မလေးရှား၊ မတူညီတဲ့ ရွေးချယ်မှု(၃)


လူတစ်ယောက်ရဲ့ ကမ္ဘာ့ အမြင်
(အခန်း ၅၊ အရှေ့တောင်အာရှ)

"ငါ မလေးရှားကို ရောက်တယ်ဆိုရင် တန်ကုက သူ့  မိတ်ဆွေတွေကိုပါ ဖိတ်ပြီး ၀ီစကီတို့ ဘရန်ဒီတို့ နဲ့ ဧည့်ခံတယ်။ အခုဆိုရင် အချိုရည်ထည့်ပြီး ဖန်ခွက်ချင်း တိုက်နေကြတယ်"

မေး။ ။ တစ်ချို့လူတွေကလည်း မစ္စတာလီနဲ့  မစ္စတာလီရဲ့ ပါတီ ပီအေပီ ( PAP )က မလေးတစ်နိုင်ငံလုံးကို အုပ်စီးဖို့ စိတ်ကူးနဲ့  မလေးရှားထဲကို ပူးေ ပါင်းလိုက်တာလို့ ရှုမြင်ကြတယ်။
ဖြေ။ ။ ဒါက ဘယ်နည်းနဲ့ မှ မဖြစ်နိုင်တာပဲ၊ လူဦးရေးက ဒီအခြေအနေ ကိုရောက်ခွင့် မပေးဘူး။သူတို့ က မလေးလူမျိုး မဟုတ်သူတွေကို ဒုတိယနေ ရာကပဲ ပါဝင်စေချင်တာ။ သူတို့ မှာ မလေးတရုတ်အဖွဲ့ အစည်းတို့ ၊မလေး အိန္ဒိယန်းကွန်ဂရက် တို့ဆိုတာတွေရှိတယ်။ သူတို့ က အခြေခံ လူထုခေါင်းေ ဆာင်တွေနဲ့  အတူတူလက်တွဲပြီး ပါတနာအနေနဲ့  ပူးပေါင်းကြတယ် ။ ခေါင်းဆောင်တွေက နောက်တက်လူငယ်တွေဆိုတော့ ဆားဘားနဲ့ ( Sabah) နဲ့ဆာရာဝတ် ( Sarawak ) တို့မှာလည်း စင်္ကာပူလို ကြိုးစားယူလို့  ရနိုင်တယ်။ ဒီအရေးအခင်းမပြီးခင် လမ်းခုလပ်မှာပဲ တန်ကုက ကုလသမဂ္ဂ္ဂ ကိုယ်စားလှယ် အနေနဲ့ သွားဖို့ ငါ့ ကိုကမ်းလှမ်းတယ်။ ဒါက နိုင်ငံရေးလော က ကနေ၀ိုင်းပယ်တဲ့ သဘောပဲ။

မေး။ ။ သတင်းစာတွေမှာ ရေးသားထားတာတွေအရ စင်ကာပူ မလေးရှား ထဲက ခွဲထွက်လာခဲ့ တော့ စင်ကာပူရီယန်းတွေက အောင်ပွဲတောင် ခံကြ သတဲ့ ။ ဒီနေ့ လက်ရှိစင်ကာပူရီယန်းတွေကို မေးရင်လည်း ဒီလို ခွဲထွက်ခြင်း ဟာ စင်ကာပူအတွက် အကောင်းဆုံးရလာဒ်လို့  ဖြေကောင်းဖြေ ကြလိမ့် မယ်ထင်ပါတယ်။ ဘာကြောင့်လည်းဆိုရင် ဒီနေ့ လက်ရှိ စင်ကာပူရဲ့  အနေ အထားကိုရောက်အောင် ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ် လွတ်လွတ်လပ်လပ် လုပ်ကိုင်ဆောင်ရွက်နိုင်ခဲ့ လို့ပါပဲ။ စင်ကာပူ အခုလို တိုးတက်လာတာဟာ ခွဲထွက်ခဲ့ ခြင်းကြောင့်လို့ ထင်မြင်မိပါသလား။
ဖြေ။ ။ ဒါကြောင့်သက်သက်လို့တော့မထင်မိပါဘူး။ အကောင်းဆုံး အနေ အထားကိုရောက်အောင် တို့လည်း မနည်းကြိုးစားယူခဲ့ ကြရတာပဲ။ သူတို့က လည်း သူတို့ လိုချင်တဲ့  ပုံစံပြန်ရောက်အောင် ငါတို့ ကို ဆွဲဆောင်ခဲ့တယ်။ ဒါပေမယ့် သူတို့စနစ်က စင်ကာပူနဲ့ ရော ဗြိတိသျှနဲ့ပါ အလျင်းမသင့်လှဘူး။ အဲဒီအချိန်ကတည်းက စင်ကာပူရဲ့ပညာရေးကဏ္ဍ နဲ့ အလုပ်သမား ကဏ္ဍတွေမှာ အခွင့်အရေးအရ အားသာချက်တွေရှိနေပြီး စင်ကာပူဟာ အခြားသာမန်ပြည်နယ်တွေနဲ့ မတူတော့ဘူး။

မေး။ ။ မလေးတွေက မလေးဦးစားပေးဝါဒကို ကာကွယ်တာဟာ တရုတ်ေ တွ ၊ အိန္ဒိယန်းတွေများလာပြီး သူတို့ အခွင့် အရေးတွေ ဆုံးရှုံးမှာကို စိုးရိမ် လို့ ဖြစ်တယ်လို့ တချို့ကလည်း ထောက်ပြကြတယ်။ ဒီအယူအဆအတိုင်း ဆို ရင်တော့ မလေးလူမျိုးလူဦးရေ ပိုများလာလေလေ စိုးရိမ်စိတ်လည်း နည်း လာလေလေ ဖြစ်မှာပေါ့။
ဖြေ။ ။ သူတို့ ရထားတဲ့ အခွင့် အရေးတွေကို ကန့်သတ်မယ့် လူမျိုးခြားခေါင်းဆောင်တစ်ယောက်ကို မလေးလူမျိုးတွေက ထောက် ခံမဲ ပေးနေကြပါ့မလား။

မေး။ ။ တိုင်းရင်းသားလူမျိုးစုတွေကို အခွင့်အရေး ပိုပေးတဲ့ နိုင်ငံတွေ ကမ္ဘာ မှာ အများကြီးရှိတာပဲ။ ဥပမာ တရုတ်ပြည်ဆိုပါတော့ ။ တက္ကသိုလ် ၀င်ခွင့်ရ ဖို့ အမှတ်ချင်းတူရင် တိုင်းရင်းသားကျောင်းသားတွေက အခွင့်အရေး ပိုရှိကြ တယ်။
ဖြေ။ ။ တရုတ်ပြည်ရဲ့သမိုင်းကိုပြန်ကြည့်လေ၊ တိုင်းရင်းသာလူမျိုးစုတွေထက် တရုတ်တွေက သာနေရမယ်ဆိုတဲ့  ယုံကြည်မှု သူတို့မှာ အများကြီးရှိတယ်။ ကလေးတစ်ယောက်ပေါ်လစီကိုတောင် တိုင်းရင်းသားလူမျိုးစုတွေ အတွက် လျှော့ပေါ့ပေးလိုကြတယ်။ ရှင်ကျန့် ( Xinjiang ) နဲ့ တီဗက် ( Tibat ) တို့မှာဆို စိတ်ကြိုက်ကလေးယူခွင့်ရှိတယ်။ သမိုင်းကိုပြန်ကြည့်ပါ။ မလေးနဲ့ တရုတ်က နှိုင်ယှဉ်စရာတူညီချက်ရော ရှိလို့ လား။

မေး။ ။ တစ်ခါက မစ္စလီကိုယ်တိုင်ပြောခဲ့ ဖူးတယ်။ လူမျိုးကြီးတစ်စုက ဦး စီးပြီး ဘာသာစကားကလည်း တစ်မျိုးတည်းဖြစ်နေမယ်ဆိုရင် အဲဒီနိုင်ငံဟာ ပိုပြီး သက်ဝင်လှုပ်ရှားမှုရှိနိုင်တယ်ဆိုလားပဲ။ ဒီအယူအဆက မလေးရှား နဲ့ ရော မသက်ဆိုင်ဘူးလား။ မလေးလူမျိုးအများစုဖြစ်သွားတော့ မလေးရှား အတွက် ပိုမကောင်းနိုင်ဘူးလား။
ဖြေ။ ။ မင်းတို့ကကိုယ်တိုင် မလေးရှားနိုင်ငံထဲက တရုတ် (သို့ မဟုတ်) အိန္ဒိယန်းတစ်ယောက်ဆိုရင် မင်းအတွက်ပိုကောင်းတယ်လို့ ထင်နိုင်ပါ့မ လား။

မေး။ ။ ထင်တော့မထင်လောက်ဘူးပေါ့ ။ ဒါပေမယ့် နိုင်ငံတစ်ခု၊ လူ့ အဖွဲ့  အစည်းတစ်ခု အနေနဲ့ တော့ မလေးရှားဟာ ပိုကောင်းလာနိုင်တာပေါ့။
ဖြေ။ ။ ဒီမေးခွန်း အဖြေက "အရည်အချင်းရှိတဲ့ သူတွေ ဘယ်အထဲမှာရှိနေ တယ်လို့ ထင်သလဲ" ပဲ။

မေး။ ။ ဒီတော့ဖြစ်လာနိုင်ခြေတော့ရှိတယ်။ မဖြစ်သေးတာလို့ ဆိုလိုတာ ပါလား။
ဖြေ။ ။ အမှန်ပဲ။

မေး။ ။ လတ်တလော လူမျိုးရေးနဲ့  ပတ်သတ်ပြီးပြောစရာရှိတာက မလေး ရှားဟာ အစ္စလာမ်ဘာသာရေးဖက်ကို ပိုပိုပြီးယိုင်လာနေတဲ့ အချက်ပါ။
ဖြေ။ ။ အဲဒါ အရှေ့ အလယ်ပိုင်းရဲ့လွှမ်းမိုးမှုပဲ။

မေး။ ။ဒါဆိုရင် တိုးတက်ပွင့်လင်းတဲ့ မွတ်စလင် နိုင်ငံဖြစ်လာနိုင်မလား။
ဖြေ။ ။ ဒါကို မင်းတို့ က ယုံကြည်သလား။ ဒါနဲ့ တိုးတက်ပွင့်လင်းတဲ့ မွတ်စ လင်နိုင်ငံဆိုတာ ဘာကိုပြောတာလဲ။

မေး။ ။ ကမ္ဘာနဲ့ အဆက်အဆံလုပ်တာ ၊ အိုင်ဒီယာအသစ်တွေကို လမ်း ဖွင့်ပေးတာ၊ ဒါမျိုးတွေပေါ့။
ဖြေ။ ။ မင်းဆိုလိုတာက သူတို့ ခေါင်းစွပ်တွေကို ချွတ်လာကြမယ်။ အမျိုး သားနဲ့ အမျိုးသမီး လက်ဆွဲနှုတ်ဆက်၊ စားသောက်ဆိုင်မှာ အတူထိုင်၊ မွတ်စ လင် မဟုတ်သူက ဘီယာသောက်၊ မွတ်စလင်က သူနဲ့ အတူတူ ထိုင်ပြီး ကော်ဖီသောက်၊ ဒီလိုလား။

မေး။ ။ ဒါပေမဲ့ မလေးရှားက ဆော်ဒီအာရေးဗျထက် တူရကီနဲ့ တော့ ပိုတူ လာနိုင်တယ် မဟုတ်လား။ အထိုက်အလျောက် ပွင့်လင်းလွတ်လပ်၊ နိုင်ငံ တကာတန်းဖိုးတွေကို အသိအမှတ်ပြုစတာတွေပေါ့။
ဖြေ။ ။ မဖြစ်နိုင်ပါဘူး။ မလေးရှားဟာ မလေးမွတ်စလင်နိုင်ငံပဲ ဖြစ်မယ်။ အရင်တုန်းက သူတို့ဘာသာရေးက ဒီလောက်တင်းတင်းကျပ်ကျပ်ကြီး မ ဟုတ်ဘူး။ အခု အရှေ့ အလယ်ပိုင်းနိုင်ငံတွေရဲ့ လွှမ်းမိုးမှုကြောင့် ပိုပြီး တင်း ကျပ်လာနေတာ။ အရင်က ညစာစားပွဲတွေမှာ အသောက်အစားတွေ ဘာတွေနဲ့ ဧည့်ခံတယ်။ ငါ မလေးရှားကို ရောက်တယ်ဆိုရင် တန်ကုက သူ့  မိတ်ဆွေတွေကိုပါ ဖိတ်ပြီး ၀ီစကီတို့ ဘရန်ဒီတို့ နဲ့ ဧည့်ခံတယ်။ အခုဆိုရင် အချိုရည်ထည့်ပြီး ဖန်ခွက်ချင်း တိုက်နေကြတယ်။

မေး။ ။ လူမျိုးရေးနဲ့ ဘာသာရေးအပြင် လူတွေနောက်ထပ်ပြောနေကြတာ က ငွေကြေးနဲ့ ဆက်စပ်နေတဲ့  နိုင်ငံရေး ကိုယ်ကျင့်တရား ပျက်မှုပါ။ ဥပမာ အားဖြင့် မလေးရှားစီးပွားရေး ကန်ထရိုက်တွေကနေ ရရှိလာတဲ့ ငွေတွေ ဟာ ခေါင်ဆောင်ပိုင်းလူနည်းစုဆီပဲ ရောက်သွားပြီး လူထုကြီးအတွက် အကျိုး မရှိလှဘူးတဲ့ ။ ဒီပြသနာကို မလေးရှားအနေနဲ့  ဖြေရှင်းလာနိုင်မယ် လို့ ထင် မိပါသလား။
ဖြေ။ ။ ဒါတော့ ငါလည်း မပြောတတ်ဘူး။ ခေတ်ပညာတတ် လူငယ်တွေက ညီညီညွတ်ညွတ်နဲ့ ခေါင်းဆောင်ပြီး ကြိုးကြိုးစားစားတိုက်ဖျက်ရင်တော့ ရနိုင်ကောင်းပါရဲ့။ Ummo ပြည်နယ်တွေမှာဆိုရင် အကြီးအကဲတွေက
မဲတွေကိုထိန်းထားတာ။ ဒါကြောင့်သူတို့ က တပန်းသာနေတာ။ မလေးရှား တစ်နိုင်ငံလုံးကို ပြောင်းလဲမပစ်နိုင်ရင် ဒီကိစ္စကို ဖြေရှင်းဖို့  သိပ်မလွယ်လှ ဘူးလို့ ထင်တယ်။

မေး။ ။ စင်ကာပူနဲ့ မလေးရှားကြားမှာ စီးပွါးရေး ပူးပေါင်းလုပ်ဆောင်လာနိုင် စရာတွေရှိမယ်လို့ ထင်ပါသလား။ ဥပမာ အစ်စကန်ဒါ ( Iskandar ) လိုနေ ရာမှာပေါ့ ။ နှစ်ဖက်စလုံးကလည်း လက်တွေ့ ကျတယ်ဆိုတော့ အတူတကွ ပူးပေါင်းလုပ်ဆောင်ကြဖို့ ဖြစ်လာနိုင်မလားလို့ ။
ဖြေ။ ။ အစ်စကန်ဒါ ဘယ်လောက်ဖွံ့ ဖြိုးလာမလဲဆိုတာ စောင့်ကြည့်ရဦး မှာပဲ။ ငါတို့က မလေးရှား မြေပေါ်မှာသွားပြီး ရင်းနှီး မြှုပ်နှံမှု လုပ်ရမှာ။ သူတို့ပိုင်နက်ထဲမှာ စီးပွါးရေးသွားလုပ်ရာမှာဆိုတာ က မေ့မထားသင့်တဲ့ အ ချက်ပဲ။ စာကြောင်းလေးတစ်ကြောင်းပြင်လိုက်တာနဲ့ မင်းတို့ ကိုဖြတ်စား သွားလို့ ရတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ ထပ်လိုချင်နေသေးတော့ ဒီလိုလုပ်မယ် လို့ တော့ မထင်မိပါဘူး။ အဲဒီကိုသွားပြီး စီးပွါးရေးလုပ်မယ်ဆိုရင် မင်း တို့ ဆောက်လုပ်မယ့် အဆောက်အဦတွေ၊ အိမ်တွေမှန်သမျှကို နောက် ဆုံး မြေပိုင်ရှင်က ပိုင်နေရစ်မှာဆိုတာတော့ သတိရှိနေမှ ရလိမ့်မယ်။

မလေးရှားပြီး

အိမ်ထောင်သည်မှတ်စု


၁။ အိပ်ခန်းထဲမှ အနံ့အသက်များ

(က) ပထမ ၃ နှစ်၊ ရေမွှေးနံ့၊ ပန်းနံ့၊ သစ်သီးနံ့
(ခ) ၃ နှစ်နောက်၊ ကလေးပေါင်ဒါနံ့၊ သေးနံ့၊ ချွေးနံ့
(ဂ) ၁၅ နှစ်နောက်၊ ပရုပ်ဆီနံ့၊ တေဇောဘမ်းနံ့၊ လိမ်းဆေးနံ့
(ဃ) ၄၀ နှစ်နောက်၊ ဖရောင်းတိုင်နံ့၊ အမွှေးတိုင်နံ့

၂.အိမ်ထောင်တစ်ခုရဲ့ ပြောင်းလဲဖြစ်စဉ် လေးရပ်

1) Mad for each other,
2) Made for each other,
3) Mad at each other
4) Mad because of each other

3. Definition Of Happy Couple -

HE Does What SHE Wants…
SHE Does What SHE Wants.



4: ကွန်ပျူတာနဲ့ Husband

ဇနီး။ ။ ကွန်ပျူတာက ခိုင်းသလို မရဘူးဖြစ်နေတယ်။
ခင်ပွန်း။ ။ ဟုတ်မှာပေါ့ကွယ်၊ ကွန်ပျူတာက Husband မှ မဟုတ်ဘဲ။

၅။ ရယ်တိုင်းအသက်မရှည်

'Laughing At Your Own Mistakes, can Lengthen Your Life."- Shakespeare
ကိုယ့်အမှားကို ပြန်ပြီး ရယ်မောနိုင်ပြီဆိုရင် အသက်ပိုရှည်တယ်။( ပုံ/ ရှိတ်စပီးယား)
"Laughing At Your Wife's Mistakes,can Shorten Your Life."- Shakespeare's Wife
ကိုယ့်ဇနီးရဲ့ အမှားကို ရယ်မောမိရင် အသက်တိုတတ်တယ်။ ( ပုံ/ ရှိတ်စပီးယားရဲ့ ဇနီး)

ကံ့ကော်၊ အင်ကြင်း(လပတ်လည်)


ဒီနေ့ ထူးထူးခြားခြား ပန်းဓာတ်ပုံတွေ တင်ပေးလိုက်ပါတယ်။
အထူးသဖြင့် ပင်လုံးကျွတ်ပွင့်နေတဲ့ ကံ့ကော်ပင်ပျိုလေးပါ။
တရုတ်တွေကတော့ လာမယ့် ၃၁ ရက်နေ့မှာ ကျရောက်မယ့်
၅၄ နှစ်မြောက်(မင်္ဂလဝိဟာရ)ကျောင်းရဲ့နှစ်ပတ်လည်အတွက်
မင်္ဂလာရှိတဲ့နှစ်လို့ ယုံကြည်ကြမှာ မလွဲပါဘူး။
ကံ့ကော်နဲ့ အင်ကြင်းကလည်း ဘာသာရေးနဲ့ နွှယ်နေတဲ့ ပန်းတွေမဟုတ်လား





စစ်တပ်တချို့၏ ပြောင်းလဲမှုဖြစ်စဉ်(Revolution ဟုလည်းဆိုကြ) (၇) ချက်


(တပ်မတော်နေ့ကို (နောက်ကျသွားတယ်၊မအားလို့) ဂုဏ်ပြုခြင်း)

၁။ မရှိမဲ့၊ ရှိမဲ့ လူအင်အား၊ လက်နက်အင်အားဖြင့် တပ်မတော် စတင်ဖွဲ့စည်း။

၂။ ကိုလိုနီဘဝမှလွတ်မြောက်၊ လွတ်လပ်ရေးရအောင်ဆောင်ရွက်။

၃။ လွတ်လပ်ရေးရပြီး အချင်းချင်း ကွဲကြ၊ပြဲကြ။ တောခိုကြ၊ ဗိုလ်လုကြ။ ဆော်ကြ၊ ပလော်ကြစသည်။

၎။ အရပ်သားအစိုးရကို ဖြုတ်ချ၊ စစ်တပ်က အဏာသိမ်း၊ နိုင်ငံတော် ချောက် ထဲမကျမှီ လက်တစ်လုံးအလိုမှာ ကယ်တင်ကြ(အဲသလို ပြောကြ။ ဟုတ်၊ မဟုတ် စုံစမ်းဆဲ)

၅။ "ခဏ"က "ထာဝရ" ဖြစ်။ သမ္မတရာထူးနဲ့ ကာကွယ်ရေးဦးစီးချုပ် ရာထူး မှားယွင်း၊ ညွှန်ကြားရေးမှူးနဲ့ ဗိုလ်မှူးရာထူး မှားယွင်း (စသည်၊ တော်တော်များတယ်၊ အားလုံးနီးပါး)။

၆။ ကျားထိုရင်း၊ စစ်တုရင်ထိုးရင်း၊ အင်တာနက် ဂိမ်းကစားရင်း နိုင်ငံကို ချမ်းသာလာလေမလား ပြောင်းလဲကြည့်(အူတူတူတွေက၊ အဟုတ်ထင်၊ ချီးမွမ်း၊ မာစတာဘရိန်းကြီး စသည်၊ (စတာလင်လို၊ ဟစ်တလာလို။ တကယ် က အတ္တထူထဲမှုထက် ပိုဟန်မတူ၊ ဟုတ်၊ မဟုတ် စုံစမ်းဆဲ )

၇။ မရတော့တဲ့အဆုံး ပခုံးပေါ်က ကြယ်ပွင့်ဖြုတ်၊ မျိုးချစ်သူရဲကောင်း လုပ် ၊ ရွေးကောက်ပွဲနိုင်အောင်ပြင်ဆင်(နည်းမျိုးစုံ သုံးလာနိုင်)။ ကျန်သူ (ဗိုလ်ချုပ် စကားအတိုင်း)စစ်တန်းလျားကို ပြန်သွား(သို့) တဖြည်းဖြည်း ချောင် ကပ်။ (ဥပမာ ဆူဟာတို ဟဲဟဲ)

(ကျန်သူဟူသည် ဘယ်လိုမှ သုံးမရသူကို ဆိုလိုသည်။ဘယ်လိုမှ သုံးမရသူ ဟူသည် နယ်စပ်သွားပြီး ပုဆိုးလှန်ပြသူ စသည် စသည်တို့ကိုဆိုလိုသည်။)

မလေးရှား၊ မတူညီတဲ့ ရွေးချယ်မှု(၂)


လူတစ်ယောက်ရဲ့ ကမ္ဘာ့ အမြင်
(အခန်း ၅၊ အရှေ့တောင်အာရှ)

ရွေးကောက်ပွဲတွေမှာ တဖြည်းဖြည်းနဲ့ တရုတ်နဲ့ အိန္ဒိယန်းတွေရဲ့ အရေးပါ မှု က လုံးဝမရှိသလောက်ဖြစ်သွားမယ်။ အဲဒီနေ့ ကိုရောက်လာပြီဆိုရင်တော့ တရုတ်နဲ့ အိန္ဒိယန်းတွေအတွက် ဘယ်လိုသာတူညီမျှ အခွင့်ရေးမျိုးကိုမှ ရရှိ ကြမယ် မဟုတ်တော့ပါဘူး။ ၂၀၀၈ ခုအထွေထွေ ရွေးကောက်ပွဲ အပြီးမှာ မလေးရှားဟာ တကယ့်အပြောင်းအလဲဆီကို ဦးတည်နေပြီးဆိုတဲ့ ယူဆ မှုတွေ တော်တော်များများ ရှိခဲ့ကြသေးတယ်။ အတိုက်အခံပါတီက တစ်ခြား အချက်အလက်တွေအပါအဝင် လက်ရှိလူမျိုးရေးဝါဒ တချို့ကနေ သွေဖီ ကျင့်သုံးသွားမယ်လို့ တရားဝင်ကြေငြာလိုက်ပြီး ထောက်ခံမဲတွေလည်းရ လိုက်တော့ သူတို့ ပါတီတွင်းကို ထောက်ခံသူတွေအပါအဝင် အားလုံး အံ့သြ တကြီးလည်းဖြစ်ခဲ့ ကြရတယ်။ ရွေးကောက်ပွဲရဲ့ ထောက်ခံမဲ ရလာဒ်ကို ကြည့်ရင် ၁၉၆၅ ခုနှစ်ကစလို့ အတိုက်အခံပါတီအနေနဲ့ ထောက်ခံမဲ အများ ဆုံး ရခဲ့တဲ့နှစ်ဖြစ်လာခဲ့ပါတယ်။ ပါလီမန် အမတ်နေရာနဲ့ကြည့်ရင် သမိုင်း တစ်လျှောက်လုံး အကောင်းဆုံး ရလာဒ်ပါပဲ။ လက်ရှိအစိုးရရဲ့ မဲ သုံးပုံနှစ်ပုံ လက်လွတ်ရှုံးဆုံးသွားတယ်။
ရွေးကောက်ပွဲ အပြီး တစ်နှစ်အကြာမှာတော့ နာဂျစ် တွန် ရာဇက် (Najib Tun Razak) က ၀န်ကြီးချုပ်ဖြစ်လာပြီးတဲ့နောက် ၀မ်းမလေးရှား ( 1 Malaysia=တစ်ခုတည်းသောမလေးရှား ) ဆိုတဲ့ကြွေးကြော် သံနဲ့ တိုင်း ရင်းသားညီညွတ်ရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေးကို ပိုအားကောင်း လာအောင် ကြိုးစားလာခဲ့ပြန်ပါတယ်။

ဝန်ကြီးချုပ် နာဂျစ်ရဲ့ ၀မ်းမလေးရှား ပေါ်လစီက ၂၀၀၈ ခုရွေးကောက်ပွဲမှာ ရှုံးသွားတဲ့ တရုတ်၊ အိန္ဒိယန်းတွေရဲ့ မဲတွေကိုပြန်ရနိုင်ဖို့ ရည်ရွယ်ချက်ပါ။ သူဒီလိုလုပ်လို့ သူ့ လူထုက သူနဲ့အတူ ပါလာပါ့မလား။ သူ့ ရဲ့  ၀မ်းမလေး ရှား ပေါ်လစီကို မလေးလူမျိုးတွေက လက်ခုပ်လက်ဝါးတီးပြီး ကြိုဆိုကြပါ့ မ လား။ စိတ်ကူးကောင်းကောင်းနဲ့ စတင်ခဲ့တဲ့ အစီအစဉ်တစ်ခု ဖြစ်ကောင်းဖြစ် ပါလိမ့်မယ်။ ဒါပေမယ့် နိုင်ငံရေး သဘောတရားမှာ မထင်မှတ်တဲ့ တန်ပြန် အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ မလေးလူမျိုးတွေဆီက ထောက်ခံမဲတွေမဆုံးရှုံးဘဲ တရုတ်၊ အိန္ဒိယန်းတွေ ဆီက ထောက်ခံမဲကို ဘယ်နည်းနဲ့ မှ သူရမှာ မဟုတ်ပါဘူး။

ကြာလာတာနဲ့ အမျှ ၀မ်းမလေးရှား(တစ်ခုတည်းသောမလေးရှား) ကြွေးေ ကြာ်သံကလည်း မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဖြစ်လာခဲ့ပါတော့တယ်။ အဲဒီကြွေးကြော်သံစပြီး တစ်လအကြာလောက်မှာ မလေးတရုတ်မီဒီယာနဲ့  ကျွန်တော်တွေ့ ဆုံခဲ့ပါတယ်။ သူတို့ ပြောစကားတွေအရ ကျွန်တော်တို့ သိ ထားသလို တိုင်းရင်းသားပေါင်းစုံ မလေးရှားဆိုတာမျိုးမဟုတ်ပဲ ဒီစကားက မလေးလူမျိုးတွေအတွက်ပဲ ဖြစ်နေတယ်။ ဆိုလိုတာက အမည်သာရှိနေပြီး လူ့ အဖွဲ့ အစည်းတွေက တစ်သီးတစ်သန့် စီရှိနေကြတယ်။ မလေးက မလေးချင်း၊ တရုတ်က တရုတ်ချင်း၊ အိန္ဒိယန်းတွေက အိန္ဒိယန်းတွေချင်းပဲ ရှိနေကြဆဲပါပဲ။ မလေးဦးစားပေးလူ့ အဖွဲ့ အစည်းကနေ အားလုံး သာတူညီ မျှရှိတဲ့ လူ့ အဖွဲ့ အစည်း တကယ်ဖြစ်လာမလားဆိုတာကတော့ စောင့်ပဲ ကြည့်ကြရတော့မှာပါ။

မလေးရှားနဲ့ စင်ကာပူကြား ကွဲပြားခြားနားမှုဟာ လူမျိုးရေးတင်မကပါဘူး။ ခွဲထွက်လာပြီးတဲ့ နောက်မှာ စင်ကာပူက ရှဥ့်လည်းလျှောက်သာ ပျားလည်း စွဲသာ စနစ်ကိုကျင့်သုံးနိုင်ခဲ့ပါတယ်။ ကွဲလွဲမှုကို ကွဲလွဲမှုအနေနဲ့ ကျွန်တော် တို့ ကလက်ခံထားနိုင်ပါတယ်။ ၁၉၆၅ ခုနှစ်တုန်းကဆိုရင် ကျွန်တော်တို့ နှစ် နိုင်ငံစလုံးရဲ့ ဘုံဆိုင်ဘာသာစကားက အင်္ဂလိပ်ပါ။ နှစ်အနည်းငယ်ကြာတော့ မလေးရှားက အင်္ဂလိပ်စာကို လျှော့ချလိုက်ပြီး ကျောင်းတွေမှာ ဘာသာရပ် တိုင်းကို မလေးလိုပဲသင်ပြီး ရုံးသုံးဘာသာစကားကိုလည်း အင်္ဂလိပ်ကနေ မလေးဘာသာစကားကို ပြောင်းလဲခဲ့ကြတယ်။ တရုတ်ပုဂ္ဂလိကကျောင်းတွေ က သူတို့ ငွေ သူတို့ဟန်နဲ့ လည်ပတ်ကြတယ်။ ကြာလာတော့ အင်္ဂလိပ်စာ အရည်အသွေး နိမ့်ပါးသွားခြင်းဟာ အားနည်းမှုတစ်ရပ်လို့ အစိုးရက သဘောပေါက်လာပြီး ၂၀၀၃ ခုနှစ်ရောက်တော့ သိပ္ပံနဲ့ သင်္ချာဘာသာ ရပ်တွေကို အင်္ဂလိပ်ဘာသာနဲ့ ပြောင်းလဲသင်ပေးလာခဲ့ ကြပြန်တယ်။ အဲဒီပညာရေးစနစ်ကို အထူးသဖြင့် ကျေးလက်မှာရှိတဲ့ မလေးတွေက ကန့် ကွက်လို့ ၂၀၀၉ ခုရောက်တော့ မလေးစကားဖက်ကို ပြန်ပြောင်းပေးခဲ့ ရပြန် ပါတယ်။

လူထုအဖွဲ့ အစည်းတွေကို စည်းရုံးရာမှာလည်း စင်ကာပူနဲ့ မလေးရှားတို့  မတူညီကြပါဘူး။ ကျွန်တော်တို့ သဘောပေါက်ခဲ့တာက သူတို့ လည်း ကျွန်တော်တို့ပြောင်းလဲလာအောင် ဖိအားပေးလို့ မရသလို ကျွန်တော်တို့ က လည်း ဘယ်သူ့ ကိုမှ ဖိအားပေးနေလို့ မရဘူးဆိုတာပါပဲ။ ကျွန်တော်တို့ ချင်း တသီးတသန့် စီဖြစ်နေကြပေမယ့် ချစ်ချစ်ခင်ခင်နဲ့ အတူတူနေထိုင်သွားလို့ ရမယ်။ ဒါပါပဲ။

စင်ကာပူအတွက် အဓိက အရေးကြီတဲ့ အချက်ကတော့ အချုပ်အခြာ အာ ဏာတည်မြဲနေဖို့ စစ်တပ်ကို အင်အားကောင်းအောင် တိုးချဲ့ ဖွဲ့ စည်းရမယ်။ ကျွန်တော်တို့ တပ်မတော်က ကျူးကျော်လာသူတိုင်းကို တွန်းလှန်ကာကွယ် ထားနိုင်တယ်ဆိုရင် ကျွန်တော်တို့ ကို ဘယ်သူကမှလည်း လာပြီး ရန်စနေ ကြမှာ မဟုတ်ပါဘူး။

မလေးရှား အမေးအဖြေ

မေး။ ။ အားလုံးကို အပြန်အလှန်တွေးကြည့်တော့ မလေးလူမျိုးရေးဝါဒ နဲ့ ပါတ်သတ်လို့  မစ္စတာလီတို့ ဖက်က ဖိအားပေးတာတွေ များလွန်းသွား သလားလို့ ။
ဖြေ။ ။ မများဘူး။ ဒီလိုမလုပ်ခဲ့ ရင် ငါတို့ အားလုံးထောင်ထဲရောက်သွားမှာ။

မေး။ ။ တစ်ခါက မစ္စတာလီကိုယ်တိုင်ပြောခဲ့ဖူးတယ်။ "မလေးရှား စင်ကာပူပေါင်းစည်းရေးဟာ တကယ်အလုပ်ဖြစ်မှာ မဟုတ်ဘူး"ဆို တဲ့ အကြောင်းကို မစ္စတာလီရဲ့ ဇနီးကိုယ်တိုင်က မစ္စတာလီကို ပြောခဲ့ဖူး တယ်ဆိုလားလို့။
ဖြေ။ ။ မှန်ပါတယ်။ ဒါပေမယ့် ငါ့အနေနဲ့ ကြိုးစားတော့ကြည့်ရမှာပဲ။

မေး။ ။ အဲသလိုမဟုတ်ခဲ့ ဘူးဆိုရင် စင်ကာပူအတွက် အခြားရွေးချယ်စရာ က ဘာဖြစ်မလဲ။
ဖြေ။ ။ အဲဒီတုန်းက လွတ်လပ်လာတဲ့ စင်ကာပူဟာ တရုတ်လူမျိုး အလယ် တန်းကျောင်းသားတွေရဲ့ ကွန်မြူနစ်ဝါဒ အားကောင်းလာစေဖို့ ကြိုးစား လာနေကြတာကို ရင်ဆိုင်နေခဲ့ရတယ်။ သူတို့လှုပ်ရှားမှု အောင်မြင်ကောင်း အောင်မြင်နိုင်ပါတယ်။ ဒါပေမယ့် မလေးရှားထဲမှာကျတော့ တစ် မျိုးဖြစ်သွားတယ်။ မလေးမြေ မလေးလူမျိုးတွေကြားမှာ စင်ကာပူတရုတ် လုပ်နေလို့  မဖြစ်နိုင်ဘူးဆိုတာ တရုတ်ကျောင်းသားတွေက သဘောပေါက် ကြတယ်။ ဒီတော့ စင်ကာပူအတွက် ရွေးချယ်စရာက လူမျိုးပေါင်းစုံ စင်ကာပူ ဆိုတာပဲ ရှိတော့တယ်။

မေး။ ။ ဒီတွက်ချက်မှုကြောင့် မလေးရှား စင်ကာပူပေါင်းစည်းဖို့ ဆန္ဒရှိခဲ့  တာလား။
ဖြေ။ ။ ဒါက ငါ့ တွက်ချက်မှု မဟုတ်ဘူး။ တကယ်ဖြစ်ခဲ့တဲ့ အကျိုးရလာဒ် တစ်ခုပဲ။ ငါ တွက်ချက်ထားတာက ညီညွတ်တဲ့  နိုင်ငံတစ်ခုဖြစ်အောင် ပြန် လည်ပေါင်းစည်းနိုင်လိမ့်မယ်ဆိုတာပဲ။ သမိုင်းကိုပြန်ကြည့်ရင် စင်ကာပူနဲ့  မလေးရှားက တစ်နိုင်ငံတည်းပဲ။

မေး။ ။ အဲသလိုဆိုရင် “မလေးရှား ပြည်ထောင်စု” ဖြစ်လာဖို့ တိုက်ပွဲဝင်ခဲ့  တာဟာ စင်ကာပူကို လွှမ်းမိုးလာမယ့် တရုတ်ကွန်မြူနစ်ရန်ကို ကာကွယ်ရုံ သက်သက်တော့မဟုတ်ဘူးပေါ့။
ဖြေ။ ။ မဟုတ်ဘူး။ အဲသလိုမှ မဟုတ်ရရင် ပြန်ပေးရမယ့် လျော်ကြေးတွေ က မတန်တဆဖြစ်သွားမယ်။ ဆိုပါတော့ မလေးရှားထဲဝင်ပေါင်းပြီး “မလေးရှား ပြည်ထောင်စု" ဖြစ်ရေးတိုက်ပွဲသာ မ၀င်ခဲ့ကြဘူးဆိုရင် စင်ကာပူ လည်း ပီနန်လို၊ ကူချင်း ( Kuching ) နဲ့အခု ကိုတာ ကီနဘာလု ( Kota Kinabalu ) လို့ ခေါ်တဲ့  ဂျက်ဆယ်တန် ( Jessetton ) လို ဖြစ်သွားမယ် ။ အဲဒီနယ်မြေတွေမှာ နေကြတဲ့ လူတွေက မလေးလူမျိုးတွေမဟုတ်ကြဘူး။ သူတို့က ဒူဆန် ( Dusun ) ၊ ဒါယက် ( Dayak ) နဲ့ ကာဒါဇန် ( Kadazan ) လူမျိုးတွေ။”

ဆက်ရန်
ဇင်ဝေသော်

တသန္ဓေဓေ


"တသန္ဓေဓေ၊ တပေလျဉ်းလျဉ်း၊
တညှဉ်းဆိုးဆိုး၊ တညှိုးလျလျ၊
တတလွမ်းလွမ်း၊ တသမ်းဟယ်ဟယ်၊
တတွယ်တာတာ၊တဟာလှိုက်လှိုက်၊
တရှိုက်ငင်ငင်၊ တပင်ပန်းပန်း၊
တဝန်းလျားလျား၊ ရဟတ်ချားသို့"




 ကဲ...လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀၀ ကျော်က ရှင်မဟာရဋ္ဌသာရတို့ လုပ်ချက်။
"တသန္ဓေဓေ" တဲ့။ ရက်ရက်စက်စက် လှလွန်းတဲ့ ဝေါဟာရပါပဲ။
ကဗျာရေးရမှာ လက်တွန့်တယ်။
"နုလွန်းသလေး၊ နွဲ့လွန်းသလေး၊ ဖွဲ့လွန်းသလေး၊ နှမလက်လျော့ နေလေတော့"
ဘယ်သူ ဘာပြောပြော အနုပညာက ရေရှည်ခံတယ်။

အာရှ"စံ"


လွန်ခဲ့တဲ ၃နှစ်လောက်က အမျိုးသမီးတစ်ယောက်က
"စထရိတ်တိုင်းကို မဖတ်နဲ့တော့ စာဖတ်အား တက်လာမှာမဟုတ်လှဘူး၊ တိုင်းမ်တို့ နယူးယောက်တိုင်းမ်တို့ကို ပြောင်းဖတ်"
အကြံပေးခဲဖူးတယ်။
သူမကိုပဲ ကြီးကျယ်တယ်ထင်ခဲ့မိသေးတယ်။ အခုမှ လီကွမ်းယု အင်္ဂလိပ်နဲ့ ဟန်တင်တန် အင်္ဂလိပ်(အများကြီး) မတူတာကို သိခွင့်ရတော့တယ်။ နောက် ဆုံးတော့ အာရှ အင်္ဂလိပ်က အာရှ"စံ"အတိုင်း ခပ်ဖွဖွလေး လျှော့ရေးထား တာပါ။

စာကြွင်း။ ။ လီကွမ်းယုစာအုပ်တို့၊ (အဖြူပေမဲ့) ပေါ့ပေါ့ပါးပါး "The smartest kids"တို့ကိုပြန်တော့ ဖျက်ရာ၊ ပြင်ရာ မရှိသလောက်။ အခု တစ်ဝါကျလုံး အသစ် ပြန်ရေးရတာတွေရော၊ ပြင်ရာ၊ ဖျက်ရာတွေရော ရှုပ်လို့။

မြစ်ဆိပ်ကိုသွားကြမယ်


တရားဟောဆရာက သူရာမေရယ သိက္ခာပုဒ်နဲ့ပတ်သက်ပြီး
"ကျနော့်ဆီမှာ ဘီယာဘူးတွေရှိရင် မြစ်ထဲကို အားလုံးလွှင့်ပစ်လိုက်မှာပဲ"လို့ ပရိဿတ်ကိုပြောဟော၊ ဆုံးမနေတယ်။
သူမသိလိုက်တာက သူပြောအပြီး ပရိဿတ်ထဲကလူတချို့ ပျောက် သွားခဲ့ တာပါပဲ။
နောက်ပြီး"ဝိုင်အကောင်းစားတွေဆိုရင်လည်း ကျနော်ကတော့ မြစ်ထဲ လွှင့်ပစ်မှာပဲ" လို့ စကားဆက်ပြန်တယ်။
သူပြေားအပြီး တရားနာပရိဿတ်တချို့ ပျောက်သွားပြန်တယ်။
သူကတော့ အာဘောင်အာရင်း သန်သန်နဲ့ပဲ "ဝီစကီအကောင်းစားတွေဆိုရင်လည်း ဘုရားသခင် မနှစ်သက်တာတွေ မို့ မြစ်ထဲပဲ လွှင့်ပစ်ရမှာပဲ"
ဒီ စကားဆုံးချိန်မှာတော့ သိသိသာသာကြီးလျော့သွားတဲ့ ပရိဿတ်ကို သူ သတိထားမိသွားတယ်။ ဒါနဲ့ ဘေးက လူရင်းတစ်ယောက်ကိုခေါ်မေးတော့မှ အဖြေမှန်သိရတော့တယ်။
"သူတို့အားလုံး မြစ်ဆိပ်ကနေ သွားစောင့်နေကြတာလေ" တဲ့။

The Straits Times launches Myanmar edition


စထရိတ်တိုင်းမ် မြန်မာလိုသတင်းစာ ဒီနေ့ စဖြန့်တယ်ဆိုပဲ။ မနှစ်ကတည်းက ထွက်မယ်ပြောနေကြတာပါ။
စောင်ရေငါးထောင်၊ ရောင်းဈေးတော့မပါ။ ပြည်တွင်းသတင်းစာတွေ တော်တော် ဖိုက်ရလိမ့်မယ်။


Original story >> http://www.sph.com.sg/media_releases/2040

Do we need second Snowden??


Do we need second Snowden to get an answer as some suggested? It might not, I guess. Now there are more questions than answers, in fact. "Capital Flight" as they said?

MH370 !


ဒါကိုရနေတာ ၂ ရက်ရှိပြီ။ ရက်စက်လွန်းလို့ မတင်ရဲခဲ့ဘူး။






အိန္ဒိယမှာ ...


လုပ်မနေနဲ့၊ မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိဘူး။ အထူးသဖြင့် အိန္ဒိယမှာ။




 

ဆူးလေစေတီတော်ကို ဖူးတွေ့ရတိုင်း


(အီးမေးစာ)

ဦးချန်ထွန်းကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ရွှေစလွယ်ရ သူဌေးကြီး ဦးရဲကျော် သူ၊ ဒေါ်သံဒါဖြူတို့မိဘနှစ်ပါးမှ မွေးဖွားသန့်စင်ပြီး၊ အဖေ့ခြေရာနင်းခဲ့၍ ထိုခေတ် ထိုအချိန်က မြန်မာနိုင်ငံသာမက ဥရောပနိုင်ငံများ တလွားအထိပင် သူ၏အရှိန်အ၀ါ လွှမ်းမိုးခဲ့သော နာမည်ကြီး ဥပဒေပါရဂူတစ်ဦး ဖြစ်ပါသည်။

ဦးချန်ထွန်းသည် ဥပဒေဘွဲ့ နောက်ဆုံးနှစ်ဖြစ်သော (၁၈၈၁) ခုနှစ်တွင် ရော မဥပဒေဘာသာရပ်၊ ဥပဒေအတတ်ပညာ ဘာသာရပ်၊ အင်္ဂလိပ်လူမျိုးတို့ ၏ ရှေးဟောင်းထုံးတမ်းစဉ်လာဘာသာရပ်များ အားလုံးမှာ အမှတ်အများဆုံး ဂုဏ်ထူးနှင့် အောင်မြင်ခဲ့၍ ၀ိတိုရိယ ဘုရင်မကြီးကိုယ်တိုင် ၀ိတိုရိယရွှေတံ ဆိပ်ဆုကို ချီးမြင့်ခဲ့သည်။ ဘာသာရပ်တိုင်းတွင် ထူးချွန်ဆု(ဂုဏ်ထူး)ရရှိခဲ့၍ ဘာသာရပ်တစ်ခုလျှင် ထိုခေတ်က ပေါင်စတာလင် (၁၀၀)စီ ချီးမြင့်ခြင်း ခံရသူဖြစ်သည်။ ဦးချွန်ထွန်း ရရှိခဲ့သော ဂုဏ်ထူးဆောင် အမှတ်မျိုးကို ဒုတိ ယ ကမ္ဘာစစ်ဖြစ်ခဲ့သောအချိန်ထိ နောက်ထပ် ထိုဆုမျိုးရရှိသူ လုံးဝ(လုံးဝ) မရှိခဲ့ဟုသိရသည်။
ရန်ကုန်သို့ပြန်လာပြီး ၀ိတိုရိယဘုရင်မဆုကို လည်ပင်းတွင် ဆွဲ၍သွားလျှင် ဦးချန်ထွန်းနှင့် မျက်နှာချင်းဆိုင်ဆုံမိသောလူတိုင်းသူ့ကို အလေးပြုကြရ သည်။ စက်ဘီးစီးလာသူ ဖြစ်နေလျှင် စက်ဘီးမှဆင်းပြီး ရပ်၍ အလေးပြုကြ ရသည်။

ဝိတိုရိယ ဘုရင်မကြီးက သူတို့အုပ်စိုးသော ကိုလိုနီနိုင်ငံများထဲမှ ဤမျှေ လာက် ပညာတော်သော ကလေးမျိုး ရှိသည်ကို တအံတသြ ဖြစ်မိသည်ဟု သိရသည်။ တွေ့ချင်လွန်း၍ အခေါ်ခံရသော မောင်ချန်ထွန်း ကို ဘုရင်မ ကြီး က လက်ဆွဲနုတ်ဆက်ပြီး လက်ဖက်ရည် ဧည့်ခံပွဲနှင့် ဧည့်ခံခဲ့သည်။ ၀ိတိုရိ ယ ဘုရင်မကြီးဆုကို သူကိုယ်တိုင် ချီးမြှင့်ပြီးဘုရင်မကြီး၏ သားတော်နှင့် တော် ၀င်နန်းသုံး မြင်းရထားကို အတူစီးခွင့်ရသော ဆုလည်း ပါဝင်သည့်အပြင် နန်းတော်ထဲ အချိန်မရွေး ၀င်ထွက်သွားလာနိုင်ခွင့် အခွင့် အရေးကိုပင် ဘုရင်မက ပေးအပ်ခဲ့သည်ဟု သိရပါသည်။ ဦးချန်ထွန်းသည် အင်္ဂလန်တွင်နေစဉ် The Nature and Value of Jurisprudence စာအုပ်ကို Messrs Sweet And Maswell စာအုပ်တိုက်မှ ထုတ်ဝေခဲ့သေးသည်။ ယင်း စာအုပ်သည်အလွန်လူကြိုက်များခဲ့၍ တတိယအကြိမ်ထိပင် ထုတ်ဝေခဲ့ရ သည်ဟု သိရပါသည်။ ဦးချန်ထွန်း ရန်ကုန်ပြန်ရောက်သောအခါ Leading Cases in Burmese Law စာအုပ်နှင့် BurmeseBuddhist Law စာအုပ်(၂) အုပ်ကို ရေးသားခဲ့သည်။ ယင်းစာအုပ် (၂)အုပ်သည် ယနေ့ထက်တိုင်မြန်မာ တရားရေးဌာနတွင် လက်သုံး (Manual) အဖြစ် အသုံပြုနေဆဲဟု သိရပါ သည်။
ဗြိတိသျှအစိုးရသည် စီမံကိန်းချ၍ ရန်ကုန်မြို့ကို ခေတ်မီမြို့တော်ပြု လုပ်ခဲ့ရာ အကွက်ရိုက်ပြီး အိမ်ရာတိုက်တာများ ဆောက်လုပ်ခဲ့ပါသည်။ ထိုစဉ်က ယခု သိမ်ကြီးဈေးနေရာတွင်ဆူးလေစေတီလောက်ကြီးသော“ကျိုက်မြတ်သံချို”
စေတီတစ်ဆူ ရှိခဲ့သည်ကို လမ်းနှင့်မလွတ်၍ဖြိုဖျက်ပစ်ခဲ့ပါသည်။ ရန်ကုန်မြို့ ရှိ ဘုန်းတော်ကြီးကျောင်း အားလုံးနီးပါးကို အကွက်များ ချရာတွင်မလွတ် ဆိုပြီး ယခုလမ်းမတော်မြို့နယ် ကျုံးကြီးလမ်း သရက်တောဥယျာဉ်အတွင်း စုပေါင်း၍ရွှေ့ပြောင်းခဲ့သည်။ (ယနေ့တိုင် သရက်တော ကျောင်းဝင်းအတွင်း ထိုစဉ်ကအမည်အတိုင်း ဘုန်းကြီးကျောင်း မြောက်များစွာ ရှိနေပါသေးသည်။)

ဒုတိယအကြိမ် လမ်းများတိုးချဲ့ရာတွင် လမ်းမလွတ်ဟုဆိုပြီး ဆူးလေစေတီ ကို ယခုနေရာမှ အခြားနေရာသို့ ရွှေ့ပြောင်းရန် အစည်းအဝေးပြုလုပ်ပြီး
ဆွေးနွေးခဲ့ကြပါသည်။ ထိုစဉ်က ဗြိတိသျှအရာရှိများ တင်ပြချက်တွင် နောက် အနှစ် (၅၀-၁၀၀) အတွင်း ရန်ကုန်မြိုကြီးသည် ကမ္ဘာ့အဆင့်မီ မြို့တော်ကြီး တစ်မြို့ဖြစ်လာမည်ဖြစ်ရာ ပတ်ချာလည်ဝိုင်းရံလျက် ရှိသော မိုးထိမြင့် မား သည့် တိုက်တာ အဆောက်အအုံများ၏ အောက် ရောက်နေမည် ဖြစ်ပါ၍ မသင့်လျော်ဟု အကြောင်းပြခဲ့ပါသည်။ မြန်မာလူမျိုးများစိတ်ကြိုက် သင့်လျော်သော နေရာတစ်ခုသို့ ရွေး၍ ပုံတူဆောက်လုပ်ပေးမည်ဟု အကြောင်းပြခဲ့ပါသည်။ ယင်းကိစ္စကို အင်္ဂလိပ်အရာရှိများ အပါအ၀င် မြန်မာ အရာရှိများက ကန့်ကွက်သူမရှိ သဘောတူခဲ့ပါသည်။

ဦးချန်ထွန်းတစ်ယောက်သာ အကြီးအကျယ် ဒေါသူပုန်ထပြီး ကန့်ကွက် ပါတော့သည်။ အင်္ဂလိပ်ခေတ်တွင် အထက်မှချမှတ်သော အမိန့်တစ်ခုကို လုပ်သင့်သည် ဖြစ်စေ၊ မလုပ်သင့်သည်ဖြစ်စေ မပြောရဲသောခေတ် ဖြစ်ပါ သည်။ အလုပ်ပြုတ်မှာ ကြောက်သည်က တစ်ကြောင်းကြောင့် မည်သူမျှ ဦးချန်ထွန်းဖက်မှ မားမားမတ်မတ်ရပ်၍ ပြောမည့်သူ မရှိခဲ့ပါ။ ဦးချန်ထွန်း စကား လုံးဝအရာမရောက်ခဲ့ပါ။ မြန်မာလူမျိုးများ၏ ထုံးတမ်းစဉ်လာတွင် ဘုရားတည်ပြီးလျှင် ရွှေ့ပြောင်းခြင်း ဖျက်ခြင်း ပြုလုပ်ရိုးထုံးစံမရှိဟု တင်ပြခဲ့ ပါသည်။



အလားတူ အင်္ဂလန်ကိုခေတ်မီမြို့ဆောက်လုပ်စဉ်ကလည်း Square Building အ၀ိုင်းကိုရှေးဟောင်းအဆောက်အအုံ တစ်ခုအနေဖြင့် “ဘာကြောင့်ချန်ထားခဲ့သလဲ”
လို့ အရေးဆိုခဲ့ပါသေးသည်။ ဦးချန်ထွန်း ကန့်ကွက်ချက်များသည် လုံးဝ အရာမရောက်ခဲ့၍ စနေထောင့်မှစ၍ ဆူးလေစေတီကို ဖျက်ပါတော့သည်။

ဦးချန်ထွန်းကအာဂသတ္တိရှင်တစ်ဦး ဖြစ်သည်။ လုပ်ရဲသောသတ္တိရှိသည်။ အလုပ်ပြုတ်ချင် ပြုတ်ပါစေ။ သူ လုံးဝနောက်မဆုတ်ခဲ့ပါ။ သူ့ကို ရွှေတံဆိပ် ဆု ပေးထားသော ၀ိတိုရိယဘုရင်မကို ချက်ချင်း သတိရလာသည်။ မကြာ ပါ။ ကြေးနန်းရိုက်ပြီး၊ စာတစ်စောင်လည်း ဘုရင်မထံ အကျိုးအကြောင်း ရေး သားပေးပို့လိုက်ပါသည်။
ဦချန်ထွန်း၏ကျေးဇူး၊ ၀ိတိုရိယဘုရင်မကြီး၏ အမိန့်ကြောင့် ယနေ့မြန်မာ လူ မျိုးတို့ ဆူးလေစေတီကို ရန်ကုန်မြို့လယ်တွင် တွေ့နေရခြင်း ဖြစ်ပါသည်။
ဦးချန်ထွန်း၏ ကျေးဇူးကားအလွန်ကြီးမားပါသည်။ ဆပ်၍ကုန်နိုင်မည် မ ဟုတ်ပါ။ ဆူးလေစေတီကို ဖူးတွေ့ရတိုင်း ဦးချန်ထွန်းကို သတိရသင့်ပါသည်။

{အေးသိန်း၏ နိုင်ငံအကျိုးပြု အဖိုးတန်ရတနာများမှ ကောက်နုတ်ရေးသားပါသည်။}
ဦးသိန်းဝေ။

မလေးရှား၊ မတူညီတဲ့ ရွေးချယ်မှု…


လူတစ်ယောက်ရဲ့ ကမ္ဘာ့ အမြင်
(အခန်း ၅၊ အရှေ့တောင်အာရှ)

မလေးရှားနဲ့ စင်ကာပူဟာ ဗြိတိသျှကိုလိုနီဘ၀ကနေ အတူတူထွက်လာခဲ့ရ တာဖြစ်တော့ ဖွံ့ ဖြိုးတိုးတက်မှုအနေနဲ့  တန်းတူ အနေအထားမှာပဲ ရှိနေ ခဲ့ ပေမယ့် ၁၉၆၅ ရောက်တော့ ဒီနှစ်နိုင်ငံဟာ မတူညီတဲ့လမ်းကြောင်းတွေ ကို ကိုယ်စီရွေးချယ်ခဲ့ ကြပါတော့တယ်။ မလေးရှားက မလေးစကားပြောနိုင်ငံ အဖြစ်ရွေးချယ်လိုက်ပြီး စင်ကာပူက အင်္ဂလိပ်ရုံးသုံးစကား သတ်မှတ်ကာ လူမျိုးပေါင်းစုံ လူ့ အဖွဲ့ အစည်းပုံစံကို ရွေးချယ်ခဲ့ပါတယ်။ အခု မလေးလူဦးရေ က တိုးပြီးရင်တိုးလာနေတော့ ဒီနေ့ ဆိုရင် မလေးရုံးသုံးစကားဖြစ်ရမယ် ဆိုတဲ့  အယူအဆက ပိုလို့ ခိုင်မာလာနေပြီးဖြစ်ပါတယ်။

စင်ကာပူနဲ့ မလေးရှား တစ်ပေါင်းတည်းရှိနေစဉ်က တစ်ခြားလူမျိုးစုလေးတွေ ကို ကျွန်တော်ကိုယ်တိုင်ဦးဆောင်ပြီး အင်္ဂလိပ်စာရုံးသုံးဖြစ်ဖို့ နဲ့ လူမျိုးပေါင်းစုံ လူ့ အဖွဲ့ အစည်းဖြစ်ဖို့ နှစ်နှစ်လောက် ကြိုးစားခဲ့ ပါသေးတယ်။ ဒါပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး။ ဒါနဲ့ ပဲ ကိုယ့်လမ်းကိုယ်လျှောက်ကြဖို့  ၁၉၆၅ ခု သြဂုတ် လ ၉ ရက်နေ့မှာ ဆုံးဖြတ်ခဲ့ ကြပါတော့တယ်။ ကျွန် တော့်မျိုးဆက်က လူ တိုင်းရဲ့ စိတ်ထဲမှာ စင်ကာပူနဲ့ မလေးရှားဆိုတာ တစ်နိုင်ငံထဲ ဆိုတဲ့အသိ ရှိထားကြပါတယ်။ ဗြိတိသျှအစိုးရက ကျွန်တော်တို့ ကိုခြွဲ့ပီး အုပ်ချုပ်ပေမယ့် တစ်ပေါင်းတည်းပြန်ဖြစ်ဖို့  ကျွန်တော်တို့ တိုက်ပွဲဝင်ခဲ့ကြပါတယ်။ အစပိုင်းမှာ မလေးရှားခေါင်းဆောင်တွေက စင်ကာပူဟာ တရုတ်အများစုရှိတဲ့  နိုင်ငံ ဆိုတော့ မလေးတွေကြားမှာ ပြဿနာ ရှိနိုင်တယ်ဆိုပြီး သဘောတူလှတယ် မဟုတ်ခဲ့ကြပါဘူး။ တဖြည်းဖြည်းနဲ့  ဗြိတိသျှအစိုးရက မလေးရှားရဲ့ ပထမဆုံး ၀န်ကြီးချုပ် တန်ကု အဗ္ဗ္ဗဒူရာမန်ကို စိတ်ညွှတ်လာအောင် စည်းရုံးနိုင်ခဲ့ကြလို့ သဘောတူခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်မှာ တရုတ်စာသင်ကျောင်းတွေဟာ လက်ဝဲ၀ါဒတော်တော်ယိမ်းနေပြီး စင်ကာပူတစ်နိုင်ငံလုံး ကွန်မြူနစ်အောင်ေ ရာက်ရမယ့် အန္တရာယ်နဲ့ ကြုံတွေ့ နေရပါတယ်။ နောက်ဆုံးမှာတော့စင်ကာပူ ကို ဆားဗား (Sabah) ဆာရာဝတ် ( Sarawak) တို့ နဲ့ အတူ မလေးထဲပေါင်း စည်းဖို့ သူက သဘောတူလာခဲ့တာပါ။

ပေါင်းစည်းပြီးတဲ့ နောက်မှာ တန်ကုက ကျွန်တော့်ကို ပြောတယ်။
“ မင်းတို့ပါတီက မလေးရှားနိုင်ငံထဲက မလေးလူမျိုးတွေထဲ ၀င်မစည်းရုံးပါနဲ့ ” တဲ့။ စင်ကာပူမှာ မလေးလူဦးရေ အများစုရှိတဲ့ မဲဆန္ဒနယ် သုံးခုရှိပါတယ် ။ ဂေးလန် ဆီရိုင်း ( Geylang Serai) ကန်ပုန်း ကန်ဘာဂန် (Kampong Kembangan) နဲ့ ဆောက်သင်း အိုင်းလန်း(ဒ်) ( Southern Islands) တို့ ပါ။ အဲသလို မလေးလူမျိုးအများစုရှိတဲ့  မဲဆန္ဒနယ်တွေထဲ ကျွန်တော်တို့ ဝင်ေ ရာက်စည်းရုံးတာကို သူက မမြင်ချင်ဘူး။ သူ့ ဆန္ဒကို ကျွန်တော်တို့ ကလည်း မလိုက်လျောနိုင်ခဲ့ဘူး။ အဲဒီအချိန်မှာ ကျွန်တော်တို့ က မလေးရှား ညီ ညွတ်ရေးတပ်ပေါင်းစုကို ဖွဲ့ စည်းခဲ့ကြပြီး အမှန်တကယ် လူမျိုးပေါင်းစုံ လူ့  အဖွဲ့ အစည်းဖြစ်လာဖို့ ကြွေးကြော်ခဲ့ကြတယ်။ ဆာရာဝတ်၊ ပီနန်၊ အီပို့ ( Ipoh) မှာရှိတဲ့ ပါတီတွေ ကျွန်တော်တို့ နဲ့ ပူးပေါင်းလာဖို့ စည်းရုံးခဲ့ကြတယ်။ ဒီတော့ မလေးကိုယ်စားလှယ်တော်တော်များများ ကျွန်တော်တို့ နဲလာပြီး ပူးပေါင်းကြတယ်။ ကျွန်တော်တို့ သမဂ္ဂအဖွဲ့အင်အားကောင်းလာတော့ တန်ကုက သိပ်သဘောမတွေ့ တော့ဘူး။ စင်ကာပူ မလေးထဲက နေ ခွဲထွက်ရင် ထွက် မထွက်ရင် သွေးထွက်သံယိုတွေ ဖြစ်ကုန်တော့မယ်လို့ သူက ကျွန်တော့ကို သတိပေးစကားပြောလာပါတယ်။

ကျွန်တော်တို့ ပါတီထဲမှာတင် ခွဲထွက်ရေးကို ခါးခါးသည်းသည်းဆန့်် ကျင် တဲ့ အဖွဲ့ ဝင်တွေရှိပါတယ်။ အထင်ရှားဆုံးသာဓကကတော့ တိုချင်ချိုင် (Toh Chin Chye) ပါ။ သူက အဲဒီအချိန်မှာ ဒုဝန်ကြီးချုပ်။ တိုချင်ချိုင်က အီပို့ မှာမွေးဖွားခဲ့တာဆိုတော့ မလေးရှားကနေခွဲထွက်ရေးဟာ သူ့ အတွက် လုံးဝ လက်ခံလို့ မရတဲ့ အချက်ဖြစ်နေခဲ့ ပါတယ်။ သူကတန်ကုကိုသွားတွေ့ မယ် လို့ ပြောတယ်။ ကျွန်တော်ကလည်းသူ့ ကိုအားပေးခဲ့ ပါတယ်။ တန်ကုက သူနဲ့ လူချင်းတွေ့ ဖို့ ငြင်းဆန်ပြီး လက်ရှိအခြေအနေကို သူ့ အနေနဲ့ ဘယ်လို မှ ထိန်းလို့ မရ (ပြင်နိုင်မှာမဟုတ်) နိုင်ဘူးဆိုတဲ့ အဓိပ္ပါယ်မျိုးနဲ့  စာရေးပေး ခဲ့ ပါတယ်။ “ အခြားဖြေရှင်းစရာနည်းလမ်းမရှိ” လို့ တန်ကုကရေးလိုက်တယ်။

၁၉၆၃ နဲ့ ၁၉၆၅ ခုနှစ်တွေကြားမှာ စင်ကာပူရဲ့ ဝန်ကြီးချုပ်တစ်ယောက်အနေ နဲ့ မလေးအစိုးရ အစည်းအဝေးတွေကို ကျွန်တော်တက်ခဲ့ရတယ်။ ကျွန်တော် ကလွဲရင် အစည်းအဝေးတက်ရောက်လာသူတိုင်းဟာ မလေးလူမျိုးတွေ ချည်းဖြစ်ပြီး မလေးဝတ်စုံတွေဝတ်၊ ဓါးရှည်လွယ်ထားတဲ့ ကိုယ်ရံတော်တွေ နဲ့ တက်ရောက်တတ်ကြပါတယ်။ သူတို့ အားလုံးမလေးဝတ်စုံတွေပဲ ၀တ် ကြတယ်။ ဒီလုပ်ရပ်ဟာ ယဉ်ကျေးမှုသင်္ကေတ တစ်ခုဆိုတာထက် အဓိပ္ပါယ် ပိုရှိနေပါတယ်။ သူတို့ ဆိုလိုတာက
“ ဒီနိုင်ငံဟာ မလေးနိုင်ငံ၊ ဒီအချက်ကိုဘယ်တော့မှ မမေ့ပါနဲ့ ” ဆိုတာမျိုးပါ။

တစ်နိုင်ငံစီခွဲထွက်လိုက်ကြခြင်းဟာ ကျွန်တော်တို့ ကြိုးစားခဲ့တဲ့ မလေးရှားနိုင် ငံအတွင်း လူမျိုးပေါင်းစုံ စုစည်းနေထိုင်နိုင်ရေး အိပ်မက်ကို အဆုံးသတ်ပေး လိုက်တာ ဖြစ်ပါတော့တယ်။ ဒီအကြောင်းတွေကိုပြန်စဉ်းစားတိုင်း စိတ်မေ ကာင်းဖြစ်ရပါတယ်။ တကယ်လို့ တန်ကုကသာ မလေးလူမျိုးဦးစားပေးဝါဒ ကိုလျှော့ချပြီး မလေးရှားမှာရှိတဲ့  တရုတ်၊ အိန္ဒိယန်းလူမျိုးတွေကို နိုင်ငံရေး၊ ကာကွယ်ရေးနဲ့ အစိုးရ၀န်ထမ်းတွေထဲမှာ ပါဝင်ခွင့်ပြု၊ သာတူညီမျှ နေထိုင် သွားကြမယ်ဆိုရင် လက်ရှိ မလေးရှားထက်ဖွံ့ ဖြိုးတိုးတက်နေမှာ သေချာ ပါတယ်။ စင်ကာပူရဲ့ အောင်မြင်မှုအတိုင်း မလေးရှားလည်းအောင်မြင်နိုင် တာပါပဲ။ အဲသလိုသာဆိုရင် စင်ကာပူရော မလေးရှားပါ လက်ရှိအနေအထား ထက် အမျာကြီးသာနေမှာ မလွဲပါဘူး။
မလေးခေါင်းဆောင် တစ်ယောက်အနေနဲ့ တန်ကုအပေါ် ကျွန်တော် အကောင်းမြင်တာ များသွားခဲ့ဟန်တူပါတယ်။ သူကရှေးနဲ့ မတူတဲ့ မျိုးဆက်သစ်ကနေ ပေါက်ဖွားလာတာ၊ ဗြိတိသျှ အုပ် ချုပ်မှုအောက်မှာ ကြီးပြင်းခဲ့တာဆိုတော့ သူ့ အမြင်လည်း ပြောင်းလဲ လာ မယ်လို့ ကျွန်တော်ယူဆခဲ့ပါတယ်။ သူ့ မှာ တရုတ်လူမျိုး သူငယ်ချင်းတွေ အများကြီးရှိတယ်။ ကိန်းဘရေ့ (ဂ်ျ) တက္ကသိုလ်မှာရှိစဉ်က သူနဲ့ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်တဲ့ ချွာဆင်ကား ( Chua Sin Kah) ကိုဆိုရင် ဖုန်းနဲ့  လှမ်း ဆက်ပြီး
“ လာခဲ့ပါအုံး ။ အမဲကင်နဲ့ ဘရန်ဒီ လာမြည်းပါအုံး” လို့ ပြောတတ်တယ်။ စင်ကာပူဟာ မလေးရှားထက်ရှေ့ ရောက်နေတယ်ဆိုတာလည်း တန်ကုက လက်ခံထားတယ်။ ကျွန်တော်တို့ စင်ကာပူက မလေးရှားရဲ့ နယူးယောက် ဆိုရင် ကွာလာလမ်ပူက မလေးရှားရဲ့ ဝါရှင်တန်ဖြစ်ဖို့  သူစိတ်ကူးရှိခဲ့တယ်။
မလေးရှား လူဦးရေတိုးပွားလာမှုကြောင့် မလေးဦးစားပေးဝါဒက ပိုပြီး အားကောင်းလာစရာရှိပါတယ်။ နှစ်ပေါင်း ၄၀ အတွင်း စီးပွါးရေး ပေါ်လစီ အသစ်ချလိုက်ပြီးကတည်းက မလေးတရုတ်နဲ့ မလေးအိန္ဒိယန်းလူဦးရေက သိသိသာသာကြီး လျှော့ကျလာနေပါတယ်။ ၁၉၇၀ ခုနှစ်မှာ မလေးတရုတ် လူဦးရေက ၃၅.၆ ရာခိုင်နှုန်းရှိခဲ့ ပြီး ၂၀၁၀ ခုရောက်တဲ့အခါမှာ ၂၄.၆ ရာ ခိုင်နှုန်းပဲရှိပါတော့တယ်။ ဒီအချိန်အတွင်းမှာပဲ မလေး အိန္ဒိယန်းလူဦးရေက လည်း ၁၀.၈ ကနေ ၇.၃ အထိကျဆင်းလာနေပါတယ်။
လူဦးရေ အပြောင်းအလဲက အချက်အလက်တော်တော်များများအပေါ်မှာ မူတည်ပါတယ်။ မလေး မိသားစုတွေမှာ ကလေးမွေးဖွားနှုန်းမြင့်တက်နေတာ၊ ဆားဘားမှာ (Sabah) မှာ ဖိလစ်ပိုင်လူမျိုးတွေ အများကြီးဝင်ရောက်လာ တာ။ စုံလို့ ပါပဲ။ ၀င်ရောက်လာသူတွေကို နိုင်ငံသားအဖြစ်ချက်ချင်း အသိ အမှတ်ပြုလို့  အစိုးရလည်းဝေဖန်တာ တော်တော်ခံလိုက်ရပါတယ်။ ဒါနဲ့ဆက်စပ် ပြီး စုံစမ်းစစ်ဆေးစရာ တစ်ခုတောင်ဖြစ်ခဲ့ရပါတယ်။ တရုတ်၊ အိန္ဒိယန်းတွေ အများစုကတော့ မလေးရှားကနေ ခွါထွက်နိုင်ဖို့ ပဲကြိုးစား ကြ ပါတော့တယ်။ အထူးသဖြင့် ပညာတတ်တရုတ် အိန္ဒိယန်းတွေက သူတို့  သားသမီးတွေကို
“ နိုင်ငံခြား တက္ကသိုလ်ကိုတက်ဖို့  ဒီမှာ ပတ်စပို့  ၊ ဘယ်တော့မှ ဒီနိုင်ငံကို ပြန်မလာခဲ့နဲ့ ” လို့ ပြောတတ်ကြတယ်လို့  မကြာမကြာ ကျွန်တော်ကြားနေ ရပါတယ်။
စင်ကာပူထဲ ၀င်ရောက်နေထိုင်လာသူ ၄၀ ရာခိုင်နှုန်းဟာ မလေးရှားကပါ။ တစ်ချို့ က စင်ကာပူထက်ဝေးတဲ့ နိုင်ငံတွေကို သွားကြပါတယ်။ စောစော ပိုင်းနှစ်တွေတုန်းကတော့ ပညာတတ်တရုတ်တွေကြားမှာ ရေပန်းစားတာက ထိုင်ဝမ်ပါ။ အခုနှစ်တွေမှာ ဆိုရင် ပညာတတ်မလေးတရုတ်နဲ့  အိန္ဒိယန်းတွေ က ဥရောပ ၊ အမေရိကားနဲ့ သြစတေးလျတို့ အထိသွားနေကြပါပြီ။ တစ်ချို့  ဆိုရင် ဟိုနိုင်ငံတွေ ရောက်ပြီး တော်တော်အောင်မြင်နေကြပါတယ်။ ဥပမာ သြစတေးလျက လက်ရှိဘဏ္ဍာရေးဝန်ကြီး ပင်နီဝမ်း (Penny Wong) လိုပေါ့။ မလေးရှားကနေ ထွက်ခွာဖို့  အခွင့်အလမ်းမရကြသူတွေဆိုရင်လည်း သာတူညီမျှ မရှိတဲ့ ပေါ်လစီတွေကြားကနေ စီးပွါးရေးကောင်းကောင်း လုပ်နေနိုင်ကြတယ်။ သူတို့ က အင်ဒိုနီးရှားမှာ ရှိတဲ့ တရုတ်တွေနဲ့ မတူကြ ပါဘူး။ အင်ဒိုနီးရှားက တရုတ်တွေဆိုရင် လိုင်စင်တွေလက်ထဲကိုင်ထားပြီး စီးပွါးရေး ဘယ်လိုလုပ်ရမှန်းမသိတဲ့  အင်ဒိုတွေနဲ့လက်တွဲ အလုပ်လုပ်နေ ကြရတယ်။ အင်ဒိုနီးရှားက တရုတ်တွေဆိုရင် ပင်ပင်ပန်းပန်းလုပ်ရမယ့် အ လုပ်တွေဆို သူတို့ပဲလုပ်ရတယ်။ နိုင်ငံရဲ့ စီးပွါးရေး တိုးတက်လာအောင်လည်း ကူညီးဖေးမပေးရတယ်။ ပြန်ရတာက မဆိုသလောက် ရှယ်ယာဝေစုလောက် ပဲ။ မလေးရှားက တရုတ်တွေကတော့ နိုင်ငံခြားတက္ကသိုလ်တွေမှာ ပညာသင် ကြားခွင့် ရပြီး အဲဒီနိုင်ငံတွေမှာပဲ ဆက်နေကြတယ်။



မလေးရှားရဲ့ လူမျိုးရေးခွဲခြားမှု စနစ်ဟာ နိုင်ငံကို နောက်ကောက်ကျရစ်စေ ပါတယ်။ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့ လိုအပ်တဲ့ အရည်အချင်းတွေကို လူ မျိုးပေါင်းစုံဆီကနေ ဆွဲထုတ်ယူနေကြရတဲ့အခါမှာ ဒီလိုဖြစ်တော့ ခွန်အားက အလိုလို လျော့ကျသွားပါတယ်။ မလေးလူမျိုး ဦးစီးနေရမယ်ဆိုတဲ့ ပေါ်လစီ က အခြားအရည်အချင်းရှိတဲ့လူမျိုးတွေကို လက်လွတ်သွားစေတယ်။ လတ်တလော အနေအထားမှာတော့ မလေးအစိုးရက ဒါကိုသဘောပေါက်ပြီး နိုင်ငံခြားရောက်နေတဲ့  မလေးတရုတ်၊ အိန္ဒိယန်းတွေကို ပြန်ခေါ်ဖို့  စည်း ရုံးနေကြတယ်။ တကယ်က ဒီကြိုးစားမှုဟာ သိပ်ကိုနောက်ကျနေပြီးဖြစ်ပါ တယ်။
ဂလိုဘယ်လိုက်ဇ် ဖြစ်လာတဲ့  ကမ္ဘာရဲ့ ဘယ်နိုင်ငံကမဆို အရည်အချင်း၊ အရည်အသွေးနဲ့ ဦးနှောက်ကောင်းကောင်းတွေကို ရအောင်စည်းရုံးပြီး စီးပွါးရေးမောင်းနှင်ဖို့ ကြိုးစားနေကြတာပါ။ မလေးရှားဟာ ဒီပြိုင်ပွဲမှာ ရှုံးနေ ပြီး တစ်ခြားနိုင်ငံတွေက သူတို့ ထက်လက်ဦးမှု ရယူခဲ့ကြ ပြီးဖြစ်နေပါတယ်။

ဆက်ရန်

ဆန္ဒစောသွားတာ


အာဆင်ဝင်းဂါး ပြောပါတယ်။ နှစ်ဂိုးပဲရှုံးသေးတာ လက်ထဲကရေသန့်ဗူးကို ကိုင်ပေါက်လိုက်တော့.....
တစ်ယောက် နီ၊ ပင်နယ်တီပေးရ။ သုံးဂိုး ရှုံးချိန်ကျတော့ ကိုင်ပေါက်စရာရေ သန့်ဗူး လက်ထဲမှာ မရှိတော့ဘူး။ ဆန္ဒစောသွားတာ။
နာရီဝက်မပြည့်သေးဘူး။ ချယ်လ်ဆီး ၃ အာဆင်နယ် ၀။ (၁၀ ယောက်နဲ့)

အရိပ်မိုးသစ်ပင်


ရာသီဥတုကြောင့် အပွင့်ကပိုကြီးလာတယ်။ နှစ်တိုင်းလည်းမပွင့်ဘူး။
တက်နေရတဲ့ အရှေ့ဖက်အခြမ်းက အရင်ပွင့်တယ်။
နာမည်ကြောင့် ဗေဒင်ယတြာရဲ့ လောကဓံကိုလည်း တော်တော်ခံရတယ်။
ပွင့်လတံ့သောဘုရားရှင်ရဲ့ အရိပ်မိုးသစ်ပင်လို့လည်း နှောင်းပိုင်း ဗုဒ္ဓဘာသာ ကဆိုကြတယ်။


သား အဖ ဒိုင်ယာလော့ဂ်


သား။ ။ မနက်ဖြန် ကျောင်းမသွားချင်ဘူး ဖေဖေ။
ဖေဖေ။ ။ သွားရမှာပေါ့ သားရယ်၊ ဘာဖြစ်လို့လဲ။သမ္မတကြီးလင်ကွန်းဆိုရင် သားတို့အရွယ်မှာ ၁၇ မိုင်အထိ သွားပြီးကျောင်းတက်ခဲ့ရတာ။
သား။ ။ ဟုတ်ပါတယ် ဖေဖေ။ နောက်ပြီး......
ဖေဖေ။ ။ နောက်ပြီး ဘာဖြစ်လဲ သား။ ပြောလေ။
သား။ ။ သူက ဖေဖေ့အရွယ်မှာ သမ္မတကြီးဖြစ်နေပြီနော်။

အနိစ္စ


စတော့အရောင်းအဝယ်သမားက နှစ်စဉ်သုံးဆလောက်အမြတ်ရနိုင်တယ်
ဆိုပြီး စတော့တစ်ခုကိုဝယ်ဖို့ လာစည်ရုံးနေတယ်။
ဒါနဲ့ ကျနော်က"ကျနော့်အရွယ်မှာ ငှက်ပြောသီးတောင် အခွံစိမ်းနေရင် မဝယ်တော့ဘူး"လို့ ပြန်ပြောလိုက်တယ်။
(ကလော်ဒီ ပက်ပါ)

A stockbroker urged me to buy a stock that would triple its value every year.
I told him, 'At my age, I don't even buy green bananas.'
Claude Pepper(1900-1989)

အနုသယကတော့ အနုသယပေါ့


"ကိလေသာက ပယ်လို့ရတယ်၊ အနုသယက ပယ်ဖို့ပိုခက်တယ်"
ဖွင့်ဆိုချင်တဲ့ဆရာက ဒီအဆိုကို အလွန်အမင်း ခိုင်စေချင်တော့ အရှင်သာရိ ပုတ္တရာကြီး မဆီမဆိုင် ရေမြောင်းနှစ်ခါခုန်တော်မူလိုက်ရတယ်။
(ကိလေသာကိုသာ သတ်ပြီး အနုသယကိုတော့ မသတ်နိုင်ဆိုတဲ့သဘော)
ဒကာက စေတနာပျက်သွားတော့ လှူမယ့်သင်္ကန်းသုံးစုံကလည်း တစ်စုံပဲ ကျန်တော့တယ်။
ဒါကိုသိတော်မူလို့ အရှင်မြတ်ကြီးက နောက်ဆုံးရေမြောင်းရောက်တော့ "ခုန်တော်မမူ" တဲ့။
တစ်ခါမှ မခုန်ခင်(သို့) တစ်ခါခုန်ပြီးနောက်မှာလည်း ဒီ အရှင်မြတ်ကြီးက သိတော်မူနိုင်တာပဲမဟုတ်လား။ နှစ်ခါကြီးဆိုတော့.......။

အနုသယကတော့ အနုသယပေါ့။
"ဘုန်းဘုန်း၊ တပည့်တော်တို့ နဝကမ္မ ကပ်ချင်လို့"
"အေး၊ ဘာအတွက်ရည်စူးပြီးကပ်မှာလဲ"
"ဘာအတွက်ရယ်မှတော့ မဟုတ်ပါဘူးဘုရား"
"ဒါဆိုလည်း ကပ်မနေပါနဲ့ကွာ"
"ဟင် ဒါဆို မကပ်ရတော့ဘူးလား"
"ကပ်ရပါတယ်"
"ဘုန်းဘုန်းကလည်း ဒီလိုလုပ်ပါ"
"အေးပါ၊ လုပ်ပါတယ်"

သီဟနာဒလိုကောင်က ဒီလို(စိတ်ကသိကအောက်ဖြစ်စရာ) ဝါသနာ၊ ဗီဇ၊ အနုသယကတွေရှိပေမဲ့ အရှင်သာရိပုတ္တရာကြီး ရေမြောင်းနှစ်ခါခုန်တာ ကတော့ ဆရာ လက်လွန်သွားတယ် ထင်တာပဲ။ မဟုတ်ဘူးဆိုလည်း ပြီးတာပါပဲ။
ပေါ့ပေါ့ပါးပါးပါ။

သာရေး နာရေး၊ လွမ်းတာနဲ့ ဝမ်းစာ


မနေ့က အဖွားကြီးတစ်ယောက်ရဲ့ ဈာပန ကို သွားခဲ့ရသည်၊ ရေစက်ချလို့ အပြီး ယူလော်ဂျီတွေ ပြောကြတဲ့ အထဲမှာ သွားလေသူရဲ့ မြေးမကလေးနဲ့ သူမကို အနီးကပ် စောင့်ရှောက်ခဲ့ရတဲ့ အိမ်ဖော်မလေးလည်း ပါဝင်ခဲ့တယ်။
ထူးဆန်းသည်က မြေးမလေးက မျက်ရည်လည်း မကျ၊ ဘာမှလည်း ထူး ထူးခြားခြား မခံစားရသလို ပြောသွားခဲ့ပေမယ့် အိမ်ဖော်မလေးကတော့ ဝမ်းနဲ တကြီးငိုနေတာနဲ့ ယူလော်ဂျီတောင် ကောင်းကောင်း အဆုံးမသပ်နိုင်ခဲ့ပေ ဘူး။
ဘာမှမဟုတ်ပေမယ့် စဉ်းစားစရာတွေတော့ အများကြီးပဲရှိနေသည်။ မြေး မလေးက အမှန်တကယ် တည်ငြိမ်တာလား၊ အိမ်ဖော်မလေးက အဖြစ် သည်းတာလား။ မဆုံးခင်မှာ သွားလေသူနဲ့ အနီးဆုံးမှာ ရှိနေခဲ့တာ၊ သူ့ ဒုက္ခကို နားလည်နိုင်တာက မြေးမလေးလား၊ အိမ်ဖော်မလေး လား။

"ဒီ လူနာဆုံးသွားရင် ကျမလည်း အလုပ်ပြုတ်သွားပြန်ပြီ"လို့ တစ်ခါက အိမ်ဖော်မလေးတစ်ယောက် ပြောခဲ့တာက မဆီမဆိုင် ခေါင်းထဲ ဝင် လာသေးသည်။
အရင်က ရှုပ်ပြီးသား ဘဝထဲ ခေတ်သစ် လူနေမှုစနစ်ဖြစ်တဲ့ အချိန်ပါးလျမှု၊ မနေမနား ရုန်းကန်နေရမှု ထည့်လိုက်တော့ သံယောဇဉ် အထူအပါးနဲ့ နေရာ အထားအသိုတွေလည်း လွဲသွားနိုင်တာပဲ မဟုတ်လား။
ရေးတတ်ရင် ဝတ္ထု တစ်ပုဒ်ပါပဲ။ နေရေး သေရေး။ သာရေး နာရေး။ လွမ်းတာနဲ့ ဝမ်းစာ။ ဘဝ ထိုထိုတို့သည် .....................(ပို့စ် အဟောင်း)

ဒီနေ့ မိမိအတွက် အစစအရာရာကို အကူအညီပေးနေသူ ဒေါက်တာ ဂျွန် လီ၏ ဖခင်ဈာပနကိုသွားခဲ့ရသည်။
မရဏဿတိနဲ့အတူ ၂၀၀၃ ခုနှစ်ကနဲ့စာလျင် မြန်မာအိမ်ဖော်တွေ ဒီနေ့ ပိုများလာနေပါလားဆိုသည့် သတိပါ မဆီမဆိုင်ရလိုက်မိသည်။
မစ္စတာ စီနီယာလီ သုဂတိရောက်ပါစေ
ပျော်လို့လာသူမရှိ၊ အိမ်ရှင်ကောင်းနဲ့ တွေ့ကြပါစေ

လူ့ယဉ်ကျေးမှုပဋိပက္ခနဲ့ ကမ္ဘာသစ်တစ်ခုကို ပုံဖော်ခြင်း (၅)


(ဆင်မြူယယ် ဖီးလစ် ဟန်တင်တန်)

(အချုပ်။ ။ ကမ္ဘာ့နိုင်ငံရေးကို (၁)ယူနီဗာဆယ် စတိတ်စ်၊ (၂) နှစ်ခြမ်းသော ကမ္ဘာ၊ (၃) ၁၈၄နိုင်ငံ၊ (၄) ကမောက်ကမကမ္ဘာ ဆိုတဲ့ ပါရာဒိုင်းလေးခုစလုံး ရဲ့ ကောက်ချက်တွေကို ငြင်းပယ်လိုက်ပြီး "စီဗီလိုက်ဇေးရှင်းပါရာဒိုင်း" အသစ်ကို ဟန်တင်တန် ဆွဲကြည့်လိုက်ပုံပါ။ ကမ္ဘာ့နိုင်ငံရေးကိုစိတ်ဝင်စားရင် ဒီနေ့ ယူကရိန်းနဲ့ ရုရှားကြားက ခရိုင်းမီးယား(ခရီးမီးယားလို့လည်း အသံ ထွက်တယ်) ပြဿနာနဲ့ ဟန်တင်တန်ရဲ့ ကောက်ချက်ကို နှိုင်းယှဉ်ကြည့်နိုင် ကြဖို့ ကျော်ခွပြီး တင်ပေးလိုက်ပါတယ်။)

ဒီ ပါရာဒိုင်းတွေကိုကြည့်ရှုပြီး အနာဂတ်ခန့်မှန်းချက်တွေကိုလည်း ထုတ် ကြည့်နိုင်ပါတယ်။ ဘယ်ကိစ္စအတွက် ဘယ်ပါရာဒိုင်းကို အသုံးပြုမယ်ဆိုတာ
သိရင် ပိုပြီးတိကျတဲ့အဖြေကိုရရှိနိုင်ပါတယ်။ ဥပမာအားဖြင့် နိုင်ငံတော်များ ပါရာဒိုင်း ကိုကြည့်ပြီး ဂျွန် မီယာရှေးမာ (John Mearsheimer)က ဒီလို သုံးသပ်ခဲ့ပါတယ်။
"နိုင်ငံတော်များပါရာဒိုင်း"က ညွှန်ပြနေတာကိုကြည့်ရင် ရှုရှားနဲ့ယူကရိန်းကြား မှာ လုံခြုံရေးနဲ့ပတ်သက်လို့ ပြဿနာအကြီးအကျယ် ဖြစ်တော့မလိုရှိနေပါ
တယ်။ နယ်မြေချင်းဆက်စပ်၊ အဆီးအတားလည်းမရှိတဲ့ ရုရှားနဲ့ယူကရိန်းလို ပါဝါကြီးနိုင်ငံတွေကြားမှာ လုံခြုံရေးအတွက် အစိုးရိမ်လွန်ပြီး စစ်တပ်အင်အား ပြိုင်ဆိုင်တပ်ဆင်လာမှုတွေ ရှိလာနိုင်ပါတယ်။ သူတို့နှစ်နိုင်ငံလုံးဟာ ဒီအ ကြပ်အတည်းကို ကျော်လွှားပြီးအတူတကွ ညီညီညွတ်ညွတ်နဲ့ ဘယ်လိုနေ ထိုင်ရမယ်ဆိုတာကိုလည်း သဘောပေါက်ကောင်း ပေါက်လာနိုင်ပါတယ်။ သူတို့သဘောပေါက်လာမယ်ဆိုရင်တောင် ဒါဟာ အထူးအဆန်း တစ်ခုေ တာ့ ဖြစ်နေပါလိမ့်မယ်" Note-16

စီမီလိုက်ဇေးရှင်းကို အခြေခံပြီးချဉ်းကပ်ကြည့်တဲ့ အမြင်က သူတို့အကြား ရင်းရင်းနှီးနှီးရှိတဲ့ ယဉ်ကျေးမှု၊ လူမှုရေးနဲ့(အပြန်အလှန်လက်ထပ်မှု စသည်) သမိုင်းကြောင်းဆိုင်ရာအချက်အလက်တွေကို ကြည့်သလို ယူကရိန်း အရှေ့ ပိုင်းက အော်သိုဒေါက်(စ်)တွေနဲ့ ယူကရိန်းအနောက်ပိုင်းက ယူနီယိတ်တွေ (Uniate) ရဲ့ ယဉ်ကျေးမှု ကွဲပြားနေတာကိုလည်း ရှုမြင်ပါတယ်။ "နိုင်ငံတော် များပါရာဒိုင်း"ရဲ့ အဓိကအချက်က နိုင်ငံတော် "စည်းလုံးညီညွတ်ရေးနဲ့ ကိုယ် ပိုင်ဝိသေသလက္ခဏာ" ရရှိပိုင်ဆိုင်ရေးဖြစ်ပါတယ်။ ဒါတွေရရှိဖို့ကလည်း နိုင်ငံတိုင်းအတွက် သမိုင်းတစ်လျှောက်လုံး အရေးကြီး တဲ့အခန်းကဏ္ဍမှာ ရှိနေပါတယ်။ ဒီအချက်ကို John Mearsheimer က လျစ်လျူရှုခဲ့တယ်။

"နိုင်ငံတော်များပါရာဒိုင်း"ကိုအခြေခံကြည့်တဲ့အမြင်ကရုရှားနဲ့ယူကရိန်းကြားမှာ စစ်ပွဲဖြစ်နိုင်တယ်လို့မီးမောင်းထိုးပြနေချိန်မှာ စီမီလိုက်ဇေးရှင်းကို အခြေ ခံပြီးကြည့်တဲ့အမြင်ကတော့ ရုရှားနဲ့ယူကရိန်းစစ်ဖြစ်ဖို့ထက် ယဉ်ကျေးမှုကို အခြေခံပြီး ယူကရိန်းနှစ်ခြမ်းကွဲထွက်သွားမယ်လို့ ပိုပြီးညွှန်ပြနေပါတယ်။ အဲသလိုနှစ်ခြမ်းကွဲသွားမယ်ဆိုရင် ချက်ကိုစလိုဗေးကီးယားမှာဖြစ်ပွားခဲ့တာ ထက် အကြမ်းဖက်မှုပိုများပြီး ယူဂိုစလားဗီးယားလောက်တော့ သွေးထွက် သံယိုမှု ရှိမှာမဟုတ်ဘူးလို့ခန့်မှန်းပြနေပါတယ်။
မတူညီတဲ့ခန့်မှန်းမှုတွေကြောင့် မတူညီတဲ့ပေါ်လစီတွေ ပေါ်ပေါက်လာစရာ လည်း ရှိနေနိုင်ပြန်ပါတယ်။ မီယာရှေးမားရဲ့ "နိုင်ငံတော်များပါရာဒိုင်း"အခြေ ခံ ခန့်မှန်းမှုအရ ရုရှားနဲ့ယူကရိန်းအကြားစစ်မက်ဖြစ်ပွားဖို့ရှိပြီး ရုရှားက ယူက ရိန်းကို နိုင်လိမ့်မယ်လို့ခန့်မှန်းထားပါတယ်၊ သူ့ရဲ့ဒီခန့်မှန်းချက်က အနုမြူ လက် နက်ပိုင်ဆိုင်လာအောင်အားထုတ်ဖို့ ယူကရိန်းကိုလည်း အားပေးနေပြန်ပါတယ်။

စီမီလိုက်ဇေးရှင်းအခြေခံရှုမြင်သုံးသပ်မှုက ရုရှားနဲ့ယူကရိန်းတို့ရဲ့ ညီညွတ်ရေးကိုတွန်းအားပေးတယ်။ အနုမြူလက်နက်ပိုင်ဆိုင်ဖို့အစီအစဉ်ကို လက်လျှော့ပြီး ယူကရိန်းရဲ့ စည်းလုံးညီညွှတ်ရေးနဲ့လွတ်လပ်ရေးကို အထောက် အ ကူဖြစ်စေမယ့် စီးပွားရေးတိုးတက်မှုကို အဓိကထားဆောင်ရွက်ဖို့ ယူကရိန်း ကို တိုက်တွန်းနေပါတယ်။ နောက်ပြီးယူကရိန်းနှစ်ခြမ်းကွဲထွက်မသွားအောင် အရေးပေါ်အစီအမံတွေ ချမှတ်လုပ်ဆောင်ဖို့ လမ်းညွှန်ပြနေပြန်ပါတယ်။

စစ်အေးလွန်ကာလမှာဖြစ်ပွားခဲ့တဲ့ အရေးတကြီးကိစ္စတွေဟာစီမီလိုက်ဇေးရှင်း အခြေခံအမြင်နဲ့ သဟဇာတဖြစ်ပြီး ဒီအမြင်ကိုအခြေခံပြီး ကြိုတင် ခန့်မှန်းချက်တွေကိုလည်းထုတ်ယူနိုင်ပါတယ်။ ခန့်မှန်းသုံးသပ်မှုတွေထဲမှာ ဒါတွေပါဝင်ပါတယ်။

ဆက်ရန်

ထိုင်း - အောက်ခြေလူတန်းစား တစ်ခေတ်ဆန်းခြင်း (အမေးအဖြေ)


လူတစ်ယောက်ရဲ့ ကမ္ဘာ့ အမြင်
(အခန်း ၅၊ အရှေ့တောင်အာရှ)

"ထိုင်းလူမျိုးတွေရဲ့ သမိုင်းကို သိထားမှ ရမယ်။...ဘယ်သူက နိုင်ခြေ ရှိသ လဲ၊ ဘယ်သူက ပိုပြီးအားကောင်းသလဲ၊ ထိုင်း ကတော့အဲဒီလူနဲ့ ပေါင်းမှာပဲ" (လီကွမ်းယု)

မေး။ ။ သက်ဆင် နိုင်ငံရေးလောကထဲ ရောက်လာပြီးတဲ့နောက် ဖြစ်ပေါ် လာတဲ့ အပြောင်းအလဲတွေအပေါ် ဝေဖန်သုံးသပ်သူတချို့ကတော့ အေ ကာင်း မမြင်ကြဘူး။ ၁၉၉၀ ခုနှစ်တွေတုံးက ဆိုရင် ၀န်ကြီးချုပ်ဟာ ထိုင်းနိုင် ငံရဲ့ ရေရှည် စီးပွားရေး တိုးတက်လာအောင် ဘယ်လို လုပ်ဆောင်နိုင်ခဲ့ တယ်၊ ၂၀၀၁ခုနှစ် သက်ဆင် အာဏာရပြီးတဲ့နောက် သူ့ကို လူကြိုက်များေ အာင် ရေတို စီမံကိန်းတွေပဲလုပ်၊ ဆင်းရဲသား တွေကို အကူအညီပေး စတဲ့ ရေတို စီးပွားရေးပဲ ဖြစ်နေခဲ့တယ် တဲ့။
ဖြေ။ ။ မဟုတ်ပါဘူး။ ဒါက တစ်ဖက်သပ်အမြင်ပါ။ တကယ်က သူ့ကို ဝေ ဖန် နေသူတွေထက် ကောက်ချက်ချရာမှာ သက်ဆင်က ပိုတော်သလို အစွမ်း အစလည်း ပိုရှိတယ်။ ဒါကြောင့်လည်း သူက ထိုင်း အရှေ့ မြောက်ပိုင်း မှာ ခြေကုတ်ယူပြီး အတိုက်အခံတွေကို ကျော်လွှားခဲ့တာ။

မေး။ ။ ကျေးလက်လူထုရဲ့ ထောက်ခံမဲတွေ များနိုင်သမျှများအောင် အားပြိုင်မှုတစ်ခု ဖြစ်မယ်ဆိုတဲ့ စိုးရိမ်မှု လည်း ရှိနေတယ်။
ဖြေ။ ။ ဒါဆို ဆင်းရဲသားတွေကို ထောက်ပံ့ဖို့ ငွေ ဘယ်ကရမှာလဲ။

မေး။ ။ ဟုတ်တယ်။ အဲဒါက ပြဿနာပဲ။
ဖြေ။ ။ မင်းပြောတာ မဟုတ်ဘူး။ ဆင်းရဲသားတွေကို ထောက်ပံ့ဖို့ အရံသင့် ရံပုံငွေ ရှိနေပြီးသား ဖြစ်ရမယ်။ မရှိဘဲ သူတို့ကို ထပ်ပေးရင် ဘတ်ဂျက်က ကွက်တိ ဖြစ်သွားပြီ(အပို မရှိတော့ဘူး)။ ဒါဆိုရင် အခွန်ကို တိုးကောက် ရတယ်။

မေး။ ။ ဒါမှ မဟုတ် ချေးငှားပြီးတော့ရော။
ဖြေ။ ။ ပြန်ရနိုင်ခြေ မရှိဘဲနဲ့ ဘယ်သူက ချေးမှာလဲ။

မေး။ ။ လူကြိုက်များတဲ့ ပေါ်လစီကို ကျင့်သုံးရင်း ရေရှည်မှာ သက်ဆင် ရဲ့ ပေါ်လစီ အကျပ်တွေ့မယ်လို့ မစ္စတာလီက မထင်ဘူးပေါ့။
ဖြေ။ ။ မထင်ပါဘူး။ ၀င်လာနိုင်တဲ့ ဘတ်ဂျက်ထက် ပိုသုံးမယ်လို့ ငါ မထင် ဘူး။

မေး။ ။ သက်ဆင်အပေါ် မစ္စတာလီ ဘယ်လို မြင်ပါသလဲ။
ဖြေ။ ။ အကျိုးသက်ရောက်မှု မြန်မြန် ရရှိအောင် လက်တွေ့ကျ၊ အလုပ်ကြိုး စားတဲ့ ခေါင်းဆောင်တစ် ယောက်လို့ မြင်တယ်။ သူ့ စီးပွားရေးလောက အတွေ့အကြုံတွေကို သူ ယုံကြည်တယ်။ စီးပွားရေး သီအိုရီတွေထက် သူ့ ပင် ကိုယ် ဖြတ်ထိုးဉာဏ်ကို အားကိုးတယ်။ သူ ဘန်ကောက်ကနေ စင်္ကာပူကို ကားတွေနဲ့ လာတုံး ငါနဲ့တွေ့တော့ သူက စင်္ကာပူ ဘယ်နည်းနဲ့ အလုပ်ဖြစ်နေ တယ်ဆိုတာကို သဘောပေါက်တယ်။ အဲဒီ ခရီးစဉ်တုံးက ပညာရေး၊ အရည် အချင်း၊ လေ့ကျင့်သင်ကြားပေးခြင်း စတာတွေ အားလုံး လူတန်းစား အလွှာစုံ ခံစားခွင့်ရှိတယ် ဆိုတဲ့ စင်္ကာပူရဲ့ ပေါ်လစီကို သူ တွေ့သွား၊ မသွားတော့ ငါလည်း မသေချာဘူး။ ထိုင်း အရှေ့မြောက်ပိုင်း လူဦးရေမှာ ထိုင်းလူမျိုး ထက် လာအိုလူမျိုး တွေ ပိုများတယ်ဆိုတာ မေ့ထားလို့ မရဘူး။

မေး။ ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်လောက်တုံးက ထိုင်းဟာ စင်္ကာပူကို ခရီးလမ်းပို့ဆောင်ရေး၊ ကုန်ထုတ်လုပ်မှုနဲ့ နိုင်ငံခြားသားတွေရဲ့ ကျန်းမာရေး ကို စောင့်ရှောက်မှုတွေမှာ အားပြိုင်လာနိုင်စရာ ရှိတယ်လို့ ပြောဆိုခဲ့ကြဖူး တယ်။ အခုရော ဒီလို ထင်နေကြဆဲပဲလား။
ဖြေ။ ။ သူတို့ ပထ၀ီ အနေအထားကိုလည်း ကြည့်လေ။ သင်္ဘောနဲ့ ဘန်ကောက်ကို ကွင်းသွားလို့ရတယ်။ စင်္ကာပူကို ကွင်းသွားလို့ မရဘူး။

မေး။ ။ လေကြောင်းက ဆိုရင်ရော။
ဖြေ။ ။ သူတို့ အရည်အချင်းနဲ့ ပညာရေးက ဘယ်လောက် အဆင့်မြင့်နေ လို့လဲ။ တို့ထက် ပိုတော်နေမှ ရမှာ လေ။
မေး။ ။ သူတို့က ကျွန်တော်တို့ထက် ပိုသာလာစရာ ရှိသလား။
ဖြေ။ ။ တစ်-ငါတို့က အင်္ဂလိပ်စာ တစ်ပမ်းသာတယ်။ နှစ်-ပိုလီတို့၊ ITF တို့ လို အဆင့်မြှင့်တင် ပညာရေး အဆောက်အဦတွေ ရှိတယ်။ ဒီကျောင်းတွေက ထွက်ရင် လုံးဝ အရည်အချင်းမရှိတဲ့လူ မဖြစ်နိုင် တော့ဘူး။ ဒီလို စနစ်ကျတဲ့ ပညာရေးကို သန်း (၆၀) ရှိတဲ့ ကျေးလက်က လူတွေအထိ ပေးနိုင်လိမ့်မယ် လို့ ထင်လို့လား။

မေး။ ။ ပထ၀ီ နိုင်ငံရေးဘက်ကို လှည့်ကြဦးစို့လား။ ဗီယက်နမ် စစ်ပွဲအတွင်း မှာ ထိုင်းကို သူ့တို့ဌာနခွဲ အနေနဲ့ အမေရိကန်တွေက မဟာမိတ်ဖွဲ့ပြီး အသုံးပြု ခဲ့ကြတယ်။ သူတို့ နှစ်နိုင်ငံ မဟာမိတ်အဖြစ် ဆက်ရှိနေ ဦးမလား။
ဖြေ။ ။ ဒါကြောင့်တော့ ဘာမှ ထူးခြားလာမှာ မဟုတ်ပါဘူး။ ဒီမှာ မေးခွန်းက သူတို့ချင်း စိတ်ဝင်စားမှု တူညီသလား ဆိုတာပါ။ ဦးတည်ချက်ချင်း ကိုက်ညီနေမှ တစ်ဦးနဲ့ တစ်ဦး အကျိုးရှိ နိုင်တာပါ။ ဥပမာ နေတိုး (Nato) အဖွဲ့ လိုပေါ့။ ဆိုဗီယက်ကြီး မပျိုကွဲခင်က သူတို့အားလုံး ညီညွတ်နေကြ တာပဲ။ ဆိုဗီယက်ပြိုကွဲသွားတဲ့နောက် နေတိုးလည်း အကျိုးသက်ရောက်မှု သိပ်မရှိတော့ ဘူးလေ။

မေး။ ။ ၁၉၉၇ ခု၊ အာရှမှာ စီးပွားရေး အကျပ်ရိုက်တော့ အပြောင်းအလဲ တစ်ခု ဖြစ်သွားခဲ့တယ်။ တော်တော် များများက ထိုင်းကို အမေရိကန်တွေက လာပြီး အကူအညီပေး (ကယ်ထုတ်) လိမ့်မယ်လို့ ထင်ထားခဲ့ တာ။ တကယ်တော့ အမေရိကန်က ရောက်မလာခဲ့ဘူး။ အဲဒီနောက် ထိုင်းက တရုတ်ကိုပိုပြီး အားကိုး ရမယ့်အနေအထား ရှိမယ်လို့ သုံးသပ်ခဲ့ကြတယ်။
ဖြေ။ ။ ဒါက ဒီလိုလေ၊ ဗီယက်နမ် စစ်ပွဲပြီးသွားတော့ အမေရိကန်တွေ အတွက် ထိုင်းရဲ့တန်ဖိုး (အသုံးဝင်မှု) ကလည်း ကျသွားပြီလေ။

မေး။ ။ ဒီ ဒေသတွင်းမှာ သြဇာလွှမ်းမိုးမှု ကြီးကြီးလာတဲ့ တရုတ်ကို ထိုင်းက ဘယ်လို တုန့်ပြန်မယ်လို့ ထင်မိပါသလဲ။
ဖြေ။ ။ ထိုင်းလူမျိုးတွေရဲ့ သမိုင်းကို သိထားမှ ရမယ်။ ဂျပန်တွေ အားကောင်းစဉ် အရှေ့တောင်အာရှကို ၀င်တိုက်မယ်လုပ်တော့ ဂျပန်စစ် သားတွေကို သူတို့ နိုင်ငံထဲ ၀င်ခွင့်ပြုခဲ့တယ်။ ဒါက ဂျပန်စစ် သားတွေအ တွက် မလေးရှားနဲ့ စင်္ကာပူထဲဝင်ဖို့ ပိုလွယ်ကူသွားစေတယ်။ ဒီတော့ ဘယ်သူ က နိုင်ခြေ ရှိသလဲ၊ ဘယ်သူက ပိုပြီး အားကောင်းသလဲ၊ ထိုင်းကတော့ အဲဒီလူနဲ့ ပေါင်းမှာပဲ။

ထိုင်း အမေး၊ အဖြေ ပြီး 

God


ထာဝရဘုရားသခင်က လူတိုင်းကို မတူအောင်ဖန်ဆင်းပေးခဲ့တယ်။
တရုတ်ပြည်ရောက်တော့မှ
ဘုရားသခင်လည်း ခြေကုန်လက်ပမ်းကျသွားတော့တယ်။
(ဒါ့ကြောင့် ခွဲလို့မရအောင်တူနေတာတွေ အများကြီးဖြစ်သွားရော)

ကျနော် ကြားရတာ စိတ်ကုန်နေပြီ (အဆက်)

အပိုင်း (၁)

Bill Cosby "I'm 83 and Tired" 
ကျနော် ကြားရတာ စိတ်ကုန်နေပြီ
ဆေးစွဲသူက ရောဂါရ၊ သူ့ကိုဆေးကုသဖို့ ကျနော်က ကူညီရမတဲ့
ပိုက်ခေါင်းထဲက အငွေ့တွေရှူ
အဖြူရောင်အမှုန့်တွေ နှာခေါင်းနဲ့ ရှိုက်
ဆေးထိုးအပ်နဲ့ လက်မောင်းထဲ ထိုး
ဖြတ်ဖို့ရော ကြိုးစားကြသလား။

ကျနော် ကြားရတာ စိတ်ကုန်နေပြီ
လူချမ်းသာ အကစားသမားတွေ၊ အနုပညာရှင်တွေနဲ့ နိုင်ငံရေးသမားတွေရဲ့
အပြစ်မရှိတဲ့ အမှား၊ ရူးနှမ်းတဲ့အမှား၊ ငယ်သူမို့ အမှားဆိုတာတွေ
ကျနော်တို့ သိတော့မှ
အမှားဆိုတာ လူမိမှသာ အမှားဖြစ်တာလို့ ခံယူကြ။
ဆင်းရဲချမ်းသာ လူတန်းစားခွဲခြားလိုစိတ်ကို ငြီးငွေ့တယ်။

ကျနော် ကြားရတာ တကယ် စိတ်ကုန်နေပြီ
သူ့ဘဝ၊ သူ့အပြုအမူကို တာဝန်မယူတဲ့လူတွေအကြောင်း
ပြီးရင် အစိုးရကို အပြစ်ဖွဲ့၊ လူတန်းစားခွဲခြားတယ်လို့ အပြစ်ဖွဲ့
သူတို့အမှားတွေအတွက် ကြီးကြီးကျယ်ကျယ်တွေ ရမယ်ရှာအပြစ်ဖွဲ့။

ကျနော်မြင်ရတာ စိတ်ကုန်နေပြီ
ဆက်ကျော်သက်နဲ့ နှစ်ဆယ်စွန်းစွန်း လူငယ်တွေ
ထိုးကွင်းမှင်ကြောင်တွေ ဟိုနေရာထိုး ဒီ နေရာထိုး
အလုပ်ရှာမရတော့
အစိုးရဆီက ထောက်ပံ့ကြေးယူကြ။

ကျနော် စိတ်ကုန်နေပြီ
ကံကောင်းတာက ကျနော့်အသက် ၈၃
ဒီလူတွေနဲ့ ဒီကမ္ဘာ အကြာကြီးမြင်ရမှာ မဟုတ်တော့ဘူး
မြေးမလေးနဲ့ မြစ်တွေအတွက်သာ စိတ်မကောင်းဖြစ်မိ
ကျေးဇူးပါ ဘုရားသခင်
ကျနော်က ထွက်သွားတော့မယ့်လူ
အသစ်ဝင်လာသူ မဟုတ်။

တစ်ယောက်ကိုတစ်ယောက် မမျှဝေရင်
ဒီစာမျိုးကိုကို ဘယ်သူကမှ ပုံနှိပ်ဖြန့်ဝေမှာ မဟုတ်
အပြောင်းအလဲ ဖြစ်လိုဖြစ်ငြား ကြိုးစားဖြန့်ဝေကြည့်ပါလား။

ပြီး


လူ့ယဉ်ကျေးမှုပဋိပက္ခနဲ့ ကမ္ဘာသစ်တစ်ခုကို ပုံဖော်ခြင်း (၄)


(ဆင်မြူယယ် ဖီးလစ် ဟန်တင်တန်)

အမှာ။ ။ တာဝန်ကြီးလှတဲ့စာအုပ်ဖြစ်သလို ဘာသာပြန်ဆိုပုံ၊ ကျမ်းညွှန်း၊ သူ့ အမှာ၊ ကိုယ့်အမှာတွေကိုလည်း အကြိမ်ကြိမ် စစ်ဆေးမှရမယ့်သဘော ရှိပါ တယ်။ ဒီစာမူတွေကို ဖတ်ရှုပြီးတစ်စုံတစ်ရာ အကြံပေးမှု၊ ဝေဖန်မှုတွေကို ကြိုဆိုပါတယ်။

ဒီ တစ်ကမ္ဘာလုံး ညီညွတ်ရေး မျှော်လင့်ချက်ကို အများစုက လက်ခံခဲ့ကြ ပါတယ်။ နိုင်ငံ ခေါင်းဆောင်တွေနဲ့ ပညာရှင်တွေဆီမှာလည်း ဒီအမြင် ရှိခဲ့ ကြပါတယ်။ ဘာလင်တံတိုင်းကြီး ပြိုကျခဲ့တယ်၊ ကွန်မြူနစ်အစိုးရတွေ ပြုတ် ကျခဲ့တယ်၊ စစ်အေးကာလအတွင်းက ရန်သူ တော်ကြီးတွေကို မိတ်ဆွေ ပါ တနာတွေဖြစ်လာအောင် ကုလသမဂ္ဂက ကြားဝင်ဆောင်ရွက်ေ ပးနိုင် ခဲ့ပြီး ငွေကုန်ကြေးကျ မများဘဲ ငြိမ်းချမ်းရေး တည်ဆောက်လာနိုင်တယ်။ ကမ္ဘာ့ဦးဆောင်နိုင်ငံ(အမေရိကန်)ရဲ့ သမ္မတက “ခေတ်သစ်ကမ္ဘာရဲ့ လား
ရာ” ကို ကြွေးကြော်ခဲ့သလို စစ်ပွဲတွေအကြောင်း သုတေသနပြုဖို့ ခန့် အပ်ခြင်းခံရတဲ့ ကမ္ဘာ့ဦးဆောင်တက္ကသိုလ်ရဲ့ ဥက္ကဌကလည်း သူ့လေ့လာ မှုတွေကို ရပ်တန့် လိုက်ပြီး သူလည်း ဘယ်ရောက်သွားမှန်း မသိရတော့ ပါဘူး။ အဲဒီ ပါမောက္ခ ပြောတာက “ဟေ့၊ စစ်ပွဲတွေ မရှိနိုင်တော့ဘူးဆိုတော့ စစ်ပွဲအကြောင်းလည်း လေ့လာစရာ မလိုတော့ဘူး” တဲ့။

စစ်အေးကာလအပြီး ပျော်ရွှင်ခဲ့ရတဲ့ အခိုက်အတန့်ကလေးကစည်းလုံး ညီညွ တ်ခြင်းတံလျပ်တစ်ခုကို မွေးထုတ် ပေးခဲ့ပါတယ်။ ၁၉၉၀ ခုရောက်တော့ ကမ္ဘာဟာ တစ်မျိုးတစ်ဖုံ ပြောင်းလဲလာခဲ့ပါတော့တယ်။ ပြောင်းလဲလာ ပေ
မယ့် ငြိမ်းချမ်းရေးအသွင်တော့ မဆောင်ခဲ့ပါဘူး။ ပြောင်းလဲမှုက မလွဲ မသွေ ဖြစ်လာတတ်ပေမဲ့ တိုးတက်မှုဖြစ်ဖို့ကတော့ မရေရာလှပါဘူး။ ၂၀ ရာစု အဆုံးမှာ ဖြစ်ပေါ်ခဲ့တဲ့ အဓိကပဋိပက္ခကြီးတွေ ပြီးဆုံးသွားတဲ့ နောက်
မှာလည်း ဒီလို တံလျပ်ရေထင် ပျော်ရွှင်မှုမျိုး ဖြစ်စေခဲ့ဖူးတာပါပဲ။

ပထမကမ္ဘာစစ်ကတော့ စစ်ပွဲတွေကို အဆုံးသပ်ဖို့၊ တစ်ကမ္ဘာလုံး လုံခြုံအေး ချမ်းပြီး ဒီမိုကရေစီ ဖြစ်သွားအောင်လို့ လို့ဆိုခဲ့ကြပါတယ်။ ဒုတိယကမ္ဘာစစ်ကတော့ ဖရန်ကလင် စု(ဖ်)လဲ့ (Franklin Roosevelt) ပြော သလို ပြောရရင် “ဒုတိယကမ္ဘာစစ်ဟာ အရောင်အသွေးစုံ လှုပ်ရှားမှု၊ မဟာ မိတ်ပေါင်းစည်းမှု၊ ပါဝါချိန်ခွင်လျှာညီမျှစေမှု စတဲ့ ကြိုးစားတိုင်း အရာမထင် ခဲ့တဲ့ စနစ်တွေကို အဆုံးသတ်ပေးပြီး မေတ္တာကရုဏာနဲ့ ပြည့်စုံတဲ့ နိုင်ငံေ တွ ပေါင်းစုထားတဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ လူ့အဖွဲ့အစည်းကြီးကို မွေး ထုတ်ပေးနိုင်ပါလိမ့်မယ်။ နောက်ပြီး ဒါဟာ (ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်းဟာ) ထာဝရငြိမ်းချမ်းရေးရဲ့ အခြေခံ အဆောက်အဦလည်း ဖြစ်ပါတယ်” ပါပဲ။ (7)

ဒါပေမဲ့ ပထမကမ္ဘာစစ်က ကွန်မြူနစ်ဝါဒ၊ ဖက်ဆစ်ဝါဒကို မွေးထုတ်ပေး လိုက်ပြီး ဒီမိုကရေစီ ရဲ့ဆန့်ကျင်ဖက် လမ်းကြောင်းပေါ်ကို တွန်းပို့ပေးလိုက် ပါတယ်။ ဒုတိယကမ္ဘာစစ်ကတော့ (တကယ့်ကို) တစ်ကမ္ဘာလုံးဆိုင်ရာ စစ်အေးတိုက်ပွဲကြီးကို မွေးထုတ်ပေးခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီးမှာ ရတော့မလိုလို ထင်ရတဲ့ တံလျပ်ရေထင် ဟာမိုနီတွေဟာ လူမျိုးစုတိုက် ပွဲတွေ၊ အချင်းချင်းသတ်ဖြတ်မှုတွေ၊ ဥပဒေချိုး ဖောက်မှုတွေ၊ နိုင်ငံတွေ ကြားက အသစ်ဖြစ်ပေါ်လာတဲ့ပဋိပက္ခတွေ၊ ကွန်မြူနစ်လက်သစ်၊ ဖက်ဆစ် လက်သစ် ၀ါဒီတွေရဲ့ လှုပ်ရှားမှုတွေ၊ ဘာသာရေးအယူသည်းသူတွေရဲ့ အားပြိုင်မှုတွေ၊ အနောက်နိုင်ငံတွေနဲ့ ရုရှား တို့ကြားက “သံတမန်ဆန်တဲ့ အပြုံး” “နိုင်ငံရေးဆန်တဲ့ မျက်လုံး” ဆက်ဆံရေး ပျောက်ဆုံးသွားမှုေ တွ၊ သွေးထွက်သံယို ပဋိပက္ခတွေကို ကုလသမ္မဂနဲ့ အမေရိကန်တို့ကြားဝင် မဖြေရှင်းနိုင်မှုတွေ၊ တက်သစ်စ တရုတ်ပြည်ရဲ့ အားပြိုင်လာမှုတွေကြားမှာ (တံလျပ်ရေထင် ဟာမိုနီတွေဟာ) ပျောက်ဆုံးသွားခဲ့ရပါတော့တယ်။

ဘာလင်တံတိုင်းကြီး ပြိုကျပြီးတဲ့နောက် ငါးနှစ်အကြာမှာ အရင်ကထက် ပိုများလာတဲ့ လူမျိုးတုန်း သတ်ပွဲတွေ အကြောင်းတွေ ကြားသိလာခဲ့ရပါ တယ်။
“တစ်ကမ္ဘာလုံး ညီညွတ်ရေး” ပါရာဒိုင်းဟာ စစ်အေးကာလ နောက်ပိုင်းမှာ အမှန်တကယ် ဖြစ်ပျက်နေတာတွေနဲ့ ညှိုနှိုင်းအသုံးပြုနိုင်ဖို့ အလှမ်းဝေး ကွာလွန်းနေပါ တော့တယ်။

နှစ်ခြမ်းသောကမ္ဘာ။ ။ ကျွန်တော်တို့နဲ့ သူတို့။

“တစ်ကမ္ဘာထဲ” မျှော်လင့်ချက်က ပဋိပက္ခတွေကြားမှာ အဆုံးသတ်သွားတော့ လူ့သမိုင်းတလျှောက်လုံး မှာ ရှိခဲ့တဲ့ “နှစ်ခြမ်းကမ္ဘာ” အယူအဆက ခေါင်းေ ထာင်လာခဲ့ပြန်ပါတယ်။ လူတွေဟာ အမြဲတမ်း နှစ်ပိုင်း ပိုင်းထားတတ်ကြပါ တယ်။ ငါတို့နဲ့ မင်းတို့၊ အတွင်းအုပ်စုနဲ့ အပြင်အုပ်စု၊ ငါတို့ ယဉ်ကျေးမှုနဲ့ မင်း တို့လူရိုင်းယဉ်ကျေးမှု စသဖြင့်ပါ။ ပညာရှင်တွေကတော့ အရှေ့တိုင်း (Orient) နဲ့ အနောက်တိုင်း (Occident)၊ မြောက်နဲ့ တောင်၊ စင်တာနဲ့ (ဗဟို) အစွန်အဖျား စသဖြင့် ခွဲခြားလေ့လာတတ်ကြပါတယ်။ မွတ်စလင်တွေကလည်း ကမ္ဘာကို Dar al-lslan နဲ့ Dar-al-Harb၊ ( ငြိမ်း ချမ်းသောဘုံ-The abode of peaceနဲ့ စစ်မြေပြင်ဘုံ-The abode of war လို့ နှစ်ပိုင်း ပိုင်းထားကြပါတယ်။ စစ်အေးကာလပြီးဆုံးသွားတဲ့နောက် အမေရိကန် ပညာရှင်တွေကလည်း ကမ္ဘာကို “ငြိမ်းချမ်းရေးဇုံ (zones of peace)” နဲ့ “ပြဿနာဇုံ( Zones of turmoil) လို့ ခွဲခြားလာကြပါတယ်။ အဓိပ္ပါယ်အားဖြင့်တော့ မွတ်စလင်တွေ သတ်မှတ်တာနဲ့ မတူပါဘူး။ ငြိမ်းချမ်းရေးဇုံ ဆိုတာ ကမ္ဘာ့လူဦးရေရဲ့ (၁၅)ရာခိုင်နှုန်း ပဲရှိတဲ့ အမေရိကန်နဲ့ ဂျပန်ကို ညွှန်းဆိုပြီး ပြဿနာဇုံ ဆိုတာကတော့ ကျန်တဲ့နေရာ အားလုံးလို့ သတ်မှတ်ကြပါတယ်။ (Note-8)

ဘယ်လိုပဲနှစ်ခြမ်းခွဲပြီးကြည့်ကြည့် ကမ္ဘာ့နှစ်ခြမ်းအယူအဆက (တစ်ခု တည်းသော ကမ္ဘာ အယူအဆထက်) တကယ့်အဖြစ်အမှန်နဲ့ ပိုမိုနီးကပ်ပါ တယ်။ ပိုပြီးအတွေ့များတဲ့ ခွဲခြားပုံကတော့ ချမ်းသာတဲ့နိုင်ငံတွေနဲ့ (ခေတ်မှီ ဖွံ့ဖြိုးပြီး) ဆင်းရဲတဲ့နိုင်ငံတွေ (ရှေးရိုးစွဲ၊ မဖွံ့ဖြိုးသေး၊ ဖွံ့ဖြိုးဆဲ) ဆိုတာ ဖြစ်ပါ တယ်။ အရှေ့နဲ့ အနောက်ကြားမှာ စီးပွားရေးနဲ့ နှစ်ပိုင်းခွဲခြားမှု၊ ယဉ်ကျေးမှု နဲ့ နှစ်ပိုင်းခွဲခြားမှု လို့ နှစ်မျိုးကွဲနိုင်ပေမဲ့ စီးပွားရေးအရ ကွဲပြားမှုက နည်းနည်း သာဖြစ်ပြီး ဒဿန၊ ကိုယ်ကျင့်တန်ဖိုး သတ်မှတ်ချက်နဲ့ ဘ၀နေထိုင်ပုံက ပိုပြီး ခြားနားနေပါတယ်(စီးပွားရေးအရ ကွဲပြားတာထက် ယဉ်ကျေးမှုအရက ပိုကွဲပြားတယ်)။ ခေတ်မှီ ချမ်းသာတဲ့ နိုင်ငံတွေက သူတို့စရိုက်လက္ခဏာခြင်း နီးစပ်သလို ခေတ်နောက်ကျ ဆင်းရဲတဲ့ နိုင်ငံတွေကလည်း စရိုက် လက္ခ ဏာခြင်း ဆက်စပ်လို့ နေပါတယ်။ ချမ်းသာတဲ့ နိုင်ငံတွေကြားက ကွဲပြားမှု ဟာ သူတို့ လူ့အဖွဲ့အစည်းတွေ အချင်းချင်းကြား မှာ ပဋိပက္ခတွေ ရှိလာနို င်ပေမဲ့ အထောက်အထားတွေက ပြောပြနေတာကတော့ ချမ်းသာပြီး ပါဝါပို ရှိတဲ့ နိုင်ငံတွေက ဆင်းရဲပြီး ရေးရိုးစွဲဆန်တဲ့ နိုင်ငံတွေကို သိမ်းပိုက်ဖို့ ကြိုး စားနေကြတယ်ဆိုတာပဲ ဖြစ်ပါတယ်။ အနောက်နိုင်ငံတွေဟာ ဒီကိုလိုနီ ချဲ့ထွင်ခြင်းအလုပ်ကို နှစ်ပေါင်းလေးရာကြာအောင် ပြုလုပ်လာခဲ့ကြတာပါ။ ဒီနောက် ကိုလိုနီနိုင်ငံထဲရှိလူတွေက လွတ်လပ်ရေးအတွက် တိုက်ပွဲဝင် ခဲ့ကြတယ်။ ဒီလိုနဲ့ နယ်ချဲ့ကိုလိုနီတွေလည်း အင်ပါယာကြီး ထူထောင်လို စိတ် ပါးလျလာခဲ့ပါတယ်။

လက်ရှိကမ္ဘာမှာတော့ ကိုလိုနီနယ်ချဲ့တွေနဲ့ ဒေသခံတွေရဲ့ တိုက်ပွဲတွေနေ ရာမှာ လွတ်လပ်ရေးရပြီးသူတွေအချင်းချင်း တိုက်ခိုက်မှုတွေက အစားထိုး လာနေပါတော့တယ်။

နည်းနည်းထပ်ပြီး စဉ်းစားကြည့်မယ်ဆိုရင် ဒီခေတ်မှာ ဆင်းရဲ၊ ချမ်းသာ လူတန်းစားနှစ်ရပ်ကြားမှာ ပဋိပက္ခဖြစ်ပွါးနိုင်ခြေက တစ်ချို့အခြေအနေတွေ ကလွဲရင် နည်းပါးလှပါတယ်။ အကြောင်းကတော့ ချမ်းသာတဲ့ နိုင်ငံတွေကို စိန်ခေါ်ဖို့ ဆင်းရဲတဲ့နိုင်ငံတွေမှာ နိုင်ငံရေးစည်းလုံးမှု၊ စီးပွါးရေးအင်အားေ တာင့်တင်းမှု၊ စစ်တပ်စွမ်းဆောင်ရည်တွေ မရှိလို့ပါ။ အာရှနဲ့ လက်တင် အမေရိကရဲ့ စီးပွါးရေးက တိုးတက်လာနေတော့ ရှိသူနဲ့ မရှိသူ(ချမ်းသာ- ဆင်းရဲ) လူတန်းစားကို ခွဲခြားလေ့လာမှုကလည်း ယောင်ဝါးဝါးဖြစ်သွား ပါတော့တယ်။ ချမ်းသာတဲ့နိုင်ငံတွေက စီးပွါးရေးအားပြိုင်မှုတွေ ဆင်နွှဲနေနိုင် ပြီး ဆင်းရဲတဲ့နိုင်ငံတွေက အချင်းချင်း အကြမ်းဖက်စစ်ပွဲတွေ တိုက်ခိုက်ေ နနိုင်ပြန်ပါတယ်။ ဒါပေမယ့်လို့ ဆင်းရဲတဲ့ကမ္ဘာတောင်ပိုင်းနဲ့ ချမ်းသာတဲ့ ကမ္ဘာ့မြောက်ပိုင်းကြား စစ်မက်ဖြစ်ပွါးဖို့ဆိုတာကလည်း တကယ် အဖြစ် အမှန်နဲ့ ဝေးကွာလွန်းလှပါတယ်။

ယဉ်ကျေးမှုကို အခြေခံပြီး ကမ္ဘာကိုနှစ်ခြမ်းခွဲကြည့်ခြင်းကလည်း သိပ်ပြီး အသုံးမတည့်လှပြန်ပါဘူး။ အတိုင်းအတာတစ်ခုအထိ အနောက်ယဉ်ကျေးမှုက အရှေ့နဲ့ မတူညီနေကြောင်း သိသာလှပါတယ်။ ဒါပေမယ့် အနောက်မဟုတ်တဲ့ နိုင်ငံတွေကရော သူတို့ခြင်း ယဉ်ကျေးမှုတွေ တူညီနေကြပါသလား(ဘုံ ယဉ်ကျေးမှုတွေ ရှိနေကြပါသလား)။ ဂျပန်၊ တ ရုတ်၊ ဟိန္ဒူ၊ မွတ်ဆလင်နဲ့ အာဖရိက စီဗီလိုက်ဇေးရှင်းတွေကြားမှာ တူညီတဲ့ ယဉ်ကျေးမှုဆိုလို့ မရှိသလောက် နည်းပါတယ်။ ကိုးကွယ်တဲ့ဘာသာ၊ လူ မှုရေးအခြေခံ အဆောက်အဦ၊ စည်းကမ်းဥပဒေ၊ ကိုယ်ကျင့်တရား တန်ဖိုး သတ်မှတ်မှုတွေမှာ မတူညီကြပါဘူး။ အနောက်မဟုတ်တဲ့ နိုင်ငံများအဖွဲ့အစည်း (The Unity of the Non-West) နဲ့ အရှေ့အနောက် (East- West) ခွဲခြားမှုဟာ အနောက်က ဖန်တည်းပေး လိုက်တဲ့ ပုံပြင်တစ်ပုဒ်သာဖြစ်ပါတယ်။
အက်(ဒ်)ဝါ့(ထ်) ပြောသလို ပြောရရင် “ ဒီလို ခွဲခြားပြောဆိုလိုက်တော့ အရှေ့တိုင်းဝါဒ (Orientalism) ဆိုတာဖြစ်လာခဲ့ပါတော့တယ်။ ဒါကလည်း ရင်းနှီးကျွမ်းဝင်တဲ့ (ဥရောပ၊ အနောက်၊ ကျွန်တော်တို့) အဖွဲ့နဲ့ တစ်စိမ်း ( အရှေ့တိုင်း၊ သူတို့ )အကြား ခြားနားမှုကိုပြပြီး “ကျွန်တော်တို့က သာလွန် တယ်။ “သူတို့က မစွံဘူး" ဆိုတဲ့ဝါဒကို ကြွေးကျော်ခြင်လို့ သက်သက် သာဖြစ်ပါတယ်။ ” (Note -10)

“စစ်အေးကာလတစ်လျှောက်လုံးမှာ အိုင်ဒီယိုလိုဂျီကို အခြေခံပြီး အချင်းချင်း ပါဝါလုနေခဲ့ကြပေမဲ့ ယဉ်ကျေးမှုနဲ့ပတ်သက်တဲ့ ပါဝါလုနေမှုမျိုး မရှိခဲ့ပါဘူး။ အရှေ့၊ အနောက် မဏ္ဍိုင်နှစ်ခု ကွဲပြားသွားတာကလည်း တစ်ကမ္ဘာလုံး ဆိုင် ရာ အယူအဆကိုပဲ ဥရောပစီဗီလိုက်ဇေးရှင်း၊ အနောက်စီဗီလိုက်ဇေးရှင်းလို့ ကျင့်သုံးခေါ်ဝေါ်လိုက်မိခြင်းရဲ့ အကျိုးဆက်တစ်ခုပါ။ အရှေ့နဲ့ အနောက်လို့ (East and West) လို့ ခေါ်ဝေါ်သုံးစွဲနေမယ့်အစား အနောက်နဲ့ အခြားနိုင်ငံ များ (West and the rest) လို့ ခွဲခြားသတ်မှတ်တာက ပိုပြီးအဆင်ပြေပါ တယ်။ ဒါဆိုရင် အနောက်မဟုတ်တဲ့ နိုင်ငံတွေအားလုံးပါဝင်သွားပါတယ်။

တကယ်တော့ ကမ္ဘာ့နိုင်ငံရေးဟာ အလွန်ရှုပ်ထွေးလှပြီး စီးပွါးရေး အရ တောင်နှင့်မြောက် ခွဲခြားကြည့်ရုံ၊ ယဉ်ကျေးမှုအရ အရှေ့နဲ့အနောက် ခွဲခြားကြည့်ရုံနဲ့ ရှင်းရှင်းလင်းလင်း မသိမြင်နိုင်ပါဘူး။

ဆက်ရန်

ထိုင်း - အောက်ခြေလူတန်းစား တစ်ခေတ်ဆန်းခြင်း


လူတစ်ယောက်ရဲ့ ကမ္ဘာ့ အမြင်
(အခန်း ၅၊ အရှေ့တောင်အာရှ)

သက်ဆင် ရှီန၀ါတရာ နိုင်ငံရေးထဲရောက်လာခြင်းဟာ ထိုင်းနိုင်ငံရေးရဲ့ အပြောင်းအလဲပါပဲ။ သူ နိုင်ငံရေး ဆင်မြင့်ပေါ် မရောက်ခင်က ဘန်ကောက် အခြေစိုက် လူတွေကပဲ နိုင်ငံရေးကို အုပ်စီးထားပြီး နိုင်ငံရဲ့ အရင်းအမြစ် မှန် သမျှကလည်း သူတို့ အကျိုးစီးပွားအတွက်ပဲ ဖြစ်နေခဲ့ပါတယ်။ ဘန်ကောက် အခြေစိုက် ထိပ်သီးတွေကြားမှာ သဘောထားကွဲလွဲမှု ရှိတယ်ဆိုရင်တောင် ဘယ်သူ့ကြောင့်မှ အပြင်ကို မပေါက်ကြား ခဲ့သလို သက်ဆင်အာဏာ ရှိစဉ်နဲ့ သက်ဆင်ရဲ့နှောင်းပိုင်းမှာ ရှိတတ်တဲ့ အငြင်းပွားမှုမျိုးလည်း သူတို့ကြားမှာ မ ရှိခဲ့ဖူးပါဘူး။ သက်ဆင် လုပ်ဆောင်ခဲ့တာတွေက သမားရိုးကျ ထိုင်းနိုင်ငံရေး ရဲ့ ထိပ်သီးအုပ်စုကို ကသိကအောက် ဖြစ်စေခဲ့တယ်။ ယခင်က ဘန်ကောက် မြို့ပေါ်ရှိ အထက်တန်းစားနဲ့ လူလတ်တန်းစားတွေက ခံစားခွင့်ရခဲ့တဲ့ နိုင်ငံရဲ့ အရင်းအမြစ်တွေကို ဆင်းရဲသားတွေပါ ခံစားခွင့်ရအောင် သူက ပြောင်း လဲေ ပးခဲ့တယ်။ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းမှာ ရှိတဲ့ လယ်သမား လူတန်းစားတွေဆီ မျှဝေပေးနိုင်ခဲ့ခြင်းအားဖြင့် သက်ဆင် ရဲ့ နိုင်ငံရေးသမားဘ၀ဟာ ထင်ရှားလာခဲ့ပါတယ်။ သူ့ရှေ့ အာဏာရှိ နေ ခဲ့ကြတဲ့ ဘန်ကောက် ဗဟိုပြု လူတစ်စုရဲ့ လက်ထက်ကတည်းက လူတန်း စားကွာဟမှုက ရှိနေခဲ့ပြီးသားပါ။ သူ လုပ်ခဲ့တာက ဒီ မတရားမှု လူထု သိရှိ လာစေရန်ဖြစ်ပြီး မတရားမှုကို ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းကို ပေးခဲ့ခြင်း ပါပဲ။
တကယ်လို့ သူမလုပ်ခဲ့ဘူးဆိုရင်တောင် အခြားတစ်ယောက်တက်လာပြီး ဒါကို လုပ်ပါလိမ့်မယ်။

၂၀၀၁ ခု၊ အာဏာရတဲ့အချိန်မှာ သူဟာ အောင်မြင်တဲ့ စီးပွားရေးသမား ဘီ လီယံနာ ဖြစ်နေခဲ့ပြီး ဖြစ်ပါတယ်။ တချို့ လူချမ်းသာ ထိုင်းလူမျိုးတွေက သက်ဆင်ဟာ သူတို့နဲ့ တစ်စိတ်တစ်ဝမ်းထဲ ရှိနေမယ်လို့ မျှော်လင့်ထား ကြတော့ အမှန်တကယ်ထင်သလိုဖြစ်မလာတဲ့အခါ သက်ဆင်အပေါ် စိတ် ပျက်ခဲ့ကြရပါတယ်။ သူ တကယ်ကျင့်သုံးတဲ့ ပေါ်လစီဟာ ဆင်းရဲသား လူ တန်းစားကို လုံးဝ ဦးစားပေးတဲ့စနစ် ဖြစ်နေခဲ့ပါတယ်။ လယ်သမားတွေအတွက် ချေးငွေတွေ ပိုတိုးပေးခဲ့တယ်။ မပြည့်မစုံ မိသား စုတွေထဲက ကလေးတွေကို နိုင်ငံခြား ပညာသင်လွှတ်ခဲ့တယ်။ မြို့ပေါ်နေ ဆင်းရဲသားတွေအတွက် အိမ်ဝယ်ဖို့ အစိုးရက ငွေတွေ ထုတ်ပေး တယ် ။ ကျေးလက်နေ လူထု တော်တော်များများဟာ ဆင်ခြေဖုံးမှာပဲ နေရနေရ မြို့ပေါ်တက်ပြီး အလုပ်ရှာ လာကြ တယ်။ ကျန်းမာရေး စောင့်ရှောက်မှု အနေနဲ့ ကျန်းမာရေးအတွက် အာမခံမရှိတဲ့ ဆင်းရဲသား တွေကို ဆေး ရုံဆေးခန်း တစ်ခါသွားတိုင်း အစိုးရက ဘတ်ငွေ (၃၀) ပေးတယ်။

သက်ဆင်ရဲ့ အတိုက်အခံတွေ အတွက်ကတော့ သူဟာ နိုင်ငံကို ကမောက် ကမဖြစ်အောင် လုပ်နေ ခြင်းဖြစ်ပြီး သူ့ကို လက်ပိုက်ကြည့်မနေနိုင်ကြတော့ ပါဘူး။ အတိုက်အခံတွေက သူ့ကို လူကြိုက်များ အောင် လုပ်ဆောင်နေသူ၊ သူ့ရဲ့ ပေါ်လစီကလည်း ရေရှည်မှာ နိုင်ငံတော် ပျိုလဲစေမယ့် ပေါ်လစီလို့ စွပ်စွဲ လာကြတယ်။ (အံ့သြစရာကောင်းတာက သူတို့ အဲသလိုတွေ ပြောခဲ့ ကြပေမဲ့ သူတို့ အာဏာရစဉ် ဒီဇင်ဘာ ၂၀၀၈ ကနေ သြဂုတ် ၂၀၁၁ အထိ သက်ဆင်နဲ့ ဆင်ဆင်တူ ပေါ်လစီတွေကို သူတို့ကိုယ်တိုင် ကျင့်သုံးနေ ကြခြင်းပါပဲ။) သူ့ကို ကိုယ်ကျင့်တရားပျက်သူ၊ မိသားစုပိုင် စီးပွားရေးကို ဦး စားပေးသူလို့လည်း စွပ်စွဲခဲ့ကြတယ်။ ဒါကို သက်ဆင်က ညင်းတယ်။ သက်ဆင်ရဲ့ စီးပွားရေး ကုမ္ပဏီနဲ့ ပတ်သက်လို့လည်း တချို့က သဘော မတွေ့ ကြဘူး။ မီဒီယာကို ကိုင်တွယ်ရာမှာ အာဏာရှင်ဆန်တယ်။ ထိုင်းနိုင် ငံတောင်ပိုင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ပွဲဟာလည်း အငြင်းပွားဖွယ် ရာတွေ ဖြစ်တယ်။ ဒီ စစ်ပွဲအတွင်း အတွင်းမှာ လူ့အခွင့်အရေးတချို့ ကို ချိုးဖောက်ကောင်း ချိုးဖောက်ခဲ့လို့ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ အရေအတွက် အားဖြင့် အများကြီး ပိုနေတဲ့ ဆင်းရဲသား လယ်သမား လူတန်းစားတွေ ကတော့ ဒီလို ဝေဖန်သံတွေကို နားထောင်မနေကြဘဲ ၂၀၀၅ ခုနှစ်မှာ သက်ဆင်ကိုပဲ ပြန်ပြီး ရွေးကောက်တင်မြှောက်ကြပြန်ပါတယ်။ ဘန်ကောက်က ထိပ်သီးအုပ်စုကတော့ သူ့ကို လုံးဝကြည့်လို့မရတော့ ဘူး ဖြစ်သွားပါတယ်။ ဒါနဲ့ ၂၀၀၆ ခုမှာ စစ်တပ်က အာဏာသိမ်းပြီး သူ့ကို
လည်း ဖြုတ်ချ လိုက်ကြတော့တယ်။

အဲဒီအချိန်ကတည်းက ထိုင်းနေပြည်တော်ဟာ ပြဿနာ အကြီးအကျယ် ကြုံတွေ့ကြရတော့တာပါပဲ။ ၂၀၀၈ ခုနှစ်က စပြီး ဘန်ကောက်လမ်းမတွေပေါ် မှာ ရုတ်ရုတ်သဲသဲ မြင်ကွင်းတွေ တွေ့ကြရတော့တယ်။ ဆန္ဒပြမှုတွေထဲမှာ သက်ဆင်ကို ဆန့်ကျင်တဲ့ အင်္ကြီအ၀ါရောင် အုပ်စု ဖြစ်ချင်ဖြစ်မယ်။ သူတို့ က တော်ဝင် မိသားစုကို ကာကွယ်ရမယ် ဆိုတဲ့ အမြင်နဲ့ပေါ့။ နောက်ပြီး သက်ဆင်ကို ထောက်ခံတဲ့ အနီရောင်အင်္ကြီနဲ့ အဖွဲ့လည်း ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ နောက်ဆုံးရွေးကောက်ပွဲ ဖြစ်တဲ့ ၂၀၁၁ ခု ရွေးကောက်ပွဲမှာ သက် ဆင်ရဲ့ ညီမဖြစ်သူ ယင်လပ်ကို ထောက်ခံမဲပေးလိုက်ကြတာဟာ ထိုင်းနိုင် ငံအတွက် သက်ဆင် ရွေးခဲ့တဲ့လမ်းကို လူထုက ထောက်ခံနေတယ် ဆို တာ ပြသလိုက်ခြင်းပါပဲ။
ထိုင်းမြို့တော် ဘန်ကောက်ထိ တက်ပြီး အောင်မြင်မှု အရသာကို တွေ့ သွားပြီဖြစ်တဲ့ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းမှာ ရှိတဲ့ လယ်သမား၊ အလုပ် သမား လူတန်းစား ကလည်း လက်လျှော့မှာ မဟုတ်တော့ဘူး။ သက်ဆင်နဲ့ သူ့အုပ်စုဟာ အခုဆိုရင် ရွေးကောက်ပွဲ ငါးပွဲဆက် တိုက် နိုင်ခဲ့ပြီးပါပြီ။ ၂၀၀၁ ခု၊ ၂၀၀၅၊ ၂၀၀၆၊ ၂၀၀၇ နဲ့ ၂၀၁၁ တို့ပါ။ အရင်လို ပြန်ဖြစ်ဖို့ ကြိုးစားနေ ကြတဲ့ သက်ဆင်ရဲ့ အတိုက်အခံတွေ အောင်မြင်မှု မရခဲ့ကြပါဘူး။

ထိုင်းနိုင်ငံရေးမှာ လတ်တလော မငြိမ်မသက်မှုတွေ ရှိနေပေမဲ့ ရေရှည် အ တွက် ကြည့်ရင်တော့ အကောင်းမြင်စရာတွေ တွေ့ရပါတယ်။ အနီရောင် အုပ်စုက အ၀ါရောင်အုပ်စုထက် ပိုပြီးအားကောင်းလာမှာ သေချာပါတယ်။ လူငယ်ထုရဲ့ တော်ဝင်မိသားစုအပေါ် ထားတဲ့ လေးစားမှုဟာ လျော့ပါး လာနေပါတယ်။ ဒါ့အပြင် လက်ရှိဘုရင် ဘူမိဘောကို အားလုံးက လေးစား ကြပေမဲ့ သူမရှိတော့ဘူးဆိုရင် သူ့ကို ဆက်ခံသူဟာ လူထုက သူ့ အပေါ်ထား ရှိတဲ့ လေးစားမှုမျိုး ဘယ်နည်းနဲ့မှ မရနိုင်တော့ပါဘူး။

ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးမှာ စစ်တပ်ကလည်း အဓိက အရေးပါနေပါတယ်။ ဘုရင်စနစ် ဆန့်ကျင်မှုတိုင်းကို သူတို့က ကာကွယ်ပေးနေရပါတယ်။ ဒါက လည်း ရေရှည်မှာ မနိုင်ဝန် ထမ်းနေရသလို ဖြစ်လာပါတယ်။ နောက် ဆုံးတော့ စစ်တပ်ကိုယ်တိုင်လည်း ရွေးစရာမရှိ၊ လက်ရှိအပြောင်းအလဲနဲ့ အညီ နေထိုင် ဆောင်ရွက်သွား ဖို့ပဲ ရှိပါလိမ့်မယ်။ အချိန်ကြာလာတာနဲ့အမျှ စစ်တပ်ရာထူးတွေမှာလည်း လူငယ်တွေက အစားထိုးလာကြမှာပါ။ တက် လာတဲ့ လူငယ်တွေက ဘုရင်စနစ်ကို အရင်က အရာရှိတွေလောက် လေးေ လးနက်နက်ကြီး ရှိနေမယ် မဟုတ်ပါဘူး။ စစ်တပ်ခေါင်းဆောင်တွေကလည်း တော်ဝင်တပ်မတော် ဆိုတဲ့ အမည်ကနေ သာမန် တပ်မတော် အဆင့် မရောက်ဖို့တော့ ကြိုးစားနေကြမှာပါပဲ။ ဒါပေမဲ့ တော်ဝင်တပ်မတော် ကိုယ်တိုင်ကပဲ သက်ဆင်နဲ့ အပေါင်းအပါတွေရဲ့ အုပ်ချုပ်ပုံမူနဲ့ လိုက်လျောညီထွေ ရှိနေဖို့ လိုအပ်ပါတယ်။ သက်ဆင်ကလည်း သူတို့နဲ့ အတူတကွ ဆောင်ရွက်သွားဖို့ ကတိပြု မယ် ဆိုရင် နောက်ဆုံး သက်ဆင် ပြန်ဝင်လာတာကိုပဲ လက်ခံရမယ့် သဘောအထိရှိပါတယ်။

သက်ဆင်မတိုင်မှီ ဘန်ကောက် အခြေစိုက် လူတစ်စုကပဲ အာဏာကို ကိုင် ထားတဲ့ ရှေးဟောင်း ပေါ်လစီ ဆီ ပြန်ရောက်ဖို့တော့ လမ်းမမြင်တော့ပါဘူး။ သက်ဆင်ပြခဲ့တဲ့ လမ်းကြောင်းအတိုင်း ထိုင်းနိုင်ငံဟာ ရှေ့ခရီးဆက်နေပါ လိမ့်မယ်။ နိုင်ငံအလိုက် လူနေမှု အဆင့်အတန်း ကွာဟမှု ကျဉ်းလာမယ်။ လယ်သမား အများစုဟာ လူလတ်တန်းစားတွေ ဖြစ်လာပြီး နိုင်ငံတွင်း ၀ယ် ယူစားသုံးမှုအားလည်း တိုးလာလိမ့်မယ်။
ဒါဆိုရင် ထိုင်း နိုင်ငံရဲ့ ရှေ့ရေး ကောင်းလာပါလိမ့်မယ်။

ဆက်ရန်

ပီတာနဲ့ ဂန္ဒီ(အွန်လိုင်း ဂျုတ်)


ဂန္ဒီကြီး University College of London မှာ ဥပဒေပညာသင်ယူနေ စဉ် ခေါင်းညွတ်အလေးမပြုတဲ့အတွက် သူ့ကို ကြည့်မရတဲ့ ပါမောက္ခတစ်ေ ယာက်ရှိခဲ့တယ်။ ပါမောက္ခရဲ့ နောက်ဆုံးအမည်က ပီတာပါ။
ဒါက သူတို့ကြားက စကားစစ်ထိုးပွဲ။

တစ်နေ့ ပါမောက္ခကြီးက တက္ကသိုလ်ထမင်းစားခန်းမထဲ ညနေစာစားနေချိန် ဂန္ဒီကလည်း သူ့ထမင်းပုဂံပြားကိုယူလာပြီး ပါမောက္ခကြီးဘေးမှာ ဝင်ထိုင် လိုက်တယ်။ ပါမောက္ခက မောက်မာတဲ့လေသံနဲ့
"မစ္စတာဂန္ဒီ၊ ဝက်နဲ့ငှက် အတူတူမထိုင်ဘူးဆိုတာ ခင်ဗျား နားမလည်ဘူး လား" တဲ့။ ဒီတော့ ဂန္ဒီက
"မစိုရိမ်ပါနဲ့ ပရော်ဖက်ဆာ၊ ကျနော် အဝေးကို "ပျံ"ထွက်သွားပါ့မယ်" ဆိုပြီး အခြားစားပွဲသွားပြီး ထိုင်စားနေလိုက်တယ်။

စိတ်ဆိုးသွားတဲ့ မစ္စတာ ပီတာက ကလဲ့စားချေခွင့်ကို စောင့်နေခဲ့တယ်။ ဒါပေမဲ့ ဂန္ဒီရဲ့အဖြေက သိပ်ပညာသားပါနေပြန်တယ်။
"လမ်းပေါ်မှာ အိပ်နှစ်လုံးတွေ့တယ်ဆိုပါတော့၊ တစ်လုံးထဲမှာ ပညာေ တွ၊ နောက်တစ်လုံးထဲမှာ ငွေတွေပါမယ်၊ ဒါဆို ခင်ဗျား ဘယ်အိပ်ကိုရွေး မှာလဲ" မစ္စတာပီတာကမေးတယ်။
"ငွေပါတဲ့ အိပ်ကိုပဲ ယူမှာပေါ့ဗျ"
"ကျနော်သာ ခင်များနေရာမှာဆို ပညာတွေပါတဲ့ အိပ်ကို ယူလိုက်မိမှာပဲ" လို့ အနိုင်ရလိုက်တဲ့အပြုံးမျိုးနဲ့ ပြောတယ်။
ဂန္ဒီရဲ့ နောက်ဆုံးအဖြေက
"လူတွေက ကိုယ့်မှာမရှိတာကို ကိုယ်ယူတတ်ကြတာပဲဆရာ"

Mr. Petersက လုံးဝစိတ်ဓာတ်ကျသွားပြီး စာမေးပွဲအဖြေလွှာပေါ် "idiot" လို့ရေးပြီး ဂန္ဒီကိုသွားပေးတယ်။ ဂန္ဒီက အဖြေလွှာစာရွက်ကို လက်ခံယူပြီး ထိုင်နေလိုက်တယ်၊ ခဏနေတော့မှ professor ဆီသွားပြီး
"မစ္စတာ ပီတာ၊ ခင်ဗျားက လက်မှတ်သာထိုးပေးထားပြီး ကျနော့် ရမှတ် အဆင့်ကိုတော့ ပေးမထားဘူး" တဲ့။

21 century a highly destabilizing impact


Related but different causes lie between these challenges. Asian assertiveness is rooted in economic growth; Muslim assertiveness stems in considerable measure from social mobilization and population growth. Each of these challenges is having and will have into the twenty-first century a highly destabilizing impact on global politics......
Economic growth strengthens Asian governments; demographic growth threatens Muslim governments and non-Muslim societies.

The Clash of Civilizations. p. 102-103.

ဆေးဝါးနှင့် အကြံဉာဏ်


ဆေးဝါးပေးမူနှင့် အကြံဉာဏ်ပေးမှုကြားမှာ တူညီချက်များရှိသည်။
၁။ တစ်ဖက်သားကို ရောဂါပျောက်စေလိုသော စေတနာ(ဆေးဝါး)၊ တစ်ဖက် သားကို လမ်းကြောင်းမှန်ပေါ် ရောက်စေလိုသော စေတနာ (အကြံဉာဏ်ပေး မှု) တူကြသည်။
၂။ ပေးလာသည့်ဆေးတိုင်းကို သောက်လို့မရ၊ ပေးလာသည့် အကြံဉာဏ် တိုင်းကို ယူမရသည်လည်း တူကြသည်။

မိမိရောဂါဖြစ်စဉ် ဤဆေးဖြင့်ပျောက်ခဲ့သည်ဆိုလျင် မိမိ၏မိတ်ဆွေ တစ်ေ ယာက်ယောက် ထိုရောဂါမျိုးဖြစ်လာလျင်လည်း ထိုဆေးဝါးကို ညွှန်း တတ်၊ ပေးတတ်ကြသည်။
အထူးသဖြင့် လူအများနှင့် ဆက်ဆံရသောရဟန်းဘဝဆိုလျင် တစ်ခုခုဖြစ် တိုင်း ပေးလာကြသည့်ဆေးဝါးတွေ အများကြီးဖြစ်နေတတ်သည်။ သီဟနာဒ မှာ ယခုတလော လေနာ ထချင်သလိုလိုဖြစ်နေသည်။ ဒါကို အကဲခတ်မိ သူ တို့က ဆေးဝါးများလှူဒါန်းကြသည်။ တရုတ်ဆေး၊ အင်္ဂလိပ်ဆေး၊ မြန်မာဆေး အစုံဖြစ်၏။ အချို့ဆေးများက လေကိုဖြစ်စေပြီး ဖြစ်လာသောလေကို အပြင် ထုတ်မပေးနိုင်။ ထိုအခါ ပိုဆိုးသွားတတ်သည်။ သေချသည်ကတော့ ပေးလာ သမျှ ဆေး အကုန်သောက်လျင် ဒုက္ခရောက်မည်။

သို့ဆိုလျင် အကြံဉာဏ်ဆိုသည်ကရော ဘာထူးပါသနည်း။ ဝန်းကျင်မတူ၊ ဖြေ ရှင်းရသည့်ပြဿနာမတူ၊ အတွေ့အကြုံမတူလျင် ကျေးဇူးတင်ရုံမှလွဲပြီး လက် ခံကျင့်သုံးဖိုခက်ပေမည်။(တချို့ကတော့ လက်ခံကျင့်သုံးလို့ ရနိုင်ပါသည်)


မည်သို့ဖြစ်စေ တည့်လျင်သုံး မတည့်လျင်ပယ်
၃။ ဆေးဝါးကောင်းများနဲ့ အကြံဉာဏ်ကောင်းများကို စိတ်ကောင်းရှိသူတို့က ဆက်လက်ပေးနေကြဦးမည်သာဖြစ်ပါသည်။
((ဗိုလ်ကြီးမမ)ဟု ခေါ်ကြသည့် ဒေါ်ခင်စန်းယု(ဝိသာခါ)ပေးလှူသည့်ဆေး
ကတော့ အလုပ်ဖြစ်နေသည်)
ပန်းသည် ကြွေရခြင်းသဘောရှိသလို ရဟန်းသည်လည်း လေနာရခြင်း သဘောရှိတတ်ပါသည်။ လိုက်ဖ်စတိုင်လ်ကကို ဗိုက်ထဲအစာမရှိချိန် (၆:၄၅ ပီအမ် မှ ၉:၃၀ ပီအမ် အထိ) အလုပ် ပိုလုပ်နေရသည့် ဘဝပေကိုး။

ထွက်ပေါက်ရှိတဲ့ ဥပဒေ


ထွက်ပေါက်မရှိတဲ့ ဥပဒေက ဖိနှိပ်မှုဖြစ်ပြီး
(ဥပမာ ဤနေရာ၌ အပေါ့အပါး မသွားရ၊ သို့သော် အပေါ့အပါး သွားလို့ရ သည့်နေရာကို စီစဉ်ပေးမထား၊ လမ်းညွှန်မထား၊ အပေါ့အပါးသွားလို့ အရေး ယူလျင် မတရား)

ထွက်ပေါက်ရှိတဲ့ ဥပဒေက ဒီမိုကရေစီဥပဒေဖြစ်သည်။
(ဥပမာ ဤနေရာ၌ဆေးလိပ်မသောက်ရ၊ ဆေးလိပ်သာက်လို့ရသည့် သီးသန့် အခန်း စီစဉ်ပေးထားသည်၊ လမ်းညွှန်ထားသည်။ ထိုတားမြစ်ထားသော နေ ရာ၌ဆေးလိပ်သောက်သဖြင့် အရေးယူက တရား၏)

ပထမဥပဒေက အစိုးရ၏အကြမ်းဖက်အုပ်ချုပ်မှုမပါဘဲ မတည်နိုင် (ကြောက်တည်)၊
ဒုတိယဥပဒေက လူထု၏ အသိဉာဏ်မပါဘဲ မတည်နိုင်(နားလည်တည်)။

ညစာ ပြန်မစားသောအိပ်မက်များ (New Version)


အလည်လွန်သော အိပ်မက်များ ညစာပြန်မစားခြင်းနှင့်ပတ်သက်၍ ကြေကွဲ မည်ဆိုက ကြေကွဲနိုင်၏။
သို့သော်…….
ကျေးလက်ညနေချမ်းလေးတစ်ခု၌ သူ့မိတ်ဆွေ ကဗျာဆရာက ကဗျာလေး တစ်ပုဒ် သူ့အတွက် ရေးစပ်ရွတ်ဆိုပေးခဲ့ ဖူးတယ်။ ခေါင်းပေါင်းစနှင့် ကျေး လက်သားကြီးများက မိတ်ဆွေရဲ့ စပ်ရှရှစကားလုံး (တချို့က မော်ဒန်၊ တချို့ က ပို့စ်မော်ဒန် စသဖြင့် သုံးကြပါတယ်။ ဟုတ် မဟုတ်တော့ မသိပါ) တွေကို နားလည်ကြသလားတော့ မသိပါဘူး။ လူငယ်တွေကတော့ ခံစားလို့ရတယ် လို့ ဆိုပါတယ်။ ဘာကို၊ ဘယ်လိုခံစားလို့ရတာလဲ ဆိုတာဟာ မမေးအပ် တဲ့ မေးခွန်းပါပဲ။ ဘာပဲဖြစ်ဖြစ် ကိုယ်လုပ်ချင်တာတော့ လုပ်ဖြစ်လိုက်ကြပါ တယ်။

“မိုးပေါ်ပျံတက်သွားတဲ့ မိုးပျံပူပေါင်းတစ်လုံးကို မြင်ဖူးကြပါသလား။ ကျွန်တော့် မိတ်ဆွေဟာ အဲဒီ မိုးပျံပူပေါင်းတစ်လုံးပါ” လို့ သူစတင်ရွတ်ဆိုလိုက်တယ်။

ဟုတ်ပါတယ်။ အလည်လွန်တဲ့ အိပ်မက်တစ်ချို့ ညစာပြန်မစားဖြစ်ကြတာဟာ အဲဒီမိုးပျံပူပေါင်းဆီကို ရောက်နေကြလို့ပါ။
သူ့ဆီကို ရောက်ရောက်လာတဲ့ အိမ်ခြံမြေရောင်းဝယ်ရေး ကြော်ငြာတွေဟာ မိုးပျံပူပေါင်းလေးနဲ့ ဘာမှမဆိုင်ပါဘူး။ သူနဲ့ဆိုင်တာက သူ့ရဲ့ အရေခွံပါးပါးေ လးတစ်ခုထဲသာပါ။ အဲဒီ အရေခွံဟာ အိမ်တစ်လုံး ဆိုရင်တော့ သူ့မှာလည်း အိမ်ရှိပါတယ်။ ဒါပေမယ့် ဒီအိမ်မှာ ဈေးကွက်သဘောတရားတွေ ဘာတွေေ တာ့ မရှိပါဘူး။ အဲ- မိုးပျံပူပေါင်းတစ်လုံးမှာ အကြောင်းညီညွတ်ရင် ကြိုး တစ်ချောင်းလည်း ရှိနေနိုင် တာပေါ့။ ဒီကြိုးကရော အိမ်၊ခြံ၊မြေလား။ မဟုတ်နိုင်ပါဘူး။

ရှုမှတ်ပွါးများတတ်တဲ့ ယောဂီတစ်ယောက်အတွက်ဆိုရင်တော့ အဲဒီ မိုးပျံ ပူပေါင်း လေးကိုကြည့်ပြီး အနိစ္စတရားတွေ ထပ်တလဲလဲ စီးဖြန်းလို့ရနိုင်မယ်။ သူ့ဘဝနဲ့ လေဟာပြင်ကို စည်းခြားထားတာ ဆိုလို့ အဲဒီ အရေခွံပါးပါးလေးပဲ ရှိတာမဟုတ်လား။ ဒီထက် အနတ္တဆန်တဲ့ သဘောတရား ဘယ်မှာ ရှာကြဦး မှာလဲ။

ဘာမှမရှိခြင်းတွေနဲ့ ဖောင်းကားနေတဲ့ သူ့ရင်ဘတ်ကရော ဘာတွေသိမ်း ဆည်းလို့ ထားနိုင်မလဲ။ ဒါတွေကို သူမသိနိုင်ဘူး။ ဒါတွေကိုမသိရင် ဘာတွေ ကို သိရမှာလဲ။ မသိဘူး။ သိရမှာတွေကရော တကယ်သိရမှာတွေဟုတ်သ လား၊ သူမသိနိုင်ဘူး။ ဒီလိုပါပဲ။ ဘာမှမသိခြင်းတွေဖောင်းကားလာတာနှင့် အမျှ သူဟာ ပိုလို့ပေါ့ပါး လာပါတယ်။ ပေါ့ပါးခြင်း ဆိုတာ အမြင့်ကိုရောက်ြ ခင်းရဲ့ အကြောင်းတရားလား။ ဟုတ်ကောင်း ဟုတ်နိုင်ပါတယ်။ ဒါပေမဲ့ ဖောင်းကားလာတာနဲ့အမျှ လွင့်စင်ပေါက်ကွဲဖို့လည်း နီးစပ်လာပါ တယ်။

တစ်နေ့ မိတ်ဆွေတွေနဲ့ ပြန်တွေ့တော့-
“အခု “ ” နဲ့ အတူနေတာလား” လို့ မေးကြတယ်။
“ဘယ်သူမှ မရှိတော့လည်း သူ့ကိုပဲလူလုပ်ပြီး ပေါင်းနေရတာပေါ့” လို့ပြောတော့ ကဗျာဆရာက တဟားဟားရယ်တယ်။ သူငယ်ချင်းတွေက လက်ဆောင်တွေ ထုတ်ပေးတော့-
“ကိုယ့်ထက်နွမ်းပါးတဲ့ သူ့ကိုပဲ ပေးထားခဲ့ပါ” လို့ ပြောမိတော့ သူစိတ်မ ထိန်းနိုင်တော့ပဲ လက်သီးနဲ့ ထိုးပြန်တယ်။ ဒါပေမယ့် မိုးပျံပူပေါင်းပေါက်မှာ စိုးလို့နေမှာပေါ့ ကဗျာဆရာရဲ့လက်သီးက သိပ်မပြင်းပါဘူး။ ကဗျာဆရာဆို တာ ကောက်နေတာကိုသာ ဖြောင့်ပေးတတ်ပြီး လက်သီး ပြင်းပြင်းေ တွ မွေးမြူမထားတတ်ပါဘူး။

“ကိုယ့်လူ ကျူရှင်ထဲက ဟိုကောင်မလေးကို ကြိုက်တယ်” တဲ့။ “ ချစ်” ဆိုတဲ့စကား ပြောရမှာရှက်တဲ့ ကဗျာဆရာကိုကြည့်ရင်း ရယ်မိပြန်ရော။ ခပ်လှလှစကားလုံးတွေ တမင်ရှာသုံးတတ်တဲ့ ကဗျာဆရာက “ချစ်” ကိုတော့လျှာမရဲဘူးတဲ့။ သဘာဝတရားတစ်ခုခုကိုမဟုတ်ဘဲ မိန်းကလေး တစ်ယောက်ကို ရည်ညွှန်းနေလို့တဲ့။

မှတ်မှတ်ရရ သူရွေးပေးတဲ့ ကလောင်နဲ့ စာတော်တော် ရေးဖြစ်ခဲ့ သေးတယ်။ သူ ဒီတစ်ခါ ပေးတဲ့နာမည်က မိုးပျံပူပေါင်းတော့ မဟုတ်တော့ဘူး။ ဒါပေမယ့် စိတ်ထဲမှာစွဲနေတာကတော့ အဲဒီ မိုးပျံ ပူပေါင်းလေးပါပဲ။ အမြင့်တက်ခြင်းတွေ ဘာတွေနဲ့ မဆိုင်ပါဘူး။ ထိရှပေါက်ကွဲလွယ်တဲ့အဓိပ္ပါယ် ဆောင်နေ တာ လေးကိုသတိရတာပါ။


ဒါ့ကြောင့် အိပ်မက်တွေဟာ အိမ်ပြန်နောက်ကျခဲ့ရတာပါ။ အထီးကျန် လွင့်မျောနေတဲ့ ပေါ့ပေါ့ပါးပါးဝမ်းဗိုက်တစ်ခုဟာ တစ်ခါတစ်ခါတော့ တစ်ခုခု၊ တစ်စုံတစ်ရာ၊ တစ်ယောက်ယောက်၊ တစ်နေရာရာကို သတိရတာမျိုးတော့ ရှိနေနိုင်တာပေါ့။ ဒါကလည်း လေးလေးလံလံ တော့ မဟုတ်နိုင်ပါဘူး။
ဒီထက်ကြီးလေးတဲ့ ကိစ္စက အနတ္တလွင်ပြင်မှာ ပေါက်ကွဲလွင့်စင်လာဦးမယ့် သူ့အရေခွံ ပါးပါးလေး အကြောင်းပါ။ ဒါက သေခြင်းတရားလား၊ ရှင်ခြင်း အဆုံးလား၊ ရှင်ခြင်းအစလား။ ဒါတွေကို သူမသိနိုင်ဘူး။ ဒါတွေကိုမသိပေမဲ့ လွင့်စင်ပေါက်ကွဲခြင်းကို ရှောင်လို့မရဘူးဆိုတာ သိနေတယ်။ လွင့်စင်သွားေ တာ့လည်း မိုးပျံပူပေါင်းလေးက လေဟာပြင်နဲ့တသား တည်း ဖြစ်သွားပြီး သူ့အရေခွံဟောင်းလေးဟာ လေးကန်တဲ့ ခြေလှမ်းတွေနဲ့ မြေပြင်ကိုပြန်ဆင်း သွားလိမ့်မယ်။ အဲဒီအချိန်မှာ အရေခွံဟောင်းနဲ့ ဗလာဟောင်းလောင်း ရင် ဘတ်လည်း မရှိနိုင်တော့ဘူး။ ဒါကိုပဲ သံသရာလို့ ခေါ်ကြတာလား။ သူ ဉာဏ်မမီဘူး။
သေချာတာကတော့ အဲဒီအခါမှာ မိုးပျံပူပေါင်းဆိုတာ ဘယ်ဟာလဲလို့ ပြော လို့မရတော့ဘူး။ ဘယ်မှာလဲလို့ လည်းရှာမရ တော့ဘူး။

အဲဒီကဗျာဆရာကိုယ်တိုင် တွေဝေသွားမယ့် အိမ်မက်ရှည်ဆီ ခြေဆန့်နေ မိတယ်။
ဒါနဲ့ပဲ အလည်လွန်တဲ့ အိပ်မက်တွေ ညနေစာနဲ့ လွဲခဲ့ရပြန်ပေါ့။

ဇင်ဝေသော်

သဲပုံစေတီ (တည်စဉ် သဒ္ဓါ၊ ဖျက်စဉ် ဝိပဿနာ)


"ဘုရားတည်တာတော့ ကောင်းတဲ့အလုပ်ပါ၊ ဒါပေမဲ့ သူများမြေပေါ် ဘုရား တည်တာကတော့ ဘာညာ ဘာညာ" ဆိုသည့်စကားကို သတိရမိ၏။ ယနေ့ စင်္ကာပူမြေပေါ်မှာ သဲပုံစေတီ(စတုတ္ထအကြိမ်)တည်ကြဖို့လုပ်နေကြသည်။ ခွင့်ပြုချက်ရလျင် သူများမြေပေါ်မှာလည်း တည်လို့ရသည်။ ဆိုလိုသည်မှာ သဲပုံစေတီ တည်ဖို့ ဧရာဝတီကမ်းခြေဖြစ်နေဖို့မလို။ သဲ ရှိဖို့သာလိုသည်။
ဤယဉ်ကျေးမှုက တိဘက် မဏ္ဍလ ယဉ်ကျေးမှုနှင့် အနှစ်သာရအားဖြင့်ဆင် သည်။ သူတို့ကရောင်စုံသဲများဖြင့် စကြဝဠာပုံစံအထိ တည်ဆောက်သည်။ အချိန်တွေ၊ ငွေတွေ၊ လုပ်အားတွေ ရင်းနှီးသည်။ ပြီးတော့မှ စနစ်တကျ တည်ဆောက်ထားသော မဏ္ဍလကို ဖျက်ဆီးလိုက်ကြ၏။ အနိစ္စ သဘောကို သရုပ်ပြလိုက်ခြင်းဖြစ်၏။
အချိန်တွေ၊ ငွေတွေ၊ လုပ်အားတွေ မည်မျှရင်းနှီး ထားရသည်ဖြစ်စေ တဒင်္ဂအတွင်း ပျက်သုန်းသွားနိုင်သည် ဟု ပြလိုက်ခြင်းဖြစ်၏။

မြန်မာတို့က သဲပုံစေတီကိုတည်ကြ၏။ ဤ၌
၁။ ဘုရားရှင်ကိုယ်တော်တိုင်(သဗ္ဗညုတဉာဏ်တော်မှလွဲလျင်) အနိစ္စနောက် ကို လိုက်တော်မူရ၏။ (ရုပ်ဝတ္ထု သဲပုံစေတီကား ဆိုဖွယ်မရှိ)
၂။ အနိစ္စသည် သင်ပေးဆပ်ခဲ့ရသည့် အချိန်တွေ၊ ငွေတွေ၊ လုပ်အားေ တွကြောင့် ငဲ့ညှာ နောက်ဆုပ်နေမည်မဟုတ်။(အနိစ္စသည် ဘက်မလိုက်)
အချိန်တွေ၊ ငွေတွေ၊ လုပ်အားတွေများစွာဖြင့် တည်ထားသော ထိုစေတီ သည် စင်္ကာပူပင်လယ်ကမ်းခြေမှာ ထာဝရရပ်တည်ခွင့် မရှိ။ ဝမ်းနည်းတတ် လျင် ဝမ်းနည်းလို့ရ၏။ သို့သော် ဝမ်နည်းစရာ၊ ရန်ထောင်နေစရာ မလို။

အနိစ္စသည် စင်္ကာပူအစိုးရ၏ ပေါ်လစီမဟုတ်၊ ဗုဒ္ဓဒေသနာဖြစ်သည်။
ထိုစေတီကို ကိုယ်တိုင်မဖျက်ဘူးဆိုလျင်ပင် ပင်လယ်လှိုင်းကြောင့် ပျက်စီး သွားရမည်။ ရှောင်လွှဲလို့မရ။
သို့သော် မပျက်စီးသေးသော နာမ်သဘောအချို့ ရှိတန်ရာ၏။
ယင်းတို့ကား
တည်ဆောက်စဉ် သဒ္ဓါနှင့် ဝိရိယစသည်......
ဖျက်ဆီးရစဉ် အနိစ္စာနုပဿနာတို့ဖြစ်သည်။
ယင်း အနိစ္စာနုပဿနာသည် ဝိပဿနာအစစ်ကြီးမဟုတ်တန်သေးစေ လူထု ကြားက လူမှု-ဝိပဿနာတော့ ဖြစ်နိုင်၏။ လူမှုဝိပဿနာက နိဗ္ဗာန်တော့ မပို့နိုင်။ ရင့်ကျက်ယဉ်ကျေးသူတော့ ဖြစ်စေနိုင်၏။
သူများမြေပေါ်မှာလည်း ဘုရားတည်လို့ရသည်။ အကြောင်းက ဘုရားသည် လည်းကောင်း၊ သူများသည်လည်းကောင်း၊ သူများပိုင်သည်ဟုထင်နေသော သညာဝိပ္ပလ္လာသသည်လည်းကောင်း အနိစ္စများသာ ဖြစ်ကြသောကြောင့်ဖြစ် ၏။ သို့သော် သဒ္ဓါနှင့် ဝိပဿနာက သဲပုံပျက်ပြီးနောက် နာမ်သတ္တိအဖြစ် ကျန်ရစ်ခဲ့၏။

http://www.abhidhammafoundation.org/index.php?option=com_content&view=article&id=184

မြေး အဘိုး ဒိုင်ယာလော့ဂ်


ကျနော်။ ။ အဘိုး၊ ဦးသိန်းစိန်၊ ဒေါ်စု၊ ဦးရွှေမန်းတို့ သုံးယောက်ထဲမှာ ဘယ်သူက သမ္မတရုပ်ပိုပေါက်သလဲ။
အဘိုး။ ။ ဘယ်သူမှ မပေါက်ဘူး။
ကျနော်။ ။ ဟောဗျာ၊ ဘာဖြစ်လို့လဲ။
အဘိုး။ ။ ဘာဖြစ်ရမှာတုန်း ဦးသိန်းစိန်က ပရော်ဖက်ဆာရုပ်၊ ဒေါ်စု က နိုင်ငံခြားရေးဝန်ကြီးရုပ်၊ ဦးရွှေမန်းက ကာကွယ်ရေးးဦးစီးချုပ်ရုပ်လေ။
ကျနော်။ ။ ဒါဆို ဘယ်သူက သမ္မတရုပ်ပေါက်နေဦးမှာလဲ။
အဘိုး။ ။ ထွီး(သခင်ကိုယ်တော်မှိုင်းစတိုင်နဲ့ ကွမ်းသွေးများ ထွေးခံထဲထွေး ထည့်ရင်း) ငါပေါ့ကွာ။

၂၀၁၅ ခု ရွေးကောက်ပွဲမှာ ချူးဝင်းဂမ်း ပါတီအနေနဲ့ ရွေးကောက်ပွဲဝင်ပြိုင်လို့ အဘိုးများနိုင်သွားရင် ကွမ်းသွေးများ ကြိုက်တဲ့နေရာမှာ ထွေးလို့ရစရာ ရှိနေပါတယ်။ "ဤနေရာတွင် ကွမ်းသွေးမထွေးရ၊ တွေ့ရှိက ဒဏ်ငွေ ငါးရာ" (မတွေ့ရှိက တစ်ပြားမှ ပေးစရာမလို) စတဲ့ ဥပဒေတွေကို ပြင်ဆင်ရေးဆွဲ လာနိုင်စရာ ရှိပါကြောင်း

မြေး ဇင်ဝေသော်
(စည်းရုံးရေးမှူး၊ ချူးဝင်းဂမ်းပါတီ)

လူဆိုတာအကြောက်တရားနဲ့ မကင်းနိုင်ကြဘူး။


ပတ်မကြီးတွေ ဝယ်စုထားရလျင်


ပတ်မကြီးတွေ ဝယ်စုထားရလျင် စီးပွားရေးအဆင်ပြေနိုင်ပါသည်။ သိရ သလောက် ပတ်မကြီးထိုးဖောက်မယ့်လူတွေ များနိုင်ပါသည်။ နောက်ဆုံး ထိုးဖောက် ခံလိုက်ရသော ပတ်မကား ဂေါတမဗုဒ္ဓကိုယ်တော်တိုင် ဖြစ်သည် ဟု မိတ်ဆွေတစ်ယောက်က ဖဘသတင်း ပေးပါသည်။ ကျွန်ုပ် ထိုးဖောက် ပုဂ္ဂိုလ်နှင့် ထိုသတင်းကို မသိပါ။ စိတ်လည်းမဝင်းစားပါ။
မင်းသားနေရာက တစ်ယောက်စာပဲ ရှိသည်မဟုတ်ပါလား။ ထို့ကြောင့်ပတ်မ ခရိုက်စစ်စ် ကြုံတွေ့ရပေတော့မည်။ ပတ်မကြီးတွေ ဝယ်သည်။ ဈေးနှုန်း က နဂိုရှီယိတ်တေဘယ်လ် ဖြစ်ပါသည်။


img source

လူတိုင်းသာသနာပြု ဖြစ်နိုင်၏


မစ္စတာလျောင်းက သူ့ဘောစ် မီရှယ်ကကျောင်းကို လာရောက်တွေ့ ဆုံ လိုကြောင်း လျှောက်ထားပြီး ရက်၊ အချိန်တောင်း၊ ထိုနေ့မှာ သူ့ဘောစ်နဲ့ မိတ်ဆက်ပေး၊ သူကပြန်သွားသည်။ သူပြန်သွားအပြီး မီရှယ်နဲ့စကားပြော ရင်းသူမ လာရောက်တွေဆုံလိုခြင်းအကြောင်းကို သဘောပေါက်လိုက်ရ သည်။
သူမ ကျောင်းကိုရောက်လာခြင်းက မစ္စတာလျောင်းကြောင့်ပင်။ သူ၏ အလုပ် ကြိုးစားမှု၊ တာဝန်ကျေမှုတို့အပြင် သူ၏ အေးဆေးသောရုပ်သွင်၊ ဖော်ရွေေ သာဆက်ဆံမှု၊ အဆင်မပြေမှုများကို ရင်ဆိုင်တွေ့ကြုံရာမှာလည်း သူများေ တွလိုမဟုတ် အေးဆေးညင်သာစွာဆက်ဆံ ဖြေရှင်းတတ်မှု စသည် တို့ကြောင့်ဖြစ်သည်။

သူက ဗုဒ္ဓဘာသာ၊ ထို့ကြောင့် ဗုဒ္ဓဘာသာမှာ အရေးကြီး၊ ကောင်းမွန်တဲ့ အဆုံးအမတွေ ရှိနေရမယ်ဆိုပြီး ကျောင်းကို သူမကိုယ်တိုင် လိုက် လာခြင်းဖြစ်သည်။ ယခုတော့ သမက သင်တန်းတွေတက်ရင်း ကျောင်းသား တစ်ယောက်ပင် ဖြစ်နေပေပြီ။
မစ္စတာလျောင်းက သာသနာပြုအစစ်၊ ပါးစပ်နဲ့ မပြော အလုပ်နဲ့ သူ့ဘော့စ်ကို စည်းရုံးလိုက်သည်။
ဘာသာတရားများ၏ အဆုံးအမများနှင့်ပတ်သက်ပြီး သူသာ ငါသာ ညင်း ခုံခြင်းက မဆုံးနိုင်သလို ပဋိပက္ခအသွင်ပင်ဆောင်သွားနိုင်သေးသည်။
အရှင် အဿဇိမထေရ်ကို သတိတရ ကြည်ညိုမိ၏။
လူတိုင်းသာသနာပြု ဖြစ်နိုင်၏။ ညင်းခုံနေခြင်းဖြင့် မဟုတ်၊ ပြုမူပြခြင်းဖြင့်ဖြစ် သည်။
လူအများစု၏ အပြုအမူသည် ၎င်းတို့၏ ဘာသာတရားကို ရောင်ပြန်ဟပ်စေ သည်။
ယနေ့ခေတ် သာသနာပြုဟူသည် ဆံပယ်ရန်ပင် မလိုတော့။
ကိုယ်ကျင့်နဲ အပြုအမူသာလိုတော့သည်။

စတုတ္ထအကြိမ်မြောက် လောကချမ်းသာ သဲပုံစေတီတည်ထားကိုးကွယ် ပူဇော်ပွဲ နှိုးဆော်လွှာ


 
Sand-Pagoda-4

ဓမ္မမိတ်ဆွေအပေါင်း သူတော်ကောင်းတို့...
သာသနာတော်နှစ် ၂၅၅၇ခုနှစ် ၊ ကောဇာသက္ကရာဇ် ၁၃၇၅ ခု တပေါင်းလဆန်း (၁၄) ရက် ၊ ခရစ်သက္ကရာဇ် ၂၀၁၄ ခု မတ်လ (၁၄)ရက် သောကြာနေ့ မင်္ဂလာညနေ(၆း၀၀) နာရီမှ စ၍ မတ်လ (၁၆)ရက် တနင်္ဂနွေနေ့မနက် (၉း၀၀) နာရီ အထိ စင်္ကာပူနိုင်ငံ ပင်လယ်ကမ်းခြေတွင် အဘိဓမ္မာအသင်းကြီး (စင်္ကာပူ) ၊ စင်္ကာပူရောက် မြန်မာ ပရဟိတအသင်းများနှင့်တကွ ဗုဒ္ဓဘာသာဝင်များစုပေါင်း၍ မဟာလေးဆူဓါတ်ပုံ ရွှေတိဂုံပုံတူ "လောကချမ်းသာ" သဲပုံစေတီတော် စတုတ္ထအကြိမ်မြောက် တည်ထားကိုးကွယ် ပူဇော်ပွဲကြီးကို ကျင်းပသွားမည်ဖြစ်ပါသည်။

သဲပုံစေတီ တည်ထား ကိုးကွယ်လိုသော ဗုဒ္ဓဘာသာဝင် သူတော်ကောင်း များသည် သောကြာနေ့ညနေ (၆း၀၀) နာရီမှစ၍ စင်္ကာပူနိုင်ငံ ပင်လယ်ကမ်းခြေ ( East Coast Park - Sand Castle ) တွင် လာရောက်စုရုံးကြပြီး Rock 14 မျက်နှာစာ ကျွန်းဦး သောင်ဦး မြေပြန့် နေရာတွင် တာဝန်ရှိအကျိုးတော်ဆောင်များ၏ ညွှန်ကြားချက်အရ ပင်လယ်သဲသန့်များကို စုပုံသွန်းလောင်း ကြမည်ဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင် သူတော်ကောင်းအပေါင်းမှ မိမိတို့နိုင်ရာ သဲ တစ်ဆုပ် ရေတစ်ပုံး ပါဝင်သွန်းလောင်း ပူဇော်ကြရမှာဖြစ်ပြီး သဲပုံစေတီကို ပန်းဆီမီး ရေချမ်း အမွှေးနံသာတို့ဖြင့် စိတ်တိုင်းကျ ပူဇော်ကြကာ စေတီတော် တည်ပြီးသော စနေနေ့ညနေ (၇း၀၀) နာရီခန့်တွင် အနေကဇာတိ သံသာရံ အစချီသော ဥဒါန်းဂါထာဖြင့် ဆရာတော်များ ရွတ်ဖတ်ပူဇော်ပြီး ဒကာဒကာမများမှ စေတီတော်ရင်ပြင် ပင်လယ်ကမ်းစပ် ကျွန်းသောင်တော်ဦး မြေပြန့်ခင်းသာတွင် မိမိတို့ နှစ်သက်ရာ ဒါန၊ သီလ၊ သမထ ၊ ၀ိပဿဿ နာ ဘာဝနာ တရားများကို ဆန္ဒရှိသ၍ တစ်ညလုံး ပူဇော်သွားကြမည်ဖြစ်ပါ၍ ဘုရားတည်ခြင်း ကုသိုလ်တော် ပါဝင်နိုင်ကြရန် နိဗ္ဗာန်အကျိုးမျှော် နိုးဆော်တိုက်တွန်းအပ်ပါသည်။
သဲပုံစေတီတည်ထားကိုးကွယ်ပူဇော်ပွဲအတွက် ၀တ္ထုငွေ နှင့် အာဟာရဒါနလှူဒါန်းလိုသူများ စာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ (ပြီးခဲ့သောနှစ်များ၏အတွေ့အကြုံအရ စာရင်းပေးသွင်းခြင်းမရှိဘဲ လာရောက်လှူဒါန်းသော အာဟာရဒါနများဖြင့် အလေအလွင့်များစွာဖြစ်ရပါသောကြောင့် စာရင်းပေးသွင်းခြင်းဖြင့် ကုသိုလ်တော်ယူပါရန် မေတ္တာရပ်ခံအပ်ပါသည်။)

Join Event on Facebook
sand-pagoda-fb-event


စတင်မည့်နေ့ရက် ။ ။ ၁၄-၃-၂၀၁၄ (သောကြာနေ့)
(ညနေ ၆း၀၀ နာရီမှ စတင်၍ လုပ်အားအလှူဒါနများဖြင့်ကုသိုလ်ပြုနိုင်ကြပါသည်။)

ပူဇော်ပွဲနေ့ရက် ။ ။ ၁၅-၃-၂၀၁၄ (စနေနေ့)
(ညနေ ၇း၀၀ နာရီခန့်တွင် ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားကို ကျင်းပပါမည်။)
**၁၆-၃-၂၀၁၄ မနက် ၉ နာရီခန့်တွင် သဲပုံစေတီတော်မြတ်ပူဇော်ပွဲအား ရုပ်သိမ်းပါမည်။

ကျင်းပမည့်နေရာ ။ ။ East Coast Park - Sand Castle, Car Park E2, Rock no - 14, near PIT 52E, Singapore.
လမ်းညျွန်မြေပုံ
Sand Pagoda Map

အကျိုးတော်ဆောင်များ
ဦးအံ့ထူးနိုင် - 90254909 ၊ ကိုဇော်မျိုးမင်း - 90479374 ၊ မဆုရည်မွန် - 90662407 ၊ ဒေါ်ခင်စန်းယု - (SMS-82986297)၊

http://www.abhidhammafoundation.org/

ကုသိုလ်ရစေတဲ့ အိုင်တီ


တစ်နေ့က ဒကာတစ်ယောက်နှင့် စကားစပ်မိရင်း ကုသိုလ်ရတဲ့ အိုင်တီ အကြောင်း သိခွင့်ရခဲသည်။ သူ့မိခင် ၈၁ နှစ်ရှိ ဒကာမကြီးနှင့် စကားဆက် စပ်ရာမှ..သူ့ အမေက သူတို့မိသားစုနဲ့ အတူမနေကြောင်း၊ သူမအတွက် သူမ ကလေးတွေ ဝန်ထုပ်မပိစေလို့ အဓိကဖြစ်ဟန်တူကြောင်း ရှင်းပြသည်။
သူမလို သားစုနဲ့ အတူမနေသော ၈၆ နှစ်ရှိအဖွားကြီးတစ်ယောက် မူးလဲပြီး တစ်ရက်လုံးလုံး ဘယ်သူမှမသိ၊ အန္တရာယ်ကြီးကြောင်း အတွေ့အကြုံကို သူ့ကိုပြောမိတော့...သူတို့က သူ့အမေရဲ့ အိမ်မှာ (ပရိုက်ဘိတ်နေရာတွေမှ လွဲပြီး) စီစီတီဗွီကင်မရာဆင်ထားကြောင်း၊ လေးရာလောက်သာကုန်ကြောင်း၊ သူ့ အမေဘယ်မှာရှိ၊ ဘာလုပ်နေသည်ကို စမတ်ဖုန်းထဲကနေ မကြာမကြာ ကြည့်နေနိုင်သဖြင့် ဤမျှအထိဖြစ်ဖို့တော့ ခက်ခဲကြောင်း သူကရှင်းသည်။ သားဖြစ်သူ၏မိသားစုနှင့် အတူမနေသဖြင့် စီစီတီဗွီကင်မရာဆင်ထားခြင်း ကိုတော့ သူ့အမေကလည်း သဘောတူသည်ဟုဆိုသည်။

နှစ်ဦးနှစ်ဖက်အဆင်ပြေပြီး အိုင်တီကို ကောင်းမွန်စွာအသုံးချလိုက်ခြင်း ပင်ဖြစ်သည်။
သူ့စကားကို ကြားလိုက်ရအပြီး ဒီအကြောင်းကို ဆန်းဒေးဓမ္မသင်တန်းက ဆရာတွေ၊ ကျောင်းသားတွေကိုရော တရုတ်လပြည့်လကွယ်ပရိဿတ်ကို ပါ ပြောပြ၊ တိုက်တွန်းရဦးမည်ဟု ဆုံးဖြတ်လိုက်မိ၏။

နိုင်ငံတူ စီဗီလိုက်ဇေးရှင်းကွဲမှာ


အင်အားသုံးမှု(လူအများစု) တန်ပြန်လှုပ်ရှားမှု(လူအနည်းစု) ဖြစ်တတ်တယ်။
အင်အားသုံးမှုက တစ်ဖက်သတ်ဆန်ပြီး တန်ပြန်လှုပ်ရှားမှုက ခွဲထွက်ရေးဆန် လာရင်....
နယ်မြေကွဲနေရင် နိုင်ငံနှစ်ခြမ်း ကွဲသွားတတ်တယ်။
နယ်မြေက ရောထွေးရှက်တင်ဆိုရင် အကြမ်းဖက်မှု၊ အပြန်အလှန်သတ်ဖြတ် မှု၊ လူမျိုးတုံးသတ်ဖြတ်မှုအထိ ဖြစ်လာတတ်တယ်။

The Clash of Civilization.

မြန်မာဗိုလ်ချုပ်ကြီးများလမ်းကြောင်းပြောင်းခြင်း (နှစ်)


လူတစ်ယောက်ရဲ့ ကမ္ဘာ့ အမြင်
(အခန်း ၅၊ အရှေ့တောင်အာရှ)

"မြန်မာပြည်ထဲကနေ ထွက်ပြေးသွားကြတဲ့ အဲဒီအုပ်စုဟာ အတော်ဆုံးမြန် မာလူမျိုးတွေပါ။... နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ အဲဒီ နိုင်ငံခြားေ ရာက်မြန်မာတွေ ပြန်လာအောင် စည်းရုံးပြီး စီးပွားရေးစတင်လုပ်ကိုင်နိုင်မယ် ဆိုရင် နိုင်ငံအတွက် တကယ့်အခွင့်အရေးကြီးတစ်ခုဆိုတာ မြေကြီး လက် ခတ်မလွဲပါပဲ"
(လီကွမ်းယု)

လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာတော့ မြန်မာပြည်ဟာ တံခါဖွင့်ဝါဒကျင့်သုံးဖို့ အရေးကြီးတဲ့ ပြောင်းလဲမှုတွေ ပြုလုပ်လာခဲ့ပါတယ်။ ဒီတစ်ခါတော့ ဗိုလ်ချုပ် ကြီးတွေအနေနဲ့ နောက်ကြောင်းပြန်လှည့်မယ်လို့ ကျွန်တော်မထင်မိပါဘူး။ ဒီ မှာ မေးစရာရှိတာက သူတို့ဘယ်လောက်မြန်မြန် (ဘယ်အမြန်နှုန်းနဲ့ ) ပြောင်းလဲရေးလုပ်မလဲ ဆိုတာပါပဲ။

တော်တော်များများက အောင်ဆန်းစုကြည်ကို မျှော်လင့်နေကြတယ်။ စစ် တပ်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ သူမက အိုက်ကွန်တစ်ယောက်ပါ။ အနာဂတ် အစိုးရအဖွဲ့မှာသူမဦးဆောင်မှုပေးဖို့ တော်တော်များများက တောင်းဆိုနေကြ
ပါတယ်။ ကျွန်တော့်အမြင်မှာတော့ သိပ်မရေရာလှပါဘူး သူမက အင်္ဂလိပ် နဲ့လက်ထပ်ထားပြီး သူမရဲ့ သားနှစ်ယောက်ကလည်း အင်္ဂလိပ်စပ် ကပြား ကလေးတွေဖြစ်နေပါတယ်။ သူမက လွပ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်ေ အာင်ဆန်းရဲ့ သမီးဖြစ်နေပေမဲ့ လူတစ်ချို့ကသူမကို ဗမာစစ်စစ်တစ်ယောက် အနေနဲ့ လက်မခံနိုင်ကြဘူး။ သူမ သမ္မတဖြစ်ဖို့အတွက် တားမြစ်ထားတဲ့ အခြေခံဥပဒေကလည်း ရှိနေပါသေးတယ်။ သူမအသက်က (၆၈) နှစ် ဆိုတော့ အရွယ်ကလည်း တော်တော်ရနေပါပြီ။ နိုင်ငံကိုသူမအနေနဲ့ ခေါင်းေ ဆာင်ခွင့်ရခဲ့ပြီဆိုရင်တောင်မှ တိုင်းရင်းသားအရေးပြဿနာတွေနဲ့ ခက်ခက် ခဲခဲရင်ဆိုင်ရဖွယ် ရှိနေပါတယ်။ တိုင်းရင်းသားအရေးတွေကို သူမအနေ နဲ့ နိုင်နင်းအောင် ကိုင်တွယ်နိုင်ပါ့မလား။

(တိုင်းရင်းသားအရေးထဲ ရိုဟိန်ဂျာ ထည့်ရ၊ မရ။ ရိုဟိန်ဂျာကိုယူရင် မရ၊ ရခိုင်ကိုယူရင်တော့ တိုင်းရင်းသားအရေးပေါ့။ ဒါဆိုရင် သူ့ သုံးသပ်ချက် မှန်တယ်။ ဒေါ်စု အကြပ်ရိုက်နေတယ်။
ဒါပေမဲ့ "နိုင်ငံရေးလုပ်ပြီး ရွေးကောက်ပွဲနိုင်ချင်ရင် ဘာသာမဲ့ ခံယူထား သူတွေတောင် မက္ကာကို ဘုရားဖူးအမြန်အပြေးပြီး မွတ်စလင်ခံယူရတယ်" ဆိုတဲ့ ဟန်တင်တန်ရဲ့ စီဗီလိုက်ဇေးရှင်းအမြင်လောက် မသေချာ၊ မသပ်ရပ် ဘူး) ဘာသာပြန်သူ။ ။

နိုင်ငံရဲ့ စီးပွားရေးတံခါးဖွင့်မှုကို အဓိကအားရှိစေတဲ့ နောက်ထပ်အချက်တစ် ခုကတော့ နိုင်ငံခြားမှာ ရောက်ရှိနေထိုင်နေကြတဲ့ မြန်မာလူမျိုးတွေပါပဲ။ မြန် မာပြည်ထဲကနေ ထွက်ပြေးသွားကြတဲ့ အဲဒီအုပ်စုဟာ အတော်ဆုံးမြန်မာ လူ မျိုးတွေပါ။ သူတို့က မွေးလာတဲ့ ကလေးတွေက နိုင်ငံတော်အပေါ်ထားရှိရ မယ့် တာဝန်ဝတ္တရားတွေကို မသိတော့ဘူးဆိုရင်တောင်မှ မြန်မာပြည်ကနေ ငယ်စဉ်မှာ ထွက်ခွာခဲ့သူတွေ၊ အရွယ်ရောက်မှ ထွက်ခွာခဲ့သူတွေကတော့ ခံစားချက်မြဲမြဲ မြန်မြန်ရှိနေကြပါလိမ့်မယ်။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ အဲဒီ နိုင်ငံခြားရောက်မြန်မာတွေ ပြန်လာအောင် စည်းရုံးပြီး စီးပွားရေး စ တင်လုပ်ကိုင်နိုင်မယ်ဆိုရင် နိုင်ငံအတွက် တကယ့်အခွင့်အရေးကြီးတစ်ခုဆို တာ မြေကြီးလက်ခတ်မလွဲပါပဲ။

အမေး အဖြေ

မေး။ ။ မစ္စတာလီရဲ့ အရင် “ံHard Truths to Keep Singapore going” စာအုပ်ထဲမှာတော့ မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေဟာ ကိုယ်ဘာလုပ်လို့ လုပ်ရ မယ် ဆိုတာတောင် မသိလောက်အောင် ထူလွန်းလို့ မစ္စတာလီရဲ့တစ်သက် မှာတော့ ပြုပြင်ပြောင်းလဲလာဖို့လမ်းစ မမြင်ဘူးလို့ ပြောခဲ့တယ်နော်။
ဖြေ။။ ။သူတို့က တော်တော်ကြီးခေါင်းမာတာပဲ။ ရှေ့မှာချောက် ကမ်း ပါးပဲရှိတော့တယ်ဆိုတာ သိရက်နဲ့တောင် ခေါင်းမာနေကြတုန်းပဲ။

မေး။ ။ မြန်မာ့ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်လို့ ပြောဆိုနေကြတာတွေ ထဲမှာ မြန်မာပြည်ပြုပြင်ပြောင်းလဲလာနေတာတွေဟာ အာစီယံနိုင်ငံတွေရဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံမှုတွေကြောင့်လို့ ဆိုကြသလို အနောက်နိုင် ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကြောင့်လို့လည်း ဆိုနေကြတယ်။ဘာကြောင့် လို့ မစ္စတာလီ ထင်ပါသလဲ။
ဖြေ။ ။ ဘာကြောင့်ပဲဖြစ်ဖြစ် ဒါက အရေးမကြီးလှပါဘူး။ အရင်နဲ့မတူတဲ့ အနာဂတ်ကိုရင်ဆိုင်ဖို့ သူတို့ဆုံးဖြတ်လိုက်ကြတယ်ဆိုတာက ပိုအရေးကြီးပါ တယ်။

မေး။ ။ တရုတ်လွှမ်းမိုးမှု ဆက်ရှိနေဦးမှာပဲလား
ဖြေ။ ။တရုတ်လွှမ်းမိုးမှု ဆက်ရှိနေလိမ့်မယ်။ အကြောင်းကတော့ တရုတ်တွေက အဝေးပြေးလမ်းမကြီးဖောက်နေလို့ပဲ။ ပြီးတော့ မြန်မာပြည် အထီးကျန်နေစဉ်မှာ နှစ်ပေါင်းများစွာ သူတို့က ကူညီထောက်ပံ့ပေးထားကြ တာ။ သူတို့အချင်းချင်းက မိတ်ဆွေရင်းတွေ ဖြစ်နေကြသလို ဒီဆက်ဆံရေး ဟာ ရေရှည်မိတ်ဆွေရင်းတွေလို ဆက်ဆံရေးဆိုတာ သူတို့ သဘောပေါက် ထားကြတယ်။ အိန္ဒိယန်းတွေကလည်း ဒီဆက်ဆံရေးကဏ္ဍထဲဝင်ဖို့ အကူ အညီတွေပေးပြီးဝင်နေကြတယ်။ ဒါပေမဲ့ တရုတ်ကို သူတို့ယှဉ်နိုင်မယ်လို့ ငါတော့ မထင်ပါဘူး။

မေး။ ။ အမေရိကန်တွေရော မြန်မာပြည်ထဲကို ခြေချလာနိုင်ဖို့ ရှိမလား ။ ဒေသတဝိုက်မှာ တရုတ်လွှမ်းမိုးမှုကို ကန့်သတ်ဟန့်တားတဲ့အနေနဲ့ပေါ့။
ဖြေ။ ။ သူတို့လာရမယ့် ခရီးက သိပ်ဝေးလွန်းတယ်။ စွမ်းအားဖြည့်တင်းဖို့ ခရီးအကွာအဝေးက မသေးလှဘူး။ တရုတ်ယူနန်ပြည်နယ်က မြန်မာပြည်နဲ့ နယ်ခြားချင်း စပ်နေတာ။

မြန်မာအားလုံးပြီး။
(အရှေ့တောင်အာရှ အပိုင်းကိုတော့ ရွေးချယ်ပြီးပဲ တင်ပေးသွားမှာပါ။ မြန်မာ ကတော့ ဒါ အကုန်ပါပဲ။