လက်ဆောင်


ကလေးများ ။   ။ ဝေး ဟေးဟေး။ တို့ လေးလေးက အထုပ်တွေအပိုးတွေနဲ့ ဘယ်သွားမလို့လဲ၊ သားတို့ သမီးတို့ကို ပြော။
လေးလေး ။   ။ လေးလေး ခရီးထွက်စရာရှိလို့ပါ ကလေးတို့ရယ်။

ကလေးများ ။   ။  လေးလေး ခရီးထွက်ရင် ကြာမှာလား ဟင်။
လေးလေး ။   ။ ၁၂ လတော့ ကြာမှာပေါ့ ကလေးတို့ရယ်။ လေးလေးပြန် လာရင် ဘာလက်ဆောင်တွေ ယူခဲ့ရမလဲ ပြောကြ။

ကလေးများ ။   ။ မုန့်တွေ၊ ချော့ကလက်တွေ၊ ကျောင်းလွယ်အိပ် အသစ်တွေ၊ ဖတ်ဖို့ကာတွန်းစာအုပ်၊ ပုံဆွဲစာအုပ်တွေ၊ ရှူးဖိနပ်အသစ်၊ ကျောင်းဝတ်စုံ အ သစ်၊ အားကစားကွင်းသစ်ကြီးတွေ၊ သဘောကောင်းတဲ့ ဆရာ၊ ဆရာမချောေ ချာလေးတွေ။
လေးလေး ။   ။ ဟေ များလှပါလား။ ကဲ သားတို့ သမီးတို့မှာတာတွေ အားလုံး လေးလေးဝယ်ခဲ့မယ်။

ဝမ်း ဒိုင်မင်းရှင်း နိုင်ငံ


သီဟိုဠ်ကို အကျဉ်းချုပ်ကြည့်တော့ ဒီ သုံးမျိုးတွေ့ခဲ့ရတယ်။

၁။ အားကစားလို့ ပြောလိုက်ရင် ခရစ်ကက်လို့ပဲ ထင်တဲ့နိုင်ငံ။ (ဖိုက်စတား၊ ဖိုးစတားဟော်တယ် မဟုတ်ရင် ဘောလုံးပွဲလိုင်းတွေ မရှိတတ်ဘူး)

၂။ အဝတ်အစားလို့ပြောရင် ပိတ်ဖြူကိုချုပ်ဝတ်တာလို့ သိတဲ့နိုင်ငံ။ (ပြင်သစ် က ဖက်ရှင်ဆိုင်တွေတော့ သိပ်အလုပ်မဖြစ်နိုင်ဘူး)

၃။ ရှန်ပူး၊ ကော့်စမက်တစ်အကြောင်းပြောရင် အုန်းဆီ(ခေါင်းလိမ်းဆီ) လို့ သိတဲ့နိုင်ငံ။ (အုန်းဆီနံ့ မကြိုက်ရင်ရင် ခေါင်းမူးသွားမယ်၊ နှုတ်ခမ်းကွဲ၊ အ သားပတ် စသည်ဖြစ်ရင် အုန်းဆီပဲ အလိမ်းခိုင်းတယ်)
ကျန်ခဲ့လို့ ဖြည့်ချင်ရင် ဖြည့်လို့ရပါပြီ။

၂၀၁၃.....သို့ SME နှင့် MNC သာသနာပြု လုပ်ငန်းများ


မဆိုင်ရာကို နှိုင်းသည်ဟုထင်သူများကို တောင်းပန်စကားဆိုရန် လိုကောင်း လိုပေမည်။ စီးပွားရေးမှာ တစ်ပိုင်တစ်နိုင် စီးပွားရေး (SME အသေးစား အ လတ်စားစီးပွားရေး) နှင့် အကြီးစားစီးပွားရေး(MNC အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီကြီးများ၊ ဥပမာ ကိုကာကိုလာ၊ ဆိုနီ၊ ဆမ်ဆောင်း စသည်)ဟု နှစ် မျိုးရှိသည်။ ထိုနှင့် အလားတူစွာပင် သာသနာပြန့်ပွားရာမှာလည်း ဤသို့ နှစ် မျိုးရှိသည်ဟု မြင်မိပါသည်။ ရဟန်းများ ဝါတော်ရလာသည်နှင့်အမျှ ကိုယ် ပိုင်ကျောင်းထောင်ပြီး သာသနာကို တစ်ဖက်တစ်လမ်းမှ ပြုခြင်းကို (SME အသေးစားနှင့်အလတ်စားသာသနာပြုခြင်း) ဟု ခေါ်နိုင်ပြီး ကမ္ဘာသိ အဖွဲ့ အ စည်းကြီးများထဲသို့ဝင်ကာ ယင်းအဖွဲ့အစည်းကြီးများ ပိုမိုအားကောင်းအောင် ပူးပေါင်းပါဝင်ခြင်းကို အပြည်ပြည်ဆိုင်ရာ သာသနာပြုဟု ခေါ်ဆိုနိုင်သည်။

ယနေ့ မြန်မာပြည်အခြေစိုက် ကမ္ဘာသိ တံဆိပ်အမှတ်အသားနှင့် အဖွဲ့ကြီးများ ကို ရိုးသားရဲတင်းစွာကြည့်လျင်
မဟာစည် သတိပဋ္ဌာန်ရှုမှတ်နည်း
ဂိုအင်ကာ၏ ဝိပဿနာရှုနည်း
ဖားအောက်ဆရာတော်၏ သမထဝိပဿနာရှုမှတ်နည်းနှင့်
မိုးကုတ်ဝိပဿနာရှုနည်းတို့ ဖြစ်သည်။

www.mogokdhamma.com

www.mahasi.org.mm
 
www.pamc.org.sg
www.vridhamma.org

မိုးကုတ်ဝိပဿနာရှုနည်းက ပြည်တွင်းပြည်ပ မြန်မာများကြားမှာ လူကြိုက် များသော်လည်း အင်္ဂလိပ်မီဒီယာဖြင့် ကမ္ဘာကိုဝိပဿနာကိုဖြန့်ရာ ကျန်အဖွဲ့ကြီး သုံးဖွဲ့နှင့် ယှဉ်လျင် အနည်းငယ် အားနည်းနေသရောင်ရှိသည်ဟု ထင်ပါ သည်။ သက်ဆိုင်ရာတို့ ဆက်လက်ကြိုးစားသင့်ကြလှသည်။ ဤအမည်များ သည် ခေတ်စကားဖြင့်ဆိုရလျင် ဘရန့်ဒက်စ် (Branded) ဖြစ်ပြီးသော အမည်များဖြစ်သဖြင့် အရှိန်အဟုန်ကောင်းဖို့ လိုအပ်လှသည်။ ကမ္ဘာကိုဖြန့်ရာ၌ ကုမ္ပဏီကြီးများပင် သူ့နိုင်ငံအလိုက် ပစ္စည်းကို ခွဲခြားထုတ် လုပ်သလို တရားကို မပြင်သော်လည်း စည်းကမ်းအချို့ လိုက်လျောညီထွေ ရှိစေရန် ပြောင်လဲပေးဖို့ လိုကောင်းလိုပေလိမ့်မည်။ ဤကား သိဟနာဒ လက်လှမ်းမှီသောကိစ္စ မဟုတ်ပေ။ မြန်မာပြည်မှာ တက္ကသိုလ်ကြီးများရှိေ သ်ာလည်း ကမ္ဘာ့အဆင့်မှာ (Branded) ဘရန့်ဒက်စ်ဖြစ်ဖို့ မလွယ်လှသေးပါ။ ကြိုးစားကြရပါလိမ့်ဦးမည်။

ထို့အ ပြင် ထို အဖွဲ့ကြီးများက ပြည်ပအင်္ဂလိပ် မီဒီယာဖြင့် တစ်ဖွဲ့ကို တစ်ဖွဲ့ ပျက်ရယ် မပြုအပ်ပါ။
မိမိတို့ကျောင်း၌ နှစ်ဦးပိုင်းက ပြုလုပ်ခဲ့သည့် သင်တန်းတစ်ခုမှာ နာမည်ကြီး ဝိပဿနာဆရာ၊ ပရော်ဖက်ဆာဟောင်းကြီးက မဟာစည်နည်းကို အင်္ဂလိပ် လို ပျက်ရယ်ပြုသွားသည်ကို ဝမ်းနည်းဖွယ် ကြုံလိုက်ရသည်။

သီဟိုဠ် ကိုယ်တော်က
"ဘန္တေ၊ ဒီဆရာက မဟာစည်ကိုပျက်ရယ်ပြုသည်၊ နားထောင်ကြည့်ပါ" ဟုပြောသဖြင့် နားထောင်လိုက်မိ၍ သိလိုက်ရခြင်းဖြစ်သည်။ ထို့နောက် မည် သူပဲသင်တန်းပေးပေး တစ်ဖက်သားကို ဝေဖန်ပုတ်ခတ်၊ ပျက်ရယ်ပြုခြင်း ကင်းရမည်ဟု စည်းကမ်းထုတ်လိုက်ရတော့သည်။
သီရိလင်္ကာမှာ ဝိုင်အမ်ဘီအေ စသည့် ကမ္ဘာသိ ဘာသာရေးအဖွဲ့အစည်းများ ရှိသလို မိမိတို့မှာလည်း အထက်ပါ ဘာသာရေးအဖွဲ့အစည်းများ ရှိပါသည် ။ မြန်မာဗုဒ္ဓဘာသာကို သမထ၊ ဝိပဿနာနှင့် တွဲ၍ လူသိနေခြင်းက ပို၍ ဂုဏ်ယူဖွယ်ပင် ကောင်းနေပါသေး၏။

၂၀၁၃ က ဆုံးပေတော့မည်။ ၂၀၁၄ မှာ ပွင့်လင်းလာသော နိုင်ငံရေး၊ စီး ပွားရေး၊ အားကစားနှင့်အတူ ကမ္ဘာသိ သာသနာပြုအဖွဲ့ကြီးများ ပို၍ညီညွတ်၊ ပို၍အားကောင်းလာစေရန် ဆုတောင်းမိပါ၏။

လူမှုရေး အကြံပေး အန်ကယ် ဂျင်မ်


လေးလေး ရှင့်
ကျမသားလေးဟာ မန်ချက်စတာ ယူနိုက်တက်က လွဲရင်ဘာကိုမှ စိတ်မဝင် စားပါဘူး။ အေစီ မီလန် နဲ့ လိုက်(ဖ်) ရှိုး ရှိလို့ဆိုပြီး သူ့ အဖွားရဲ့ ဈာပန ကိုတောင် မလိုက်လာနိုင်ပါဘူး။ အိမ်မှာ ဘောလုံးပွဲ ကြည့်နေရစ်ခဲ့ပါတယ်။ ကျမတို့ အားလုံးလည်း အိမ်ပြန်ရောက်ရော မန်ယူက ဂိုးရသွားလို့တဲ့ က ခုန် လို့တောင်နေပါသေးတယ်ရှင်။ သူနဲ့ ပတ်သက်လို့ ကျမ အရမ်း စိတ်ပူရပါ တယ်။ သူ့ အဖေလည်း မရှိရှာတော့ပါဘူး။ ကျမ ဘာလုပ်သင့်သလဲ ဆိုတာ အကြံပေး ပါဦးရှင်။
စိုးရမ်နေတဲ့ မိခင်။

စိုးရမ်နေတဲ့ မိခင် ခင်ဗျား၊
ဒါဟာ တကယ် စိတ်ပူရမယ့် အနေအထားပါ။ သာမန်ကလေး တစ်ယောက် အနေနဲ့ မန်ယူ ရတဲ့ဂိုးနဲ့ပတ်သက်ပြီး ဒီလောက်ဖြစ်မနေသင့်ပါဘူး။ အဲဒီဂိုးက လူကျွံ ဘောကြီးပါ၊ ဒိုင်လူကြီးကသာ အကန်းမို့ မမြင်တာပါ။ လူကျွံ ဘောဆို တာ လူတိုင်းသိပါတယ်။ ဒါကြောင့် သားဖြစ်သူကို ဂိုးဝင်သွားတဲ့နေရာမှာ စလိုး မိုးရှင်း ထပ် ထပ်ကြည့်ပေးဖို့ ဆုံးမပေးပါ။ ဒါဆို အမှန်တရားကို သူ နားလည်လာမှာပါ။
ဦးဦးဂျင်းမ်။

လေးလေး ရှင့်
ကျမ သားလေးက အခု ၁၇ နှစ် ပြည့်ပါပြီ။ သူ ကျောင်းသွားလို့ မိနစ် ၂၀ လောက် ကြာတော့ သူ ဆရာမဆီက ပို့လိုက်တဲ့ မက်ဆေ့ဂ်ျ အိမ်က ကွန် ပျူတာမှာ ပေါ်လာပါတယ်။ သူ ဆရာမက ကျောင်းဆင်းအပြီး ရက်စတော ရင့် ကို လာခဲ့ဖို့ ချိန်းလိုက်တဲ့ မက်ဆေ့ဂ်ျပါ။ သတင်းစာတွေထဲမှာလည်း ဒါ မျိုးတွေ ဖတ်ဖတ်နေရတော့ အဲဒီ မက်ဆေ့ဂ်ျနဲ့ ပတ်သက်ပြီး သားလေး အ တွက် အရမ်းစိတ်ပူတာပဲ။ ကျမ ဘာလုပ်သင့်သလဲ ဆိုတာ အကြံပေး ပါဦး ရှင်။
သားသောက မိခင်

သားသောက မိခင် ခင်ဗျား
အဲဒီ မက်ဆေ့ဂ်ျနဲ့ ပတ်သက်ပြီး စိုးရိမ်စိတ် သိပ်မဖြစ်ဖို့ ပြောချင်ပါတယ်။ အဲသလို မက်ဆေ့ဂ်ျတွေဟာ ၅ မိနစ်အတွင်း အလိုလို ပျောက်သွားနိုင်ပါ တယ်။ ဒီပြဿနာမျိုး နောက်ထပ် မကြုံရအောင် MSN version 7.0 ကို Upgrade လုပ်ထားဖို့ အကြံပေးလိုပါတယ်။
လေးလေး။

အန်ကယ် ရှင့်
ကျမ အမျိုးသားဟာ အရင် လ ကပဲ အိမ်မှာ CCTV တပ်ဆင်တားခဲ့ပါ တယ် ။ ပြဿနာက အဲဒီက စ တာပါ။ ကျမတို့ ကားရပ်တဲ့နေရာမှာ အရင်ညက အမျိုးသား တစ်ယောက်နဲ့ အမျိုးသမီး တစ်ယောက် ဖက်နေတာကို တွေ့ရပါ တယ်။ ပုံက သိပ် မရှင်းလှပေမယ့် အဲဒါ ကျမ အမျိုးသားနဲ့ အိမ်ဘေးက အ မျိုးသမီးဆိုတာ ကျမသိပါတယ်။ အဲဒီပုံကြောင့် ကျမ စိတ်ပူနေရပါတယ်။ ဘာလုပ်သင့်တယ်ဆိုတာ ပြောပေးပါဦးရှင်။ ကျေးဇူတင်ပါတယ်။
အသည်းကွဲ ဇနီး။

အသည်းကွဲ ဇနီးခင်ဗျား
ဒီ ပုံတွေကြောင့် ဖြစ်နေရတဲ့ သောကတွေ ဖျောက်လိုက်ပါတော့။ CCTV ရဲ့ ဝါယာတွေ အသစ်လဲ ပြီး High Definition ကင်မရာ ထပ်ဆင်လိုက်ပါ၊ NVidia လို တံဆိပ်မျိုး သုံးလိုက်ရင် ဘာမှ စိုးရိမ်စရာ မရှိတော့ပါဘူး။ ပုံတွေအားလုံး ကြည်လင် ပြတ်သားစွာ တွေ့ရတော့မှာပါ။ အားလုံး အိုကေ သွားပါလိမ့်မယ်။
ဦးဦးဂျင်းမ်။

အန်ကယ် ရှင့်
ကျမအမျိုးသားက ကလေးကျောင်းစားရိတ် အတွက် ဘေးဖယ်ထားတဲ့ ငွေေ တွနဲ့ ရိုးလက် နာရီ ဝယ်ချင်တယ်လို့ ပြောနေပါတယ်ရှင်၊ သူ့ကို ဝတ်စေချင်ေ ပမယ့် ကလေး ပညာရေးထဲကတော့ ယူ မသုံးချင်ပါဘူး။ သူလည်း အခံ မခက်အောင် ကျမအမျိုးသားကို ဘယ်လို ပြောသင့်ပါသလဲ ရှင်။
အိမ်ထောင်ရှင်။

အိမ်ထောင်ရှင် ခင်ဗျား
ကြားရတာ စိတ်မကောင်းပါဘူး။ သူ့အနေနဲ့ ဒါမျိုး လုံးဝ မလုပ်သင့်ပါဘူး။ ရိုးလက်က ခေတ်ကုန်နေပါပြီ။ အခု ဂျိန်းစဘွန်း မင်းသားအသစ်ဆိုရင် အိုမီဂါ ပဲ ပတ်ပါတော့တယ်။ ဒါကြောင့် အမျိုးသားကို ခေတ်နဲ့ အညီ ရိုးလက်အစား အိုမီဂါကိုပဲဝယ်ဖို့ သူနားဝင်အောင် ပြောပေးလိုက်ပါ။ အဆင်ပြေသွားပါလိမ့် မယ်။
အန်ကယ်။ ။
Posted on 9/24/2012

လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် ( အခန်း-၂) America


အကျပ်အတည်းတွေနဲ့ ထိပ်မှာ(Troubled but still on top)

ပါဝါချိန်ခွင်လျှာဟာ ရွေ့လျားနေပါတယ်။ အာရှတိုက်ထဲမှာရှိတဲ့  ပစိဖိတ်သ မုဒ္ဒရာဒေသတွေမှာ သူတို့ သြဇာလွှမ်းမိုး နေဖို့ အမေရိကန်တွေအတွက် ပိုပြီး အခက်ကြုံလာရဖွယ် ရှိနေပါပြီ။ အရင်လိုတော့ ဘယ်နည်းနဲ့ မှပြန် မဖြစ်နိုင်တော့ပါဘူး။ တရုတ်ပြည်က ဒီဒေသထဲမှာ ရှိနေတော့ အင်အားဖြည့်တင်းရာမှာ ပိုမိုနီးကပ် ပိုမိုလွယ်ကူနေပါတယ် ။ ဒါဟာတရုတ်ပြည်အတွက် အရေးကြီး တဲ့ အားသာချက်တစ်ခုဖြစ်နေတယ်။ အမေရိကန်တွေအနေနဲ့  အင်အားဖြည့် ဆည်းဖို့ ခရီးအကွာအဝေးက မိုင်ရှစ်ထောင်လောက်ရှိတယ်။ ဒီတော့ တရုတ် ပြည်နဲ့ လုံးဝမတူညီတဲ့ အနေအထားမှာ ရှိနေပါတော့တယ်။ အားစိုက်ထုတ်မှု တူညီနေလို့ မရတော့ဘူး။ ပစ္စည်းပစ္စယ သယ်ယူနေရာချထားမှုတွေ ရှုပ်ေ ထွးလာမယ်။ ဒါဆိုရင်ကုန်ကျစရိတ်က စဉ်းစားစရာဖြစ်လာမယ်။ ပြီးတော့ အမေရိကန်ရဲ့လူဦးရေက ၃၁၄ မီလီယံ၊ တရုတ်လူဦးရေက ၁.၃ဘီလီယံ၊ ဒါကလည်းစိန်ခေါ်မှုကိုထပ်ဆောင်းပေးလိုက်တဲ့ အချက်တစ်ချက်ပါပဲ။

ဒါပေမယ့် ပါဝါချိန်ခွင်လျှာက ချက်ချင်းကြီးပြောင်းသွားမှာတော့ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုရင် ရှေ့ကိုအများကြီး ကြိုရောက်နေတဲ့ အမေရိကန်ရဲ့  နည်းပညာကြောင့်ပါ။ တရုတ်တွေ လေယာဉ်တင် သင်္ဘောတွေ လုပ်လာနိုင် ပြီ ဆိုတာ မှန်ပေမယ့် အမေရိကန် နည်းပညာနဲ့ တည်ဆောက်ထားတဲ လေ ယာဉ်တင်သင်္ဘောတွေရဲ့အဆင့်ကိုမှီဖို့ တော့ တော်တော်အချိန်ယူကြရလိမ့် အုံးမယ် ။ အမေရိကန် သင်္ဘောတွေ ပေါ်မှာက စစ်သားဦးရေငါးထောင်နဲ့  အ တူ နူကလီးယားစွမ်းအင်တပ်ဆင်ထားတဲ့  လက်နက်တွေပါ သယ်ဆောင် လာနိုင်တယ်။ နောက်ဆုံးတော့လည်း အမေရိကန်တွေအတွက် ခရီး အကွာ အဝေးအားနည်းချက်ဟာ အဆုံးအဖြတ်ပေးလာမယ့် အချက်ဖြစ်လာပါလိမ့် မယ်။ ဒီတော့အမေရိကန်တွေ အနေနဲ့  ဒီဒေသတွင်းမှာ သူတို့ ရပ်တည်နေ ပုံနဲ့  ပေါ်လစီအချို့ကို ပြင်ဆင်ညှိနိုင်ယူဖို့ လိုအပ် လာပါတော့မယ် ။

၂၀၁၁ခုမှာ အိုဘားမားအစိုးရက အမေရိကန်တွေဟာ အာရှပစိဖိတ်ဒေသကို စိတ်ဝင်စားမှု အသစ်နဲ့ ပြန်လည်ချည်းကပ်မယ်လို့  ကြေငြာချက် ထုတ်ပြန် ခဲ့တယ်။ ဒါကိုသူတို့ က ပစိဖိတ်ဆုံမှတ် (Pacific Point) လို့ ခေါ်ကြတယ်။ အိုဘားမားရဲ့ နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်ရဲ့  နိုင်ငံခြားရေးမူဝါဒ စာတန်းမှာလည်း ပေါ်လစီရဲ့ နောက်ခံသုံးသပ်မှုတစ်ချို့ရေးပြထားတယ်။
“အာရှစီးပွါးရေးဈေးကွက်ထဲဝင်ခြင်းအားဖြင့် ရင်းနှီးမြှုပ်နှံမှု ၊ကုန်သွယ်မှု၊ နည်းပညာဖြန့်ဝေမှုစတဲ့  အကျိုးအမြတ်တွေအများကြီး အမေရိကန်နိုင်ငံက ရရှိနိုင်ပါတယ် ။မဟာဗျူဟာအရလည်း အာရှပစိဖိတ်ရပ်ဝန်းမှာ ငြိမ်းချမ်း လုံခြုံမှုရရှိခြင်းဟာ ကမ္ဘာအတွက် အလွန်အရေးကြီးလှပါတယ်။ တောင် တရုတ်ပင်လယ်ထဲမှာ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေး အတွက်ပဲ ဖြစ်စေ၊ မြောက်ကိုရီးယားရဲ့ အနုမြူကိစ္စကို စောင့်ကြည့်ကိုင်တွယ်ခြင်းအတွက်ပဲဖြစ်စေ၊ဒေသတွင်းမှာရှိတဲ့  စစ်အာဏာရှင်အဖွဲ့ အစည်းတွေရဲ့လုပ်ဆောင်ချက်တွေကို ပိုပြီးပွင့်လင်းမြင်သာအောင် ဆောင်ရွက်ဖို့ ပဲဖြစ်စေ၊ ဒီဒေသတွင်းမှာ အမေရိကန်တွေရှိနေဖို့  အလွန်အမင်းအရေးကြီးပါတယ်။”

၂၀၁၂ခု ဧပြီလထဲမှာ ဒီဒေသတွင်းမှာ အမေရိကန်တွေရှိနေသေးတယ် ဆိုတာကို အသိပေးဖို့  အင်အားဖြည့်ဆည်းတဲ့ အနေနဲ့  ဒီဒေသရဲ့ တစ်စိတ် တစ်ပိုင်းဖြစ်တဲ့ သြစတြေးလျနိုင်ငံ ဒါဝင်ဆိပ်ကမ်းမှာ အမေရိကန်တေပ် သား၂၀၀ ကိုပထမအရစ်အနေနဲ့  ထပ်မံဖြည့်ဆည်းခဲ့ကြပါတယ်။

အမေရိကန်တွေဖက်က ဒီလိုလုပ်ဆောင်လာမှုကို အာရှနိုင်ငံတော်တော် များများက ကြိုဆိုခဲ့ကြပါတယ်။ ဒီဒေသတွင်းတည်ငြိမ်အေးချမ်းနေဖို့ အတွက် အမေရိကန်တွေရှိနေခြင်းဟာ အလွန်အရေးကြီးလှပါတယ်။ ဒီအတိုင်း လည်းပဲဆက်ရှိနေအုံးမယ်ဆိုရင် လက်ရှိငြိမ်းချမ်းတည်ငြိမ်မှုကို အထောက် အကူဖြစ်စေမှာပါ။ တရုတ်နိုင်ငံရဲ့ပမာဏကို ကြည့်တော့ အမေရိကန်တွေ နဲ့ အတူ ဂျပန်၊ တောင်ကိုးရီးယားနဲ့ အာဆီယံနိုင်ငံ အချို့ပါ ပူးပေါင်းနေမှ တရုတ်ရဲ့လွှမ်းမိုးလာမှုကို ညီမျှအောင်ထိန်းထားနိုင်မှာ ဖြစ်ပါတယ်။

ဒါပေမယ့် သူတို့ ရည်ရွယ်ချက်ကို ရေရှည်မှာဆက်လက်ပြီး အကောင် အထည်ဖော်နိုင်မလား၊ မဖော်နိုင်ဘူးလားဆိုတာကတော့ စောင့်ပဲကြည့် ရတော့မှာပါ။ ရည်ရွယ်ချက်ကသက်သက်၊ တကယ် အကောင်အထည်ဖော် တဲ့နေရာမှာ စွမ်းဆောင်ရည်နဲ့ စွမ်းဆောင်မှုပမာဏက သက်သက်ပါ။ လက်ရှိမှာတော့ သြစတြေးလျ၊ ဂျပန်၊ တောင်ကိုးရီးယားနဲ့ ဂွမ်တိုမှာ အမေရိ ကန်စစ်သားတွေရှိနေပါတယ်။ ( အမေရိကန်တွေထွက်ခွာသွားရင် ဘာတွေ ဆက်ဖြစ်လာနိုင်တယ်ဆိုတဲ့ ရေရှည်အကျိုးဆက်တွေကို မကြည့်ဘဲ စူးဘစ် ပင်လယ်ကွေ့ မှာ (Subic Bay) ကျောက်ချထားတဲ့ အမေရိကန်တွေကို နှင်ထုတ်တာဟာ ဖိလစ်ပိုင်ရဲ့ညံ့ဖျင်းမှုပါ ။အခုမှသူတို့ က “ကျေးဇူးပြုပြီး ပြန်လာပါ” ပြောနေကြတယ်။)

တရုတ်ရေတပ် သြဇာရဲ့ ဟန်ချက်ကို ဒီဒေသတွင်းမှာ ထိန်းပေးထားနိုင်ဖို့ သူ တို့ မှာ စစ်ရေးအစီအမံတွေ အလုံအလောက်ရှိတယ်ဆိုတာကို အမေရိ ကန်တွေက ယုံကြည်ထားကြပါတယ် ။ ဒါအပြင် ဒီပင်လယ်ရဲ့ ရေမျက်နှာပြင် က သိပ်ပြီး မနက်တော့ တရုတ်ရေငုတ်သင်္ဘောတွေ လှုပ်ရှားသွားလာနေ တာက အစ အမေရိကန်တွေက စောင့်ကြည့်နေနိုင်တယ်။ ဒါပေမယ့် ဒီ အားသာချက်က ဘယ်လောက်ထိခံမလဲ။ နှစ်ပေါင်းတစ်ရာလား။ ဒါတော့ လုံးဝ မဖြစ်နိုင်ပါဘူး။ ဒါဆိုရင် နှစ်ပေါင်းငါးဆယ်လား။ ဒါလည်းမဖြစ်နိုင်ဘူး။ နှစ်ပေါင်းနှစ်ဆယ် ။ ဖြစ်နိုင်ကောင်းဖြစ်နိုင်မယ် ။ နောက်ဆုံးတော့ ပါဝါချိန်ခွင် လျှာ ည်ီမျှဖို့ က လာမယ့်ဆယ်စုနှစ်တွေ အတွင်း အမေရိကန်တွေ ရဲ့စီး ပွါးရေးနဲ့  သက်ဆိုင်နေပါတော့တယ်။ စစ်ရေယာဉ်တွေ၊ တိုက်လေယာဉ်တွေ၊ စစ်တယ်လိုက်အခြေစိုက်စခန်းတွေ ချဖို့ဆိုတာ ဘဏ္ဍာငွေ အထောက်အပံ့ ကလည်း ပြည့်စုံနေမှ ရတာပါ။

အမေရိကန်နဲ့ တရုတ်တို့  ပစိဖိတ်သမုဒ္ဒရာထဲ သြဇာလွှမ်းမိုးမှုလုနေကြ တဲ့ ပွဲထဲမှာ သူတို့ လောက်အင်အားမရှိတဲ့ အာရှနိုင်ငံတွေကတော့ အခြေ အနေကိုအကဲခတ်ပြီး နေကြရမယ့်သဘောပါ။ သုစီဒီဒေးစ် (Thucydides - ဂရိအတွေးအခေါ်ပညာရှင်) ကကမ္ဘာကျော်အဆိုအမိန့် တစ်ခုရေးထားခဲ့ပါ တယ်။ “ The Strong do what they can and the weak suffer what they must” တဲ့ ။ ( အားရှိသူက သူလုပ်နိုင်တာကိုသူလုပ်ပြီး အားမဲ့သူက သူခံစားစရာရှိတာကို ခံစားရတယ်။) အာရှထဲနိုင်ငံငယ်ငယ်လေးတွေဟာ သူ့ အထဲမှာ ပြောသလောက်အထိတော့ဒုက္ခရောက်နိုင်စရာ မရှိပါဘူး။

ဒါပေမယ့် ပစိဖိတ်ဒေသထဲမှာ အမေရိကန်တွေရဲ့ လွှမ်းမိုးမှုလျော့ကျသွား တာနဲ့  နိုင်ငံခြားရေးမူဝါဒတွေကို ပြင်ဆင်ပြောင်းလဲပြီး ကျင့်သုံးရ လာစရာ ရှိနေပါလိမ့်မယ်။ ရုတ်တရက်ကြီးစီးပွါးရေးအားကောင်းလာတဲ့တရုတ်အပေါ် ကြိုက်မကြိုက်နိုင်ငံတွေရဲ့သဘောထားကို ပိုပြီးအာရုံစိုက်ထားရပါလိမ့်မယ်။ အဲသလိုပဲ နောက်ထပ်အရေးကြီးတာက ဘယ်နိုင်ငံမှ တရုတ်ရဲ့  သြဇာခံ သက်သက်ဖြစ်မသွားစေဖို့  သေချာအောင်ဆောင်ရွက်သွားနိုင်ကြဖို့ ပါပဲ။
နောက်ဆုံးအနေနဲ့ ပြောရရင်တော့ တရုတ်တွေကိုယ်တိုင်ကလည်း အမေရိကန်တွေ အနောက်ပိုင်းသမုဒ္ဒရာထဲကနေ ထွက်သွားအောင်မောင်း ထုတ်နိုင်မှာ မဟုတ်ဆိုတဲ့  ကျွန်တော့်ယုံကြည်မှုပါပဲ။

ဥပမာအနေနဲ့ ဗီယက်နမ်နိုင်ငံကိုကြည့်ပါ။ တရုတ်စီးပွါးရေးအင်အားကောင်း လာတာနဲ့ ပါတ်သတ်ပြီး မပျော်မရွှင်အဖြစ်ရဆုံးက ဗီယက်နမ်တွေပါ။ ဗီယက် နမ်က ကမ္ဘောဒီးယားကို ကျူးကျော်စစ်ဆင်နွှဲတာကို လက်စားချေတဲ့အနေ နဲ့ တိန့် ရှောင်ဖိန်က မြောက်ဗီယက်နမ်ကို ၁၉၇၉ ခုမှာ ၀င်တိုက်ခိုက်ခဲ့ပါ တယ်။ မြို့ ရွာတစ်ချို့ ကို ဖျက်ဆီးခဲ့ ပြီး တပ်ပြန်ဆုတ်ခဲ့တယ်။ “ဟနွိုင်းအထိရောက်အောင်တိုက်ပြီး တစ်နိုင်ငံလုံးကို ငါသိမ်းပိုက် လို့ ရ တယ်။” ဆိုတာက ဗီယက်နမ်တွေဆီ ပို့လိုက်တဲ့ သူ့ သတိပေးစကားပါ။ ဒီသင်ခန်းစာကို ဗီယက်နမ်တွေ ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး။ ဗီယက်နမ် အစိုးရအနေနဲ့  အရေးကြီးတဲ့ မဟာဗျူဟာ တစ်ခုကိုတောင် သူတို့ ချင်း ညှိနိုင်းပြီး ဖြစ်နေလောက်ပြီးလို့ ကျွန်တော်ထင်ပါတယ်။ ဒါကတော့ အမေရိ ကန်တွေနဲ့  လုံခြုံရေးအရ ရေရှည်မှာအတူလက်တွဲနိုင်ဖို့ အားထုတ်မှုပါ။

ဒီပါဝါချိန်ခွင်လျှာ အရွေ့ ကြောင့် ကျွန်တော်ကိုယ်တိုင်လည်း စိတ် မသက် မသာခံစားရမိပါတယ်။ အမေရိကန်တွေက ဇွတ်တရွတ် မလုပ်တတ်သလို သူများနိုင်ငံပိုင်နယ်မြေတွေကို သိမ်းယူထားဖို့ လည်း စိတ်မ၀င်စားကြဘူး ။ ဗီယက်နမ်ကို သူတို့ ဝင်တိုက်ပေမယ့် ဗီယက်နမ်ကိုသိမ်းပိုက်ချင်လို့ မဟုတ် ဘူး။ ကိုရီးယားကိုလည်းဝင်တိုက်တယ်။ ဒါကလည်း မြောက်ကိုရီးယား ကိုရော တောင်ကိုရီးယားကိုပါ သိမ်းပိုက်ထားချင်လို့ မဟုတ်ဘူး ။ သူတို့  စစ် တိုက်ခဲ့တာတွေက ကွန်မြူ  နစ်ဝါဒကို တော်လှန်ဖို့  စစ်တိုက်ခဲ့ကြတာပါ။ ဒီ တစ်ကမ္ဘာလုံး ကွန်မြူ နစ်ဝါဒ စိုးမိုးသွားမှာ စိုးရိမ်လို့ ကာကွယ်ခဲ့ကြတာပါ။ သူတို့ သာ ဗီယက်နမ်နိုင်ငံရေးထဲ ၀င်မစွက်ခဲ့ရင် ဗီယက်နမ်ထဲမှာလည်း ကာ လအတန်ကြာ တပ်စွဲပြီး မနေခဲ့ ကြဘူးဆိုရင် ကွန်မြူ နစ်ဝါဒက ဗီယက်နမ် အပြင် အခြားအာဆီယံ နိုင်ငံတွေဆီကိုပါ ကူးစက်သွားနိုင်ပါတယ် ။ ဒါဆိုရင် အရှေ့တောင်အာရှနိုင်ငံ တော်တော်များများ အနီရောင် ဒီရေလှိုင်းအောက် (ကွန်မြူ နစ်ကို ရည်ညွှန်းပါတယ်။) လုံးဝနီးပါး ရောက်သွားနိုင်ပါတယ် ။ နစ်ကဆင်က အချိန်ဆွဲပြီး တောင်ဗီယက်နမ်ကို သူတို့ ကိုယ်တိုင်တိုက်ပွဲ ၀င် နိုင်အောင် ကူညီပေးခဲ့တယ်။ ဒီတိုက်ပွဲ တောင်ဗီယက်နမ်က မနိုင်လိုက်ပေ မယ့် အရှေ့တောင်အာရှနိုင်ငံတွေကိုတော့ သူတို့ ချင်းပေါင်းစီးမိပြီး ဆက် ဆံရေးတိုးတက်ကောင်းမွန်လာစေဖို၊့  သဘောတူအခြေခံ ဥပဒေေ တွ ရေးဆွဲဖို့ အချိန်ပိုရလိုက်တယ်။ ဒီလိုနဲ့ အာဆီယံ ( Asean )ဆိုတာ ဖြစ်လာတာပါ။

စင်ကာပူအတွက်ကတော့ အမေရိကန်တွေ ဒီဒေသထဲမှာရှိနေတာကို သဘောကျပါတယ်။ တရုတ်က ဘယ်လောက် ဗိုလ်ကျစိုးမိုးချင်သလဲဆိုတာ ကျွန်တော်တို့ မသိရသေးဘူး ။ ၂၀၀၉ ခုနှစ်တုန်းက တရုတ်ရဲ့သြဇာ လွှမ်း မိုးလာမှုကို အားမျှသွားအောင်လုပ်ရမယ်လို့  ကျွန်တော်ပြောလိုက်မိတော့ သူတို့ ကဘာသာပြန်လွဲမှားပြီး ကျွန်တော့်ကိုပဲ “သစ္စာဖောက်” လို့ အမည် တပ်ခဲ့ကြပါသေးတယ်။ ကျွန်တော်ကိုယ်တိုင်က တရုတ်လူမျိုးဖြစ်နေပြီး ဘာဖြစ်လို့ ဒီလိုစကားပြောရတာလဲ စတဲ့ ကြိမ်းမောင်းဝေဖန်တဲ့ အသံတွေ ညံသွားခဲ့တယ်။ သူတို့ ဟာ အလွန်အကဲခံစားမှုဝါဒီတွေပါ။ ကျွန်တော် ဆိုလို တာက ဒီအဓိပ္ပါယ်မျိုး မဟုတ်ပါဘူးလို့ ရှင်းပြတာတောင် သူတို့ က မကျေ နပ်နိုင်ဘူး ။ တရုတ်ပြည်မှာ အတွေ့ အကြုံမရှိ မရင့်ကျက်သေးတဲ့  အဲသလို မာန်တွေရှိနေတယ် ။

ဒီလိုတွေပြောင်းလဲလာနေတဲ့အချိန်မှာ တရုတ်ရဲ့စီးပွါးရေးအင်အား ဘယ်ေ လာက်ပဲကောင်းနေနေ ကမ္ဘာနဲ့ အထူးသဖြင့် အမေရိကန်တွေနဲ့ အဆက် အသွယ်မပြတ်ဖို့  အထူးအလေးပေးဆောင်ရွက်ရမယ့် မဟာဗျူဟာ တစ် ခုဖြစ်ပါတယ်။ အမေရိကန်တွေ အတွက် စင်ကာပူကလည်း အရေးကြီး တဲ့ နေရာမှာ ရှိနေပါတယ်။ သမုဒ္ဒရာထဲရှိ ကျွန်းစုလေးတွေကြားမှာ စင်ကာပူ ဟာ အဓိက အချက်အချာကျတဲ့နေရာမှာ ရှိနေတယ်။ ပစိဖိတ်ဒေသတွင်းမှာ သူတို့ သြဇာရှိနေစေချင်တယ်ဆိုရင် ဒီအချက်ကို ဘယ်နည်းနဲ့ မှ အမေရိ ကန်တွေမျက်ကွယ်ပြုထားလို့ မရပါဘူး ။

တရုတ်နဲ့ ကျွန်တော်တို့ ရဲ့ ဆက်ဆံရေးဒီထက်ပိုပြီး နီးကပ်လာမယ်ဆို ရင်တောင် သူတို့ နဲ့ ကျွန်တော်တို့ ကြားမှာ ရှိနေတဲ့  စီးပွါးရေး ၊ လူမှုရေး၊ ယဉ်ကျေးမှု၊ လုံခြုံရေး သဘောတူညီမှုတွေကို အားလျော့ မသွားစေပဲ ထိန်း ထားရမှာဖြစ်ပါတယ်။ တရုတ်ပြည်အနေနဲ့ ကလည်း အာဆီယံနိုင်ငံတွေကို သူတို့ ကဖိနှိပ်လေလေ ဒီနိုင်ငံတွေက အမေရိကန်နဲ့ ပိုပြီး နီးကပ်သွားေ လလေဖြစ်မယ်ဆိုတာ သဘောပေါက်ထားကြပါတယ်။ အခု အမေရိကန်တွေ လို တရုတ်တွေက စင်ကာပူမှာ သူတို့ စစ်သင်္ဘောအတွက် ဆိပ်ကမ်းရှိနေစေ ချင်တယ်ဆိုရင် စင်ကာပူကကြိုဆိုနေမှာပါပဲ ။ သူ့ ကိုတော့လက်ခံ ဟိုလူ့  ကိုတော့ကန်ထုတ်ဆိုတာမျိုး စင်ကာပူက မလုပ်ပါဘူး ။ ဒီလို ရပ်တည်ထား ရင် ခရီးအရှည်ကြီး ရှေ့ဆက်သွားလို့ ရပါသေးတယ်။

(ဆက်ရန်)

တပည့်မကောင်း ဆရာ့ခေါင်း (ပုံပြင်သစ်)


( ၁ )
လူတစ်ယောက်က မြေခွေးတစ်ကောင်ကို ယဉ်ပါးအောင်ထိန်းကျောင်းပေး တယ်။ မြေခွေးလေးယဉ်ပါးလာပြိလို့ ယုံကြည်ရတဲ့အခါမှာ လူက အဲဒြီေ မခွေးလေးကို လှောင်အိမ်ထဲမှာထည့်ပြီး ယုန်ကလေးနဲ့ အတူ တစ်ည သိပ် လိုက်တယ်။
မနက်မိုးလင်းလို့ သွားကြည့်လိုက်တော့ မြေခွေးနဲ့ ယုန်ကလေးတို့ ဆော့ ကစားနေကြတယ်။

(၂)
မြေခွေးတစ်ကောင်က လူတစ်ယောက်ကို ယဉ်ပါးအောင် ထိန်းကျောင်းပေး တယ်။… ( အတူတူပဲ၊ လူနဲ့ မြေခွေးနေရာ ခြင်းလဲလိုက်ရင်ရပါပြီ… )
မနက်မိုးလင်းလို့ သွားကြည့်လိုက်တော့..... ယုန်ကလေးဟာ သွေးအိုင်ထဲမှာ သေနေတယ်။
သွေးအိုင်ထဲမှာ သေနေတယ်။
လူ့ပါးစပ်မှာလည်း သွေးစ တွေနဲ့ ....တဲ့။

(၃)
"လူဆိုတာ မြေခွေးလောက်တောင် ညှာတာစိတ်မရှိဘူး"
တကယ်ပဲလား။

(၄)
ကျွန်တော်ကတော့ ဒီလိုမထင်ပါဘူး။ လေ့ကျင့် သင်ကြားပေးတဲ့နေရာ မှာ မြေခွေးက လူလောက် မတော်ဘူး ။ ဒါကြောင့် လူ့စိတ်က ရိုင်းစိုင်းသွား တာလို့ ထင်တယ်။
တပည့်မကောင်း ဆရာ့ခေါင်း လို့ ဆိုရိုးရှိပါတယ်။
(အဟောင်းကို နည်းနည်းပြင်တင်လိုက်လိုက်တာပါ)

End of Relationships :)


ဒီပုံက တစ်ဖက်သတ်နည်းနည်းဆန်တယ်ထင်ပါတယ်။
မစ္စတာဂျင်းမ် လက်ချက်ပါ။ အမျိုးသမီးတွေကို အားနာစရာ။
ဘားမဆွဲဘဲ ဘားစွဲသွားတဲ့ အမျိုးသားတွေလည်း ရှိနိုင်တာပဲ။

တနင်္ဂနွေ အပျင်းပြေ


ရည်းစားစကားပြောတာကိုပဲ ကမ္ဘာမြေရဲ့ ဆွဲငင်အားတွေ၊ အလျား အနံတွေ နဲ့ ရှုပ်နေတာကို အိုင်း စတိုင်းက သဘောတွေ့ဟန်မတူဘူး။
"Gravitation is not responsible for people falling in love." တစ်ယောက်နဲ့တစ်ယောက်ချစ်ကြိုက်တာ ကမ္ဘာမြေရဲ့ ဆွဲငင်အားမှာ တာဝန် မရှိ တဲ့။

အိုင်း စတိုင်းက ပြုံးစရာ ရယ်စရာ သိပ်မပြောတတ်ဘူးထင်ပါတယ်။ ဒါပေမဲ့ ဒီစကား အဆုံးသတ်သွားပုံလေးကတော့ နည်းနည်းပြုံးရပါတယ်။
အဆုံးမရှိတာဆိုလို့ နှစ်ခုပဲရှိတယ်။ စင်္ကြာဝဠာနဲ့ လူရဲ့ ရူးနှမ်းမိုက်မဲမှုပဲ၊ ဒါပေ မဲ့ စင်္ကြာဝဠာရဲ့ အဆုံးမရှိမှုကတော့ သိပ် မသေချာလှဘူး တဲ့။ ဒါဆို??????။
"Only two things are infinite, the universe and human stupidity, and I'm not sure about the former."

ကျန်းမာရေးနဲ့ပတ်သက်လို့ ပြောကြတာတွေ များလှပါပြီ။ ဘယ်သူမှ Mark Twain လောက် မထိရောက်လှဘူးထင်တာပဲ။
"The only way to keep your health is to eat what you don't want, drink what you don't like, and do what you'd rather not."
ကျန်းမာရေးကို ထိန်းထားဖို့ တစ်ခုတည်းသောနည်းလမ်းက မစားချင် တာတွေ ကို စား၊ မသောက်ချင်တာတွေကို သောက်၊ မလုပ်ချင်တာတွေကို လုပ်ရခြင်းလို့ ဆိုတယ်။

ဆုတံဆိပ်ပေး၊ ဘွဲ့ပေးတာတွေကို ဘယ်သူကဖြင့် လက်မခံဘူး စတာတွေ လည်း မကြာခဏကြုံရ ကြားရပါတယ်။
သူတို့အတွက် မာ့ခ်တွိန်းရဲ့မှတ်ချက်က အောင့်သက်သက်များ ဖြစ်စေမ လားတော့ မသိဘူး။ ဖတ်ကြည့်ပါ။
"To refuse awards is another way of accepting them with more noise than is normal." တဲ့။

မဇ္ဈိမလှိုင်း


မန္တလေးရဟန်းလတ်နဲ့ (ရဟန်းပျိုနဲ့ အမှတ် မမှားစေချင်ပါ) မဇ္ဈိမလှိုင်း ကတော့ ကင်းလို့မရဘူးလေ။
ကိုရဲလွင်ကြီးရဲ့ အမှတ်တရ "ပန်းခရမ်းပြာ" ကို နားထောင်နေကြရင်းနဲ့
အဉ္ဇလီမောင်မောင် (ကိုမောင်မောင်) ဆီ ရောက်သွားတယ်။
ရောက်နေတဲ့ အာဂန္တုက ပြောတယ်။
ကျောင်းအမကြီး မြေးလေးက
အဖေသေတော့ မငို
အမေဆုံးတော့လည်း မငို၊
ကိုမောင်မောင် (အဉ္ဇလီမောင်မောင်) ဆုံးတော့မှ ရှိုက်ကြ်ီးတငင် ငိုနေလို့
ကျောင်းအမကြီးက ဆရာတော်ကို လာလျှောက်သတဲ့။

ကလေးနဲ့ပတ်သက်လို့ ဘာပြောရမလဲ မသိပါဘူး။
နှမြောစရာကောင်းလှတဲ့ အုပ်စုကြီးဆိုတာတော့ သေချာတယ်။

(မဇ္ဈိမလှိုင်း အလွမ်းပြေ)

သီဟိုဠ် ၊ ဆင်နဲ့ ဘာသာရေး


သီဟိုဠ်က ကိုလံဘိုမြို့မှာတောင် ဆင်နဲ့ ဘာသာရေး အခန်းအနား လှည့်ကြ တဲ့ယဉ်ကျေးမှု ရှိနေသေးတယ်။ ရဟန်းမခံမီ ရဟန်းလောင်းတွေကို ဆင်ပေါ် တင်ပြီး လှည့်တတ်ကြသတဲ့။ ကျေးလက်က ကျောင်းတွေမှာ တစ်ကျောင်းကို ဆင်တစ်ကောင်နှုန်းနီးပါး ရှိနေသေးတယ်လို့ ဆိုကြတယ်။
မြန်မာပြည်မှာ ဆင် အဲသလောက်မပေါတော့သလို ယဉ်ကျေးမှုလည်း မရှိတော့ဘူး။ နွားလှည်းတွေ၊ မြင်းတွေကိုသုံးပြီးလှည့်တာတောင် မန္တလေး၊ အခြားမြို့ငယ်တွေနဲ့ ကျေးလက်မှာပဲ ရှိတော့မယ်ထင်တယ်။



လပတ်လည် အမှတ်တရ


မီးဖိုထဲမှာ စားစရာ
အိပ်ထဲမှာ အဝတ်အစား
ခေါင်းပေါ်မှာ အမိုး၊ အိပ်စရာနေရာရှိနေရင်
သင်ဟာ ကမ္ဘာ့လူဦးရေ ၇၅ ရာခိုင်နှုန်းထက်သာနေပါပြီ။

ဘဏ်မှာ
ပိုက်ဆံအိပ်ထဲမှာ
သုံးစွဲစရာ ငွေကြေးအလုံအလောက်ရှိနေရင်
သင်ဟာ ကမ္ဘာ့အချမ်းသာဆုံး လူဦးရေ ၈ ရာခိုင်နှုန်းထဲ ပါဝင်နေပြီ။

သုံးစွဲစရာ ငွေကြေးအလုံအလောက်ကို
ကွန်ပျူတာနဲ့ ရှာလို့ရရှိနိုင်တယ်ဆိုရင်
သင်ဟာ ကမ္ဘာ့ကံ အကောင်းဆုံး လူဦးရေ ၁ ရာခိုင်နှုန်းထဲ ပါဝင်နေပြီ။

ကျန်းကျန်းမာမာနဲ့ မနက်အိပ်ယာက ထနိုင်ခဲ့ရင်
သေမလား၊ ရှင်မလား မသိတဲ့
ရောဂါရှင်တစ်ယောက်ထက် သာနေပါပြီ။

စစ်ပွဲရဲ့ ဘေးရန်တွေ
နှစ်ရှည်လများ အကျဉ်းချခံထားရခြင်းတွေ
အစာရေစာငတ်ပြတ်မှုတွေ
ကြုံတွေ့ မနေရဘူးဆိုရင်
သင့်ဘဝဟာ ကမ္ဘာ့လူဦးရေ ၇ သန်းကျော်ထက်သာနေပါပြီ။

(အထူးသဖြင့်)
မိမိကိုယ်ကိုယုံကြည်မှုရှိရှိနဲ့
ဣဿာ မစ္ဆရိယကင်းကင်း
ပြုံးပြုံးရွှင်ရွှင်နေနိုင်ရင်
တွေတွေဝေဝေနဲ့ မျက်နှာပုတ်သိုးနေသူထက်
အများကြီး သာနေပါပြီ။ ။

"သုံးတစ်"ဆိုတာ သစ်တုံး


တစ်ခါက စိတ်မနှံ့ရှာသူ တစ်ယောက်ဟာ ခရီးသွားတွေနားတတ်တဲ့ ဇရပ်ခါးပန်းမှာ ၃/၁ ဆိုတဲ့ ဂဏန်းလေးနှစ်လုံး မြေဖြူနဲ့ ရေးထားသတဲ့။ အဲဒီဇရပ်ထဲကို ဗိန္ဓောဆေးဆရာရယ်၊ ဓာတုဗေဒဆရာရယ်၊ အဘိဓမ္မာဆရာရယ် သုံးယောက်ရောက်လာပြီး နားခိုကြသတဲ့။

အဲဒီ ၃/၁ ဆိုတဲ့ ဂဏန်းလေးကိုတွေ့ပြီး ပထမဆုံးဗိန္ဓောဆရာက “ တော်တော်ပညာရှိတဲ့လူပဲ၊ ဂဏန်းလေးနှစ်လုံးနဲ့ အားလုံးကို ခြုံငုံမိေ အာင် ပြောပြနိုင်တယ်။ ဓာတ်ကြီးလေးပါးထဲမှာ ပထဝီဓာတ်ဟာ အရေး အကြီးဆုံးနံပါတ်တစ်ပဲ။ ပြီးတော့ အာပေါရယ်၊ တေဇောရယ်၊ ဝါယော ရယ် ဓာတ်သုံးပါးပေါ့ဗျာ။ ပထဝီ တစ်၊ အာပေါ တေဇော ဝါယောက သုံး” လို့ အဓိပ္ပါယ်ဖွင့်ဆိုတယ်။

ဒီတော့ ဓာတုဗေဒဆရာက “ မဆိုင်လိုက်တာဗျာ။ ၃/၁ ဆိုတာ ရေဓာတ် ကို ပြောတာဗျ။ အိတ်(ချ) တူးဆိုတဲ့ ဟိုက်ဒရိုဂျင် နှစ်ဆရယ်၊ အို ဆိုတဲ့ေ အာက်ဆီဂျင်တစ်ဆရယ်၊ သုံးခုပေါင်းလိုက်ရင် ရေဆိုတဲ့(၁) ကို ရတယ် လို့ ဆိုလိုတာဗျ”
လို့ အဓိပ္ပါယ်ဖွင့်ဆိုသတဲ့။

နောက်ဆုံး အဘိဓမ္မာဆရာက-
“ မဆီမဆိုင်တွေဗျာ။ ဒါက သစ္စာလေးပါးကို ခြုံပြီးပြောတာဗျ။ (၃) ဆိုတာက ဒုက္ခ၊ သမုဒယ၊ မဂ္ဂသစ္စာတို့ကို ဆိုလိုတာဖြစ်ပြီး တစ်က သီးသီးသန့်သန့်ဖြစ် တဲ့ နိဗ္ဗာန်ဆိုတဲ့ နိရောဓသစ္စာကို ညွှန်းဆိုတာပါ” လို့ ရှင်းပြသတဲ့။

သူတို့ ပညာရှင်တွေ ငြင်းခုံနေကြတုန်းမှာပဲ အဲဒီ ၃/၁ ရဲ့ ပိုင်ရှင် စိတ်မနှံ့ရှာ သူ ရောက် လာပြီး ခင်ဗျားတို့ ဘာတွေပြောနေကြတာလဲလို့ မေးသတဲ့။ ပညာရှင်ကြီးတွေကလည်း သူတို့ အယူအဆ တွေကို ရှင်းပြကြတာပေါ့။
ဒီတော့ သူက
“ ခင်ဗျားတို့အားလုံး အရူးတွေပါဗျာ။ ကျုပ်ဆိုလိုတဲ့ သုံးတစ် (၃/၁) ဆိုတာ သစ်တုံးကိုပြောတာပါဗျာ။ လွယ်နေတာကို ခက်အောင်လုပ် ကြတယ်"
ဆိုပြီး စိတ်ပျက်ပျက်နဲ့ ထွက်သွားသတဲ့။
ဟုတ်တော့လည်း ဟုတ်သားပဲ။ သုံးတစ်ဆိုတာ သစ်တုံးပဲလေ။

(ဆရာတစ်ယောက်ရဲ့ အရွှန်းကို နည်းနည်းပြင်ပြီး ပြန်ဖောက်ထားတာပါ)

လှပဆဲပန်းပွင့် နှလုံးသားများ


လင်္ကာဒီပချစ်သူကို ရေးဖွဲ့ခဲသော ဆရာ ချစ်ဦးညိုသည် ယင်း ဝတ္ထုကို သီဟိုဠ် သားများနှင့် အမှန်ထိတွေ့ဆက်ဆံခဲ့ပြီးမှ ရေးဖွဲ့ခြင်းလား၊ လဲဂျင့်ဆန်ဆန် ဒဏ္ဍာရီများကိုဖတ်ပြီး လင်္ကာဒီပချစ်သူကို မွေးဖွားလိုက်ခြင်းလား။ မသိပါ။ သို့သော် ဆရာ့ အနုပညာ၊ သမိုင်းတစ်စုံတစ်ရာတန်ဖိုးနှင့် လူထု၏ စိတ်နေစ ရိုက်တန်ဖိုးများ ဆရာချန်ထားနိုင်ခဲ့သည်ကိုမူ ကျွန်ုပ်တို့  ငြင်းမရပါ။

ရမာယနဇာတ်မှာလည်း ဗြဟ္မဏဝါဒကို ဦးစားပေးလွန်းသောစာရေးဆရာ၏ ဖွဲ့သီမှုကြောင့် သီဟိုဠ်သားတို့ ဘီလူးတစ်ပိုင်းဖြစ်ခဲ့ရပြန်သည်။ ကျွန်ုပ် ငယ် စဉ်ကသီဆိုဖူးသည့် ဂီတစာဆို မောင်ကြေးမုံ ရေးခဲ့သော "ကျောက်ဆစ်ရုပ် ထဲက ပန်းပွင့်လို နှလုံးသားနဲ့လူ" ဆိုသောစကားသည် ဗီလိန်ကို မင်းသား အဖြစ်ရေးဖွဲ့ခြင်းထက် အဓိပ္ပါယ်ပိုရှိကြောင်း ယခု နားလည်ထားနိုင်ပါသည်။ ရှစ်ရက်ခန့် သူတို့နဲ့ အတူသွား၊ အတူစားခဲ့ပြီးနောက် မပျောက်သေးသော သူတို့၏ ပန်းပွင့် နှလုံးသားကို ခံစားနားလည်ခဲ့ရသည်ဟုဆိုချင်ပါ၏။

"လူတွေက စိတ်ရှည်လွန်းတော့ ခွေးကတောင် အခွင့်အရေးယူတယ်" ပြော မိတော့ ကားသမားနှင့် ရဟန်းငယ်တို့က ရယ်ကြသည်။ ကားလမ်းပေါ် က ခွေးများက ကားလာတာမြင်ပါလျက် ခြေလှမ်းမပျက် ဣနြေ္ဒရရပင် လမ်း ကူးတတ်ကြ၏။ ကားမောင်းသူကလည်း ခွေးကို ဆူခြင်း၊ ဆဲဆိုခြင်း ဘာမှမ လုပ်၊ စိတ်ရှည်လက်ရှည် ရပ်ပေး၊ ရှောင်ပေးသည်။ တခြားနိုင်ငံတွေမှာဆို ဘယ်လိုများ နေလေမလဲဟု တွေးမိသေး၏။ သေသေချာချာပြောနိုင်သည်က သီဟိုဠ်သားတို့သည် အလွန်စိတ်ရှည်ပြီး အလွန်ဒေါသနည်းကြသည်။
အမှန် မူ မိမိတို့ ဗင်ကားမောင်းသူသည် လူငယ်လေးသာဖြစ်သည်(ကျန် ၃၉ ယောက်က ဘတ်စ်ကားစီးကြပြီး လွတ်လွတ်လပ်လပ်ရှိစေရန် မိမိအ တွက် ဗင်ကား စီစဉ်ပေးခြင်းဖြစ်သည်) ကားမောင်းရင်း အခန့်မသင့်စရာကြုံရတိုင်းလည်း တစ်စုံတစ်ရာ ရေရွတ်ဖို့ ဝေလာဝေး၊ ဒေါသဖြစ်ဟန်ပင် မတွေ့ ရ။

လူမတူလို့ (သို့) ရဟန်းတွေ ကားပေါ်မှာပါနေလို့ ဖြစ်ကောင်းဖြစ်မယ် ဟု တွေးမိသည့်အတွေးကလည်း မမှန်ကြောင်းသိလာရသည်။ ဆွမ်းစားချိန်နီးကပ်ခိုက်သူ့ကားကိုအရှိန်တင်ပြီး တောင်ဆင်းလမ်းကျဉ်းလေးမှာ သစ် ကားကြီးနှစ်စီးကို ကျော်ဖို့ကြိုးစားသည်။ မရလိုက်။ အံ့ဩစရာက လမ်း အနည်းငယ်ပိုကျယ်သောနေရာအရောက်တွင် ထို ကားကြီးနှစ်စီးက တစ်နေရာစီမှာ ဘေးကပ်ရပ်ပေးထားပြီး ကျော်တက်ခွင့်ပေးလိုက်သည်ကို ကြည်နူးစွာတွေ့မြင်လိုက်ရခြင်းဖြစ်သည်။ မိမိတို့က နောက်ခန်းမှာ ထိုင်နေ သဖြင့် ရဟန်းများ စီးလာသောကားဆိုတာလည်း ယင်း သစ်ကား ဒရိုက်ဘာ များ သိခွင့်ရကြမည်မဟုတ်။
ဤသည်မှာ သူတို့ အရိုးခံ စိတ်ရင်းဖြစ်ပုံရပါသည်။



ရန်ကုန်၊ မန္တလေး စသည့် ခရီးများကို ကားဖြင့် နှစ်ကြိမ်ခရီးထွက်ခဲ့ဖူးပါသည်။ မိမိ၏ကားမောင်းသူ၊ အခြား ကားများမောင်းသူ၊ အခန့်မသင့်တိုင်း လမ်းပေါ် က အပြန်အလှန် ဆဲဆိုကြုံးဝါးမှုများ၊ ကားပြူတွင်းကို အပြန်အလှန်ချပြီး နင် လား ငါလား စကားလုံးများ။ ကားလေးက ကျော်တက်မှာကို အနား လာမ ကပ်နဲ့ ဆိုသော လမ်းအလယ်ခေါင်က ပိတ်မောင်းနေတတ်သော ကုန်တင် ယာဉ်ကြီးများ။

သီဟိုဠ်ကို အလည်တစ်ခေါက်လောက် ရောက်ဖူးစေချင်မိ၏။

ကမ္ဘာကျော်များနဲ့ စကားပြောခြင်း


(၁)
မေး။ ။ လူ့ဘဝကို ဘယ်လိုပြန်စရရင် ဒီထက် ပို ပျော်စရာကောင်းမလဲ။
ဖြေ။ ။ မွေးမွေးချင်း အသက်ရှစ်ဆယ်ဖြစ်နေပြီး တဖြည်းဖြည်းနဲ့ အရွယ်ေ ရာက်၊ ဆယ့်ရှစ်နှစ်မှာ ဘဝဆုံးသွားရင် ဒီထက် ပျော်စရာကောင်းမှာ သေ ချာပါတယ်။

(၂)
မေး။ ။ ဘဝအသစ်ကို တစ်ကနေ ပြန်စရရင် ဘယ်လိုနေမလဲ ခင်ဗျာ။
ဖြေ။ ။ ဘယ်လိုနေရဦးမှာလဲ ရှင့်။ အရင်လိုပဲ အမှားတွေ ထပ်လုပ်ကြမှာပေါ့။ ဒါပေမဲ့ အတွေ့အကြုံအရ ဒီတစ်ခါ ပိုပြီး မြန်မြန်ဆန်ဆန်နဲ့ (ကျွမ်းကျွမ်းကျင် ကျင်) မှားတတ်လာကြလိမ့်မယ်။

(၃)
မေး။ ။ အမေရိကတိုက်ကြီးကို ရှာဖွေတွေ့ရှိခဲ့တာနဲ့ ပတ်သက်လို့ ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ ဒါဟာ တကယ် အံ့ဘနန်းကိစ္စကြီးပါ။ ဒါပေမဲ့ အမေရိကတိုက်ကြီးကို မတွေ့ခဲ့ရင်(သို့) ပြန်ပျောက်သွားရင် ဒီထက် ပိုကောင်းမယ်ဗျာ။

(၁ နဲ့ ၃ က မာ့ခ်တွိန်း၊ ၂ က ဇာဇာဂါဘိုး ပြောထားတာပါ)

လူနဲ့ စင်တာကလော့စ်


၁။ စင်တာကလော့စ် တကယ်ရှိတယ်လို့ သင် ယုံကြည်တယ်။
၂။ စင်တာကလော့စ် တကယ်မရှိပါဘူးလို့ သင် ယုံကြည်လာတယ်။
၃။ သင်ကိုယ်တိုင် စင်တာကလော့စ်နဲ့တူအောင် ဝတ်စားလာတယ်။
၎။ တူအောင် ဝတ်စားစရာမလိုတော့ပဲ စင်တာကလော့စ်နဲ့ သင် တူလာတယ်။

တို့ မညံ့ခဲ့ဘူး


သမိုင်းပွင့်ကိုသီတော့
တို့ ပန်းကုံးက တိုကောင်းတိုမယ်
ဒါပေမဲ့
တို့ အပွင့်တွေက ပိုစွင့်တယ်။

ပါဠိ စကောလားတွေ ရေးချက်ကြောင့်
ဒုဋ္ဌဂါမိဏိ
အဘယစစ်သူကြီး
ပရက္ကမဗာဟု စသည်
ပါဠိရာဇဝင်မှာ
မော်မကြည့်ရဲလောက်အောင် ခမ်းနားပေမဲ့
တူးဖော်တွေ့ရှိသမျှကတော့
အနော်ရထာရဲ့ ပုဂံလောက် မခမ်းနားပါဘူး ကွယ်တို့


အနော်ရထာသာ
သီဟိုဠ်မင်းတစ်ပါးဆိုရင်
ဘယ်လို ညွှန်းမလဲ သိချင်တော့ရဲ့။


image source
 

အာဂါရိက၊ အနာဂါရိက


အမှာ။         ။ ဤဆောင်းပါးကို ဘာသာပြန်ရန် ကာလအတန်ကြာကတည်းက ဆန္ဒရှိခဲ့သည်။ သဘောတူသည်၊ မတူသည်ကို အပထား ရဲတင်းသော မတူညီသော အမြင်တို့ကို တွေ့ရသည်။ ဟုတ်ပါသည်၊ မှန်ပါသည်ဟု ဝန်ခံရန်လက်တွန့်နေတတ်သော်လည်း မဟုတ်မမှန်ဟု ငြင်းဆိုရန်လည်းခက်သည်။ မိရိုးဖလာ ဗုဒ္ဓဘာသာနှင့်တော့ အငြင်းပွါးဖွယ် ကွန်ထရိုဗာရှယ် ဖြစ်နိုင်၏။ သို့သော် 3-D ဟူသော ခေါင်းစဉ်အောက်၌ကား ချန်ထားခဲ့သင့်သည်ဟု မယုံကြည်သဖြင့် ဖော်ပြလိုက်သည်။ ယောနိသော မနသိကာယ (သို့မဟုတ်) Open-minded ဖြင့် ဖတ်ရှုကြရန် မေတ္တာရပ်ခံလို၏။ (သီဟနာဒ)



    အိမ်ယာတည်ထောင်နေထိုင်သော လူသားတို့ဘဝကို ဃရာဝါသဟု ခေါ်၏။ ပိဋကတ်သုံးပုံ၌ ဃရာဝါသဖြစ်သော လူသားတို့ဘဝနှင့် ဃရာဝါသမဟုတ်သော ရဟန်းသီလရှင်တို့၏ ဘဝခြားနားချက်ကို ခပ်ရှင်းရှင်း ဖော်ပြသည်ကို မကြာမကြာတွေ့ရသည်။

    ပထမဖြစ်သော လူသားတို့ဘဝကို ရာဂပထ ရာဂလမ်း( dusty and confining) ဟု ဖော်ပြပြီး ရဟန်းတို့ဘဝကို အဗ္ဘောကာသ လွင်တီးကောင်ရပ်ဝန်း(free as the breeze) ဟု ဖော်ပြသည်။ (D-1,63)

    လူ့ ဂျင်နရေးရှင်းအဆက်ဆက်ကို ဆက်စပ်ကြည့်မယ်ဆိုလျှင် အလွန်ရိုးရှင်းလှသော အဆိုအမိန့်ဟု ယူဆရန်ရှိသည်။ ဘုရားရှင်လက်ထက်တော်အခါက ရဟန်း၊ သီလရှင်တို့ဘဝသည် လွတ်လပ်၏။ သို့သော် အခက်အခဲပေါင်း များစွာရှိ၏။ အများစုသည် အတည်တကျ နေရာထိုင်ခင်းမရှိသဖြင့် အချမ်း၊ အပူ၊ ဆာလောင်မှု၊ မွတ်သိပ်မှု၊ မှက်၊ ခြင်၊ ယင် ကိုက်ခဲမှု၊ လ၊ နေတို့၏ နှိပ်စက်မှုစသည်တို့ကို ခံစားကြရသည်။ (M-1, 10)
    ဝိနယပိဋကတ်တော်လာ အဖြစ်အပျက်တို့ကိုကြည့်လျှင် ဘုန်းတော်ကြီးကျောင်းများ အတွင်းမှာပင် ပုဂ္ဂလိကရေးရာ ပြဿနာများ၊ မနာလိုဝန်တိုမှုများ၊ သဘောထားမတိုက်ဆိုင်မှုများ တွေ့ရသည်။ (M-1,321)

    ထိုမှ ဆန့်ကျင်စွာ လူသား၏ဘဝ၌ “ အမိုးအကာလုံခြုံသော အိမ်အောက်၌ ခိုင်ခံ့သောတံခါး၊ ပြတင်းတို့ဖြင့်ကာရံ၍ စားပွဲ၊ ကုလားထိုင်တို့ကို ကောင်းစွာဖုံးအုပ်ထားလျက်၊ အလှအပ ခြုံစောင်တို့ဖြင့် စည်းစိမ်ခံစားနိုင်၏……..A-1, 137) ” ဟု ဖော်ပြထားလေသည်။

    ဤမျှ စည်းစိမ်အပြည့်ရှိနေသော်လည်း လူသားတို့ဘဝမှာ အားနည်းချက်ကား ရှိနေ၏။ ရှေးဟောင်းအိန္ဒိယ လူ့ယဉ်ကျေးမှုစနစ်အရ ထိုလူသားသည် ဇာတ်ခွဲခြားမှုကို အခြေခံသော မိဘများ၊ လူ့အဖွဲ့အစည်းများထံမှ ကန့်သတ်မှုများစွာ ရှိနေဆဲပင်ဖြစ်၏။ အမျိုးသမီးများအတွက် ပို၍ဆိုးဝါး၏။ သူမ၏ခင်ပွန်း၌ ယောက္ခမတို့အပေါ် တာဝန်ဝတ္တရားများ များစွာရှိ၏။ ကိုယ်ဝန်ထိန်းချုပ်မှုဟူသည်ကလည်း ကြားပင်မကြားဖူးသေးချေ။ ထို့ကြောင့် ပဋိသန္ဓေနှင့်စပ်သော ဒုက္ခများ ကြိမ်ဖန်များစွာ ခံစားကြရရှာသည်။ မိသားစုတိုးပွားလာခြင်းကြောင့် ခံစားမှုနှင့်စပ်သော ကျေနပ်ရမှု၊ ကြည်နူးရမှုများရှိနိုင်သော်လည်း တစ်ယောက်နှင့်တစ်ယောက်အကြား ပုဂ္ဂိုလ်ရေး ပြဿနာများ၊ လွတ်လပ်မှုမရရှိခြင်း ပြဿနာများ များစွာရှိခဲ့သည်။

    ထိုသို့သော ဒုက္ခ၊ သုက္ခများကြား တရားမမေ့ကြရန် “ စီးပွါးရေး ခရီးထွက်သောအခါ၌ဖြစ်စေ၊ မိသားစုနှင့် အိမ်မှာရှိနေသောအခါ၌ဖြစ်စေ” ဟု ဆုံးမတော်မူခဲ့သည်။ (A-V, 333) အချို့သော လူသာဝကများ တရားထူးများ ရရှိသွားကြပြီး ထောင်သောင်းမကသော သာဝကများလည်း လမ်းစဉ်မှန်ပေါ်သို့ ရောက်ရှိခဲ့ကြသည်။ (M-1.491, 912)

    ဘီစီငါးရာစု လူသား၏ဘဝသည် တရားထူးရရန် အလွန်အလှမ်းကွာဝေးနေသေးသည်ဟု ယူဆနိုင်သည်။ သို့သော် ယနေ့လူ့အဖွဲ့အစည်းနှင့် မိသားစုတည်ဆောက်မှု ပုံသဏ္ဍာန်သည် ထိုခေတ်နှင့်များစွာ ခြားနားနေပြီဖြစ်သည်။ အထူးသဖြင့် အနောက်တိုင်းနိုင်ငံများမှ လူသားဘဝသည်( အိမ်ထောင်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ) လွတ်လပ်မှု၊ ကိုယ်ပိုင်အခွင့်အရေး၊ စာပေကို လေ့လာကျင့်သုံးရန် အချိန်များစွာရှိနေကြသည်။ ထို့ကြောင့် ဓမ္မကို လူ့ဘဝဖြင့် ပြည့်စုံအောင်ကျင့်သုံး၍ မရနိုင်ဆိုသော စကားအတွက် အဓိပ္ပါယ်သိပ်မရှိတော့ပေ။

    လူသားများဘဝက ဘုရားရှင်လက်ထက်ကနှင့်မတူ ပြောင်းလဲသွားသလို၊ ရဟန်း၊ သီလရှင်များ၏ ဘဝကလည်း ထို့ထက်ပင်ပို၍ ပြောင်းလဲနေပေသည်။ ယနေ့ခေတ် ရဟန်းတော်အများစုသည် မဆုံးနိုင်သော တာဝန်ဝတ္တရားတို့ဖြင့် လည်ပတ်နေကြသည်။ အခမ်းအနားများ၌ ဆုပေး၊ ရေစက်ချ၊ တရားဓမ္မဟောဖို့ပြင်ဆင်၊ သာရေးနာရေးဆောင်ရွက်၊ ပြဿနာများကို လက်ခံဖြေရှင်း၊ ဆွေးနွေး၊ ဘာသာရေးစာမေးပွဲများအတွက် လေ့လာကျက်မှတ်၊ ရာသီပွဲတော်များ လက်ခံကျင်းပ စသည်တို့ဖြစ်သည်။

    ကျောင်းထိုင်ဆရာတော် အများစုသည် ကျောင်းတိုက်တာ ဆောက်လုပ်နိုင်ရေး၊ ရပ်တည်နိုင်ရေးအတွက် အလှူငွေရအောင် ကြံဆောင်ရခြင်း၊ နောက်တစ်လအတွက် ရေ၊ မီးအခွန်များရအောင် ကြံဆောင်ရခြင်း စသည်တို့ဖြင့် အချိန်များများ ကုန်နေကြရသည်။

    လူတော်တော်များများ စရဏကျင့်စဉ်အဆင့် မတက်နိုင်ကြခြင်းသည် သူတို့ကိုယ်တိုင် ရဟန်းဘဝကို မခံယူနိုင်ခြင်းမဟုတ်၊ ရဟန်းမဝတ်ဘဲ ဒီအကျင့်တွေကို ကျင့်လို့မရဟူသော အယူအဆအစွဲသာဖြစ်သည်။ ဤအတွေးက သူတို့ကို ဓမ္မမကျင့်သုံးဖို့ ဟန့်တားနေခြင်းဖြစ်သည်။

အမှန်တကယ်မူ လူသားဘဝမှာလည်း စိတ်ဓာတ်ရင့်ကျက်ရေး လေ့ကျင့်ရန် အခွင့်အလမ်းများစွာရှိသည်။ ရဟန်းဘဝနှင့် သိပ်မခြားနားတော့ပေ။

    သို့ဖြစ်လျှင် ကာမဂုဏ်ဆက်စပ်မှုကိစ္စ၊ ကလေးတွေကို မွေးမြူထိမ်းကျောင်းရသည့် တာဝန်များကရော ဘယ်သွားထားမလဲဟု မေးရန်ရှိသည်။ ကာမဂုဏ်ဆက်စပ်လိုမှုသည် စိတ်အညစ်အကြေးတစ်ခုဖြစ်သည်။ သို့သော် သင်္ကန်းဝတ်လိုက်ကာမျှဖြင့် ထိုဆန္ဒက ကွယ်ပျောက်သွားလိမ့်မည်မဟုတ်ပေ။ လူသားများမှာပင် ဤဆန္ဒက အိမ်ထောင်ပြုစနှစ်များ၌ အရေးတကြီးဟု ထင်နေကြရသော်လည်း ကာလအတန်ကြာသောအခါ လျော့ပါးသွားကြသည်။ အချို့ (လက်ထပ်၊ လက်မထပ်သော) ပုဂ္ဂိုလ်အချို့သည် ရှစ်ပါးသီလ ဗြဟ္မစရိယကို မည်သူ့ကိုမျှ ကတိမပြုပဲ ကျင့်သုံးနေကြသည်။

    မှန်၏။ ကလေးများကို မွေးမြူထိန်းကျောင်းရသော တာဝန်ကားမလွယ်ပေ။ သို့သော် ကလေးများ၊ ဇနီးခင်ပွန်းများနှင့်အတူနေရင်းလည်း စိတ်အရေအသွေးကို တိုးတက်ကောင်းမွန်လာစေဖို့ ကျင့်ကြံရန် အခွင့်ထူးများစွာ ရနိုင်သည်။ မိဘဖြစ်ရခြင်း၊ ဇနီး(သို့) လင်သားဖြစ်လာရခြင်းကြောင့် မိမိဆန္ဒကို အလျှော့ပေးပြီး တစ်ဖက်သားကို ဦးစားပေးရတာတွေ ရှိလာသည်။ ဤသည်မှာ အကျိုးစွန့်ခြင်း၊ အနစ်နာခံခြင်း ပါရမီပင်ဖြစ်သည်။ ထိုမှတဆင့် နိက္ခမကို သွားရောက်နိုင်သည်။ ဤသို့ဖြစ်လာရန် သည်းခံမှု(Patience)၊ ရက်ရောမှု (Generosity)၊ ခွင့်လွှတ်မှု(Forgiveness) နှင့် အနစ်နာခံမှု(Self-sacrifice) တို့လိုအပ်သည်။ မိဘ၊ သားသမီးတို့က တစ်ယောက်ကိုတစ်ယောက်က မေတ္တာ၊ ကရုဏာ၊ နူးညံ့သိမ်မွေ့မှု၊ စိတ်ဓာတ်ရေးရာ အားပေးကူညီမှုတို့ကို တိုးပွါးစေသည်။ ဤဂုဏ်ရည်တို့က စိတ်ပညာရှုထောင့်အရ အလွန်အရေးပါသော အရည်အသွေးတို့ဖြစ်သည်။

    အဆုံးစွန်အားဖြင့်ဆိုရလျှင် လူသားနှစ်ဦးကြား ခြားနားမှုထားရှိမှရမည်ဆိုလျှင် ထိုအရာသည် ဝတ်ဆင်သော အဝတ်အစား၏ အရောင်အသွေးမဟုတ်ပဲ ယင်းလူသား၏ စိတ်သာလျှင်ဖြစ်သည်။
    ဘုရားရှင်က မိန့်တော်မူသည်-
    “ကောင်းမွန်သော အဝတ်အစားတို့ဖြင့် တန်ဆာဆင်ထားသော်လည်း ထိုအမျိုးကောင်းသားသည် ငြိမ်းချမ်းမှ၊ ထိန်းသိမ်းမှ၊ အရိယာလမ်းစဉ်ကို ဖြည့်ဆည်းမှ၊ သတ္တဝါများအပေါ် သနားကြင်နာမှသာ အကြင်သူသည် သူတော်စဉ်ဖြစ်၏” ဟု ဖြစ်သည်။(Dph-142)

    အခါတစ်ပါး လောဟိတမထေရ်က လောကကြီးအဆုံးကို ရှာဖွေနေသည်စသဖြင့် လျှောက်ထားသည်။ လောကအဆုံး နိဗ္ဗာန်ကို ဒီနည်းဖြင့် ဘယ်တော့မှ မရနိုင်၊ မရောက်နိုင်ဟု ဖြေတော်မူပြီး-
    “လောက၏အဆုံးဟူသည် အခြားပြင်ပလောကထဲ၌ ရှာနေခြင်းဖြင့် မတွေ့နိုင်။ သင့်ကိုယ်တွင်းမှာရှာမှ တွေ့နိုင်သည်” ဟု ဆက်လက်မိန့်တော်မူ၏။

    မိမိကိုယ်ကို ပြန်ကြည့်ခြင်းဟူသည် အိမ်ထဲမှာနေရင်းဖြစ်စေ၊ ကျောင်းထဲမှာနေရင်းဖြစ်စေ၊ သင်္ကန်းဝတ်လျက်ဖြစ်စေ၊ လူအဝတ်ဝတ်လျက်ဖြစ်စေ ကြည့်ရှုနိုင်ပေသည်။


-ဝါကျသုံးကြောင်းခန့် ပြန်ဆိုရန်မသင့်သဖြင့် ချန်ထားခဲ့သည်။ ကြည့်ရှုလိုသူများ-
A Guide To Buddhism_ A to Z စာမျက်နှာ 125,6,7,8 ကို ညွှန်းလိုပါ၏။ 

လူထု၊ အဖွဲ့အစည်းနဲ့ စည်းပွားရေး (၄) - The New China


မေး။        ။ ၁၉၇၀ ခုနှစ်နှောင်းပိုင်းနှစ်တွေကစလို့ တရုတ်ပြည် ရုတ်တရက်ကြီးပြောင်းလဲလာတာကို မစ္စတာလီ တွေ့မြင်ခဲ့ရတယ်။ ပြောပြရခက်လောက်အောင် ပြောင်းလဲလာတဲ့တရုတ်ပြည်ရဲ့ စီးပွားရေးမှာဘယ်အကြောင်း အရာတွေက အခရာကျသလဲဆိုတာ အကြမ်းဖျင်းပြောပြနိုင်မလား။
ဖြေ။    ။ ပထမဆုံးအချက်ကတော့ တိန့်ရှောင်ဖိန်က သူတို့ပေါ်လစီတွေကို စတင်ပြောင်းလဲလိုက်ခြင်းနဲ့ ဆက်စပ်နေတယ်လို့ထင်တယ်။ အဲဒီအချိန်တုန်းက တရုတ်ပြည်ဟာ တကယ့်အထီးကျန်နိုင်ငံပဲ။ သူ စင်္ကပူရောက်လာပြီး ဘာမှသယံဇာတမရှိတဲ့ ငါတို့နိုင်ငံဟာ ပြည်ပကုန်သွယ်ရင်းနှီးမြှုပ် နှံမှုသက်သက်နဲ့ ဘယ်လိုဖွံ့ဖြိုးတိုးတက်နေတယ်ဆိုတာကို သူ လေ့လာသွားတယ်။ အရင်ဆုံး စပါယ်ရှယ်စီးပွားရေးဇုန်တစ်ခု စတင်ဖွင့်လှစ်တယ်။ အဆင်ပြေသွားတော့ နောက်ထပ် စီးပွားရေးဇုန်တွေ ဆက်လက်ဖွင့်တယ်။ ကျုရောင်းကျီ(Zhu Rongji) စီးပွားရေးဇုန်ဟာ တရုတ်ပြည် ကမ္ဘာ့ကုန်သွယ်ရေးသမဂ္ဂ(WTO)ထဲ သွင်းပေးခဲ့တာပဲ။ အခုဆိုရင် ဒီနယ်မြေက လွတ်လပ်စွာ ရင်းနှီးမြှုပ် နှံခွင့်ရှိတဲ့ နယ်မြေတစ်ခုအနေနဲ့ ပါဝင်နေပြီ။ လုပ်အားခဈေးချို၊ အရည်အချင်းရှိတဲ့ လုပ်အားတွေလည်းရှိ၊ ပညာရှင်တွေလည်းရှိနေသေးသမျှ တန်ဖိုးနည်းပို့ကုန်ပစ္စည်းတွေထုတ်ဖို့ တရုတ်ပြည်က ကမ္ဘာကို ဆွဲဆောင်ထားနိုင်ဦးမှာပဲ။ တစ်ချိန်တည်းမှာပဲ ချမ်းသာလာကြတာနဲ့အမျှ သူတို့ရဲ့ ၀ယ်ယူသုံးစွဲမှုအားကလည်း ကောင်းလာခဲ့တယ်။

မေး။   ။ ဒီလိုဆိုရင် အာရှရဲ့ ကျားတစ်ကောင်ထပ်တိုးလာခြင်းမျိုးလား။ ကိုးရီးယား တံခါးဖွင့်၊ ဟောင်ကောင် တံခါးဖွင့်၊ စင်္ကာပူလည်း တံခါးဖွင့်။
ဖြေ။    ။ မဟုတ်ဘူး။ အခုစကေးက ပိုကျယ်ပြန့်သလို တူလည်းမတူဘူး။ အာရှရဲ့ ကျုားလေးကောင်စလုံး တရုတ်ပြည်ရဲ့ ပြည်နယ်တစ်ခုတည်းမှာ စုပြုံထည့်ထားလိုက်လို့ရတယ်။ သူတို့စကေးက သိပ်ကြီးလွန်းတော့ သူတို့စီးပွားရေး တံခါးဖွင့်လိုက်ခြင်းဟာနှစ်ပေါင်း၂၀၊ ၃၀၊ ၄၀ ကြာအောင်တစ်ကမ္ဘာလုံးကို ရိုက်ခတ်သွားနိုင်တယ်။ ဆိုလိုတာက အခု ယူရိုဒုက္ခရောက်နေတာပဲကြည့်။ ၀င်ကျားပေါင်က ဥရောပကို ခရီးသွားခဲ့တယ်။ ဒါနဲ့ အိန်ဂျလာမာ့ခယ်လ် (Angela Merkel-ဂျာမနီဝန်ကြီးချုပ်) က တရုတ်ပြည်ခရီးစဉ်ကို အပြန်အလှန်အားဖြင့် ထွက်လာခဲ့ရတယ်။ ၀င်ကျားပေါင်ဆီမှာ ၃.၂ ထရီလီယံတန်ဖိုးရှိတဲ့ မတို့မထိရသေးတဲ့ အရင်းအမြစ်တွေ ရှိနေလို့။ ဒါဟာ စီးပွားရေးချိန်ခွင်လျှာ ဘယ်လိုပြောင်းသွားရသလဲဆိုတာရဲ့ အဖြေပဲ။ တရုတ်တွေကလည်း ၃.၂ ထရီလီယံကို ဖြုန်းတီးပစ်လိမ့်မယ်လို့ မထင်မိဘူး။ ဈေးချိုချိုနဲ့ရတဲ့ ယူရိုစာချုပ်တွေကို ရင်းနှီးမှုအနေနဲ့ သူတို့ ၀ယ်ယူချုပ်ဆိုကြလိမ့်မယ်။ ဒါက လွှင့်ပစ်တာမျိုးမှမဟုတ်ဘဲ။ တရုတ်တွေ အခုထိ ယုံကြည်ထားတာက ဥရောပဟာ ပြိုလဲသွားမှာ မဟုတ်ဘူး။ ဥရောပကို ပစ္စည်းတင်ပို့တာလည်း ဆုံးရှုံးစရာမရှိဘူးဆိုတာပဲ။

မေး။   ။ ဒီလိုရုတ်တရက်ကြီး စီးပွားရေးတိုးတက်လာတဲ့အတွက် တရုတ်ပြည် ရင်ဆိုင်ရဖွယ်ရှိတဲ့ အခက်အခဲတွေက ဘာတွေဖြစ်နိုင်မလဲ။
ဖြေ။          ။ သူတို့အားနည်းချက်တွေကို နယ်ပယ်နှစ်ခုမှာ တွေ့မိတယ်။ ပထမအနေနဲ့ သူတို့ကလူနဲ့မူ မကွဲဘူး။ အခြားပုဂ္ဂိုလ် တစ်ယောက်က တကယ်ရာထူးယူထားတဲ့  လူတစ်ယောက်ထက် အာဏာပိုရှိနေတတ် တယ်။ ဒုတိယအနေနဲ့ သူတို့မှာ တရားဥပဒေစိုးမိုးမှု မရှိဘူး။ ဥပဒေက အာဏာရှိသူရဲ့ ပါးစပ်ကထွက်တဲ့စကား အပေါ်မှာမူတည်နေတယ်။ ဒီတော့ခေါင်းဆောင်တစ်ယောက်ပြောင်းတိုင်း ဥပဒေတွေရော၊ထိပ်တန်းအရာရှိတွေ ရောအပြောင်းအလဲတွေ အများကြီးရှိမယ်။ ဒါက မတည်မငြိမ်ဖြစ်စေတဲ့ အချက်တွေပဲ။

မေး။               ။ ဒီအားနည်းချက်နှစ်ခုကို သူတို့ ပြင်ဆင်ယူနိုင်ပါ့မလား။
ဖြေ။               ။ မလွယ်လှဘူး။ ဒါက သူတို့နိုင်ငံရဲ့ အစဉ်အလာပဲ။ ပြီးတော့ ဒါက ကွန်မြူနစ်ပါတီရဲ့ သူများနဲ့ မတူတဲ့မူဝါဒကဖန်တီးယူတဲ့ ဆန္ဒပဲ။ သူတို့နိုင်ငံကို တကယ်ရော ထိန်းထားနိုင်မလား။ ဒါတော့ ငါလည်းမသိဘူး။ သူတို့ ပြောင်းလဲလိုတဲ့ဆန္ဒရှိတယ်လို့ မထင်မိပါဘူး။

မေး။               ။ အကြောင်းတရားတစ်ရပ်ရပ်က မပြောင်းပြောင်းအောင်ဖိအားပေးလာတာမျိုးလည်း ရှိနိုင်တာ ပဲ မဟုတ်ဘူးလား။ ဆိုပါတော့။ လာမယ့် ၁၅ နှစ်၊ နှစ် ၂၀ အတွင်းမှာပေါ့။
ဖြေ။               ။ ဘယ်လိုပြဿနာတွေ ကြုံတွေ့ရနိုင်တယ်ဆိုတာကတော့ ငါလည်း မသိဘူး။ ဘယ်လိုပြဿနာပဲကြုံရကြုံရ၊ ဒီပြဿနာက အနောက်တိုင်းဖြေရှင်းနည်းဖြစ်တဲ့ တရားဥပဒေစိုးမိုးရေး၊ အစိုးရအင်စတီကျူးရှင်းနဲ့ ပြောင်းတဲ့ဆီအထိ ပို့ဆောင်ပေးနိုင်မယ်လို့ မထင်ပါဘူး။ သူတို့ကြုံရမယ့်ပြဿနာကို သူတို့နည်း သူတို့ဟန်နဲ့ပဲ ဖြေရှင်းကြလိမ့်မယ်လို့ပဲထင်တယ်။

မေး။               ။ တရားဥပဒေစိုးမိုးမှု အားနည်းနေတော့ ပညာရပ်ဆိုင်ရာအခွင့်အရေးတွေကို ကာကွယ်မှု၊ လေးစားမှုတွေ မရှိနိုင်တော့ဘူး။ ဒါဆိုရင် ဆန်းစစ်တီထွင်မှုတွေကိုလည်း အဟန့်အတားဖြစ်သွားနိုင်တယ်လို့ မထင်မြင်မိဘူးလား။
ဖြေ။               ။ ဒီအချက်ကို သူတို့ သတိပြုမိမှာဖြစ်ပြီး တစ်ခုခုလည်းလုပ်ကြပါလိမ့်မယ်။ ဒါပေမယ့် သူတို့ တရုတ်လူမျိုးတွေရဲ့ ပညာရပ်ဆိုင်ရာ ပိုင်ဆိုင်မှုတွေ အလုံအလောက်ရှိပြီဆိုတော့မှ သူတို့ပိုင်ဆိုင်မှုကို ကာကွယ်ဖို့ စတင်အကောင်အထည်ဖော်ကြလိမ့်မယ်။ သူတို့ ဒီအဆင့်ကို မရောက်သေးဘူး။ လက်ရှိ သူတို့ အစဉ်အလာက တီထွင်ဆန်းသစ်မှုနဲ့ ကုန်ပစ္စည်းမှတ်ပုံတင်မှုတွေကို အဟန့်အတားဖြစ်စေတာတော့ အမှန်ပဲ။ စီးပွားရေးမောင်းနှင်အားတွေ ဒီထက်ပိုကောင်းလာပြီး ပရောဂျက်အသစ်တွေ ထပ်မံအကောင်အထည်ဖော်ဖို့ လိုလာပြီဆိုရင်တော့ ဒီအစဉ်အလာကို သူတို့ ဖြည်းဖြည်းချင်း ပြောင်းလဲလာရတော့မှာပါ။

Youtube : video

မေး။               ။ အခုလက်ရှိတရုတ်ပြည်မှာ အပြည်ပြည်ဆိုင်ရာက စီးပွားရေးတွေ ပိုမိုဝင်ရောက်လာပြီး နိုင်ငံခြားကုမ္ပဏီကြီးတွေကလည်း တရုတ်ပြည်နဲ့ပူးပေါင်းပြီး စီးပွားရေးလုပ်လိုလာကြတယ်။ ဒီလိုဆိုရင် လက်ရှိမူဝါဒကို သဘောတူလက်မှတ်ရေးထိုးမှု၊ ပညာရပ်ဆိုင်ရာပိုင်ဆိုင်မှု စတာတွေနဲ့ ပတ်သက်လို့ပေါ့။
ဖြေ။               ။ ဒီအတွက် နှစ်ဦးသဘောတူညှိနှိုင်းဆွေးနွေးကြဖို့ ကဏ္ဍတွေ အဆင့်လိုက် သူတို့ဆီရှိနေပြီး ဖြစ်မှာပါ။ ဒါကလည်း တစ်စိတ်တစ်ပိုင်းလောက်ပဲ ဖြစ်လိမ့်မယ်။ နိုင်ငံတစ်ဝှမ်းလုံး မဖြစ်နိုင်ဘူး။ ၀ူကန်အရေးအခင်းလိုဟာမျိုးက ဗဟိုအစိုးရနဲ့ပြည်သူ ညှိနှိုင်းယူတဲ့အထိ မရောက်လာနိုင်ဘူးလို့ထင်တယ်။ တစ်ခုခုဆို သူတို့က အင်အားသုံးပြီး ဖြေရှင်းမှာပဲ။ လုံလောက်တဲ့ အကြောင်းမရှိဘဲ တရုတ်ပြည်မှာ တရားဥပဒေစိုးမိုးရေး ဖြစ်မလာနိုင်ဘူး။ သူတို့က အနောက်တိုင်းမူဝါဒကို လေ့လာနေတာမဟုတ်သလို သူတို့စနစ်တိုးတက်ကောင်းမွန်လာဖို့ ဘယ်လိုလုပ်ရရင်ကောင်းမလဲလို့လည်း (အနောက်နိုင်ငံတွေကို) မေးနေတာမဟုတ်ဘူး။ ပြဿနာတွေ ကြုံကြုံလာတော့မှ ကြုံလာတဲ့ပြဿနာကို အခြေခံပြီး သူတို့မူဝါဒကို ညှိနှိုင်းပြင်ဆင်ယူသွားကြလိမ့်မယ်။

မေး။               ။ တရုတ်ပြည်က အနောက်ဆီကနေ ဘာမှမလေ့လာခဲ့ဘူးလား။ တကယ်တော့ မာခ်စ်ဝါဒကလည်း အနောက်ကလာခဲ့တာပဲ။
ဖြေ။               ။ မဟုတ်ဘူး။ အခုပြဿနာက မာခ်စ်ဝါဒနဲ့မဆိုင်ဘူး။ သူတို့ မာခ်စ်ဝါဒကို ယုံကြည်တယ်လို့လည်း ငါမထင်မိပါဘူး။ အဲဒါက သူတို့ ဆိုဗီယက်ပြည်ထောင်စုနောက်ကို လိုက်နေတုန်းကပါ။ ဒါကလည်း အမည်ခံသဘောလောက်ပါ။ ဥပမာအနေနဲ့ ဒီမိုကရေစီဆိုတာကြည့်။တရုတ်တွေပြောနေတဲ့ ဒီမိုကရေစီဆိုတာ အမေရိကန်တို့၊ ဗြိတိန်တို့၊ ငါတို့ပြောနေတဲ့ဒီမိုကရေစီမျိုးမဟုတ်ဘူး။ ဒီမိုကရေစီရဲ့ အခြေခံဥပဒေက တောင်းဆိုတဲ့ တကယ့်စစ်တမ်းမျိုးကို သူတို့လုပ်ရဲမလား။ ဆိုလိုတာက တရုတ်အစိုးရကို မဲနဲ့ရွေးချယ်တင်မြှောက်လို့ရသလား။ ဒါပဲလေ။ ငါတို့ပါတီ အာဏာတည်မြဲနေဖို့ ငါတို့ဘာတွေလုပ်နေသလဲ ဆိုတာ သူတို့က လေ့လာနေလို့လား။ ငါတို့မှာ ထောက်ခံမဲတွေရှိတယ်။ မဲဆန္ဒနယ်တစ်ခုခု ရှုံးသွားပြီဆိုရင်တောင် နောက်တစ်ချီမှာ ဒီနယ်ကိုပြန်ရဖို့ ငါတို့ ကြိုတင်ပြင်ဆင်ကြရတယ်။ ဒီလိုပြင်ဆင်ရင်းနဲ့ ထပ်ပြီးရှုံးသွားမယ်ဆိုရင်လည်း ရှုံးသွားနိုင်တယ်။ ရှုံးသွားတာ ပြန်ပြီးအနိုင်ရလိုက်တာမျိုးတွေလည်း ရှိနိုင်တာပဲ။ တစ်နည်းပြောရရင် လူထုရဲ့ထောက်ခံမှုမဲတွေနဲ့ အစိုးရကို ပြောင်းလဲပစ်နိုင်တယ်။ ဒီပြဿနာနဲ့ ပတ်သက်လို့ ဟာရိုးလာစကီ(Harold Laski)က သမိုင်းဝင်စကားတစ်ခွန်းပြောခဲ့ဖူးတယ်။” တော်လှန်ရေးဆိုတာ စိတ်ဓာတ်တော်လှန်ရေးလုပ်၊ဒါမှမဟုတ်ရင်အကြမ်းဖက်တော်လှန်ဖြစ်သွားတယ်”တဲ့။ သူတို့ပြုပြင်ပြောင်းလဲရေး ကိုပြည်သူ့မဲနဲ့ လုပ်မှာမဟုတ်သလိုပြဿနာရဲ့ အဖြေကို ရှာရာမှာလည်း လူထုထောက်ခံမှုတွေယူနေကြ မှာမဟုတ်ဘူးလို့ ထင်တယ်။

မေး။               ။ ဟူးကော် (Hukou) ဥပဒေနဲ့ ပတ်သတ်လို့ တရုတ်ပြည်တွင်းမှာ အကြီးအကျယ်အငြင်းပွား မှုတွေ ရှိခဲ့ဖူးတယ်။ တောင်းဆိုမှုတိုင်းလည်း ပယ်ချတာခံခဲ့ရတာချည်းပဲ။ ဒီဥပဒေကိုတရုတ်အစိုးရက ပြောင်းလဲ ပေးလိမ့်မယ်လို့ထင်ပါသလား။ နေ့ချင်းညချင်းကြီးတော့ မဟုတ်ဘူးပေါ့။ တဖြည်းဖြည်းနဲ့များ မြို့ပြတွေပေါ် တက်ရောက်နေထိုင်ခြင်းကို မသိမသာလက်ခံလာနိုင်စရာ၊ ပြောင်းလဲလာနိုင်စရာရှိမလား။

(Hukou- စစ်စတန်က ဒီပြည်နယ်မှာနေသူက အခြားပြည်နယ်ကို သွားရောက်အခြေချနေထိုင်ခွင့်ကို တားမြစ်ထားတဲ့စနစ်ပါ။ ပြောင်းရွှေ့သွားတဲ့ပြည်နယ်အသစ်က ပြောင်းရွှေ့လာတဲ့လူတွေရဲ့ ပညာရေး၊ ကျန်းမာရေးစတဲ့ အကူအညီတွေမပေးပါဘူး။ ဂျပန်မှာလည်း ဒီဥဒေမျိုးရှိတယ်လို့သိရပါတယ်)။
ဖြေ။               ။ ပြောင်းလဲကောင်းပြောင်းလဲမှာပေါ့ ငါဆိုရင်လည်း ပြောင်းရွှေ့လာတဲ့လူတွေရဲ့တာဝန်ကိုယူဖို့ မြို့ကြီးတွေနဲ့ မြို့ကြီးတွေမှာရှိတဲ့ အရာရှိတွေကို အမိန့်ထုတ်ထားရလိမ့်မယ်။ အစိုးရကလက်ရှိဘက်ဂျက်ထက် ပိုပြီးချမပေးရင် ဒီတာဝန်တွေအတွက် ကုန်ကျစရိတ်တွေကို ဘယ်လိုဖြေရှင်းကြမလဲ။

မေး။               ။ စီးပွားရေးနဲ့ပတ်သက်လို့အခြေခံအရေးတကြီး အချက်တွေညှိနှိုင်းပြင်ဆင်မှု မလုပ်နိုင်ဘူးဆို ရင် တရုတ်စီးပွားရေးကို အကြီးအကျယ်ထိခိုက်စေလိမ့်မယ်လို့ ကမ္ဘာ့ဘဏ်ကတော့ သတိပေးထားပါတယ်။ ဒါကအစိုးရပိုင်စီးပွားရေးတွေကို ပုဂ္ဂလိကပိုင်လွှဲပြောင်းပေးဖို့ ရည်ညွှန်းထားတာပါလား။
ဖြေ။               ။ သူတို့နည်းက သိပ်ပြီးမထိရောက်တဲ့နည်းပါ။ နိုင်ငံပိုင်စီးပွားရေးကုမ္ပဏီတစ်ခုရဲ့မန်နေဂျာက ပုဂ္ဂလိကပိုင်စီးပွားရေးမန်နေဂျာနဲ့ စိတ်ဓာတ်ချင်းလုံးဝမတူနိုင်ဘူး။ သူတို့ကလမ်းညွှန်ချက်တွေတော့ ပေးထား တယ်။ အလုပ်ကြိုးစား၊ အကျိုးရှိရှိလုပ်ဆိုတာမျိုးတွေပေါ့။ ဒါပေမဲ့သူတိုလုပ်နေတာ အကျိုးများများ မများများ လစာကပုံမှန်ရနေတော့ ဒီအတိုင်းပဲနေမှာပဲ။ အဲဒီမန်နေဂျာတွေကိုယ်တိုင် သူတို့ကိုယ်ပိုင်၊ ရှယ်ယာပိုင်ဖြစ်သွား တော့မှသူတို့စိတ်လည်းပြောင်းသွားမှာ။ ဒါဆိုရင်တော့တစ်ရက်မှာ (၂၄)နာရီလုံးလုံးတွေးတောစဉ်းစားအဖြေ ထုတ်နေကြမှာ။ တရုတ်အစိုရက ပုဂ္ဂလိကပိုင်တွေအဖြစ်လွှဲပေးဖို့  ပြင်ဆင်နေပြီလား။ ရုရှားပုဂ္ဂလိကပိုင်တွေ   အဖြစ် လွှဲပြောင်းပေးလိုက်တော့ သူဌေးကြီးတွေက စီးပွားရေးယန္တရားရဲ့ အကြီးဆုံးအစိတ်အပိုင်းတွေကို ရသွား ကြတယ်။ သူတို့ကိုယ်ပိုင်လည်းဖြစ်သွားရော သူတို့လည်းတကယ်အားစိုက် အလုပ်လုပ်ကြတော့တာပဲ။

မေး။               ။ တရုတ်ပြည်ရော ဒီလိုလုပ်လာမယ်လို့ထင်ပါသလား။
ဖြေ။               ။ တရားမျှတတဲ့လွှဲပြောင်းပေးမှုဖြစ်အောင် သူတို့ဘယ်လိုလုပ်ကြမလဲ။ဘယ်သူ့ကိုလွှဲပြောင်းပေးကြမှာလဲ။

မေး။               ။ အထက်လူကြီးတွေကို ကပ်မှရတာရယ်၊ အထက်လူကြီးတွေရဲ့ ထောက်ပံ့မှု(အကပ်ရှိမှ)ရမှ ဖြစ်နိုင်တာရယ် စတဲ့အချက်တွေ ထောက်ဆကြည့်ရင် ဒီစနစ်က တရုတ်ပြည်ထဲမှာ အံဝင်ခွင်ကျရော ရှိနိုင်ပါ့မလား။
ဖြေ။               ။ ဒီအတိုင်းသာ ပုဂ္ဂလိကပိုင်လွှဲပေးလိုက်လို့ကတော့ အစိုးရထိပ်သီးပိုင်းမှာ အာဏာလုမှုတွေ ဖြစ်လာမှာပဲ။ ဆိုဗီယက်တုန်းကတော့ နိုင်ငံပြိုကွဲသွားတယ်။ ဒီလိုတွေလည်း ဖြစ်လာရော ဆိုဗီယက်တွေလည်း ခေါင်းတွေခြောက်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းကို မသိတော့ဘူး။

မေး။               ။ အကျိုးသက်ရောက်မှု သိပ်မရှိလှတဲ့ နိုင်ငံတော်ပိုင်စီးပွားရေးလည်ပတ်မှုကိုလည်း သူတို့ သိမြင်ကြုံတွေ့လာရပြီ။ ဒါဆိုရင် ဒီအကြောင်းတရားတွေက ပုဂ္ဂလိကပိုင်လွှဲပြောင်းပေးဖို့ တွန်းအားတွေ ဖြစ်မလာနိုင်ဘူးလား။
ဖြေ။               ။ ဒါတော့ ငါလည်း မပြောတတ်ဘူး။ စီးပွားရေးနှေးကွေးမှု အကြီးအကျယ်ရင်ဆိုင်လာပြီ ဆိုရင်တော့ လက်ရှိမန်နေဂျာတွေကို  ဘယ်လိုစိတ်ဓာတ် မြှင့်တင်ပေးမလဲ။ ဒါမှမဟုတ် ဒီမန်နေဂျာတွေကိုဖြုတ် ၊ သူတို့ထက် စီးပွားရေးအမြင်ပိုရှိတဲ့ မန်နေဂျာတွေနဲ့ အစားထိုး၊ ဒါမျိုးတွေ လုပ်လိမ့်မယ်လို့ထင်တယ်။ လုပ်တာကဟုတ်ပါပြီ။ ဘယ်လိုလုပ်ကြမှာလဲ။ နီးစပ်တဲ့မိတ်ဆွေတွေ၊ ပါတီထဲကလုပ်ဖော်ကိုင်ဖက်တွေကိုရာထူး ခန့်၊ ဒီလိုလား။ တကယ်လို့လက်ရှိအသေးစားနဲ့ အလတ်စားစီးပွားရေးသမားတွေကိုသာ လွတ်လွတ်လပ်လပ်  စီးပွားရေးလုပ်ကိုင်ခွင့်ပေးလိုက်၊ ဒီကုမ္ပဏီတွေက တဖြည်းဖြည်း ကြီးထွားလာလိမ့်မယ်။ နောက်ဆုံး သူတို့ကပဲ အစိုးးရစီးပွားရေးကုမ္ပဏီကြီးတွေကို လက်လွှဲယူနိုင်လိမ့်မယ်။ သူတို့ကကိုယ်ပိုင်စီးပွားရေးနဲ့တက်လာတဲ့ သူတွေဖြစ်ပြီး စီးပွားရေးနဲ့ ဈေးကွက်သဘောကိုလည်း သူတို့ပဲ ရှင်းရှင်းလင်းလင်း ကြည့်မြင်နိုင်တယ်။

မေး။               ။ အသေးစားစီးပွားရေးတွေကို အကြီးစားစီးပွားရေးတွေဖြစ်လာအောင် လုပ်ပေးနိုင်ရင်တော့ ဒါက ဖြစ်နိုင်တဲ့ကိစ္စပေါ့။
ဖြေ။               ။ ဒါပေမယ့် သူတို့မှာ (အသေးစားစီးပွားရေးသမားတွေမှာ) အရင်းအနှီး အလုံအလောက် မရှိကြဘူး။ ဘတ်ဂျက်တွေအားလုံးက အစိုးရပိုင်စီးပွားရေးကုမ္ပ ဏီတွေထဲပဲ ရောက်သွားတယ်။ သူတို့သာ တကယ်ဆန္ဒရှိရင် အသေးစားနဲ့အလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေကို အရင်းအနှီးထုတ်ပေး၊ ပြီးရင် စီးပွားရေးပညာရှင်မျုားအဖွဲ့ဆိုပြီးဖွဲ့စည်း၊ ဒါဆိုရင်ဒီအဖွဲ့တွေက အစိုးရစီးပွားရေးတွေကို လက်လွှဲယူနိုင်တဲ့အထိ အားကောင်းလာလိမ့်မယ်။ ငါတော့ ဒီနည်းတစ်နည်းပဲ မြင်မိတယ်။

မေး။               ။ လက်ရှိတရုတ်အစိုးရ စီးပွားရေးလုပ်နေပုံ၊တီထွင်ဖန်တီးမှုမှာ ထိပ်ဆုံးအထိရောက်နိုင်ဖို့ဆိုပြီး နိုင်ငံရေးအရစည်းရုံးနေပုံတွေကို လေ့လာကြည့်ရင်သူတို့ဟာ အမေရိကန်တွေလို ထိပ်ဆုံးအထိရောက်လာ နိုင်မယ်လို့ မြင်မိပါသလား။
ဖြေ။               ။ ဒါပဲလေ။   ဒါကြောင့်လည်းသူတို့(တရုတ်) တစ်တွေအိုင်ပက်တွေ၊ အိုင်ဖုန်းတွေ မလုပ်နိုင် တာပေါ့။ ဘယ်မလဲ စတိ(ဗ်)ဂျော့(ဂ်ျ)၊ စတိဗ်က တီထွင်သူ၊ ဒီပစ္စည်းရောင်းချခွင့်လိုင်စင်ရသူ၊ သူလည်း မီလျံပေါင်းများစွာ ချမ်းသာသွားရော။

မေး။               ။ ဒါဆိုရင် တရုတ်ပြည်ရဲ့ အနာဂတ်အတွက် ရင်ဆိုင်ရမယ့်ပြဿနာက ဘာဖြစ်မလဲ။ ထိပ်သီးပိုင်းမှာ အမေရိကန်တွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့ ဘယ်အရာတွေက အဟန့်အတားတွေ ဖြစ်နေမလဲ။
ဖြေ။               ။ ပြဿနာတွေက အခုကတင်စတက်နေပြီ။ ကမ္ဘာမှာတီထွင်ထားတဲ့ ပစ္စည်းတိုင်းကိုလိုက်ကြည့်။ အိုင်ဖုန်း၊အိုင်ပက်၊အင်တာနက်၊တရုတ်တွေကဘာဖြစ်လို့ ဒါတွေ မတီထွင် နိုင်တာလဲ။ ဒါက အရည်အချင်းမရှိလို့ မဟုတ်ဘူး။ တစ်ခုခုမှားနေလို့။

မေး။               ။ ဥပမာအားဖြင့် အခုဆိုရင် တရုတ်ကျောင်းသားတွေ အမေရိကန်တက္ကသိုလ်ကြီးတွေမှာ ပညာသင်နေကြတယ်။ အဲဒီအထဲက အတော်ဆုံးကျောင်းသားတွေ တရုတ်ပြည်ထဲကို ပြန်ဝင်လာ။ ပြီးတော့…
ဖြေ။               ။ စစ်စတန်ကိုပြောင်း၊ ဒီလိုလား။

မေး။               ။ အနည်းဆုံး နည်းပညာရပ်ဆိုင်ရာမှာပေါ့။
ဖြေ။               ။ သူတို့ တရုတ်ပြည်ထဲပြန်ရောက်တော့ အလယ်အလတ်အဆင့်ရာထူးတွေ ရကြမှာပေါ့။ သူတို့ ထိပ်ရောက်သွားပြီလည်းဆိုရော မင်းတို့ပြောတဲ့ လူငယ်တွေကိုယ်တိုင် ရှေ့ကအရာရှိကြီးတွေ လျှောက်ခဲ့တဲ့လမ်းကို မွေးမြူလျှောက်လှမ်းမိလျက်သား ဖြစ်သွားရော။ အဲဒါ တရုတ်ပြည်ရဲ့ ပြဿနာပဲ။ ငါဆိုလိုတာက စီမံခန့်ခွဲမှု အလယ်အလတ်အဆင့်ရှိတဲ့ အရာရှိတွေကို အမေရိကန်ကိုလွှတ်၊ ပညာအသင်ခိုင်းပြီးတော့ သူတို့ကိုလက်ရှိစနစ်နဲ့ မတူစေဘဲ သူတို့စိတ်ကြိုက်စီးပွားရေး လည်ပတ်ခိုင်းလိုက်၊ ဒါဆိုရင်တော့ ဖြစ်နိုင်တယ်လို့ ငါထင်တယ်။ ဒါပေမယ့် ဒီလိုလုပ်လိုက်ရင် သူတို့အာဏာလည်း လက်လွတ်ခံရလိမ့်မယ်။ ဒီတော့ ဒီလမ်းကို သူတို့လိုက်မယ်လို့ မထင်မိပြန်ဘူး။ သူတို့ လုံးဝလုပ်မှာမဟုတ်ဘူး။ လုပ်လိုက်ပါပြီတဲ့၊ ဒါပြီးရင် သူတို့ ဘာဆက်လုပ်ကြမှာလဲ။

မေး။               ။ဒီလိုအတွင်းရေးပြဿနာတွေရှိနေတော့တရုတ်ရဲ့ စီးပွားရေးဟာကမ္ဘာ့ဘဏ်ကခန့်မှန်းထား သလို  နှေးကွေးသွားနိုင်မယ့်သဘောရှိသလား။
ဖြေ။               ။ အေးပေါ့၊ နှေးကွေးမှာ။ ဈေးချိုချိုနဲ့ရတဲ့ လုပ်အားတွေ ကုန်သွားရင် သူတို့စီးပွားရေးကျသွားမှာ။

မေး။               ။ လာမယ့်(၁၅)နှစ်၊ အနှစ်(၂၀)အတွင်းမှာ တရုတ်ယွမ်ငွေဟာ (အမေရိကန်ဒေါ်လာလို) လွတ်လွတ်လပ်လပ်လွှဲပြောင်းသုံးစွဲလို့ရတဲ့ ငွေကြေးဖြစ်လာမလား။
ဖြေ။               ။ ဒီအတွက် သူတို့ကြိုးစားနေကြတယ်လို့တော့ ထင်တာပဲ။ ဒါပေမယ့် ပြောင်းလွှဲလို့ ရတယ်ဆိုတိုင်း လဲလှယ်မှုနှုန်းမျှမျှတတရှိမယ်လို့တော့ မဆိုနိုင်ဘူး။ ကိုယ့်ရဲ့ပြည်ပပို့ကုန်ကိုမြှင့်တင်ချင်လို့ ကိုယ့်ငွေကိုဈေးလျှော့ချလိုက်တာမျိုးတော့ လုပ်လို့ရတယ်။ တဖြည်းဖြည်းနဲ့မှ ပြန်မြှင့်ယူမှာပေါ့။ သူတို့က ကုန်ကျမှုအနည်းဆုံးပို့ကုန်ပစ္စည်းတွေပို့နိုင်ဖို့ ဆန္ဒရှိတယ်။ တကယ်တော့လည်း တရုတ်စီးပွားရေးက နိုင်ငံခြားပို့ကုန်တွေနဲ့ စီးပွားရေးတက်လာတာ။ အမေရိကန်တွေလို ပြည်တွင်းဝယ်ယူစားသုံးမှုအားနဲ့ တက်လာတာမဟုတ်ဘူး။ အမေရိကန်တွေကလည်း တရုတ်တွေ ဒီလိုဖြစ်လာဖို့ ဆန္ဒရှိကြတယ်။

          တဖြည်းဖြည်းနဲ့တော့ ဒီစနစ်ကိုပြောင်းယူဖို့ သူတို့လည်း ဖိအားတွေရှိလာနိုင်တယ်လို့ထင်တယ်။ ဒါပေမယ့် ဒီလိုဖြစ်လာဖို့ လူလတ်တန်းစားတွေရဲ့ စိတ်ဓာတ်တွေကို အရင်ပြောင်းလဲလာဖို့လိုမယ်။ လူလတ်တန်းစားတွေကို စုပဲမနေဘဲ သုံးဖို့စွဲဖို့လည်း အားပေးမှရမယ်။ သေချာတာတစ်ခုကတော့ တရုတ်ပြည်ရဲ့စီးပွားရေး ပုံမှန်တိုးတက်လာနေဖို့ ပြည်တွင်းဝယ်ယူသုံးစွဲမှုအားကို မြှင့်တင်မှရမယ်ဆိုတာပါပဲ။ ဒီလိုဖြစ်လာဖို့ဆိုပြန်တော့လည်း တိုးတက်လာတဲ့ စီးပွားရေးဝေစုကိုလည်း  ကုန်းမြေပေါ်ကပြည်နယ်ထဲ ရှိလူထုကိုလည်း ပုံစံတစ်မျိုးမျိုးနဲ့ ပြန်လည်မျှဝေပေးမှရမယ်။ မဟုတ်ရင် သူတို့မှာ သုံးစွဲမှုအား မရှိဘူး။ ရေတကယ်မြင့်လာရင် ရေထဲကသင်္ဘောတွေအားလုံးလည်း မြင့်လာရမယ်လေ။

မေး။               ။ ဒီတော့ လက်ရှိမြင်ကွင်းကိုကြည့်ပြီး မစ္စတာလီကောက်ချက်ချတာက တရုတ်ဗဟိုအစိုးရဟာ အထင်ကရပြောင်းလဲမှုတွေလုပ်ယူမှ ရတော့မယ်။ လူမှုရေးစစ်စတန်တွေ ပြောင်းယူရမယ်။ ပညာရေးနဲ့ လေ့ကျင့်သင်ကြားပေးရေးတွေ လူတန်းစားအစုံဆီရောက်သွားအောင်လုပ်ယူရမယ်။ ဒါမှလည်းမစ္စလီပြော သလို သင်္ဘောအားလုံးမြင့်တက်လာမယ်။ စီးပွားရေးပုံမှန်အင်အားကောင်းနေဖို့ လူထုရဲ့စိတ်ဓာတ်ကိုပါ ပြောင်းလဲယူရမယ်။ ဒီလိုလား။

ဖြေ။               ။ အေးလေ၊ မင်းပြောသလိုပဲပေါ့ ဒီလိုသူတို့မလုပ်နိုင်ရင် သူတို့စီးပွားရေးလည်း တန့်သွားမှာပဲ။ စီးပွားရေးတန့်သွားတာကို သူတို့မလိုချင်တော့ သူတို့ပြောင်းလဲရတော့မှာပေါ့။

- ပြီး - 

ကမ္ဘာ့အဆင့် ပညာရေးကို ဘယ်လိုရှာဖွေကြည့်မလဲ (၃) ( The Smartest Kids in the World)


ကမ္ဘာ့အတော်ဆုံး ကလေးများ
By Amanda Ripley

တောက်တောက်ပပအရာတွေကို ဂရုမစိုက်ပါနဲ့
         ကျောင်းဟောင်းကြီးကလည်း ကျောင်းကောင်းဖြစ်နေနိုင်ပါတယ်။ တောင်ကိုရီးယားမှာရှိတဲ့ ပူဆန်က အဲရစ်ရဲ့ကျောင်းဆိုရင် အရေးပါတဲ့ ကွန်ပျူတာတွေကလွဲရင် စာသင်ခန်းတွေဟာ ရိုးရိုးရှင်းရှင်းလေးပါ။ ကလေး တွေဆိုရင် ကျောင်းရှေ့က ဖုန်တွေ၊ရွှံ့တွေနဲ့ ကွင်းထဲမှာ ဘောလုံးကစားနေကြတယ်။ ထောင့်တစ်နေရာရာက နေ အဲဒီကျောင်းကို ကြည့်လိုက်ရင် ဒီကျောင်းဟာ ၁၉၅၀ ခုနှစ်တွေဆီက အမေရိကန် စာသင်ကျောင်းတွေနဲ့ ဆင်ဆင်တူပါတယ်။

          ဖင်လန်နိုင်ငံမှာရှိတဲ့ ကင်(မ်) ရဲ့ကျောင်းက စာသင်ခန်းတွေဆိုရင်လည်း ဒီပုံစံအတိုင်းပါပဲ။ မြေဖြူနဲ့ရေး တဲ့ ဘလက်ဘုတ်(သို့) ခေတ်မမီတော့တဲ့ ၀ှိုက်ဘုတ်တွေနဲ့ သူတို့ရှေ့မှာ ကလေးတွေရဲ့ စာသင်ခုံ ခပ်ကြမ်း ကြမ်းကြီးတွေ ရှိပါတယ်။ စာသင်ဘုတ်တွေကလည်း နံရံနဲ့တွဲလျက်ပါ။

          ပိုလန်မှာရှိတဲ့ တွန် ရဲ့ ကျောင်းဆိုရင် သူ့မွေးရပ်မြေ Pennsyluonia မှာရှိတဲ့ အကောင်းစား ကဇာတ်ရုံ အသာထားလို့ ကော်ဖီဆိုင်တောင် မရှိပါဘူး။ အမေရိကမှာရှိတဲ့ ကျောင်းတွေရဲ့စာသင်ခန်းတိုင်းမှာ အပြန် အလှန်ဆက်သွယ်ထားတဲ့ ၀ှိုက်ဘုတ်တွေရှိပါတယ်။ (၂၀၁၂  ခုနှစ်က တွန် ရဲ့ကျောင်းကို ကျွန်မသွားလေ့လာ တော့ ၀ှိုက်ဘုတ်အသစ်တွေနဲ့လဲဖို့ အဟောင်းတွေကို ဖြုတ်ပစ်ပြီးနေပါပြီ) ပိုလန်မှာရှိတဲ့ ဘယ်ကျောင်းက စာသင်ခန်းမှာမဆို ဒီလို ၀ှိုက်ဘုတ်မျိုးတွေ မရှိပါဘူး။

          ကံမကောင်း အကြောင်းမလှစွာပါပဲ ခေတ်မှီနည်းပညာပစ္စည်းတွေနဲ့ ပညာရေး ဆက်စပ်ပြီး သုတေသန ပြုလုပ်ထားတဲ့ အချက်အလက်က မရှိပါဘူး။ လူကြီးသူမတွေပြောဖူးတာကတော့ ပညာရေးအတွက် အထောက် အကူ တကယ်ဖြစ်ပါတယ်ဆိုတဲ့ လက်တွေ့သာဓက မရှိဘဲ(မပြနိုင်ဘဲ) အမေရိကန်တွေဟာ ကျောင်းဆရာတွေ၊ ကျောင်းသားတွေအတွက် ခေတ်မီနည်းပညာဆိုင်ရာ ပစ္စည်းပစ္စယတွေ ၀ယ်ယူရင်း အလကား ငွေတွေဖြုန်း တီးနေတာပါတဲ့။ အခြား နေရာတော်တော်များများမှာ ငွေကုန်၊အချိန်ကုန် သက်သာစေဖို့ ကွန်ပျူတာဟာ အလွန်အရေးကြီးလှပါတယ်။ ကလေးတွေ ဘာတွေကိုဘယ်လိုသိထားသလဲ၊ သူတို့လိုအပ်ချက်က ဘာလဲ ဆိုတာမျိုးတွေ အဖြေရှာနိုင်ဖို့ပေါ့။ ဒါပေမဲ့ ထောက်ခံသလား၊ မထောက်ခံဘူးလားဆိုတာကို ပြသဖို့ ကလေး တိုင်းကို ဈေးကြီးလှတဲ့ ၀ိုင်ယာလက် ခလစ်ကာ(wireless clickers)တွေ ပေးထားဖို့ဆိုတာကတော့ တစ်ကမ္ဘာ လုံးကိုခြုံကြည့်ရင် လုံးဝစဉ်းစားလို့ မရနိုင်စရာပါပဲ။ (တစ်ကမ္ဘာလုံးက ကလေးတွေကတော့ သဘောတူရင် လက်ညှိုးထောင်လိုက်တာပါပဲ။ ဒါက အလုပ်လည်း ဖြစ်တယ်လေ)

          “ပညာရေးမှာ လက်ရှိအတော်ဆုံး စာသင်ခန်းတွေကိုကြည့်ရင် သူတို့စာသင်ခန်းတွေထဲမှာ ထူးထူးခြား ခြား တက်ကနော်လော်ဂျီတွေ ရှိမနေတာကို တွေ့မြင်ရပါတယ်” လို့ အပြည်ပြည်ဆိုင်ရာ ပညာရေးဂုရုကြီး အွန်ဒရီ ရှလေချာက ကျွန်မကို ပြောပြပါတယ်။ “ဒါ ဘာကြောင့်လဲဆိုတာ ကျွန်တော့်ဆီမှာလည်း အဖြေမရှိဘူး။ ဖြစ်နိုင်တာကတော့ ဒီဂျစ်တယ်ပစ္စည်းတွေအစား မွေးရာပါ သူတို့ရဲ့အလေ့အကျင့်ကို (လက်ညှိုးထောင်ခြင်း စသည်) အသုံးပြုလိုက်လို့ ဖြစ်ဟန်တူပါတယ်”

          ဒီစာအုပ်အတွက်သီးသန့် ကျွန်မသုတေသနလုပ်တော့ အပြည်ပြည်ဆိုင်ရာ ကျောင်းသားတွေနဲ့ အမေရိကန် (exchange student) ကျောင်းသား(၁၀)ယောက်မှာ (၇)ယောက်က အမေရိကန်ကျောင်းတွေမှာ တက်ကနော်လော်ဂျီတွေ ပိုများတယ်လို့ ဆိုကြပါတယ်။ အမေရိကကျောင်းတွေမှာ တက်ကနော်လော်ဂျီ အားနည်းတယ်လို့ ပြောတဲ့ အမေရိကန်ကျောင်းသား တစ်ယောက်မှ မရှိခဲ့ပါဘူး။
          ကမ္ဘာ့ပညာရေးအကောင်းဆုံးနိုင်ငံတွေဟာ ကျောင်းဆရာတွေရဲ့လစာနဲ့ ကျောင်းသားတိုင်းအပေါ် မျှမျှတတဖြစ်ရေး (အကူအညီ အလိုအပ်ဆုံးကျောင်းသားကို အကူအညီပေးနိုင်ဖို့ စူးစမ်းလေ့လာခြင်း) တို့ကို အထူးအလေးထားပါတယ်။ ကမ္ဘာ့အဆင့် ပညာရေးအကြောင်းကို ရှာဖွေကြရာမှာ ပစ္စည်းကိရိယာတွေထက် လူတွေကပိုပြီး အရေးကြီးတယ်ဆိုတာကိုတော့ အမှတ်တရ ရှိကြပါ။

ကျောင်းအုပ်ကို မေးခွန်းခက်ခက်ခဲခဲတွေမေးပါ
          ကျောင်းအုပ်ကိုတွေ့ပြီဆိုရင်အလုပ်ရှင်တစ်ယောက်က မေးခွန်းတွေကိုမေးသလိုမျိုးမေးပါ။ ကျောင်းရဲ့ အဓိကအရေးထားတဲ့အချက်တွေ၊ ကျောင်းရဲ့အစဉ်အလာတွေကိုမေးပါ။ မကြောက်ပါနဲ့။  ကားတစ်စီး မ၀ယ်မီ၊ အလုပ်တစ်ခုလက်မခံမီ   မေးတတ်တဲ့ မေးခွန်းမျိုးတွေကို မေးပါ။

ကျောင်းကောင်းတစ်ကျောင်းကိုရှာဖွေရာမှာအခြားအချက်တွေအားလုံးထက်ဒီကျောင်းရဲ့ခေါင်းဆောင်ဟာအရေးကြီးပါတယ်။ ဆရာတွေဟာအရေးကြီးတယ် ဆိုတာလည်းမှန်ပါတယ်။ ဒါပေမယ့် ရှင်တို့ကလေးကိုသင်မယ့်ဆရာကို ရှင်တို့ရွေးချယ်ခွင့်မရှိပါဘူး။ ဒီတော့ရှင်တို့အတွက် ဒီတာဝန်ကိုကျောင်းအုပ်ကယူဖို့သူ့ကို လွှဲပြောင်း   ပေးရပါတော့မယ်။

ဆရာတွေကို ဘယ်လိုရွေးချယ်ပါသလဲ
          ဖင်လန်၊ တောင်ကိုရီးယားနဲ့ပညာရေးစူပါနိုင်ငံတွေအားလုံးမှာဆရာတစ်ယောက်ကို  စစ်စစ်ပေါက်ပေါက် ရွေးချယ်လေ့ရှိကြပါတယ်။ ကျောင်းသားထုရဲ့လက်ခံမှုရာခိုင်နှုန်း၊သူတို့အထက်တန်းရမှတ်တွေကလည်း ထိပ်  တန်း(၃၀)ရာခိုင်နှုန်းထဲမှာပါ ၀င်နေရတယ်။ ဆရာတစ်ယောက်ကိုဒီလိုစနစ်တကျ ရွေးချယ်တယ်ဆိုရုံနဲ့လည်း ပညာရေးကောင်းမွန်နေပြီလို့အာမ မခံနိုင်ဘူး။ အခြားကောင်းမွန်တဲ့ပေါ်လစီတွေရှိနေဖို့လည်း လိုအပ်ပါတယ်။

          နိုင်ငံတော်တော်များများမှာ ဆရာတစ်ယောက်ကိုဒီလိုစနစ်တကျ ရွေးချယ်မှုမျိုးမရှိဘူးဆိုတော့ကျောင်း အုပ်ဟာပိုလို့တောင်အရေးကြီးနေပါသေးတယ်။ကျောင်းရဲ့ခေါင်းဆောင်ဟာသူ့ကျောင်းမှာခန့်အပ်မယ့်
 ကျောင်းဆရာတွေကိုရေစစ်နဲ့စစ်ယူသလိုစစ်ရမယ်။ဒါကလည်းကမ္ဘာ့နိုင်ငံတော်တော်များများမှာမကျင့်သုံးကြသေးပါဘူး။ ဘယ်ဆရာကိုတော့ခန့်မယ်၊ဆရာတွေကိုဘယ်လိုဆက်လက်လေ့ကျင့်ပေးမယ်၊ ဘယ်ဆရာ ကိုတော့ဆက်ထား လို့မရတော့ဘူးစတဲ့ ကျောင်းအုပ်တစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ထက်ဘယ်အရာမှ ပိုအရေးမကြီးပါဘူး။    ဂျင်ကောလင်း (Jim Collings)ကသူ့ရဲ့ဂန္တ၀င်“Good to Great”စာအုပ်ထဲမှာ“Great vision without great people is irrelevant”လို့ ရေးထားခဲ့ပါတယ်။ (လူတော်တွေမရှိဘဲနဲ့ ကြီးကျယ်တဲ့အမြင်ဟာ အလုပ်မဖြစ်ဘူး)။

          ကျောင်းအုပ်တစ်ယောက်ဟာဘယ်သူ့ကို အင်တာဗျူးပြီးဘယ်သူ့ကိုဆရာအဖြစ် ခန့်အပ်ခွင့်ရှိသလား ဆိုတာကိုလည်း လေ့လာပါ။ ကျောင်းတော်တော်များများမှာ ဒီလိုလက်တွေ့ကျကျ သာမန်အမြင်တွေ မဲ့နေတတ်ပါတယ်။ ပြီးရင်ကျောင်းဆရာတစ်ယောက် စာသင်တာကိုကျောင်းအုပ်က စောင့်ကြည့်လေ့လာ ဖူးပါသလားလို့မေးကြည့်ပါ။ ဒီလိုလုပ်ရိုးလုပ်စဉ်ကလည်းအမေရိကအပါအ၀င် နိုင်ငံတော်တော်များများမှာမရှိဘူး။ ခေတ်သစ်ကမ္ဘာမှာ စိန်ခေါ်မှုအကြီးဆုံးဖြစ်နေတဲ့ ကျောင်းဆရာတစ်ယောက်ရဲ့ ခေါင်းဆောင်မှုစွမ်းရည် ဘယ်လောက်ရှိ သလဲဆိုတာကို ဒီလိုစောင့်ကြည့် မှသိနိုင်ပါလိမ့်မယ်။ သူ့ကိုတကယ်မခန့်ခင်မှာ (ကလေးတစ်ယောက်ကိုသင်ပြခိုင်းတာမျိုးမဟုတ်စေဦး) လူကြီးတစ်ယောက်ကို ဘယ်လိုသင်မလဲ ဆိုတာ လောက်တော့အစမ်းအသင်ခိုင်းကြည့်ရပါမယ်။ဒီလိုစမ်းသပ်မှုဟာလုံးဝမစမ်းသပ်တာထက်တော့ အများကြီးသာ ပါတယ်။

ဆရာတွေပိုတော်လာအောင် ဘယ်လိုသင်ပါသလဲ
          ဒီမေးခွန်းအတွက်ကတော့ပိုပြီးတိကျတဲ့အဖြေရလေလေပိုကောင်းလေလေပါပဲ။ဆရာတော်တော်များ များဟာကျောင်းသားမိဘတွေဆီကအသံကိုလုံးဝနားမထောင်ဘဲခရီးဆက်နေကြတာများပါတယ်။
ဒီနေ့ခေတ် မှာဆင်ခြေပေးလို့လုံးဝမရတဲ့ အားနည်းချက်ပါ။“Professional development”ဆိုတာ ဒီနေ့ပညာရေးမှာ ခေတ်စားနေတဲ့ မရှိမဖြစ်စကားလုံးပါ။ဆရာတစ်ဦးချင်းစီရဲ့အားနည်းချက် အားသာချက်တွေကို သိအောင်ကို လုပ်ထားရမယ်။ ဒါကို ဆရာပေါင်းထောင်ချီရှိနေတဲ့ အော်ဒီတိုရီယမ်ထဲက လက်ချာခန်းမှာတော့ ချမပြရဘူးပေါ့။

          ဒါကိုဘယ်နိုင်ငံကမှတိတိကျကျလိုက်နာတာမတွေ့ရပါဘူး။ ဒါပေမဲ့တစ်ချို့နိုင်ငံတွေက တစ်ချို့နိုင်ငံ တွေထက် သာတယ်။ ဒါလောက်ပါပဲ။ ဖင်လန်မှာဆိုရင် သူတို့ဆရာဖြစ်သင်တန်းတွေမှာ ဆရာတစ်ယောက်က အခြားဆရာတစ်ယောက်သင်ကြားနေပုံကို စောင့်ကြည့်ရတယ်။ ဆရာတွေအချင်းချင်း နှီးနှောဖလှယ်နိုင်ဖို့ နိုင်ငံ တော်တော်များများကဆောင်ရွက်ပေးကြပါတယ်။ ဒီအချက်မှာအမေရိက ကတော်တော်အားနည်းတာတွေ့ ရပါတယ်။ အမေရိကန်ကျောင်းဆရာတွေရဲ့ ဆရာသက်တမ်းဟာ အခြားဆရာတွေထက် ပိုတိုပြီး သူတို့ အကြံဥာဏ်နဲ့ အတွေ့အကြုံကို သူများကိုဖြန့်ဝေဖို့နဲ့ သူများဆီကအသံကို နားထောင်ဖို့ အချိန်သိပ်မရကြဘူး။

ဒီတော့ ဆရာတွေအချင်းချင်း နှီးနှောနိုင်ဖို့နဲ့ သူရဲ့ထိပ်တန်းဆရာတွေကို ဘယ်လိုခေါင်းဆောင်မှုအခန်းတွေ ပေးသလဲဆိုတာ ကျောင်းအုပ်ဆရာတိုင်းကိုမေးပါ။

အောင်မြင်မှုကို ဘယ်လိုတိုင်းတာသလဲ
ဒီလိုအမြင်ကိုခေါင်းဆောင်ကောင်းတိုင်းရှင်းရှင်းလင်းလင်းဖြေကြားနိုင်ပါတယ်။
ဒီလိုမေးခွန်းနဲ့ပတ်သက်လို့ရှင်းရှင်းလင်းလင်းမရှိတဲ့လေကြောရှည်ရှည်ဖွင့်ပြနေတာမျိုးကို ကြားရပြီဆိုရင်တော့ ဒီကျောင်းဟာသိပ်မစွံတဲ့ သာမန်ကျောင်းတစ်ကျောင်း၊ စမစ်ရှင်မရှိတဲ့ကျောင်းတစ်ကျောင်းလို့ မှတ်ယူထားနိုင်ပါတယ်။ အမေရိကမှာရှိတဲ့ ကျောင်းအုပ်တော်တော်များများကတော့ အောင်မြင်မှုတိုင်းတာတာနဲ့ပတ်သက်လို့စာမေးပွဲအမှတ်စာရင်း အချက် အလက်တွေကိုထုတ်ပြတတ်ကြပါတယ်။ ဒါဟာ ဖြစ်သင့်ပါတယ်၊ ဒါပေမဲ့ ဒါနဲ့တင် မလုံလောက်ဘူး။ ဘွဲ့ရသွားတဲ့ အရေအတွက်နဲ့ မိဘတွေရဲ့ကျေနပ်အားရမှုရှိမရှိ ဆိုတာတွေလည်း ပါဝင်နေသင့်တယ်။ ကောင်းပါပြီ၊ ဒါဆို ထိတွေ့လို့မရတဲ့ အောင်မြင်မှုတွေကို ဘယ်လိုတိုင်းတာပြကြမလဲ။

          ကျောင်းသားတွေကို ဘယ်လိုပိုပြီးတွေးခေါ်တတ်အောင်၊ ပြဿနာရဲ့အဖြေကိုရှာဖွေတတ်အောင် သင်ကြားပေးနေပါတယ်ဆိုတာ သူတို့ကိုယ်သူတို့ ဘယ်လိုသိနိုင်မလဲ။

          ပုံစံကျစာမေးပွဲတော်တော်များများက ဒါတွေကို မခြုံငုံမိဘူး။

          ကမ္ဘာမှာအကြီးမားဆုံးအောင်မြင်မှုတွေရဲ့ နောက်ကွယ်မှာမရှိမဖြစ်လိုအပ်နေတဲ့ ဇွဲမလျှော့မှုတွေ၊ ကိုယ့်ကိုယ်ကိုထိန်းသိမ်းနိုင်မှုတွေ၊ ပတ်ဝန်းကျင်နဲ့ အတူတကွလိုက်လျောညီထွေနေနိုင်မှုတွေကို ကလေးတွေကို သူတို့သင်ကြားပေးနေပါတယ်ဆိုတာ ဘယ်အချက်နဲ့သက်သေပြမှာလဲ။

          သူတို့တိုးတက်လာဖို့ဘာတွေ လိုအပ်သလဲဆိုတာဆရာတွေက ကျောင်းသားတွေကို မေးဖူးကြ သလား။ ကလေးတွေဆီက အသံတွေကို နားထောင်ပြီး ဆီမီးစတားတိုင်းမှာ ကျောင်းရဲ့လိုအပ်နေတဲ့ အခြေခံမူတွေကိုပြင်ဆင်ဖူးကြသလား။ ကမ္ဘာ့အဆင့်မီကျောင်းဆရာတွေဟာ သူတို့ဘယ်ကိုဦးတည်နေ တယ် ဆိုတဲ့အမြင် ရှင်းရှင်းလင်းလင်းရှိကြတယ်။ သူတို့လမ်းကြောင်းများလွဲသွားသလားဆိုတာကို အချက်အလက် တွေက အဆုံးအဖြတ်ပေးကြပါတယ်။ ပိုကောင်းတဲ့အနေအထားဆီရောက်အောင် လူတွေရဲ့ဓလေ့စရိုက်ကို ပြောင်းပေးရတယ်။

" လက်ရှိနည်းစနစ်ဟာ တကယ်ပဲ မှန်ကန်တဲ့နည်းစနစ်ဆိုတာ ဘယ်လိုသေချာအောင်လုပ်သလဲ။ကလေးတစ်ယောက်ရဲ့ အမြင့်ဆုံးစွမ်းရည်ထွက်လာအောင် ဘယ်လိုတွန်းအားပေးကြမလဲ။ "

          နယူးယောက်စီးတီးမှာရှိတဲ့ Success Academy ချာတာကျောင်းက ကျောင်းသားတွေဟာ နေ့တိုင်းတစ်နာရီခွဲကြာအောင် စာဖတ်ရတယ်။ ပြီးတော့ ဖတ်ပြီးသားစာတွေကို ဆွေးနွေးရတယ်။ ပြီးရင် နောက်ထပ်နာရီဝက် အရေးလေ့ကျင့်ရတယ်။ မူလတန်းကစလို့ ကလေးတိုင်းဟာ နေ့တိုင်းသိပ္ပံဘာသာရပ်ကို သင်ယူရတယ်။ နယူးယောက်က တော်တော်များများ ပတ်ဘလစ်ကျောင်းတွေက ကလေးတွေဟာ အလယ်တန်းရောက်မှ သိပ္ပံကိုသင်ရတယ်။

          ဒါတင်မကသေးဘူး။ Success Academy က ကျောင်းသားတွေဟာ ဂီတ၊ အနုပညာ(art)နဲ့ အကကို လည်းသင်ရတယ်။ နောက်ချက်စ်ကစားရတယ်။ရာသီဥတုဆိုးရွားတဲ့နေ့တွေမှာတောင်ဒီသင်တန်းတွေက ပျက်ခဲ တယ်။ ဒီပေါ်လစီကဖင်လန်နဲ့တူတဲ့ပေါ်လစီပဲ။ ဒီနည်းဗျူဟာကို သူတို့က“ပျော်ရွှင်စွာစည်းကမ်းသေ၀ပ်ခြင်း” (Joyful rigor)လို့ခေါ်ကြပါတယ်။

          ဒီစနစ်က တကယ်အလုပ်ဖြစ်သလား။

          Success Academy က လေးတန်းကျောင်းသားအားလုံးဟာ သိပ္ပံဘာသာရပ်မှာတော်တယ်။ ၉.၅ ရာခိုင်နှုန်းကဆိုရင် အထက်ကအတန်းတွေရဲ့အဆင့်ကိုတောင်မှီတယ်လို့ နယူးယောက်စီးတီး စစ်တမ်းအရ သိရပါတယ်။ ၀င်ငွေနည်းပါးတဲ့ မိဘတွေရဲ့သားသမီးတွေကို မဲဖောက်ပြီး လက်ခံတဲ့ Success Academy Harlem-1ကကျောင်းသားလေးတွေဆိုရင်လည်း နယူးယောက်မှာအတော်ဆုံးအကောင်းဆုံးဆိုတဲ့ ကျောင်း တွေနဲ့တန်းတူအရည်အချင်းရှိပါတယ်။

          အဲဒီကျောင်းတွေက ဆရာတွေဆိုရင်ထူးချွန်ဖော်ရွေပြီး သင်ခန်းစာအတွက် အကောင်းဆုံးပြင်ဆင်ထား ကြမယ်လို့မျှော်လင့်ထားကြပါတယ်။ ပြီးတော့ကျောင်းသားတွေရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်လို့ ပိုပြီး မျှော် လင့်ထားကြဖို့နဲ့ ကလေးတွေစိတ်ဓာတ်တွေများ ကျကုန်မလားဆိုတဲ့ စိုးရိမ်စိတ်တွေမ၀င်ဖို့ ဆရာ တွေ ကိုကောင်းကောင်း လေ့ကျင့်ပေးထားတာပါ။ အဲဒီကျောင်းတွေမှာ မူလတန်းပြဆရာတစ်ယောက်ဟာ ကလေး နဲ့စကားပြောတဲ့အခါ သီချင်းဆိုသံလိုလို ဘာလိုလိုနဲ့ညုတုတုစကားမပြော ဖို့လည်းတားမြစ်ထားပါတယ်။ အဲသလိုပြောဆိုရင် ကလေးတွေကဆရာ့ကိုလေးစားရတာခက်သွားမှာကြောင့်ပါ။

“ဒါကတော့ပညာရှင်ရဲ့ လုပ်ဆောင်မှုစွမ်းရည်ကို စော်ကားမှုပါပဲ”လို့ Success Academy ကျောင်း တွေရဲ့စီအီးအို(CEO)Eva Moskowitz နဲ့သူမရဲ့ပူးတွဲစာရေးသူArin Laviniaက၂၀၁၂ခုထုတ်“Mission Impossible” စာအုပ်ထဲမှာရေးသားထားပါတယ်။

“ဆရာတစ်ယောက်ရဲ့သင်ကြားမှုဟာ ကလေးတွေထိုင်ခုံပေါ်မှာ အငြိမ်နေလို့မရလောက်အောင် စိတ် ၀င်စားစရာကောင်းပြီးဆွဲဆောင်မှု ရှိနေရပါမယ်။ ကလေးတွေရဲ့အာရုံကို ဖမ်းစားထားနိုင်တာဟာ ဆရာ ရဲ့ အတတ်ပညာဖြစ်ပြီး သူတို့ကလေးလိုဟန်လုပ်ပြီး ပြောနေစရာမလိုပါဘူး။”

Success Academyကျောင်းတွေမှာ မိဘရဲ့ပူးပေါင်းမှုကလည်း တမူထူးခြားနေပါတယ်။ ကျောင်းသား မိဘတွေကို မုန့်လုပ်ရောင်းဖို့ ၊လက်ဆောင်ပစ္စည်းတွေစက္ကူနဲ့ထုတ်ရောင်းဖို့ မခိုင်းပါဘူး။ သူတို့ကိုခိုင်းတာက တစ်ပတ်မှာခြောက်ည ကလေးတွေရဲ့ပညာရေးကို စောင့်ကြည့်ပေးဖို့ပါ။ သူတို့ကလေးတွေကောလိပ်အတွက်အဆင်သင့်ဖြစ်နေအောင် ကျောင်းကသင်တဲ့ပညာရေးကိုအိမ်မှာဆက်ပြီး လေ့လာဖို့တွန်းအားပေးခိုင်းခြင်းမျိုးပါ။ဒါကကိုရီးယားတွေရဲ့အလေ့အကျင့်ဖြစ်ပါတယ်။ ကျောင်းသားမိဘတိုင်းဟာ ကလေးရဲ့ဆရာနဲ့ ကျောင်းအုပ် ကြီးတို့ရဲ့ဖုန်းနံပါတ်တွေရှိနေပါတယ်။

၂၀၁၁ ခုမှာ မန်ဟတ္တန်က Upper West Side မှာ Success Academy ကျောင်းအသစ်ဖွင့်ပါတယ်။ ဒီနေရာက အရင်ကျောင်းတွေထက် ပိုချမ်းသာတဲ့ရပ်ကွက်ပါ။ ဒီကျောင်းဟာ အခြာကျောင်းတွေနဲ့လုံးဝမတူဘဲ တမူထူးခြားနေပါတယ်။ Moskowitz က ဒီကျောင်းမှာ မိဘ၀င်ငွေတူညီတဲ့လူဖြူ၊ အာရှတိုက်သား၊ အာဖရိကန်-အမေရိကန်၊ စပိန်စတဲ့လူမျိုးပေါင်းစုံရောစပ်နေတာမျိုး ဖြစ်စေချင်ခဲ့ပါတယ်။ သူမဖြစ်စေချင်သလိုလည်း ဖြစ်လာခဲ့တယ်။ ဒီစနစ်ဟာ ကလေးပညာရေးအတွက် အကောင်းဆုံးပါပဲ။ မတူညီတဲ့မျှော်လင့်မှုတွေ ရောနှောသွားတယ်။ တစ်ဦးချင်းစီရဲ့အားသာမှုတွေ၊ လက်တွေ့ကျင့်သုံးနေထိုင်ပုံတွေအားလုံး  ရောနှောမိ သွား   တယ်။

တစ်နိုင်ငံလုံးမှာပဲဒီလိုပုံစံနဲ့ ကျောင်းတွေအမျာကြီးရှိပါတယ်။ နယူးယောက်မြို့တော်က Success Academyကျောင်းတွေဆိုရင် အမေရိကထဲက ဖင်လန်ပညာရေးလို့ဆိုနိုင်ပါတယ်။ ဖင်လန်နဲ့အနီးစပ်ဆုံး တူနေပါတယ်။ ၀ါရှင်တန်ဒီစီက ကျောင်းဆရာ ၀ီလီယံတေလာဆိုရင် သူ့ရဲ့ဆင်းရဲသားကျောင်းသားတွေဆီက မျှော်လင့်ချက်မြင့်မြင့်ထားရှိမှုဟာ ကိုရီးယားတွေနဲ့တူပါတယ်။ Rhole Island က Deborah Gist ဆိုရင် ကျောင်းသားတွေဆီက အမြင့်ဆုံးစွမ်းရည်ကို ရအောင်ထုတ်ယူနိုင်တဲ့ ဖင်လန်နဲ့ ကိုရီးယား ပေါင်းစပ် ပုံသဏ္ဍန်မျိုးပါ။

ကမ္ဘာ့အဆင့်မီကျောင်းဆရာတွေက ရှိနေပါတယ်။ ဒါပေမယ့်သူတိုလည်း ရှေးရိုးစွဲယဉ်ကျေးမှုတွေ ဥပဒေတွေနဲ့ တိုက်ပွဲဝင်နေကြပါတယ်။ အဲသလိုတိုက်ပွဲဝင်နေရတာနဲ့ သူတို့စွမ်းရည်နဲ့ အချိန်တွေလည်းကုန်သွားပါတော့တယ်။

တကယ်လို့ သူတို့သာ ဒီတိုက်ပွဲအောင်နိုင်ဖို့သာဆိုရင် မိဘနဲ့ကျောင်းသားတွေကိုယ်တိုင် သူတို့ကိုဝိုင်းဝန်းထောက်ခံပြီး-ကျွန်မတို့ကလေးတွေဟာစည်းစနစ်ကျတဲ့ပညာရေးကို လေ့လာနိုင်ရုံမက ဒီလိုပညာရေးစနစ်ကို ဘယ်တုံးကမှနဲ့မတူ အသည်းအသန်ကို အလိုရှိနေကြပါပြီလို့ တညီတညွတ်တည်း ထောက်ခံပေးလိုက်ဖို့ပဲ ရှိပါတော့တယ်။

-ပြီး-

The End of “How to sport a world- class education.”

နော်အေး ကုမ္ပဏီ

ဥပဒေတွေကို မမုန်းကြဘူးလား။
အခု ဥရောပသမဂ္ဂဗျူရိုကရက်က သောက်ရေသန့်ဘူးတွေဟာ ဒီဟိုက်ဒရေးရှင်းအတွက် ကောင်းတယ်လို့ကြေငြာရင် ဥပဒေနဲ့ ဆန့်ကျင်တယ်လို့ ဆုံးဖြတ်ခဲ့ကြတယ်။ အာရှမှာလည်း သိပ်မထူးခြားလှပါဘူး။ တစ်ချို့ပိုပြီး အူကြောင်ကြောင်နိုင်တဲ့ ဥပဒေတစ်ချို့ကလွဲရင်ပေါ့လေ။

ကျွန်တော့်သူငယ်ချင်းတစ်ယောက် အာရှမှာ စီးပွါးရေးစတင်လုပ်ဖို့ ကြိုးစားတယ်။ သူလိုအပ်တဲ့ ဖောင်တွေ၊ လိုင်စင်တွေ၊ ပါမစ်တွေက တကယ့်ကို မဆန့်မပြဲကြီးပါပဲ။ သူ့အတွေ့အကြုံကို အကောင်းဆုံးပုံဖော်ပြဖို့ သမ္မာကျမ်းစာထဲက နော်အေး သင်္ဘောဆောက်တာနဲ့ နှိုင်းယှဉ်ပြရပါလိမ့်မယ်။ နော်အေးများ ဒီခေတ်ထဲမှာ သင်္ဘောတည်ဆောက်မယ်ဆိုရင် ဘာတွေဖြစ်လာနိုင်သလဲလို့ စိတ်ကူးနဲ့စဉ်းစားကြည့်တာပါ။

နော်အေးသင်္ဘောနဲ့ပတ်သက်လို့ သင်္ခန်းစာတွေအများကြီး ပေးခဲ့ကြပြီးပါပြီ။ ဒါပေမယ့် အာရှ ဗျူရိုကရက်ထက်ကောင်းတဲ့ ဥပမာပေး သင်္ခန်းစာယူစရာတော့ ကျွန်တော်မမြင်ခဲ့မိဘူး။

ထာဝရဘုရားသခင်က နော်အေးကိုပြောတယ်။
“ သင်္ဘောတစ်ခုတည်ဆောက်၊ တိရိစ္ဆာန်တွေထဲက နှစ်ကောင်စီယူပြီး သင်္ဘောပေါ်တင်၊ နေ့ညပေါင်းလေးဆယ် ကြာအောင် မိုးကြီးရွာပြီး ကမ္ဘာမြေဟာ ရေထုကြီးလွှမ်းသွားလိမ့်မယ်။”

အဲဒီနောက် အနက်ရောင်ဝတ်စုံနဲ့ လူတစ်ယောက် ရောက်လာတယ်။ သူက ကွန်ပလိုင်းယန့်(စ်) အော့ဖစ်ဆာလို့ခေါ်တယ်(Compliance Officer)။ သူက နော်အေးကို ပြောတယ်။
“ ပရောဂျက်တွေအားလုံး တရားဝင်ဖြစ်ဖို့ တံဆိပ်ထုထားတဲ့ ပါမစ်တွေလိုပါတယ်။ ခင်ဗျားကုမ္ပဏီက တစ်ဦးတည်းပိုင်ကုမ္ပဏီလား၊ စုပေါင်းပိုင် ကုမ္ပဏီလား”

နော်အေးက ပြန်ပြောတယ်။
“ ထာဝရဘုရားသခင်က သင်္ဘောတစ်စင်းတည်ဆောက်ဖို့ ကျွန်တော့်ကို ညွှန်ကြားထားပါတယ်”


အရာရှိက ပြောတယ်။
“ ဒါဆိုရင် ခင်ဗျားရဲ့ပါတနာကလည်း အတူတကွ ပူးပေါင်းရေးစာချုပ်မှာ လက်မှတ်ရေးထိုးဖို့ လိုပါလိမ့်မယ်”

နော်အေးခမျာ ခေါင်းကုတ်ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်သွားရရှာတယ်။
“ ဒီညွန်ကြားလွှာက ပလိပ်ပြားလေးပေါ်မှာ သူရေးထားခဲ့တာ။ အမြင့်ဆုံးဌာနကနေ လူသားတွေဆီ သတင်းပေးလိုက်တာမျိုးပါ”

အရာရှိ ဖြုံသွားတယ်။
“ ဒါဆို ခင်ဗျားပါတနာက Apple ကွန်ပျူတာက အဆင့်မြင့် အိက်ဇက်ကတစ် ထင်တယ်နော်။ ကောင်းတယ်၊ သိပ်ကောင်းတယ်။ ပြီးရင် ခင်ဗျားကုမ္ပဏီရဲ့အမည် တင်ပြဖို့လိုတယ်။ နော်အေးသင်္ဘောကုမ္ပဏီလီမိတက်ဆိုရင် မကောင်းဘူးလား”

နော်အေး အကြံအိုက်သွားပြန်တယ်။
“ကျွန်တော်တို့က သင်္ဘောတစ်စီးထဲ တည်ဆောက်မှာပါဗျာ”

အရာရှိက ရယ်တယ်။
“အဓိပ္ပါယ်မရှိတာဗျာ၊ ကုန်ထုတ်လုပ်မှုအတွက် ငွေတွေရင်းနှီးလိုက်ပြီဆိုရင် နောက်သင်္ဘောတွေက ထုတ်လုပ်မှု ကုန်ကျစရိတ် အများကြီး လျော့ကျသွားမှာပေါ့ဗျ။ အခု နော်အေးကုမ္ပဏီရဲ့ မှတ်ပုံတင်အမှတ်က ဘယ်မှာ မှတ်ပုံတင်မှာလဲ။ ကေးမဲန့်ကျွန်းမှာလား၊ ဘာမြူဒါမှာလား (Cayman Island or Bermuda)”

သင်္ဘောသားနော်အေးက လက်ပိုက်ကြည့်ရင်းနဲ့-
“ခင်ဗျားပြောတဲ့နေရာတွေက ရေဘေးနဲ့ပျက်စီးတော့မှာဗျ”

အရာရှိက ခေါင်းညိတ်တယ်။
“ရာသီဥတုအပြောင်းအလဲနဲ့ ရာသီဥတုဆိုးဝါးတဲ့သဘောကို ကျွန်တော်ကြိုတင် တွက်ချက်မိပါတယ်။ ကိစ္စမရှိပါဘူး။ ဒါနဲ့ ခင်ဗျားကုမ္ပဏီရဲ့ အစီအစဉ်၊ ရည်ရွယ်ချက်နဲ့ အကောင်အထည်ဖော်မယ့် လုပ်ငန်းစဉ်က ဘယ်လိုလဲ”

“သက်ရှိသတ္တဝါတွေကို ကယ်ဆယ်ဖို့ပါ”
နော်အေးက ဖြေတယ်။

အရာရှိက သက်ပြင်းချရင်းနဲ့-
“ပမာဏကို လျော့ချလို့ မရဘူးလားဗျာ။ စကေးက သိပ်များလွန်းနေတယ်။ မဖြစ်နိုင်ဘူးလား။ ဒါဆို assets ကို ရှင်းလင်းအောင်လုပ်ဗျာ။ ခင်ဗျားတို့ ကုန်ထုတ်မှုပမာဏက ဘယ်လိုလဲ”

နော်အေးက တွေးတွေးဆဆနဲ့ပြောတယ်။
“တိရိစ္ဆာန်တွေအားလုံး သင်္ဘောပေါ်ရောက်သွားရင် တနေ့ကို နွားချေး၊ ဆိတ်ချေး တန်ချိန်ပေါင်း လေးထောင်ကျော်လောက် ထုတ်လုပ်နိုင်ပါလိမ့်မယ်”

အရာရှိက သဘောကျသွားတယ်။
“ဒါဆိုရင် ခင်ဗျားက သဘာဝဓာတ်မြေသြဇာ ထုတ်လုပ်သူပဲ။ ဒါနဲ့ ကုမ္ပဏီရဲ့ဝန်ခံကတိပြုချက်က ဘာပါလိမ့်”

နော်အေးက-
“ကျွန်တော်တို့ တွေ့မြင်နေရတဲ့ ကမ္ဘာကြီးရက်ပေါင်းလေးဆယ်အတွင်း လုံးဝ ဖရိုဖရဲ ပျက်စီးသွားလိမ့်မယ်”

“ပျက်စီးမဲ့ခန့်မှန်းခြေတန်ဖိုးက ဘယ်လောက်ရှိနိုင်မလဲ” စီးပွါးရေး အရာရှိက ဆက်မေးတယ်။

နော်အေးခမျာ တော်တော် ကသိကအောက်ဖြစ်သွားတယ်။

“ဟာဗျာ၊ ဒီကိစ္စက တန်ဖိုးဖြတ်လို့မရဘူး။ ဒါက “priceless” ဗျ”

အဲဒီစကားက အရာရှိကို မကျေမချမ်း ဖြစ်သွားစေပြန်တယ်။
“မစ္စတာနော်အေး၊ ခင်ဗျားကို ကျွန်တော်သတိတစ်ခုပေးချင်တယ်။ စီးပွါးရေး ရင်းနှီးမြှုပ်နှံသူတွေအတွက် သတ်မှတ်ချက် တန်ဖိုးမရှိ (priceless) ဆိုတဲ့ စကားလောက် အဓိပ္ပါယ်မရှိတာ မရှိဘူးနော်”

နော်အေးက-
“ဟုတ်ပြီ၊ လူကြီးမင်းတို့ လိုအပ်တဲ့ ပေပါဝါ(ခ်)တွေကို အားလုံးကျွန်တော် လုပ်ထားမယ်။ ရက်ပေါင်းလေးဆယ် အတွင်း ပြန်လာခဲ့ပါ။ ကျွန်တော်တို့ တွေ့ကြသေးတာပေါ့။ ဂွတ်ဘိုင်”

နော်အေးက တံခါးပိတ်လိုက်တယ်။ အဲ-ပထမဆုံး မိုးပေါက်တစ်ပေါက် အဲဒီအရာရှိရဲ့ ပခုံးပေါ်ကျသွားလေတော့ရဲ့။

(မြန်မာပြည်ကိုလွမ်းလို့ RD ထဲက Nury Vittachi ရဲ့ “ If Noah lived today” ကို အဆင်ပြေသလို မြန်မာမှုပြုလိုက်ပါတယ်)

Posted on 6/22/2012

ဇင်ဝေသော်







Copyright © 2012 ကမ်းလက်. All rights reserved.

လွဲမှား သင်္ချာဗေဒ ( new version )


ခင်ဗျားမှာ ပန်းသီးတစ်လုံး ရှိတယ်။ ကျနော့်မှာလည်း ပန်းသီးတစ်လုံး ရှိတယ်။ ပန်းသီးချင်း လဲကြမယ်ဆိုရင် ကျနော်တို့မှာ ပန်းသီးတစ်လုံးစီပဲ ရှိနေကြလိမ့်မယ်။
ဒါပေမယ့် ခင်ဗျားမှာ အတွေးတစ်ခု ရှိတယ်။ ကျနော့်မှာ အတွေးတစ်ခု ရှိတယ်။ ဒီအတွေးနှစ်ခုကို ဖလှယ်လိုက်မယ်ဆိုရင် ကျနော်တို့ ကိုယ်စီမှာ အတွေးနှစ်ခုစီ ရှိသွားမယ်။
၁(၂) + ၁(၂) = ၄   (ဂျော့(ဂ်ျ) ဘားနက်ရှော)

ကြိုက်တယ်ဗျာ။

ဒါပေမယ့် ခင်ဗျားမှာ အတွေးတစ်ခု ရှိတယ်။ ကျနော့်မှာ အတွေးတစ်ခု ရှိတယ်။ ဒီအတွေးနှစ်ခု ထိပ်တိုက်တွေ့တိုင်း တစ်ခုတည်း ကျန်တဲ့အထိ တိုက်ခိုက်၊ သတ်ပုတ်နေကြတာတွေ ကြုံရတာ များတယ်ဗျာ။
၁ + ၁ = ၁ 

ကမ္ဘာ့အဆင့် ပညာရေးကို ဘယ်လိုရှာဖွေကြည့်မလဲ (၂) ( The Smartest Kids in the World)


ကျောင်းသားတွေနဲ့ စကားပြောပါ

          သတင်းထောက်တွေအပါအ၀င် လူတွေက ကလေးတွေကို အသိဉာဏ်နဲ့ဆိုင်တဲ့မေးခွန်းမျိုး မမေး တတ်ကြဘူး။ လူတိုင်းလိုလို အာရုံစိုက်ထားတာက ကျောင်းဆရာတွေ၊ ကျောင်းအုပ်နဲ့ ကျောင်းအဆောက်အဦ တွေကိုပါ။ ငယ်တဲ့ကျောင်းသားလေးတွေကိုကျတော့ ငယ်လွန်းလို့ နားမလည်နိုင်သေးဘူး။ နည်းနည်းကြီးလာ တဲ့ ကျောင်းသားတွေကိုတော့ ဖြေချင်စိတ်ရှိကြမှာမဟုတ်ဘူးဆိုပြီး မမေးတတ်ကြပါဘူး။ ကျွန်မအတွေ့အကြုံ အရ ပြောရရင်တော့ နှစ်ခုစလုံး တစ်ခုမှမမှန်ဘူး။ အဓိပ္ပာယ်ရှိတဲ့ မေးခွန်းကိုသာ ကိုယ်ကမေးနိုင်ရင် ကလေး တွေဟာ သူတို့ကျောင်းနဲ့ ပတ်သက်လို့ အရိုးသားဆုံး၊ အကျိုးသက်ရောက်မှုအရှိဆုံး အဖြေတွေကို ပေးနိုင် ပါတယ်။

          “ဒီဆရာကို ကြိုက်သလား”

          “ဒီကျောင်းကို ကြိုက်သလား” ဆိုတဲ့ မေးခွန်းမျိုးတော့ မမေးနဲ့ပေါ့။

ကျွန်မတို့ရုံးခန်းထဲကို အရပ်ရှည်ရှည်နဲ့ လူစိမ်းတစ်ယောက်က အပြုံးနဲ့ဝင်လာပြီး “မင်း ဘော့စ်ကို ကြိုက်သလား” လို့ မေးသလိုမျိုးပါပဲ။ ဒီလူက ငါ့ကို အလုပ်ဖြုတ်ဖို့ရောက်လာတဲ့ လူများလားလို့တောင် ကျွန်မတို့ စဉ်စားမိနေတတ်ပါသေးတယ်။ ကလေးတွေလည်း ကျွန်မတို့လိုပါပဲ။ နောက်ပြီး ဆရာတစ်ယောက်ကို သဘောကျတိုင်း သူ့ဆီကသင်ယူစရာ ရှိချင်မှရှိတတ်တာပါ။ ဒီတော့ ဒီလိုမေးခွန်းမျိုးတွေမေးခြင်းထက် တိလည်းတိကျ၊ လေးစားမှုလည်းရှိ၊ အဓိပ္ပာယ်လည်း ပိုရှိတဲ့ မေးခွန်းမျိုးမေးနိုင်ပါတယ်။

စစချင်း ကျွန်မမေးတတ်တဲ့မေးခွန်းက မင်းတို့ဒီမှာ ဘာလုပ်နေကြတာလဲ၊ ဘာအတွက်လဲ ဆိုတာပဲ ဖြစ်ပါတယ်။

ပထမမေးခွန်းကိုသာဖြေပြီး ဒုတိယမေးခွန်းကိုမဖြေတဲ့ ကျောင်းသားဘယ်နှယောက်ရှိတယ်ဆိုတာ သိရင် ရှင်တို့ အံ့သြသွားပါလိမ့်မယ်။ ဒုတိယမေးခွန်းက နှိုင်းယှဉ်ပြီး အကျိုးအကြောင်းနဲ့ ဖြေရမှာမျိုးပါ။ ကလေး တစ်ယောက် ကျောင်းအပ်လိုက်ပြီဆိုရင် ဘာအတွက် နေ့တိုင်းကျောင်းတက်ရသလဲဆိုတဲ့ အဓိပ္ပာယ် သူတို့ သိကိုသိထားစေရပါမယ်။

၂၀၁၁ ခုမှာ epic ဂိတ် ဖောင်ဒေးရှင်းက သုတေသနလုပ်တော့ တိကျတဲ့မေးခွန်းတွေကို ကလေးတွေ ဖြေတဲ့အဖြေဟာ စာမေးပွဲမှာ အမှတ်ကောင်းရဖို့အတွက် လေ့ကျင့်ပေးထားတဲ့ ပညာရှင်တွေသုံးသပ်တာထက် ပိုပြီးတိကျမှန်ကန်တယ်၊ ပိုပြီးခိုင်လုံမှုရှိတယ်ဆိုတာ အံ့သြဖွယ် တွေ့ရှိခဲ့ရပါတယ်။ သောင်းချီတဲ့ကျောင်းသား တွေကို သဘောတူ၊ မတူ မေးတဲ့ မေးခွန်းမျိုး (၃၆) မျိုးနဲ့ စမ်းသပ်မေးမြန်းခဲ့ကြတာ ဖြစ်ပါတယ်။ ကျွန်မတို့ကိုယ် တိုင် ကျောင်းတွေကိုသွားတဲ့အခါမှာ အဲသလို သိပ္ပံဆန်ဆန်မေးခွန်းတွေကို မေးလို့တော့ မရဘူးပေါ့။ ဒါပေမဲ့ ကျောင်းသားတွေ ကျောင်းမှာ ဘယ်လောက်လေ့လာမိသလဲဆိုတာနဲ့ပတ်သက်လို့ ဒီလိုမေးခွန်းမျိုးလေးတွေ တော့ မေးနိုင်ပါတယ်။

      ၁။           ဒီအတန်းထဲမှာ အများကြီးလေ့လာခွင့် ရခဲ့သလား။

      ၂။           ဒီအတန်းထဲက ကျောင်းသားတွေဟာ ဆရာတွေပြောဆိုဆုံးမသလို လိုက်နာကြသလား။

      ၃။           ဒီကလပ်ထဲမှာ အမြဲကြိုးစားနေရပြီး အချိန်ဖြုန်းနေတာတွေ မရှိဘူး မဟုတ်လား။

ဒီမေးခွန်းမျိုးတွေဟာ ကျောင်းသားတွေသာ ဖြေဆိုနိုင်တဲ့ မေးခွန်းတွေပါ။

တစ်ချို့ကျောင်းတွေကတော့ ဒီလိုခပ်ဆင်ဆင် သုတေသနတွေပြုလုပ်ပြီး ဆရာတွေရဲ့ အရည်အသွေး ကို မြှင့်တင်နိုင်ဖို့ ကြိုးစားနေကြတယ်။ ဒါဟာ ပညာသားပါပြီး ငွေကုန်ကြေးကျ သိပ်မရှိလှတဲ့ ချဉ်းကပ်မှု တစ်မျိုးပါ။ တကယ်လို့ ကျောင်းအုပ်(သို့မဟုတ်)ကျောင်းဆရာက ဒီနည်းကို အချိန်ပေးလေ့လာပြီး ကြိုးစား ကြည့်မယ်ဆိုရင် ဒါဟာ ကောင်းတဲ့အလားအလာလို့ ဆိုရမှာပါ။

          နောက်ပြီး ကျောင်းသားတွေကို မေးဖို့ သင့်တင့် မေးခွန်းတစ်ခု ကျန်ပါသေးတယ်။ ဒီမေးခွန်းကိုတော့ ၀ါရှင်တန်ဒီစီက ကျောင်းအုပ် ဒွမ်းဂျော်ဒန် (Dwan Jordon) ဆီက ရခဲ့တာပါ။

          “တကယ်လို့ သင်ခန်းစာကို ကောင်းကောင်းနားမလည်ဘူးဆိုရင် သင် ဘာလုပ်မလဲ” စနစ်တကျ စာသင်ခန်းထဲက ကျောင်းသားတွေဆိုရင် ဒီအဖြေကို သိကြပါတယ်။




မိဘများစကားကို နားထောင်ကြည့်ပါ

         ၂၀၁၁ ခုနှစ်တုန်းက တစ်နှစ်ကို ဒေါ်လာသုံးသောင်းလောက် ပေးနိုင်မှ ကျောင်းတက်နိုင်တဲ့ ၀ါရှင်တန် က ပုဂ္ဂလိကကျောင်းတစ်ကျောင်းကို ကျွန်မ ရောက်သွားခဲ့ပါတယ်။ ဒီကျောင်းမှာ ကျွန်မကလေးကိုထားဖို့ မတတ်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ပုဂ္ဂလိကကျောင်း၊ ချာတာကျောင်းအများကြီးကို သွားရောက်လေ့လာခဲ့ပါတယ်။ ကျွန်မကလေးတွေ ဘာတွေဆုံးရှုံးလိုက်ရသလဲ (ဒီကျောင်းတွေမှာ မတက်ခဲ့ရလို့) ဆိုတာ သိချင်နေလို့ပါ။

          နေရောင်ခြည်က ဖြာကျနေတယ်၊ ခန်းမကြီးကို ကျွန်မဖြတ်လျှောက်စဉ် ဘာသာစကားမျိုးစုံနဲ့ သင်ကြား နေကြတဲ့ ကျောင်းသားလေးတွေရဲ့အသံဟာ ကျွန်မဆီကို ဖြတ်ပြေးလာကြတယ်။ ကျောင်းအုပ်ကြီးရဲ့ ရုံးခန်း စားပွဲပေါ်မှာ ကော်ဖီနဲ့ပေါင်မုန့်တွေ။ ကျွန်မတို့ မိဘတွေအတွက် ကလေးကျောင်းထားဖို့ စိတ်ကူးယဉ်အိပ်မက် ထဲက ကျောင်းမျိုးပေါ့။

          ဒါပေမဲ့ ဒီကျောင်းရောက်စဉ်မှာပဲ ထူးထူးခြားခြား ကြုံတွေ့ခဲ့ရပါတယ်။ ကျောင်းအုပ်ပြောသမျှ စကား တွေဟာ ကျွန်မအတွက် ဘာအဓိပ္ပာယ်မှ ရှာလို့မရဘူး ဖြစ်နေတယ်။ သင်ရိုးညွှန်းတန်းတွေအကြောင်း ချီးမွမ်း ခန်းတွေဖွင့်၊ ဘယ်လိုလေ့လာရေးခရီးတွေ ထွက်ရမယ်ဆိုတဲ့ ကတိစကား စသည် စုံလို့ပါပဲ။ ကျောင်းသားမိဘ တိုင်းကလည်း ခေါင်းကလေးတွေငြိမ့်လို့ ကျွန်မထင်တာကတော့ တစ်ခုခုများ ဖွင့်ပြောလိုက်မိရင် ကလေး ကျောင်းဝင်ခွင့်ကိုများ ထိခိုက်လေမလားဆိုပြီး ဘာမှမပြောဘဲ ငြိမ်နေကြတယ်လို့ ခံစားလိုက်ရမိပါ တယ်။

          အဲဒီနောက် သူ့ကလေးသုံးယောက်စလုံး ဒီကျောင်းမှာထား ထားတဲ့ မိဘတစ်ယောက်က ကျွန်မတို့ ကျောင်းလေ့လာရေး ခရီးစဉ်ကို ဦးဆောင်ပါတယ်။ သန့်ရှင်းတောက်ပနေတဲ့ ကြမ်းခင်းတွေ၊ အရောင်အသွေးစုံ ကျောင်းနံရံတွေ၊ ရွှေဘောင်တွေကွပ်ထားတဲ့ အနုပညာလက်ရာတွေ၊ ဆွဲဆောင်မှုရှိလှတဲ့ လက်ဆောင်ပစ္စည်း တွေ စတာတွေကို ကျွန်မတို့ တွေ့မြင်ကြရတယ်။ နောက်ဆုံး ကျောင်းသားမိဘတစ်ယောက်က မေးခွန်းတစ်ခု ကောက်မေးတယ်။

          “ကျောင်းတိုင်းမှာ အားနည်းချက် တစ်ခုခုတော့ ရှိကြတာချည်းပဲ၊ ဒါဆိုရင် ဒီကျောင်းရဲ့ အားနည်းချက် က ဘာလဲ”

          ကျွန်မတို့ရဲ့ ကျောင်းလမ်းညွှန် ဘာများဖြေလိုက်မလဲဆိုပြီး ကျွန်မလည်း ခေါင်းမော့ကြည့်လိုက်မိတယ်။

          “သင်္ချာကတော့ သိပ်မစွံလှဘူးလို့ ပြောရမယ်ထင်တယ်”

          ကျွန်မတော့ ဘာပြောရမှန်းတောင် မသိတော့ပါဘူး။ ဆိုကြပါစို့ ပိုက်ဆံချမ်းသာတဲ့ လူတွေသာတက်နိုင် တဲ့ ပုဂ္ဂလိကဆေးရုံတစ်ခု၊ အဲဒီဆေးရုံရဲ့ အဓိကအားနည်းချက်က ခွဲစိတ်ကုသရာမှာ။

          အဲသလိုပါပဲ ကလေးတစ်ယောက်ကို ကျောင်းလက်မခံခင် အိုင်ကျူစစ်တမ်းကို အရင်ယူပြီးမှ ကျောင်း လက်ခံတဲ့ ဈေးကြီးကြီးကျောင်းတစ်ကျောင်းရဲ့ အားနည်းချက်က သင်္ချာ တဲ့။ ဘာများ အဓိပ္ပာယ်ရှိပါသေးသလဲ။ ကျွန်မတို့ကို လိုက်ပို့တဲ့မိဘဆိုရင် သူ့ကလေးသုံးယောက် ပညာသင်စရိတ်အတွက် တစ်နှစ်ကို ဒေါ်လာကိုး သောင်း ပေးနေရတယ်။ ဒါဆိုရင် သူမအနေနဲ့ သင်္ချာဘာသာရပ်ကို တိုးတက်ကောင်းမွန်လာစေဖို့ မတောင်း ဆိုသင့်ဘူးလား။

          ဒီနောက် ဘယ်သူကမှ ဘာမှမပြောကြတော့ဘူး။ ကျွန်မလိုပဲ အားလုံး အံ့အားသင့်သွားကြတာ ဖြစ်မှာ ပေါ့။ အဲဒီတော့မှ ကျောင်းလမ်းညွှန်က စကားဆက်တယ်။

          “ကျွန်မတော့ ဘောလုံးအသင်း ဒီထက် ပိုကောင်းလာစေချင်တာပဲ” ဒီစကားကိုကြားပြီး ကလေးမိဘ တွေ လှုပ်လှုပ်ရွရွ ပြန်ဖြစ်သွားကြပြန်တယ်။

          “တကယ်လား ရှင်ဆိုလိုတဲ့အဓိပ္ပာယ်က ဘာလဲ၊ ဒီကျောင်းမှာ ဘောလုံးအသင်း မရှိဘူးလား၊ ဘယ် အရွယ်မှာစပြီး ဘောလုံးအသင်းထဲ ၀င်ခွင့်ရတာလဲ”

စိတ်ရှုပ်တာနဲ့ ကျွန်မလည်း ကားပါကင်ဘက် ထွက်လာလိုက်မိပါတော့တယ်။ ဒါကသည်ပင် ကမ္ဘာ့လူချမ်းသာသားသမီး ကျောင်းသားလေးတွေရဲ့ သင်္ချာရမှတ်နဲ့ အမေရိကန်ကလေးတွေရဲ့ သင်္ချာရမှတ်ကို နှိုင်းယှဉ်လိုက်တော့ ကျွန်မတို့ကလေးတွေ အဆင့် (၁၈) ကို ရောက်သွားရခြင်းရဲ့အကြောင်းရင်း ဖြစ်မှာပါပဲ။ ပိုက်ဆံချမ်းသာတဲ့ မိဘတွေကိုယ်တိုင်ကတောင် ကလေးရဲ့ သင်္ချာအရည်အချင်းကို ဘောလုံးလောက် စိတ်ဝင် စားမှုမရှိကြတော့ဘူး။

          ဒီအချက်ဟာ အမေရိကနဲ့ ဖင်လန်၊ ကိုရီးယား၊ ပိုလန်နိုင်ငံတို့အကြား အဓိကခြားနားချက်ပါ။ ပညာရေး မှာ စူပါ ပါဝါဖြစ်နေတဲ့နိုင်ငံတိုင်းက မိဘတွေဟာ သူတို့ကလေးတွေရဲ့ အနာဂတ်အတွက် စနစ်ကျတဲ့ ပညာရေး ဟာ အရေးအကြီးဆုံးဆိုတာ လက်ခံသသဘောပေါက်ထားကြပါတယ်။

          ရှင်တို့ကလေးအတွက် ပထမတန်းစား ကျောင်းတစ်ကျောင်းကို ရှာဖွေနေတယ်ဆိုရင် တွေ့မိတဲ့ ကျောင်းသားမိဘတိုင်းကို ကျောင်းတွေရဲ့အားနည်းချက်က ဘာလဲဆိုတာ မေးကြည့်ကြပါ။ ဂရုတစိုက်လည်း နားထောင်ပါ။ မိဘတွေက ကျောင်းရဲ့အစီအစဉ်တွေမှာ သူတို့ တက်တက်ကြွကြွ ပါဝင်ကြတယ်ဆိုရင် ဘယ်လို ပါဝင်မှုမျိုးလဲလို့ ဆက်မေးပါ။ တကယ်တော့ အမေရိကန် မိဘတွေဟာ ဒီလိုကိစ္စမျိုးတွေမှာ တခြားပညာရေး စူပါ ပါဝါနိုင်ငံတွေက မိဘတွေထက်ပိုပြီး ပါဝင်ပတ်သက်ကြပါတယ်။ ဒါပေမဲ့ အများအားဖြင့်တော့ ကလေးရဲ့ ပညာရေးကို အထောက်အကူ မပြုလှပါဘူး။

          ရန်ပုံငွေရှာမယ်၊ ဘောလုံးပွဲတွေသွားမယ်၊ ဆရာကန်တော့ပွဲတွေ ခမ်းခမ်းနားနားလုပ်မယ် ဒါမျိုးတွေပါ။ ဒါတွေဟာ လုပ်သင့်တဲ့ ကိစ္စတွေဆိုတာ အမှန်ပါပဲ။ ဒါပေမဲ့ ဒါတွေနဲ့ ကလေးတွေရဲ့ ပညာရေးအဆင့်အတန်းကို မြှင့်တင်မပေးနိုင်ပါဘူး။

          တစ်ကမ္ဘာလုံးမှာပဲ ကလေးတွေရဲ့ပညာရေးအပေါ် မိဘတွေအပိုင်းက လွှမ်းမိုးမှုတွေ ရှိနေပါတယ်။ ဒါပေမဲ့ မိဘဆရာ အစည်းအဝေးလိုဟာမျိုးတွေဟာ ပညာရေးကို အထောက်အကူ မဖြစ်လှပါဘူး။ သုတေသနအရ ကလေးရဲ့ကျောင်းမှာ ပြုလုပ်တဲ့ကိစ္စတွေမှာ တက်တက်ကြွကြွပါဝင်တဲ့ မိဘတွေဟာ ပညာတော် တဲ့ကလေးကို မွေးထုတ်ပေးနိုင်ဖွယ် သိပ်မရှိဘူးလို့ သိရပါတယ်။ ကလေးရဲ့ ပညာရေးကို တကယ်ထိရောက် စေတဲ့ မိဘရဲ့ ပါဝင်ပူးပေါင်းမှုဟာ အိမ်မှာပါ။

          လက်ဦးဆရာလို့ သူတို့ကိုယ်သူတို့ ယုံကြည်တဲ့မိဘတွေဟာ ကလေးငယ်စဉ်ကစလို့ ကြီးလာတဲ့အထိ ကလေးရဲ့ပညာရေးကို အရိပ်တကြည့်ကြည့် ရှိနေတတ်ကြပါတယ်။ ကလေးတွေနဲ့ သူတို့ကျောင်းရဲ့ တစ်နေ့တာကိစ္စတွေ၊ အရေးကြီးတဲ့ ကမ္ဘာ့သတင်းအကြောင်းတွေ ပြောကြတယ်။ ကလေးကို အမှားတွေ့စေပြီး မှ အမှန်ရောက်အောင် လမ်းညွှန်ပေးတတ်ကြတယ်။ အလေ့အကျင့်ကောင်းတွေ ရလာအောင် ပြုစုပျိုးထောင် ပေးပြီး ကလေးတွေကိုယ်တိုင် ဆုံးဖြတ်ချက်နဲ့ လုပ်သွားနိုင်ဖို့ အားပေးကြတယ်။ တကယ်ဆိုရင် မိဘတွေ ကိုယ်တိုင်ကပင် ဆရာတစ်ပိုင်းပါ၊ စနစ်ကျတဲ့ပညာရေးကို လိုလားကြတယ်။ ကလေးသိပ်ငယ်စဉ်မှာ သူတို့က လေး ကျရှုံးတာကိုတောင် ဆန္ဒရှိတတ်ကြပါတယ်။ လက်ရှိ အလုပ်ကြိုးစားခြင်း၊ စိတ်မပျက်တတ်ခြင်း၊ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ခြင်း စတာတွေဟာ ကလေးရဲ့ အနာဂတ်မှာ အကျိုးရှိစေမယ့် သင်ခန်းစာ တွေဆိုတာ မိဘတွေ သဘောပေါက်ကြတယ်။

          ပညာရေးနဲ့ပတ်သက်လို့ ကမ္ဘာမှာ အတော်ဆုံးနိုင်ငံတွေက မိဘတွေအများစုက ပညာရေးမှာ စည်းစ နစ်ကြီးမှုဟာ အရေးကြီးတယ်လို့ မတူညီတဲ့ယဉ်ကျေးမှု၊ သမိုင်းတွေကြားကနေ နားလည်ထားကြပါတယ်။ ဥပမာ- ကလေးကို ဆရာက စည်းကမ်းပျက်မှုကြောင့် ခုံပေါ်တက်အရပ်ခိုင်းတာကို အမေရိကန်မိဘတွေက သဘောပေါက် နားလည်ထားသလိုမျိုးပါပဲ။

(ဆက်ရန်)

ASTROLOGY- ( နက္ခတ္တပညာ)


Astrology ( ဇောတိသတ္တ “သို့” နက္ခတ္တဝိဇ္ဇာ) ဆိုတာ နက္ခတ်တာရာတို့ရဲ့ တည်ရှိနေပုံနဲ့ ဆက်စပ်ပြီး လူတစ်ယောက်ရဲ့ စိတ်နေစရိုက်နဲ့ ဘဝပန်းတိုင်အပေါ် အကျိုးသက်ရောက်မှုရှိစေတယ်လို့ ယုံကြည်တဲ့ပညာရပ်တစ်ခုပါ။ ဒီယုံကြည်မှုက ဗုဒ္ဓဘာသာရဲ့ အခြေခံအဆုံးအမ တော်တော်များနဲ့ ဆန့်ကျင်ပါတယ်။ ဗုဒ္ဓဘာသာအရ လူတစ်ယောက်ရဲ့ စိတ်နေစရိုက်နဲ့ ဘဝပန်းတိုင်ဆိုတာ ကံသုံးပါးအပေါ်မှာပဲ အခြေခံပါတယ်။ ရဟန်း၊ သီလရှင်တွေကို နက္ခတ္တပညာနဲ့ အခြားသော ဝေဒဆိုင်ရာပညာတွေ မပြုလုပ်ကြဖို့ ဘုရားရှင်က တားမြစ်ခဲ့ပါတယ်။ ဒါတွေကို မဂ်၊ ဖိုလ်မှ ဖီလာဖြစ်တဲ့အတတ် (တိရစ္ဆာန ဝိဇ္ဖာ) တွေလို့ သတ်မှတ်တော်မူပါတယ်။ (D-1, 8)

    ဇာတ်တော်တစ်ခုထဲမှာ နက္ခတ္တပညာရဲ့ အညွှန်းအတိုင်း မှီခိုနေထိုင်ခြင်းဟာ ရူးသွပ်မှုတစ်ခုသာဖြစ်တယ်လို့ မိန့်ဆိုခဲ့ပါတယ်။ ( Ja-1, 258)

    ယုတ္တိကျကျပြောရရင် ၁၉၃၀- ခုမတိုင်ခင် တွက်ချခဲ့တဲ့ နက္ခတ္တပညာဟောကိန်းတွေဟာ မမှန်နိုင်ပါဘူး။ ဘာလို့လဲဆိုရင် ပလူတိုဂြိုလ်ကို ၁၉၃၀- ခုမှ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး အဲဒီအချိန်အထိ ပလူတိုကို ဂြိုဟ်တစ်ခုအနေနဲ့ အသိအမှတ် မပြုခဲ့ရလို့ပါ။ ၁၉၃၀- နောက်ပိုင်းမှာ တွက်ချက်ခဲ့တာတွေလည်း မမှန်နိုင်ပြန်ပါဘူး။ ဘာလို့လဲဆိုရင် သက္ကရာဇ် ၂၀၀၅- ခုနှစ်မှာ အခြားဂြိုဟ်သစ်တစ်ခု ထပ်တွေ့ခဲ့ရပြီး အဲဒီဂြိုဟ်ကိုလည်း ထည့်သွင်းမစဉ်းစားရသေးလို့ပါ။
    ဗုဒ္ဓဘာသာ အဆုံးအမနဲ့မညီပေမယ့် ဗုဒ္ဓဘာသာနိုင်ငံတွေက လူတွေက အဲဒီနက္ခတ္တပညာကို ယုံကြည်ကြပါတယ်။ ရဟန်းတော်တွေကိုယ်တိုင်ကတောင် ဗေဒင်ဟောပြောမှုတွေ ရှိနေတတ်ပြန်ပါတယ်။

လူထု၊ အဖွဲ့အစည်းနဲ့ စည်းပွားရေး (၃) - The New China


ဖွံ့ဖြိုးမှုကွာဟချက်က အခြားပြဿနာတစ်ခုကိုလည်း သယ်ဆောင်လာနိုင်ပြန်တယ်။ ဆင်းရဲတဲ့ဒေသ တွေမှာ နေနေကြတဲ့ လူတွေဟာ ချမ်းသာတဲ့ဒေသတွေဆီ ရွှေ့ပြောင်းနေထိုင်လိုလာကြတယ်။ ကျေးလက်က နေ မြို့ပြပေါ်တက်လာတဲ့ နေ့စဉ်လူဦးရေကလည်း စုစုပေါင်းတရုတ်ပြည်လူဦးရေရဲ့ တစ်ရာခိုင်နှုန်း ပုံမှန်ရှိနေ တယ်။ တရုတ်ပြည်မှာ “hukou” လို့ခေါ်တဲ့ အိမ်ယာပိုင်ဆိုင်မှု မှတ်ပုံတင်စနစ်ရှိတယ်။ ဒီတော့ ခွင့်ပြုချက်မရဘဲ (က)ပြည်နယ်မှာနေသူက (ခ)ပြည်နယ်ကို ရွှေ့ပြောင်းလို့မရဘူး။ သူတို့ကိုခွင့်ပြုလိုက်မယ်ဆိုရင်လည်း သူတို့ ရောက်သွားတဲ့မြို့တွေမှာ ကျန်းမာရေး၊ အိုးအိမ်၊ ကလေးတွေအတွက် စာသင်ကျောင်း စတာတွေ ဖြည့်ဆည်း ပေးနိုင်ဖို့ မလွယ်ကူတော့ဘူး။

ကျေးလက်ကအလုပ်သမားတွေဆိုရင်လည်း မြို့ကြီးတွေပေါ်တက်ပြီး လေးပင်တဲ့အလုပ်တွေ၊ မသန့် ရှင်းတဲ့အလုပ်တွေ လုပ်ကိုင်ရင်း သူတို့အတွက်ရော၊ ကလေးတွေအတွက်ရော အခြေခံလူမှုရေးအထောက်အပံ့ တွေမရှိဘဲ နေနေကြရတယ်။ ဒါဟာ လက်မခံနိုင်စရာအခြေအနေပဲ။ သူတို့လည်း ဒါကို သိကြတယ်။ ဒါပေမဲ့ ဒါကို ခွင့်ပြုလိုက်ပြန်ရင်လည်း မြို့ကြီးတွေပေါ်မှာ လူဦးရေက ပုရွက်ဆိတ်အုံလို ဖြစ်သွားမယ်။ ဒီတော့ အခု ဒီပြဿနာကို ဖြေရှင်းဖို့နည်းလမ်း ရှာဖွေနေကြမှာပေါ့။ အခု သူတို့က ဒေသပိုင်အာဏာရှိတွေကို မြို့ပေါ်တက် လာတဲ့ လူတွေအတွက် တာဝန်ဝတ္တရားတချို့ကို လက်ခံဆောင်ရွက်ပေးဖို့ လမ်းညွှန်နေကြတယ်။ ဒီအလုပ် သမားတွေမရှိရင်လည်း မြို့ကြီးတွေက တိုးတက်လာမှာ မဟုတ်ပြန်ဘူး။ ဒါ့ကြောင့်ပါ။

တရုတ်ပြည်အလယ်ပိုင်းမှာ တစ်မြို့နဲ့တစ်မြို့ အလွယ်တကူဆက်သွယ်သွားလာနိုင်မယ့် မြို့ကြီးခြောက် မြို့လုပ်ယူဖို့ စီမံကိန်းရှိတယ်။ မြို့တစ်မြို့စီတိုင်းမှာ လူဦးရေ သန်း(၄၀)ကျော် နေထိုင်နိုင်လိမ့်မယ်လို့ ကျွန်တော့်ကို ပြောပြခဲ့ကြပါသေးတယ်။ ကျေးလက်ကတက်လာတဲ့ လူတွေကို ကမ်းခြေကမြို့တွေအစား အဲဒီမြို့ကြီးတွေမှာ လာရောက်နေထိုင်ကြဖို့ ဆွဲဆောင်နိုင်မယ်လို့ သူတို့က မျှော်လင့်ထားကြတယ်။ ဒါပေမဲ့ ဒီစီမံကိန်းကလည်း ထိန်းချုပ်ထားနိုင်မှသာ အဆင်ပြေနိုင်မှာပါ။ ဘာကြောင့်လဲဆိုရင် ဒီမြို့ကြီးတွေကလည်း ကမ်းခြေက မြို့တော်ကြီးတွေကပေးနိုင်တဲ့ အခွင့်အလမ်းမျိုးတွေ ပေးနိုင်မှာမဟုတ်လို့ပါ။
တရုတ်စီးပွားရေးယန္တယားကြီးရဲ့ အောက်ဆုံးအရင်းအမြစ်တွေကလည်း ကုန်ခန်းလာနေပါတယ်။ လာ မယ့်ဆယ်စုနှစ်တွေရဲ့စီးပွားရေး ဒီတိုးတက်မှုအတိုင်း ဆက်ရှိနေဖို့ဆိုရင် စီးပွားရေးမဟာဗျူဟာကို ပြန်လည် ပြင်ဆင်ယူမှ ရပါလိမ့်မယ်။ လုပ်အားခဈေးချိုမှုကြောင့် တရုတ်ပြည်ရဲ့ လက်ရှိစီးပွားရေးအရှိန်အဟုန်ဟာ ဆက် လက်တိုးတက်မှု အချိန်အတော်ကြာအောင် အထိတော့ တောင့်ခံထားနိုင်လိမ့်မယ်။ အနောက်ပိုင်းပြည်နယ် တွေမှာ ရှိနေသေးတဲ့ လူထုလုပ်အားကြောင့် လာမယ့်(၁၀)နှစ်၊ (၁၅)နှစ်အထိတော့ စီးပွားရေးတိုးတက်မှု ၇၊ ၈၊ ၉ ရာခိုင်နှုန်းအထိ ဆက်လက်တိုးတက်နေပါလိမ့်ဦးမယ်။ အဲဒီအချိန်ကာလရဲ့ နောက်ပိုင်းမှာတော့ စီးပွားရေး တိုးတက်မှုနှုန်းဟာ အချိန်အတူတူ ကန့်သတ်မှုအတွင်းမှာ ဘယ်လောက်များများ ကုန်ထုတ်လုပ်နိုင်အောင် သူ တို့ရဲ့လူထုကို ဘယ်လိုလေ့ကျင့် သင်ကြားပေးနိုင်သလဲဆိုတဲ့ အချက်အပေါ်မှာ မူတည်နေပါလိမ့်မယ်။ ဆိုလို တာက တက္ကသိုလ်တွေ၊ ပိုလီကျောင်းတွေ၊ အင်စတီကျုတွေမှာ မတူညီတဲ့အရည်အချင်းတွေ၊ အထောက်အကူ ပစ္စည်းတွေနဲ့ အချိန်တိုတိုအတွင်းမှာ ပိုများများကုန်ထုတ်လုပ်နိုင်အောင် လူထုကို လေ့ကျင့်သင်ကြားပေးခြင်း မျိုးပါ။

တရုတ်အစိုးရရင်ဆိုင်ရမယ့် ဒီထက်အရေးကြီးတဲ့ ပြဿနာက သိပ်ပြီးထိရောက်မှုမရှိလှတဲ့ နိုင်ငံတော် ပိုင် စီးပွားရေးတွေပါ။ လူတစ်ဦးချင်းစီရဲ့ စိတ်ဓာတ်ရေးရာပြဿနာဟာ တရုတ်ပြည်ရဲ့ အဓိကပြဿနာပါ။ သူတို့အရာရှိတွေကို ပုဂ္ဂလိကလုပ်ငန်းပိုင်ရှင်တွေလို ကြိုးစားအားထုတ်ကြဖို့ သူတို့ကြိုးစားစည်းရုံးနေကြတယ်။ ဒါက ဖြစ်လာမှာမဟုတ်ဘူး။ လူတစ်ယောက်က စီးပွားရေးထဲမှာ သူကိုယ်တိုင်(၂၀)ရာခိုင်နှုန်းလောက် ရှယ်ယာ ၀င်ထားပါမှ ရှုံးမှာကြောက်ပြီး နေ့မနား၊ ညမနား ကြိုးစားအားထုတ်တတ်တာပါ။ ဒီလိုပိုင်ဆိုင်မှ တစ်ခုခုဖြစ်တိုင်း ကြောင့်ကျစိုက်ပြီး အားထုတ်မှာပါ။ စီးပွားရေးတက်နေတာပဲဖြစ်ဖြစ်၊ ကျနေတာပဲဖြစ်ဖြစ် ဒီလစာကဒီလစာပဲဆို ရင် ဒီစိတ်ဓာတ်မျိုး ထွက်လာစရာလည်းမရှိပါဘူး။ စီးပွားရေးထဲကို ကိုယ်တိုင်အရှုံးအမြတ်နဲ့ ပါဝင်ပတ်သက်နေ ပါမှ ဒီလူက စိုးရိမ်စိတ်နဲ့အတူ တစ်ရက်မှာ(၂၄)နာရီလုံးလုံး ကုမ္ပဏီထဲက သူ့စတော့ရှယ်ယာအတွက် သူ့အ သက်မွေးဝမ်းကြောင်းမှုအဖြစ် အားစိုက်ထုတ်လာမှာဖြစ်ပါတယ်။

နိုင်ငံပိုင်စီးပွားရေးတွေကို ပုဂ္ဂလိကပိုင်အဖြစ် လွှဲပြောင်းပေးဖို့ တရုတ်အစိုးရက ကြိုတင်ပြင်ဆင်နေပြီ လား။ သူတို့က အရာရှိတွေကို စီးပွားရေးအမြတ်အခွန် ပိုထွက်လာအောင် လည်ပတ်ပေးကြဖို့ တိုက်တွန်းနေကြ တယ်။ ဒီအရာရှိတစ်ယောက်က စီးပွားရေးပိုင်ရှင်တစ်ယောက်လို စိတ်ဓာတ်တွန်းအားမှုမျိုး ဘယ်လိုလုပ် ရလာ နိုင်မှာလဲ။ တရုတ်ပြည်ကိုယ်တိုင် စီးပွားရေးနှေးကွေးမှု အကြီးအကျယ် ရင်ဆိုင်လာရပြီဆိုတော့မှ ပုဂ္ဂလိကပိုင် လွှဲပြောင်းပေးဖို့ စိတ်ကူးလာစရာရှိပါတယ်။ စီးပွားရေးနှေးကွေးမှုဆိုတာကလည်း မဖြစ်နိုင်တဲ့ကိစ္စ မဟုတ်ပါဘူး။

နောက်ဆုံးမှာတော့ တရုတ်ပြည်ဟာ ပြည်ပပို့ကုန်နဲ့ မောင်းနှင်တဲ့စီးပွားရေးထက် ပြည်တွင်းဝယ်ယူသုံး စွဲမှုကို အားပြုတဲ့ စီးပွားရေးပုံသèန်ဖြစ်အောင် ပြောင်းလဲယူရမှာပါ။ ဒီအစီအစဉ် အထမြောက်ဖို့ဆိုပြန်တော့ လည်း လူလတ်တန်းစားနဲ့ အောက်ခြေလူတန်းစားတွေရဲ့ စိတ်ဓာတ်ကို ပြောင်းလဲပေးနိုင်မှရလိမ့်မယ်။ ဒီလူ တန်းစားတွေက အချိန်ကာလအတော်ကြာအောင် ဆင်းရဲနွမ်းပါးလာခဲ့တော့ သူတို့ရှာထားတဲ့ငွေတွေကို ဘဏ်တွေနဲ့ ခေါင်းအုံးအောက်မှာပဲစုထားဖို့ အလိုလို စိတ်ကူးမိလျက်သား ဖြစ်နေတတ်တယ်။ သူတို့အနာဂတ် အတွက် လုံလောက်ပြီလို့ ယုံကြည်လာတော့မှ သူတို့က ရှာထားတဲ့ပိုက်ဆံကို သုံးစွဲကြမှာဖြစ်ပါတယ်။

အမေရိကန်တွေက အသုံးအစွဲကြီးတယ်။ ချေးငှားပြီးတော့ကို သုံးစွဲတယ်။ သူတို့ အနာဂတ်အကြောင်း ကို ခေါင်းထဲကိုထည့်မထားကြဘူး။ အဲဒီပြည်တွင်းဝယ်ယူသုံးစွဲမှုအားက အမေရိကကို လမ်းကြောင်းမှန်ပေါ် ရောက်စေတာပါ။ သူတို့စီးပွားရေး တက်လာတယ်ဆိုတာကကို ပြည်တွင်းဝယ်ယူသုံးစွဲမှုအားကြောင့် တက်လာ တာပါ။ တရုတ်လည်း ဒီလမ်းကို လိုက်ရမှာပါပဲ။ ဒါပေမဲ့ ဒီအပြောင်းအလဲကို သူတို့ ဘယ်လိုပြောင်းလဲယူ ကြမလဲ။

ဆင်းရဲတဲ့လူက ချမ်းသာလာတာတောင် ဆင်းရဲသားအတွေးပဲရှိတယ်။ သူတို့က အချိန်အကြာကြီး ဆင်းရဲလာတော့ ပိုချမ်းသာဖို့၊ ဘဏ်ထဲမှာငွေပိုစုထားဖို့ပဲ စဉ်းစားတယ်။ ပြန်ပြီးဆင်းရဲသွားမှာကို သူတို့က ကြောက်နေကြတာ။ အခုလို ကြွယ်ဝချမ်းသာမှုဟာ ပျောက်မသွားဘူး။ ဒါကိုပဲ မသုံးရက်၊ မစွဲရက်ဖြစ်နေတာဟာ ရူးသွပ်မှုတစ်ခုသာဖြစ်တယ်ဆိုတဲ့ အတွေးမျိုးဝင်လာတော့မှ သူတို့က စတင်သုံးစွဲလာကြမှာ ဖြစ်ပါတယ်။ တရုတ်ပြည်ရဲ့ လက်ရှိစီးပွားရေးတိုးတက်မှုနှုန်းကို ထိမ်းထားနိုင်ဖို့ဆိုရင် ဒီအဆင့်ကိုရောက်နေမှ ရလိမ့်မယ်။ သူတို့(တရုတ်အစိုးရ)မှာ အချိန်သိပ်မရှိဘူး။ ဒီလမ်းစဉ်ပေါ်ရောက်ဖို့၊ ဆယ်စုနှစ်တစ်ခု၊ နှစ်ခုအတွင်း ကြိုးစား နိုင်မှ ရလိမ့်မယ်။

ဒါပေမဲ့ နိုင်ငံရဲ့ကြွယ်ဝချမ်းသာမှုဆိုတာ ဒီထက်ပိုပြီးအညီအမျှ ခံစားစေရတယ်။ ၀င်ငွေကွာဟမှုအချက် ဟာ နိုင်ငံရဲ့ ပြည်တွင်းဝယ်ယူစားသုံးမှုကို နှေးကွေးစေတယ်။ အခု သုံးစွဲနေကြတယ်ဆိုတာက ပင်လယ်ကမ်း ခြေကပြည်နယ်တွေ၊ မြို့တွေက လူတွေလောက်ပဲ။ လူဦးရေပိုပြီး ထူထပ်များပြားတဲ့ ကုန်းပြင်ရှိ မြို့တွေ၊ ပြည် နယ်တွေက လူထုက ဒီလို မသုံးစွဲကြဘူး။

စီးပွားရေးတိုးတက်မှုနဲ့ တိုးတက်လာခြင်းရဲ့ အကျိုးအမြတ်ကို သူတို့ ဘယ်လိုပြန်လည်မျှဝေနိုင်ကြမလဲ။

ရေမြင့်လာရင် ရေပေါ်မှာရှိတဲ့ သင်္ဘောတိုင်းမြင့်လာမှလည်း ရမယ်။

(ဆက်ရန်)