ရောင်းအားကောင်းစာအုပ်


ကြည်ညိုဖွယ် မင်းကွန်းဆရာတော်ကြီး


မန္တလေးမှာ ဒကာတစ်ယောက်က ဆွမ်းလောင်းနေရင်း ကိုရင်လေးကို အားပေးစကားများ လျှောက်ထားနေသည်။
"ကိုရင်လေး ကြီးလာရင် မင်းကွန်းဆရာတော်ကြီးလို ဖြစ်အောင် အခုက တည်း စာတွေ ကြိုးစားပြီး လိုက်ထားဘုရား၊ မင်းကွန်းဆရာတော်ကြီးက ကြည်ညိုဖို့ သိပ် ကောင်းတာပဲ "
"ဟုတ်တယ် ဒကာကြီး မင်းကွန်းဆရာတော်ကြီးကကြည်ညိုဖို့သိပ် ကောင်း တာ"
"ကိုရင်က မင်းကွန်းဆရာတော်ကြီး အတ္ထုပ္ပတ္တိကို သိသလား၊ ဘာဖြစ်လို့ ကြည်ညိုဖို့ သိပ် ကောင်းတာပဲ လို့ ပြောတာလဲ ဘုရား "
"မင်းကွန်းဆရာတော်ကြီးက ကိုရင်လေးတွေ ဘောလုံးပွဲ ကြည့်ချင်ရင် ကြည့်ပါစေ။ ဘုန်းကြီးတို့ အရွယ်ရောက်ရင် သူတို့ မကြည့်တော့ပါဘူး တဲ့။ ဆရာတော်ကြီး ကြောင့် ကိုရင်တို့ အခု ဘောလုံးပွဲ ကြည့်နေရတာပါ "
လို့ မိန့်ရင်း သပိတ်ကိုပိုက် ကြွသွားလေတော့သည်။

ယင်းဒကာကား အော် ကိုရင်လေး မင်းကွန်းဆရာတော်ကြီးကို ကြည်ညိုတာ က သူ့ အကြောင်း နဲ့ သူပေကိုးဟုသာ မှတ်ချက်ချလိုက်ရလေတော့သည်။
(ဒီကောင်တွေ မလာခင် အဟောင်းလေး ပြန်တင်လိုက်သည်)

ရတနာမြေပုံ (ကမ္ဘာ့အတော်ဆုံး ကလေးများ)


ကမ္ဘာ့အတော်ဆုံး ကလေးများ (The Smartest Kids in the world)
By amanda ripley

ရတနာမြေပုံ

ဒီအခန်းမှာတော့ ကျနော်တို့ကလေးတွေနဲ့ အခု အလှမ်းဝေးနေသေးပေမဲ့ မဝေးတော့တဲ့ အနာဂတ်မှာ ကျနော်တို့ ကလေးတွေဝင်ရောက် အားစမ်း လာနိုင်စရာရှိတဲ့ (မျှော်လင့်ချက် များစွာ) ပီစာ (PISA- Program for International Student Assessment) စာမေးပွဲအကြောင်းနဲ့ ပီစာရဲ့ လေ ယာဉ်မှူး အွန်ဒရီ ရှလေချာအကြောင်းကို လေ့လာရမှာပါ။
သင်္ချာတွေ သိပ္ပံေ တွအပြင် ဒါတွေနဲ့ဆက်စပ်ပြီး ပြဿနာ အဖြေရှာဖွေနည်း ကိုပါ စစ်ဆေးနိုင်လို့ တစ်ချိန်က နှာခေါင်းရှုံ့ခဲ့သူတွေဆီကတောင် လက်ခုပ် သံ တဖြောင်းဖြောင်းရနေတဲ့ ပီစာနဲ့ ချက်ပြုတ်စီမံပေးသူ အွန်ဒရီ ရှလေချာ ကို နောက်ယောင်ခံ လိုက်ကြည့်ကြရအောင်။

ရတနာမြေပုံ (the treasure map)

အွန်ဒရီး ရှလေချာ (Andreas Schleicher) ဟာ စာသင်ခန်းရဲ့နောက်ပိုင်းမှာ တစုံတရာကို စူးစူး စိုက်စိုက် စဉ်းစားနေရင်း ငြိမ်သက်စွာ ထိုင်နေတယ်။ သူ အမှန်တကယ်တက်လိုစိတ်မရှိလှတဲ့ စာသင်ခန်း တွေကို တက်နေရင်း ဒီစာသင်ခန်းတွေအကြောင်း အဲသလို မကြာမကြာ တွေးနေမိတတ်တယ်။ ဒီ့ထက်ပို ပြောရရင် သူဟာ ဂျာမနီရဲ့ ထိပ်သီးတက္ကသိုလ်ကြီးတစ်ခုဖြစ်တဲ့ ဟန်းဘတ်တက္ကသိုလ် (University of Hamburg) မှာ ရူပဗေဒ ဘာသာရပ် ကို သင်ယူနေစဉ်ကပါ။ သူအားနေတဲ့ အချိန်တွေမှာ အများတကာတွေ တီဗွီကြည့်နေသလို သူဟာ သူ့သင်ခန်းစာတွေကို စိတ်ကူးနဲ့ ပုံစံတွေ အမျိုး မျိုးဆွဲကြည့်နေတတ်တယ်။
သူ့ကလပ်ကိုတော့ သူ့ကိုယ်သူ ပညာရေးသိပ္ပံပညာရှင်လို့ (educational scientist) ခေါ်တဲ့ သောမတ် နဗီးလ် ပို့စ်စလေးဝိုက် (Postlewaite) က သင် ကြားပေးပါတယ်။ ဒီခေါင်းစဉ်ကို ရှလေချာက စိတ်ဝင်စားနေမိတယ်။ သူ့ရဲ့ ဖခင် ကလည်း ပညာရေးတက္ကသိုလ်မှာ ပါမောက္ခတစ်ယောက်ပါ။ သူ့ဖခင် အမြဲတမ်း ပြောလေ့ပြောထ ရှိတာက ပညာရေးဆိုတာ အခြား ယောဂ ကျင့် စဉ် ပညာရပ်တွေလို ဘာနဲ့မှ တိုင်းတာသတ်မှတ်လို့ မရတဲ့ ရှုပ်ထွေးတဲ့ အနု ပညာရပ်တစ်ခုသာဖြစ်တယ် ဆိုတာပါပဲ။
သူ့ဖခင်ရဲ့ စကားတွေကို နားထောင်ရင်း ရှလေချာ ပြောနိုင်တာကတော့ ပညာရေးဆိုတာ သိပ္ပံနည်းကျ တိုင်းတာလို့မရဘူး။ ဒါကြောင့်လည်း သူဟာ ရူပဗေဒ ပညာရပ်ကို ရွေးချယ်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ သူ့ရဲ့ နောက်ဆုံးနာမည်ဖြစ်တဲ့ Schleicher ကို ကောင်းကောင်း အ သံ မထွက်တတ်တဲ့ ဗြိတိသျှ ပညာရှင် ပို့စ်စလေးဝိတ် (Postlewaite) ကတော့ ဒီလိုမထင်ခဲ့ဘူး။ ပို့စ်စလေးဝိတ်က သိမ်မွေ့တဲ့ ဘာသာရပ် တစ်ခုခု ကို ခက်ခဲတဲ့နည်းနဲ့ စူးစမ်းကြည့်လိုတဲ့ သုတေသနအဖွဲ့ဝင်ထဲက တစ်ေ ယာက် ဖြစ်နေခဲ့တယ်။ သူတို့ နည်းလမ်းသာ ရှာဖွေတွေ့ရှိမယ်ဆိုရင် ပညာရေးဆိုတာလည်း ရူပဗေဒဘာသာရပ်လို သိပ္ပံဆန်ဆန် ချဉ်းကပ် ကြည့်နိုင်မယ်လို့ ယုံကြည်ထားတယ်။
ရှလေချာဟာ ပညာရေးနဲ့ပတ်သက်တဲ့ အချက်အလက်၊ ဥပမာပုံစံတွေနဲ့ ပတ်သက်တဲ့ ဆွေးနွေး ငြင်းခုံမှု တွေကို ဂရုတစိုက် နားထောင်နေတတ်ပြီး အပြာရောင်ခပ်မွဲမွဲ မျက်လုံးအစုံဟာ စူးစူးစိုက်စိုက် ရှိလွန်းလှတယ်။ သူ့ ဖခင် ကတော့ ဒါတွေကို သဘောတူမှာမဟုတ်ဘူး ဆိုတာကိုလည်း သူက ကြိုတင် သိနေတယ်။ ဒါပေမဲ့ သူ့စိတ်ထဲမှာတော့ တကယ်လို့များ တစ်ယောက်ေ ယာက်က ကမ္ဘာမှာရှိရှိသမျှ ကလေးတွေရဲ့ ပညာရေးတွေကို ဘယ်လိုလူမျိုး က၊ ဘယ်လိုဆင်းရဲမွဲတေမှုက ပညာရေးမှာ ဘယ်လိုသက်ရောက်မှုရှိတယ် ဆိုတာကို နှိုင်းယှဉ် ဝေဖန်ပြနိုင်ရင် ဘယ်လိုတွေဖြစ်လာနိုင်မလဲ ဆိုတာကို ပဲ တွေးတောနေမိတယ်။ ဒီလိုနဲ့ သူကိုယ်တိုင် သတိ မထားလိုက်မိဘဲ လက်ညှိုးထောင်မိပြီး သူကိုယ်တိုင် ပညာရေးဆွေးနွေးပွဲထဲ ပါဝင်မိလျက် သား ဖြစ်သွား ပါတော့တယ်။

သူ့အတွေ့အကြုံအရ ဂျာမန်ပညာရေးနယ်ပယ်က ပညာရှင်တွေ ထင်မှတ် ထားသလို ဂျာမဏီရဲ့ ပညာရေးဟာ သိပ်ကောင်းလှတယ် မဟုတ်ဘူးလို့ လက်ခံထားတယ်။ သူငယ်စဉ်ဘ၀က သူ့ရဲ့သင်ခန်းစာဟာ အလွန် ပျင်းရိ ဖွယ်ကောင်းပြီး သူ့ရမှတ်တွေကလည်း သာမန်မျှသာပါပဲ။ ဒါပေမဲ့ ဆယ်ေ ကျာ်သက်အရွယ် ရောက်လာတဲ့အခါမှာတော့ ဆရာတွေရဲ့ သူ့ စိတ်ဝင်စား မှုကို အားပေးချီးမြှေုာက်မှုကြောင့် သိပ္ပံနဲ့သင်္ချာ ပညာရပ်တွေမှာ တော်လာခဲ့ တယ်။ သူ့ရမှတ်တွေလည်း တိုးတက်လာခဲ့တယ်။ အထက်တန်းကျောင်းေ ရာက်တော့ အမျိုးသားသိပ္ပံဆုကို ရရှိခဲ့တယ်။ ဒါဟာ ဘယ်လိုပဲဖြစ်ဖြစ် အ ထက်တန်းတက္ကသိုလ်ကြီး တစ်ခုခု ကိုတက်၊ လစာကောင်းကောင်းရနိုင်တဲ့ အလုပ်တစ်ခုကိုရဖို့ အာမခံချက်တစ်ခု ရလိုက်တာပါပဲ။ သူကိုယ်တိုင် ပို့စ် စလေး (သ်)၀ိတ်ရဲ့ စာသင်ခန်းထဲ မ၀င်မိခင်အထိ သူ့ရည်ရွယ်ချက်ကလည်း ဒါပါပဲ။

စာသင်ချိန်ပြီးဆုံးတော့ ပါမောက္ခ(ပို့စ်စလေး(သ်)၀ိတ်) က အခန်းထဲမှာ နေ ရစ်ခဲ့ဖို့ သူ့ကိုပြောတယ်။ ပါမောက္ခကြီးက ပိန်ညှော်ညှော်နဲ့ လေသံတိုးတိုး စကားပြောတတ်တဲ့ ဒီလူငယ်လေးဟာ အခြားကျောင်းသား တွေနဲ့မတူ တမူ ကွဲပြားနေတယ်ဆိုတာ သိထားသလိုပါပဲ။
“ဒီ သုတေသနထဲမှာ ပါဝင်ပြီး မင်း ငါ့ကို ကူညီနိုင်မလား”
“ပညာရေးနဲ့ပတ်သက်လို့ ကျွန်တော်ဘာမှ မသိဘူး” ရှလေချာက ပြန်ပြော တယ်။
“အိုး၊ ဒါက အရေးမကြီးပါဘူး” ပါမောက္ခက အပြုံးနဲ့ စကားပြန်တယ်။

အဲဒီနောက်မှာတော့ ဒီလူနှစ်ယောက်ဟာ ပညာရေးဆိုင်ရာ အချက်အ လက်တွေကို ညှိုနှိုင်းပြီး ပထမဆုံး အပြည်ပြည်ဆိုင်ရာ စာဖတ် အရည် အ ချင်းစစ် စာမေးပွဲ (Reading Test) ကို မွေးဖွားပေး လိုက်နိုင် ခဲ့ပါတယ်။ ဒီစာမေးပွဲဟာ ကနဦးစစ်တမ်းတစ်ခုဖြစ်ပြီး ပညာရေးနယ်ပယ်ရှိ ပညာရှင်ေ တွက သဘောလည်း မတူ အသိအမှတ်လည်း မပြုခဲ့ကြပါဘူး။ ဒီအထဲမှာ ရှလေချာရဲ့ဖခင် ပါဝင်နေတာလည်း အမှန်ပဲပေါ့။ ဒါပေမဲ့ ရူပဗေဒပညာရှင် ဒီလူငယ်လေးဟာ အချက်အလက်တွေကို ယုံကြည်သူဖြစ်ပြီး ဒီအချက် အ လက်တွေနောက်ပဲ ခြေရာခံလိုက်နေတော့တယ်။

အသိပညာ အညွှန်းပြ မြေပုံကားချပ်

သက္ကရာဇ် ၂၀၀၀၊ နွေဦးမှာတော့ (၄၃) နိုင်ငံက ဆယ်ကျော်သက် ကျောင်း သားလေးတွေဟာ သမား ရိုးကျမဆန်လှတဲ့ ထူးထူးဆန်းဆန်း ဒီစာမေးပွဲကို ၀င်ရောက်ဖြေဆိုကြပါတော့တယ်။ ထူးထူးဆန်းဆန်း ဒီစာမေးပွဲ ကိုတော့ ပီစာ (PISA) စာမေးပွဲလို့ ခေါ်ပါတယ်။ သူ့အဓိပ္ပယ်ကတော့ Program for International Student Assessment ပါပဲ။ သမားရိုးကျ စာမေးပွဲတွေက ကိုယ်ဝယ်လိုတဲ့ ပစ္စည်းကိုဝယ်ယူဖို့ အကြွေဘယ်နှစေ့ ပေါင်းရမလဲ လို့ မေး ချိန်မှာ ပီစာ စာမေးပွဲကတော့ ဒီအကြွတွေရဖို့ ဘယ်လို ဒီဇိုင်းထွင်ယူမလဲ ဆို တဲ့အဖြေ စာရွက်ထဲမှာ ကြိုးစားခိုင်းထားတဲ့ စာမေးပွဲမျိုးပါ။

ဒီ ပီစာ စာမေးပွဲ ဖွံ့ဖြိုးတိုးတက်လာတာက ဖွံ့ဖြိုးပြီးကမ္ဘာအတွက် Think Tink အုပ်စုရဲ့ မွေးဖွားပေး လိုက်မှုကြောင့်ပါ။ ဒါကိုတော့ (OEDC) Organization for Economic Co-operation and Development လို့ ခေါ် ပါတယ်။ ဒီအဖွဲ့ရဲ့ အဓိက မဏ္ဍိုင်ကတော့ အွန်ဒရီ ရှလေချာ ပါပဲ။ ရှလေချာ ကိုယ်တိုင် ဒီအစီအစဉ်တွေ အထမြောက်လာဖို့ မစ္စတာ ပို့စ်စလေး(သ်)၀ိတ် ရဲ့ ကလပ်ကနေ ထွက်ခွာခဲ့အပြီး ဆယ်ဆုနှစ်တစ်ခုကျော် အချိန် ယူခဲ့ရပါ တယ်။ အစမ်းစာမေးပွဲများစွာကို ကြိုးစားစမ်းသပ်ကြည့်ခဲ့ပေမဲ့ တော်တော် များများကတော့ ရှုပ်ထွေးပြီး အလုပ်မဖြစ်လှပါဘူး။ ဒီအတွေ့အကြုံကနေ ယုံကြည်မှုတစ်ခု ခိုင်ခိုင်မာမာ ရလိုက်တာကတော့ ကမ္ဘာမှာ လက်ရှိ စာမေး ပွဲတွေထက် ပညာပါတဲ့ စာမေးပွဲတစ်ခု လိုအပ်နေပြီဆိုတာ ဖြစ်ပါတယ်။ ဒီစစ်တမ်းမှာ ခေတ်သစ်ကမ္ဘာနဲ့အညီ ရင်ဘောင်တန်းနိုင်ဖို့ နှိုက်နှိုက် ချွတ် ချွတ် တွေးခေါ်နည်းနဲ့ အချင်းချင်း ကူးလူးဆက်ဆံ ရေး အတတ်ပညာတွေကို စစ်ဆေးပေးနိုင်တဲ့ စာမေးပွဲမျိုး ဖြစ်နေရမယ်။
ပီစာ စာမေးပွဲမတိုင်မီ အခြားနိုင်ငံတကာ စာမေးပွဲတွေ ပေါ်ပေါက်ခဲ့ဖူး ပါ တယ်။ ဒါပေမဲ့ သိပ်ပြီး အလုပ်မဖြစ်ခဲ့ပါဘူး။ ဒီစာမေးပွဲတွေ စစ်ဆေးတာက ကလေးတစ်ယောက်ဟာ ဘယ်လောက်ခေါင်းထဲမှာ မှတ်မိ နေသလဲ၊ ဆရာေ တွက စာသင်ခန်းထဲမှာ ကလေးရဲ့ခေါင်းထဲ ဘယ်လောက် ရိုက်သွင်းပေးနိုင် သလဲ ဆိုတာကို စစ်ဆေးတဲ့ စာမေးပွဲတွေ ဖြစ်နေလို့ပါ။ ဒီစာမေးပွဲတွေက ကလေးတစ်ယောက်ဟာ ကျာင်းသား ဘဝအတွက် ဘယ်လောက်ပြင် ဆင် ထားသလဲ ဆိုတာကိုသာ ပြောပြနိုင်ပြီး သူ့ရဲ့လက်တွေ့ ဘ၀ အတွက် ဘယ်လောက်ပြင်ဆင်ထားသလဲ ဆိုတာကိုတော့ ပြောမပြနိုင်ပါဘူး။

ဘယ်စာမေးပွဲကမှ ဆယ်ကျော်သက် ကျောင်းသားတစ်ယောက်ရဲ့ သင်္ချာ၊ စာဖတ်ခြင်းနဲ့ သိပ္ပံပညာတို့ကို အခြေခံပြီး စစ်စစ်ပေါက် ပေါက် စူးစမ်း တွေးေ ခ်ါခြင်း၊ ပြဿနာရဲ့အဖြေ ရှာဖွေခြင်း ကို တိုင်းတာမပြနိုင်ခဲ့ပါဘူး။
ဒီ ပီစာ စာမေးပွဲ အာမခံ ထားတာက ဘယ်နိုင်ငံရဲ့ပညာရေးက ကလေးတွေ ကို သူတို့ကိုယ်တိုင် စဉ်းစားသုံးသပ်နိုင်ဖို့ ပညာသင်ပေး သလဲ ဆိုတာ ဖော် ထုတ်ပြသနိုင်ဖို့ ဆိုတာပဲ ဖြစ်ပါတယ်။

ဆက်ရန်

တရုတ် ပြေး ကင်း


တကယ်တော့ ပြေး ဆိုတာကြီးကို မကြိုက်ဘူး။
သမိုင်းမှာ တရုတ် ပြေး ကင်း ဆိုတာကြီး ရှိဖူးတယ်။
အခု ကြပ်ပြေးတဲ့ လုပ်ကြပြန်ပြီ။ တရုတ်ကလည်း မဝေးလှဘူး။
ဆရာ ရီနေနိုင်ကတော့ နာမည်တွေ လျှောက်ပြောင်းတာကို သဘောတွေ့ပုံ မရဘူး။
ဘယ်လိုပြောင်းပြောင်း မင်းခွေးချေးက တရုတ် ပြေး ကင်းဖြစ်သွားလို့။
(ကျမ်းညွှန်း။ ရီနေနိုင်၊ အချွန်အတက်နဲ့နောက်တာ လွယ်မှတ်လို့)

အီးမေးထဲက မေးခွန်းတစ်ပုဒ်


ကာချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဇနီးဒေါ်ကြူကြူလှတို့ ရဲ့ ချွေးမဖြစ်သူဟာ မကြာသေးမီရက်ပိုင်းများလောက်က ခလေးမွေးဖွားဖို့ အတွက် ကြပ်ပြေးေ နပြည်တော်ရှိ တပ်မတော်စစ်ဆေးရုံကို တက်ရောက်ဖို့ လာခဲ့ပါတယ်တဲ့။
ကာချုပ်ကြီးရဲ့ ချွေးမ ဆေးရုံရောက်လာမယ်ဆိုတဲ့အချိန်မတိုင်ခင် နာရီ အတော် ကြာကြာစော၍ ဆေးရုံအုပ်ကြီးမှအစဆေးရုံတခုလုံးရှိ ဆရာဝန် များ၊ သူနာပြုများနှင့်အခြားရှိရှိသမျှ ဆေးရုံအမှုထမ်းများအားလုံးသည် ကာချုပ်ကြီးရဲ့ချွေးမကို ကြိုဆိုဖို့ အတွက် ဆေးရုံဝင်ပေါက်အ၀ကနေ စတင်န်းဘိုင် စောင့်နေကြရပါတယ်တဲ့။ ဆေးရုံတခုလုံး အပ်ကျသံကြားရ
လောက်အောင် တိတ်ဆိပ်ငြိမ်သက်နေတယ်လို့ ဆိုပါတယ်။

မိတ်ဆွေဖြစ်သူရဲ့ သားချင်းလည်း အဲဒီအချိန်မှာဆေးရုံတက်နေတယ်လို့ ဆို ပါတယ်။ သူကစိုးရိမ်မိတဲ့အချက်က အဲဒီ အချိန်မှာဆေးရုံတက်နေတဲ့အတွင်း လူနာတဦးတယောက်အရေးပေါ်အခြေအနေပေါ်ပေါက်ခဲ့ရင် ခေါ်ရမယ့်ဆရာ ၀န် သို့ မဟုတ် သူနာပြုဆရာမ တဦးတလေမှ ခေါ်လို့ ရနိုင်မယ့်အနေအထား မျိုး မရှိတဲ့အတွက်အရေးပေါ်ကုသရမယ့် လူနာရဲ့အသက်ကိုတွေးပူစိုးရိမ်မိ တယ်လို့ ဆိုပါတယ်။ အဲဒါကိုဘဲတွေးပူပြီး စိတ်ပင်ပန်းမှု ဖြစ်ခဲ့ရပါတယ်တဲ့။
...........................................................................................
..........................................................................................
...........................................................................................
...........................................................................................
နောက်တခုအတွေးပေါ်လာတာက . . . . . .
မြန်မာပြည်သူပြည်သားတွေထဲက ( အများစုကိုတော့မဆိုလိုပါ ) တချို့ သော လူနည်းစုမှာ ရှိနေတဲ့စိတ်ဓါတ်ဘဲ ဖြစ်ပါတယ်။ အထက်ဖါးအောက်ဖိ ကျွန် စိတ်ဓါတ်ရှိတဲ့လူတွေရှိပါတယ်။ မိမိနေရာရဖို့ ၊ မိသားစုကောင်းစားဖို့ အတွက် မျက်နှာလိုမျက်နှာရ၊ သခင်အားရကျွန်ပါးဝ စိတ်ဓါတ်ရှိတဲ့လူတွေ မဆလ အာဏာရှင်စံနစ်နဲ့  န၀တ/နအဖစစ်အာဏာရှင်လက်ထက်မှာ အရေအတွက်
တိုးပွားများပြားလာပါတယ်။ အဲဒီလူတွေအထဲက ပိုမိုပါးနပ် ကွက်ကျော်မြင် တဲ့လူတွေ၊ လက်ရဲဇက်ရဲလုပ်ကိုင်ရဲတဲ့ လူတွေဟာမြန်မာပြည်မှာမပေါ်ပေါက် ဘူးသေးတဲ့ ခရိုနီဆိုတဲ့လူတန်းစားတရပ်အဖြစ်ပေါ်ထွက်လာပါတယ်။

အစိုးရ၀န်ထမ်းလောကမှာလည်း သခင်အားရကျွန်ပါးဝစိတ်ဓါတ်ရှိတဲ့ လူတွေ အရေအတွက်ပိုများလာပြီး အဲဒီဝန်ထမ်းတွေက မျက်နှာလိုမျက်နှာရနဲ့ စစ် ဗိုလ်တွေရဲ့ ဘိနပ်ကိုင်ပေးသူတွေ၊ အထုပ်ဆွဲပေး သူတွေ၊ ဇနီးမယားနဲ့  မိန်း မတွေက အိမ်နောက်ဖေးပေါက်က၀င်ပြီး ထမီလျှော်ပေး၊ အိမ်သာဆေးပေး စ တာတွေလုပ်ကိုင်ပေးလာကြတော့ စစ်ဗိုလ်တွေလည်း အရပ်သားလောကမှာ ပိုမိုကျေနပ်သာယာမှုတွေရှိလာပြီး၊ ရာထူးအရှိန်နဲ့ တွေ့ သမျှ ၀န်ထမ်း ကို လက်ရဲဇက်ရဲခိုင်းစေလာပါတယ်။ လက်တဆုပ်စာအကျင့်ပျက် ၀န်ထမ်းေ တွကြောင့် မလုပ်ချင် မကိုင်ချင်တဲ့ဝန်ထမ်းများမှာလည်း မိသားစုဝမ်းရေး အတွက် ရှိတဲ့အလုပ်လေးမပြုတ်အောင် မချစ်သော်လည်း အောင့်ကာ နမ်း ရတဲ့ ဘ၀ပေးအခြေအနေရောက်ရပါတယ်။ အဲဒီအကျင့်ပျက် ၀န်ထမ်းေ တွကြောင့် ၀န်ထမ်းလောကပျက်စီးပြီး စစ်ဗိုလ်တွေမှာလည်းအာဏာရှင် ဆန် တဲ့စိတ်ဓါတ်တွေ ပိုမိုတိုးပွားလာလေသလားလို့ အတွေးဝင်လာပါတယ်။

အသင်စာဖတ်သူများကော ဘယ်လိုအတွေး ဘယ်လိုခံစားမှုများရှိကြပါသလဲ . . . . . . . . . ?
(နှင်းလူ)

တရုတ် (သို့) ရွက်ပုန်းသီး (၂)


လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်
အခန်း (၂)


"တစ်က တရုတ်ပြည်ဟာ ဘယ်သူ့ကိုမှ အနိုင်ကျင့်တာမျိုး မလုပ်ဘဲ တိတ် တိတ်ကလေး တိုးတက်အောင် ကြိုးစားရင်း မသိမသာနဲ့ လွှမ်းမိုးမှု ဖြစ် လာအောင် ကြိုးစားလိမ့်မယ်။
နောက်တစ်ချက်ကတော့ သူတို့မှာရှိတဲ့ အင်အားကို ထုတ်ပြရင်း သူတစ်ပါး ကို ခြိမ်းခြောက်လိမ့်မယ်။" (လီကွမ်းယု)


၁၉၉၂ - ခုနှစ်မှာတော့ နာမည်ကြီး တောင်ပိုင်းပြည်နယ် တစ်ခုဖြစ်တဲ့ ဂွမ်ေ ဒါင်းပြည်နယ်ကို တံခါးဖွင့် စီးပွားရေး ပေါ်လစီ စတင်ကျင့်သုံးဖို့ တိုက်တွန်း ရင်း နဲ့ ခေါင်းဆောင်ပိုင်းကိုလည်း အားပေးစကား ပြောဖို့ စည်းရုံးရေးခရီး တိန့်ရှောင်ဖိန် ထွက်ခဲ့တယ်။ အဲဒီမှာ
“ကမ္ဘာကနေ လေ့လာသင်ယူကြ၊ အထူးသဖြင့် စင်္ကာပူဆီကနေ သင်ခန်း စာတွေ ယူကြ၊ သူတို့ထက်သာအောင် လုပ်ရမယ်” လို့ ပြောထားခဲ့တယ်။
အော် … သူ ငါပြောလိုက်တာကို မမေ့သေးပါလားလို့ ကျွန်တော် ပြန်ပြော မိတယ်။ တကယ်တော့လည်း သူတို့ဟာ ကျွန်တော်တို့ ထက် သာတာ အမှန်ပါ။



စင်္ကာပူရောက်စဉ် တိန့်ရှောင်ဖိန် တွေ့မြင်သွားရတာက နိုင်ငံခြားရင်းနှီးမြှပ်နှံ မှုတွေလုပ်၊ စနစ်တကျ စီမံခန့်ခွဲမှု နည်းပညာတွေ တိုးတက်လာအောင် လုပ် ယူပြီး ဘာမှ သယံဇာတ မရှိတဲ့ နိုင်ငံပေါက်စလေးက သူ့နိုင်ငံသားတွေကို ဒီလို ချမ်းချမ်းသာသာနဲ့ ထားပေးနိုင်တယ်ဆိုတဲ့ အချက်ပါ။ သူတို့လည်း စီး ပွားရေး တံခါးဖွင့်ရတော့မယ်ဆိုတဲ့ အမြင်ကို ယူသွားပြီး သူ့လူတွေကို စည်း ရုံးဖို့ တရုတ်ပြည်ကို သူ ပြန်သွားခဲ့တာပါ။ ဒီအချိန်ဟာ တရုတ်ပြည်သမိုင်း အ တွက် အထင်ကရ အလှည့်အပြောင်းတစ်ခုကို ဖြစ်စေခဲ့တယ်။ အဲဒီနောက် တရုတ်ပြည်ဟာ နောက်ကြောင်း ပြန်မလှည့်တော့ပါဘူး။

တရုတ်ပြည်ရဲ့ ပြောင်းလဲမှုကို ကျွန်တော်ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ တွေ့ ခဲ့ရတယ်။ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ ဖြစ်ခဲ့တယ်။ အခြေမခိုင်တဲ့ ခပ်ညံ့ ညံ့ မြို့ပြတွေကနေ အမြန်ရထားတွေနဲ့ ပြေးဆွဲနေတဲ့ ခေတ်မှီမြို့တော် ကြီးတွေ ဖြစ်လာခဲ့တယ်။ ဒါလီယံ (Dalian)၊ ရှန်ဟိုင်း၊ ဘေဂျင်း၊ ဂွမ်ဒေါင်း၊ ရှင်ကျန့် မြို့တော်တွေကို သွားကြည့်ပါ။ ဒီမြို့တွေဟာ တစ်ကမ္ဘာလုံးမှာ ရှိ တဲ့ ဟောင်ကောင်စတဲ့ မြို့တော်တွေနဲ့ ရင်ဘောင်တန်း နေနိုင်ပါပြီ။ တရုတ် လူမျိုးတွေဟာ ဆောက်လုပ်ရေးမှာ တော်ပါတယ်။ လက်သမားကောင်းတွေ ရှိတယ်။ ဒီလို ဖြစ်လျက်နဲ့ ဒီအခြေအနေ ရောက်လာအောင် ဘာ့ကြောင့်များ ဒီလောက် ကြာခဲ့ရတယ်ဆိုတာ ကျွန်တော်တော့ စဉ်းစားလို့ မရနိုင်အောင် ပါပဲ။

တရုတ်ပြည်ရဲ့ အောင်မြင်မှုလမ်းကြောင်းနဲ့ ပတ်သက်လို့ ချီးကျူးစရာ အေ ကာင်းဆုံး ပုဂ္ဂိုလ်ဟာ တိန့်ရှောင်ဖိန်ပါပဲ။ သူ စီးပွားရေး တံခါးဖွင့်တော့ မယ်ဆိုတော့ ရှေးရိုးစွဲ ဗိုလ်ချုပ်ကြီးတွေက သဘောမတူကြပါဘူး။ ဒါပေမဲ့ သူက စိတ်ဓာတ် တော်တော်ခိုင်မာတဲ့လူပါ။ သဘောမတူသူတွေကို ဘေး ဖယ်ထားခဲ့ပြီး သူ့လမ်းကြောင်းကို သူ ဆက်ခဲ့တာပါ။ သူသာ မရှိဘူးဆိုရင် တရုတ်ပြည်ရဲ့ အပြောင်းအလဲလည်း ဖြစ်လာနိုင်စရာ သိပ်မရှိဘူး။ အကြောင်းကတော့ သံသယ ရှိနေသူတွေရဲ့ သံသယကို ကျော်ဖြတ်နိုင်တဲ့ သမိုင်းနောက်ခံဟာ သူတစ်ယောက်ထဲမှာပဲ ရှိနေလို့ပါ။ သူ့ရဲ့ ကိုယ်လုံးကိုယ် ထည်က သေးငယ်သလောက် ကျွန်တော် တွေ့ကြုံခဲ့ရတဲ့ ကမ္ဘာ့ခေါင်းဆော င်တွေထဲမှာတော့ အထင်ကြီး လေးစားစရာ အကောင်းဆုံး ပုဂ္ဂိုလ်ဟာ တိန့်ရှောင်ဖိန်ပါပဲ။

ကျန်ဇီမင်းကတော့ ဆက်ခံသူအဖြစ်တိန့်ရှောင်ဖိန်ကိုယ်တိုင် ရွေးချယ်ခဲ့တာ ပါ။ ၁၉၈၉ - ခု တီယန်မင်ရင်ပြင် အရေးအခင်းဖြစ်တော့ သူက ရှန်ဟိုင်းမှာ အကြီးအကဲပါ။ ရှိန်ဟိုင်းမှာ ဖြစ်ခဲ့တဲ့ အရေးအခင်းကို ကျန်က ကောင်းေ ကာင်း ကိုင်တွယ်နိုင်ခဲ့ပါတယ်။ တိန့်ရှောင်ဖိန် ချမှတ်ထားခဲ့တဲ့ ခေတ်သစ် တရုတ်ပြည်ရဲ့ လမ်းစဉ်ကို အကောင်အထည် ဖော်နိုင်ဖို့ ပန်းတိုင်တစ်ခု သူ့ မှာ ရှိနေနှင့်ပြီး ဖြစ်ပါတယ်။ ကျွန်တော် သူနဲ့ ပတ်သက်လို့ မှတ်မိနေတာ ကတော့ ကျန်ဟာ နွေးထွေးပြီး ဖော်ရွေတဲ့ လူတစ်ယောက်ဆိုတာပါ။ နာမည်ကျော် ‘O Sole Mio’ ဆိုတဲ့ အီတလီသီချင်းသံကြားတော့ သူပါ ဝင်ကနေပါတယ်။ ပြီးတော့မှ ကျွန်တော့်လက်ကို ဆွဲကိုင်ပြီး “အမေရိကန်တွေက ကျွန်တော်တို့ကို ဘယ်လို အသုံးချမယ် ထင်သလဲ” လို့ မေးပါတယ်။ အဲသလို မေးတာက သူတို့နဲ့ အမေရိကန်တွေရဲ့ ဆက် ဆံရေး မရင်းနှီးခင်ကပေါ့။ အခုဆိုရင် ဒီစကားမျိုး ကျွန်တော့်ကို လာမေးနေ စရာ မလိုတော့ပါဘူး။

ကျွန်တော်ကတော့ ဟူကျင်တောင်ကို အားသစ်လောင်းသူ တစ်ယောက် အနေနဲ့ မြင်မိပါတယ်။ သူ့အုပ်ချုပ်မှုအောက်မှာ တစ်ခုစ နှစ်ခုစ အရေးကြီးတဲ့ အပြောင်းအလဲလောက်ပဲ လုပ်ခဲ့ပါတယ်။ ဒီလို လုပ်သွားနိုင်တာဟာလည်း သူ့အတွက် မသေးမွှားလှပါဘူး။ အဲဒီအချိန်မှာ တရုတ်ပြည်ဟာ ကျေးလက်နဲ့ မြို့ပြ လူတန်းစား ကွာဟမှု ပြဿနာက အကြီးအကျယ် စိန်ခေါ်နေတဲ့ကာလပါ။ သူဟာ စကားနည်းပြီး သုံးသပ်နိုင်တဲ့ ခေါင်းဆောင်တစ်ယောက်ပါ။ သူက ထင်ထင်ပေါ်ပေါ် မနေ တတ်ဘူး။ မှတ်ဥာဏ် သိပ်ကောင်းပြီး အရာအားလုံးကို စေ့စေ့စပ် စပ် တွေးခေါ်တတ်သူလည်း ဖြစ်တယ်။ သူ အာဏာရပြီးပြီးချင်း ဆားရောဂါ ဖြစ် ပွားတော့ အမှားတစ်ခု သူ လုပ်ခဲ့တယ်။ ဒီပြဿနာက စီးပွားရေးအထိ လာ ထိခိုက်မှန်း သိတော့မှ ဒီကိစ္စကို ကြပ်ကြပ်မက်မက် ကိုင်တွယ်တော့တာ။ အဲဒီအထဲမှာ မကြုံစဖူး ကျန်းမာရေးဝန်ကြီးနဲ့ ပီကင်းမြို့တော်ဝန်ကို အလုပ်ဖြုတ်ပစ်လိုက်တာ ပါဝင်တယ်။ ဒီအချက်ဟာ ဟူကျင်တောင်နဲ့ သူ့ ဝန်ကြီးချုပ် ဝမ်ကျားပေါင်တို့ရဲ့ ပြတ်သားတဲ့ ခေါင်းဆောင်မှုကို ညွှန်ပြလိုက် တာပါပဲ။ ဒါတွေ အားလုံးထဲမှာ ဟူနဲ့ ပတ်သက်လို့ ပြောစမှတ် တွင်ခဲ့တာ ကတော့ တိဗက်အရေးအခင်းမှာပါပဲ။ ဒီလူဟာ သံမဏိလို မာတဲ့လူသားပါ။

သူ အာဏာတည်မြဲနေစဉ် ဆယ်စုနှစ်ကာလထဲမှာ ဘယ်မူကို ရှီကျင့်ဖျင် (ရှီကျင့်ပင်း) လက်ကိုင်ကျင့်သုံးပြီး သူ့သိက္ခာအတွက် ဘာတွေ လုပ်သွား မယ်ဆိုတာကတော့ ခန့်မှန်းဖို့ ခက်ပါတယ်။ တရုတ်ခေါင်းဆောင်တိုင်းဟာ သူတို့ အနာဂတ်စီမံကိန်းကို ဘယ်တော့မှ ကြိုတင် မပြောတတ်ကြပါဘူး။ သူတို့က ရွက်ပုန်းသီးဘဝကို သဘောကျကြတယ်။ လက်ရှိအချိန်မှာ တရုတ်ပြည်ရဲ့ ပြည်တွင်းရေး ပြောင်းလဲမှုနဲ့ ပတ်သက်လို့ အရေးကြီးလှပါ တယ်။ ဒီပြဿနာကို နိုင်နိုင်နင်းနင်း ကိုင်တွယ်သွားနိုင်ဖို့ပဲ သူ အာရုံစိုက် ထားမယ့်သဘော ရှိပါတယ်။ သူ့အပေါ် ကျရောက်လာမယ့် နိုင်ငံတကာ မှာ ဖြစ်ပျက်နေတာတွေကိုလည်း အများကြီး သူ အာရုံစိုက်ထားရပါလိမ့်မယ်။ တိုးတက်လာတယ်ဆိုပေမဲ့ မျှော်လင့်ထားသလို တိုးတက်လာတာမျိုး မဟုတ် ဘူးဆိုရင် အရင်ချမှတ်ခဲ့တဲ့ မူဝါဒတချို့ကလည်း ကမောက်ကမ ဖြစ်သွားနိုင် ပါသေးတယ်။ ဒါပေမဲ့ တည်တည်ငြိမ်ငြိမ်နဲ့ပဲ သူ ကိုင်တွယ်ဖြေရှင်း သွားနိုင် မယ်လို့ ကျွန်တော် ယုံကြည်မိပါတယ်။ သူ့ရဲ့ စစ်တပ်တွင်း ထောက်ခံမှုက လည်း အားသစ်တစ်ရပ် ဖြစ်နေနိုင်ပါတယ်။

သူ့ရဲ့ နိုင်ငံခြားရေးမူဝါဒကိုလည်း ကမ္ဘာက အနီးကပ် စောင့်ကြည့်နေလိမ့် မယ်။ အနောက်မှာပဲ ဖြစ်ဖြစ်၊ အာရှတိုက်မှာပဲဖြစ်ဖြစ် ရုတ်တရက်ကြီး တိုး တက်လာတဲ့ တရုတ်စီးပွားရေးဟာ နိုင်ငံ တော်တော်များများ အပေါ်မှာ ထိ ရိုက်မှု ရှိနေပါတယ်။ အားကောင်းတဲ့ တရုတ်စီးပွားရေးဟာ ကမ္ဘာမှာလည်း အကျိုးသက်ရောက်မှု ရှိပါတယ်။ ဘာကြောင့်လဲဆိုရင် တရုတ်ကုမ္ပဏီ ကြီးတွေဟာ ကမ္ဘာအနှံအပြားမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လာမှာမို့ပါ။ တရုတ်ရဲ့ အိမ်နီးချင်း နိုင်ငံတွေကတော့ နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်လို့ အိပ်ပျော်ရာက နိုးလာတဲ့ ကျားကြီးဆီက ပါဝါသုံးတဲ့ ပေါ်လစီတွေများ ကျင့် သုံးလာလေမလားလို့ စတင် ခံစားနေကြရပါပြီ။ အမေရိကန်တွေကိုယ်တိုင်တောင် တစ်ခါမှ မကြံဖူးသေးတဲ့ ရင်ဆိုင်မှုနဲ့ ကြုံတွေ့နေရပါပြီ။ တစ်ကမ္ဘာလုံး မဟုတ်စေဦးတော့ အာရှနဲ့ ပစိဖိတ်ဒေသ မှာတော့ တရုတ်ရဲ့ စိန်ခေါ်မှုဒဏ်ကို ကောင်းကောင်း ခံနေကြရပြီ။

ဒီမှာ အရေးအကြီးဆုံး အချက်က ငြိမ်းချမ်းစွာ စီးပွားရေး တိုးတက်မှုကိုပဲ လို လားပါတယ်လို့ ထပ်တလဲလဲ ပေးနေတဲ့ တရုတ်ပြည်ရဲ့ ကတိစကားကို ယုံ သည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ သေချာတာကတော့ တရုတ်ဟာ သူ တစ်ပါးနိုင်ငံထဲကို ကျူးကျော်လာမယ် မဟုတ်ဘူးဆိုတာပါပဲ။

ဒီမှာ အမြင်နှစ်မျိုး ရှိတယ်။

တစ်က တရုတ်ပြည်ဟာ ဘယ်သူ့ကိုမှ အနိုင်ကျင့်တာမျိုး မလုပ်ဘဲ တိတ် တိတ်ကလေး တိုးတက်အောင် ကြိုးစားရင်း မသိမသာနဲ့ လွှမ်းမိုးမှု ဖြစ်လာအောင် ကြိုးစားလိမ့်မယ်။ နောက်တစ်ချက်ကတော့ သူ တို့မှာရှိတဲ့ အင်အားကို ထုတ်ပြရင်း သူတစ်ပါးကို ခြိမ်းခြောက်လိမ့်မယ်။

ဆက်ရန်
ဇင်ဝေသော်

လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်(၁)
လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် (၂)

လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် (၃)

လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် (၄) 

လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် (၅)

ရာသီဥတု ခိုလှူံခွင့် နဲ့ ဘာညာ ဘာညာ


(1) ခွေး အီးအီးကို DNA နဲ့စစ်မယ်

ပေါက်ပေါက်ရှာရှာလုပ်တဲ့အထဲမှာတော့ အမေရိကန်တွေက နံပါတ်တစ်ပဲ။
မန်ဆာချူးဆက်ပြည်နယ်မှာပါ။ သိပ္ပံပညာရှင်ပေါတယ်ဆိုပြီး လုပ်ချင်ရာ လုပ်နေကြတာ။
ကွန်ဒိုထဲမှာ ခွေးတွေက အီးအီးပါ၊ ရှင်းရမယ့်အလှည့်ရောက်တော့မှ ခွေး ရှင်တွေက သူ့ခွေး၊ ငါ့ခွေး ငြင်းခုံနေရလို့တဲ့။
အခု မရတော့ဘူး။ Bio-Pet (DNA) နဲ့ စစ်ဆေးမှာ။ မိရင် ရှင်း၊ ၅၉ ဒေါ်လာ ဒဏ်။
ဒီလူတွေ အိန္ဒိယပို့ထားချင်တယ်။ ကဲ စစ်ကြဆိုပြီး။

(2) ရာသီဥတု ခိုလှူံခွင့်

နိုင်ငံရေး ခိုလှူံခွင့်ရဖို့ ကုလသမဂ္ဂရှေ့သွား၊ ဆန္ဒပြ၊ ဓာတ်ပုံအရိုက်ခံ၊ ခိုလှူံ ခွင့်လည်း ရရော မတွေ့ရတော့ (ဟုတ်၊ မဟုတ် မသေချာ) ဆိုတဲ့သတင်းတွေ ကြာရအပြီး အခု ထူးထူးဆန်းဆန်း ဖတ်လိုက်ရခြင်းပါ။
ရာသီဥတု ခိုလှူံခွင့် တဲ့။ အိုက်စ်လန့်ဒ်က လူက ပင်လယ်ရေမျက်နှာပြင် တက် လာလို့ နယူးဇီလန်မှာ ရာသီဥတု ခိုလှူံခွင့်တောင်းတာပါ။ သူက ပထဆုံးဆိုပဲ။ မရဘူး၊ ပယ်ချခံရတယ်။ သူတစ်ယောက်တည်း ရင်ဆိုင်နေရတဲ့ ပြဿနာ မဟုတ်လို့ တဲ့။
သူသာရရင် ချောက်၊ ရေနံချောင်းဖက်က သက်ကြီးရွယ်အိုတွေလည်း ရာသီ ဥတု ခိုလှူံခွင့် တင်သင့်တယ်။ တော်တော်ပူတဲ့ ဒေသပဲ။

ကောက်စိုက်နေသော ရဟန်းများ (၂၅ လပြည့် အမှတ်တရ)


(၁)
မှားတယ်ပဲ ဆိုဆို
မိုးပြိုမှာ စိုးရိမ်ရရင်တော့
စာမျက်နှာ တစ်ချို့ ကျော်ဖတ်ရလိမ့်မယ်။

(၂)
တကယ်ဆို
ကောက်မစိုက်သင့်တာက
ရဟန်းတစ်ပါးထက်
ကိုယ်ဝန် အရင့်အမာနဲ့ မိခင်လောင်းပဲ ဖြစ်ပါတယ်။
သူမကို ကောက်မစိုက်ပါစေနဲ့။

(၃)
အနံက
အလျားထက်ရှည်ရှည်လာ (ချင်) တိုင်း
ကောက်စိုက်မယ့် ရဟန်းများလည်း
အရင်
အခု
နောင်။ ။

ဦးဆဒ္ဒန်(ဆင်မင်း) တို့ စကားပြောနိုင်တယ်ဆိုတာကို ယုံပါပြီဗျ


ဇာတ်တော်တွေထဲက တရစ္ဆာန်နဲ့ စကားပြောခန်းတွေကိုယုတ္တိမရှိဘူး ပြော မယ့်လူတွေ ရှိနေမလား။
တရုတ်စာ၊ အင်္ဂလိပ်စာတွေ သင်ယူရတာ ခက်လို့ စိတ်ပျက်နေသူတွေရော မရှိနိုင်ဘူးလား။
ဒါဆို အဲလီဖင့် (ဆင်) ဘာသာကို စမ်းသပ်လေ့လာကြည့်နိုင်ကြပါပြီ။
နိမလ တော့ပ်နို (Nirmala Topno ) ဟာ ၉ နှစ်သမီးကတည်းက ဆင်တွေပြောတဲ့စကားဟာ ဩရိဿပြည်နယ် (Orissa) မှာပြောနေကြတဲ့ ဘာသာစကားတွေထဲက မွန်ဒရီ (Mundaari) စကားနဲ့ တူတယ်ပြောလို့ နာမည်ကြီးသွားခဲ့တယ်။
အခု ၁၇ နှစ်ရှိနေပြီဖြစ်တဲ့ နိမလ တော့ပ်နိုဟာ အဲလီဖင့် (ဆင်) ဘာသာမှာ အိတ်စ်ပတ်ဖြစ်နေပါပြီ။


အိန္ဒိယ စက်မှုမြို့တော်တစ်ခုဖြစ်တဲ့ Rourkela မြို့ထဲကို ဆင်ရိုင်းအုပ်ကြီး ဝင်လာပြီး ဘယ်လိုမှ ပြန်မောင်းထုတ်မရ ဖြစ်နေခဲ့တယ်။
ဒီတော့ လူထုကြီးက
"ဒါဆို မနိမလကို ခေါ်"
ဆင်ရိုင်းအုပ်ကြီးကို လုံးဝမကြောက်တဲ့ မနိမလက ဆင်တွေကို ပြောတယ်
“This is not your home.You need to go back where you belong.
(အင်္ဂလိပ်လိုတော့ ဘယ်ဟုတ်ပါ့မလဲ၊ အဲလီးဖင့်လိုပေါ့)
ဒီတော့ ဆင်တွေက
“Okay, right-o, terribly sorry” တဲ့။
အုပ်စုကြီးလိုက် ထွက်သွာရုံတင် မကပါဘူး တောင်းပန်စကားတောင် ပြော သွားကြသေး သတဲ့။
(အင်္ဂလိပ်လိုတော့ ဘယ်ဟုတ်ပါ့မလဲ၊ အဲလီးဖင့်လိုပေါ့)

ကဲ ချီးမွမ်းစရာ မကောင်းဘူးလား။
အထူးသဖြင့် ကလေးတွေကို တီဗွီ၊ ကွန်ပျူတာရှေ့ကနေခွာအောင်မလုပ်နိုင် တဲ့ မိဘတွေကို ကြည့်ရင် ဆင်ရိုင်းအုပ်ကြီး မြို့ထဲက အသာတကြည် ထွက် သွားအောင် လုပ်နိုင်တဲ့ မနိမလရဲ့ အစွမ်းက မသေးလှတာတော့ အမှန်ပဲ။

story on www.thehindu.com , www.thesundaytimes.co.uk

ကျမအတွက် ပဟေဠိ (၂)


ကမ္ဘာ့အတော်ဆုံး ကလေးများ (The Smartest Kids in the world)
By Amanda Ripley

ပဟေဠိဆန်ဆန် ဖင်လန်က စက်ရုပ် လေး များ

မတူညီတဲ့ နိုင်ငံတွေရဲ့ ပညာရေးကွာဟမှုကို ရှင်းပြနိုင်ဖို့ ပညာရေးဆိုင်ရာ သမားတော်ကြီးတွေ အသေအလဲ ကြိုးစားပြီး အဖြေရှာနေကြ၊ ရှင်းပြနေ ကြ တယ်။ ဟိုး … အဝေးကြီးမှာ ရှိနေတဲ့ ကလေးတွေဆီအထိ အရောက် သွား ကြတယ်။ နိုင်ငံရေးသမားတွေ၊ ကျောင်းအုပ်ကြီးတွေနဲ့ တွေ့ဆုံ စကားပြော ကြတယ်။ ကျန်နေရစ်ခဲ့သူတွေကို ပြဖို့ ပါဝါပွိုင့်တွေ လုပ်ကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ အဆုံးသတ် အဖြေက ရူးချင်စရာ ကောင်းလောက်အောင် ကိုးယို့ ကားယား ဖြစ်နေတော့တယ်။

ပညာရေးမှာ ထိပ်တန်းရောက်နေတဲ့ ဖင်လန်နိုင်ငံကို ဥပမာအနေနဲ့ ကြည့်ပါ။ အမေရိကန် ပညာရေနယ်ပယ်မှာ ရှိတဲ့ ဆရာကြီးတွေက ဖင်လန်နိုင်ငံဟာ ပညာရေး လိုတရ ရပ်ဝန်းတစ်ခု လို့ထင်နေကြတယ်။ ကလေးတွေက ဆရာေ တွကို လေးစားအထင်ကြီး ချစ်ခင်ကြတယ်။ ဖင်လန်နိုင်ငံ ဒီအခြေအနေကိုေ ရာက်ခဲ့ရတာ ကလေးဘဝ ဆင်ရဲမွဲတေမှု နည်းပါးခြင်းဟာ အဓိက အကြောင်း ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ မတူညီတဲ့ လူတန်းစား ကွာဟ မှုကြောင့် အမေရိကရဲ့ ကလေးဘဝ ဆင်းရဲမွဲတေမှုနှုန်းဟာ ဖင်လန်ထက် အများကြီး မြင့်နေတယ်။
သူတို့အကြောင်းပြချက်အတိုင်းသာ ဆိုရင်တော့ ဆင်းရဲမွဲတေမှု မပပျောက်ေ သးသမျှ ပညာရေးလည်း တိုးတက်လာစရာ မရှိတော့ဘူး။ ပညာရေးကောင်း ဖို့အတွက် ကလေးတွေကို ချမ်းသာအောင် အရင်လုပ်ပေးရမယ့် သဘောပဲ။

ဆင်းရဲမွဲတေမှု အကြောင်းပြချက်ဟာ အခြေခံကျသလို အဓိပ္ပါယ်လည်း ရှိပါ တယ်။ အမေရိကရဲ့ ကလေးဘဝ ဆင်းရဲမွဲတေမှု ရာခိုင်နှုန်းက (၂၀) ရှိပါ တယ်။ တစ်မျိုးသားလုံး အရုပ်ဆိုးစေတဲ့ အချက်ပါ။ ကလေးဘဝနဲ့ မတန်တ ဆ ဖိအားတွေအောက်မှာ နေကြရတဲ့ ကလေးတွေ ရှိတယ်။ အိမ်မှာ သင်ယူ ခွင့်လည်း သိပ် မရကြရှာဘူး။ သူတို့ကို ကျောင်းတွေက အကူအညီ ပိုပေးနို င်အောင် ကြိုးစားကြရမယ်။

ဒါပေမဲ့ ဒီပြဿနာက ဒီလောက် ရိုးစင်းတာလည်း မဟုတ်ပြန်ဘူး။

ဆင်းရဲမှုသာ အဓိကပြဿနာဆိုရင် နော်ဝေကို ဘယ်လို ပြောကြမလဲ ။ နော်ဝေဟာ အခွန် အမြင့်ဆုံး ပေးရပြီး အစိုးရရဲ့ စောင့်ရှောက်မှု အရဆုံး၊ ကျန်းမာရေး စောင့်ရှောက်မှု အကောင်းဆုံး၊ သဘာဝ အရင်းအမြစ် အချမ်း သာဆုံး နိုင်ငံ အနည်းငယ်ထဲမှာ ပါဝင်နေတဲ့ နိုင်ငံပါ။ ကလေးဘဝ ဆင်းရဲ မွဲတေမှုမှာ နော်ဝေနဲ့ ဒိန်းမတ် တူပါတယ်။ ကလေးဘဝ ဆင်းရဲမွဲတေ (၆) ရာခိုင်နှုန်းတောင် မရှိဘဲ ကမ္ဘာမှာ ဆင်းရဲမွဲတေမှု အနည်းဆုံး နိုင်ငံတွေပါ။ ပညာရေးနဲ့ ပတ်သက်လို့ သုံးစွဲရာမှာလည်း နော်ဝေဟာ အမေရိကလောက် ရှိပါတယ်။ ဒါပေမဲ့ နော်ဝေက ကလေးတွေဟာလည်း ၂၀၀၉ - (နိုင်ငံတကာ စစ်တမ်းမှာ အမေရိကန် ကလေးတွေလိုပဲ သိပ် မစွံလှပါဘူး။ နော်ဝေမှာ တစ်ခုခု ချွတ်ယွင်းနေတယ်။ ဒါ သေချာတယ်။ အဲဒါ ဆင်းရဲမွဲတေမှုတော့ မဟုတ်နိုင်ပါဘူး။

အလားတူပါပဲ။ ဖင်လန်နိုင်ငံသားတွေကလည်း သူတို့ပညာရေး အောင်မြင် မှုနဲ့ ပတ်သက်လို့ အကြမ်းဖျင်း အဖြေတစ်ခုကို ပေးကြပါတယ်။ သူတို့က လွန်ခဲ့တဲ့နှစ်ပေါင်း ရာချီတဲ့ အချိန်ကတည်းက ပညာရေးကို တန်ဖိုးထားကြ လို့ပါတဲ့။
ကဲ … အဲဒီအဖြေအတိုင်းသာဆိုရင် (၁၉၅၀) ခုနှစ်တွေမှာ ဘာကြောင့် ဖင်လန်က ကလေး (၁၀) ရာခိုင်နှုန်းပဲ အထက်တန်းပညာရေး ပြီးဆုံးရတာ လဲ။
(၁၉၆၀) ခုနှစ်တွေမှာ ကျေးလတ်နေ ကလေးတွေနဲ့ မြို့ပြနေ ကလေးတွေရဲ့ ပညာရေးက ဘာကြောင့် အများကြီး ကွာဟနေတာလဲ။ ဒီလိုအထိ ပြန်ကြည့် မိတော့ ဖင်လန်ရဲ့ ပညာရေးအပေါ်ထားတဲ့ သဘောတရားကလည်း မညီ မ မျှပဲပေါ့။ ဘယ်လို ဖြစ်တာပါလိမ့်။

တစ်ချိန်တည်းမှာပါပဲ၊ အမေရိကန်သမ္မတ အိုဘားမားနဲ့ သူ့ရဲ့ ပညာရေး ဝန် ကြီးက တောင်ကိုရီးယားရဲ့ ပညာရေးကို မနာလို ဝန်တိုတောင် ဖြစ်မိတယ် ဆိုပြီး ကလေးတွေရဲ့ လေးစားမှုကို ခံရတဲ့ ကိုရီးယားကျောင်းဆရာတွေ ၊ နောက်ကနေ တွန်းအားပေးနေတဲ့ ကိုရီးယားမိဘတွေကို ချီးကျူးပြောဆို လာပြန်ပါတယ်။
ဒီအချက်ကို ပြန်ကြည့်တော့ ကိုရီးယားနဲ့ ဖင်လန် တူညီတဲ့ အချက်ရယ်လို့ လည်း ဘာမှ မရှိဘူးဆိုတာ တွေ့ရပြန်ပါတယ်။ ကိုရီးယားရဲ့ ပညာရေးစနစ် က စာမေးပွဲနဲ့ မောင်းနှင်နေတာ ဖြစ်ပြီး ကျောင်းသားတွေကလည်း အမေရိ ကန် ကျောင်းသားတွေထက် လေ့လာချိန် ပိုနေပါတယ်။
သဘောမတူစရာ အဲသလို ကျယ်ကျယ်လောင်လောင် အသံတွေကို ကြား လိုက်ရပြီး ပညာရေးအဆင့် မြင့်မား၊ အရွယ်မတိုင်မီ ကျောင်းထွက်မှု ရာ ခိုင်နှုန်းသုည၊ ကောလိပ်ဘွဲ့ရ အရေအတွက်တွေနဲ့ ပြည့်နှက်နေတဲ့ ကျွန်းနိုင် ငံပေါ်က ကလေးတစ်ယောက်ရဲ့ ဘဝဟာ ဘယ်လိုများ နေမလဲဆိုတာ စဉ်းစားလို့မရ ဖြစ်နေခဲ့ရပါတော့တယ်။

ဖင်လန်က ကလေးတွေကရော ကျမဖတ်နေတဲ့ စာအုပ်ထဲကအတိုင်း နော ဒစ်စက်ရုပ်ကလေးတွေ ဖြစ်နေလေမလား။ ကိုရီးယားကလေးတွေကရော ဒီအောင်မြင်မှုကို ချိုမြိန်တဲ့ အရသာလို့ ယူဆကြပါသလား။
သူတို့ မိဘတွေကရော ဘယ်လိုလဲ။ မိဘတွေအကြောင်း ဘယ်သူမှ ဘာမှ မပြောကြဘူး။
မိဘတွေရဲ့ အခန်းကဏ္ဍက ဆရာတွေလောက် အရေးမပါလို့လေလား။

ဒါနဲ့ပဲ အထက်မြတ်ဆုံး ကလေးတွေရှိရာ နိုင်ငံတွေဆီ တစ်နှစ်ကြာခရီး ထွက် ဖို့ ကျွန်မ ဆုံးဖြတ်လိုက်မိပါတော့တယ်။ အဲဒီစက်ရုပ် သေးသေးလေးတွေကို ကျွန်မကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ချင်တယ်။

အင်္ဂါနေ့မနက် ဆယ်နာရီမှာ သူတို့ ဘာတွေများ လုပ်နေကြပါလိမ့်၊ သူတို့ေ ကျာင်းက ပြန်ရောက်ရင် မိဘတွေက သူတို့ကို ဘာတွေ ဘယ်လို ပြောကြ ပါလိမ့်။ သူတို့ တကယ်ရော ပျော်ပျော်ရွှင်ရွှင် ရှိကြရဲ့လား။

ကျွန်မရဲ့ ကလေး အေးဂျင့်များ

နော့ဒစ်စက်ရုပ်ကလေးတွေကို (နော်ဒစ် (Nordic) ဆိုတာ ဂျာမန်နဲ့ နော်ဝေ၊ ဒိန်းမတ်၊ ဖင်လန် စတဲ့ စကင်နေဗီးယန်းလူမျိုးတွေကိုညွှန်းဆိုပါတယ်။ ဒီမှာတော့ စာရေးသူက ဖင်လန်က ကျောင်းသားလေးတွေကို ချစ်စနိုး နဲ့ နော့ဒစ်စက်ရုပ်ကလေးတွေလို့ သုံးခဲ့ဟန် တူပါတယ်) ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်နိုင်ဖို့အတွက် သူတို့အထဲ ရောက်နေပြီးသား (သူတို့နဲ့ အနီးဆုံးမှာ ရောက်နေတ)ဲ့ အတွင်းလူတစ်ယောက်တော့ လိုနေ တာပေါ့။ သူဟာ ကျမကိုယ်တိုင် မမြင်နိုင်၊ မသိနိုင်တာတွေကို မြင်နိုင်တွေ့ နိုင်တယ်လေ။ ဒါနဲ့ ကျမလည်း အကူအညီ ပေးနိုင်တဲ့ ကျွမ်းကျင်လူငယ် အဖွဲ့လေးတစ်ဖွဲ့ကို ဖွဲ့လိုက်မိတော့တယ်။

သက္ကရာဇ် (၂၀၁၀) နဲ့ (၂၀၁၁) ခုကြားမှာ အတော်ဆုံးဆိုတဲ့ နိုင်ငံ သုံးနိုင်ငံရဲ့ ဘဝထဲမှာ လက်တွေ့နေလာခဲ့ကြတဲ့ အမေရိကန်လူငယ် သုံးယောက်နောက် ကို ခြေရာခံ လိုက်နိုင်ခဲ့ပါတယ်။ သူတို့ကလည်း ဒီပရောဂျက်ရဲ့ တစ်နှစ်ကြာ ဖော်ရိန်းအိတ်ချိန်း (ပြင်ပကမ္ဘာမှာတော့ ရှင်းစရာ သိပ်မလို တဲ့ ဝေါဟာရပါ။ ကျောင်းသားလေးတွေ ယဉ်ကျေးမှုချင်း၊ ပညာရေး ချင်း နှီးနှောဖလှယ်နိုင်အောင်လို့ နိုင်ငံအချင်းချင်း ကျောင်းသားလေးတွေကို စေလွှတ်၊ လက်ခံတဲ့ ဆင့်ပွားပညာရေးအစီအစဉ်တစ်ခုပါ။ ) စွန့်စားခန်းမှာ အဓိက ပါဝင်ကူညီကြဖို့ သဘောတူခဲ့ကြပါတယ်။ သူတို့ ရှိနေတဲ့ နိုင်ငံတွေဆီ ကျမက သွားရောက်ခဲ့သလို ပြန်ရောက်လာတဲ့ နောက်မှာလည်း အဆက် အ သွယ် မပြတ်ခဲ့ကြပါဘူး။

သူတို့အမည်တွေက ကင်(မ်) (Kim) အဲရစ် (Eric) နဲ့ တွမ် (Tom) တို့ပါပဲ။ သူတို့ကပဲ သူတို့ရဲ့ ခဏ နားခိုရာ အိမ်၊ ခဏ အပန်းဖြေရာ ကော်ဖီဆိုင်၊ ခဏခိုလှုံရာ နိုင်ငံခြား မြေပေါ်မှာ ကျမရဲ့ ကိုယ်ရံတော်လေးတွေအဖြစ် ဖြည့် စည်းပေးကြခဲ့ကြပါတယ်။

ကင်(မ်) က ဥက္ကလားဟိုးမား (အိုကလာဟိုးမား) ကနေ ဖင်လန်ကို သွားခဲ့ သူ၊ အဲရစ်ကတော့ မင်နီဆိုးတား (Minnesota) ကနေ တောင်ကိုရီးယား ကို ခြေဆန့်ခဲ့သူ၊ တွန်ကတော့ ပင်ဆယ်ဗင်နီးယား (Pennsylvania) ကနေ ပိုလန်ကို ထွက်ခဲ့သူပါပဲ။ သူတို့ဟာ အမေရိကရဲ့ မတူညီတဲ့ နေရာတွေကနေ မတူညီတဲ့ အကြောင်းတွေနဲ့ မတူညီတဲ့ နေရာတွေကို သွားရောက်ခဲ့သူတွေပါ။

သူတို့သုံးယောက်ကို အကြံပေးတွေအနေနဲ့ ကျမက ရွေးချယ်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ကတော့ တစ်ဦးချင်းဆီရဲ့ အတွေ့အကြုံကို ပြောပြဖို့ပဲ တာဝန် ယူခဲ့ကြပါတယ်။ သူတို့အတွေ့အကြုံတွေဟာ အမေရိကန် ကလေးအားလုံး ကို ကိုယ်စားမပြုဘူးပေါ့။ နောက်ပြီး သူတို့ ပြောပြချက်တွေဟာလည်း သူတို့နေထိုင်ခဲ့တဲ့ နိုင်ငံတွေက သိန်း ပေါင်းများစွာသော ကလေးအားလုံးရဲ့ ဘဝအမှန်ကို ကိုယ်စားပြုမယ် မဟုတ်ပါဘူး။

ဒါပေမဲ့ ကျမသူတို့ဆီက ရခဲ့တဲ့ အဖြစ်အပျက်တွေဟာ နိုင်ငံရေးသမားတွေ ရဲ့ ပေါ်လစီလက်စွဲစာအုပ်တွေထဲမှာ လုံးဝ မပါသေးဘူးဆိုတာကတော့ သေ ချာလှပါတယ်။

သူတို့သုံးယောက်စလုံးကလည်း ရိုးရိုးသားသား ဝန်ခံပါတယ်။ ပေါ်လစီ တချို့နဲ့ တိုက်ဂါးအမေစတဲ့ (အာရှတိုက် နိုင်ငံတချို့က မိခင်တွေဟာ ကလေးရဲ့ပညာရေးနဲ့ပတ်သက်ရင် စည်းကမ်းတွေ တင်းကြပ်လွန်းလို့ အနောက်က သူတို့ကို ကျားနဲ့နှိုင်းပြီး ခေါ်ဝေါ်သုံးစွဲထားတဲ့ ဝေါဟာရပါ။ စင်္ကာပူတို့ ကိုရီးယားတို့က အမေတွေဟာ ရှေ့ဆုံးကပေါ့။) အကြောင်းတွေကို သူတို့ မပြောကြပါဘူး။ ကျမသွားခဲ့တဲ့ နိုင်ငံတိုင်းမှာ ကျမ ရဲ့ အေးဂျင့်လေးတွေက သူတို့သူငယ်ချင်းတွေ၊ မွေးစားမိဘတွေ၊ ဆရာတွေ နဲ့ မိတ်ဆက်ပေးကြပါတယ်။ သူတို့အားလုံးဟာ ကျမရဲ့ လိုအပ်နေတဲ့ အချက်တွေကို ဖြည့်ဆည်းပေးလိုက်တဲ့ အသိုင်းအဝိုင်းတွေ ဖြစ်လာခဲ့ပါတယ်။

ဥပမာ ကိုရီးယားမှာဆိုရင် အဲရစ်က သူ့ရဲ့ သူငယ်ချင်း ဂျင်နီနဲ့ တွေ့ပေးခဲ့ ပါတယ်။ ဆယ်ကျော်သက် ဂျင်နီဟာ သူမရဲ့ ကလေးဘဝကို အမေရိကမှာ တစ်ဝက်၊ ကိုရီးယားမှာ တစ်ဝက် နေထိုင်ခွင့် ရခဲ့တဲ့ မိန်းကလေးပါ။ ကျမ အတွက်တော့ ဂျင်နီဟာ အမှတ်မထင် တွေ့ခွင့်ရလိုက်တဲ့ ပညာရှင် တစ်ယောက်ပါပဲ။ အဲရစ် မဖြေနိုင်တဲ့ မေးခွန်းတချို့ကို သူမက ဖြေပေးနိုင် ခဲ့တယ်။ (သူတို့ကလေးတွေရဲ့ အင်တာဗျူး ဗွီဒီယိုကို www.amandaripley.com မှာ ကြည့်ရှု့နိုင်ပါတယ်)

အချုပ်အနေနဲ့ ပြောရရင် ဒီပရောဂျက်အတွက် အမေရိကနဲ့ နိုင်ငံခြားမှာရှိတဲ့ exchange student ရာပေါင်းများစွာနဲ့ စကားပြောခဲ့တယ်။ ဒီအတွေ့အကြုံ က နိုင်ငံတွေရဲ့ ပညာရေးအကြောင်း ရေးပြထားတဲ့ စာအုပ်တွေ၊ သတင်းေ တွနဲ့ မတူဘဲ သူတို့ရဲ့ ဘဝအမှန်ကို မြင်တွေ့ခွင့် ရရှိခဲ့ပါတယ်။ သူတို့မိဘတွေ၊ ကျောင်းတွေ၊ အိမ်နဲ့ကျောင်းမှာ နေထိုင်ကျင်လည်ရတဲ့ သူတို့ဘဝအကြောင်းတွေကို မေးမြန်းခဲ့ပါတယ်။

ကျမထင်ထားတဲ့ အတိုင်းပါပဲ။ အမေရိကရဲ့ ပြဿနာနဲ့ အားသာချက်တွေ အကြောင်း သူတို့ကို မေးရာမှာတော့ သူတို့အဖြေတွေကလည်း ပြောင်းသွား တယ်။ အနည်းနဲ့အများပဲ ကွာမယ်၊ သူတို့လည်း အမေရိကရဲ့ တစ်မူထူးခြား တဲ့ ပညာရေးစနစ်ကို သိထားကြပါတယ်။ ဒါကိုလည်း ဖွင့်ဟပြောဖို့ သူတို့ လက်မတွန့်ခဲ့ကြပါဘူး။

နောက်ဆုံး အမေရိကကို ပြန်ရောက်တော့ ကျမဟာ ပိုလို့တောင် အကောင်ြး မင်ဝါဒ ရှိလာခဲ့ပါတယ်။ အရေးမပါတဲ့ ကိစ္စတွေအတွက်နဲ့ အချိန်တွေ၊ ငွေေ တွ ဖြုန်းတီးခဲ့ကြတယ်ဆိုတာ အထင်အရှားပါပဲ။ ကျောင်းတွေ၊ မိသားစုတွေ ကလည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ခေါင်းရှုပ်နေကြရတယ်။ ဖင်လန်၊ ကိုရီးယားနဲ့ ပိုလန်မှာ တွေ့ခဲ့ရသလိုမျိုး တိကျတဲ့ ဦးတည်ချက်တွေ ကင်းမဲ့နေ ကြတယ်။ သူတို့ ဒီလိုလုပ်နိုင်ရင် ကျမတို့ ကလေးတွေ၊ ကျောင်းက ဆရာေ တွ၊ မိဘတွေကလည်း ကောင်းကောင်းကြီး လုပ်ပြနိုင်မယ်ဆိုတာ ယုံကြည် မိပါတယ်။

ကျမ တွေ့မြင်ခဲ့ရတာတွေက ကလေးမျိုးဆက်ကြီး တစ်ခုလုံးဟာ သူတို့ ရ သင့်ရထိုက်တဲ့ ပညာရေးကို ရကြတယ်။ တစ်ခါတစ်ခါမှာတော့ ချောချောမွေ့မွေ့ မရှိလှဘူးပေါ့။ ဒါပေမဲ့ သူတို့ ရကြ တယ်။ မကိုက်ညီတဲ့ ပေါ်လစီတွေ ရှိမယ်။ ဗြူရိုကရေစီတွေ၊ အသိဉာဏ် နည်းတဲ့ မိဘတွေ … ဒါတွေ ရှိကောင်း ရှိမယ်။ ဘာပဲဖြစ်ဖြစ် တစ်ကမ္ဘာလုံး ဆိုင်ရာ ပညာရေးစနစ် ဆက်သွယ်မှုကတော့ ရှိကို ရှိနေကြရမယ်။ တခြားနိုင်ငံတွေက ကျမတို့ကို လမ်းပြ၊ ကျမတို့က သူများနိုင်ငံတွေကို လမ်းပြနေကြရင်းနဲ့ပေါ့။

ကျမအတွက် ပဟေဠိ (၁)

တစ်ကီလို လေးဒေါ်လာနဲ့ ဆယ့်ရှစ်တန်အလေးချိန်ရှိ ကျောက်ဆင်းတု


မေတ္တာရပ်ခံအပ်ပါသည်။
စာဖတ်သူများထဲမှ သင်္ဘောလိုင်းဖြင့် ရန်ကုန်သို့ ပစ္စည်းပို့ခြင်းကိစ္စကို သိသူ၊ အဆက်အသွယ်ရှိသူများထံကနေ အကူအညီတောင်းခံချင်ပါသည်။
ကထိန်သင်္ကန်းများ ရန်ကုန်နှင့် သန်လျင်ရှိကျောင်းများသို့ ပေးပို့လှူဒါန်းဖို့ ပင်နီဆူလာပလာဇာမှာ ကုန်ကျစားရိတ်လေ့လာကြည့်ရာ သင်္ဘောလိုင်းဖြင့် ပင် တစ်ကီလို လေးဒေါ်လာနှုန်းဟုသိရပါသည် (လေ့လာကြည့်မိသူ သုံးေ လးယောက် အဆိုအရ)။
သို့ဆိုလျင် ဆင်ဖိုးထက် ချွန်းဖိုးကြီးဖြစ်ပေမည်။ မှတ်မိသည်၊ မြန်မာပြည်နေ စဉ်က ဆယ့်ရှစ်တန်အလေးချိန်ရှိ ကျောက်ဆင်းတုကြီးတစ်ဆူ ဝယ်ပြီး သင်္ဘောလိုင်းဖြင့် ပို့ပေးခဲ့ဖူးသည်။ တစ်ကီလို လေးဒေါ်လာနှုန်းနဲ့သာ ဆို လျင်ဖြင့် မတွေးဝံ့စရာ။
ကျသင့်ငွေကို ကျောင်းက ကျခံမည်ဖြစ်ပါသည်။ ဤကိစ္စမျိုးနှင့်ပတ်သက်ပြီး တစ်ခါမှ ကိုယ်တိုင်မလုပ်ဘူးကြသဖြင့် လုံးဝ မသိခြင်းဖြစ်ပါသည်။
သိနားလည်သူတို့က အဆက်အသွယ်၊ အကြံအဉာဏ်များပေးနိုင်မည်ဆိုလျင် ဝမ်းမြောက်စွာ သာဓုခေါ်ဖွယ် ဖြစ်ပါ၏။

(ကမ်းလက်)

မှန်ပါတယ် မဖြေလိုက်ရတဲ့ မေးခွန်းလေးခု (ဘာတွေ လာမေးနေမှန်း မသိဘူး)


(၁)
“ အရှင်ဘုရား ကျောင်းက မြန်မာကျောင်းလား၊ သီဟိုဠ်ကျောင်းလား”
“ ဘာကျောင်းမှ မဟုတ်၊ ဗုဒ္ဓဘာသာကျောင်းမျှသာ ဖြစ်၏။ လူမျိုး၏ အမည်မရှိသင့်၊ ကျဉ်း၏”

(၂)
“ ကြားရတယ်။ အရှင်ဘုရားက တိပိဋကဓရဆို”
“ မဟုတ် ဒကာ။ ငါ ဤမျှမစွမ်း။ ပိဋကတ်သုံးပုံ စီဒီကားရှိ၏။ ထို့ကြောင့် တိပိဋကဓရဟု မခေါ်နိုင်သော်လည်း တိပိဋက စီဒီ ဓရဟု ခေါ်နိုင်၏”
( လူများအတွက်၊ ဓရ- ဆောင်)

(၃)
"အရှင်ဘုရားက သီရိလင်္ကာမှာ ပညာသင်လာတာဆို"
"မဟုတ် ဒကာ၊ သီရိလင်္ကာကို ငါ ရောက်ပင် မရောက်ဘူးသေး။ မြန်မာပြည် ကဆရာသမားတွေ သင်ပေးလိုက်သမျှနဲ့ အလုပ်ဖြစ်အောင် ကြိုးစားနေဆဲပါ"

(၄)
“ ဒါနဲ့ .....အရှင်ဘုရားက ဒေါက်တာပေါ့နော်”
“ မဟုတ်ဒကာ၊ ငါ ဤမျှမစွမ်း။ ယနေ့တိုင် လူနာသာ ဖြစ်ဆဲ ဖြစ်၏”

လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်


အခန်း (၂)
တရုတ် (သို့) ရွက်ပုန်းသီး

ရှီကျင့်ဖျင် (ရှီကျင့်ပင်း) ကို ၂၀၀၇ - ခု၊ နိုဝင်ဘာလက ပီကင်းကို ရောက် တုန်း ပြည်သူ့ ခန်းမ ပထမဆုံး ကျွန်တော် တွေ့ခဲ့ဖူးတာပါ။ သူနဲ့တွေ့ဖို့ ကျွန်ေ တာ် မတောင်းဆိုခဲ့ပါဘူး။ တွေ့ဖို့ တောင်းဆိုတာက အခြားတစ်ယောက်ပါ။ ဒါပေမဲ့ သူတို့က ရှီကျင့်ဖျင် ဆီ ပို့ပေးခဲ့တာပါ။ ဒါကို ကြည့်ခြင်းအားဖြင့် ရှီဟာ သူတို့အုပ်စုထဲမှာ အထူးအလေးထားရတဲ့ ပုဂ္ဂိုလ်ဆိုတာ သိနိုင်မြင်နိုင် ပါ တယ်။ တရုတ်ကွန်မြူနစ်ပါတီရဲ့ ထိပ်တန်းအရာရှိ တစ်ယောက်အနေနဲ့ ရွေး ချယ်ခံခဲ့ရပြီးတဲ့နောက် သူ့အတွက်လည်း ဒါဟာ နိုင်ငံခြားခေါင်းဆောင် တစ်ယောက်နဲ့ ပထမဆုံး တွေ့ဆုံခြင်းပါပဲ။ ပြီးတော့ သူဟာ ဟူကျင်တောင် ကို ဆက်ခံမယ့်လူတစ်ယောက်ဆိုတာကိုလည်း ဆိုလိုရာ ရောက်နေပါတယ်။
သူ့ကို တွေ့တွေ့ချင်းပဲ သူဟာ လူတော်တစ်ယောက် ဖြစ်လိမ့်မယ်၊ အမြင် ကျဉ်းမြောင်းသူ မဟုတ်ဘူးဆိုတာ ကျွန်တော် ခံစားလို့ ရတယ်။ သူဟာ ပြဿနာတစ်ခုကို ခြေခြေမြစ်မြစ် သုံးသပ်တတ်ပြီး သူသိကြောင်း ကို လည်း ထုတ်ပြကြွားဝါတတ်သူ မဟုတ်ဘူး။ သူဟာ ကျန်ဇီမင်းလို ရင်းနှီးေ ဖ်ာရွေတာမျိုးလည်း မဟုတ်၊ ဟူကျင်တောင်လို သမားရိုးကျ ဆန်လှ သူ လည်း မဟုတ်ဘူး။ ဒါပေမဲ့ သူ့မှာ စွဲဆောင်မှု အားတွေ ရှိတယ်။ ဒါဟာ ပထမဆုံး တွေ့တွေ့ချင်း ဖြစ်ပေါ်မိတဲ့ ကျွန်တော့် ခံစားမှုပါ။
ဒီထက်ပိုပြီး အကြောင်းကြောင်းကို စူးစမ်းကြည့်မိတော့ သူငယ်စဉ်ဘဝက အမှားတစ်ခုခု လုပ်မိဟန် တူပါတယ်။ ကျေးလက်ကို အပို့ခံခဲ့ရတယ်။ ၁၉၆၉ - ခုမှာ ရှန်ရှီ (Sha’anx) ပြည်နယ်ကို အပို့ခံရတယ်။ ဒါပေမဲ့ မငြီးမငြူဘဲ တဖြည်းဖြည်းနဲ့ သူ ပြန်တတ်လာနိုင်ခဲ့တယ်။ ကျွန်တော့်သဘောအရ ဆို ရင်တော့ သူဟာ မင်ဒဲလားလိုလူ အမျိုးအစားထဲကပဲ။

ရှီဟာ ၁၉၄၉ - ခုကတည်းက စတင်ခဲ့တဲ့ တရုတ်ပြည်ရဲ့ ပဉ္စမမြောက်ေ ခါင်းဆောင်တွေထဲက တစ်ယောက်ပါ။ ရှေးဟောင်းတရုတ်မူဝါဒအတိုင်း အစိုးရတစ်ဖွဲ့လုံးကို အလွှာအသီးသီးမှာ ပြိုင်ဆိုင်မှုတွေနဲ့ ပြည့်နှက်နေအောင် ဦးဆောင်မှု ပေးနိုင်ခဲ့တယ်။ တရုတ်အရာရှိတွေဆီမှာ အနောက်တိုင်းဆန် ဆန် ပညာရေးတွေလည်း ရှိလာတယ်။ ကမ္ဘာနဲ့ ပိုပြီး ရင်းနှီးကျွမ်းဝင်လာ တယ်။ အင်္ဂလိပ်စကား ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်လာတယ်။ ကွန်မြူနစ်ဆိုတဲ့ စကားလုံးသာ ကျန်ရှိပြီး သူတို့ဟာ ကွန်မြူနစ်စနစ် ကျင့် သုံးသူတွေ မဟုတ်ကြတော့ဘူး။ ပိုပြီး ချမ်းသာလာအောင် ကြိုးစားဖို့၊ နည်း ပညာတွေ ကြိုးစားယူနေကြတဲ့ ပြောင်းလဲရေးသမားတွေ ဖြစ်နေကြပါပြီ။
ရှေ့မှာ ရှိခဲ့တဲ့ ခေါင်းဆောင်ကြီး လေးယောက်စလုံးကလည်း မတူညီတဲ့ အရည်အသွေးတွေ တစ်ဦးချင်းစီ ချန်ထားရစ်ခဲ့ကြတယ်။ မော်စီတုန်းက ကန ဦး တော်လှန်ရေးကို စတင်နိုင်ခဲ့သလို တိန့်ရှောင်ဖိန်က နိုင်ငံရဲ့ စီးပွားရေး တံခါးကို ဖွင့်ပြီး ပြောင်းလဲမှုတွေ လုပ်ခဲ့တယ်။ ကျန်ဇီမင်းကတော့ နိုင်ငံကို အားသစ်လောင်းပြီး ဖွံ့ဖြိုးတိုးတက်လာအောင် လုပ်နိုင်ခဲ့တယ်။ ဟူကျင်းေ တာင် လက်ထက်မှာတော့ ဆင်းရဲချမ်းသာ ကွာဟမှုကို အတိုင်းအတာ တစ် ခုအထိ လျှော့ချနိုင်ပြီး ဟန်ချက်ညီတဲ့ နိုင်ငံတစ်ခု ဖြစ်လာအောင် စွမ်းဆော င်ပြနိုင်ခဲ့တယ်။ ဒါဆို ရှီကရော ဘယ်လိုသမိုင်းကို ချန်ထားခဲ့လေမလဲ။

၁၉၆၇ - ခုနှစ်မှာ ပထမဆုံး တရုတ်ပြည်ကို ရောက်ဖူးပြီးတဲ့နောက် နှစ်တိုင်း တစ်နှစ်တစ်ခေါက်တော့ ရောက်အောင် သွားဖြစ်ဖို့ ကျွန်တော် ကြိုးစားခဲ့ပါ တယ်။ ဖြစ်နိုင်မယ်လည်း ဆိုရင်ပေါ့လေ။ ရောက်တိုင်းလည်း ထိပ်သီးခေါင်းေ ဆာင်တွေ ဖြစ်ကြတဲ့ မော်၊ ဟူ၊ ရှီတို့နဲ့ တွေ့ဖြစ်ခဲ့ပါတယ်။ မော်စီတုန်းဆိုရင် တရုတ်ပြည် သူ့ခြေထောက်ပေါ်သူ ရပ်နိုင်ဖို့ လုပ်သွားနိုင်ခဲ့တဲ့ လူတစ်ေ ယာက်ပါ။ ၁၉၄၉ - ခုမှာ နှစ်ပေါင်းနှစ်ရာကျော် မြုံနေခဲ့တဲ့ လူထုလှုပ်ရှားမှုကို တီယန်မင်ရင်ပြင် ကနေပြီး ရဲရဲတင်းတင်း ရပ်တည်ပြခဲ့တယ်။ တော်လှန်ရေး စွမ်းရည်ကို ကြည့်တော့ မော် လိုလူကလည်း နှစ်ယောက် မရှိပါဘူး။ အတိုက်အခံကို ဖြိုခွဲခဲ့တဲ့နေရာမှာ ဆရာကြီးတစ်ဆူပါပဲ။ စစ်တပ်အင်အား သုံးပြီး အမျိုးသားရေးဝါဒီတွေကို နှိမ်နင်းခဲ့တယ်။ ညီညွတ်ရေးကို တည်ဆော က်ပေးနိုင်ခဲ့တယ်။
သူဟာ တရုတ်ပြည်ကို ခေတ်သစ်ပုံစံရောက်အောင် ပြောင်းပေးနိုင်ခဲ့သူလား။ သမိုင်းက ပြောပြတာကတော့ ကြေကွဲစရာပါ။ တရုတ်ပြည်ကို လွတ်မြောက်ေ စခဲ့တဲ့ ဒီပုဂ္ဂိုလ်ကြီးဟာ တရုတ်ယဉ်ကျေးမှု တော်လှန်ရေး အုံကြွမှုမှာ လုံး ဝ ခြေ မှုန်းခြင်း ခံရတော့မတက် ဖြစ်ခဲ့ရပါတယ်။
သူသာ အာဏာ ဆက်ကိုင်ထားမယ်ဆိုရင်၊ ဒါမှမဟုတ် သူ့ကို ဆက်ခံသူ ဟွာကော်ဖန် (Hua Goufeng) သာ ဆက်ပြီး အုပ်ချုပ်နေမယ်ဆိုရင် တရုတ်ပြည်ဟာ ဆိုဗီယက်ပြည်ထောင်စုအတိုင်း ပြိုကွဲသွားမှာ မလွဲမသွေ ပါပဲ။ သူ့ရဲ့ နေညိုချိန်မှာ မော်စီတုန်းကို ကျွန်တော် တွေ့ဆုံခွင့် ရခဲ့ပါတယ်။ အဲဒီအချိန်မှာ သူဟာ အကျပိုင်းကို ရောက်နေပါပြီ။ သူ့ရဲ့ ဟန်နန်လေသံဝဲတဲ့ တရုတ်စကားကို အမျိုးသမီးတစ်ယောက်က အင်္ဂလိပ်လို ဘာသာပြန်ပေးခဲ့ ပါတယ်။
တကယ်ဆိုရင် ကျွန်တော်ဟာ ဒီခေါင်းဆောင်ကြီးရဲ့ “အရိပ်” လောက်ကို သာ တွေ့မြင်ခွင့် ရလိုက်တာပါ။

တရုတ်ပြည် ကံကောင်းစေတဲ့ အချက်ကတော့ တိန့်ရှောင်ဖိန်က တပြည်လုံး ကို လမ်းကြောင်းပေါ် တင်ပေးနိုင်လိုက်တဲ့ အချက်ပါ။ ၁၉၈၇ - ခုနှစ်မှာ ဘန်ကောက်၊ ကွာလာလမ်ပူ မြို့တွေကနေတဆင့် စင်္ကာပူကို သူ ရောက် လာခဲ့ပါတယ်။ သူ့ရည်ရွယ်ချက်က ဗီယက်နမ်က ကမ္ဗောဒီးယားကို ဝင် မတိုက်အောင် တားမြစ်ဖို့၊ ဝင်တိုက်ရင် ဟန့်တားဖို့ တရုတ်ပြည်နဲ့အတူ စင်္ကာ ပူက ပူးပေါင်းပါဝင်ဖို့ပါ။ ဒီခရီးစဉ်ဟာ သူ့မျက်လုံးတွေကို ဆွဲဖွင့်ပေးလိုက် တာလို့ ကျွန်တော် ထင်ပါတယ်။ သူရောက်ခဲ့တဲ့ မြို့ကြီးသုံးမြို့ (ဘန်ကောက် ၊ ကွာလာလမ်ပူ၊ စင်္ကာပူ) ဟာ နောက်ကြောင်းပြန်ဆွဲပြီး ဆင်းရဲမွဲတေနေတဲ့ မြို့တွေလို့ ထင်ထားပုံ ရပါတယ်။ သူတကယ်ရောက်တော့ အထင်နဲ့အမြင် လုံးဝ လွဲမှားနေပြီဆိုတာ သူ သိလိုက်ပုံ ရပါတယ်။ ဒီမြို့တော် သုံးခုစလုံးဟာ တရုတ်ပြည်ကို ကျော်တက်နေပါပြီ။
စင်္ကာပူမှာ လေးရက်လောက် သူ နေသွားခဲ့တယ်။ သူလည်း လေယာဉ်ေ ပ်ါရောက်လို့ လေယာဉ်တံခါးလည်း ပိတ်သွားရော ကျွန်တော်က ကျွန်တော့် မိတ်ဆွေကို ဒီလို ပြောခဲ့တယ်။
“စကာပူကနေအပြန် သူ့ကို သတင်းပေး သူတွေတော့ ဒုက္ခလှလှ တွေ့တော့ မယ်။ သူ တကယ် မြင်တွေ့သွားရတဲ့ စင်္ကာပူက သူ့လူတွေ ပို့ထားတဲ့ သ တင်းတွေနဲ့ လုံးဝ ခြားနားနေတယ်” လို့။
သူရထားတဲ့ သတင်းတွေက စင်္ကာပူမှာ ရှိကြတဲ့ ကွန်မြူနစ် အသည်းစွဲ သမားတွေက ပို့ထားကြတာ၊ အမှားတွေချည်းပဲ။

သူရောက်နေစဉ် သူ့ကို ညနေစာ ဖိတ်ကြား ကျွေးမွေးခဲ့ပါတယ်။ အဲဒီ ညနေစာ စားပွဲမှာ သူက
“ခင်ဗျားတို့မှာ လှပတဲ့ ဥယျာဉ်မြို့တော် ပိုင်ဆိုင်နေပြီပဲ” လို့ ကျွန်တော့်ကို ကပ်ပြောတယ်။ သူ့ကို ကျေးဇူးတင်ကြောင်း ပြောပြီး
“ကျွန်တော်တို့ ဘာတွေ ပဲ လုပ်နိုင်လုပ်နိုင် ခင်ဗျားတို့က ကျွန်တော်တို့ထက် ပိုကောင်းအောင် လုပ်နိုင်ပါတယ်။ ကျွန်တော်တို့ဟာ တရုတ်ပြည်တောင် ပိုင်းက လယ်ယာမဲ့ လယ်သမားတွေကနေ ဆင်းသက်လာတာ ဖြစ်ပြီး ခင် ဗျားတို့မှာ ပညာရှင်တွေ၊ သိပ္ပံပညာရှင်တွေ၊ စပါယ်ရှယ်လစ်တွေ အားလုံး ရှိနေပါတယ်။ ကျွန်တော်တို့ ဘာလုပ်လုပ် ခင်ဗျားတို့က ပိုကောင်းအောင် လုပ်နိုင်ပါလိမ့်မယ်”
သူက ကျွန်တော့်ကို ဘာမှ ပြန်မပြောဘူး။ သူ့ရဲ့ စူးရှတဲ့ မျက်လုံးနဲ့ ကျွန်တော့်ကို စိုက်ကြည့်ပြီး ခဏနေတော့ စကားလမ်းကြောင်း ပြောင်းသွား ပါတော့တယ်။ အဲဒါ ၁၉၇၈ - ခုတုန်းကပါ။

ဆက်ရန်

အခန်း (၁)
လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်(၁)
လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် (၂)

လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် (၃)

လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် (၄) 

လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် (၅) 

မျက်နှာ


တချို့က အလုပ်ဖြစ်သွားဖို့ပဲ စဉ်းစားကြပါတယ်။ ဒါ "ငါလုပ်တာ" စသဖြင့် မျက်နှာမဖော်လိုကြဘူး။ ပုံကို ကြည့်ပါ။
တချို့ကျတော့လည်း ကိုယ်တိုင်ဘာမမလုပ်ဘဲ သူများလုပ်ထားတာကို သူပဲ လုပ်ထားသလိုလို မျက်နှာဝင်ယူတတ်ပြန်ရော။ (များလွန်းလို့ ပုံမပေးနိုင်ပါ)
ဘာမှ ကြီးကြီးကျယ်ကျယ်ကြီးတော့ မဟုတ်ပါဘူး။ နောက်ဆုံးတော့ အုတ် ခဲတွေ လိုတဲ့နေရာရောက်သွားဖို့က အဓိက မဟုတ်လား။
ဒီလူကတော့ ဘယ်သူမှန်း မသိရလောက်အောင် သိုသိပ်သူပါပဲ။
ဟဲ ဟဲ၊ ဒါပေမဲ့ အိန္ဒိယကလူဆိုတာတော့ ၉၀ ရာခိုင်နှုန်းပြောလို့ရတယ်။

စင်္ကာပူတစ္ဆေကလည်း ခြောက် (နောက်) တယ်


ဖြစ်နေတာက Rainbow Centre, Margaret Drive School မှာဖြစ်သည်။ ထိုကျောင်းက မြန်မာလို ဆွံ့အနားမကြားကျောင်းဟု အနီးစပ်ဆုံး ဆိုရမည် ထင်ပါသည်။ ကျောင်းသား လေးရာကျော် ရှိသည်။
ဆရာ၊ ဆရာမများ အုပ်စုလိုက် ဓာတ်ပုံရိုက်ကြအပြီး ပြန်ကြည့်တော့ မဆီ မဆိုင် မျက်နှာတစ်ခုက ဓာတ်ပုံ ဝင်အရိုက်ခံသွားသည်။ ထိုမျက်နှာ က ကြော်ရွံ့ဖွယ်ဟု ဆိုကြသည်။ မည်သူမည်ဝါမှန်း သူတို့မပြောနိုင်။ အမျိုး သမီး ဟုသာဆိုနိုင်ကြသည်။
နောက်တစ်ကြိမ်မှာက အမျိုးသား။ ဆရာမတစ်ယောက်က သူမဘေးမှာ ရပ်နေသည့် အမျိုးသားဖက်လှည့်ကာ စကားစမည် ပြောနေမိသည်။ သူမ အထင်က ကျောင်းထဲမှ အသိဆရာတစ်ယောက်ဟုဖြစ်သော်လည်း ထိုနေ့က ထိုဆရာ ဆေးခွင့်ယူထားသည် ဟူသတဲ့။
သို့ဖြင့် သီရိလင်္ကာကိုယ်တော်လေးနဲအတူ ပရိတ်လိုက်ရွတ်ပေးလိုက်ရသည်။

ဤ၌ အထူး ပြောလိုသည်က ကျောင်းအုပ်ဆရာမကြီးကိုယ်တိုင် လာပင့် တာဖြစ်ပြီး သူမက မွတ်စလင်ဖြစ်သည်။ ခေါင်းမြီး ခြုံထားသည်။ သူမက မွတ်စလင်ဖြစ်သော်လည်း အားလုံးအတွက် လုပ်သင့်တာကို အယူမသည်း၊ အစွဲမကြီးပဲ လူကြီးပီသစွာ ပြုလုပ်သွားသည်။
အားကျမိ၏။ လေးစားမိ၏။
မိမိတို့အမှန် ကြောက်သင့်သည်က တစ္ဆေမဟုတ်၊ ဘာသာအချင်းချင်း မုန်း တီးစိတ်၊ ဘာသာအချင်းချင်း ပျက်စီးစေလိုသောအကုသိုလ်စိတ် ပင်ဖြစ် သည်။
ဘယ်ဘာသာဝင်လို့ဆိုဆို အကုသိုလ်ကတော့ ကုသိုလ် ဖြစ်မသွားနိုင်။

ကမ္ဘာ့အတော်ဆုံး ကလေးများ (The Smartest Kids in the world)


By amanda ripley

ကျမအတွက် ပဟေဠိ

တိုင်းမ်နဲ့ အခြားမဂ္ဂဇင်းတွေမှာ စာရေးနေရတဲ့ သက်တမ်းတစ်လျှောက်လုံး ပညာရေးနဲ့ ပတ်သက်တဲ့ဆောင်းပါးတွေကို လက်ရှောင်ဖို့ အမြဲတမ်းကြိုး စားနေမိခဲ့တယ်။ အယ်ဒီတာက အရေးခိုင်းရင်တောင်မှ ပညာရေးနဲ့ ပတ် သတ်တဲ့ ဆောင်းပါးတွေအစား အကြမ်းဖက်မှုသတင်း၊ လေယာဉ်ပျက်ကျမှု သတင်း၊ ရောဂါပြန့်ပွားမှုသတင်း စတာတွေကို ရေးလိုက်မိတတ်ပါတယ်။
ကျမဖွင့်တော့မပြောမိပါဘူး။ ဒါပေမဲ့ စိတ်ထဲမှာတော့ ပညာရေးနဲ့ပတ်သက် တဲ့ ဆောင်းပါးတွေဟာ အရေးမကြီးလှဘူးလို့ထင်တယ်။ ဒါတွေကို ဖတ်တာ ကလည်း လူကြီးပိုင်းတွေ၊ ကလေးတွေက ဓာတ်ပုံကြည့်တာလောက်ပဲ ရှိနိုင် ပါတယ်။

အငြင်းပွားစရာ ဝါရှင်တန်က ပညာရေးအကြီးအမှူးအသစ်အကြောင်းကို အယ်ဒီတာက အရေးခိုင်းတော့မှ ကျမ စိတ်ပြောင်းလာခဲ့ရတာပါ။ ဒီကိစ္စနဲ့ ဆက်စပ်ပြီး ကလေးတွေ၊ မိဘတွေ၊ ကျောင်းဆရာတွေကို ပညာရေးနဲ့ ပတ် သတ်ပြီး စကားတွေအများကြီးပြောဖြစ်ခဲ့ပါတယ်။ ဒီနောက် ဝါရှင်တန် ပညာရေးအရာရှိအသစ် Rhee ဟာ စိတ်ဝင်စားစရာကောင်းလှပေမယ့် ကလေးစာသင်ခန်းထဲမှာ ရှင်းရခက်လွန်းတဲ့ ပဟေဠိတစ်ပုဒ် မဟုတ်လှဘူး ဆိုတာ ကျမ သဘောပေါက်ခဲ့ရပါတော့တယ်။

ကျမအတွက် တကယ့်ပဟေဠိက ဘာကြောင့်ကလေးတချို့က အများကြီး သင်ကြားတတ်မြောက်ပြီး တချို့ကနည်းနည်းလေးပဲ သင်ကြားတတ်မြောက် ကြတာပါလိမ့် ဆိုတာပါပဲ။



ပညာရေးနဲ့ပတ်သက်လို့ ဘာတွေဖြစ်နေတယ်၊ ဘာတွေဖြစ်လိမ့်မယ် ဆိုတာ ကို ဒေတာတွေအရ အရင်ထက်အများကြီးသိလို့ရနေပြီ။ ကလေးပညာရေး နဲ့ပတ်သက်လို့ အတက်၊ အကျ၊ ချမ်းသာတဲ့ကလေးနဲ့ ဆင်းရဲသားကလေး၊ လူဖြူကျောင်းသားနဲ့ လူမည်းကျောင်းသား ဒီအချက်တွေကြောင့် ကွဲပြားနေ တာလား။
တချို့အဆိုအရ ငွေကြောင့်၊ အသားအရောင်ကွာခြားမှုကြောင့်၊ လူမျိုး မတူ ညီမှုကြောင့် ဒီလိုတွေကွဲပြားနေတာ တဲ့။ ဒါတွေကြောင့်သက်သက်တော့ မ ဟုတ်နိုင်သေးပါဘူး။ အခြားအကြောင်းတရားတွေ ရှိကိုရှိနေရဦးမယ်။

ဒီနောက် နှစ်ပေါင်းအတော်ကြာအောင် ပညာရေးနဲ့ပတ်သက်တဲ့ ဆောင်း ပါးတွေ အများကြီးရေးနေမိတယ်။

ဝါရှင်တန်ဒီစီ ကင်းဘဲ(လ်) မူလတန်းကျောင်းက ငါးတန်းကလေးတွဟာ အလွန်ရှည်လျားတဲ့ ဆခွဲကိန်း သင်္ချာပုစ္ဆာတစ်ပုဒ်ကို ဘလက်ဘုတ်ပေါ်မှာ သူတို့ကိုယ်တိုင်တွက်ချက်ခွင့်ပြုဖို့ ဆရာ့ကို တောင်းဆိုနေကြတာကို တွေ့ ခဲ့ရဖူးပါတယ်။ သူတို့တွက်တဲ့အဖြေများ မှန်သွားပြီဆိုရင် လက်သီး လက်ေ မာင်းတန်းပြီး “ရေး..” လို့ ပြိုင်တူအောင်တတ်ကြတယ်။
သူတို့လေးတွေရဲ့ ပတ်ဝန်းကျင်ကိုကြည့်တော့ တစ်ပတ်မှာလူတစ်ယောက်နှု န်း အသတ်ခံနေရတဲ့နေရာ၊ အလုပ်လက်မဲ့ (၁၀)ရာခိုင်နှုန်းအထိရှိနေတဲ့နေ ရာပါ။

နောက်တစ်နေရာမှာတော့ စာသင်ခန်းထဲမှာပျင်းရိနေတဲ့ကလေးတွေ၊ ကျမ သူတို့အခန်းထဲဝင်သွားတော့ မျက်လုံးအဝိုင်းသားလေးတွေနဲ့ မော့ကြည့်နေ ကြတဲ့ကလေးတွေကို တွေ့ရပြန်ရော။ ဖြစ်နိုင်ရင် ကျမဖြင့် ဆုသာတောင်း လိုက်ချင်တော့ရဲ့။ မြတ်စွာဘုရား၊ ပျင်းရိငြီးငွေ့ဖွယ်နောက်ထပ် တစ်နာရီေ ဘးကနေ ကလေးတွေကို ကယ်တင်ပေးတော်မူပါ .. လို့လေ။ ဒီမတူညီတဲ့ မြင်ကွင်းနှစ်ခုဟာလည်း ကျမအတွက်နောက်ထပ်ပဟေဠိ တစ် ခုပါပဲ။
အဲဒီအခိုက်အတန့်လေးမှာ ကျမကိုကျမပြန်ပြောမိတယ်။ ဒီပတ်ဝန်းကျင် တစ် ခုကနေ နောက်ပတ်ဝန်းကျင်တစ်ခု၊ ဒီကျောင်းအုပ်ကနေ နောက်ကျောင်း အုပ်၊ ဒီကျောင်းဆရာကနေ နောက်ကျောင်းဆရာ .. ဒါတွေဟာ မျှော်လင့် ထားသင့်တဲ့ မတူညီမှု ကွဲပြားမှုတွေပဲ လို့ပါပဲ။ တချို့ကလေးတွေကတော့ ကံကိုကောင်းကြပါတယ်။ ဒါပေမဲ့ ဒီကွဲပြားမှုတွေဟာ အများအားဖြင့်ေ တာ့ ငွေကြေးနဲ့ ဆက်စပ်လို့နေပါတယ်။

တစ်နေ့မှာတော့ ပညာရေးအညွှန်းဇယားကို ကျမတွေ့လိုက်မိပါတော့တယ်။ ကျမဘာပြန်ပြောရမလဲတောင် မသိတော့ပါဘူး။

ဖင်လန်ကိုကြည့်လိုက်စမ်းပါ။ ပညာရေးမှာအောက်ခြေကနေ ထိပ်ဆုံးအထိ ထိုးတက်လာလိုက်တာ ဒုံးပျံတစ်စင်းလိုပါပဲ။ ကဲ ဒါဖြင့် သူတို့ဘေးမှာရှိနေတဲ့ (ပညာရေးအညွှန်းဇယားမှာ) နော်ဝေကရော။ အပေါ်ကနေ ဆင်းလာလိုက် တာ အောက်ဆုံးအထိရောက်တော့မတတ်ပဲ။ ဒါသာဖြစ်တယ်၊ နော်ဝေမှာ ဆင်းရဲတဲ့ကလေး မရှိဘူးလို့ဆိုလို့ ရနိုင်ပါတယ်။
ကနေဒါကိုကြည့်ပြန်တော့လည်း သာမန်ပညာရေးအဆင့်ကနေ တက်လာ လိုက်တာ ဂျပန်နဲ့တန်းတူလောက်ဖြစ်နေပြီ။
တကယ်လို့ ပညာရေးဆိုတာဟာ ယဉ်ကျေးမှုအပေါ်မှာ မှီခိုနေတယ်ဆိုရင် ပညာရေးအပြောင်းအလဲ ဒီလိုမြန်နေသလို ယဉ်ကျေးမှုလည်း ပညာရေးနဲ့ အတူ မြန်မြန်ကြီးပြောင်းလဲသွားရမှာပဲ မဟုတ်လား။

တစ်ကမ္ဘာလုံးကို ခြုံကြည့်ရင် ကလေးတွေရဲ့ပညာရေးဟာ အချိန်တိုတို အ တွင်းမှာကိုပဲ တက်လိုက်၊ ကျလိုက်ပါ။ ကျမကိုယ်တိုင် အပြင်ဖက်က အမြင် နဲ့ ပြောင်းကြည့်လိုက်တော့ ဝါရှင်တန်ဒီစီရဲ့ကိစ္စဟာ ပိုပြီးတော့တောင် စိတ် ဝင်စားစရာကောင်းနေပါသေးတယ်။ နိုင်ငံအများစုဟာ သူတို့ကလေးတွေကို ပညာရေးကောင်းကောင်း မပေးနိုင်ကြပါဘူး။ သူတို့နိုင်ငံတွေက အတော်ဆုံး ဆိုတဲ့ကလေးတွေကိုတောင် စနစ်တကျ ပညာသင်မပေးနိုင်ကြပါဘူး။ ဒါတွေ ကို ခြုံငုံပြီးကြည့်မိတော့ အမေရိကဟာ သိပ်လည်းမဆိုး၊ သိပ်လည်း မစွံ ဘူးပေါ့။

အရေအတွက်သိမ်မများပေမယ့် တချို့နိုင်ငံတွေကတော့ ပညာရေးမှာ သိပ်ပြီးရှေ့ရောက်နေတယ်။ သူတို့နိုင်ငံတွေက ကလေးတိုင်းလိုလိုဟာ သိပ္ပံ၊ သင်္ချာ၊ စာဖတ်စွမ်းရည်တွေနဲ့ ဆက်စပ်ပြီး စစ်စစ်ပေါက်ပေါက် တွေးနည်းခေါ် နည်းတွေပါ လေ့လာသင်ယူခွင့်ရနေကြတယ်။ သူတို့လေးတွေဟာ အချက် အလက်တွေကို မှတ်မိနေရုံတင်မကဘူး။ ဒီအချက်တွေကို အခြေခံပြီး ပြဿ နာဖြေရှင်းနည်းတွေကိုပါ လေ့လာနေကြတယ်။ ခေတ်သစ် စီးပွားရေး နယ် ပယ်မှာ ရှင်သန်နေနိုင်ဖို့ သူတို့ကို လေ့ကျင့်ပေးနေကြတာလို့ ကျမ ဆိုလိုက် ချင်ပါတော့တယ်။

 ယေဘူယျကို ခြုံကြည့်ရင် အမေရိကန်ကျောင်းသားတွေဟာ ဂျပန်၊ နယူးဇီ လန်၊ တောင်ကိုရီးယားက ကျောင်းသားတွေထက်သာတယ်။ ဒါပေမဲ့ သင်္ချာ မှာ သူတို့နောက် အမေရိကန်ကလေးတွေက အများကြီးရောက်နေတယ်။ အမေရိကန်ကျောင်းသားအများစုဟာ ပညာတတ်မိဘတွေရှိတယ်။ ကမ္ဘာမှာ အကောင်းဆုံးကျောင်းတွေမှာ တက်ခွင့်ရနေတယ်။ ဒါပေမဲ့ သင်္ချာ ဘာသာ ရပ်အတွက် သူတို့အဆင့်က (၁၀)မှာပဲ ရှိတယ်။ နယူးဇီလန်၊ ဘယ်လ်ဂျီ ယံ၊ ပြင်သစ်နဲ့ ကိုရီးယားကလေးတွေရဲ့နောက်မှာ။



ပထမတော့ ကျမကိုယ်ကျမ ပြန်မေးမိတယ်။ ပညာရေးနဲ့ပတ်သက်လို့ ကျမ တို့ကလေးတွေရဲ့အဆင့်က တစ် ဆိုပါတော့။ ဒါက တကယ်ရော အရေးပါရဲ့ လား။ တစ်ဆယ်ဆိုပါတော့။ ဒါဆိုရင် ဘာဖြစ်မလဲ။ ကျမတို့ မူလတန်းကျော င်းသားလေးတွေဟာ အပြည်ပြည်ဆိုင်ရာ စာမေးပွဲစစ်တန်းတွေမှာ အခြေ အနေကောင်းပါတယ်။ ကျေးဇူးတင်စရာက “အဖတ်” မှာပါ။ ကလေးတွေ ကြီး လာပြီး ဆယ်ကျော်သက်အရွယ်ရောက်လာတော့ မှ ပြဿနာေ တွ့ရတော့တာ။
ဒါက သင်္ချာနဲ့ သိပ္ပံဘာသာရပ်တွေမှာပါပဲ။ ဒီတော့ အမေရိကန်ကျောင်းသား (ဆယ်ကျော်သက်) တွေရဲ့ သင်္ချာနဲ့ Critical Thinking က ၂၆ ကိုရောက် သွားပါတော့တယ်။ ဖွံဖြိုးပြီး နိုင်ငံတွေရဲ့ အောက်မှာရှိတယ်။

ကဲ ဒီတော့ ဘာဖြစ်သေးလဲ။

ဆယ်ကျော်သက်ကျောင်းသားတွေရဲ့ အရည်အချင်းက သူများနဲ့ တန်းတူဖြစ် ချင်ဖြစ်၊ သူများအောက်ရောက်တယ်ပဲ ဆိုချင်ဆို ဒါတွေက အမေရိကရဲ့ စီး ပွားရေးအပေါ် ဘယ်လောက်ထိခိုက်မှုရှိနိုင်မှာ မို့လိုလဲ။ ဘာအတွက် စိုး ရိမ်ကြောင့်ကြနေစရာ လိုလို့လဲ။ အမေရိကဆိုတာ ကြီးမားပြီးကျယ်ပြန့် တဲ့နို င်ငံကြီးပဲ။ သူ့မှာအားသာချက်တွေ အများကြီးရှိနေတာပဲ။ သုတေသန လုပ်နေတဲ့ ပထမတန်းစား တက္ကသိုလ်ကြီးတွေရှိတယ်။ သုတေသနနဲ့ ဖွံဖြိုး တိုးတက်မှုအတွက် (R & D) အခြားနိုင်ငံအားလုံးထက်ပိုပြီး ရင်းနှီးမြှုပ်နှံ မှုတွေ လုပ်နေတယ်။
စီးပွားရေး အကြီးအကျယ် စလုပ်တော့မယ်ဆိုရင်လည်း အမေရိကမှာ စတာ ဟာ အခြားနေရာတွေမှာ စတာထက် အခွင့်အလမ်း အများကြီး ပိုရှိတယ်။ အလုပ်ကြီးပိုရှိတယ်။ အလုပ်ကြိုးစားမှုနဲ့ အခြားလျှပ်စစ်မီးစတာတွေ ပြည့်စုံ မှုတွေ အမေရိကမှာ အမြဲတန်းရှိနေတာပဲ။

ဒါပေမဲ့ …

သတင်းထောက်တစ်ယောက်အနေနဲ့ အခြားနေရာတွေ ရောက်တဲ့ အခါမှာေ တာ့ ကမ္ဘာဟာ အများကြီး ပြောင်းလဲနေပြီဆိုတာ တွေ့လိုက်ရပါတော့တယ်။ ဒီအခါမှာ ကျမသဘောပေါက်လိုက်တာက ကလေးတွေ အထက်တန်း ပညာရေးမဆုံးခင်အထိ ပညာသင်ကြားခဲ့ရတဲ့ ရက်ပေါင်း နှစ်ထောင့်သုံးရာ (၂၃၀၀) ဟာ အရင်ကထက် ပိုပြီး အရေးကြီးလာနေပါလားဆိုတာပဲ။

ဥက္ကလာဟိုးမားမှာရှိတဲ့ မက်ဒေါ်နယ်ဆိုင်က CEO က ဒီခေတ် အလုပ် သဘောတွေကို ကောင်းကောင်းကိုင်တွယ်ဖြေရှင်းနိုင်တဲ့ အမေရိကန် အလု ပ်သမား အလုံအလောက်ရဖို့ ရှာရခက်နေပြီ ဆိုတဲ့အကြောင်း ကျမကိုပြောပြ ပါတယ်။ မုန့်ဖုတ်၊ စက္ကူပုံးထဲထည့်ဆိုတဲ့ခေတ်က ကုန်သွားပြီ။ သူမ (စီအီးအို) လိုတာက စာကောင်းကောင်းဖတ်နိုင်သူတွေ၊ ပြဿနာကို ကြည့် ပြီးဖြေရှင်းနိုင်သူတွေ၊ တစ်ခုခုဖြစ်ပြီဆိုရင် ကာစတန်မာနဲ့ကောင်းကောင်း စကားပြောနိုင်သူတွေတဲ့။ သူတို့လိုအပ်တဲ့ အရည်အသွေးမီ အလုပ် သ မားတွေ အရေအတွက်ကို ဥက္ကလာဟိုးမား အထက်တန်းကျောင်းတွေ ၊ ကောလိပ်တွေက မွေးထုတ်မပေးနိုင်တော့ဘူး။

နိုင်ငံပေါင်း (၈၂) နိုင်ငံက ရုံးတွေကို လည်ပတ်ဖို့ ဝန်ထမ်းရှာဖွေရာမှာ အရောင်းဝန်ထမ်းကို ရှာဖွေရတာဟာ အခက်ခဲဆုံးဖြစ်တယ်လို့ အလုပ် သ မားရေးရာထိပ်တန်းအရာရှိတစ်ယောက်က ပြောပါတယ်။ ဟိုးအရင်က အရောင်းဝန်ထမ်းတစ်ယောက်ဟာ ခပ်တည်တည်နဲ့ ပစ္စည်းရောင်းပေးရင် ရပြီ။ ဒါပေမဲ့ ဒီနေ့အရောင်းဝန်ထမ်းတစ်ယောက်ရဲ့တာဝန်ဟာ ပိုပြီး ရှုပ်ထွေး လာတယ်။ ဒါကလည်း ကုန်ထုတ်လုပ်မှုနဲ့ စီးပွားရေး သဘောတရားတွေက ပိုပြီးရှုပ်ထွေးလာနေလို့ပါ။ သတင်းအချက်အလက်တွေကလည်း အလွယ် တ ကူ ရရှိနိုင်တော့ ကာစတန်မာတွေ ကိုယ်တိုင်ကလည်း ဒီသဘောတရားတွေ ကို သိလာနေကြပါတယ်။ ဒီတော့ အရောင်းဝန်ထမ်းတစ်ယောက်ဟာ ကာစ တန်မာကို ဆွဲဆောင်နိုင်မယ့် ပစ္စည်း အသစ်အဆန်း တွေနဲ့ သူတို့ရောင်း ချနေတဲ့ ပစ္စည်း တွေအကြောင်းကို အင်ဂျင်နီယာတစ်ယောက်နီးပါး သိနေမှ အဆင်ပြေနိုင်ပါတော့တယ်။ နောက်ပြီး ကြုံတွေ့နေရတဲ့ လတ်တလောပြဿ နာက သိပ်မစွံလှတဲ့ ပညာရေး ကပင် တော်တော်ကြီးအရေးပါနေတဲ့ အချက် ပါပဲ။
အထက်တန်းအောင် ဒီပလိုမာမှ မရရင် နယူးယောက်မှာ အမှိုက်သိမ်း သူေ တာင် မဖြစ်နိုင်၊ ရေတပ်တဲ့တောင် ဝင်လို့မရဖြစ်နေပါတယ်။ ဒါသာဖြစ် တယ် ၊ ကျောင်းသားလေးယောက်မှာ တစ်ယောက်က စာသင်ခန်းထဲကထွက်ပြီး စာသင်ခန်းထဲပြန် မ ဝင်တော့တဲ့ ပြဿနာကလည်း ရှိနေဆဲပါ။
သိပ်မကြာသေးတဲ့ကာလတုန်းကပဲ အထက်တန်းကျောင်းပြီးသူ အရေ အ တွက်မှာ ဘယ်နိုင်ငံမှ အမေရိကထက်မသာဘူး။ ၂၀၀၉ ခုရောက်လာေ တာ့ နိုင်ငံပေါင်း (၂၀)လောက်က အမေရိကကို ကျော်တက်လာနေခဲ့တယ်။ အသိပညာဟာ ပိုပိုပြီးအရေးပါလာနေတဲ့ခေတ်ကြီးထဲမှာ ကျမတို့ဆီက ကလေးတွေက ဘာကြောင့် အသိပညာတွေ လျော့ပါးရင်း လျော့ ပါး လာနေရပါသလဲ။ သူတို့ကလေးတွေလောက် ဘာဖြစ်လို့ အသိပညာ မကြွယ် ဝ ဘဲရှိနေသင့်ပါသလဲ။

ဒီအတွက် အပြစ်ပုံချစရာတွေက လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ခြင်းလား၊ ဆင်းရဲမွဲတေမှုလား၊ ကျယ်ပြန့်ကြီးမားလွန်းတဲ့ ပထဝီကြောင့်လား။ အလုပ် မဖြစ်တဲ့ပေါ်လစီတွေကြောင့်လား။ နိုင်ငံရေးသမားတွေကြောင့်လား၊ မိဘတွေကြောင့်လား။

ကျမတို့ပြောနေကြတာက အမေရိကဟာ ခရီယေးတစ်ဖြစ်တဲ့ ကလေးတွေ ကို မွေးထုတ်ပေးရာဖြစ်တယ်။ ကျမတို့ကလေးတွေဟာ လျှပ်စစ် အင်ဂျင်နီ ယာ ပညာမှာ ထိပ်တန်းမရှိရင်နေမယ်။ ရဲရဲဝင့်ဝင့် ပြောရဲဆိုရဲရှိတယ်။ တည် ထွင် ဆန်းသစ်ရဲတယ်။ ဖြစ်နိုင်ခြေမှန်သမျှထဲမှာ အကောင်းဆုံးဖြစ်အောင် လုပ်ပြနိုင်တယ်။ ဒီလိုပါ။
ဒါပေမဲ့ ဒါဟာမှန်ပါတယ်လို့ ကျမတို့ဘယ်လိုလုပ် သိနိုင်ကြပါမလဲ။

စနေဘောလုံး


အဲဗာတန် ၃၊ လီဗာပူးလ် ၃

တော်တော်ကောင်းတဲ့ပွဲပါပဲ။ ခက်တာက (ကြံကြံဖန်ဖန်) ကွမ်းယာ ထွက်ယာ လိုက် ဂိုးသွင်းလိုက်ဖြစ်နေလို့ ခြောက်ဂိုးမှာ တစ်ဂိုးမှ လိုက်ဗ် မကြည့်လိုက်ရ ဘူး။
အာဆင်နယ် အသက်ရှူချောင်ချောင်နဲ့ အနိုင်ကစားသွားမယ့်ပုံပါပဲ။ ပုံမှန် ပွဲချိန်ထက် ၁၅ မိနစ် နောက်ကျမယ်ဆိုပဲ။

လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် (၅)


မေး ။ ။ ကွန်မြူနစ်ပါတီရဲ့ သီအိုရီသမားတွေကတော့ သူတို့ဟာ အခု ပါတီ တွင်း ဒီမိုကရေစီကို စတင် ကျင့်သုံးနေပြီ၊ ဒီကနေတဆင့် ဆက်တက် မယ် လို့ ကြွေးကြော်နေကြတယ်။ သူတို့စကားတွေ တကယ် ဖြစ်လာမယ်လို့ ထင် ပါသလား။

ဖြေ ။ ။ ရွေးကောက်ပွဲကို သူတို့ လက်ခံလာကြလိမ့်မယ်။ ဒါပေမဲ့ သူတို့ တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေ ကြားမှာပဲ ရွေးကောက်လို့ ရမယ်။ အဲဒါ ပါတီတွင်း ဒီမိုကရေစီပဲ။

မေး ။ ။ ဒါဆို နောက်ထပ် ခြေလှမ်းက ဘာဖြစ်မလဲ။

ဖြေ ။ ။ ဒါတော့ ငါလည်း မသိဘူး။ တရုတ်ပြည်မှာ လွတ်လပ်တဲ့ ရွေးေ ကာက်ပွဲ ဖြစ်လာမယ်လို့တော့ မထင်မိဘူး။ သမိုင်းမှာလည်း မရှိခဲ့ဖူးဘူး။ “ကျွန်တော့်နာမည် ဂျင်မီကာတာပါ။ ကျွန်တော် သမ္မတရာထူး အရွေးခံပါ မယ်” ဆိုတာမျိုး တရုတ်ပြည်မှာ ကြားကော ကြားဖူးလို့လား။

မေး ။ ။ ထိုင်ဝမ်မှာတော့ ဒါမျိုး ဖြစ်ခဲ့ဖူးတာပဲ။

ဖြေ ။ ။ ထိုင်ဝမ်က နိုင်ငံ ငယ်ငယ်လေး။ လူဦးရေ (၂၃) သန်းပဲ ရှိတယ်။

မေး ။ ။ ဒီတော့ အမှန်တကယ် လိုအပ်နေပြီဆိုတာတောင် လူတစ်ယောက် မဲတစ်မဲစနစ် တရုတ်ပြည်မှာ ဖြစ်မလာနိုင်ဘူးလို့ ဆိုလိုတာလား။

ဖြေ ။ ။ မထင်မိဘူး။ ကျေးရွာအဆင့်၊ ခရိုင်အဆင့်မှာတော့ ဒါမျိုး ဖြစ်လာနို င်မယ်။ ဒါပေမဲ့ ထိပ်တန်း အုပ်ချုပ်ရေးရာထူး၊ အစိုးရနဲ့ ပါတီရဲ့ အတွင်းရေး မှူး ရာထူးနေရာတွေ အတွက်တော့ ဒါမျိုး ဖြစ်လာမယ် မထင်ဘူး။

မေး ။ ။ ထိပ်တန်းအဆင့်က အရာရှိကြီးတွေ သဘောထားချင်း မတိုက် ဆိုင်လို့ ကွဲသွားတာမျိုးရော မဖြစ်နိုင်ဘူးလား။ ဝမ်ကျားပေါင် ရာထူးရှိနေစဉ် တုန်းက သူဟာ နိုင်ငံရေး ပြုပြင်ပြောင်းလဲလိုသူ တစ်ယောက်အနေ နဲ့ တွေ့ မြင်ခဲ့ရတယ်။ ဒီမိုကရေစီနဲ့ တရုတ်တို့ စရိုက်တွေ အကြောင်းတောင် သူ ပြောပြနေသေးတယ်။

ဖြေ ။ ။ ဒါပေမဲ့ သူက နံပါက်တစ် မဟုတ်ဘူး။ နံပါက်သုံးအဆင့်ပဲ ရှိတယ်။ နံပါက်သုံးအဆင့်က ဒါမျိုး ပြောတယ်ဆိုတာကလည်း ကောင်းတဲ့အချက်ပါပဲ။ အဲဒီတုန်းက ကျန်ဇီမင်းက အာဏာကို ကိုင်ထားတုန်းပဲ။ သူတို့ ထိပ်တန်းအ ဆင့် အရာရှိကြီးတွေကြားမှာ ဝမ်ကျာင်းပေါင်နဲ့ သဘောထား တိုက်ဆိုင်တာ ဆိုလို့ တစ်ယောက်စ နှစ်ယောက်စပဲ ရှိမယ် ထင်တယ်။ သူတို့အားလုံးဟာ စေ့စေ့စပ်စပ် ရွေးချယ်ခံထားရတဲ့ လူတွေချည်းပဲ။ ဟုတ်ပြီ၊ ဒီစနစ်ဟောင်းကို စွန့်ပြီး လူထုအကြိုက် လိုက်ကြစို့လို့ ပြောကြလိမ့်မယ် ထင် သလား။ ရွေးကောက်ပွဲဆိုတာ တစ်ယောက်ယောက်က ဝင်ပြိုင်ပြီး မထင် မှတ်ဘဲ နိုင်သွားတာမျိုးတွေ ရှိတတ်တယ်။ ဒါမျိုး သူတို့ လုပ်ကြမှာ မဟုတ် ပါဘူး။

မေး ။ ။ စင်္ကာပူရဲ့ နိုင်ငံရေး ပုံသဏ္ဍာန်ကို သူတို့ စိတ်ဝင်စားကြတယ် မဟုတ်လား။

ဖြေ ။ ။ ကြိုက်တာလေးတွေ ရွေးယူဖို့ တစ်ကမ္ဘာလုံးက ပေါ်လစီတွေကို သူတို့ စိတ်ဝင်စား ကြပါတယ်။ ဒါပေမဲ့ သူတို့မူဝါဒထဲ ဘယ်လိုလုပ် အံဝင် ခွင်ကျ ရှိနိုင်ပါ့မလဲ။

မေး ။ ။ စင်္ကာပူက လူတစ်ယောက် မဲတစ်မဲ စနစ်ပဲ။

ဖြေ ။ ။ သူတို့ ဒီလို လုပ်မယ်လို့ မထင်မိဘူး။ မင်းတို့ရော ထင်နေလို့လား။ သူတို့ နိုင်ငံကြီးရဲ့ ပမာဏကိုလည်း ကြည့်ဦးလေ။

မေး ။ ။ ဒါဆိုရင် စင်္ကာပူ နိုင်ငံရေး ပေါ်လစီတွေထဲမှာ ဘယ်လို အချက်ေ တွကို သူတို့က စိတ်ဝင်စားနေတာလဲ။

ဖြေ ။ ။ စင်္ကာပူမှာ အောက်ခြေလူတန်းစားတွေနဲ့ ထိတွေ့ ဆက်ဆံလို့ရ တဲ့ ပြည်သူ့တွေ့ဆုံပွဲ (Meet-the-people-session) လိုဟာကို စိတ်ဝင်စား ကြတယ်။ ပြီးတော့ အောက်ခြေလူတန်းတွေရဲ့ လိုအပ်ချက် စတာတွေကို ငါတို့က သိမြင်နိုင်ကြတယ်။ သူတို့ ဒီနည်းအတိုင်း လိုက်လုပ်ဖို့ အမိန့်တောင် ချမှတ်ထားပြီးပြီလို့ ငါတော့ ယုံကြည်တယ်။ ဒီစနစ် တကယ် အလုပ်ဖြစ်၊ မဖြစ် မသိပေမဲ့ အောက်ခြေလူတန်းစားတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ကိုတော့ သူတို့ လုပ်ဆောင်နေကြပြီ။
ဒါပေမဲ့ ဆောက်လုပ်ရေးကုမ္ပဏီကြီးတွေနဲ့ လယ်သမားတွေရဲ့ ပြဿနာ လိုပါပဲ။ လယ်ယာမြေတွေ သိမ်း၊ တောင်သူတွေကို တန်ရာတန်ကြေး မပေး၊ ဒီပုံစံနဲ့ဆိုရင် ဘယ်လိုလုပ် တရားမျှတမှု ရှိတော့မှာလဲ။

မေး ။ ။ ကွန်မင်တန်သာ တရုတ်ပြည်မကြီးထဲမှာ အာဏာရသွားရင် လူ တစ်ယောက် မဲတစ်မဲစနစ် တရုတ်ပြည်မှာ ဖြစ်လာနိုင်မလား။ ဆွန်ယဲ့ဆင် (Sun Yet-Sen) ကိုယ်တိုင်က အနောက်တိုင်း ဒီမိုကရေစီကို ယုံကြည်ထား တာ ဆိုတော့လေ။

ဖြေ ။ ။ ဖြစ်မလာနိုင်ဘူး။ သူတို့ ဒီမိုကရေစီ ထွန်းကားအောင် လုပ်နိုင်ခဲ့ တယ်ဆိုတာက ထိုင်ဝမ်မှာမို့လို့။ ထိုင်ဝမ်က နိုင်ငံလည်း သေးတယ်။ ပြီးတော့ သူတို့ ရှင်သန်ဖို့ အမေရိကန်ကို မှီခိုနေကြရတာ။ အာဏာရှင်စနစ်ဆိုရင် အမေရိကန်တွေက သူတို့ကို ထောက်ခံပေးမှာ မဟုတ်ဘူး။ ဒါကြောင့် လူ တစ်ယောက် မဲတစ်မဲ စနစ်ကို သူတို့ ကျင့်သုံးနိုင်ခဲ့ကြတာ။

မေး ။ ။ ဒါပေမဲ့ ထိုင်ဝမ်ဆိုရင် ဒီနေ့ ဒီမိုကရေစီစနစ်အတိုင်း သွားနေတာ ပဲ။ ဟောင်ကောင် ဒီလမ်းကို လိုက်နိုင်ဖို့လည်း တစ်ကမ္ဘာလုံးက အကူ အ ညီတွေ ပေးလာကြမယ်။ ဒါတွေက တရုတ်ပြည်မကြီးလည်း ဒီလမ်းစဉ်ကို လိုက်ဖို့ ဖိအားတွေ ကျရောက် မလာနိုင်ဘူးလား။ ထိုင်ဝမ်နဲ့ ဟောင်ကောင်မှာ ရရှိနေတဲ့ အခွင့်အရေးမျိုးတွေ ရရှိဖို့ ပြည်မကြီး ထဲက လူထုကလည်း အစိုးရကို ဖိအားတွေ ပေးလာနိုင်တာပဲ မဟုတ်လား။

ဖြေ ။ ။ အေးလေ၊ လူထုကတော့ ဒါမျိုးတွေကို တောင့်တနေမှာပေါ့။ ဒါပေ မဲ့ ဘယ်လိုလုပ် သူတို့က အစိုးရအပေါ် ဖိအားပေးနိုင်မှာလဲ။ သူတို့ကိုယ်တိုင် ကရော မဲပေးခွင့် ရနေလို့လား။ တော်လှန်ရေးပုံစံနဲ လက်ရှိအစိုးရကို ဖြုတ် ချမှာလား။ ထိပ်ပိုင်းက လူတွေက အာဏာကို လက်လွှတ်ခံမယ်လို့ ငါတော့ မထင်မိပါဘူး။ ပြည်မကြီးထဲက တရုတ်လူထုကိုယ်တိုင်ကလည်း လူတစ်ေ ယာက် မဲတစ်မဲ စနစ်နဲ့ သမ္မတတစ်ယောက်ကို ရွေးချယ် တင်မြှောက်နိုင် မယ်လို့ ယုံကြည်ထားကြမယ် မဟုတ်ပါဘူး။ ဒီစနစ်က တကယ့်လက်တွေ့မှာ အလုပ် မဖြစ်နိုင်ပါဘူး။

မေး ။ ။ ဘာကြောင့် မစ္စတာလီက ဒီလို ထင်မြင်မိတာလဲ။

ဖြေ ။ ။ ၁.၃ ဘီလီယံ လူထုကြီးဆီက တစ်ဦးချင်းရဲ့ ဆန္ဒကို ဘယ်လို လုပ် ကောက်ယူလို့ ရနိုင်မလဲကွာ။

မေး ။ ။ အိန္ဒိယမှာ ဒီလိုပဲ လုပ်နေတာ မဟုတ်လား။

ဖြေ ။ ။ အင်း၊ ဟုတ်ပါတယ်။ ဒါပေမဲ့ မတူညီတဲ့ အကြောင်းတွေကြောင့် ပဲဆိုဆို အိန္ဒိယရဲ့ အကျိုးရလဒ်ကလည်း မစွံလှဘူးလေ။



လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်(၁)
လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် (၂)

လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် (၃)

လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် (၄) 

**သင်္ခန်းစာ ကွာဟမှု (Education Gap)**


သမ္မတကြီးတစ်ဦးသည် ရွေးကောက်ပြီး ပါတီပြိုကွဲကာ တစ်ဦးတည်း ထွက်ပြေးတိန်းရှောင်နေရသည်။ သူ (ပုံပြင်ဟောင်းထဲမှာ) သိထားသည်က သူ သုဿာန်ပျက်ထဲက လိုင်ဂူတစ်ဂူထဲဝင်ကာ ပုန်းအောင်းနေရမည်။ ပြီး လျင် အပေါ်ကိုမော့ကြည့်ရမည်၊ အပေါ်ကိုမော့ကြည့်ခိုက် အိမ်ဖွဲ့နေသော ပင့်ကူတစ်ကောင်ကို တွေ့ရမည်။ အိမ်ဖွဲ့နေသော ပင့်ကူက ခဏခဏ ပြုတ် ကျ၊ ခဏခဏ ပြန်တက်ရင်း မနေမနားကြိုးစားသည်၊ နောက်ဆုံး ပင့်ကူအိမ် ကြီး အပြီးတည်ဆောက်နိုင်သည်။ ဒါကို ကြည့်ရင်း သင်္ခန်းစာရအောင် ယူရ မည်၊ နောက်ဆုံး စိတ်ဓာတ်တွေ တက်ကြွလာပြီး ပါတီကိုပြန်လည်စုစည်းကာ အတိုက်အခံပါတီကို ချေမှုန်းပြီး နိုင်ငံကိုပြန်လည်သိမ်းပိုက်ယူရမည် ဖြစ်သည်။ ပုံပြင်ဟောင်းထဲကအတိုင်း သူလိုက်လုပ်ပါသည်။ သို့သော် ပင့်ကူက ပင့် ကူ အိမ်တည်ဆောက်လို့သာပြီးသွားသည် သူ့မှာ သင်္ခန်းစာဆိုလို့ ဘာမှ မရ လိုက်သလို ဘာစိတ်ဓာတ်ခွန်အားမှလည်း မရလိုက်ပေ။ သမ္မတကြီး တော်တော်ကြေကွဲသွားသည်။

ထို့ကြောင့် ခြေဦးတည့်ရာလျှောက်သွားနေမိတော့သည်။ အချိန်မည်မျှကြာ သွားသည် မသိ။ အင်တာနက် ကဖေးဆိုသော ဆိုင်တစ်ဆိုင်ကို တွေ့လိုက်ရ သဖြင့် သင်္ခန်းစာရလိုရငြား ဆိုင်ထဲဝင်သွားလိုက်မိ သည်။
ထိုဆိုင်ထဲမှာ လူငယ်တစ်ယောက်က သူ့ ဖေစ်ဘုတ်ပေါ်မှာ ပုံလေးတစ်ပုံ တင်ဖို့ကြိုးစားနေလေသည်။ သမ္မတကြီးက ကောင်ကလေး ဘာလုပ်နေ သည်ကို အတိအကျမသိသော်လည်း တစ်ခုခုကို ကြိုးစားနေမှန်းတော့ သိသည်။
ထို့ကြောင့် စိတ်ဝင်စားစွာ ကောင်ကလေးနှင့် သူ့ရှေ့ကစက်လေးကို ကြည့်နေမိသည်။ ထိုစက်လေးပေါ်ရှိ အစိမ်းရောင်အဝိုင်းလေးက စိတ်ရှည် လက်ရှည် လယ်နေတာကိုလည်းတွေ့ရသည်။ တစ်ခါတစ်ခါ စိတ်မရှည်တော့ ဟန်ဖြင့် အစိမ်းရောင်အဝိုင်းလေး ပျောက်သွားပြန်သည်။ ကောင်ကလေး က ခေါင်းကုတ်သည်၊ တက်ခေါက်သည်၊ သမ္မတကြီးကို လှည့်ကြည့်သည်။ ပြီး... ပြန်ကြိုးစားသည်။ အစိမ်းရောင်အဝိုင်းလေးက ပျေက်သွားလိုက် ပြန်ပေါ်လာလိုက်ပင်။ အကြိမ်ရေ မည်မျှရှိသွားသည်မသိ၊ နောက်ဆုံး ကောင်ကလေးက "ရေး" ဟု အော်လိုက်သည်။ ထိုအခါ သူ့ရှေ့က ကစက်လေးပေါ်မှာ ပုံလေးတစ်ပုံေ ပ်ါလာတာကို သမ္မတကြီးကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရတော့ သည်။

ပင့်ကူတစ်ကောင်ဆီက ဘာမှ မရလိုက်သော သမ္မတကြီးသည် မြန်မာပြည် အင်တာနက် ကဖေးဆိုင်ထဲမှ လူငယ်လေးတစ်ယောက်၏ ဇွဲနှင့် စိတ်ရှည် မှုကို သင်္ခန်းစာယူကာ "ငါလည်း ဘာလို့မဖြစ်နိုင်ရမှာလဲ" ဟု မာန်သွင်းကာ ကြိုးစားလေတော့သည်။
သူ နိုင်၊ မနိုင်ကိုတော့ ယခု ပုံပြင်သစ်ပြီးချိန်အထိ မသိရသေးပါ။ သိရလျှင် ပုံပြင်ကို ဆက်လက်ဖော်ပြပါမည်။

မစ်ရှင်း အင်ပေါ်စီဘယ်လ် (Mission impossible)


သမ္မတ ဂျော့ဂ်ျ ဘုရှ်လက်ထက်မှာ အီရတ်ကို ဒီမိုကရေစီဇာတ်သွင်းပေးမယ် ဆိုတော့....
"ဘုရား ဘုရား၊ မေဖလားဝါးခေတ်အထိပြန်ကြည့်ရင်တောင် နှစ်ပေါင်း လေး ရာ (၄၀၀) ပဲ သမိုင်းရှိသေးတဲ့ လူ့အဖွဲ့အစည်းက နှစ်ပေါင်း လေးထောင် (၄၀၀၀) ကျော်သမိုင်းရှိတဲ့ လူ့အဖွဲ့အစည်းဟောင်းကို ပြောင်းလဲပေးမလို့ တဲ့" လို့ ဘုရားတလိုက်မိပါသေးတယ်။




သူတို့က အီရတ်မှာ....
၁။ ချက်ချင်းကြီး တူတူတန်တန် အစိုးရတစ်ခု ပေါ်ပေါက်လာစေချင်တယ်။
၂။ ခေတ်ဟောင်းစိတ်နဲ့ လူတွေထဲ ဒီမိုကရေစီဇာတ် စွဲသွင်းပေးခဲ့ချင်တယ်။
(၁) က မဖြစ်နိုင်သလောက်နည်းပါး။
(၂) က လုံးဝကို မဖြစ်နိုင်ဘူး။

(လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်၊ လီကွမ်းယု)

စင်္ကာပူမှ ရင်ဖွင့်လိုသူများ



" နိုင်ငံခြားရောက်အလုပ်သမားများ အခွင့်အရေး (Migrant workers' right)" ဆိုင်ရာ ဥရောပအခြေစိုက် NGO အဖွဲ့မှ တာဝန်ရှိသူတစ်ယောက်က စင်္ကာပူမှာ ရောက်ရှိနေကြသည့် မြန်မာအလုပ်သမားများ၏ ကြုံတွေ့ရင်ဆိုင်ေ နရသော အခက်အခဲများကို တွေ့ဆုံမေးမြန်းကြည့်ချင်သည်ဟု သိရပါသည်။ WP (Work Permit) ကိုင်ဆောင်ထာသူ သုံးလေးယောက်ခန့်ကို တွေ့ဆုံလို တာဖြစ်ပြီး S-pass ကိုင်ဆောင်ထာသူးများလည်း ဖြစ်နိုင်သည်ဟု သိရပါ သည်။
ထို့ကြောင့် မိမိတို့ ခံစားချက်များကို ရင်ဖွင့်လိုကြပါလျင် ဦးတင်မောင်ဝင်း၊ ဖုန်း (၆၅) ၉၇၅၇ ၇၆၄၁ ကို ဆက်သွယ်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။

တွေံဆုံရမည့်ရက်မှာလာမယ့် တနင်္ဂနွေနေ့ပါတဲ့။

အလုပ်ခွင်မှာ အရက်သောက်ခွင့် ပြုသင့်ကြောင်း အချက် ၂၀


(Rated PG၊ အသက် ၆၅ နှစ် အောက် လူငယ်များ မဖတ်သင့်)

၁။ အရက်သည် စိတ်ဖိစီးမှုကို လျော့ပါးစေသည်
၂။ ပို၍ ပွင့်လင်းရိုးသားသော ဆက်ဆံမှုရရှိစေရန် အထောက်အကူ ဖြစ်စေ သည်။
၃။ အစားအစာအတွက် သီးသန့် အချိန်ပေးစရာ မလို၊ လက်တစ်ဖက်က ပုလင်း၊ ခွက်၊ ဂျားစသည် ကိုင်ထားရင်းလည်း အလုပ် ဆက်လုပ်နိုင်သည်။
၎။ အလုပ်သမားများက မန်နေဂျာကို သူတို့ ထင်မြင်တာကိုပဲ ပြောသည်၊ မန်နေဂျာကြားချင်တာကို မပြော။
၅။ အေးလွန်းသောနိုင်ငံများတွင် အပူပေးစစ်စတန်အတွက် ကုန်ကျငွေေ လျှာ့ချနိုင်သည်။
၆။ ကားစက်မနိုးလို့ တွန်းစရာရှိလျှင် တွန်းအားကို ပိုကောင်းစေသည်။
၇။ အလုပ်အပေါ် မကျေမနပ်ဖြစ်မှုကို လျှော့နည်းစေသည်။
၈။ အလုပ်ခွင့်ရက်ကို တိုစေသည်။ (အလုပ်ခွင်ထဲ ပြန်ဝင်လာဖို့ စိတ်အား ထက်သန်ကြသောကြောင့်)
၉။ အလုပ်သမားအချင်းချင်းကြည်ရာမှာလည်း အရင်လောက် အရုပ်မဆိုး ကြတော့။
၁၀။ အလုပ်သမားများ အလုပ်လုပ်ချိန် ပိုတိုးလာသည်။ (အလုပ်လုပ်အပြီး "ဘား" မှာသွားထိုင် အချိန်ဖြုန်းစရာ မလိုတော့)
၁၁။ အလုပ်ရုံထဲမှာ ရှိသည့် ဆိုင်က အစားအစာများ ပိုပြီးအရသာရှိလာသည်။
၁၂။ ယုံကြည်မှု၊ အမြင်များနှင့် ပတ်သက်ပြီး လူတိုင်းကို ပို၍ လွတ်လွတ် လပ်လပ် ရှိလာစေသည်။
၁၃။ နှစ်ခွက် သုံးခွက်လောက်သောက်ပြီး အလုပ်လပ်ရတာ ပိုကောင်းလာ တယ်ဟု လူတိုင်း သဘောတူကြသည်။
၁၄။ နေ့လယ်စာထွက်စားရင်း တစ်ခွက် တစ်ဖလားမော့တတ်သည့် အကျင့် ဆိုးမှ ကင်းပျောက်စေနိုင်သည်။
၁၅။ အဝတ်အစား မလုံ့တလုံနဲ့ ဘော့စ်ကို တွေ့ရဖို့ အခွင့်အလမ်း ပိုရရှိနိုင် သည်။
၁၆။ ဆိုဗီယက်ပြည်ထောင်စုမှ ကွဲထွက်သွားသည့် နိုင်ငံအားလုံးနှင့် နိုင် ငံခြားဆက်ဆံရေး ပိုမိုကောင်မွန်လာနိုင်သည်။
၁၇။ အလုပ်သမားများအတွက် ကော်ဖီ ဘရိတ် ပေးစရာမလိုတော့။
၁၈။ copy machine ပေါ် တက်ထိုင်တာကို ရိုင်းတယ်လို့ ဘယ်သူကမှ မထင်တော့။
၁၉။ လစာနည်းမှုကြောင့် ကွန်ပလိန်းတက်ခြင်း လျော့နည်းသွားမည်။
၂၀။ အထူးသဖြင့် အရက်စော်နံလိုက်တာ လို့ တစ်ယောက်နဲ့ တစ်ယောက် နှာခေါင်းရှုံ့နေစရာ မလိုတော့။

(မစ္စတာကူးပါး (ဗြိတိသျှ ဟာသပညာရှင်ကြီး) များများ၊ ကျနော် နည်း နည်းရောစပ်ပြီး တိုက်လိုက်တာပါ)

နှစ်သက်မိတဲ့ ကဗျာ


ခုန်ချသူ

မနေ့တစ်နေ့ကမှ
ကိုယ့်လေထီးကိုယ် ပြန်စစ်ကြည့်လိုက်တယ်
ကျွန်တော့်လေထီးက ဖွင့်လို့မှ မရတော့ဘဲ။

လေထဲမှာပဲ အေးအေးဆေးဆေး နေလိုက်တယ်
မြေပြင်ပေါ် မရောက်သရွေ့တော့
ကျွန်တော် သေဦးမှာ မဟုတ်ပါဘူး။။

(ရင်နင့်အောင်၊ ပိတောက်ပွင့်သစ်၊ အမှတ် ၅၃)

လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် (၄)


(အမေး အဖြေ)

မေး ။ ။ တရုတ်ပြည်ရဲ့ စီးပွားရေးက ရုတ်တရက်ကြီး တိုးတက်လာပြီး တရုတ်ပြည်ရဲ့ နိုင်ငံရေး ပြောင်းလဲမှုကတော့ တော်တော် နှေးကွေးနေတယ်။

ဖြေ ။ ။ ဒါဆိုရင်တော့ တရုတ်ပြည်ရဲ့ ယဉ်ကျေးမှုနဲ့ သမိုင်းဆီကို ပြန်လှည့် ကြည့်သင့်တယ်လို့ ထင်တယ်။ တရုတ်ပြည်ရဲ့ သမိုင်းမှာ ဗဟိုဌာနချုပ် အားကောင်းနေခြင်းဟာ ငြိမ်းချမ်းမှု တစ်ခုပဲ။ ဗဟိုဌာနချုပ် အားနည်း ရင် ပြဿနာတွေ တစ်ခုချင်တက်ပြီ၊ ဒီလိုပေါ့။ ဒါက ရှေးဟောင်း တရုတ်စစ်သူကြီးတွေရဲ့ ခေတ်ကတည်းက ရှိခဲ့တာ။ လူတိုင်းဟာ သူ့ဥပဒေနဲ့ သူချည်းပဲ။ ဒီ အခြေခံမူကနေ သွေဖီပြီး ကြီးကြီးမားမား ပြောင်းလဲမှုတွေ မြ င်တွေ့လာနိုင်စရာ ရှိတယ်လို့ မထင်မိဘူး။

မေး ။ ။ ဗဟိုအားပြုတဲ့ တရုတ်ပြည်ဆိုတာ ကွန်မြူနစ်ပါတီနဲ့ သံတူကြောင်း ကွဲပဲလား။

ဖြေ ။ ။ လက်ရှိအနေအထားအရဆိုရင် ဒါ အမှန်ပဲပေါ့။ ဒါဆို တရုတ်ကွန်မြူ နစ်ပါတီ ဆိုတာကရော ဘာလဲ။ ဒါက အမည်ပဲကျန်တော့တာ။ သူတို့ ကွန်မြူ နစ် လုံးဝ မဟုတ်တော့ဘူး။ ဒါက တံဆိပ်အဟောင်း၊ ပုလင်းအဟောင်းထဲက ဝိုင်အသစ်လိုပဲ။

မေး ။ ။ ဒါပေမဲ့ နိုင်ငံရေး ပုံသဏ္ဍာန်တွေက မပြောင်းလဲသေးဘူး၊ အရင် အ တိုင်းပဲ။

ဖြေ ။ ။ နိုင်ငံရေး ပုံသဏ္ဍာန်နဲ့ ကွန်မြူနစ်ဝါဒက အပြန်အလှန် တိုက်ခိုက်နေ တာပဲ။ တရုတ်ဆိုရိုးစကားတစ်ခု ရှိတယ်။ တောင်တန်းက မြင့်မားနေရင် အ နားမှာ အင်ပါယာလည်း မရှိဘူးတဲ့။ သူ့တောင်မှာ သူ အင်ပါယာပဲ။ ဒီစနစ် က နှစ်ပေါင်းများစွာကတည်းက တည်ရှိနေခဲ့တာ။

မေး ။ ။ အပြောင်းအလဲတွေ တော်တော်များများ ဖြစ်ခဲ့ပြီးတဲ့နောက်မှာတောင် ဒီစနစ်ကို ပြောင်းလဲဖို့ အချိန် အတော်ယူရဦးမယ်လို့ ယုံကြည်ပါသလား။

ဖြေ ။ ။ အင်း … အခု ဗဟိုအစိုးရက ဟယ်လီကော်ပတာတွေ၊ အင်တာ နက်တွေ၊ ဆဲလ်ဖုန်းတွေ၊ လုံခြုံရေးအတွက် ခေတ်မီပစ္စည်း တပ်ဆင်မှုတွေကို သုံးစွဲလာနေတယ်။ ဒါပေမဲ့ အခြေခံ စိတ်ဓာတ်က ပြောင်းလဲ မလာသေးဘူး။

မေး ။ ။ အနာဂတ် လူငယ်မျိုးဆက်တွေနဲ့ ပတ်သက်လို့ကော ဘယ်လိုလဲ။ သူတို့က သတင်းတွေအားလုံး ရယူနိုင်ကြတယ်။ သူတို့ခေတ် ရောက်ရင် ချိန်ခွင်လျှာ ညီမျှလာမယ်လို့ မထင်မိဘူးလား။ မြို့တွေမှာ ရှိတဲ့ အောက်ခြေ လူတန်းစားနဲ့ လယ်သမားလူတန်းစားတွေကို ကြည့်ရင်ကော ဘယ်လိုလဲ။ သူတို့ကိုယ်တိုင် ဝင်ငွေ မညီမျှမှုတွေကို သိလာပြီး အုံကြွမှုတွေ ဖြစ်လာနိုင် မလား။

ဖြေ ။ ။ ဒီလို အုံကြွမှုတွေ လုပ်ပြီး အောင်မြင်နိုင်မယ်လို့တော့ မထင်ပါဘူး။ ဂွမ်ဒေါင်းပြည်နယ်၊ ဝူကန်ကျေးရွာမှာ အုံကြွမှု ဖြစ်ခဲ့တာပဲ။ ပြည်နယ်ရဲ့ လက်ထောက်အုပ်ချုပ်ရေးမှူး ကိုယ်တိုင်ဆင်းပြီး ပြဿနာကို ဖြေရှင်းေ ပးနိုင်ခဲ့တယ်။ သူတို့မှာ အစွမ်းရှိတဲ့ လူထုလုံခြုံမှုနဲ့ဆိုင်တဲ့ ဝန်ကြီးဌာနတွေ ရှိတယ်။

မေး ။ ။ ဒီအချက်က သူတို့အာဏာ တည်မြဲဖို့အတွက် လျှို့ဝှက်ချက်များ ဖြ စ်နေမလား။ အစိုးရ တော်တော်များများဟာ အာဏာသုံးပြီး သူတို့အာဏာ တည်မြဲဖို့ ကြိုးစားခဲ့ကြတာပဲ။ အထူးသဖြင့် အရှေ့ဥရောပနဲ့ ဆိုဗီယက်ပြ ည်ထောင်စု နိုင်ငံတွေမှာပေါ့။ ဒါပေမဲ့ သူတို့ ကျရှုံးခဲ့ကြတယ်။

ဖြေ ။ ။ တရုတ်ပြည်က အရှေ့ဥရောပနဲ့ မတူဘူး။ အရှေ့ဥရောပဆိုတာက တစ်ခေတ်ဆန်းလို၊ လွတ်မြောက်လို၊ လွတ်လပ်စွာ တွေးခေါ်လိုတဲ့ လူ့အဖွဲ့ အစည်းရဲ့ အစိတ်အပိုင်းထဲမှာ ပါတယ်။ လူတိုင်းကလည်း တီထွင်ကြံဆနိုင် ကြတယ်။ တရုတ်ပြည်က တရုတ်ပြည်၊ သပ်သပ်ပဲ။ ရှေ့မှာ ငါပြောခဲ့သလိုပဲ၊ တရုတ်ပြည်ရဲ့ ယုံကြည်မှုက ဗဟိုက အားကောင်းရင် နိုင်ငံလည်း လုံခြုံေ အးချမ်းတယ်။ ဗဟိုက အားနည်းရင် နိုင်ငံလည်း မလုံခြုံတော့ဘူး။

မေး ။ ။ လာဘ်ပေးလာဘ်ယူ မူဝါဒကနေ လုံးဝ အကျိုးအမြတ် မရရှိနိုင် တဲ့ တောနေ လူတန်းစားတွေက ဒီစနစ်ကြီးကို မခံမရပ်နိုင် ဖြစ်လာ ပြီး ပြောင်းလဲဖို့ ကြိုးစား မလာနိုင်ဘူးလား။

ဖြေ ။ ။ သူတို့က စုစုစည်းစည်း မရှိဘူး။ ဒီတော့ သူတို့က မြို့ပေါ်က လူလတ် တန်းစားတွေထဲကို ဝင်ဆန့်နိုင်ဖို့ပဲ ကြိုးစားကြလိမ့်မယ်။ သူတို့ အနာဂတ်ဘဝ ကို တော်လှန်ရေးသမားတွေအနေနဲ့ သူတို့ မရှုမြင်ကြပါဘူး။ ဒါဆိုပိုပြီး ပြဿ နာတွေ တက်လာမှာပေါ့။ ဒါ့ကြောင့် သူတို့ဟာ မြို့ပေါ်က လူတွေထဲ ဝင် ဆန့်နိုင်ဖို့ပဲ ကြိုးစားကြမှာ ဖြစ်တယ်။

မေး ။ ။ ဒီလူတွေ မြို့ပေါ်က လူတန်းစားတွေထဲ ဝင်ဆန့်လာနိုင်ဖို့ တရုတ်ြ ပည်ရဲ့ လူမှုရေး ဆက်သွယ်မှုက အလုံအလောက် အကူအညီ ပေးထားနိုင် ပါ့မလား။

ဖြေ ။ ။ တရုတ်ပြည်ရဲ့ လူမှုရေး ဆက်သွယ်မှုက အထိုက်အလျောက်တော့ ရှိနေပြီလို့ ထင်တယ်။ သူတို့ ခံစားမှုထဲမှာ ဒါကို ကျေကျေနပ်နပ် ရှိကြပုံတော့ မရဘူး။ ငါ့အတွေ့အကြုံအရ ဗြိတိန်ကို ဥပမာအနေနဲ့ ကြည့်လို့ရတယ်။ မျိုးဆက်တိုင်းဟာ အထက်တန်းလွှာ လူတန်းစားကို မွေးထုတ်ပေးတယ်။ ပြီးတော့ သူတို့က မွေးလာတဲ့ ကလေးတွေကလည်း အထက်တန်းလွှာ အ ချင်းချင်းပဲ အိမ်ထောင်ပြုကြတယ်။ ဒီတော့ သူတို့က မွေးလာတဲ့ ကလေးတွေ ကလည်း မျိုးရိုးဗီဇအလိုက် ထိပ်တန်း ကလေးတွေပဲ ဖြစ်လာကြပြန်တယ်။ တရုတ်ပြည်အနေနဲ့ ဒီအနေအထားကို ရောက်ဖို့ အချိန် အတော် ယူရလိမ့် ဦးမယ်။
စင်္ကာပူအနေနဲ့ကတော့ တိုးတက်လာနေတဲ့ နိုင်ငံရဲ့ ပညာရေးကြောင့် ဒီ အဆင့်ကို ရောက်ဖို့ ခန့်မှန်းထားတာထက် ပိုစောနေလိမ့်မယ်။ ငါတို့ဆီမှာ အပြောင်းအလဲက သိပ်မြန်နေတယ်။ တက္ကစီမောင်းသမားရဲ့ ကလေးက တက္ကသိုလ်ဘွဲ့ရနိုင်တယ်။ တက္ကစီသမားရဲ့ ကလေးနဲ့ လမ်းဘေးဆေးဆိုင်က ကလေး တွေ့ပြီး လက်ထပ်တယ်။ သူတို့က ရလာတဲ့ကလေးက ဗီဇကြောင့်ေ ရာ၊ ပညာရေးစနစ်ကြောင့်ပါ တက္ကသိုလ်ဘွဲ့တွေ ဘာတွေ ရပြီး ထိပ်တန်း အဆင့်ကို တက်လာနိုင်တယ်။ သူတို့ဘဝကို သူတို့လည်း ကျေနပ်ကြတယ်။ ဒီဖြစ်စဉ်က လူ့အဖွဲ့အစည်းတိုင်းမှာ ဖြစ်နေတာပဲ။

အဲဒီအဆင့်ကို ရောက်ပြီးတဲ့နောက် နောက်ဆုံးမှာတော့ မကျေနပ်မှုတွေ ဖြစ် လာကြတတ်ပြန်ရော။ ဒီတော့ အောက်ခြေလူတန်းစားတွေက
“ဟုတ်ပြီ၊ ဖဲ ထုပ်တစ်ထုပ်လုံး ပြန်မွှေပြီး အသစ် ပြန်စကြရအောင်” လို့ ပြောလာကြတော့တာပဲ။
ကွန်မြူနစ် တော်လှန်ရေး ဖြစ်ပေါ်လာခဲ့တာဟာ အဲဒီအတိုင်းပဲ။ ကွန်မင်တန် လည်း ကန်ချတာ ခံလိုက်ရတယ်။ အခု ကွန်မြူနစ်တွေ ခေါင်း ပြန်ထောင် လာတယ်။

လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်(၁)
လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် (၂)

လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် (၃)

ဒေါ်မြရီဆိုတဲ့ မိန်းကလေး


စာဖတ်သူတစ်ယောက်က လက်ဆောင်ပေးလို့ သန့်မြင့်ဦးးရဲ့ စာအုပ်၊ မြနှင်းဆီ ဘာသာပြန်ထားတဲ့ ခြေရာပျောက်မြစ် ကို ကောက်လှန်လိုက်မိတယ်။ လှန်မိတဲ့ စာမျက်နှာက ၄၉၂ ပါ။ ဒီမှာ တွေ့လိုက်ရတာက
"တက္ကသိုလ်ပြီးဆုံးသောအခါ နုက (ဦးနုကို ပြောတာ) သူ့မွေးရပ်မြေမှ ခဲ တစ်ပစ်သာဝေးသည့် ပန်းတနော်သို့ ပြောင်းရွှေ့သည်" ပါ။ "ခဲတစ်ပစ်သာဝေးသည့် ပန်းတနော်သို"့ မှာ ပြုံးလိုက်မိတယ်။ အင်္ဂလိပ် အီဒီယံကို တိုက်ရိုက်ပြန်လိုက်တော့ ပြုံးစရာလေး ဖြစ်သွားတာကိုး။ မြန်မာ့ စာပေမှာလည်း "ခဲတစ်ပစ်" ဆိုတဲ့စကားတော့ ရှိတာပါပဲ။ ဒါပေမဲ့ သုံးစွဲပုံ မတူဘူး။
ဒါနဲ့ ဆက်ဖတ်လိုက်တော့
"ဒေါ်မြရီသည် အေးဆေးပြီး ဘာသာတရားကို ရိုသေကိုင်းရှိုင်းသော မိန်း ကလေးဖြစ်သည်"
ကို ထပ်တွေ့လိုက်ရပါတယ်။
"မိန်းကလေး" လို့ ဆိုချင်ရင်လည်း "ဒေါ်" လေးတော့ ဖြုတ်လိုက်ပါ ဆရာမ ရယ်လို့ ပြောလိုက်မိပါသေးတယ်။ ဆက်တော့ မဖတ်ဖြစ်သေးဘူး။
ဆရာ မောင်သွေးချွန်ကတော့ ဒီ ဘာသာပြန်စာအုပ်ကို တော်တော် ကြီး ဝေဖန်ထား ဆိုပဲ။
"လီကွမ်းယု နားဝင်မချိုထဲ" မှာ အဲသလို ပြုံးစရာလေးတွေတွေ့ရင် စာဖတ် သူတွေကလည်း ကျနော့်ကို လက်တို့ကြပါဦး နော့်။

မော်ဒန်လူ့အဖွဲ့အစည်းအတွက် အန္တရာယ်


အိန္ဒိယက information technology ဆိုင်ရာမှာ အလုပ်လုပ်နေတဲ့ အသက် ၃၂ နှစ်ရှိ လူတစ်ယောက်ဟာ သူ့ကိုလစာတိုးပေးထားတာကို သိလိုက်တာနဲ့ သူ့ဒေါသကို သူ ထိန်းမရဖြစ်သွားခဲ့ရရှာပါတယ်။ ဒါနဲ့ သူ့ဘော့စ်ဆီချက်ချင်း သွားပြီး ကွန်ပလိန်းတက်ပါတော့တယ်။ သူ့ကိုလစာတိုးမပေးသင့်ကြောင်း၊ အရင်လစာအတိုင်းပဲပေးသင့်ကြောင်း အသေအလဲပြောဆိုပါတယ်။ ဒါပေမဲ့ သူ့ဘော့စ်ကလည်း သူ့ကွန်ပလိန်းကို မလိုက်လျောနိုင်ဘူးလို့ ဆိုပါတယ်။ မလိုက်လျောနိုင်ဘူးရင်တော့ သူ့အနေနဲ့ ဝမ်းနည်းစွာ (မလွှဲမလျှောင်သာ ) နှုတ်ထွက်စာတင်ရတော့မှာဖြစ်ကြောင်း ပြောဆိုပြီး နှုတ်ထွက်စာလည်း တကယ်တင်သွားခဲ့ပါတယ်။
အဲဒီနောက်တော့ သူ့ကို စိတ္တဇအထူးကုဆရာဝန်ဆီ ပို့လိုက်ကြပါတော့တယ်။

စိတ္တဇအထူးကုဆရာဝန် Dr Vinod Kulkarni က ဒီကိစ္စဟာ သိပ်ပြီးထူး ခြား တာတော့ မဟုတ်ပါဘူး။ သူ့အနေနဲ့ ဒါမျိုးတွေမကြာမကြာ ကြုံရတတ်ေ ကြာင်း Bangalore Mirror သတင်းစာကို ပြောကြားခဲ့ပါတယ်။
သူ့အတွေ့အကြုံအရ ရာထူးတက်ပေးလိုက်လို့ ဒေါသတကြီးဖြစ်နေရတဲ့ ဘဏ်အရာရှိလည်း ကြုံဖူးကြောင်း၊ သူ ဘာ့ကြောင့် ဒေါသတကြီးဖြစ်နေရ သလဲဆိုတော့ သူ့ထက် လုပ်သက်ပိုရင့်ပြီး အရည်အချင်းလည်းပိုရှိတဲ့ အရာ ရှိတွေက ရာထူးမတက်ဘဲ သူက ရာထူးတက်နေလို့ ပါတဲ့။

ခပ်နောက်နောက်လူတချို့ကတော့ ဒီ စိတ်ဓာတ် (honesty) သာ ပြန့် နှံ့ သွားရင် ခေတ်သစ်လူ့အဖွဲ့အစည်းကို ဒုက္ခလှလှပေးသွားနိုင်တယ် (could destroy modern society) လို့ ဆိုကြပါတယ်။

မျက်ရည်များသမိုင်း


အိုင်အိုစီ အကြီးအကဲက ရိုဟိန်ဂျာတွေကို မြင်ရပြီး မျက်ရည်မဆယ်နိုင် ဖြစ် ရသည်ဟု ဆို၏။ ဂါဇာကမ်းမြှောင်နှင့် လက်ရှိ ဆီရီးယား၊ အီဂျစ်တို့ဆီ ယင်း အကြီးအကဲကြီး မရောက်ဖူးသေးအံ့ ထင်သည်။ အစ္စလာမ်ကမ္ဘာမှာ အေးအေးချမ်းချမ်းရှိသည့် နေရာက အလွန်ပင် ရှားပါးလှ ပါသည်။ ငိုမိသည်ဆိုလည်း ငိုမိသည်ပေပေါ့။ သီဟနာဒနဲ့ သိပ်မဆိုင်လှ။
ဆိုင်သည့်ကိစ္စကို ခပ်နာနာတို့ချင်သည်။

မြန်မာပြည်မှာ ရှိနေသည့် ဗုဒ္ဓဘာသာဝင်များနှင့် တန်ဆောင်းမုန်းလပြည့် ပွဲတော်ကို ငဲ့ကွက်ခြင်း ကင်းစွာ စင်္ကာပူမှာလုပ်သည့် (သီဟိုဠ်မှ လည်လည် ဝယ်ဝယ် ဆရာတော်တစ်ပါး ဦးဆာင်သည့်) ကထိန်သင်္ကန်း ဆက်ကပ် ပွဲ ကို နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့က ဘာကြောင့်များ "ခေါင်" က စပြီး ကြွလာကြပါသနည်း။ ဒီပွဲက သာသနာအတွက် ဘယ်လောက် အရေး ကြီးလို့ အုပ်စုကြီးလိုက် ကြွလာရပါသနည်း (ပြည်တွင်းမှာက ဘာသာရေး ကတောက်ကဆတွေနဲ့)။ ပြည်တွင်းမှာ ပင့်ဖိတ်သူ မရှိခြင်းကြောင့်လား (လုံး ဝ မဖြစ်နိုင်)။ နိုင်ငံခြားဆိုသည်နှင့် သင်္ကန်းရုံပြီး စောင့်နေတော်မူကြခြင်း လား။ ကြွမည်ဆိုလည်း ကိုယ်စားလှယ်လောက်သာ ကြွလာလျှင် အဖွဲ့ အ စည်းသိက္ခာ တက်မလာပေဘူးလား။
လျှောက်ချင်ပါသည်။ စင်္ကာပူအခြေစိုက် သူ့အလုပ်နဲ့သူ၊ စာကြည့်၊ စာသင်၊ စာရေးကိစ္စတို့ဖြင့် မအားမလပ်ရှိနေသော သီရိလင်္ကာ ဆရာတော်ကြီးများပင် ဤမျှ ကော်မာရှယ်ဆန်သောပွဲကို မကြွကြပါ။ သံဃာ့မဟာနာယကအဖွဲ့ဟူသည် သံဃာ့အဖွဲ့အစည်းမှန်သော်လည်း ရုံးသေ ဘာ၊ အစိုးရပေါ်လစီသဘောများ ပါဝင်ပါသည်၊ ဒူးနေရာဒူး တော်နေရာတော် ရှိကို ရှိရပါမည်။ ဥပမာ၊ သမ္မတ သမ္မတချင်းဖိတ်၊ အတွင်းရေးမှူး အတွင်းရေး မှူးချင်းဖိတ် (စသည်) တို့ဖြစ်ပါသည်။ (ချွင်းချက်တော့ ရှိပါသည်)။ သာမန် ရဟန်းတစ်ပါးက ပင့်ဖိတ်မှုအများထဲမှ တစ်ခုကိုရွေးပြီး နှစ်သက် သလို ကြွနို င်သော်လည်း အဖွဲ့အစည်းထဲမှာဆိုလျှင်တော့ အဖွဲ့အစည်းကျင့်ဝတ် ရှိနေ လျင် သိက္ခာပိုရှိနိုင်ပါသည် (နိုင်ငံခြားကဆိုတိုင်း ပင့်တိုင်းတော့မကြွ ဟူလို)

ယခုမူ....... ။
ခိုင်လုံသော သတင်း (ကံမကောင်း အကြောင်းမလှစွာ) ရရှိခဲ့ရပါသည်။
ဆရာတော်တစ်ပါးက နံနက်စောစော ဟိုတ်တယ်မှ ထ၊ လမ်းလျှောက်။ အပြန်လမ်းကို မမှတ်မိ။ လျှောက်။ တောင်ရောက် မြောက်ရောက်။ နံနက်စောစော။
တက္ကစီသမားက မြန်မာဘုန်းကြီးမှန်း သိ။ မေးလို့လည်း ဘာမှ ပြန်မဖြေ တတ်။ သို့ဖြင့် မြန်မာကျောင်းကြီးရှေ့ စေတနာဖြင့် ပို့ပေးထားခဲ့။ ကျောင်း တံခါးကြီးက မဖွင့်သေး။ စီစီတီဗွီ။ နံနက်စောစော။
သို့ဖြင့် လျှောက်မိလျှောက်ရာ လျှောက်။ စီစီတီဗွီ။ ကင်းလှည့် စင်္ကာပူ ရဲ ကားနဲ့တွေ့။ ရဲစခန်းခေါ်သွား။ (သည်းခံပါလော၊ စကားမှားသွားသည်၊ ရဲစခန်းကို ပင့်သွား) ရဟန်းတုများအကြောင်း သတင်းစာမှာ ပါထားတာ မကြာသေး။ နံနက်စောစော။ စီစီတီဗွီ။
ရဟန်းတစ်ပါးကို ရဲကဖုန်းဆက်၊ အာမခံဖြင့်ထုတ်ဖို့ပြော၊ ရဟန်းကလည်း မသိဘဲ အာမ မခံရဲ။

သို့ဖြင့် သို့ဖြင့်
နောက်ဆုံး ထိုဆရာတော်များကို ပင့်ဖိတ်ထားသည့် အဖွဲ့က အာမခံဖြင့် လာထုတ် (ပင့်) သွားသတတ်။
ထိုသို့ ကြုံတွေ့လိုက်ရသော၊ ပြည်တွင်းက တန်ဆောင်တိုင်ပွဲတော်ကို မကြွရောက်နိုင်ခဲ့သော အဖွဲ့ကြီးထဲမှ တစ်ပါး အပါအဝင်ဖြစ်သော ၎င်း ဆရာတော်သည် နိုင်ငံတော်အဆင့် သံဃာ့မဟာနာယကအဖွဲ့၌ ထိပ်တန်း အတွင်းရေးမှူးရာထူးထက် မနိမ့်သောရာထူး ရှိသည်ဟုဆိုပါလျှင် သင် မျက်ရည်ကျပါမည်လား။ သင့် မျက်ရည် ကျ မကျကလည်း သီဟနာဒနဲ့ မဆိုင်လှပါ။
သီဟနာဒ



ဆေးပေါင်းခ နေ့


အဇာတသတ် လူဖြစ်ခွင့် လွဲမှန်းသိတဲ့နေ့
ပွင့်မယ့်ပန်း တကယ်မှန်ရင်တော့
ခပ်လှမ်းလှမ်းက ပွင့်ပစ်လိုက်ပေါ့
သံသရာက မမြင်ချင်လောက်အောင် ရှည်တာပဲ
နည်းနည်းနောက်ကျတာက လွဲရင်။

စီးပွားရေး လုပ်ရခက်တဲ့ နိုင်ငံ


ရဟန်းနှင့် စီးပွားရေးမဆိုင်လှသော်လည်း ဆိုင်သလောက်လေးတော့ ပြောပြ ချင်ပါသည်။ ကဆုန်လပြည့် ဗုဒ္ဓနေ့ (Wesak Day) ကာလဝန်းကျင်၌ စင်္ကာပူ မှာလည်း ပူသည်၊ အထူးသဖြင့် လူစုလူဝေးထဲမှာ ပို၍ ပူပါသည်။
ထို့ကြောင့် ကဆုန်လပြည့် ဗုဒ္ဓနေ့၌ လာသမျှလူတိုင်းကို ယပ်တောင် တစ်ချောင်းစီဝေရန် မြန်မာပြည် သာရေးနာရေးများမှာ ကမ်းတတ်သည့် ပလပ်စတစ် ယပ်ေ တာင်များ မြန်မာပြည်မှ မှာယူဖို့ စိတ်ကူးမိကြသည်။
မြန်မာပြည်ရောက်ခိုက် အချောင်းရေ တစ်သောင်းမှာယူသည်။
နိုင်ငံတိုင်း မှာ ပစ္စည်းများများဝယ်လေလေ ဈေးချိုလေလေဖြစ်၏။ သင်သိပါ သလား။ ကျွန်ုပ်တို့ ရွှေနိုင်ငံတော်ကြီးကား ထူးဆန်းလှ၏။ ပစ္စည်းများများ ဝယ်ရာ ၌ ဈေးမချိုသည့် အပြင် ဈေးပိုကြီးသွားလေတော့သည်။

ယုတ္တိမရှိဟု မဆိုပါနှင့်၊ သူ့ယုတ္တိနဲ့သူတော့ ရှိသည်။ ဆိုင်များက မြန်မာတွေ ဝယ်နေကျ ရာဂဏန်းမျှသာ ကုန်ကြမ်းတင်ထား နိုင်ကြသည်။ တစ်သောင်း ဟုဆိုရာ လက်တွန့်သွားကြ၏၊ လက်ပင်မခံရဲ။ သူများဆိုင်မှ (သို့) သူများဆိုင် များမှ တဆင့်ယူရမည်ဖြစ်သောကြောင့်ဟု ဆိုကြသည်။ ကံကောင်းသည်ဟု ဆိုရမည်၊ အော်ဒါကို လက်ခံရဲသူကို တွေ့ခဲ့၏။ တစ်သောင်းယူယူသဖြင့် ဈေးချိုခြင်းမျိုးတော့ လုံးဝ မရှိကြောင်း ဝန်ခံရဲပါ သည်။ အနည်းငယ်ပင် ဈေးကြီးသွားသေး၏။
တရုတ်ကော်မတီက ရယ်ကြ၏။ ရယ်လည်း မတတ်နိုင်၊ ရောပြီးရယ်လိုက် ရုံသာ ရှိတော့သည်။

မပုကြွယ်ရဲ့ စာမျက်နှာသစ်


သူ့ဆီက လေ့လာစရာရှိလို့သာ စောင့်နေရတယ် သူလာနေတာက နှေး လွန်းတော့ မပုကြွယ်တောင် မရိုးမရွဖြစ်ရတယ်။
သူရောက်လာပြန်တော့လည်း စောင့်ကြည့်လေ့လာနေတဲ့ မပုကြွယ် ကိုေ တာင် ငဲ့စောင်းကြည့်ဖို့ စိတ်မဝင်စားပဲ ခရုက ခပ်တည်တည် ဆက်တက် သွားပြန်တယ်။
အချိန်တွေ ဘယ်လောက်ကြာသွားသလဲ၊ မသိ၊ မရှိ။ မပုကြွယ် မသိသလို သူကလည်း စိတ်ဝင်စားဟန် မရှိပါဘူး။
သေချာတာကတော့ အချိန်တွေ တော်တော်ကြီးကို ကြာသွားပြီ။

ဇီးကွက်တစ်ကောင်နေတဲ့ သစ်ခေါင်းကြီးနား သူရောက်သွားတော့ ဇီးကွက် က မျက်လုံး မှေးစင်းစင်းနဲ့ကြည့်ရင်း
"ဟေ့ကောင် ခရု၊ ဘယ်သွားမလို့လဲ"
"သစ်ပင်ထိပ်မှာ သစ်သီးလေး၊ သစ်ရွက်နုလေး ဘာလေးများ ရှိမလားလို့ တက်ကြည့်မလို့ပါ"
"ဒါဆိုရင်တော့ ပြန်ဆင်းတော့ကိုယ့်လူ၊ အခုမှ အားလုံးကိုအကုန်စားပြီး ငါတို့ဆင်းလာခဲ့တာ၊ ဘာမှ မရှိတော့ဘူး"
"ဟ...ဒီလိုပြောလို့တော့ ဘယ်ရမလဲကွ၊ ငါ အပေါ်ရောက်တဲ့အချိန်မှာ သစ်သီးတွေ၊ သစ်ရွက်နုတွေ ရှိချင် ရှိနေမှာပေါ့"
သူ့ယုံကြည်ချက်နဲ့သူပဲလေ၊ သူက သူ့ခရီးကိုဆက်သွားတယ်။
အဲ......မပုကြွယ်လေးလည်း စောင့်ကြည်ရကျိုး နပ်သွားတယ်။
အဲဒီနှစ်က မပုကြွယ်လေး စာမေးပွဲအောင်သွားတယ်..တဲ့။ သူ ဘွဲ့ရချိန်မှာ အလုပ်တွေ၊ အခွင့်အလမ်းတွေ ပေါချင်ပေါနေမှာပေါ့။
ဘယ်သူ အတတ်ပြောနိုင်တာမှတ်လို့။

လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် (၃) လီကွမ်းယု


နိုင်ငံရေး အပြောင်းအလဲမှ (အဆက်)

"တစ်ခုခုအတွက် သဘောတူညီမှု လက်မှတ်ရေးထိုးချိန်မှာ ဒါဟာ နောက်ဆုံး ဆုံးဖြတ်ချက်လို့ သူတို့က မခံယူဘူး။ တရုတ်တွေရဲ့ မူဝါဒအရ သဘောတူ ညီမှု လက်မှတ်ထိုးတယ်ဆိုတာ ရေရှည်ဆက်ဆံရေးအတွက် အစပျိုးခြင်း တစ်ခုမျှသာ ဖြစ်နေတယ်" (လီကွမ်းယု)

ပါတီတွင်း ဒီမိုကရေစီ (Intra-party democracy) ဆိုတာ အခု ကွန်မြူနစ် ပါတီအစိုးရက မိတ်ဆက်ဖို့ ကြိုးစားနေတဲ့ ပေါ်လစီတစ်ခု ဖြစ်ပါတယ်။ (၁၇) ကြိမ်မြောက် ပါတီရဲ့ ကွန်ဂရက်ဟာ (၁၆) မြောက် ပါတီကွန်ဂရက်ထက် ပိုပြီး ပွင့်လင်းလွတ်လပ် လာပါတယ်။ ပါတီရဲ့ ထိပ်သီးတစ်နေရာအတွက်ေ ရွချယ်စရာ ခေါင်းဆောင်တွေ ပိုများလာနေတာကို တွေ့မြင်ခဲ့ရတယ်။ အရင် တုန်းကဆိုရင် မော်စီတုံးလို၊ တုန့်ရှောင်ဖိန်လို ပုဂ္ဂိုလ်ကြီးတွေက သူတို့ကို ဆက်ခံမယ့် ခေါင်းဆောင်ကို သူတို့ကိုယ်တိုင် ရွေးချယ်ခဲ့ကြတယ်။ ဒါပေမဲ့ ဟူကျင်တောင် လက်ထက်လည်း ရောက်ရော ဒီလို တစ်ယောက်ထဲကို ရွေး ချယ်လိုက်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တော့ပါဘူး။

ပါတီတွင်း ဒီမိုကရေစီဆိုတာ သူတို့မူဝါဒရဲ့ အခြား အစိတ်အပိုင်းတွေမှာ လည်း ကျင့်သုံးလို့ ရနိုင်ပါတယ်။ ဒီလို ကျင့်သုံးနိုင်ဖို့ နည်းလမ်းတစ်ခု ကတော့ တိုင်း၊ ခရိုင်ဆိုင်ရာ မြူနီစီပါယ် အရာရှိတွေကို မဲစနစ်နဲ့ ရွေးချယ် တဲ့နေရာတွေမှာပါ။ သူတို့ ကွန်မြူနစ်ပါတီက ရွေးချယ်ခဲ့တဲ့ ကိုယ်စားလှယ်ေ တွကြားမှာ ရွေးချယ်လိုက်ခြင်းမျိုးတွေမှာပေါ့။ အရေးကြီးတဲ့ ရာထူး တစ်နေ ရာစာအတွက် ကြိုးစားနေကြတဲ့ ကိုယ်စားလှယ် သုံးလေးယောက်ကို ရွေး ချယ်ပြီး သူတို့ကို လူထုရဲ့ ထောက်ခံမှုကလည်း အရေးကြီးတယ်ဆိုတာ ကြို တင်အသိပေးပြီး ယှည်ပြိုင်ခိုင်းတာမျိုးတွေကနေ စတင် ကျင့်သုံးနိုင်ပါတယ်။

အပြောင်းအလဲတွေဟာ တဖြည်းဖြည်းနဲ့ ပြောင်းလဲလာမယ်ဆိုတာကတော့ အမှန်ပဲပေါ့။ လက်ရှိအစိုးရအနေနဲ့ကလည်း လက်ရှိ သူတို့ ရထားတဲ့ စီမံ ခန့် ခွဲမှုဆိုင်ရာဆိုင်ရာ ထိန်းချုပ်မှုတွေကို အလွယ်တကူ လက်လွတ်ခံမယ်လို့ ကွန်တော် မထင်မိဘူး။ တရုတ်အစိုးရရဲ့ လက်ရှိမူဝါဒအတိုင်းဆိုရင် လာဘ်ပေးလာဘ်ယူမှုတွေ၊ တရားဥပဒေ စိုးမိုးမှု အားနည်းချက်တွေလည်း ဆက်ရှိနေဦးမယ့် သဘောပါပဲ။ ဒီအားနည်းချက်တွေဟာ တော်တော် ထင် သာမြင်သာရှိတဲ့ အားနည်းချက်ကြီးတွေပဲ။
တရုတ်ပြည်မှာ လာဘ်ပေးလာဘ်ယူမှုဆိုတာ ဟိုး ရှေးပဝေသနီကတည်းက ရှိနေခဲ့တာပဲ။ ဒါပေမဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့ပြီးတဲ့နောက် အကျင့်ပျက်မှုက ပိုဆိုးလာခဲ့တယ်။ အကြောင်းကတော့ အပြင်က စီးပွားရေး သမားတွေရဲ့ ဝင်ငွေနဲ့ နှိုင်းစာရင် ဝန်ကြီးတွေ၊ အရာရှိတွေရဲ့ လစာ က တော်တော် နည်းနေလို့ပါ။ အစိုးရဝန်ထမ်းတွေက လွဲရင် ကျန်တဲ့လူတွေ က မြန်မြန်ကြီး ချမ်းသာ လာနေကြတယ်။

ဒီနေ့ တရုတ်ပြည်မှာ အကပ်မရှိရင် (gaunxi) ဘာမှ အလုပ်မဖြစ်ဘူး။ အ ထက်လူကြီးနဲ့ ဆက်ဆံရေး ကောင်းမွန်ဖို့ လက်ဆောင်တွေ ဘာတွေ ပေး ကြတယ်။ ဒီနည်းနဲ့ပဲ အလုပ်ဖြစ်အောင် လုပ်နေကြတာပါ။ သူတို့ဘုတ်အဖွဲ့ ထဲမှာဆိုရင် ကိုယ့်ထက် ရာထူးကြီးတဲ့ အရာရှိနဲ့ မိတ်ဆွေဖွဲ့ချင်တဲ့ လူတွေ ချည်းပဲ။ တရုတ်ကွန်မြူနစ်ပါတီကတော့ အကျင့်ပျက် လာဘ်စားမှုကို ပါတီရဲ့ “သေရေးရှင်ရေးကိစ္စ” လို့ အမည်တပ်ပြီး ကိုင်တွယ်ဖို့ ကြိုးစားနေကြတယ်။

သူတို့ ဒီအကျင့်ပျက် ချစားမှုကို ထိန်းချုပ်နိုင်ကြပါ့မလား? အစိုးရထိပ်ပိုင်းမှာတော့ အကျင့်ပျက်မှု ကင်းရှင်းနေအောင် လုပ်ဆောင် လာနိုင်ပါတယ်။ ဒါတောင် ၂၀၁၂ - ခု၊ နိုင်ဝင်ဘာ (၁၁) ရက်နေ့ထုတ် နယူးယောက်တိုင်းမ်မှာတော့ ဝမ်ကျားပေါင် (Wen Jiabao) ရဲ့ ပိုင်ဆိုင်မှုက တင် အမေရိကန်ဒေါ်လာ ၂.၇ ဘီလီယံ ရှိနေတယ်လို့ ခြေရာခံ ဖော်ပြထား တာကို တွေ့ရပါတယ်။ ဒီတော့ အောက်ခြေအဆင့်ထိ ရောက်အောင် အကျင့် ပျက်မှုကို တိုက်ဖျက်နိုင်ဦးမယ်လို့ ကျွန်တော်တော့ မထင်မိပါဘူး။
အကျင့်ပျက်မှုကြောင့် သူတို့ပါတီဟာ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားမယ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အကျိုးရှိရှိ လည်ပတ်နိုင်ဖို့တော့ အဟန့်အတား ဖြစ်နေ ပါလိမ့်မယ်။ အရာရှိကြီးတစ်ယောက်က သူနဲ့ နီးစပ်ရာလူကို နေရာပေး၊ ရာ ထူးတိုးပေးမယ်ဆိုရင် ဒီပါတီရဲ့ စွမ်းဆောင်ရည်လည်း ကျင်းဆင်းသွားမှာပဲ။ ဒါဆို တိုးတက်မှုလည်း နှေးကွေးသွားမှာပါ။

နောက်ပြီး တရုတ်ယဉ်ကျေးမှုထဲမှာ အမြစ်တွယ်နေတဲ့ကိစ္စက တရားဥပဒေနဲ့ အစိုးရ အဖွဲ့အစည်းတွေကို သိပ်ပြီး အလေးမမူတတ်ခြင်းပဲ ဖြစ်ပါတယ်။ စင်္ကာပူမှာဆိုရင် အနောက်နိုင်ငံတွေရဲ့ စနစ်အတိုင်း တရားသူကြီးရဲ့အမိန့်ကို အားလုံး လိုက်နာကြရတယ်။ တရားစီရင်ရေးအဖွဲ့ဟာ ရေးသားထားတဲ့ ဥပဒေရပ်ဆိုင်ရာ စကားလုံးတိုင်းရဲ့ အဓိပ္ပါယ်ကို ဖိအားမရှိ၊ လွတ်လွတ်လပ် လပ် ဆုံးဖြတ်ပိုင်ခွင့် ရှိရတယ်။ ဒီဥပဒေကို လွှတ်တော်က အတည်ပြုရတယ်။ ဟုတ်ပြီ၊ အတည်ပြုလိုက်ပြီးတဲ့ နောက်မှာမှ အငြင်းပွားစရာအချို့ ရှိလာ တယ်ဆိုပါတော့၊ ဒီအခါမှာ လွှတ်တော်ကို တက်ပြီး ဒီစကားလုံးရဲ့ အဓိပ္ပါယ် က ဘာကို ဆိုလိုတာပါလဲလို့ သွားမေးနေစရာ မလိုဘူး။ တရားသူကြီးဆီကိုပဲ သွားပြီး မေးရမယ်။ ဒီတော့ တရားသူကြီးက ခိုင်မာတဲ့ အခြေခံဥပဒေ၊ တည် ဆဲဥပဒေတွေနဲ့အညီ ညှိုနှိုင်းထားတဲ့ ဒီစကားလုံးရဲ့ အဓိပ္ပါယ်က ဒီလို စ သည်ဖြင့် ဖြေရှင်းပေးရတယ်။

ဒီစနစ်ကို တရုတ်ပြည်က လက်ခံကျင့်သုံးမှု မရှိသေးဘူး။ အလားတူပဲ၊ တစ်ခု ခုအတွက် သဘောတူညီမှု လက်မှတ်ရေးထိုးချိန်မှာ ဒါဟာ နောက်ဆုံး ဆုံးဖြတ်ချက်လို့ သူတို့က မခံယူဘူး။ တရုတ်တွေရဲ့ မူဝါဒအရ သဘောတူညီ မှု လက်မှတ်ထိုးတယ်ဆိုတာ ရေရှည်ဆက်ဆံရေးအတွက် အစပျိုးခြင်း တစ် ခုမျှသာ ဖြစ်နေတယ်။ ပြီးတော့မှ မိတ်ဆွေတွေ အချင်းချင်း ဘယ်သူ့ အကျိုး အမြတ်က ဘယ်လောက်၊ ဘယ်သူရဲ့ အကျိုးအမြတ်ကတော့ ဘယ်လို စ သည်ဖြင့် အချိန်နဲ့အညီ ညှိုနှိုင်းဆွေးနွေးပြီး လုပ်ကိုင်သွားတတ်ကြတယ်။

ဒီမူက သူတို့ အဖွဲ့အစည်းတွေရဲ့ အမြင်ကို ထင်ဟပ်ပြနေခြင်း တစ်မျိုးပါ။ တရုတ်ပြည်မှာ လူက မူထက် ကြီးနေတယ်။ လူတစ်ယောက်ဟာ သမ္မတ္မ ဖြစ်ကောင်း ဖြစ်နေမယ်။ ဒါပေမဲ့ စစ်တပ်ရဲ့ ထောက်ခံမှု မရဘူးဆိုရင် ဒီသမ္မတဟာ အမည်ခံ သမ္မတ တစ်ယောက်ပဲ ဖြစ်နေလိမ့်မယ်။ စင်္ကာပူ၊ ဗြိတိန်၊ ဥရောပနဲ့ အမေရိကတို့ကို ကြည့်ပါ။ ခင်ဗျားက သမ္မတ (သို့မဟုတ်) ဝန်ကြီးချုပ်ဆိုရင် စစ်တပ်အကြီးအကဲဟာ ခင်ဗျားရဲ့ အမိန့်ကို နာခံရပါတယ်။ အကြောင်းကတော့ အင်စတီကျူးရှင်းက လူထက် ကြီးနေလို့ပါ။ အမေရိကကို အသာထားပါဦး။ တရုတ်ဟာ တရားဥပဒေ စိုးမိုးရေး၊ အစိုးရ အင်စတီကျူးရှင်းဆိုင်ရာ ကိစ္စတွေမှာ စင်္ကာပူရဲ့ ခြေရာကိုတောင် မှီအောင် လိုက်နိုင်ပါ့မလား။
လုံးဝ မလွယ်ပါဘူး။ အစိုးရပိုင်းရော လူထုပိုင်းပါ အခြေခံ စိတ်ဓာတ်ပိုင်းဆိုင် ရာ ပြောင်းလဲမှုတွေ လိုအပ်ပါတယ်။ ဒီလို သဘောထားတွေဟာ တရုတ် ယဉ်ကျေးမှုနဲ့ သမိုင်းမှာ ရှိကို မရှိခဲ့ဖူးပါဘူး။ ဒီလို မူဝါဒတွေ ဘယ်က ဘယ် လို ပေါ်ထွက်လာမှာလဲလို့တောင် မေးမယ်ဆို မေးလို့ ရပါတယ်။

ကျွန်တော် ရှုမြင်မိတာကတော့ ဒီမူအစား သူတို့ဟာ သူတို့ကိုယ်ပိုင်ဟန်နဲ့ပဲ ခရီးဆက်ကြလိမ့်မယ်။ တရားဥပဒေ စိုးမိုးမှု၊ အစိုးရနဲ့ ဆိုင်တဲ့ အခြေခံဥပဒေ စတာတွေကို ဘေးဖယ်ထားပြီး အခြား ဖြစ်နိုင်တဲ့ အဖြေကို ကြိုးစား ရှာဖွေ ကြည့်ကြပါလိမ့်မယ်။ ဒီလို ကန့်သတ်ချက်တွေ ရှိနေတာကြောင့် တရုတ်ပြည်ဟာ ဘယ်တော့မှ စီးပွားရေးအရ အကျိုးအမြတ် ရာနှုန်းပြည့် ရနိုင်မယ့် လည်ပတ်မှုမျိုးကို လည်ပတ်နေနိုင်မယ် မဟုတ်ပါဘူး။

တရုတ်ပြည်ဟာ သူ့ရဲ့ အခြေခံဥပဒေနဲ့ မူဝါဒကို တဖြည်းဖြည်းနဲ့တော့ ပြု ပင်ပြောင်းလဲလာရမှာပါ။ ဘယ်လို ပြုပြင်ပြောင်းလဲမှုတွေပဲဖြစ်ဖြစ် လုံးဝ မပြောင်းလဲမယ့် မူဝါဒကတော့ ဗဟိုအားပြုဝါဒပါပဲ။
(ဆက်ရန်)

 လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် (လီကွမ်ယု)
 တရုတ်ပြည်၊ ဗဟိုအားပြုမူဝါဒ (၂)

နံနက်ခင်း သာဓုသံဝေ


ဗုံးဒဏ်ကြောင့် ယိုယွင်းပျက်စီးခဲ့ရသည့် ဗုဒ္ဓဂယာရှိ မဟာဗောဓိစေတီတော် ကို ရွှေသင်္ကန်းပြန်လည်ဆက်ကပ်နိုင်ရန် ထိုင်းဘုရင် ဘူမိဗောနှင့် စေတနာ ရှင် ဗုဒ္ဓဘာသာဝင်တို့က အမေရိကန်ဒေါ်လာ ၁၄.၅ သန်း (ဆင်းဒေါ်လာ၁၈. ၁) သန်း တန်းဖိုးရှိ ရွှေ (၃၀၀) ကီလိုဂရမ် လှူဒါန်းလိုက်ပါသည်။ ထို ရွှေသေတ္တာ ၁၃ လုံးသည် ပညာရှင်များ၊ ကွန်မန်ဒို ၂၄ ဦအပါအဝင် လူေ ပါင်း ၄၀ နှင့်အတူ အိန္ဒိယကို ရောက်ရှိလာသည်ဟု ယနေ့ထုတ် စထရိတ် တိုင်းမ်မှာ ဖော်ပြထားသည်။
ရွှေသင်္ကန်းဆက်ကပ်ခြင်းကိုလည်း တစ်လ အတွင်း ပြီးစီးအောင် ဆောင် ရွက် သွားနိုင်ဖွယ်ရှိကြောင်း အခြား သတင်းစာ တစ်ဆောင်က ဖြည့်စွက် ထားသည်။

 original news

အရောင်းရဆုံးစာအုပ် (၁၀) အုပ်


ပေးပို့သူ အဇူကီ ကိုကျေးဇူးတင်ပါသည်။

ကျနော်နဲ့ ပေါက်တတ်ကရ အင်တာဗျူး (နယူး ဗားရှင်း)


မေး ။ ။ကိုလံဘတ်ရဲ့ စွန့်စားခန်း အကြောင်းတွေကို ဖတ်ရ လေ့လာရ ပြီးတဲ့နောက် အားတက်စရာ သင်္ခန်းစာ ယူစရာ တစ်ခုခု ရခဲ့ရင် အဲဒါကို သိပါရစေ။
ဖြေ ။ ။ စားပွဲ တစ်လုံးပေါ်မှာ မတ်တတ် ရပ်နိုင်ဖို့ ကြက်ဥတောင် ဖင် တော်တော် ခွက်ပေးလိုက်ရတယ်ဆိုတဲ့ သင်္ခန်းစာ ရလိုက်ပါတယ်။

မေး ။ ။ ဝေဿန္တရာ ဇာတ်တော်ကြီးကို ဖတ်ရ လေ့လာရ ပြီးတဲ့နောက် အားတက်စရာ သင်္ခန်းစာ ယူစရာ တစ်ခုခု ရခဲ့ရင် အဲဒါကိုလည်း သိပါရစေ။
ဖြေ ။ ။ ပုဏ္ဏားကတော်က သူ့ယောက်ျား ပုဏ္ဏားကြီးကို မဆဲရဲတော့ မဒ္ဒီဒေဝီကိုလှူလိုက်တယ်ဆိုတဲ့ ဝေဿန္တရာ မင်ကြီးကို ကြိတ်ပြီး မေတ္တာ ပို့နေသံတွေ ကြားနေမိတယ် ဗျာ။ (ဒီခေတ်ဆိုရင်တော့) အိမ်တွင်းရေး ပြဿ နာတွေ တက်ပြီပေါ့။ (ဒီခေတ်ဆိုရင်တော့) မဒ္ဒီဒေဝီက သူမမှာ ဘာအပြစ်ရှိ လိုလဲဆိုပြီး တရားတွေ့ရင် ဝေဿန္တရာ မင်ကြီးကိုယ်တိုင်လည်း တရား ရင် ဆိုင်ရစရာ ရှိပါလိမ့်မယ်။

မေး။ ။ ရေသည်ယောက်ျား ပြဇာတ် အပေါ် ခင်းဗျား အမြင်ကို သိပါရစေ။
ဖြေ။ ။ ကမ္ဘာမှာ ရေသန့်ဗူးထုတ် ရောင်းရရင် စီးပွာဖြစ်နိုင်တယ် ဆိုတာ ဘုရားရှင်က အရိပ်အမြွက်ပေးခဲ့တာကို သဘော မပေါက်ခဲ့လို့ ကိုယ့်ကိုယ် ကို ကျိန်ဆဲနေမိတယ် ဗျာ။

မေး။ ။ စင်ကာပူမှာ အမြဲနေထိုင်ခွင့် ( ပီအာ ) ရဖို့ဘာတွေ လိုအပ်ပါသလဲ
ဖြေ။ ။ ဘာမှ မလိုပါဘူး။ တရုတ်ပြည်က ပန်ဒါ ဝက်ဝံ ဖြစ်ဖို့ပဲ လိုတယ်။ ငါးနှစ် ဗီဇာ လေယဉ်ကွင်းမှာ တစ်ခါတည်း ထုပေးတယ်။ ခင်ဗျားတို့ စိတ်ဝင်စားသလား။ ဘာဘွဲ့မှ ရစရာ မလိုပါဘူး။
(Posted on 9/10/2012)

မေး။ ။ မြန်မာပြည်မှာ လူမျိုးကိုချစ်တယ်၊ နိုင်ငံရေးလုပ်တယ်ဆိုတာ ဘာ ကိုခေါ်တာပါလဲ။
ဖြေ။ ။ ပြည်တွင်းမှာမနေတော့ ဒီမေးခွန်းက ကျနော် ဉာဏ်မမီ၊ အတွေ့ အကြုံ မမီတဲ့ မေးခွန်းမျိုးပါ။ မှားရင် ခွင့်လွှတ်ပါ။ သိရသလောက်ပြောရရင်တော့ ပင်နီတိုက်ပုံဝတ်တာနဲ့ လူစည်စည်ရှိရာမှာ ရင်ထိုးရောင်းပြီး ရံပုံငွေရှာတာလို့ ထင်ပါတယ်။ ရင်ထိုးရောင်းရာမှာလည်း လူတိုင်းသိနေတဲ့ "ဖအေတူသမီး" ဆိုတဲ့ဝါကျကို ထပ်တလဲလဲ ရွတ်ဆိုနေ ကြတတ်ပါတယ်။

မေး။ ။ ပါလီမန်ထဲမှာ ခင်များမကြိုက်ဆုံး၊ မဖြစ်ချင်ဆုံးအရာက ဘာပါလဲ။
ဖြေ။ ။ ပါလီမန်အစည်းအဝေးမှာ အမြဲအိပ်ပျော်နေတတ်တဲ့ ပါလီမန် အ မတ်တွေထိုင်တဲ့ ဖင်ထိုင်ခုံတော့ မဖြစ်ချင်ဘူးဗျာ။ သူတို့ကို (ဝဝကြီးတွေကို) ထမ်းထားရတာ မတန်လို့။ တချို့ဆို သွားရည်တွေတောင် လက်တန်းပေါ် ကျတယ်ဗျာ။ ရွံစရာကြီး။

မေး။ ။ ပါလီမန်အမတ် တစ်ယောက်ယောက်ရဲ့ အရဲရင့်ဆုံး မှတ်သားဖွယ် အဆိုအမိန့်ရှိရင် ပြောပြပေးပါလား။
ဖြေ။ ။ " ဒီကောင်တွေ ကျနော့်ရှေ့ကဖြတ်လျှောက်ရင် ဒုတ်နဲ့ ဖြတ်ရိုက်မှာ" ဆိုတဲ့ စကားပါ။ ဘယ်လောက် ရဲရင့်လိုက်သလဲဗျာ။ ဒီလို ကြွေးကြော်ရဲတဲ့ ပါလီမန်အမတ် ကမ္ဘာမှာတောင် မရှိဖူးသေးပါဘူး။

မေး။ ။ နောက်ဆုံးအနေနဲ့ ပါလီမန်အမတ် (သို့) ဝန်ကြီးတစ်ယောက်ေ ယာက်ရဲ့ အပြောင်မြောက်ဆုံး နဲ့ စေတနာအပါဆုံး မှတ်သားဖွယ် အဆို အမိန့် ရှိရင်လည်း ပြောပြပေးပါအုံး။
ဖြေ။ ။ ဒါကတော့ အငြင်းပွားစရာ မရှိပါဘူး။ တစ်နိုင်ငံလုံးက ယောက်ျား၊ မိန်းမတွေကို ဘုန်းကြီးနဲ့ သီလရှင်ဝတ်ကြဖို့ ပြောတဲ့စကားပါ။ ထမင်း တစ်နပ် လျှော့စားကြဆိုတာလေ။ တကယ် ကုသိုလ်ရစေချင်တဲ့ စေတနာပါ၊ ဟဲ ဟဲ။ မပြောင်မြောက်ဘူးလား။ ပြောင်တောင်တောင်နဲ့ကို မြောက်နေပါသေးတယ်။

ဘယ်သူက ဘော့စ်လဲ


ဂူးဂဲလ် ။ ။ ဘယ်အရာမဆို ငါသိတယ်။ (I know everything.)
ဖေ့စ်ဘွတ်ခ် ။ ။ ဘယ်သူ့ကိုမဆို ငါသိတယ်။ (I know everyone. )
အင်တာနက် ။ ။ ငါမရှိရင် မင်းတို့ ဘာမှလုပ်မရဘူး။ ( Without me, you are nothing. )
လျပ်စစ်မီး ။ ။ သုံးယောက်စလုံး အရူးတွေ။ ဘယ်သူက ဘော့စ် အစစ်လဲ။ ( Stop fools. Tell me who is the BOSS? )

သူတို့လေးယောက် အငြင်းပွားနေတုန်း စွမ်းအင်ဝန်ကြီး ရောက်လာတယ်။
" ဆူညံဆူညံနဲ့ အားလုံးနာချင်ပြီထင်တယ် "
ဟုတ်တယ်၊ အားလျုံငြိမ်သွားရော။ သူတို့ကြောက်တာ အဲ့ဒီလူကြီး။ ကြောက် လည်း ကြောက်စရာပဲ။
(Posted on 2/05/2013)
ဒီထက် ရယ်စရာပိုကောင်းတာက "သဘာဝဓာတ်ငွေ့တွေကို ပိုနေလို့ ရောင်း စားတာပါ" ဆိုတဲ့ ဝန်ကြီးရဲ့ စကားပါပဲ။
နေရောင်ခြည်တောင် ဝယ်သူသာရှိမယ်ဆိုရင် စိတ်မချရတော့ဘူး။ ဘောလုံး ကွင်းလောက် ဆိုလာပြားကြီးတွေနဲ့ ဖမ်းယူသွားမှ ဒုက္ခ။
 
 
 


 ဇင်ဝေသော်