေးတိုင်းထွာမှုကို ဂရုစိုက်စရာ မလို။
၂၁။ သက်ကြီးရွယ်အိုများ၊ စက္ခုအလင်း ကောင်းကောင်းမရသူများ၊ မသန် စွမ်းသူများ လမ်းဖြတ်ကူးလျင် ယဉ်ကျေးသိမ်မွေ့စွာ "သေချင်လို့ ထင်တယ်၊ ကိုယ်အိမ်ထဲမှာ နေတာ မဟုတ်ဘူး သေနာကြီးက၊ အကန်းက၊ အကျိုးက စသဖြင့် ပြောဆိုရမည်။

Have a pleasant drive!

စနေဘောလုံး

ရွှေခြံရေ...........
ပို့စ် ဖာဂူဆန် မန်ယူကို ခရစ္စတယ်ကတောင် တို့တော့မယ်ဟေ့ ဆိတ်တော့ မယ် ဖြစ်နေမယ့် ဟန်ပဲ။
မိုးယေးက အကောင်မသေးလှပေမဲ့ ဆရာဖာရဲ့ ခြေရာက ကြီးလွန်းနေတော့ အလှမ်းလပ်မှုလေးတွေကလည်း လျှာနဲ့သွားပဲ နေမှာပေါ့။
ဒါပေမဲ့ ပို့စ် ဘဲလ် (Post Bale) တော့တင်ဟန်ကတော့ ခေါင်းသာတည်မိရင် အကောင်ကြီးကြီးတွေတောင် လန့်ရမယ့် အနေအထား နော်။
ဘဲလ်က မရှိခြင်းနဲ့ ကျေးဇူးပြုထားခဲ့လို့ နတ္ထိ ပစ္စယေန ပစ္စယော လို့များ ရေ ရွတ်နေရမလား။
ယူကေ က နောက်တောက်တောက် ဘလော့ဂါက မန်ယူ၊ အာဆင်နယ်၊ လစ်ဗာပူးလ်း တို့သုံးသင်း ဒီနှစ် စတုတ္ထနေရာကို အသေအလဲ ဖိုက်တင်ကြ ရမတဲ့။
သူ့ အဆိုအရ စပါးဟာ တတိယအောက် ရောက်ရင် ကမ္ဘာပျက်ခြင်း တဲ့။

စပါးအကောင် ဘယ်လောက် ထွားထွား မျက်လုံးပြူးပြူး အိုဇီးနဲ့ အားဖြည့် ထားတဲ့ အာဆင်နယ် ကွင်းလယ်ထက် အနုပညာပိုမြောက်မယ် မထင်ပါဘူး။
ဇွာရက်ဇ် မိုင်းနပ် လစ်ဗာပူးလ်ကလည်း မနှစ်က အာဆင်နယ်လိုလိုပဲ၊ သုံးပွဲ၊ ကိုးမှတ် နဲ့။ ၂၆ နှစ်လုံးလုံး ဖာဂူဆန်ရဲ့ အလဲထိုးမှုကို ခံခဲ့ရလို့ အခု ချိန်မှာတော့ ချိုသွေးလို့ အကောင်းဆုံးပေါ့။
မော်တင်ညို ပလပ်စ်၊ လူးဝစ် ဇွာရက်ဇ်လည်း လူကိုက်မှု မကျူးလွန်ဘူးဆိုရင် (ဒါက မသေချာလှဘူး၊ ဇွာရက်ဇ်က လူကိုက်တာ ဝါသနာကြီးတယ် ) လစ်ဗာပူးလ်ပရိသတ်ဖြစ်ရတာ ရင်ခုန်စရာတော့ အကောင်းသား နေမယ်။
ဒါပေမဲ့ လစ်ဗာပူးလ်က သက်လုံပျက်နေတာ နှစ် ၂၀ ကျော်ပြီ။

အခု လက်ရှိ အငြင်းပွားစရာ မရှိတာကတော့ ချယ်လ်ဆီးနဲ့ မန်စီးတီးပဲ။ နည်းပြ၊ ကွင်းတွင်း၊ ကွင်းပြင်၊ အရံခုံတွေကအစ အနည်းဆုံး "ကိုး" လို့ ဆို ရမလောက် ပဲ။
ဒီအပတ်ကတော့ ပွဲ တကယ်ကြီးတာ၊ ဘီလူးချင်းဖိုက်တာ မရှိဘူးဆိုတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေရဲ့ ဆိုက်ဒ် အဖက် (ဘေးထွက်ဆိုးကျိုး) ကပဲ ပွဲ အဖြေကို ထုတ်ပေးမယ့်သဘောပါ။
ဂရိတ် အပ်ပဆက်တွေ (Great upset) ရှိလာနိုင်တာပေါ့။ မညှာတမ်းပြော ရရင် ဒီည ၇ နာရီ ၄၅ က (စင်္ကာပူ အချိန်) စလို့ပဲ။
မိုးယေး မန်ယူ၊ ဘာလဲ ဘယ်လဲ။
ဖန်နန်းတော် က တို့တော့မယ်တဲ့ ဆိတ်တော့မယ်။

Evaluate the practical value of 5 precepts for a just and righteous social order

(One of my students writes up. Quite nice to read,I think.)

Lay Buddhist morality /ethics is embodied in the 5 precepts, which may be considered at 2 levels. First, it enables people to live together in civilized communities with happiness, prosperity and progress. In the Sigalovada sutta, Buddha mentioned about welfare and harmony (benefits of practicing 5 precepts). Good Buddhists should remind themselves to follow the 5 precepts daily. They are

(1) Respect for a life, refrain from killing.
(2) Respect for property. Abstain from taking what is not given.
(3) Respect for dignity, abstain from sexual misconduct
(4) Right to know the truth; deserve the respect, refrain from false speech.
(5) For clarity of one’s own mind; abstain from taking intoxication.

Killing, stealing and sexual misconduct are categorized as an action, lying is considered the speech and the 5th one is meant for mental action. Taming three actions is Sila, which can be found in noble eightfold path. Having Sila (morality) with right speech, right action, and right livelihood brings about happiness and prosperity. Sila can be further divided into two: to be practiced and to be avoided. That is the reason of why we need to abstain from all wrong-doings (breaking precepts). We also need to practice opposite actions e.g. saving lives etc.

The first precept is to refrain from killing includes harming, torturing, striking to cause harm. One should respect sentient beings in the universe with loving kindness. Acts of killing arises from lobha, dosa, moha. Abortion has been a global issue without coming to consensus. In desperation, women submit to unsterile procedures. They drink bleach or turpentine, perforate with stick and coat hangers, and even jumped off roofs. Unsafe abortion procedures cause the deaths of about 67,000 women per year in the world, mostly in nations in which abortion is illegal. A life is being taken away from this process and Buddhism does not encourage. To avoid such killing, giving birth and providing the child the best in life will be alternate solution. Killing motivated by hatred is also seen in cases of vicious murder and manslaughter e.g. Nanjing massacre; thousands of beings executed /tortured and people lived in fear and dismay.

Second precept is to refrain from stealing and taking what is not given. The most serious involving threat or force will include daylight robbery, pursue snatching and kidnapping. Deceit/corruption is another type, which involves dishonest traders cheat their customers by false weights and measures or supply products of lower quality than specified.

The third precept is to refrain from the wrong way of enjoying sensual pleasures. One should guard the doors of eye, ear, nose, tongue and outer covering of the body respectively. Excessively enjoying causes harm to one as well as to others. Sexually transmitted diseases e.g. AIDS have increased rapidly to assume almost epidemic proportions. Child sexual abuse within the family line is so common in Britain that a help line is set up to counsel abused child. Buddha also teaches to avoid sexual misconduct; meaning that if one wants to experience sex, one must do so without creating any violence or without using any kind of force, threat or causing fear. A decent life, which respects the other partner, accepts the fact that it is a necessity for those who are not yet ready to renounce the worldly life.
Fourth precept is to refrain from lying; expressed through speech, writing or bodily gestures or even conveyed through a third party who may or may not be aware of the falsehood. The worst cases of falsehood are lying in a way that defames Buddha and the Arahants or making claims of attainments of Jhana or Magga. In the case of a monk, such falsehood leads to expulsion from Sangha.

The fifth precept is to refrain from taking intoxicant. Alcoholism and drug abuse are burning social problems of modern society. They ruin the physical and mental health of the addicts. According to a British medical journal, daily beer drinkers are 12 times more at risk of developing cancer and the mother’s being a social drinker can harm foetus. Alcohol and drugs are at the root of many crimes and the cause of many serious accidents. On August 2000, a famous US author, Kishline was charged for 4.5 years for drink drinking, causing a man and his daughter 12-year daughter killed after her small truck head on into the car.
This example shows once a person is intoxicated, one will lose self and forget oneself to commit offences.

According to the Discourse on the Bad effects of evil deeds, Anguttara IV 247, breaking of precepts when pursued, practised, increased causes one to arise in hell, in the animal world and in the realm of ghosts. If reborn as human being, the following are the very least results:
Killing will lead to shortening of one’s life.
Stealing will lead to loss of one’s wealth
Sexual misconduct will breed rivalry and hatred.
False speech will cause one to be falsely accused.
Partaking if intoxicants will cause one to be afflicted with insanity.

On the other hand, the observance of the 5 precepts leads to the accumulation of wholesome kamma tending to rebirth in the happy realms of human or deities. If reborn as a human being, the following are the results:
Refrain from killing will control dosa and cultivate metta, leading to longevity
Refrain from stealing will control lobha and cultivate non-attachment, leading to prosperity.
Refrain from sexual misconduct will control sensual lust, leading to integrity / dignity.
Refrain from lying will cultivate truthfulness, leading one to have a good reputation.
Refrain from taking intoxicants will develop mental clarity, leading to mindfulness and wisdom.

Besides understanding the 5 precepts only as a set of rules of abstention, Buddhist should remind themselves that through the 5 precepts, it extends to the quality of life e.g. Brahma Vihara involves sympathetic joy, metta, compassion and equanimity. In Siglalovada sutta, Buddha mentions about 4 ways of treating other people, which involves charity, pleasant speech, beneficial action and impartiality. These 4 ways will help the society to go in harmony. Therefore, five precepts involve interacting with other. It is a socialization process, as expressed in Sigalovada Sutta (reciprocal relationship).

The precepts are also an indispensable basis for people who wish to cultivate their minds. 10 meritious acts can work with 5 precepts to establish foundation. The acts include Dana, sila, bhavana, transfer of merits, rejoice in merits that are being transferred, service, pay respect, preaching and teaching Dhamma, listening to Dhamma and straightening one mind. Without basic moral code, the power of meditation can often be applied for some wrong and selfish ends.

To conclude, we can truly practise 5 precepts. It creates love and respect and which is conducive to helpfulness, no disputable, unity and harmony. All one’s action gets purific effect and it brings public benefit. In Dhammapada 130, everybody wants to be happy, reject dukkha. Equality and reciprocity is to refrain from causing suffering.

အီးမေးထဲက ရယ်စရာများ

တချို့က အသစ်၊ တချို့က အဟောင်း။ ဒီ ဟာသလေးကိုတော့ သဘောကျ တယ်။

Head & Neck of the family

ယောက်ျားဆိုတာ "the head of the family" တဲ့၊ ဒါဆို ဇနီးက "the Neck of the family " ပေါ့။
ခေါင်းဆိုတာ လှည့်ချင်တိုင်း လှည့်လို့မရဘူး၊ လည်ပင်းက လှည့်ပေးထားတဲ့ အရပ်ကိုပဲ မျက်နှာမူရတယ် တဲ့။

မီလျံနာနဲ့ ဘီလျံနာ

မေး။ ။ အခုလို မီလျံနာဖြစ်အောင် ကြိုးစားခဲ့ရာမှာ ကျေးဇူးတင်စရာ
အကောင်းဆုံးပုဂ္ဂိုလ်က ဘယ်သူပါလဲ။
ဖြေ။ ။ ကျနော့် ဇနီးပါ။
မေး။ ။ ဒါဆို ခင်ဗျားဇနီးက တကယ်တော်တဲ့ ဇနီးပဲ။ ခင်ဗျားနဲ့ လက် မထပ် ခင်က သူမဟာ.....
ဖြေ။ ။ ကျနော်နဲ့ လက်မထပ်ခင်က သူမက ဘီလျံနာပါ။

Part & Art of living

(ဒါကိုတော့ သဘောမှ တူကြပါ့မလား မသိဘူး။)
Having "WIFE" Is A Part Of Living...
But Having "GIRLFRIEND" Along With The "WIFE" Is Art Of Living.

ခြင်္သေ့က ဇနီးကို ခုန်အုပ်တော့

ဒီ ဂျုတ်ကတော့ ဘာသာပြန်ရင် ပျက်သွားမယ် ။
In an African Safari, A LION suddenly pounced on Santa's wife.
WIFE: Shoot him! Shoot him!
SANTA: Yes, Yes. I'm changing the battery of my camera . . .

***စမ်းချောင်းလေးထဲ လွတ်သွားတဲ့ ငါး***

"သူ့အလိုလို စီဆင်းနေတဲ့ စမ်းချောင်းကလေးကို ဇာ ပုဝါလေးနဲ့တောင် ကျနော်တို့ မတားဆီးသင့်ပါဘူး။"

အဲဒီနေ့က ကံကောင်းတယ် ပြောရမလားပဲ။ တက္ကစီစောင့်လို့ မိနစ်ပိုင်းပဲ ရှိ သေးတယ်။ တက္ကစီရောက်လာတယ်။ တက္ကစီပေါ်ရောက်တော့ တက္ကစီ သမားက
"ညီလေး စောင့်နေရတာ ကြာပြီလား"
"မကြာသေးဘူး အကို ၊ အခုလေးတင်ပဲ"
"ညီလေးက တော်တော် ကံကောင်းတာပဲ၊ ကိုကံရွှေကျလို့"
"ကိုကံရွှေက ဘာဖြစ်လို့လဲဗျ"
"ကျနော်သိရသလောက် ကိုကံရွှေက တော်တော် ကံထူးတဲ့လူဗျ။ သူ တက္ကစီ ငှားမယ်ဆို တက္ကစီ ရောက်လာရော"
"အမြဲတန်းကြီးတော့ မဖြစ်နိုင်လောက်ပါဘူး အကို ရာ"
"ညီလေးက မသိလို့၊ သူက တကယ် ကံထူးတဲ့လူ၊ ဒါနဲ့ ညီလေးက ဘယ် က ပြန်လာတာလဲ"
"မိတ်ဆွေတွေနဲ့ ဘောလုံးကန်ရာက ပြန်လာတာပါ"
"ဟာ တူသွားပြန်ပြီဗျို့၊ ဒီ ကိုကံရွှေ ဆိုတဲ့လူကလည်း အားကစား လိုက်စား ရုံတင်မကဘူး၊ တော်တော်များများ အားကစားတွေကို ပရော်ဖက်ရှင် ဆန် ဆန်ကို ကစားနိုင်တာ၊ ဂေါက်ရိုက်ဆို သိပ်တော်ဆိုပဲ"
"ကိုကံရွှေ တော့ မသိဘူး၊ ကျနော်ကတော့ မတော်ပါဘူးဗျာ၊ အပျင်းပြေ ကျန်းမာရေး လောက်ပါ"
"ဒါနဲ့ ညီလေးလက်ထဲက ဘာစာအုပ်လဲ"
"ဆရာ မြသန်းတင့် စာအုပ်ပါ၊ အကို ဖတ်ချင်လို့လား"
"မဟုတ်ပါဘူးကွာ၊ အကိုက အံ့ဩလွန်းလို့ပါ။ ကိုကံရွှေ က အားကစားတင် မကဘူး၊ စာပေ ဗဟုသုတလည်း တော်တော်ရှိတဲ့လူ။ တစ်ခုခု မသိရင် သူ့ သာ့မေးလိုက်၊ သူ မသိတာ သိပ်မရှိဘူး"
"ဟာ ဟုတ်ရဲ့လားဗျာ၊ လူပဲ၊ သိတာလည်း ရှိ၊ မသိတာလည်း ရှိနေမှာပါ"
"ညီလေးက မသိလို့ အဲလို ပြောတာ။ ကိုကံရွှေ က တကယ် ထူးချွန်တဲ့လူ"
"ညီလေးက အိမ်ထောင်ရော ရှိလား"
"ဟုတ်ကဲ့၊ အိမ်ထောင်ရှိပါတယ်၊ ကလေး နှစ်ယောက်"
"ညီလေး ဝယ်လာတာ ခေါက်ဆွဲကြော်တွေလား၊ အများကြီးပဲ၊ ဘယ်သူတွေ အတွက်လဲ။
"ဟုတ်တယ်၊ ဒါက ခေါက်ဆွဲကြော်တွေပါ။ ယောက္ခမကြီး မွေးနေ့မို့ အမှတ် တရ မိသားစု လက်ဆုံ အတူတူစားရအောင် ဝယ်လာတာပါ"
"ဟာ ကွာ၊ အကိုဖြင့် ဘယ်လို ပြောရမှန်းတောင် မသိတော့ဘူး"
"ကိုကံရွှေ နဲ့ တူနေပြန်ပြီလား ဗျ"
"အေးကွာ၊ ကိုကံရွှေကလည်း သူ့ ယောက္ခမတွေကို သူ့မိဘရင်းတွေလိုကို ဂရုစိုက်တာ။ သူ့ မိသားစုအပေါ် ဘယ်လောက် ဂရုစိုက်သလဲဆိုရင် တစ်အိမ် လုံးက လူတွေရဲ့ မွေးနေ့ မွေးရက်တွေကို အကုန် မှတ်မိနေတာ။ တခါတလေ သူ့ဇနီးကတောင် သူ့ မွေးနေ့၊ သူ့ မိဘတွေရဲ့ မွေးနေ့ကို မေ့နေတတ်တာ၊ သူကတော့ မမေ့ရေးချ မမေ့ဗျာ၊ ကျနော့် မှတ်ဉာဏ်နဲ့တော့ ကွာပါ့ ဗျာ"
"အကို ပြောတာနဲ့ ကျနော်တောင် ကိုကံရွှေနဲ့ တွေ့ချင်လာပြီ။ ဘက်စုံ တ ကယ် ထူးချွန်တဲ့လူပဲ ဗျ၊ ကျနော်က အဲသလို မဟုတ်ပါဘူး၊ တိုက်ဆိုင်သွား တာပါ။ အကိုက ကိုကံရွှေ အကြောင်း တော်တော် သိတာပဲ။ သူက ဘယ် မှာ နေတာလဲ"
" တွေ့ချင်လို့တော့ မရတော့ဘူး ဗျ၊ သူက မရှိရှာတော့ဘူး။ ဆုံးသွားပါပြီ"
"အကိုက ကိုကံရွှေ ကို ဘယ်လို သိတာလဲ"
"အကို့ မိန်းမနဲ့ ယောက္ခမကြီးက ကြုံတိုင်းပြောနေလို့ မှတ်မိနေတာပါ"
"သူတို့ကရော ကိုကံရွှေအကြောင်း ဘာလို့ ဒီလောက် သိနေရတာလဲ"
"သိပြီလားကွာ၊ ကိုကံရွှေ က အကို့ဇနီးရဲ့ ဆုံးသွားတဲ့ ခင်ပွန်း ဟောင်းလေ"

ကဲ ကျနော်ဘာပြောသင့်ပါသေးသလဲ။ သူ့အလိုလို စီဆင်းနေတဲ့ စမ်းချောင်း ကလေးကို ဇာ ပုဝါလေးနဲ့တောင် ကျနော်တို့ မတားဆီးသင့်ပါဘူး။

**ပုံပြင်နှစ်ပုဒ်ရဲ့ မနက်စာ**

(တစ်)
ဇင် မာစတာကြီးဟာ တောထဲကို မနက်တိုင်း လမ်းလျှောက်ထွက်လေ့ရှိ တယ်။ တစ်နေ့မှာတော့ လမ်းလျှောက်နေရင်း သူဖြတ်လျှောက်နေကျ စမ်းချောင်းပေါ်က တံတားလေးဟာ ရေတိုက်စားမှုကို ခံရပြီး မျောပါ သွားပြီ ဆိုတာ တွေ့လိုက်ရတယ်။
ဒါနဲ့ သူ့ဖိနပ်ကိုချွတ်ပြီး စမ်းချောင်းလေးထဲကနေ ဖြတ်လျှောက်လိုက်တော့ တယ်။ အဲဒီ အချိန်မှာ တံ တားပေါ်က လျှေက်စဉ် သူ မရခဲ့ဖူးတဲ့ ကြေနပ်စရာ ခံစားမှု နှစ်ခုကို သွားတွေ့ တယ်။

၁။ စမ်းချောင်းလေးက အေးမြလိုက်တာ။ (ကြည်နူးစရာ ပဲ။)
၂။ ခြေဖဝါးအောက်က ကျောက်ခဲလေးလေးတွေကလည်း မာကြော (ခံနိုင် ရည် ရှိ) လိုက်တာ၊ (အားကျ ဂုဏ်ယူစရာ ပဲ တဲ့။)

(Jack Kornfield, Buddhism For Beginners)

ပုံပြင်က ပြီးပါပြီ။
ကျနော် စဉ်းစားမိတာက အဲဒီ တံတားလေး ပြန်ထိုးပြီးသွားပြီဆိုရင် ဇင် မာ စတာကြီးက ဘယ်လိုတွေးပြီး သူ့ ဘဝကို ကျေနပ်၊ ကြည်နူးလေဦးမလဲ ဆို တာပါ။

( နှစ် )
ကလေးဘဝတုံးက အက်လက်ဇန်းဒရား ဧကရာဇ်နဲ့ ဒိုင်အောဂျင်းနီးတို့ အကြောင်း ဖတ်ခဲ့ရဖူးတယ်။ သူက လဲဂျင့်ဆိုတော့ အနှစ်သာရ မကွဲပေမဲ့ ဇာတ်လမ်းကွဲလေးတွေတော့ ထပ်တွေ့ရပါတယ်။ ထားပါတော့။
ဒိုင်အောဂျင်းနီးက အက္ခရာသင်္ချာတွေ မြေကြီးပေါ်မှာ ရေးနေ တွက်နေချိန် အက်လက်ဇန်းဒရား ဧကရာဇ် ရောက်လာပြီး သင့်အတွက် ဘာလုပ်ပေးရ မလဲမေးတော့
"နေရောင်ခြည်ကို ကွယ်ပြီးရပ်နေရာကနေ ဖယ်ပေးပါ" ပြောခဲ့တယ်။ ဧကရာဇ် တစ်ပါးဆီက သူတောင်းဆိုချင်တာ ဒါ အကုန်ပါပဲ။ သူ့ အက္ခရာ သင်္ချာတွေ နေရောင်ခြည်အောက်မှာ လင်းလင်း လက်လက် မြင်နေရရင် သူကျေနပ်နေပြီ။

ဒါနဲ့ အက်လက်ဇန်းဒရား ဧကရာဇ် သူ့အနားက ထွက်သွားတော့ရော ဒိုင်အောဂျင်းနီး ဘယ်လို ခံစားနေရလောက်သလဲ။

၁။ သူ့အနားမှာ ဧကရာဇ်တစ်ပါး မရှိတော့တာလား
၂။ အက္ခရာသင်္ချာတွေအပေါ် ကွယ်နေတဲ့ အရိပ်မည်းကြီး မရှိတော့တာလား။
ဧကရာဇ်ကြီးကို အားနာစရာပဲ။

ကမ္ဘာ့ရွာထဲမှာ တကယ်ဖြစ်နေတာတွေ

ဒီနေ့ထုတ် စထရိတ်တိုင်းကို လှန်ကြည့်လိုက်ရင် ဒါတွေ တွေ့ရမယ်။ ပြဿ နာက နယ်ပယ်စုံမှာ။ မယုံရင် အားကစားလောက က စပြီးကြည့်ရအောင်။

၁။ အားကစားလောကနဲ့ မွတ်စလင်

I.O.C Cutting ties with Muslims. Turkish PM. တဲ့။
၂၀၂၀ အိုလံပစ်ပွဲတော် ကျင်းပရေးမှာ ဂျပန်ကို ကပ်ရှုံးသွားလို့ ထွက်လာတဲ့ တူရကီ ဝန်ကြီးချုပ်ရဲ့ အသံ။ အင်တာနေရှင်နယ် အိုလံပစ်ကော်မတီက မွတ် စလင်တွေနဲ့ အဆက်အဆံ မလုပ်ချင်လို့ တဲ့။ သူစွပ်စွဲတာ ဟုတ်သလား၊ မ ဟုတ်လား ကျနော်တို့ ညာဏ်မမီဘူး။ သိရသလောက်ကတော့ စပိန်က စီးပွားရေးကြောင့်၊ တူရကီက နိုင်ငံရေး မငြိမ်သက်မှု၊ အိမ်နီးချင်း နိုင်ငံတွေ မှာ ဆူပူမှုကြောင့် ဂျပန်ကို ရှုံးသွားတယ်၊ ဒီလိုပါ။
ဒါလားဆိုတော့ မဟုတ်ဘူး ၂၀၁၂ ရဲ့ ကာတာ ကမ္ဘာ့ဖလားပွဲ အိမ်ရှင် အဖြစ် ရွေးခြယ်လိုက်မှုဟာ အမှားတစ်ခု ဖြစ်နိုင်ကြောင်း ဖီဖာ ဥက္ကဋ္ဌ ဝန်ခံ လာရပြီ။ သဘာဝ အဟန့်အတား၊ ခရီးကွာဝေးမှု အဟန့်အတား၊ ယုံကြည်မှု အဟန့်အတား စုံလို့ပဲ။ ဒါတောင် မထင်ရင် ဗုံးထခွဲတတ်တဲ့ အာရပ်ကမ္ဘာရဲ့ အကျင့်ဆိုးကို ထည့် မပေါင်းရသေးဘူး။ ဥရောပက ဘီလျံနာ ဘောလုံး သ မားတွေ အားလုံးရော လာကန်ကြပါ့မလား။

၂။ ဖက်ရှင်လောကနဲ့ မွတ်စလင်

ဒါက ဂျကာတာမှာ။ ကမ္ဘာ့အလှမယ်ရွေးချယ်ပွဲ ကျင်းပရေး ကော်မတီ ချွေး ပျံနေပြီ။ ဖိုင်နယ်ပွဲအတွက် ဂျကာတာကနေ ဂျဗား ကိုရွှေုခဲ့ရပြီးပြီ၊ ပြဿနာ က မပြီးဘူး။ အဓိက က ယုံကြည်မှု။ အမျိုးသမီးတွေ ရေကူးဝတ်စုံဝတ်တာဟာ အကုသိုလ်ပစ်မှုကြီးလို့ ယုံကြည်ေ နကြဆဲ။ ဖြစ်ရပုံက ၁၇ ရာစုအတိုင်း။ ဆန္ဒတွေပြနေဆဲ။ ကမ္ဘာ့အလှမယ်ရွေးချယ်ပွဲ ကျင်းပရေး ကော်မတီကရော အင်ဒိုနီးရှားကို အိမ် ရှင်အဖြစ် ရွေးခြယ်လိုက်မှုအတွက် နောင်တ မရနိုင်ဘူးလား။ မပြီးသေး ဘူး၊ ဘာသာရေး ပဋိပက္ခကို ကြည့်ပါအုံး။

၃။ ဘာသာရေးနဲ့ မွတ်စလင်

ဒါက မလေးရှားမှာ
Tussle over use of "Allah" back in court
KL appeals against 2009 Decision to lift ban on Catholics' use of word တဲ့။
ကက်သိုလစ်တွေက God ကို အာရဗီဘာသာနဲ့ "Allah" လို့ သုံးစွဲ မှုကြောင့် ဖြစ်နေတဲ့ ပြဿနာ၊ နှစ်ပေါင်း ကြာလှပေါ့။ မရှင်းနိုင်သေးဘူး။ အလ္လာ ဆိုတဲ့ ဝေါဟာရက မွတ်စလင်မူပိုင်။ ဘယ်ဘာသာမှ ဘာသာပြန် သုံးခွင့်မရှိ။ အဲသလို။

၎။ စီးပွားရေးလောကနဲ့ မွတ်စလင်

စတိုးဆိုင်မှာ ဈေးရောင်းရင်း ခေါင်းမြီးခြုံကို မဖွင့်နိုင်ဘူးဆိုလို့ အလုပ်ရှင်က အလုပ်ထုတ်ပစ်လို့ အမေရိကမှာ ပြဿနာ ဖြစ်လျက်။ အလုပ်ရှင်ကလည်း ခေါင်းမြီးခြုံနဲ့လူရောင်းရင် လူတွေကကြောက်ပြီး မ ဝယ်တော့ဘူး၊ သူ့ စီးပွားရေးကို ထိခိုက်တယ်ဆိုပြီး ဖြုတ်တာပဲ။ အကြိမ်ကြိမ် ဗုံးခွဲခံရပြီး သေနေရလို့ ကြောက်နေတဲ့ အမေရိကန်တွေကို အပြစ်ဆိုမှာလား၊ သူ့ဆိုင် လူမဝင်လို့ အလုပ်ထုတ်ပစ်တဲ့ အလုပ်ရှင်ကို အပြစ်ဆိုမှာလား၊ တကယ်ကို ရှုပ်ထွေးလွန်းတဲ့ အပေါ်ယံ အစွန်းရောက် ဥပါဒါန် အကြီးစားေ တွပဲ။

ဒါတောင် စီရီးယား၊ ဖီလစ်ပိုင်နဲ့ ရခိုင်ပြည်နယ်က ပါဝါဒိန်းဂျားတွေ မပါသေး ဘူး။ လူသိများလို့ မတို့တော့ဘူး။
အဲဒါ ကမ္ဘာက ရင်စည်းခံနေရတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နေပါတယ် ဆိုတဲ့ ယုံကြည်မှုဘာသာကြီးတစ်ခုအကြောင်းပါပဲ။

Smile if you get them!

Paul's Law: You can't fall off the floor.

The 2 most common elements in the universe are
a) hydrogen and
b) stupidity

Stupidity is not handicapped. Don't park here.

Psychiatrists say that 1 of 4 people are mentally ill. Check 3 friends. If they're OK, you're it.

ဘုရားရှင်အတွက် အော်နာရယ်ရီ စီတီဇင်ရှိပ်

အခုတလော ဘုရားရှင်ကို ကပိလဝတ္ထုပြန်ပို့ ဆိုသောစကား လူပြော များနေသည်။ ဗီဇာသက်တန်း တိုးမရလေသောကြောင့်လား မပြောတတ်။
ဘုရားရှင်ကို တော့ ကပိလဝတ္ထုကို ပို့လို့ ရအံ့မထင်၊ ကြွလိမ့်မည်လည်း မဟုတ်။ ပို့မယ်ပို့ သိဒ္ဓတ္ထမင်းသားကိုတော့ ပို့လို့ ရတန်ကောင်း၏ဟု ဆိုနိုင် သည်။

ဘုရားရှင်က ကပိလဝတ္ထုသား မှန်သော်လည်း ကပိလဝတ္ထုအပေါ် သံယော ဇဉ် နည်းတော်မူ၏။ ကြည့်ပါ၊ ဘုရားဖြစ်အပြီး ၄၅ ဝါ သက်တန်းမှာ ဘယ်နှဝါ ကပိလဝတ္ထုမှာ ဝါကပ်တော်မူခဲ့သနည်း။

သား ဘုရားကို တွေ့လိုသဖြင့် အထောက်တော်များ အလီလီဖြင့် အပင့်ခိုင်း ခဲ့သော်လည်း ရွှေကိုယ်တော်က စိတ်ပင် လည်တော်မမူခဲ့။ လူ့ဒုက္ခအပူများကို အေးစေရင်း မွေးမြေကို မေ့နေသည့်သားပါလေ။

အသားညိုညို ရွှေကိုယ်တော် ဥဒါယီ ဂါထာ ၆၀ သီပြီး လျှောက်တော့ မှ ကပိလသို့ အ်ေဖစ်ရှယ် ဗစ်ဇစ်ခရီးကို လက်ခံခဲ့သည် မဟုတ်ပါလော့။

ဘုရားရှင်ကို ကပိလဝတ္ထုပြန်ပို့ ဆိုသော ရဟန်းသည်လည်း အနည်းဆုံး ဥဒါယီကိုယ်တော်လောက်တော့ စာ အရေးကောင်းမှ ရပေမည်။ အပျံစား ဂါထာတွေ သီပါလေ ငါ့ရှင်။ သင့်အကြံ အထမြောက်ကောင်း မြောက်ပေမည်။
At least, you try your best ပေပေါ့။

မလုပ်ကြပါနှင့်၊ မြန်မာပြည်အနေနဲ့ ဂေါတမဗုဒ္ဓကို အော်နာရယ်ရီ စီတီဇင်ရှိပ် ဆက်ကပ်ကြသင့်သည်။ ကျေးဇူးတရား များလှ၏။
အော်နာရယ်ရီ စီတီဇင်ရှိပ် မဆက်ကပ်နိုင်ဘူးဆိုလျင်ပင် အနှစ် ငါးထောင် ကြာ ပီအာ(PR) စတေးတော့ ဆက်ကပ်ကြသင့်သည်။

ရန်လည်း သိပ်မဖြစ်ကြပါနှင့်။ စတေးပင် ရှိငြားသော်လည်း လူတွေ၊ ရဟန်းေ တွ ရန်ဖြစ်လျင် ပါလိလေယျကတောကိုတစ်ပါးတည်း ကြွ သွားတော် မူေ ကြာင်း သာဓက ရှိ၏။

ကျောင်းပြင်မှတ်စု

ကဗျာဆရာ ခရမ်းပြာထက်လူက စင်္ကာပူနဲ့ပတ်သက်သည့် သူ့အတွေ့အကြုံ ကို
"လေယာဉ်ပျံကြီး စီးကာသွား ရေကူးပြီးတော့ ကျွန်တော် ပြန်လာခဲ့"
ဟု ကဗျာ ရှည်ကြီး ရေးသည်။

ယနေ့မနက်မှာလည်း
"လမ်းလျှောက်ရယ်လို့ ထွက်ကာသွား တက္ကစီငှားပြီး ပြန်လာခဲ့" ဖြစ်ရသည်။
ရဟန်းသွာလျင် ပေါ့ပါးရမည်ဟု ဘုရားမိန့်ဆိုသဖြင့် ထီးလည်း မယူမိ။
သီဟိုဠ်နှင့် တရုတ်ကိုယ်တော်တို့က ပြုံးစိစိကြည့်၏။
ရွှေသီဟိုဠ်က အသံထွက်အောင်ပင် ရယ်လိုက်သေး၏။ မတတ်နိုင်။

အာရှ ချဉ်ဖတ်ကြီး

ရိုဟိန်ဂျာ အရှုပ်တော်ပုံနဲ့ ပတ်သက်လို့ ဖတ်ရတဲ့ စာတွေထဲမှာ ဒီလူပြောတာ သဘာဝ အကျဆုံးပဲ။
"Nobody wants to acknowledge the large numbers of people and nobody knows what to do with them." တဲ့။
Chris Lewa,
Arakan Project Coordinator, S.T

ပထမအပိုဒ် "Nobody wants to acknowledge the large numbers of people " က မြန်မာပြည် (သမ္မတ) ရဲ့ ရပ်တည်ချက်ကို သဘောပေါက် ဟန် ညွှန်းဆိုပြီး ဒုတိယ အပိုဒ်ကတော့ သူတို့နဲ့ပတ်သက်ပြီး ဘာလုပ်ရမှန်း ဘယ်သူမှ မသိဘူး ဆိုတော့ ....... ပြီးရော။
မြန်မာတွေ စေတနာပျက်တာလည်း (ကြောက်တယ်ဆို ပိုမှန်မယ်) မွတ်စလင်ဖြစ်လို့ ဆိုတာထက် ကာမဂုဏ်တွေ နင်းကန်လိုက်စား ကလေးတွေ အထိမ်းအကွတ်မဲ့ မွေးနေကြတာကြောင့် ဖြစ်နိုင်တယ်။
ပြီးတော့ လက်ရှိပြဿနာနဲ့ နာကျင်ခံစားရတာတွေပါ ထည့်စဉ်းစားရင် ဒီကလေးတွေကလည်း နိုင်ငံ့အကျိုးကို တစ်တပ်တစ်အား သယ်ပိုးမယ့် လူငယ်တွေဖြစ်ဖို့ထက် မုန်းတီးမှုတွေနဲ့ ကြီးပြင်းလာမယ့် အဖျက်သမားေ တွ ဖြစ်ဖို့ပဲများတယ်။

Chris Lewa, ပြောသလိုပဲ "nobody knows what to do with them"
ဒီကိစ္စကို ဘယ်သူမှ လူတတ်ကြီး ဝင်မလုပ်ရဲဘူး (အမေရိကန် အပါအဝင်) ထိုင်းစတဲ့ အိမ်နီးချင်း နိုင်ငံတွေ လုပ်နေကြတာကလည်း အနာဂတ် ဗုံးတွေ ကိုယ့်ဆီ ရောက်မလာဖို့ပဲ။

လူ့ အခွင့်အရေးသမာတွေကို လေးစားပါတယ်။ ဒါပေမယ့် ဘော်စတွန် ဗုံးပေါက်တော့ အသေခံ လိုက်ဖမ်းရတာက အစိုးရဝန်ထမ်းတွေ။ သေတာ က ပြည်သူတွေ။ လူ့ အခွင့်အရေးသမားတွေ လုပ်နိုင်တာက
"ဒီလို အကြမ်းဖက်မှုကို ရှုတ်ချတယ်"
"ဒီလို အကြမ်းဖက်မှုကို ရှုတ်ချတယ်"
"ဒီလို အကြမ်းဖက်မှုကို ရှုတ်ချတယ်"
ဆိုတဲ့ စကားပဲ။
ဒီတော့ သူတို့ရဲ့
"ဒီလို လူသားချင်း မစာနာတဲ့ ဆက်ဆံမှုကို ရှုတ်ချတယ်"
ဆိုတဲ့ စကားကိုလည်း အစိုးရတွေက သိပ်ပြီး နားထောင်နေကြမယ်တော့ မထင်ဘူး။

မုဒိတာ အလွမ်း အားကျမှု

ဖူကူရှီးမား
ဝါး ဟားဟား
ဂျပန်က နိုင်မြဲ နိုင်ဆဲ
အိုလံပစ်ပွဲတော် လာခဲ့ အာရှကို။



ဂျပန်တွေက လူပီသတယ်
ရက်ရက်စက်စက် ကြမ်းကြုတ်ဖူးတယ်
ပြီး.... ပက်ပက်စက်စက် နူးညံ့ပြန်တယ်။
နိုင်ပြတယ် ရှုံးပြတယ်
ရှုံးပြတယ် နိုင်ပြတယ်။

လူဖြူတွေကြောင့် ပြာပုံဘဝရောက်ဖူးတယ်
ပြီးတော့ လူဖြူတွေကို ကျော်ဖြတ်ပြတယ်
သဘာဝဘေးရန်ကို အပြံးမပျက် လက်တွဲပြတယ်
ဘယ်နေးရှင်းမှ သူတို့လောက် အသံထွက်မညီဘူး
ပြိုလဲပြတယ်
ကုန်းထပြတယ်။

၂၀၂၀ အိုလံပစ်အတွက် ဖူးကူရှီးမားကို လက်ညှိုးထိုးကြတယ်
သေချာတယ်
ဂျပန်တွေ အိပ်မက်အသစ်နဲ့ ယိုစိမ့်မှုကို ဖာထေးကြလိမ့်မယ်။

ဂျပန်ကိုသာ အတုယူနိုင်ကြရင် ကမ္ဘာကို ပစိဖိတ် စိုးမိုးလာနိုင်တယ်
ဒီညမှာတော့ ဂျပန်တွေ ငိုနေကြတယ်
ဝမ်းသာလို့။
မနက်ဖြန် ပုံမှန် ရုံးတက်ကြလိမ့်မယ်။
မက်ဒရစ်ကိုတောင် ကျော်ဖြတ်ခဲ့ကြပြီပဲ။





မုဒိတာ အလွမ်း အားကျမှုတွေနဲ့

DISORDER IN COURT

From a little book called "Disorder in the Court." They're things
people actually said in court, word for word.

Q: What is your date of birth?
A: July fifteenth.
Q: What year?
A: Every year.

၂၀၁၅ ယဉ်ကျေးမှု အိပ်မက်

Burmese artifacts a door to its past- and its present
By Jane Perlez. NEW YORK TIMES

၂၀၁၅ ခုဟာ လူအများစု မျှော်လင့်နေတဲ့ နိုင်ငံရေးပြောင်းလဲမှုတင်မကဘဲ ကမ္ဘာက မသိသေးတဲ့ ပုဂံရဲ့ ယဉ်ကျေးမှု အဆင့်အတန်းကိုလည်း နယူးယောက်က တဆင့် ကမ္ဘာကို လှစ်ဟပြသခွင့်ရလာမယ့် မင်္ဂလာရှိတဲ့ နှစ် သစ် တစ်နှစ် ဖြစ်လာပါလိမ့်မယ့်။ ဒါတွေ အစပျိုးနိုင်ဖို့ သန္ဓေ ဥ ခဲ့တဲ့ သမ္မတ ကြီးရဲ့ အမေရိက ခရီးစဉ်ကိုလည်း ကျနော်တို့ ယဉ်ကျေးမှု အတွက် တလေး တမြတ် ထားကြရမယ်။ ပုဂံရဲ့ ယဉ်ကျေးမှု ကမ္ဘာကို ပြသနိုင်ဖို့ သူ့ခရီးစဉ် အ တွင်း သဘောတူညီမှုတွေ ပေးထားခဲ့လို့ နယူးယောက် သုတေသန အဖွဲ့ ဟာ တိမ်ကောနေတဲ့ ပုဂံနဲ့ နိုင်ငံအဝှမ်းပြတိုက်တွေဆီ နဖူးတွေ့ ဒူးတွေ့ လာရောက်ကြည့်ရှုခဲ့ကြပါတယ်။ အဲဒီ ရှေးဟောင်း အနုပညာတွေထဲက သင့်တော်မယ့်၊ သယ်ယူလို့လည်း ဖြစ်နိုင်မယ့်၊ အလွန်အမင်း တန်ဖိုးကြီးတာ လည်း မဟုတ်တဲ့ ရှေးဟောင်းလက်ရာတချို့ကို သယ်ယူပြီး ပြသကြပါလိမ့် မယ်။

ဒါပေမဲ့ မြန်မာ့ယဉ်ကျေးမှုတွေ အခုမှ အမေရိကကိုရောက်တာလား ဆိုရင်ေ တာ့ မဟုတ်ဘူး။ ဒီပြပွဲမှာ ပြသမယ့် သုံးပုံတစ်ပုံသာ မြန်မာပြည်ကနေ ငှား ရမ်းပြသမှာဖြစ်ပြီး ကျန်တဲ့ နှစ်ပုံက နယူးယောက် ကော်လက်ရှင်း (Collections) တွေကနေ ယူဆောင်မယ်လို့ ဆိုထားပြန်တယ်။ ဒီ မြန်မာ့ယဉ်ကျေးမှုတွေ ငှားရမ်းပြသခွင့်ရဖို့ သူတို့ သဘောတူခဲ့တာ က ရှေးဟောင်းပြတိုက်တွေအတွက် လိုအပ်ချက်တွေကို ကူညီပေးဖို့နဲ့ ဝန်ထမ်းတွေကို စနစ်တကျ သင်တန်းတွေ ပေးဖို့ပါ တဲ့။ ဘယ်လိုပဲ ဖြစ်ဖြစ် ဝမ်းသာစရာ သတင်းတစ်ပုဒ်ပါ။

မြန်မာ့ယဉ်ကျေးမှုတွေ အမေရိကမှာ တချို့ရှိနေပြီးဖြစ်တယ်လို့ ဆိုပေမဲ့ ဦးဆောင်စည်းရုံးသူတွေနဲ့ ပရိသတ်ကို ဖမ်းစားနိုင်မယ့် ရှားရှားပါးပါး ရှေးေ ဟာင်းလက်ရာတွေကတော့ ပြည်တွင်းမှာပဲ ရှိနေဆဲပါ။

အဲဒီ အထဲက အေဒီ ၁၂ ရာစုလက်ရာဖြစ်တဲ့ မြတ်စွာဘုရားရှင် တာဝတိံသာ မှာ အဘိဓမ္မာဒေသနာတော်ကိုချွေပြီး သင်္ကဿနဂိုရ်ကို ခြေတော်ခြတဲ့ လက် ရာကတော့ အကောင်းဆုံးပါပဲ လို့ဆိုသူရှိသလို အနော်မာ ကမ်းခြေမှာ သိဒ္ဓတ္ထ မင်သား ဆံပယ်နေပုံ လက်ရာကလည်း တော်ရုံတန်ရုံကို သဘော မ ကျ တတ်တဲ့ နယူးယောက်ပရိသတ်ရဲ့ အာရုံကို ဆွဲ ဆောင့်ယူသွားလိမ့် မယ် လို့ ခန့်မှန်းတဲ့ ပညာရှင်တွေလည်း ရှိပါတယ်။

ကုန်းဘောင်မင်းဆက်ရဲ့ မှန်စီရွှေခြ နန်းဝ တံခါးကတော့ နယူးယောက်ကို သယ်ယူဖို့ တန်ဖိုးကြီးမားလွန်းနေသတဲ့။ ယဉ်ကျေးမှုတန်ဖိုးလား၊ အခြား တန်ဖိုးလားတော့ မသိပါဘူး။

ဒီပြပွဲကနေ ကျနော်တို့ အဓိက ရမယ့်အမြတ်ကတော့ မြန်မာနိုင်ငံထဲမှာ ဗုဒ္ဓဘာသာဆိုတာ ကိုးကွယ်မှုတင်မကဘူး၊ တစ်မျိုးသားလုံးရဲ့ ယဉ်ကျေးမှု နှ လုံးသည်းပွတ်ပါဖြစ်နေတယ်ဆိုတာ ကမ္ဘာက လက်ခံသွားရမယ့် အချက်ပါပဲ။
နယူးယောက်တိုင်းမ်ပါ ဆောင်းပါးကို ကိုးကားရင်း ၂၀၁၅ ဆီကို အိပ်မက် ရှည် ရှည် လှမ်းမက်လိုက်မိပါတယ်။
၂၀၁၅
မင်္ဂလာ နှစ်သစ်
လိပ်ပြာသန့်တဲ့ ပုဂံသမိုင်းကို ဆွဲ..လှစ်။

Brainy Quotes By Abraham Lincoln

1) Power, Men and Character
Nearly all men can stand adversity, but if you want to test a man's character, give him power.

2) Character, Real and Reputation
Character is like a tree and reputation like a shadow. The shadow is what we think of it; the tree is the real thing.

3) Friend
A friend is one who has the same enemies as you have.

4) Sharpening the axe
Give me six hours to chop down a tree and I will spend the first four sharpening the axe.

5) Policy
Am I not destroying my enemies when I make friends of them?

စီးပွားရေး & ဆီးချို သွေးတိုး

တရုတ်က အမေရိကကို ကျော်တက်နေပြီ။ ဆီးချိုနဲ့ သွေးတိုး။
မြန်မာတွေ ပြောလေ့ပြောထ ရှိတယ်။ ဆီးချို သွေးတိုးက သူဌေးရောဂါ တဲ့။ အမှန်ပဲ။
တရုတ်ပြည်ရဲ့ စီးပွားရေး တိုးတက်လာတာနဲ့ အမျှ ဆီးချို သွေးတိုးရော ဂါဖြစ်ပွားနှုန်းတွေပါ တိုးလာတယ်။
၂၀၃၀ မှာ အမေရိကရဲ့ စီးပွားရေးကို မီ၊ မမှီ၊ ကျော်၊ မကျော် မသိပေမဲ့ ၂၀၁၃ ကတည်းက ဆီးချို သွေးတိုးရောဂါကတော့ ကျော်သွားပြီ။
ဒါဆိုရင် စာအုပ်ထဲမှာပါတဲ့ မာဂဏ္ဍီ ပရဗိုက်တို့၊ ပသေနဒီ ကောသလတို့ ဆီးချို သွေးတိုး ရှိကို ရှိရမယ်။ ဗိုက်ခေါက် တော်တော်ထူဆိုပဲ။

Safety first ပေါ်လစီများ (စင်္ကာပူ ၊ ဒေါ်စု ၊ မြန်မာကလပ်ဗ် )

Safety first ပေါ်လစီများ

၁။ စင်္ကာပူရဲ့ Safety first ပေါ်လစီ
၂။ မြန်မာကလပ်ဗ်ရဲ့ Safety first ပေါ်လစီ

ဒေါ်စု စင်္ကာပူကိုလာမယ်ဆိုတာနဲ့ ပတ်သက်လို့ Safety first ပေါ်လစီတွေ ခေါင်းထဲ အစီအရီ ရောက်လာတယ်။ ဒေါ်စုရဲ့ ထိုင်း၊ ဥရောပ၊ တောင် ကိုရီး ယား၊ ဂျပန်၊ အမေရိက ခရီးစဉ်တွေအပြီး စင်္ကာပူကို ဒေါ်စု ခြေမချသေးတာနဲ ပတ်သက်လို့ စလုံးမီဒီယာနဲ့ အသိုင်းအဝိုင်းတချို့မှာ တစ်ခုခု နောက်ကျ ကျန်နေရသလို ခံစားရကောင်း ခံစားရနိုင်ပါတယ်။ တက္ကသိုလ်ရဲ့ဒိန်း၊ ကုလ သမဂ္ဂ အရာရှိ မစ္စတာ မာဘုဘာနီ ကိုယ်တိုင်ကတောင် အောင်ဆန်း စုကြည် ဟာ ဥရောပထက် အာရှကို အာရုံစိုက်သင့်တယ်လို့ ခပ်ရှည်ရှည်ဆောင်းပါး ကြီးတစ်ပုဒ် ရေးဖူးသေးတာပဲ။ ထားပါတော့။ ကျနော့်ဆောင်းပါးက Safety first ပေါ်လစီများဖြစ်နေလို့ ဒီအကြောင်းကိုပဲ အလေးပေးပါမယ်။

၁။ စင်္ကာပူရဲ့ Safety first

စင်္ကာပူရဲ့ Safety first အကြောင်းကို ၂၀၀၇ ခု ရွှေဝါရောင် လှုပ်ရှားမှုက စလိုက်ချင်ပါတယ်။ အဲဒီ အချိန်တုန်းက ဒီ လှုပ်ရှားမှုအောင်မြင်မယ်လို့ အစိုး ရပိုင်းကရော မီဒီယာကပါ ယုံကြည်ခဲ့ကြဟန်တူပါတယ်။ စထရိတ်တိုင်းမ် အယ်ဒီတာ့ အာဘော်မှာကိုပဲ စစ်အစိုးရ လွန်လွန်းပြီ၊ ကျရှုံးတော့မယ် စ တဲ့ လေသံတွေ ခပ်တင်းတင်းပစ်ခဲ့တယ်၊ အဲသလိုပဲ စင်္ကာပူက မြန်မာတွေ ရဲ့ လှုပ်ရှားမှုတွေကိုလည်း မသိမသာ လွှတ်ပေးခဲ့တယ်။ မြန်မာလူထုရဲ့ ခံ စားမှုကို နားလည်ပေးတယ်လို့ ဆိုရင်လည်း ရကောင်းရနိုင်ပါလိမ့်မယ်။

ဒါပေမဲ့ စစ်အစိုးရ က ဒီ လှုပ်ရှားမှုကို ထိမ်းလိုက်နိုင်တာနဲ့ တပြိုင်နက် သူတို့ပေါ်လစီလည်း ပြောင်းသွားတယ်။ ဒီက လူငယ်တချို့ ထိကုန်တယ်။ ဒါကိုပဲ အီမိုးရှင်းဆန်ဆန် လှုပ်ရှားမှုတွေကို ခွင့်မပြုနိုင်တော့လို့ လို့ ဘာ သာပြန်ရင်လည်း ရကောင်းရနိုင်ပြန်ပါတယ်။ ဘယ်လိုပဲဆိုဆို တက်လာမယ့် အစိုးရ မငြိုငြင်စေချင်တဲ့ စင်္ကာပူရဲ့ Safety first ပေါ်လစီကတော့ ထင် သာမြင်သာ ရှိပါတယ်။
နောက်ပြီး မြန်မာတွေ (အများစု) ဝက်ဝက်ကွဲ ကြေကွဲခဲ့ရတာက စင်္ကာပူ ဝန် ကြီးချုပ်ဧည့်ခန်းမထဲက အထီးကျန် မြန်မာသမ္မတရဲ့ ဓာတ်ပုံပါပဲ။ နောက်ဖေးပေါက်ကဝင်၊ နောက်ဖေးပေါက်ကထွက်။ အင်တာနေရှင်နယ်က အသိ အမှတ်မပြုသေးတဲ့ အသွင်ပြောင်းအစိုးရရဲ့ မြန်မာသမ္မတကို အဲသလိုလေး ဆက်ဆံပေးလိုက်ပါတယ်။ ဒီတစ်ခါ ဦးသိန်းစိန်လာရင် နောက်ဖေးပေါက်က ဝင်စရာမလိုတော့ပါဘူး။ ဦးသိန်းစိန်ရဲ့ ဓာတ်ပုံ လီရှန်လွန်းနဲ့ တွဲတက်လာလို့ အင်တာနေရှင်နယ်က ဝေဖန်သံ မခံရနိုင်တော့ဘူး။ အိုဗားမားနဲ့တောင် တွဲခဲ့ပြီးပြီမဟုတ်လား။ ဒါကိုပဲ မြန်မာသမ္မတရဲ့ခရီးစဉ်က အော်ဖစ်ရှယ်မဟုတ်လို့ ဧည့်ခန်းမထဲမှာ အထီးကျန်စွာ ထားခဲ့ရတာပါလို့ ဘာသာပြန်ရင်လည်း ရကောင်းရနိုင်ပြန် ပါတယ်။ ဘယ်လိုပဲဆိုဆို ဒါလည်း စင်္ကာပူရဲ့ Safety first ပေါ်လစီပါ။

ဒေါ်စု ကံကောင်းပါတယ်။

၂။ မြန်မာကလပ်ဗ်ရဲ့ Safety first ပေါ်လစီ

မြန်မာတွေ ဒေါ်စုနဲ့ တွေ့ဆုံနိုင်ဖို့ မြန်မာကလပ်ဗ်ကို တာဝန်ပေးထားတယ် လို့ ဆိုတော့မှ (ကောလဟလလည်း ဖြစ်နိုင်ပြန်ရော။ ဆေးအညွှန်း စာ၊ ဗေ ဒင်တွက်ကိန်းတွေက အစ ဒီခေတ်မှာ အားလုံးကို ယုံနေကြရတယ်) မြန်မာေ တွကြားမှာ (အများစု)
မြန်မာကလပ်ဗ်က ဘာလဲ၊
ဘယ်သူတွေလဲ
မေးခွန်းတွေ မေးလာကြတယ်။ မြန်မာကလပ်ဗ်ဆိုတာ ထောက်လှမ်းရေး
ထွက် မြန်မာသံအမတ်ဟောင်းကြီးတစ်ယောက် ဦးစီးဖွဲ့ပေးထားတဲ့ အော် ဖစ်ရှယ် မြန်မာ အသိ၊ အတတ်ပညာရှင်တွေ၊ စီးပွားရေးသမားတွေရဲ့ အဖွဲ့ လို့ပြောရင် ရပါလိမ့်မယ်။ ဒီအဖွဲ့က စစ်အစိုးရလက်ထက်ကတည်းက ဖွဲ့ခဲ့တာ ဆိုတော့ အသိ၊ အတတ်ပညာရှင်တွေ အားလုံး ပါဝင်တယ်လို့ ပြောဖို့တော့ ခက်ပါလိမ့်မယ်။ ဘေးထွက်နေတဲ့ ပညာရှင်တွေ အများအပြားရှိနိုင် တာပေါ့။
မြန်မာကလပ်ဗ်ထဲက မိတ်ဆွေတစ်ယောက်ရဲ့ အရင်နှစ်တွေက (ဒီနှစ် မ ဟုတ်ဘူးလို့ ဆိုလိုပါတယ်) စကားအရဆိုရင်တော့ သံအမတ်ကြီးက ခင်ဗျား တို့ အက်တီဗီတီတွေက ဘာလဲလို့ မေးတိုင်း ဖြေရခက်လိုက်တာဗျာ တဲ့။

မြန်မာကလပ်ဗ်ရဲ့ မစ်ရှင်နဲ့ ဗစ်ရှင်ကို ကျနော်မသိပါဘူး။ ဖြစ်နိုင်တာ ကတော့ မြန်မာ့ အရေးနဲ့ ပတ်သက်ရင် တရားဝင် အထိုက်အလျောက် လှုပ်ရှား ခွင့် ၊ ပြောရေးဆိုခွင့် ရှိတဲ့ အဖွဲ့လို့ (အမေရိကန် ကလပ်ဗ်တို့၊ ဘာတို့ လိုလေ၊ စဉ်းစားကြည့်တာပါ၊ မှားရင် တောင်းပန်ပါတယ်) ပြောရပါလိမ့်မယ်။ ဒါပေမဲ့ စင်္ကာပူအစိုးရ အသိအမှတ်ပြုအဖွဲ့ဆိုတော့ သူတို့မှာလည်း စင်္ကာပူမူအတိုင်း Safety first ပေါ်လစီရှိနိုင်ပါတယ်။
ဘာကြောင့် ဒီလိုပြောနိုင်ရသလဲဆိုရင် မြန်မာအိမ်ဖော်လေးတွေ၊ အလုပ် ကြမ်းသမားလေးတွေနဲ့ ပတ်သက်တဲ့ ပြဿနာတချို့ကို အခြား အဖွဲ့ တစ်ဖွဲ့ က ဝင် ဝင်ပြောနေတာ တွေ့နေရလို့ပါ။ ဒါပေမဲ့ တွေ့ချင်တဲ့ မြန်မာတွေ ဒေါ်စုနဲ့ တွေ့ဆုံနိုင်ဖို့ အားထုတ်ပေးတာဟာ (ဒီ သတင်းမှန်ခဲ့ရင်) ဝမ်းသာစရာ၊ ဂုဏ်ယူစရာပါ။ ဘာပဲဖြစ်ဖြစ် မြန်မာကလပ်ဗ်ဟာ ဟို အစိုးရလည်း မငြိုငြင်၊ ဒီ အစိုးရလည်း မငြိုငြင်၊ မီးစဉ်ကြည့်ကနေရတဲ့ အဖွဲ့လို့ မြင်ရင် မမှားနိုင်ပါဘူး။

(လူများများဆန့်မယ့် အခန်းငှားနိုင်ရန်အတွက် ကုန်ကျမှုနဲ့ ပတ်သက်လို့ အိုးဝေ (စင်္ကာပူမှာ တရားမဝင်၊ အစ်လီဂယ်) အဖွဲ့က ဒေါ်လာ ၇သောင်းခွဲ အထိ စိုက်မယ် လို့ မြန်မာကလပ်ဗ်ကို ကြေးပစ်ထားကြောင်း၊ နောက်ပြီး ရန်ကုန် NLD အဖွဲ့ချုပ်ကလည်း ဒေါ်စုရဲ့ စင်္ကာပူ ခရီးစဉ်နဲ့ ပတ်သက်လို့ အိုးဝေ အဖွဲ့ဝင် ငါးယောက်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ညွှန်ကြားထားကြောင်း (တိတိကျကျ) သိရပါတယ်။

ဆက်ရန်