၂၀၁၅


သစ္စာနှစ်ရောင် နှင်းဆီတစ်ပွင့်
နင့်ရင်မှာ ပွင့်စေ။

လူအမျိုးမျိုး
နတ်အမျိုးမျိုး
အလိုအမျိုးမျိုး
စကားအမျိုးမျိုး
ဓမ္မကထိကအမျိုးမျိုး
ဘုရားရိုခိုးအမျိုးမျိုး။

လူသစ်
စိတ်သစ်
အစိုးရသစ်
အနာဂတ်အသစ်
ဘုရားရှိခိုးအဟောင်း
ငါးပါးသီလအဟောင်း
မဂ္ဂင် ရှစ်ပါး အဟောင်း
ဝိစကီမကြိုက်တဲ့ပင်လယ်
ငါးပါးသီလ လုံတဲ့ ရေ၊မြေ၊လေ၊မီး
ဓာတ်ကြီးလေးပါး ဗြဟ္မစိုရ်လေးပါး ပွားစေ။

စီးပွားရေး ပိုလီယို မာရသွန်ပြိုင်စေ
(နှစ်ယူသိ၍)
တစ်ယူသန်တို့မိုးတိမ်ကင်းစင်စေ
အမြဲစိမ်းသစ်တောတို့ ကျန်းမာစေ
အမြဲစိမ်းလူတို့ နေရာမှန်ပြန်ရောက်စေ
အမြဲဝါလယ်ခင်းတို့ ကမ္ဘာ့ (နာမ်) ရိက္ခာဖြစ်စေ။

အင်ကျင်းပန်းတို့ ခါချဉ်ကင်းစေ
အနာဂတ်အသစ်
မျှော်လင့်ချက်သစ်
အစိုးရအသစ်
ချစ်သူအဟောင်း
ဇနီးမောင်နှံအဟောင်း
သား၊ သမီးအဟောင်း
ဟောင်းတိုင်း မဟောင်း
သစ်တိုင်းလည်း မသစ်
ဘယ်လောက်သစ်သစ် ဒီမျက်နှာက အဟောင်း
ဘယ်လောက်ဟောင်းဟောင်း ဒီအိပ်မက်က အသစ်။

မုန့်လုံးတို့ ရေပေါ်
လူပေါ်တို့ဘီယာဆိုင်အချိန်ဖြုန်း
ကင်းစေ၊ဝေးစေ။

ကလေးတို့ သင်တဲ့ပညာ ဂလိုဘယ်ဆန်စေ
လူကြီးတို့ရှာတဲ့ငွေ ဂလိုဘယ်ဆန်စေ
ချို့တဲ့သော ပညာရှင်များ ဗိုက်ဝစေ
ဗိုက်ရွှဲသူတို့ ပညာမချို့ပါစေနဲ့။

ဆံပင်က နီကြောင်ငြား
စိတ်မကြောင်စေ
စကတ်အလယ်က ကွဲသော်ငြား
ကိုယ်ကျင့်များလုံကြစေ။
ဂျင်းဘောင်းဘီယဉ်ကျေးမှု
ယာတောထဲ ဟစ် ဟော့တ်ဖြစ်စေ။

ခေတ်ရေစီး ဆည်တည်ဆောက်မရ
ကမ္ဘာခေါင်းဆောင်များ ဆုံးဖြတ်ချက်မှန်ပါစေ
နိုင်ငံ ခေါင်းဆောင်များ ဆုံးဖြတ်ချက်မှန်ပါစေ
(ပိတ်ထားတဲ့)
ထောင်တံခါးများပွင့်စေ
(ပိတ်ထားတဲ့)
စီးပွားရေးတံခါးများပွင့်စေ
မျက်နှာကြောထက် လက်ကြောများတင်းစေ။

တစ်နှစ်မှာ ၁၂ လ
ပဋိစ္စသမုပ္ပါဒ်မှာလည်း ၁၂ ကန့်
အဝိဇ္ဇာ လှည့်တဲ့စက်ရပ်စေ
ပညာလှည့်တဲ့စက်လည်စေ။

မနက်ဖြန်မနက်ဆို


ဘာပဲပြောပြော မြန်မာပြည်လည်း မနက်ဖြန်မနက်ဆို စင်္ကာပူကို မီတော့မှာပါလား
(သမ္မတကြီးအဆိုအရ)

မိတ်ဆွေကောင်းတစ်ယောက်


မိတ်ဆွေကောင်းတစ်ယောက် ဖဘပေါ်က ရပါတယ်။ ဒါမျိုးမိတ်ဆွေ
"နောက်ဆုံးတော့ မိတ်ဆွေစစ် မိတ်ဆွေမှန်ဆိုတာ ကိုယ်က ဘယ်လောက်ပဲ ပြောင်စပ်စပ်လုပ်နေနေ လက်တွဲဖြုတ်မသွားသူကို ခေါ်တာပါ"
ရဲမြင့်တဲ့၊ မယုံရင် သူ့ဝေါပေါ်သွားကြည့်ပါ၊ ဒါမျိုးတွေ အများကြီးပဲ။

"လစာကောင်းကောင်း" "စေတနာ"


သန့်မြင့်ဦးစာအုပ်ကို ဘာသာပြန်တဲ့ မြနှင်းဆီလိုပဲ "ဒေါ်မြရီဆိုသည့် မိန်းကလေး သည်" တဲ့။ (မိန်းကလေးလို့ သုံးချင်ရင် "ဒေါ်" လေးဖြုတ်လိုက်ပါအုံး ဆရာမရယ်)
အခု အဲသထက်ဆိုးသွားပြီ၊ "လစာကောင်းကောင်း" "စေတနာ" တဲ့။ "လစာကောင်းကောင်း" လိုချင်ရင်လည်း "စေတနာ" မသုံးဘဲ " "လစာနဲ့တန်အောင်" လို့ လုပ်ပါ ဥက္ကဋ္ဌကြီးရယ်။

ပေါက်တတ်ကရ အင်တာဗျူး (၇)


မေး။ ။ ဘုန်းဘုန်းဘုရား၊ ဖေ့စ်ဘုတ်သုံးစွဲခြင်းဟာ စာပေနဲ့ ကိုက်ညီပါသလား
ဖြေ။ ။ ကိုက်ညီပါတယ်ကွယ်။ ပါဠိစာပေမှာ "အဒိဋ္ဌပုဗ္ဗသဟာယက" ဆိုတာ ရှိပါတယ်၊ အဓိပ္ပါယ်က လူချင်းမတွေ့ဘူးပဲ မိတ်ဆွေတွေဖြစ်နေကြတယ်ဆိုတာပါ။ ဖေ့စ်ဘုတ်ဖရင့်ဆိုတာ တချို့က အဒိဋ္ဌပုဗ္ဗသဟာယက တွေပါ။

မေး။ ။ နောက်ပြီး ဖေ့စ်ဘုတ်ပေါ်မှာ ပို့စ်အဟောင်းတွေ ထပ်ထပ်တင်တာဟာ စာပေကျမ်းဂန်နဲ့ ညီညွတ်ပါသလားဘုရား။
ဖြေ။ ။ ညီညွတ်ပါတယ်ကွယ်။
မေး။ ။ အထောက်အထား ရက်ဖရင့်လေး လုပ်ပါအုံးဘုရား။
ဖြေ။ ။ အများကြီးပါကွယ်။ ဆရာတော်တွေ ကထိန်တရားဟောရင် ဘဒ္ဒဝဂ္ဂီ ညီနောင်သုံးကျိပ်ကနေ ရှောင်ဟောလို့ မရပါဘူး။ အဲဒီ ပို့စ်ဆိုရင် အကြိမ်ရေ ၂၅၀၀ ကျော် ထပ်တင်ပြီးသားပါ။ နောက်လည်း တင်နေကြရဦးမှာပဲကွယ့်။

"သုံးပုဒ်ကဗျာထဲ"က ဆရာသစ္စာနီ အပျင်းပြေရေးလိုက်တယ်ဆိုတဲ့ "လူသိရှင်ကြား ဖုံးကွယ်ခြင်း"


"သုံးပုဒ်ကဗျာထဲ"က ဆရာသစ္စာနီ အပျင်းပြေရေးလိုက်တယ်ဆိုတဲ့ "လူသိရှင်ကြား ဖုံးကွယ်ခြင်း" ကဗျာရှည်ထဲက အပိုဒ်အချို့ပါ။

အနုပညာမှာ ပို့စ်မော်ဒန်နစ်
ဘာသာရေးမှာ ဗုဒ္ဓစ်
နိုင်ငံရေးမှာ လစ်ဘရယ် ဒီမိုကရက်တစ်။

..............................................
..............................................

ကျွန်တော်ငယ်ငယ်က
အိမ်နောက်ဖေးက တောအုပ်မှာ
ရော်ဘင်ဟုဒ် လုပ်ဖူးတယ်။

...................................................

အဲဒါ
ကျွန်တော် ကံဆိုးတာလား
မြန်မာစာပေလောက ကံဆိုးတာလား
အခုအချိန်အထိ
ဝေခွဲလို့မရ။

.............................................
................................................

ကျွန်တော်ဟာ
မျက်မှန်နဲ့အဝတ်အစားပါ
ပေါင်ကိုးဆယ်သာသာလေးတယ်၊
မတ်တတ်ရပ်နေတဲ့အခါ
မိုးကောင်းကင်နဲ့ ငါးပေပိုနီးတယ်၊

...............................................
...................................................

သူ့အတွက်
စာပေဆုမလို
ဒစ်ပလိုမေစီမလို
ပုဂ္ဂိုလ်ရေးကိုးကွယ်မှုမလို
အိမ်မွေးတိရစ္ဆာန်မလို

.......................................
.............................

ဘဏ်ငွေစာရင်းမရှိ
နောက်လိုက်မရှိလည်း
နေလို့ရတာပါပဲ
စီးပွားပျက်တာ ကြုံရပေမဲ့
တမလွန်မှာ ဗြဟ္မာဖြစ်ချင်သူဟာ
ဒုက္ခတွေကို
ကြက်မွှေးနဲ့ သပ်ချလို့။

သီဟနာဒ သံရုံးရှေ့ ရောက်သွားခြင်း


"အာစီယံဆီက ဘာတွေ မျှော်လင့်သလဲ"
"ရေကူးနည်းစာအုပ်တွေ မျှော်လင့်ပါတယ်"

(သံရုံးဟူသည် ရန်ကုန်က တရုတ်သံရုံးမဟုတ်၊ စင်္ကာပူက မြန်မာသံရုံးကို ဆိုလို သည်။ ထို့ကြောင့် တရုတ်သံရုံးကို ကာကွယ်ရန်မဟုတ်၊ မြန်မာ လူငယ် ထုကို သွေးအေးသွားစေရန်ဖြစ်သည်။ ဒီခေတ်ကြီးမှာ ရောထွေးစရာတွေက လည်း များလိုက်တာ၊ အမှာတွေ ထည့်ထည့်နေရ)
၂၀၀၇၊ ရွှေဝါရောင်အပြီး မြန်မာ အစိုးရက လူထုဆန္ဒခံယူပွဲလုပ်သည်။ သံရုံးရှေ့ မှာ မြန်မာလူငယ်ထုက ထောင်ချီ၊ လူတစ်ယောက် မဲထည့်ချိန် ၁၅ မိနစ်ခန့်ကြာ၊ ဆန္ဒခံယူပွဲက တနင်္ဂနွေတစ်ရက်ထဲ။ အဲသလို။ ကဲ လူဦးရေ ဘယ်လောက် မဲပေးခွင့်ရကြမလဲ(စစ်အစိုးရက အဲသလို ပညာရှိသည်)။ လူငယ်ထုက မကျေ မနပ်တွေဖြစ်၊ ဆူမလို၊ ပူမလိုတွေဖြစ်။ အဲသလိုနဲ့ မိတ်ဆွေတွေက လှမ်းခေါ်လို့ ရောက်သွားရခြင်း ဖြစ်ပါသည်။

***********************************************************************
တချို့ မီဒီယာတွေရဲ့ အီးလိုမေးခွန်းတွေကို (ကိုယ့်ဖက်တွန်းပို့ကြသဖြင့်) ဖြေ လိုက်ရသည်၊ ထို့ကြောင့် စင်္ကာပူမှာတော့ နေ့ချင်းညချင်း စတားဖြစ်သွားသည်။ ဘရိုက်စတားတော့ မဟုတ်၊ ဘလက်စတား။
မကြာပါ။ M.O.M က ခေါ်ပါတော့သည်။ မေးပါတော့သည်။
"ဘာ့ကြောင့် ဒီလိုလုပ်ရသလဲ"
ဒီကလည်း ဖြေပါတော့သည်
"စင်္ကာပူရဲလည်း ခေါင်းမကွဲစေလို၊ ငါ့လူမျိုးလည်း ထောင်မကျစေလို"
(အရင်တစ်ရက်က ဂျပန်သံရုံးရှေ့မှာ မြန်မာလူငယ်ထုနဲ့ဂျပန်ရဲတွေကြား ပြသ နာဖြစ်၊ ဂျပန်ရဲတွေခေါင်းကွဲ၊ မြန်မာတချို့ ထောင်ကျ)

*******************************************************************

"အောင်ဆန်းစုကြည်ကို ကြိုက်သလား"
"ကြိုက်တယ်"
"သူ့ပါတီကို မဲပေးမှာလား"
"အရူးနဲ့ဘုန်းကြီး မဲပေးခွင့် မရှိ"
(M.O.M အရာရှိတွေ ရယ်ကြသည်)

*******************************************************************

"အာစီယံဆီက ဘာတွေ မျှော်လင့်သလဲ"
"ရေကူးနည်းစာအုပ်တွေ မျှော်လင့်ပါတယ်"
( M.O.M အရာရှိတွေမရယ်ကြ၊ မရယ်ဟူသည် အဓိပ္ပါယ်ကို နားမလည်ခြင်းကြောင့်ဖြစ်သည်၊ ဒါနဲ့ ဆက်ပြောရသည်)
စလိုဗေးနီးယားနိုင်ငံ ရေနစ်တော့ ဝါစောခေါင်းဆောင် ဆိုဗီယက်ဆီက အကူ အညီတွေ မျှော်ကြသည်။ အကူအညီတွေလည်း လေယာဉ်နဲ့ ရောက်လာပါ သည်။ စားစရာဝတ်စရာတွေတော့ မဟုတ်၊ ရေကူးနည်း စာအုပ်များသာ)
( M.O.M အရာရှိများ ခွက်ထိုးခွက်လှန် ရယ်ကြသည်။ အင်တာဗျူးက သုံးနာရီခွဲ ကြာသည်။ အဖြေကောင်းသဖြင့် သီဟနာဒလည်း အထောင်း မခံရတော့ပေ။ အခုတော့ ဆရာကြီးလီ၏ နားဝင်မချို ပါင်ကူးတံတားကြောင့် ရွှေရည်ငွေရည် တန်းပါလို့။)

ဘာမှမဟုတ်ပါ။ ရဟန်းနဲ့သံရုံး အကြောင်းတိုက်ဆိုင်သွားသဖြင့် "တို့လည်း သံရုံးရှေ့ ရောက်ဖူးပါဗျာ" လို့ ဓမ္မဂင်္ဂါဆရာတော်လို ကိုယ်တိုင်ကြွား မင်မွားလေး ရေးမိကြောင်းပါ။

ဇင်ဝေသော်အကောင့်


ကမ်းလက်ပေ့ဂ်ျကနေထွက်သွားရင် ဇင်ဝေသော်အကောင့်နဲ့ပါ။ အဲဒါ အကောင့် အတု မဟုတ်ကြောင်းပါ(ဖရင့်တစ်ယောက်ဝေါပေါ်မှာ ကွန်မင့်တစ်ခု တွေ့လိုက်ရ လို့) အရင်က ဖရင့် ငါးယောက်ပဲ ရှိခဲ့ပါတယ်။ ၂၀၁၄ နှစ်အကုန်မှာတော့ ပေါ်လ စီပြောင်းလိုက်ပါတယ်။ ပေ့ဂ်ျကို လိုက်ခ်ထားသူ၊ ပုံမှန်စာဖတ်သူတွေကို ကိုယ်က ဖိတ်တာရှိသလို လာအပ်တာကိုလည်းအများစုလက်ခံမိပါတယ်။ ပေ့ဂ်ျကိုလိုက်ပြီး တဲ့နောက် ကိုယ့်ပို့စ်ကြောင့် သူတို့ စိတ်ကသိကအောက်ဖြစ်စရာ ထူးမရှိတော့ဘူး လို့လည်း ထင်လို့ပါ။
"စိတ်ကသိကအောက်ဖြစ်စရာ"ဆိုတာ ရေးဟန်က တောင်ရောက်မြောက်ရောက်။ဘာသာရေးကနေ ဘောလုံးပွဲရောက်၊ ဘောလုံးပွဲကနေ နိုင်ငံရေးရောက်၊ နိုင်ငံရေးကနေ သရော်စာ၊ ကဗျာ၊ အစုံရောက်မို့ပါ။
ဇင်ဝေသော်ကအတုပေါ်လောက်အောင်(သို့)နှောက်ယှက်မှုခံရလောက်အောင်
ပေါ်ပြူလာဖြစ်တဲ့(သို့)အန္တရာယ်ပေးနိုင်ခြေရှိတဲ့ ပေ့ဂ်ျမဟုတ်ဘူး ထင်ပါတယ်။

မေတ္တာဖြင့်

"Will Buddhism settle in this land of beef and beer?"


အနောက်တွေများလို့ ကြည်ပေးရအုံးမယ်၊ ခပ်တည်တည်မျက်နှာထားနဲ့ ဖတ်ပေးကြပါ။
ယူကေထုတ် ဒီဂျာနယ်ရဲ့အယ်ဒီတာ့အာဘော်မှာ "Will Buddhism settle in this land of beef and beer?" (အမဲသားနဲ့ဘီယာပေါတဲ့ကျွန်းပေါ်မှာ ဗုဒ္ဓ ဘာသာအတွက် နေရာကော ရှိလို့လား) လို့ ဂျာနယ်လစ်တွေရဲ့အမေးနဲ့ မိတ်ဆက်ထားပါတယ်။
သူတို့အဖွဲ့သက်တန်းက နှစ် ၉၀ မြောက်ခဲ့ပြီ။ တာထွက်လည်း ကောင်းပါသတဲ့။
ဗုဒ္ဓဘာသာဟာ လူဖြူအသိုင်းအဝိုင်းထဲမှာ
၁။ ပညာရပ်ဆိုင်ရာ သဘောတူလက်ခံနိုင်မှု၊ လက်တွေ့ကျမှု
၂။ ကျင့်သုံးမှုမှာ အနောက်တန်ဖိုးတွေနဲ့ လိုက်လျောညီထွေရှိမှု တွေကြောင့် အကျိုးရှိပါတယ် တဲ့။
သူကတော့ ပညာနဲ့မုဒိတာတန်ဖိုးနှစ်ခုကိုပဲ သီးခြားထုတ်ပြပြီး ဒီလမ်းစဉ်အတွက် ဗုဒ္ဓဘာသာက လမ်းညွှန်ပေးနိုင်ကြောင်း ရေးထားပါတယ်။

ဆိုပါစို့...................


"အီရန်နိုင်ငံကို ကြွတော်မူသွားသည့် သီတဂူဆရာတော်ဘုရားကြီးသည် မွတ်စ လင်နိုင်ငံမှာ ဗုဒ္ဓသာသနာပြုရန်ရည်မှန်းထားတော်မူပါသဖြင့် ၁၀ နှစ်ကြာအောင် (ငါးနှစ် မဟုတ်ဘူးနော်) အီရန်နိုင်ငံမှာ ဆက်လက်သီတင်းသုံးမည်ဖြစ်သည်ဟု သိရပါသည်။ ထို့ကြာင့် အီရန်နိုင်ငံမှာ သီတဂူကျောင်းတော်ဆောက်လုပ်နိုင်ရန် သီတဂူဌာနခွဲ(အီရန်)က ဦးဆောင်၍ အလှူငွေများ ကောက်ခံနေပါသည်။ သဒ္ဓါကြည်လင် ပါရမီရှင်များအနေနဲ့ တတ်အားသရွေ့ကုသိုလ်ပါဝင်နိုင်ကြစေရန် နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်အပ်ပါသည်။
ပုံ
ဥက္ကဋ္ဌ၊ သီတဂူဌာနခွဲ(အီရန်)"
ဆိုပြီးအလှူခံရရင် စင်္ကာပူကတင် တော်တော်ရမှာ။

၂၃ နှစ်ကျော်ရင်


ဒုတိယကမ္ဘာအတွင်း ဂျပန်တွေကတော့ အသက် ၂၃ နှစ်ကျော်ရင် တိုက်လေယာဉ်မှုးနေရာကို မခန့်တော့ဘူး(ဆိုလားပဲ)။
စဉ်းစားတာများပြီး တွေဝေသလိုဖြစ်သွားလို့တဲ့။ ဟဲ ဟဲ ဟဲ။

ဟဲဟဲဟဲ "Politically correct"


သီတဂူဆရာတော်ကြီး ဒီဇင်ဘာ ၂၉ ရက်က အီရန်ခရီးမသွားခင်
ရန်ကုန်လေဆိပ်မှာ ပြောခဲ့တဲ့ စကားလေးတွေကနေ ကောက်နှုတ်ထားတာပါ။

"လက်ရှိအနေအထားအရ လက်ရှိသမ္မတကြီး ဦးသိန်းစိန်ကို အကြိုက်ဆုံးပဲ"
"အများစုရဲ့ ကျေနပ်မှုကိုရအောင်လုပ်နိုင်တဲ့ ပုဂ္ဂိုလ် ရှာကြည့်တယ်၊ ရှားတယ်၊ ဒါ့ကြောင့် လက်ရှိ သမ္မတကြီးက ဆက်လုပ်ရင်ကောင်းမယ်လို့ တွေးမိတယ်"
"ဒါမှသူ့ ရဲ့ အစွမ်းသတ္တိကို သိရမယ်လေ ၊ ဆယ်နှစ်လောက်လုပ်လို့ မှ မဖြစ်ရင်တော့ သွားပေါ့ ၊ နောက်တစ်ယောက်ပေါ့ "

မောနင်း ပို့စ်


လေယာဉ်ပျောက်ဆုံးမှုတွေနဲ့ ပြည့်နေတဲ့သတင်းတွေကို ကျော်ဖတ်လိုက်တော့ ပြုံးစရာ ဆောင်းပါးလေးနှစ်ပုဒ် တွေ့ရပါတယ်။
အမေရိကမှာ မေရီ ခရစ်မတ်လို့တောင် ပြောမရတော့ဘူးလို့ "Politically correct" ကို သရော်ထားပါတယ်။
ခရစ်ယန်မဟုတ်တဲ့အိမ်နီးချင်းတွေကို အားနာရလို့၊ ထိပါးသလိုဖြစ်မှာစိုးလို့တဲ့။
တက္ကသိုလ်ဝင်းအတွင်းမှာလည်း လူမည်းလေး "Black kid" လို့ခေါ်မရတော့ဘဲ ရှူးဖိနပ်အနီနဲ့ ကလေးလို့ ခေါ်နေရသတဲ့။ (အသားမည်း အရဲဆင် စကားပုံ က နေရာတိုင်းမှာ မှန်နေသလိုလို)
အမေရိကရောက် အာရှသားသားတွေကိုလည်း အာရှသားခေါ်ရင်ရိုင်းမှာစိုးလို့ "သင်္ချာတော်ပြီး ကားမောင်းညံ့တဲ့ လူမျိုး" လို့ ခေါ်ရပါသတဲ့။
ကဲ အာ့ဆို "Politically correct" ဖြစ်အောင် လက်ရှိအစိုးရကို ဘိုခေါ်ကြမဲ။

******************************************************

နှစ်ကတော့ Selfie ကနေဆင့်ပွားထွက်လာတဲ့ "Wealfile" ဆိုတဲ့ အင်္ဂလိပ် စကားလုံးပဲ ဖြစ်ပါတယ်။ ကိုယ့်ရှိတာကို ခပ်ကြွားကြွားလေး ရိုက်ပြတာမျိုးပေါ့။
ဆောင်းပါးက ခပ်အုပ်အုပ်ပဲသရော်ထားလို့ ဘေးဘီကိုပြန်ကြည့်မှ ပြုံးရပါတယ်။
ဒါမျိုးလေးတွေ "ဘကြီးဘုန်းကြီး" ဝေါပေါ်မှာတို့၊ "ကိုကိုက ဂေါက်ရိုက်" (စသည် စသည်) ဝေါပေါ်တို့မှာ တွေ့ရတတ်လို့ပါ။
သူတို့မှလားဆိုတော့ မဟုတ်ဘူး။ ကိုယ်ပါ ပါသွားတယ်။
(ပုံ ၃ ကို ရှု)
ပုံမပါလည်း ရေးလို့ရတာမို့ ဒါမျိုးလေးတွေကို "Wealfile" လို့ခေါ်ပါသတဲ့။

******************************************************

နောက်ဆုံးတော့ မိတ်ဆွေစစ် မိတ်ဆွေမှန်ဆိုတာ ကိုယ်က ဘယ်လောက်ပဲ ပြောင်စပ်စပ်လုပ်နေနေ လက်တွဲဖြုတ်မသွားသူကို ခေါ်တာပါ။

 




"အကိုက တာရာမင်းဝေနဲ့အတူနေခဲ့တာဆို"


တစ်နေ့ကပဲ လူငယ်တစ်ယောက်က "အကိုက တာရာမင်းဝေနဲ့အတူနေခဲ့တာဆို" လို့ လှမ်းမေးပါတယ်။
"မဟုတ်ရပါဘူးကွာ၊ မဆီမဆိုင် "လို့ဆိုတော့
"လုပ်မနေပါနဲ့နော်၊ သတင်း အတိအကျ ရထားတယ်" တဲ့။
ဘယ်ကသတင်းနဲ့ တိကျနေမှန်း မသိရပါ၊ ရှင်းပြပါတယ်၊ "လျှိုမနေပါနဲ့" နဲ့ ပြန်ဆော်တယ်။
ရှင်းမရတာနဲ့ နောက်ဆုံး နေကွာဆိုပြီးပဲ လွှတ်ထားလိုက်ရတယ်။
တာရာမင်းဝေနဲ့သိတယ်ဆိုလို့ လူအမုန်းဆုံး ငါးယောက်ထဲ ပါသွားတာမှတ်လို့။

စင်္ကာပူအောင်မြင်မှုကို အရည်အသွေးသုံးရပ်နဲ့ ဖော်ဆောင် သွား


နိုင်ငံတွင်းမှာတော့ စင်္ကာပူအောင်မြင်မှုကို အရည်အသွေးသုံးရပ်နဲ့ ဖော်ဆောင် သွားနိုင်ပါတယ်။
၁ ။ နေထိုင်ဖို့နဲ့အလုပ်လုပ်ဖို့အတွက် လုံခြုံအေးချမ်းတဲ့နိုင်ငံဖြစ်နေအောင် ကြိုးစားအားထုတ်မှု
၂ ။ နိုင်ငံသားအားလုံးကို တန်းတူညီမျှဆက်ဆံမှု
၃ ။ မျိုးဆက်တိုင်းမှာ ဒီအောင်မြင်မှု ဆက်လက်ရှင်သန်နေအောင် စနစ်တကျ စီမံအကောင်အထည်ဖော်ပေးမှု တွေပဲ ဖြစ်ပါတယ်။

နှစ်ပေါင်းများစွာ တည်ဆောက်ယူခဲ့ရတဲ့ အခြေခံအချက်သုံးချက် မရှိဘူးဆိုရင် လက်ရှိခံစားနေရတဲ့ အသီးအပွင့် တွေလည်းမရှိနိုင်တော့ပါဘူး။ စင်္ကပူနိုင်ငံထဲကို လာရောက်ရင်းနှီးမြှပ်နှံတဲ့ ပြည်တွင်း၊ ပြည်ပစီးပွားရေားသမားတွေအနေနဲ့ စင်္ကာပူကိုယုံကြည်စိတ်ချနေကြရပါမယ်။ အထက်ပါ အချက်သုံးချက်ရှိနေမှ သူတို့က ယုံကြည်ပြီး ကျွန်တော်တို့အနာဂတ် ခရီးကိုအရှိန်မပျက် ခရီးဆက်သွားနိုင်မှာဖြစ် ပါတယ်။ ကျွန်တော်တို့ကသာ ဒီလမ်းစဉ်အတိုင်း ကမ္ဘာနဲ့ ချိတ်ဆက် မထားနိုင်ဘူးဆိုရင် ကျွန်တော်တို့လည်း ကမ္ဘာအပြင် ရောက်သွားမှာ ဖြစ်ပါတယ်။
(လီကွမ်းယု အမှာစာမှ)

လူတယောက်ရဲ့ ကမ္ဘာ့အမြင် (ဥရောပ)


(စိတ်ဝင်စားပြီး အချိန်လည်း ပေးနိုင်တဲ့ စာဖတ်ပရိသတ်အတွက်ပါ)

မေး ။ ။ ဥရောပနိုင်ငံတွေ တစ်နိုင်ငံခြင်း တိုးတက်လာနေပုံတွေကို ဘယ်လိုမြင် မိပါသလဲ ဥပမာ ဂျာမဏီဆိုရင် လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ အတော်ကြီးကောင်းမွန်နေတာကို တွေ့ရတယ်။

ဖြေ ။ ။ဟုတ်တယ်။ ဒါက သူတို့က ၀င်ငွေထက် ပိုမသုံးတာရယ်၊ အလုပ် သမားတွေရဲ့ အရည်အချင်း ပိုမြင့်မားတာရယ်ကြောင့်။ သူတို့က ကမ္ဘာမှာ အကောင်းဆုံး စက်ပစ္စည်းတွေ၊ မာစီးဒီး၊ ဗောက်ဝက်ဂွန်း၊ BMW ပိုရှေးတို့လို ကားတွေ ထုတ်လုပ်နိုင်ကြတယ်။။ သူတို့လု့အဖွဲ့အစည်းရဲ့ပင်ကိုယ်စရိုက်ကြောင့် ဂျာမဏီက ရှေ့ဆက်ပြီးတော့လည်း အောင်မြင်နေလိမ့်မယ်။ ဥရောပတတိုက်လုံးတောင် သိမ်းပိုက်နိုင်လုနီးပါး ဖြစ်ခဲ့တာပဲ၊ ၀င်စတန်ချာချီမရှိ၊ ဆိုဗီယက်ပြည်ထောင်စုကိုလည်း မိုက်တိမိုက်ကန်း ၀င်မတိုက်၊ အမေရိကန် လည်း မရှိဘူးဆိုရင် ဟစ်တလာက ဥရောပ တစ်တိုက်လုံးကို သိမ်းပိုက်လိုက် နိုင်ပြီ၊ အခုဆို ဥရောပက ဂျာမန်စကားပြောတောင် ဖြစ်နေလောက်ပြီ။

မေး ။ ။ လာမယ့်အနှစ်နှစ်ဆယ်အတွင်းမှာ ဗြတိန်ကရော အားကောင်းလာမ လား၊ အားလျော့သွားမလား။
ဖြေ ။ ။ပုံမှန်အတိုင်းလေး ရှိနေလိမ့်မယ၊် ဗြိတိန်ဆိုတာ အင်ပါယာကြီးတစ်ခု တည်ထောင်နိုင်ပြီး အမေရိကန်တွေရဲ့ ဖိအားကြောင့်သာ ဒုတိယကမ္ဘာစစ် အပြီးမှာ အင်ပါယာပြိုကွဲခဲ့ရတဲ့ နိုင်ငံဖြစ်တယ်၊ အိန္ဒိယ၊ ပါကစ္စတန်နဲ့ ဘင်္ဂ လား ဒေ့(ရှ်) ကို လက်လွတ်လိုက်ရတဲ့နောက် ကျန်တာတွေ အရေးမပါတော့ ဘူး၊ တစ်ချိန်က ဓနသဟာယရဲ့အဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ သြစတေးလျ ၊ နယူး ဇီလန်နဲ့ ကနေဒါတို့ကိုကြည့်ရင် ဓနသဟာယ အဖွဲ့ဆိုတာ သူတို့ အတွက် ဘာအဓိပ္ပါယ်မှ မရှိတော့ဘူး ဆိုတာတွေ့ရလိမ့်မယ်။ အခုသူတို့ အမြင်မှာ အရေးပါတဲ့သူတွေက အမေရိကန်နဲ့ နေတိုးတို့ပဲ ဖြစ်နေတော့တယ်။ သူတို့နဲ့ ယဉ်ကျေးမှု၊ ပထ၀ီ နိုင်ငံရေးအရ တူညီတဲ့ နောက်ထပ် အင်အားကြီးနဲ့ပူးပေါင်းဖို့ပဲ သူတို့ စိတ်ထဲမှာရှိတယ်။

မေး ။ ။ ဥရောပက တစ်စုတစ်စည်းတည်း ရှိမနေဘူး၊ တရုတ်ကလည်း ဆက် လက် ဖွံ့ဖြိုးတိုးတက်လာနေပြီး အာရှကို လွှမ်းမိုးထားမယ်ဆိုရင် စင်္ကာပူ အပါအ၀င် အရှေ့တောင်အာရှနိုင်ငံတွေနဲ့ သူတို့ဆက်ဆံရေးက ပိုပိုပြီး အလှမ်းဝေးသွားနိုင်မလား။
ဖြေ .။ အေးလေ၊ ဥရောပကို ပြတိုက်အဟောင်းအနေနဲ့ပဲ ရှုမြင်နေခဲ့ကြတာ ကာလ အတန်ကြာပါပြီ၊ ဒါပေမဲ့ ဥရောပဟာ ယဉ်ကျေးရည်မွန်တဲ့ နေရာလို့ ငါ ထင်တယ်။ တပတ်ကြာ အပန်းဖြေခရီးအနေနဲ့ ဘယ်ကိုသွားချင်သလဲလို့ မေး ရင် ပြင်သစ်လို့ဖြေမှာပဲ။ ဘာကြောင့်လဲဆိုတော့ သူတို့ဘ၀တွေကနှစ်သက်စရာ ချစ်စရာကောင်းတယ်။ ဂျာမန်တွေလို အဆင့်မြင့်မြင့်ဘ၀ကို ပြင်သစ်တွေ က ပေးနိုင်ကြ မှာ မဟုတ်ပေမဲ့ သူတို့ဘ၀တွေက ကြည်နူးကျေနပ်စရာကောင်း ပါတယ်။ ဥရေပရောက်တိုင်းပြင်သစ်ကိုရောက်အောင် ငါ သွားချင်တယ်။ တပတ်လောက် ပြင်သစ်ရဲ့သဘာဝ အလှကို ခံစားရင်းပေါ့။ ပြင်သစ် မြို့ကြီးတွေ က အကောင်ဆိုတဲ့လူတိုင်းမှာ စပြစ်ခြံတွေရှိ တယ်။ ခြံထဲမှာ ခြံသမားတွေ ခြံစောင့်တွေရှိပြီး သူက သု့ခြံကိုသွားသွား နေတတ်တယ်။ ဒါဟာ ဥရောပ တစ်တိုက်လုံးရဲ့စိုက်ပျိုးရေး ပေါ်လစီပဲ။ ဘ၀ကကျေနပ်စရာကောင်းတယ်၊ အစားအသောက်ကောင်း၊ ပတ်ဝန်းကျင်ကောင်း၊ နေ့လည်စာစားပြီး တစ်ရေး တစ်မောအိပ်။ ဒီနေ့ ပြင်သစ်တွေက ကြီးကျယ်ခန်းနားမှုနောက်ကို လိုက်မနေ ကြတော့ဘူး။ ဂျာမန်တွေမှာ ဒါမျိုးတွေ မရှိဘူးလို့ ငါထင်တယ်။ ဒါပေမဲ့ နိုင်ငံတိုင်းဟာ အတိတ်ရာစုနှစ်တွေအတွင်းတစ်မျိုးစီ နဲ့ဖွံ့ဖြိုးတိုးတက် လာခဲ့ကြတာပဲ။

မေး ။ဒီလိုကြည်နူးကျေနပ်စရာ ဘ၀တွေရရှိပိုင်ဆိုင်လာအောင် ဥရောပတိုက် သားတွေအနေနဲ့ဘယ်လိုကြိုးစားယူခဲ့ကြတာလဲ။
ဖြေ ။ ။ သူတို့က အခြားနိုင်ငံတွေနဲ့တရုတ်ရှေ့စောပြီး စက်မှုစီးပွား ထွန်းကားအောင် လုပ်ခဲ့ကြတယ်။ တစ်ကမ္ဘာလုံးကို သူတို့ သိမ်းပိုက်နိုင် မလောက် ဖြစ်ခဲ့တာဘဲ။ ဗြိတိသျှက ဗြိတိသျှအင်ပါယာ၊ ပြင်သစ်က ပြင်သစ် အင်ပါယာ။ ဘယ်ဂျီယန်တွေကလဲ ကွန်ဂိုကို ရလိုက်တယ်။လုဦးရေက ငါးသန်း မပြည့်၊ အာဖရိကန်တွေ အများစု၊ ဘယ်(လ်)ဂျီယန်တွေ ရှာဖွေတူးဖော်ဖို့ သယံ ဇာတတွေက အများအပြား။ ဒီနောက် ကိုလိုနီနယ်တွေ ဆုံးပါးသွားတော့ သူတို့ ပိုင်ဆိုင်မှု ပမာဏလျှော့ကျသွားတာပေါ့။ ကမ္ဘာကို ဥရောပလွှမ်းမိုးထားတဲ့ အင်ပါယာခေတ်ကိုတော့ပြန်ရောက်မှာမဟုတ်တော့ဘူး။ ဒါပေမဲ့ ဒီပုံစံနဲ့ မဟုတ် ရင်တောင် အခြားပုံစံနဲ့ ဖြစ်နိုင်တာဘဲ။ ဥပမာ စီးပွားရေးအရလိုမျိုးပေါ့၊ ကမ္ဘာ့ အချို့နေရာတွေမှာ တရုတ်လွမ်းမိုးမှု ရှိနိင်ပေမဲ့၊ ဒါက တကယ့် ကိုလိုနီပုံစံ မဖြစ်နိုင်ဘူး။

မေး ။ ။ ကွဲသွားတဲ့ ဥရောပထဲမှာ ရှရှားကရော ပိုအရေးပါတဲ့ နိုင်ငံအနေနဲ့ ပါဝင် လာနိုင်စရာရှိလား။
ဖြေ ။ ။ ငါတော့မထင်ဘူး၊ ကိုးဆပိုကျယ်တဲ့ ပထ၀ီ အနေအထား၊ များပြားတဲ့ သယံဇာတတွေကြောင့် သူတို့ကိုသူတို့ အဓိက အင်အားကြီးလို့ ခံယူထားကြ တယ်။ အတိတ်က ဆိုဗီယက်ပြည်ထောင်စုကတော့ လုံခြုံရေး ခြိမ်းခြောက်မှု တစ်ခုပေါ့၊ ဒါပေမဲ့ လက်ရှိ ရုရှားကတော့ အင်အားကြီး နိုင်ငံ တစ်နိုင်ငံ အနေနဲ့ ရှိနေဖို့အတွက်တင်ပဲ အခက်အခဲတွေ ရင်ဆိုင်နေရတယ်။ လူဦးရေလျော့ကျ လာနေတယ်။ စီးပွားရေးက ရေနံနဲ့ ဓာတ်ငွေ့ရောင်းချမှုအပေါ် မှီခိုနေရဲပြီး အစစ်အမှန် လူမှုစီးပွားရေးမရှိဘူး။ အရက်သေစာ သောက်စားမှုနှုံး များပြားခြင်း၊ အမျိုးသမီးတွေ ကလေးယူလိုမှု သိပ်မရှိခြင်းတွေကြောင့် အကောင်းမြင်စရာ သိပ် မရှိလှဘူး။

မေး ။ ၊။ ငွေကြေး အကြပ်ရိုက်မှု ပြသနာအပြီးမှာ ဥရောပရဲ့ ပြသနာအဖြေက ချိုးခြံချွေတာသုံးစွဲခြင်းလို့ ဥရောပ ခေါင်းဆောင်တွေက ထင်မြင်ယူဆကြတယ်။ ဒါပေမဲ့ ခြိုးခြံချွေတာ မှုအကြေင်းပြောတဲ့ နိုင်ငံအချို့ရဲ့ခေါင်းဆောင်တွေ ရွေးေ ကာက်ပွဲမှာ မနိုင်ကြဘူး။ ဥပမာ ပြင်သစ်ပေါ့၊ တစ်ကျော့ပြန် အရွေးခံတဲ့ ၂၀၁၂ ရွေးကောင်ပွဲမှာ နီကိုလပ် ဆာဘိုဇီ ရှုံးသွားတယ်။
ဖြေ။ ။ လူထုကြိုက် ဒီမိုကရေစီ စနစ်မှာ ခြိုးခြံ ချွေတာမှုကို ဆန့်ကျင်တတ်တာ ဟာ သဘာဝပါ(မထူးဆန်းပါဘူး) ။ ရွေးကောက်ပွဲမှာ တစ်ယောက်ယောက်က ထပြီး (ခြိုးခြံနေစရာ မလိုဘူး)ဆိုပြီး ၀င်အရွေးခံရင် သူကို အခွင့်ရေးပေးတဲ့ အနေနဲ့ လူထုက မဲပေးလိုက်ကြမှာပဲ။ သူတို့ပြောတဲ့အတိုင်း တကယ်ဖြစ်မဖြစ်တော့ စောင့်ကြည့်ပေါ့။ ဖြစ်သွားတော့ လူထုရဲ့ ရွေးချယ်မှု မှန်သွားတယ်၊ အားလုံးအဆင်ပြေသွားတယ်။
ဆာ ကိုဇီက သတ္တိကြောင်တာ၊ ရွေးကောက်ပွဲအပြီး ပြောတဲ့ အတိုင်းမဖြစ်ဘူး ဆိုရင်တောင် အရင်ပုံစံပြန်ရောက်။ ပြသနာကို ရင်ဆိုင်၊ ဒါပဲပေါ့။

မေး ။ ၊။ သုတို့အနေနဲ့ ခြိုးခြံ ချွေတာဖို့ လိုအပ်တယ်လို့ရော ထင်ပါသလား။
ဖြေ ။ ။သဘာဝကျကျ စဉ်းစားတတ်တဲ့ ဂျာမန် ပြင်သစ် ခေါင်းဆောင်တွေ ကိုယ် တိုင်က အသည်းအသန်လိုအပ်နေတာ တကယ်မဟုတ်ဘူးထင်ရင် လူထု မကြိုက်တဲ့ စနစ်ကို ကြွေးကြော်ပြီး ရွေးကောက်ပွဲ ၀င်ပြိုင်ကြမယ်လို့ ငါတော့ မထင်ဘူး။ ပြင်သစ်က ပြောင်းလဲမှုလုပ်တယ်၊ ဂျာမဏီက မလုပ်ဘူး။ ဂျာမန်လူထု က အိန်ဂျလာ မာ့ခယ်ရဲ့ နောက်မှာ တညီတညွတ်တည်း ရှိတယ်၊ ပြင်သစ် သမ္မတ ဖရန်စစ်ဟော်လန်ဒေကြောင့် မာ့ခယ်ရဲ့ အမြင်ကိုပြောင်းလဲသွားမယ် လို့တော့ မထင်ပါဘုး၊ ပြင်သစ်က အလွယ်လမ်းကိုလိုက်ခဲ့တာပါ၊

မေး ။ ။ တစ်ချို့ပညာရှင်တွေ၊ အထူးသဖြင့် တော့ အမေရိကန်တွေက စီးပွားရေး အကျပ်ရိုက်နေစဉ် ကာလထဲမှာ အသုံးစရိတ်လျှော့ချမှုဟာ အညံ့ဆုံး ဖြေရှင်း ချက်ဖြစ်တယ်လို့ဆိုကြတယ်၊ ရေရှည်မှာတော့ အသုံးစရိတ် လျှော့ချဖို့ လိုကောင်း လိုအပ်ပါလိမ့်မယ်။ စီးပွားရေး အမြန်နလန်ထူဖို့ ပိုပြီးတော့တောင် သုံးစွဲရမယ်လို့ ဆိုကြပါတယ်၊ မစ္စတာလီက ဘယ်လိုယူဆပါသလဲ။
ဖြေ ။ ။သူတို့ရင်ဆိုင်နေရတဲ့ ပြသနာကို ပိုပြီး သေသေချာချာသိတဲ့ ဥရောပ တိုက်သားတွေဘက်က နေမှာပေါ့ ။ အမေရိကန်တွေက အကောင်းမြင် သမားတွေ၊ သူတို့အတွက် မနက်ဖြန်ဆိုတာအမြဲတမ်း နေသာနေမယ့်နေ့ပဲ။

မေး ။ ။ ဂျာမန်တွေရဲ့ ဆွဲဆောင်မှုကြောင့် သဘောတူခဲ့ရတဲ့ လက်ရှိ သဘော တူညီမှုအတိုင်းဆက်လက်ခရီးသွားသင့်တယ်လို့ ထင်ပါသလား။ ဒါဟာ ဥရောပ နိုင်ငံအားလုံးအတွက် ထွက်ပေါက်လို့ ယူဆပါသလား။
ဖြေ ။ ။ဒါ အကောင်းဆုံး ထွက်ပေါက်ပဲ၊ မာ့ခယ်နဲ့ ဂျာမန်တွေက အူတူတူတွေ မဟုတ်ကြဘူး။ အတ္တသမ္မာ ပဏီဓိစက် ကြောင့် ( self discipline ) သူတို့ဟာ ဥရောပမှာ အောင်မြင်မှုအရှိဆုံးနိုင်ငံ။

မေး ။ ။ ဒါဆို ဂျာမဏီက ဂျာမဏီရဲ့ အကျိုးစီးပွားသက်သက်အတွက် ဆုံးဖြတ်ခဲ့ တာ မဟုတ်ဘူးပေါ့။
ဖြေ ။ ။ မဟုတ်ဘူး။ ယူရိုငွေကြေး ရပ်တည်နိုင်ရေးအတွက် ပြင်သစ်နဲ့ အခြား ဥရောပနိုင်ငံတွေအတွက် သူတို့ ဆုံးဖြတ်ခဲ့ကြတာ။

မေး ။ ။လူမှုရေး ကိစ္စဘက် လှည့်ကြရအောင်၊ ကလေးမွေးဖွားနှုံး မြင့်တက် လာဖို့ စင်္ကာပူအနေနဲ့ ဥရောပတိုက်ဆီက လေ့လာယူစရာ သင်္ခန်းစာများ ရှိနေ နိုင်မလား။
ဖြေ ။ ။ လူထုရဲ့ လိုက်(ဖ်)စတိုင်ကို ချက်ချင်းကြီး ဘယ်လိုလုပ် ပြောင်းလဲယူလို့ ရနိုင်မှာလဲ။ ဆွီဒင်အနေနဲ့ မိသားစုတစ်စု၊ ကလေးနှစ်ယောက် စံညွန်းကို ထိန်း ထားနိုင်တယ်ဆိုတာက သူတို့က လူမျိုးစု တစ်စုတည်းဖြစ်နေတယ်၊ ကလေး လူမမယ်စောင့်ရှောက်မှု၊ မူကြို စောင့်ရှောက်မှုကနေ လူကြီးဖြစ်သည်အထိ ကုညီထောက်ပံ့မှုစတဲ့ အကျိုးခံစားခွင့်တွေ အများအပြားရရှိကြတယ်။ သူတို့ဒီလို ကျင့်သုံးနိုင်တယ် ဆိုတာက သူတို့အားလုံးဟာ လူမျိုးတစ်မျိုးတည်း ဖြစ်တယ် ဆိုတဲ့အသိနဲ့ တစ်ယောက်ကိုတစ်ယောက် ကူညီပံ့ပိုးပေးနိုင်ကြလို့ဖြစ်တယ်။ ဒါကို ဘယ်လိုလုပ်ပုံတူကူးချလို့ဖြစ်မှာလဲ၊ ပြင်သစ်ကလည်း အထိုက်လျှောက်တော့ လုပ်နိုင်ခဲ့တယ်။

မေး ။ ။ စကင်ဒီနေးဗီးယန်း နိုင်ငံတွေဟာ လူမျိုးစု တစ်စုတည်းဖြစ်လို့ စည်းလုံး တယ်၊ အစိုးရရဲ့စောင့်ရှောက်မှုနိုင်ငံတော် စနစ်ကို ထောက်ခံတယ်လို့ ဆိုခဲ့ တယ်နော်။ ဒီအထဲကို ဂျပန်တွေနဲ့ တရုတ်တွေကိုရော ထည့်သွင်း မစဉ်းစားမိဘူး လား။ သူတို့လဲ လူမျိုးစုတစ်စုတည်း နိုင်ငံတွေဘဲ။
ဖြေ ။ ။ ဂျပန်ကဟုတ်တယ်၊ ဒါကြောင့် သူတို့က နိုင်ငံခြားက ၀င်ရောက်နေထိုင် သူတွေကို လက်မခံတာ။ တရုတ်က လူမျိုးတစ်စုတည်း မဟုတ်ဘူး အများကြီး။ သူတို့က ဘာသာစကားတစ်မျိုးတည်းပြောတယ်၊ ရေးသားမှု အက္ခရာလဲ တူတယ်။ ဒါပေမဲ့ ဒီစကားကိုပဲ လေသံအမျိုးမျိုးနဲ့ပြောနေကြတာ။
အစိုးရအနေနဲ့ တစ်နိင်ငံလုံးအတွက် ပေါ်လစီတစ်မျိုးတည်းစနစ်ကို ကျင့်သုံးဖို့ ဖိအားပေးနေ တာတောင် မရနိုင်သေးဘူး။ ဒါကြောင့် သူတို့ပြည်နယ်တွေ၊ ခရိုင်ေ တွက တောင်မြင့်ရင် အင်ပါယာလဲ မရှိဘူး(အဝေးမှာ)လို့ ပြောတတ်ကြ တယ်။ ပြည်နယ်တိုင်းက (ဒီပြည်နယ်မှာ ငါဘုရင် ငါ အင်ပါယာ)လို့ဆို ကြတယ်။ တရုတ်ပြည်ဆိုတာ ပြည်နယ်အသီးသီးမှာ မတူညီတဲ့ အယူဆတွေနဲ့ စုပေါင်း ထားတဲ့ ဧရာမနိုင်ငံကြီးပဲ။

မေး ။ ။ မစ္စတာလီ နေထိုင်ခဲ့တဲ့ ၁၉၄၀ -ခုနှစ်တွေကနဲ့ ဒီကနေ့ ကို နှိုင်းယှဉ် ကြည့်ရင် ဥရောပရဲ့ လူမျိုးစု အချင်းချင်း ကြားက တင်းမာမှု တွေဟာ ဘယ်လိုနေမလဲ။
ဖြေ ။ ။ အဲဒီမှာ ငါမနေတော့ဘူးဆိုတော့ ပြောရတာ အခက်သားပဲ။ ဂိုချောက်ထောင်ရဲ့ သမီးကတော့ အင်္ဂလိပ်တစ်ယောက်နဲ့ အိမ်ထောင်ကျပြီး ဘရက်(ဖို့ )(Bradford) နားမှာနေတယ်။ သူမြေးတွေဆီ သူအလည် အပတ် သွားတယ်။ ကလေးတွေက တရုတ်ထက် အဖြူနဲ့ ပိုတူတယ်တဲ့။ သူပြောစကား အရ သူတို့ ပတ်ဝန်းကျင်နဲ့ အဆင်ပြေတယ်လို့ သိရတယ်။ ဒါပေမဲ့ သူတို့က လူလတ်တန်းစားတွေ။

မေး ။ ။တရုတ်ခေါင်းထောင်လာတဲ့နောက် လူမှုရေး အခြေအနေတွေ ပြောင်းလဲ လာနိုင်မလား။
ဖြေ ။ ။ မပြောင်းလဲနိုင်ဘူးလို့ထင်တယ်။ တရုတ်အင်အားကောင်းလာတာနဲ့ ဘာမှ မပတ်သက်ဘူး။ ကမ္ဘာစစ်မတိုင်မီက ဂျပန်လည်းအင်အားကြီးခဲ့တာပဲ၊ ဒါကြောင့် သူတို့ရဲ့ အမြင်တွေပြောင်းလဲမသွားခဲ့ပါဘူး။ ၊ဥရောပသားတွေက အခြားလူမျိုးတွေထက် သူတို့က သာတယ်လို့ ခံယူထားကြတယ်။ တရုတ်ကလဲ ဒီအတိုင်းဘဲ။ ဒီတော့ ဘဲစားဘဲကြေပဲ။

မေး ။ ။ပြည်ပက ၀င်ရောက်နေထိုင်သူတွေနဲ့ ပတ်သက်တဲ့ ပြသနာတစ်ချို့က တစ်ချို့ နိုင်ငံခြားသားတွေက ဥရောပလူ့အဖွဲ့အစည်းနဲ့ တစ်သားတည်းဖြစ် မ သွားဘဲ ပြည်တွင်းထဲမှာဘဲ အကြမ်းဖက် သမားတွေ မွေးထုတ်ပေးလိုက်သ လိုဖြစ်နေတယ်။ ဒါမျိုးတွေတော်တော်မြင်တွေ့နေရတယ်။
ဖြေ ။ ။ ဒါက တစ်သားတည်းဖြစ်ခြင်း မဖြစ်ခြင်းနဲ့ မဆိုင်ဘူး၊ သူတိုက အကြမ်း ဖက်သမားသက်သက်ပဲ ဥရေပတိုက်သားတွေနဲ့ အတူသွား အတူစား ဆိုရင်တောင် အကြမ်းဖက်သမားဘဲ ဖြစ်နေလိမ့်မယ်။
သူတို့က သူတို့ဖာသာသူတို့ အင်တာနက်တွေကြည့်ရင်း အစွန်းရောက် တွေ ဖြစ်နေကြတယ်။

မေး ။ ။ ဥရောပရဲ့ လက်ယာပိုယွန်းတဲ့ ပါတီတွေ အနိုင်ရပြီး ၀င်ရောက်နေ ထိုင်လာသူတွေဆီက သက်ရောက်လာမဲ့ ဆိုးကြိုးတွေကို မစိုးရိမ်မိဘူးလား။ ဒါဟာစိတ်မချမ်းမြေ့စရာဖြစ်ပြီး ၊ ဥရောပတိုက်ကို အက်ကြောင်းထင်သွားစေနိုင် တယ် ။
ဖြေ ။ ။အက်ကြောင်းက ရှိနေနှင့်ပြီးပါပြီ ၊အခု ပိုကြီးလာတာဘဲရှိတယ်။ ၀င်ရောက်နေထိုင်သူတွေက စုစုပေါင်းလူဦးရေရဲ့ ငါး- ခြောက် ရာနှုံးပဲရှိတယ် ဆိုရင်တောင် အက်ကြောင်းကတော့ ရှိနေပြီပဲ။ ကမ္ဘာ့လူထုကို အဖြူ - အ၀ါ အမည်း အညိုလို့ဘဲ ခွဲထားလို့ရတယ်။ ဥပမာ တရုတ်တစ်ယောက်နဲ့ ဂျပန် (သို့) ဗီယက်နန်နဲ့ လက်ထပ်တယ်ဆိုပါတော့ ၊သုတို့ရလာတဲ့ ကလေးက တရုတ်(သို့)ဂျပန် (သို့) ဗီယက်နန်ဖြစ်နေနိုင်တယ်။

မေး ။ ။နှစ်ငါးဆယ်အတွင်း မစ္စတာလီ ဆက်ဆံခဲ့ရတဲ့ ဥရောပ ခေါင်းဆောင်ေ တွထဲမှာ ဘယ်သူ့ကို အထင်ကြီးစရာ အကောင်းဆုံးအနေနဲ့ အမှတ်ပေးမိပါသလဲ။
ဖြေ ။ ။ ဒါတော့ မပြောတတ်ဘူး ။သမိုင်းအရဆိုရင်တော့ ၀န်စတန်ချာချီက အများ နဲ့မတူ ထူးထူးခြားခြားရှိနေတယ်။ ဖြစ်နိုင်ခြေ မရှိသလောက်အခြေအနေ နီးပါး အနေအထားမှာ ဂျာမန်တွေကိုသူတွန်းလှန်ခဲ့တယ်။ သူသာ ဒီလောက်မစွမ်းခဲ့ရင် ကမ္ဘာဟာ တစ်မျိုးတစ်ဖုံ ဖြစ်သွားနိုင်တယ်။ သူ့ခံယူချက်က လုံးဝအညံ့မခံရေးပဲ။ ကမ်းချေတွေမှာတိုက်မယ်၊ လေယဉ်ကွင်းတွေမှာတိုက်မယ်၊ ကွင်းပြင်မှာ တိုက် မယ်၊ လမ်းမမှာတိုက်မယ်၊ တောင်ကုန်းတွေပေါ်မှာတိုက်မယ်။ ကျွန်တော်တို့ ဘယ်တော့မှ လက်နက်မချဘူးလို့ ၊ကြွေးကြော်ခဲ့တာ။ (ခံစားချက်ကြောင့်) သူစကားသံတွေတောင် မပီဘူး၊ ဒါပေမဲ့ ဗြိတိသျှလူထု တစ်ရပ်လုံး သူ့ခံယူချက်နဲ့ အတူရှိနေဖို့ စည်းရုံး ဆွဲဆောင်နိုင်ခဲ့တယ်၊ ပြင်သစ်က သူလိုခေါင်းဆောင် မရှိတော့ လက်မြှောက်လိုက်ရတယ်။ ဗိုလ်ချုပ်ပေတိန်(Petain)ကိုတိုင် အနားပေး ခံလိုက်ရပြီး ဗစ်ချီဖရမ်း(စ်) ပြည်နယ်မှာ ရုပ်သေးရုပ်အစိုးရအနေနဲ့ ကျေနပ်လိုက် ရတယ်။
(Vichy -France)နာဇီ ဂျာမနီရဲ့ လက်အောက်ခံ နိုင်ငံငယ်၊ နာဇီရဲ့ ရုပ်သေးရုပ်) ၀င်စတန်ချာချီက သမိုင်းတစ်လျှောက်လုံးမှာ လူစွမ်းကောင်းပဲ။ သူနဲ့တော်ဝင်လေ တပ်မတော်သာ မရှိဘူးဆိုရင် ဗြိတိသျှတစ်နိုင်ငံလုံး ဂျာမန်လေတပ်ရဲ့အောက်မှာ မှုန့်မှုန့်ညက်ညက်ကြေနေလိမ့်မယ်။ လေကြောင်းတိုက်ခိုက်ရေးမှုးတွေဆီ အညံ့ မခံစိတ်ဓာတ်တွေ စီးဝင်သွားအောင်သူစွမ်းဆောင်နိုင်ခဲ့လို့၊ ဒီလိုမဟုတ်ရင် ဗြိတိန်လည်း ဂျာမန်တွေလက်အောက် ရောက်သွားလိမ့်မယ်။
အဲဒီနောက်မှာ ဂျပန်တွေက အမေရိကန် ပလဲဆိပ်ကမ်းကို ၀င်တိုက်တော့ အမေရိကန်တွေ စစ်ပွဲထဲ ၀င်လာခဲ့တယ်၊ ဒါက သူ့အတွက် ကံကောင်းစေတဲ့ အချက်ပဲ၊ ဘာပဲဆိုဆိုသူကိုယ်တိုင် တောင့်ခံခဲ့တာတစ်နှစ်ကြာတယ်။
( ဥရောပ - ပြီး)

ပေါက်တတ်ကရ အင်တာဗျူး (၆)


မေး။ ။ ဖူးစာ ဆိုတာ ကောင်းကင်ဘုံပေါ်မှာကတည်းက ဖန်ဆင်းပေးထားပြီး သားလို့ ဆိုကြတယ်၊ ဒါကို ဘယ်လို သဘောရပါသလဲ။
ဖြေ။ ။ အများကြီး ဖြစ်နိုင်ပါတယ်၊ ဖူးစာမှ မဟုတ်ပါဘူး၊ လျှပ်စီးတွေ၊ မိုးခြိမ်း သံတွေ၊ မိုးကြိုးတွေလည်း ကောင်းကင်ပေါ်က ကျလာတာပဲလေ။

မေး။ ။ မြေးတွေ၊ အဘိုး၊အဖွားတွေရဲ့ ဆက်ဆံရေးက အမြဲ ကောင်းတတ်ကြ တယ်နော်၊ ဘာကြောင့်လို့ထင်ပါသလဲ။
ဖြေ။ ။ သူတို့မှာ ဘုံရန်သူ ရှိနေလို့ဖြစ်နိုင်ပါတယ်။

မေး။ ။ အမေရိကန် သမိုင်းကို တော်တော် နှံ့နှံ့စပ်စပ် သိသလား။
ဖြေ။ ။ သိတာပေါ့၊ မဲလ် ဂစ်ဘ်ဆင်(Mel Gibson )ရဲ့ လက်ထက်မှာ ပြည် တွင်း တော်လှန်ရေး စစ်ပွဲ နိုင်ခဲ့တယ်။
တွန် ဟင့် (Tom Hanks )ရဲ့ လက်ထက်မှာလည်း ဒုတိယကမ္ဘာစစ် နိုင်ခဲ့ပြန် တယ်။
ဟို အဖြစ်မရှိတဲ့ သောက်ရူး ချာလီ ရှီးန်း(Charlie Sheen) ရဲ့ လက်ထက်ရောက် မှ ဗီယက်နမ် စစ်ပွဲ ရှုံးခဲ့ရတာ လေ။
(ပေါက်တတ်ကရ အင်တာဗျူးအောက်မှာ နိုင်ငံခြား ဂျုတ်တချို့ ပေါင်းစပ်ထားတာပါ)

Mangala Vihara Spring cleaning


Below is a list of helpers for various sections who help in the Spring cleaning today:-(28/12/2014)
1) Mandarin class - 23 helpers
2) SDC - 48 helpers
3) Myanmese - 42 helpers
Total = 113 helpers exclude treasurers, secretaries and yourself.
Thank you
With metta,

ဘာတွေကို ရွေးမလဲ


မသိမှုတွေနဲ့ ပျော်နေတဲ့ကျနော်တို့ဘဝထဲကို ဂလိုဘယ်လိုက်ဇေးရှင်းဆိုတဲ့ သတ္တဝါကြီးတစ်ကောင် မီးတုတ်ကိုင်ပြီး ခုန်ဆင်းလာခဲ့တယ်။ သိတော့တာပေါ့၊ ကျနော်တို့ရဲ့ မပြည့်စုံမှုတွေ၊ ချိနဲ့မှုတွေ၊ ဖိနှိပ်ခံရမှုတွေ၊ နောက်ကျကျန်မှုတွေ။ ဂလိုဘယ်လိုက်ဇေးရှင်းအလင်းဟာ မပြည့်စုံမှုတွေကို မီးမောင်းထိုးပြလိုက်နိုင်ေ ပမဲ့ လမ်းလျှောက်ဖို့ကျတော့ ကျနော်တို့အတွက် ဖျော့တော့လွန်းနေပြန်ရော။
(စောနေလတ်၊ လူလားမမြောက်သေးတဲ့ အတွေးများ၊ ကမ်းကြည့်ငှက်မှ)

ရဲရဲဝံ့ဝံ့ပြောင်းရဲမှကိုရမယ်၊ "မိဘပြည်သူများခင်ဗျား" လေချိုသွေး ဆေးမြီးတိုနဲ့ နိုင်ငံရဲ့ရောဂါ ပျောက်ကို မပျောက်နိုင်ဘူး။
ဟစ်တလာသေလို့ပျော်တာက ဂျူးတွေ၊ ဦးသန်းရွှေသေပြီဆိုတဲ့ မတိမကျ သတင်းကြောင့် တိတိကျကျကြီးပျော်နေကြတာက မြန်မာစစ်စစ်တွေ။ ကုန်ကုန်ပြောမယ်၊ မန္တလေးတိုင်း၊ ကျောက်ဆည်သားတွေ အမျာကြီး။ မပြည့်စုံမှုတွေ၊ ချိနဲ့မှုတွေ၊ ဖိနှိပ်ခံရမှုတွေ၊ နောက်ကျကျန်မှုတွေကြောင့် အထားအသိုလွဲသွားတဲ့ ဒီနိုင်ငံရဲ့ စိတ်ဓာတ်ကို ရှော့မတွက်သင့်ဘူး။

မယုံရင် ဒီသတင်းဓာတ်ပုံကိုဆက်ကြည့်။ ပါကစ္စကိုကယ်ဖို့ တာလီဘန်ကို ချေ မှုန်းရမယ် တဲ့။
ဒါ အမှန်တရားပဲ။ မွတ်စလင်တွေအချင်းချင်း ဒီလိုအကွဲအပြဲဆိုတာ မနှစ်ကအထိ ကြားရခဲပါဘိ။
မရဘူး၊ သူတို့ဘဝထဲလည်း "ဂလိုဘယ်လိုက်ဇေးရှင်းဆိုတဲ့ သတ္တဝါကြီး တစ်ကောင် မီးတုတ်ကိုင်ပြီး ခုန်ဆင်း" လာနေပြီ။

ဦးနှောက်နဲ့မပြောင်းလဲနိုင်ရင် သွေးထွက်သံယိုတွေရှိတတ်သတဲ့။ လက်ရှိပြသနာကိုင်တွယ်ပုံတွေကိုကြည့်ရတာကတော့ ဦးနှောက်အရင်းအမြစ် အတော်အားနည်းဟန်တူတယ်။ ထားပါတော့။

"ပါကစ္စကိုကယ်ဖို့ တာလီဘန်ကို ချေမှုန်းရမယ်" ဆိုသလို မြန်မာကိုကယ်ဖို့ လူကြီးမင်းတို့က ဘာကို ချေမှုန်းကြမှာလဲ။
မကျေနပ်တဲ့ လူထုကို ပစ်သတ်မှာလား။
အဲဒါ တောရိုင်းတိရစ္ဆာန် အုပ်ချုပ်ရေး။

အကယ်ဒမီ ရင်ခုန်သံ(အစအဆုံး)


(တစ်)
"သင်္ကန်းကတော့ ၇တနာအောင်ပါ
ဆံပင်ကတော့ laser နဲ့ ရိပ်ပါတယ်
ဖိနပ်ကတော့ ဆင်ကိုးကောင်ကပါ
၇မယ့်သူတွေ ၇မယ်လို့ ထင်ပါတယ် ဟုတ်ကဲ့။"
(ရှင်သစ္စာ)

(နှစ်)
Htun Min Than "ဘုန်းဘုန်း လိုချင်ရင်တော့ မီးခြစ်ပုံးက အရုပ်၊ ကန်တော့နော် ဘုန်းဘုန်း"
Ko Gyi "နားဝင်မချိုနဲ့ ဦးဇင်းကရပြီးသွားပြီ"

(သုံး)
ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးတင်ပါတယ်။ မိဘနှစ်ပါးရယ်၊ ဆရာ သမားတွေရယ်၊ မိတ်ဆွေတွေအားလုံးရယ်(ပေါ့နော်)၊ နောက်ဆုံး ဘုရားရှင် ဆရာ (ပေါ့နော်)၊ ဘုရားရှင်က အရမ်းနားလည်မှုရှိပြီး အရမ်းလည်း သဘောကောင်း၊ အရမ်းလည်း အသင်အပြကောင်းပါတယ်။



အခက်အခဲကတော့ လူတိုင်းမှာ ရှိတာ(ပေါ့နော်)။ ညနေပိုင်း၊ ညပိုင်းတွေမှာ တချို့ ဒကာမတွေက ထမင်းဝိုင်း ဒါ့ပုံရိုက်ပြီး တင်တတ်ကြတယ်။ ဗိုက်ဆာတာပေါ့နော့်။ ဒါပေမဲ့ ကိုယ့််ဖင့်တွေပိတ်သတ်တွေဆိုတော့ နားလည်ပေးရတာပေါ့နော်။

အခု "အဖြူရောင်တော်လှန်ရေး" ဧရာမဇာတ်ကားကြီး ရိုက်နေပါတယ်။ ဒီဇာတ်ကားရဲ့ မော်ရယ်ကတော့ "ဆံပင်ဖြူတွေ့ရင် ချက်ချင်းနှုတ်" ဆိုတာပါ။

နောက်ဆုံးပြောချင်တာကတော့ မြန်မာလူမျိုး၊ ဗုဒ္ဓဘာသာမှန်ရင် (ဘာညာ ဘာညာ.................. ဆင်ဆာဖြတ်ခံရ)

အကယ်ဒလီ ဇင်ဝေသော်(နားဝင်မချို)

အကယ်ဒမီ စန္ဒယား ဆရာတင်ဝင်းလှိုင်နဲ့ပတ်သက်လို့.....


၁။ အချိန်နည်းနည်း ပိုသွားဟန်တူပါတယ် (နှစ် ၆၀ တော့ မဟုတ်ပါ)
၂။ စကားမဆုံးခင် ပွဲသိမ်းခံလိုက်ရပါတယ် (အားလုံးကို အဲသလို ပွဲသိမ်းခွင့်ရှိရင် ကောင်းမှာ)
၃။ စကား၊ အမူအယာ လွန်သွားဟန်တူပါတယ် (ခြေထောက်ပစ်တာပါ၊ ခေါင်းတွေမှန်ကုန်တာတော့ ဘယ်တတ်နိုင်ပါ့)

ကမ်းလက်မှတ်ချက်။ ။ မြန်မာပြည်မှာ "ခဏ" ဆိုတာက နှစ် ၆၀၊ "မတော်တဆ" ဆိုတာက ဦးနှောက်ထွက်မှုမို့ ဆရာ လုံးဝ မလွန်ပါဘူး

မသေသေးဘူး


အသက် ၈၀ အဘိုးမာတင်နဲ့အဖွားအိန်ဂျယ်တို့ ဇနီးမောင်နှံ ခရစ်စမတ် လက်ဆောင်ပို့ဖို့ စာရင်းတွက်နေကြတာပါ။ အဖွားအိန်ဂျယ်က
"ဒီနှစ် လက်ဆောင်ပို့ရမယ့် အရေအတွက် လျှော့ရရင် ဘယ်လိုနေမလဲ" လို့ အကြံပြုတယ်။
ဒီအကြံကို အဘိုးမာတင်က သိပ်ကောင်းတယ် မထင်ဘူး
"မလုပ်ပါနဲ့ကွာ၊ လက်ဆောင်မရတဲ့လူတွေက ငါတို့ကို သေဆုံးသူစာရင်းထဲ ထည့်လိုက်ကြလိမ့်မယ်" တဲ့။

အမေရိကတိုက်ရောက် တရုတ်ပြဿနာ


"သဘောတူထားခဲ့တာက လက်ရှိသမ္မတလုပ်နေတဲ့ မာ့က်စ်ဝါဒီ၊ ပြောက်ကြား သူပုန်ဟောင်း Daniel Ortega ဆိုသူပါ"

တရုတ်စီးပွားရေး အမေရိကန်ကိုစိန်ခေါ်ရာမှာ မြန်မာက ဓားစာခံဖြစ်နေစရာ မလိုဘူး။
တရုတ်စီးပွားရေးက ကမ္ဘာနဲ့အနှံ့၊ ဒါပေမဲ့ ဆင်းရဲတဲ့နိုင်ငံ၊ ခပ်ညံ့ညံ့ အစိုးရရှိတဲ့ နိုင်ငံတွေမှာ အငြင်းပွားစရာတွေ ပိုများနေတယ်။
ဒါက အခုတလော နီကာရာဂွာ (အမေရိကတိုက်က အဆင်းရဲဆုံးone of the poorest countries in the Americas) မှာဖြစ်တဲ့ ဒေသခံတွေနဲ့ တရုတ်နောက် ခံကုမ္ပဏီရဲ့ တူးမြောင်းပြသနာပါ။

ဒီတူးမြောင်းရဲ့ ရည်ရွယ်ချက်က ၁၉၉၉ ခုနှစ်တိုင်အောင် အမေရိကန်ရဲ့ ထိမ်းချုပ်အောက်မှာရှိနေခဲ့တဲ့ ပနားမားတူးမြောင်းကို စိန်ခေါ်ဖို့လို့ ယူဆကြပါ တယ်။ ဘီလီယံ ၅၀ ပရောဂျက်။
၁၇၂ မိုင်ရှည်လျားတဲ့ ပနားမားတူးမြောင်းရဲ့ သုံးဆ ရှည်မယ်။

ပြသနာက ဒီပရောဂျက်ကို သတင်းအချက်အလက် တိတိကျကျမထုတ်ပြန်ဘဲ ဝါးတားတား သဘောတူထားတာက လက်ရှိသမ္မတလုပ်နေတဲ့ မာ့က်စ်ဝါဒီ၊ ပြောက်ကြားသူပုန်ဟောင်း Daniel Ortega ဆိုသူပါ။

ကဲ မြန်မာပြည်နဲ့ ဘယ်လောက်များ တိုက်ဆိုင်လိုက်သလဲ။
သောက်ရေအခက်အခဲ ကြုံလာရနိုင်မှု၊ ဒေသခံတွေ သဘောမတူမှု၊ ဒီပရောဂျက် ကို ထောက်ပံ့မှာဘယ်သူလဲ တိတိကျကျမသိမှုစတဲ့ ပြသနာစုံတက်နေတယ်။

ဒီပုံကတော့ မကျေနပ်သူ ဒေသခံတွေက ပနာမေရိကန်အဝေးပြေး (Pan-American Highway) လမ်းပေါ်မှာ မီးရှို့ဆန္ဒပြနေပုံပါ။
တရုတ်စီးပွားရေး သောင်းကြမ်းပုံနဲ့ ခပ်ချာချာအစိုးရတွေ့တိုင်း အဖြေဆိုတာ လူသေမှုလား၊ မီးရှို့မှုလား၊ တစ်ခုခုပါပဲ။

Ref: Reuters, December 22, 2014, MANAGUA

သရော်စာကလည်း ရေးရတဲ့လူ သေတော့မယ်။


မစ္စတာ တီဗွီ (MRTV) က ၁၉၈၈ ခုမှာ မြန်မာပြည် သူ့ကျွန်ဘဝရောက်ခဲ့ရသတဲ့။
ဖဘဖင့်တွေကို ကျေးဇူးတင်ပါတယ်။ အရင်က သူများဖော်ဝါ့ဒ်လုပ်မှ ရီရတာ။
အခု မအိပ်သေးရင် ရီနေရုံပဲ။
ရှင်သစ္စာတို့ဟာသဉာဏ်ရွှင်လှပြီထင်နေတာ၊ မစ္စတာ တီဗွီကို ဘယ်မီလို့တုန်း။

တရုတ်(သို့)ဘာတွေပျက်ပျက် ကြေးနီထွက်ရင် တူးသူ


ဇင်ဝေသော်, သတင်း on 6/01/2013

အာဖဂန်နစ္စတန်ဆိုတာ ဘီစိ(၁) ရာစုကအစပျိုးခဲ့ပြီး အေဒီ (၁၀ )ရာစုလောက် အထိ ဗုဒ္ဓဘာသာစည်ပင်ထွန်းကားခဲ့တယ်လို့ ယူဆလို့ ရတဲ့ နေ ရာပါ။ ရှေးေ ဟာင်းယဉ်ကျေးမှု၊ ကုန်သွယ်မှုတွေ ရှိခဲ့တာကိုလည်း "the Silk Road" သမိုင်းက သက်သေခံနေတယ်။
တရုတ်နဲ့ ဆက်စပ်လို့ အငြင်းပွားဖွယ်ရာ(သို့) မြန်မာပြည်က လက်ပံတောင်း အပြီး ကံဆိုးရရှာတာကတော့ အာဖဂန်နစ္စတန်က မီးအီနက် (Mes Aynak) ရှေးဟောင်းဗုဒ္ဓမြို့တော်ကြီး (Ancient Buddhist city on the route of the Silk Road in Afghanistan) ပဲ ဖြစ်ပါတယ်။



ဘီစိ(၁) ရာစုကနေ အေဒီ (၁၀ ) ရာစုလောက်ထိစည်ပင်ထွန်းကားခဲ့တဲ့ မီးအီ နက် ရှေးဟောင်းဗုဒ္ဓမြို့တော်ကြီးရာကြီးရဲ့အောက်မှာ ပမာဏကြီးမားလှ တဲ့ ကြေးနီသိုက်ကြီးကို ရှာဖွေတွေ့ရှိထားပါတယ်။ ဒီ ကြေးနီသိုက်ကြီးကို တူးဖော်လိုက်ရင် ရရှိလာမဲ့အကျိုးအမြတ်က လက်ရှိ အာဖဂန်တနိုင်ငံလုံး လည်ပတ်နေတဲ့ ဘတ်ဂျက်ငွေပမာဏရဲ့ ငါးဆဖြစ်ပါတယ် တဲ့။ ကမ္ဘာ့ဘဏ်နဲ့ အမေရိကန်-တရုတ်တို့က ပဏာမလေ့လာတိုင်းတာမှု လုပ် ငန်းတွေအတွက် လိုအပ်ငွေဒေါ်လာ (၁ )ဘီလျံကိုထုတ်ချေးလိုက်ကြပြီး တရုတ်က တူးဖော်ရေး ကန်ထရိုက်ရလိုက်ပါတယ်။

အခြားနိုင်ငံတကာ မိုင်းကုမ္ပဏီတွေက ရှေးဟောင်းမြို့တော်ကြီးကိုဖြိုဖျက်မှ ရမည့် အချက်ကို ထည့်သွင်းစဉ်းစားနေရလို့ မဝံ့မရဲ ဖြစ်နေကြချိန်မှာတရုတ် ကတော့ (ဘာဖြစ်ဖြစ် သဘောနဲ့) လက်ရဲဇက်ရဲကန်ထရိုက်ဝင်ဆွဲသွားတာ ပါ။ အခုတော့ တရုတ်ရဲ့ကြးနီးတူးဖော်ရေးလုပ်ငန်ဟာ မြန်မာပြည်က လက်ပံတောင်းအရေးလို နိုင်ငံတကာ ရှေးဟောင်းသုတေသန ပညာရှင်တွေ အများကြီး စိုးရိမ်သောကရောက်ရတဲ့ အရေးကိစ္စတခုဖြစ်နေပါတယ်။

သမိုင်း၊ ပထဝီနိုင်ငံရေး၊ ရှေးဟောင်သုနေသန နဲ့ သဘာဝ ဝန်းကျင်ကို လေးစား သူတွေ အမြင်မှာတော့ တရုတ်ဟာ ကြေးနီသာရရင် အဘနှဖူးလည်း သိုက်တူး မယ့်သဘော ဖြစ်နေပါတော့တယ်။

မူရင်း: William Dalrymple The Guardian, Friday 31 May 2013 22.00 BST

ပြန်ချင်တဲ့ကွန်မင့်


Myo Gyi ဆမ်ဆောင်းဥက္ကဌကိစ္စမသိလို့ နည်းနည်းပြောပြပါလား ဗဟုသုတပေါ့

ဆမ်ဆောင်းဥက္ကဌအကြောင်း ပို့စ်တင်ဖူးတယ်၊ ရုတ်တရက်ပြန်ရှာလို့ မရပါ။ အမေရိက ကုန်တိုက်ကြီးတွေမှာ မျက်နှာအလွန်ငယ်နေရတဲ့ ဆမ်ဆောင်း အီ လက်ထရောနစ်ပစ္စည်းတွေကို ဝမ်းတကြီး တွေ့ခဲ့ရတဲနောက် ကိုရီးပြန်ရောက်ေ ရာက်ချင်း သူ့အရာရှိတွေကိုခေါ်ပြီး ပြောလိုက်တဲ့ စကားပါ။ ပြုပြင်ပြောင်းလဲရေး စတင်ပြီး ၆ နှစ်အကြာမှာ ဆမ်ဆောင်းလူရာဝင်လာတယ်။ ဒီနေ့ နိုကီးယားကို ဖြုတ်ချ၊ ပန်းသီးနဲ့ သူတင်ကိုယ်တင် ဈေးကွက်ယှဉ်နေပါပြီ။

သင်္ခန်းစာတွေ ကုန်မသွားအောင်


အတိတ်အမှားအယွင်းတွေဆီကနေ ကျွန်တော်တို့ သင်္ခန်းစာတွေယူကြရမယ်။
ဒါ့ကြောင့် သင်္ခန်းစာတွေ ကုန်မသွားအောင် အမှားတွေထပ်လုပ်နေဖို့ လိုအပ်ပါတယ်။

(ဒါ့ပုံက ဓမ္မင်္ဂါဆီက၊ စာက အင်္ဂလိပ်ဂျုတ်ကို နည်းနည်းပြင်ထားတာ။ သမ္မတကြီးကို ဂုဏ်ပြုဘာဒယ်)

"ဇနီး၊ ခင်ပွန်းနဲ့ကလေးတွေကလွဲရင် အားလုံးကို ပြောင်းလဲပစ်"


ဆမ်းဆောင်း ဥက္ကဋ္ဌ အမေရိကန်ကနေပြန်အရောက် ပြောတဲ့စကား။ လက်ရှိပေါ်လစီနဲ့ ခရီးဆက်လို့ မရနိုင်တော့ဘူးဆိုတာ သေချာလွန်းလို့ ပြော တဲ့စကား။

"ဂျာမန်တွေကိုကြောက်နေရင် ခင်ဗျားတို့ ရာထူးကဆင်းပေး၊ ကျွန်တော်တိုက်မယ်"
ပြင်သစ်ခေါင်းဆောင် ဒီဂေါပြောတဲ့စကား။
ပြင်သစ် စစ်တပ်အရာရှိကြီးတွေ ကြောက်ချေးပါနေလို့။

“ဒီပြသနာတွေက အုပ်ချုပ်ရေးပိုင်းက လုပ်ရမယ့်ဟာကို၊ ကျွန်မကို ဆက်လုပ်စေ ချင်ရင် အာဏာလွှဲလိုက်”
ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့စကား။
အာဏာရှိ၊ တာဝန်မဲ့အုပ်စုကို ခံပြင်းလို့ဖြစ်မယ်။

မြန်မာပြည်ဟာ တရုတ်ပိုင်၊ ဂျပန်ပိုင်အငြင်းပွားနေတဲ့ ပင်လယ်ထဲက ကျွန်းပေါက်စ မဟုတ်ဘူး။

ဘယ်တုံးကမှ ကျောင်းသားတော်လှန်ရေး
လူထုတော်လှန်ရေး
ရွှေဝါရောင်တော်လှန်ရေး မရှိဘူးတဲ့၊
ဘယ်တုံးကမှအောင်ဆန်းလို
အောင်ဆန်းစုကြည်လို တော်လှန်ရေးမျိုးဆက် မမွေးဘူးတဲ့ မြောက်ကိုရီးယားမဟုတ်ဘူး။

နိုင်ငံသေးရင် သတ္တိဗျတ္တိရှိတဲ့ခေါင်းဆောင်နဲ့လိုက်မှ နိုင်ငံကြီးကို သူတင်ကိုယ်တင် စကားပြောနိုင်တယ်။
မယုံရင် အစ္စရေးကြည့်၊ စင်္ကာပူကြည့်။
ပြာပုံထဲက ပန်းတွေချည်းပဲ။
အရေးကြီးချိန် ရေငုံနှုတ်ပိတ်နေတာဟာ ခေါင်းဆောင်တဲ့လား။

ဒီမှာ ဂျော့ဘုရှ်ရဲ့ နှစ်မိနစ်ကြာမိန့်ခွန်း
"ခင်ဗျား အယ်ခိုက်ဒါဖက်ကလား၊ ကျွန်တော်တို့ဖက်ကလား၊ ဘာဖြစ်ဖြစ် အယ်ခိုက်ဒါကို ကျွန်တော်တို့ စစ်ကြေငြာတယ်"
ဒါပဲပေါ့။ ဖွဲ့နွဲ့နေစရာမလိုပါဘူး။ ။

ဗိုလ်ချုပ်အောင်ဆန်း ဘောလုံးပွဲကြိုက်သတဲ့


ထင်တော့ထင်သားပဲ၊ အထောက် အထားမရှိလို့ မပြောရတာ။ သူ့ကြည့်ရတာ ကောင်းကောင်း ကန်းကန်းတော့ မကန်တတ်လောက်ဘူး။ ဘောလုံးကန်လည်း ဒိုင်လူကြီးပြန်ပြောတာနဲ့ အဝါတွေ အနီတွေ အများကြီးနေမှာ။
ရှူံးရင် ပတ်အော်နေမယ့်သဘောလည်းရှိတယ်၊ မော်ရင်ညိုစကားပြောပုံကို သဘောမတွေ့လောက်လို့ ချယ်လ်ဆီးပိတ်သတ်တော့ မဟုတ်လောက်ဘူး (ဆောရီး ကိုဝန်းသို)
ဒါနဲ့ ချယ်လ်ဆီးက ဘောက်ဆင်ဒေးလက်ဆောင် ရသွားပြီ။
ချယ်လ်ဆီး ၂ ဝက်စ်ဟမ်း ဝ


 ဒါ့ပုံက Kyaw Swar Myint ဝေါပေါ်က။ ။

ဦးရဲထွဋ်သာ ဒေဝဒတ်ရဲ့ ပြောရေးဆိုခွင့်ရှိသူဆိုရင်


(တစ်) ကျောက်မောင်းကေ့စ်

မေး။ ။ ဒေဝဒတ်က ဘုရားရှင်ကို ကျောက်မောင်းဆင်ပြီး အစက်ဆီနိတ် (လုပ်ကြံမှု) လုပ်တယ်လို့ ပြောနေကြတဲ့အပေါ် ဝံကြီးရဲ့ အမြင်လေးလုပ်ပါအုံး။

ဖြေ။ ။ အဲသလိုတော့မဖြစ်နိုင်ပါဘူး။ အရှင်ဒေဝဒတ်က မြတ်စွာဘုရားရှင် အတွက် တောင်ထိပ်ပေါ်မှာ ဂန္ဓကုဋိဆောက်လှူဖို့ အစီစဉ်ရှိဟန်တူပါတယ်။ ဂန္ဓကုဋိဆောက်ဖို့ ကျောက်တုံးတွေစုထားတာလည်း တောင်ပေါ်မှာရှိနေနိုင်ပါ
တယ်။ မြတ်စွာဘုရားကြွလာတာမြင်တော့ သတိမေ့ပြီးလက်အုပ် ချီလိုက်မိရာ ကနေ ထိမ်းချုပ်ထားတဲ့ကျောက်မောင်းကို လွှတ်ချလိုက်မိဟန်တူပါတယ်။ ဒါတောင် မြတ်စွာဘုရားဆီရောက်သွားတဲ့ ကျောက်တုံးက အစစ်မဟုတ်လောက် ပါဘူး၊ သွေးခြေပဲဥတာဆိုတော့ ရာဘာကျောက်တုံးဖြစ်ဖို့များပါတယ်။

(နှစ်) နာဠာဂီရိကေ့စ်

မေး။ ။ နာဠာဂီရိဆင်ကိုအရက်မူးအောင်တိုက်ပြီး ဘုရားရှင်ကို နင်းသတ်ဖို့ လွှတ်လိုက်တယ်ဆိုတဲ့ စွပ်စွဲမှုနဲ့ပတ်သက်လို့ရော ဘာပြောချင်ပါသေးသလဲ။

ဖြေ။ ။ ဒါကလည်း မဖြစ်နိုင်ပါဘူး။ အရှင်ဒေဝဒတ်က မြတ်စွာဘုရားရှင်ကို တ ကယ် ကြည်ညိုတာပါ။ မြတ်စွာဘုရားမြို့ထဲကိုအကြွ ဆင်ဝင်းခံပြီး ကြိုဆိုဖို့ စီမံ ခဲ့ဟန်တူပါတယ်။ နာဠာဂီရိက လူစိမ်းရင် ရှက်တတ်လို့ နည်းနည်းပါးပါးတော့ ရဲဆေးတင်ပေးလိုက်ဟန်တူပါတယ်။ ဒီလိုပါ။

(သုံး) ဗိမ္ဗိသာရကေ့စ်

ဒေဝဒတ်ရဲ့ခလို့စ်ပါတနာ (မဟာမိတ်) အဇာတသတ်က သူ့အဖေကို ဓားခွဲသတ် မှုနဲ့ ပတ်သက်လို့ရော

ဖြေ။ ။ အော် ဒါက ဒီလိုပါ။ ဗိမ္ဗိသာရမင်းကြီးကို နိုင်ငံရေး မငြိမ်မသက်မှုကြောင့် စိတ်မကောင်းခြင်းကြီးစွာ အခြေနေအရထိမ်းသိမ်းထားရပေမဲ့ အင်တာနေရှင် နယ် လူ့အခွင့်အရေးနဲ့အညီထားဖို့ အဇာတသတ်က အမိန့်စာ ထုတ်ထားတာ ရှိပါတယ်။ ဖြစ်ချင်တော့ တစ်ရက် ဗိမ္ဗိသာရမင်းကြီးရဲ့ခြေထောက်မှာ ဆူးစူး သွားပြီး ဆူးကမထွက်တော့ အနာတည်၊ ပြည်ရင်းဖြစ်သွားခဲ့ပါတယ်။ ဒါကိုသိတော့ အဇာတသတ်မင်းသား အကြီးအကျယ် ဒေါပွသွားပြီး အဲဒီဆူးကို မရ ရအောင်ထွင်ပေးရမယ်လို့လည်း အမိန့်ထုတ်လိုက်ပါတယ်။ အဖြစ်အမှန်က အဲသလိုပါ။ မလိမ်းမိုးမလိမ်မာလူတစ်စုကြောင့် ဒီလိုသတင်းတွေ ထွက်လာ တာဖြစ်ပါတယ်။ စိတ်မကောင်းပါဘူး။

လူနဲ့ထာဝရဘုရားသခင်

ကမ္ဘာမြေကို ဖန်ဆင်းပြီး ပထမနေ့မှာ ဂေါ့ဒ်က နွားကို ဖန်ဆင်းလိုက်တယ်။
"မင်းတာဝန်က လူသားအကျိုးပြုလုပ်ငန်းတွေ လုပ်ပေးဖို့၊ စားနပ်ရိက္ခာ နဲ့ နွားနို့ ဖြည့်ဆည်းပေးဖို့ပဲ၊ မင်းအတွက် သက်တန်း ၆၀ ပေးထားမယ်" လို့ ပြောတော့
"ဟာဗျာ၊ လုပ်ရမယ့်အလုပ်ကလည်း ပျင်းစရာကြီး၊ အသက် ၆၀ ထိ မနေချင်ပါဘူး၊ ၂၀ ဆိုတော်ပြီ၊ ၄၀ ပြန်ပေးမယ်" လို့ နွားက ပြန်ပြောတယ်။
ဂေါ့ဒ်က ဒါဆိုလဲ မင်းသဘောပဲတဲ့။

ဒုတိယနေ့မှာ ခွေးကို ဆက်ပြီး ဖန်ဆင်းတယ်။ ပြီးတော့ ဂေါ့ဒ်က
"မင်း လုပ်ရမယ့်အလုပ်က အိမ်ပေါက်မှာ ငုတ်တုတ်ထိုင်ပြီး အိမ်ကို စောင့်ေ ရှာက်ဖို့ပဲ၊ အိမ်ထဲဝင်လာသူ၊ လမ်းသွားလမ်းလာ မြင်မြင်သမျှကို ဟောင်နေ ရမယ်၊ မင်းအတွက်တော့ သက်တန်း ၂၀ ပေးထားမယ်"
ခွေးက သဘောမတူဘူး
"ဟာဗျာ၊ တစ်နေ့လုံး ဟောင်နေရမယ့်အလုပ်နဲ့ အနှစ် ၂၀ မနေချင်ပါဘူး၊ ၁၀ ဆိုတော်ပြီ၊ ၁၀နှစ် ပြန်ပေးမယ်" တဲ့။
ဂေါ့ဒ်ကတော့ အိုကေပါပဲ။

တတိယနေ့မှာ မျောက်ကို ဖန်ဆင်းလိုက်တယ်။
"မင်းတာဝန်က လူတွေကို ပျော်ရွှင်အောင် အသုံးတော်ခံဖို့ပဲ၊ မန်းကီး ထရစ်တွေသုံးပေါ့၊ အငြိမ်မနေရဘူး။ မင်းကိုလည်း သက်တန်း ၂၀ ပေး ထားမယ်"
" ၂၀ က အကြာကြီးပဲ၊ မရဘူး၊ မျက်နှာမလိုက်နဲ့ ခွေးလိုပဲ ၁၀နှစ် ပြန်ပေးပြီး ၁၀နှစ်ပဲနေမယ်"
ဂေါ့ဒ်က အေးလေ မင်းသဘောပဲ တဲ့။

စတုတ္ထနေ့ရောက်မှ လူသားကို ဖန်ဆင်းလိုက်တယ်။
"မင်းကိုတော့ သက်တန်း ၂၀ ပေးမယ်၊ ဘာမှထွေထွေထူးထူးလုပ်စရာ မရှိ ပါဘူး၊ စားလိုက် အိပ်လိုက် ပျော်ပါးလိုက်သာ နေပါ" ဂေါ့ဒ်က ပြောတော့
"ဟင် အနှစ် ၂၀ ဆိုတာ တိုတိုလေး၊ မကြိုက်ပါဘူး၊ ဒီမယ်၊ ကျနော်ပြောမယ်၊ ကျနော်ရတဲ့ အနှစ် ၂၀လည်းယူမယ်၊ နွားက ပြန်ပေးတဲ့ အနှစ် ၄၀၊ ခွေး နဲ့ မျောက်တို့က ပြန်ပေးတဲ့ ၁၀ နှစ်စီကိုလည်း ကျနော် ယူလိုက်မယ်၊ ဘယ်လိုလဲ"
လူက ထာဝရဘုရား ရှင်ကို ဈေးဆစ်တယ်။ ဂေါ့ဒ်က နည်းနည်းတောင် အံ့ဩ သွားတယ်၊ ဒီသတ္တဝါက တစ်မျိုးပါလား ပေါ့၊ ဒါပေမဲ့ နိုး မပြောပါဘူး။ အေးေ လ မင်း သဘောတူလို့ ယူချင်ရင် ယူပေါ့ တဲ့။ ဒီလိုနဲ့ လူသားဟာ အသက် ၈၀ နေခွင့်ရသွားတယ်။

ဒါနဲ့ပဲ လူသားဟာ ပထမ အနှစ် ၂၀ မှာ လူသားတစ်ယောက်လို စားလိုက် အိပ်လိုက်နဲ့ ဘာမှ မယ်မယ်ရရမလုပ်ဘဲ နေခွင့်ရသွားတယ်။

အသက် ၂၀ ကနေ ၆၀ အထိ အနှစ် ၄၀ ကတော့ နွားဆီကရထားတဲ့ အနှစ် ၄၀ နဲ့ ရှင်နေရတော့ နွားလိုပဲ ကျွန်ခံနေကြရတယ်။

အသက် ၆၀ ကနေ ၇၀အထိ ၁၀ နှစ်ကတော့ မျောက်ဆီက ယူထားတာ မို့ မျောက်လိုပဲ အငြိမ်မနေရရှာဘူး၊ မြေးတွေကို အသုံးတော် ခံနေရရှာတယ်။

အသက် ၇၀ ကနေ ၈၀ အထိ ၁၀ နှစ်ကတော့ သိကြတဲ့အတိုင်း ခွေးဆီက ယူခဲ့တာမို့ တံခါးပေါက်မှာ ကုလားထိုင်တစ်လုံးနဲ့ အိမ်စောင့်ရင်း မြင်မြင် သမျှ လူတွေကို မာန်လိုက် မဲလိုက်နဲ့ အချိန်ကုန်နေရရှာတော့သတဲ့။

ဘာတတ်နိုင်မှာလဲ၊ သူ့တောင်းဆုနဲ့ သူပဲဥစ္စာ။
(ဖတ်မိသမျှထဲက ပေါ့ပေါ့ပါးပါးလေး တစ်ခုပါ။)
04/06/2013

ဘုရားထံ အပူကပ်ခြင်း (စောစောစီးစီး)


"ချစ်သားတို့၊ နှစ်ပေါင်းတစ်ရာလျင် တစ်ကြိမ်သာရေမျက်နှာပြင်ပေါ် ပေါ်လာသော လိပ်ကန်းကြီးတစ်ကောင် ရှိလောရာ၏။
သမုဒ္ဒရာကြီးထဲမှာလည်း အပေါက်တစ်ပေါက်သာပါသော ထွန်တုံးကြီးသည် ဟိုဟိုဒီဒီ မြောနေရာ၏။
ထို လိပ်ကန်းကြီးလည်ပင်းသည် (အိုလံပစ် ရွှေတံဆိပ်အလား) ထို ထွန်တုံးကြီး အပေါက်၌ စွတ်မိကောင်း စွတ်မိလေရာ၏။
လူ့ဘဝရမှုသည် ဒီထက်ပင် ခက်ခဲသေးဘိ၏"
***********************************************************************
"အရှင်ဘုရား၊ တပည့်တော်တို့နိုင်ငံက လိပ်ကန်းကြီးတွေအတွက် ထွန်တုံး အပေါက်လေး နည်းနည်းဖြစ်ဖြစ် ထပ်ကျဉ်းပေးပါဦးဘုရား၊ အပေါက် အရွယ် အစားတူနေရင် မတရားလှပါဘုရား"

ယုံကြည်မှုအကြောင်း ပြောရအောင်


၁။ တစ်ခါက ရွာတစ်ရွာမှာ မိုးခေါင်လွန်းလို့ မိုးရွာအောင် ရွာသားတွေ စုပေါင်းပြီး ဝတ်ရွတ်ပွဲလုပ်ကြတယ်။
အဲဒီ ဝတ်ရွတ်ပွဲကိုလာတဲ့သူတွေထဲမှာ လူငယ်လေးတစ်ယောက်ပဲ ထီး ယူ လာခဲ့တယ်။
သူ့ယုံကြည်မှုကို အင်္ဂလိပ်လို "FAITH!" လို့ ခေါ်တယ်တဲ့။

၂။ ခင်ဗျားဇနီးလက်ထဲက ကလေးကိုယူလိုက်ပြီး ခင်ဗျားက လေထဲ ကို မျှောက်လိုက်တယ်။ ဒါပေမဲ့ ဒါကိုကြည့်ပြီး ခင်ဗျားဇနီးက ရယ်မောနေ တယ်။
သူမက ခင်ဗျားအပေါ်ထားရှိတဲ့ သဘောတရားကိုတော့ အင်္ဂလိပ်လို "TRUST!" လို့ ခေါ်တယ်တဲ့။

၃။ နောက်နေ့မနက်မှာ အသက်ရှင်လျက်ရှိနေဦးမလားဆိုတာ သေသေ ချာ ချာ မသိဘဲ ကျနော်တို့ အိပ်ယာဝင်ကြတယ်။ ဒါသာဖြစ်တယ် ကျနော်တို့ က နှိုးစက်တွေ ဘာတွေတောင် ချလို့။
ဒါကိုတော့ အင်္ဂလိပ်လို "HOPE!" လို့ ခေါ်ပါသတဲ့။

၎။ အနာဂတ်မှာ ဘာတွေဖြစ်လာမယ်ဆိုတာနဲ့ ပတ်သက်လို့ ကျနော်တို့ သိ ထားတာက သုည ပါ။ ဒါသာဖြစ်တယ် ကျနော်တို့ က အနာဂတ်စီမံကိန်း ကြီးတွေ ရေးဆွဲလို့။
ဒီ စိတ်ဓာတ်ကိုတော့ အင်္ဂလိပ်လို "CONFIDENCE!" လို့ ခေါ်ပါသတဲ့။

၅။ ဒုက္ခတွေနဲ့ ရှေ့က ကမ္ဘာကြီးကို မျက်မြင်ကိုယ်တွေ့ တွေ့နေကြတယ်။ ဒါသာဖြစ်တယ် လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် လက်ထပ်မြဲ လက် ထပ်နေကြဆဲပဲ။
သဘောမတူရင်နေပေါ့။ ဒါကိုတော့ အင်္ဂလိပ်လို "OVER CONFIDENCE!!" လို့ ခေါ်တယ် တဲ့။

06/11/2013

speechless


ခရစ္စမတ် အွန်လိုင်းဟာသများ


ကျောပေါ်မှာ မမြင်ချင်လို့ပါ

မြင်းစီးထားတဲ့ လမ်းပြပုလိပ်နဲ့ စက်ဘီးအသစ်စီးလာတဲ့ ကလေးတစ်ယောက် လမ်းမှာတွေ့ကြတယ်။
ရဲက
"စက်ဘီးလေးက လှတယ်၊ စင်တာ ( Santa ) ကပေးထားတာလား "
"ဟုတ်တယ် "
"စင်တာကိုပြော၊ နောက်နှစ်ဆိုရင် နောက်မီးလုံးပါတဲ့ စက်ဘီးပေးပါလို့ "
နောက် မီးလုံးမပါလို့ ဆိုပြီး ရဲက ကလေးကို ဒဏ်ငွေ ( ၂၀ ) ရိုက်၊ ဖြတ်ပိုင်း ပြန်ပေးလိုက်တယ်။

ဖြတ်ပိုင်းကိုယူ၊ စက်ဘီးပေါ်တက်လိုက်ပြီး ကလေးက
" မြင်းကြီးက လှလိုက်တာ၊ စင်တာ( Santa ) က ပေးထားတာလား "
ကလေးကို ပြန်နောက်ချင်တဲ့ ရဲက
"ဟုတ်တယ်၊ စင်တာက ပေးထားတာ"
" စင်တာကိုပြောပေးပါ၊ နောက်နှစ်ဆိုရင် stupid ဦးနှောက်ကို မြင်းခေါင်းထဲမှာပဲ ထားပေးပါ၊ မြင်း ကျောပေါ်တင်ပေးမထားပါနဲ့လို့ "
ပြောရင်းဆိုရင်း ကလေးက စက်ဘီးစီးပြီး ထွက်သွားတယ်။

လျှို့ဝှက်တာဝန်
ချပ်ကျောင်းကနေ ထွက်လာတော့ ဂျက်က ကျနော့်ရှေ့မှာ။ တရားဟော ဆရာက အပြင်က ရပ်စောင့်ရင်း ထွက်လာတဲ့လူတိုင်းကို လက်ဆွဲနှုတ် ဆက်နေတယ်။
ဂျက်ကို လက်ဆွဲနှုတ်ဆက်အပြီး တရားဟော ဆရာက
"မင်းလည်း ဘုရားသခင်ရဲ့ တပ်မဟာထဲ ( Army of the Lord! ) ဝင်သင့်တယ် "
"ကျနော်က ဝင်ပြီးသားပါ ဗျာ "
" ခရစ္စမတ်နဲ့အီစတာပွဲရက်ကလွဲလို့ မင်းကို တွေ့လည်း မတွေ့မိပါလား "
ဂျက်ကတိုးတိုးလေး သူများ မကြားစေချင်တဲ့ ပုံစံနဲ့
" I'm in the secret service." တဲ့။


ဈေးဝယ်စောမှု
ခရစ္စမတ်နေ့ဆိုတော့ စိတ်ကောင်းဝင်နေတဲ့ တရားသူကြီးက ချိုချိုသာသာပဲ တရားခံကို စစ်ဆေးတယ်။
"ဘယ်အမှုနဲ့ တရားစွဲခံရတာလဲ "
"စောစောစီးစီး ခရစ္စမတ်ဈေးဝယ်ထွက်မှုပါ "
"ဟင် ဒါက တရားဥပဒေ ချိုးဖောက်တာမှ မဟုတ်ဘဲ၊ ဘယ်လောက်များ စောသွားလို့လဲ "
" စတိုးဆိုင်မဖွင့်ခင် စိတ်ကြိုက် ဈေးဝင်ဝယ်လိုက်မိလို့ပါ "
( အွန်လိုင်းခရစ္စမတ် ဟာသများမှ )

ကွန်မြူနစ်အမည်ခံ တရုတ်သမ္မတ


ကွန်မြူနစ်အမည်ခံ တရုတ်သမ္မတကိုကြည့်ပါ။
သူဟာ နိုင်ငံရေးကျမ်းကြေသူပါ၊ ဝမ်းနည်းကြောင်းပြောတယ်၊ နောက်ဆင်ခြင်ဖို့ သတိပေးတယ်။
သူဟာ"ဘယ်လိုပြောရမလဲပေါ့နော်"သမ္မတမျိုးမဟုတ်ဘူး။ ပြောရမယ့်စကားကို သိကိုသိတဲ့ သမ္မတ။

politically correct (နိုင်ငံရေးဘာသာဗေဒအားဖြင့် အသံထွက်မှန်ကန်မှု)


"တကယ်လို့ "မဘသ" အဖွဲ့ကမထုတ်ပြန်ရသေးဘူးဆိုရင် မေးခွန်းနှစ်ခု တက် လာပါတယ်။
၁။ လက်ရှိအဖြစ်အပျက်ဟာ တရားမျှတတယ်လို့ သူတို့ခံယူပါသလား
၂။ မတရားဘူးဆိုတာသိပေမဲ့ ပါတီကြီးတစ်ခုရဲ့ ကြိုးကိုင်မှုကို ခံနေရလို့လား ဆိုတာတွေဖြစ်ပါတယ်"
****************************************************************************
မနေ့က ဖေ့ဘုတ်မိတ်ဆွေတွေ ရှယ်သမျှတွေထဲမှာ လတ်တလောအကြမ်း ဖက်မှု နဲ့ ပတ်သက်လို့ ကန့်ကွက်ရှုတ်ချတဲ့ထုတ်ပြန်လွှာ သုံးဆောင်တွေ့ရှိရပါတယ်။ အဖွဲ့ချုပ်၊ ပွင့်လင်းနဲ့ ကဗျာဆရာသမဂ္ဂတို့ဆီက ဖြစ်ပါတယ်။
ဒီအထဲမှာမှာ အဖွဲ့ချုပ်ကသာနိုင်ငံရေးပါတီဖြစ်ပြီး ကျန်တဲ့အဖွဲ့နှစ်ဖွဲ့က ပါတီစွဲမရှိတဲ့ အဖွဲ့တွေဖြစ်ကြပါတယ်။ သူတို့ထုတ်ပန်ချက်နဲ့ပတ်သက်ပြီး
၁။ ဒီအမှုဟာ လုံးဝမတရားဘူးလို့ သူတို့ယုံကြည်မှု
၂။ သူတို့ဟာ ဘယ်ပါတီရဲ့ လက်ကိုင်ဒုတ်မှ မဟုတ်ဆိုတာကို ပြသလိုမှုလို့ ယူ ဆနိုင်ပါတယ်။
ဒီလို မတရားမှု(လို့ ယုံကြည်ရတဲ့) ကိစ္စတွေပေါ်လာတိုင်း လက်ရှိအာဏာရ အစိုး ရကို တည့်မတ်ပေးဖို့ ဒီလိုအဖွဲ့အစည်းတွေ လိုအပ်ပါတယ်။

မနေ့ကပဲ "မဘသ" အဖွဲ့က အဲသလိုစာမျိုးထုတ်ပြန်ရင် ပြကြပါဦးဆိုတဲ့ ကွန်မင့် မျိုးတွေလည်း ဖတ်လိုက်ရပြန်ပါတယ်။ ဒါဆို "မဘသ" အဖွဲ့က မထုတ်ပြန်ရသေး တာလား။
(ကိုယ်တိုင် တိတိကျကျ မသိပါ၊ ထုတ်ပြန်ပြီးဆိုရင် ဒီကရှေ့မှာ ဆွေးနွေးမယ့် အကြောင်းနဲ့ မသက်ဆိုင်တော့ပါ)
တကယ်လို့ "မဘသ" အဖွဲ့ကမထုတ်ပြန်ရသေးဘူးဆိုရင် မေးခွန်းနှစ်ခု တက် လာပါတယ်။
၁။ လက်ရှိအဖြစ်အပျက်ဟာ တရားမျှတတယ်လို့ သူတို့ခံယူပါသလား
၂။ မတရားဘူးဆိုတာသိပေမဲ့ ပါတီကြီးတစ်ခုရဲ့ ကြိုးကိုင်မှုကို ခံနေရလို့လား ဆိုတာတွေဖြစ်ပါတယ်။

တကယ်လို့ သူတို့အဖွဲ့က တရားမျှတတယ်လို့ ခံယူထားရင် ဒီစာမျိုး မထုတ်ပြန် လည်း "politically correct" ဖြစ်ပါတယ်။
တရားမျှတမှု မရှိဘူးလို့ ခံယူထားပါလျက် မထုတ်ပြန်တာဆိုရင်တော့ "politically incorrect" ဖြစ်သွားပါတယ်၊ မှားသွားပါတယ်။
ဘာကြောင့်လဲဆိုရင် "မဘသ" အဖွဲ့ကို လက်ရှိအစိုးရက အကြီးအကျယ် လွှမ်းမိုး (ချုပ်ကိုင်???)" ထားတယ်လို့ တချို့က ယုံကြည်ထားလို့ပါ။ ဒီလို အခြေအနေမှာ ဒီလိုထုတ်ပြန်လိုက်ရင် အထက်ပါသံသယကို အလိုလိုချေဖျက်ပြီးသားဖြစ်သွားပါ တယ်။ ဒါ့ကြောင့် အဖွဲ့အစည်းအနေနဲ့ "politically correct" ဖြစ်သွားတယ်၊ လူထုရဲ့ အားထားမှုကို ပေးဆပ်ရာရောက်တယ်။

ဒီလိုမလုပ်ဘဲ "politically correct" ဖြစ်နိုင်တဲ့နည်းကတော့ ဒီအဖွဲ့ဟာ (လက်ရှိ အစိုးရရဲ့ လွှမ်းမိုး(ချုပ်ကိုင်???") ခြင်း ခံထားရတဲ့အဖွဲ့လို့ တရားဝင် ကြေငြာခြင်း ပဲဖြစ်ပါတယ်။

ဒီစာမျိုးဟာ တရားမျှတမှုကိုတောင်းဆိုမှုသာဖြစ်တယ်၊ သမ္မတဆင်းပေး ဖို့ အော် တာမဟုတ်တဲ့အတွက် မိမိတို့ရပ်တည်ချက်ကို ထုတ်ပြန်မှုကြောင့် ဘယ်သူ့ အကျိုးစီးပွားမှ ထိခိုက်မယ်မဟုတ်ပါ။

မပြောသင့်တာကို မပြောမှ "politically correct" ဖြစ်တယ်လို့ မဆိုနိုင်ပါ၊ ပြောသင့်တာကို ပြောတာလည်း "politically correct"သာဖြစ်ပါ တယ်။
(မဆီမဆိုင်ကွန်မင့်များရေးလာရင် ဖျက်ပစ်၊ ဘန်းပစ်မှာပါ၊ ဒီပေ့ဂ်ျဟာ အဖွဲ့ အစည်းပိုင်မဟုတ်၊ တစ်ဦးတည်းပိုင်ဖြစ်ပါတယ်)

စကားပြောသော ဓာတ်ပုံများ (၈)


၁။ အမြင်ကျဉ်းမြောင်းသည့် ဗုဒ္ဓဘာသာတို့က ဒီဘုန်းကြီးတွေကလည်း ခေါင်းဆောင်းကြီးတွေနဲ့ဟု အပြစ်ဆိုနိုင်သည်။
၂။ အတွေ့အကြုံများသော ဗုဒ္ဓဘာသာတို့က ဓလေ့ထုံးစံစသည့် နောက်ခံ အကြောင်းတရားများ ရှိရမည်ဟုစဉ်းစားသည်။
၃။ ကမ္ဘာ့အမြင်မှာ တိဘက်ဘုန်းတော်ကြီးများသည် ကမ္ဘာ့သာသနာပြုရာ ထဲထဲ ဝင်ဝင်ရှိပြီး ဩစတေးလျအကြမ်းဖက်မှုနောက် သူတို့၏ ကရုဏာနှင့်စာနာမှု ကို ပြသနိုင်ကြသည်ဟုဖြစ်သည်။

သမိုင်းကနေ ထွက်ပြေးလို့ မရဘူး


သမိုင်းကနေ ထွက်ပြေးလို့ မရဘူး
( 2/27/2014)

Political leaders can make history but they cannot escape history.
(The Clash of Civilizations P. 154)
"နိုင်ငံရေးခေါင်းဆောင်တွေဟာ သမိုင်းကိုရေးနိုင်ပေမဲ့ သမိုင်းကို ဖျက်ပစ်လို့တော့ မရနိုင်ဘူး"
ဆရာကြီးတွေအမြဲ ပြောတတ်တဲ့စကား၊ ဘယ်သူ့စကားမှန်း မသိခဲ့ဘူး။ အခုမှ မူပိုင်ရှင် ဟန်တင်တန်ကို ရှာတွေ့တယ်။
"သမိုင်းကို ဖျက်ပစ်လို့မရဘူး" ဆိုတာအပြင်
"သမိုင်းကနေ ထွက်ပြေးလို့ မရဘူး"
"သမိုင်း ရေးခွငိ့ရှိတယ်၊ သမိုင်းဖျက်ခွင့်တော့ မရှိဘူး" လို့ ဘာသာ ပြန်လိုက်ရင်လည်း သမိုင်း မရိုင်းနိုင်ဘူး။

လူနဲ့ စင်တာကလော့စ်(ခရစ်ယန် စာဖတ်ပိတ်သတ်အတွက်)


၁။ ငယ်စဉ် စင်တာကလော့စ် တကယ်ရှိတယ်လို့ သင် ယုံကြည်တယ်။
၂။ နည်းနည်းကြီးလာတော့ စင်တာကလော့စ် တကယ်မရှိဘူးလို့ သိလာတယ်။
၃။ ဒီထက်ကြီးတော့ သင်ကိုယ်တိုင် စင်တာကလော့စ်နဲ့တူအောင် ဝတ်စားလာတယ်။
၎။ နောက်ဆုံး တူအောင်ဝတ်စားစရာမလိုတော့ဘဲ စင်တာကလော့စ်ပုံပေါက်လာတယ်။

စမ်းသပ်ပွဲက ရက်ရှည်လွန်းတယ်


အရှင်ဘုရား
သစ္စာရှိသူရော
သစ္စာမဲ့သူတွေပါ
စီရင်ချက်ဟာ အတူတူပဲလား
စမ်းသပ်ပွဲက ရက်ရှည်လွန်းတယ်။
(ပိုင်စိုးဝေ)

Ven EainDar Vudha သီ ဟ နာ ဒ သုံးဘက်မြင် ဘာလို့မထည့်လဲ ဘုရား


၁။ တပည့်တော်တွေးတာ ရေးတာက လွတ်လပ်လွန်းသွားလို့
၂။ မထွက်ခင်က ဆော်မယ်တကဲကဲအုပ်စုရှိနေတယ်ဆိုတာ မြောက်ဥက္ကလာ စာပေအသိုင်းအဝိုင်းက သတိပေးလို့
၃။ (မကြောက်ပေမဲ့) ဘာသာရေးမငြိမ်မသက်ဖြစ်နေချိန်မို့
စာအုပ်ဖြစ်ပြီးမှ ဆိုင်းထားတာပါ။ မဖြန့်ချီသေးတော့ ချန်ထားခဲ့တာပါဘုရား။ တချိန်ချိန်တော့ ပြန်ကိုင်မှာပါ။

၂၁ ရာစုပုံပြင်


ရှေးသရောအခါ ၂၁ ရာစုခန့်က လူတစ်ယောက်မှာ တစ်နေ့လျင် ရွှေဥတစ်လုံး ဥပေးသော ဘဲငန်းကြီးတစ်ကောင် ရှိလေသည်။ တစ်နေ့လျင် ရွှေဥတစ်လုံးသာ ဥနေခြင်း အပေါ် အားမလိုအားမရဖြစ်ခြင်း၊ ဝမ်းဗိုက်ထဲမှာ ရွှေဥများစွာရှိနေမည် ထင်ခြင်းကြောင့် ထိုဘဲငန်းကြီးကိုသတ်၊ ရင်ဘတ်မှ ခွဲချလိုက်ရာ ဘာရွှေဥမှ မတွေ့ဘဲ ဘဲချေးတွေသာတွေ့ရလေ၏။ထိုအခါ ဆင်ခြင်ဉာဏ်နှင့်ပြည့်စုံသော ၎င်းပညာရှိကြီးက
"ကံကောင်းလေစွ၊ မစူးစမ်းဘဲ ဘဲငန်းကြီးကိုအသက်ရှင်လျက်ဆက်ထားလျင် အစာကုန်တာပဲ ရှိချေမည်၊ သူ့ ဝမ်းဗိုက်ထဲမှာ နောက်ထပ်ဥစရာ ဘာရွှေဥမှ မရှိတော့"
ဟု ဝမ်းမြောက်ဝမ်းသာ ဥဒါန်းဆိုလေ၏။

My collection so far!


လှပတဲ့ တွေ့ဆုံဆွေးနွေးမှု


"အချို့ပညာရှင်တွေက အရှင်အာနန္ဒာသည် "More democratic than the Buddha" (ဘုရားရှင်ထက်ပင် ဒီမိုကရေစီဆန်သေးသည်) ဟု ဆိုတတ်ကြပါ သည်။ သဘောမတူလှပါ။ ဘုရားရှင်ကိုယ်တော်တိုင်လည်း ဒီမိုကရေစီကို ရာနှုန်းပြည့်ကျင့်သုံးပါသည်"

ပထမ ပေါ်လစီအကြမ်း(Proposal)
ဗုဒ္ဓ။ ။ အဒသနေ အာနန္ဒ။
အရှင်အာနန္ဒာ။ ။ မဖြစ်သင့်ပါ အရှင်၊ ဘာသာရေးပွဲလမ်းတွေမှာ အမျိုးသမီးတွေ က ရှေ့ဆုံး၊ အမျိုးသမီးတွေက အများစုပါ။ အမျိုးသမီးတွေကို မကြည့်နဲ့ဆိုတဲ့ပေါ် လစီဟာ ရေရှည်အနာဂတ်အကျိုးစီးပွားအတွက် အလုပ်မဖြစ်နိုင်ပါ အရှင်။ တစ်ဆင့် လျှော့တော်မူပါဦး။
(မှန်လှပါ အရှင်အာနန္ဒာဘုရား၊ ထောက်ခံပါတယ်။ တပည့်တော်တို့နေ့စဉ် ၆ နာရီ ၄၅ ဝတ်ပြုချိန်၊ တနင်္ဂနွေမနက်ဝတ်ပြုချိန်တွေမှာ အမျိုးသမီးတွေက အမျိုးသားတွေရဲ့ သုံးပုံနှစ်ပုံကျော်ပါတယ်ဘုရား)

ဒုတိယ ပေါ်လစီအလတ် (In that case)

ဗုဒ္ဓ။ ။ အနာလာပေါ အာနန္ဒ။
အရှင်အာနန္ဒာ။ ။ မဖြစ်သင့်သေးပါ အရှင်၊ သူတို့နဲ့ စကားမပြောဘဲနေလို့ ရလိမ့် မည် မဟုတ်ပါ။ အချို့ပြောဖွယ်ဆိုရာတွေဟာ သူတို့နဲ့ပြောမှ ပိုအဆင်ပြေပါတယ်၊ ဒီပေါ်လစီကို လက်တွေ့ကျင့်သုံးဖို့ အနာဂတ်မှာ အခက်အခဲတွေ အများကြီး ကြုံတွေ့ရဖွယ်ရှိပါတယ်အရှင်"
(မှန်လှပါ အရှင်အာနန္ဒာဘုရား၊ ထောက်ခံပါတယ်။ တပည့်တော် ဒကာကြီး တစ်ယောက်ဆိုရင် ဖုန်းဆက်လို့သူဖြေတာတောင် "ရော့ နင်ဖြေလိုက်၊ ငါ စကား မပြောတတ်ဘူးဆိုပြီး" သူ့ဇနီးကို ထိုးပေးတတ်ပါတယ်၊ သူနဲ့တပည့်တော်ကြား ဘာပြသနာမှ မရှိပါ။ သူကိုယ်တိုင်ဆွမ်းလာပို့တတ်တဲ့ ရှားရှားပါးပါး ဒကာကြီး တစ်ယောက်ပါ)

တတိယပေါ်လစီ အနု(အတည်ပြု)
ဗုဒ္ဓ။ ။ Be mindful အာနန္ဒ။
အရှင်အာနန္ဒာ။ ။ သင့်တော်ကောင်းမြတ်ပါ၏၊ အပ်ပလီကေဘယ်ဖြစ်ပါ၏အရှင်၊ ညီတော်များသည် အမျိုးသမီးများအပေါ် အမေစိတ်၊ အမ၊ ညီမစိတ်တို့ဖြင့် ကြည့်စေရ၊ ပြောဆိုစေရပါမည်။
(မှန်လှပါ အရှင်အာနန္ဒာဘုရား၊ ထောက်ခံပါတယ်။ တပည့်တော်တို့ခေတ်မှာ အပြင်မှာသာမက အွန်လိုင်းမှာပါ အမေ၊ အမ၊ နှမတွေရှိနေကြရပါတယ် ဘုရား။ အရှင်ဘုရား အဆိုပြုချက်တွေကို စူပါလိုက်ခ်၊ စူပါထောက်ခံပါတယ်။ You got my vote ပါဘုရား)

ဗုဒ္ဓက ဓမ္မသာမိ၊ တရားအရှင်။
အရှင်အာနန္ဒာက ဓမ္မဘဏ္ဍာဂါရိက၊ တရားဘဏ္ဍာစိုး။
ဘုရားက ထည့်စေဆိုတိုင်း အရှင်အာနန္ဒာက ထည့်လိုက်မှာမဟုတ်သလို ထုတ်ခဲ့ လို့ မိန့်မှာတိုင်း သော့တွဲကိုင်ထုတ်ယူလာမည်မဟုတ်ပါ။ သူ့စည်းကိုယ့်စည်း ရှိတော်မူကြ၏။ အရှင်အာနန္ဒာမှာ ပြန်လည်လျှောက်ထားတင်ပြခွင့် ရှိကိုရှိ၏။

အချို့ပညာရှင်တွေက အရှင်အာနန္ဒာသည် "More democratic than the Buddha" (ဘုရားရှင်ထက်ပင် ဒီမိုကရေစီဆန်သေးသည်)ဟု ဆိုတတ်ကြပါ သည်။ သဘောမတူလှပါ။ ဘုရားရှင်ကိုယ်တော်တိုင်လည်း ဒီမိုကရေစီကို ရာနှုန်းပြည့်ကျင့်သုံးပါသည်။ အထက်ပါ ပေါ်လစီနှစ်ခု လျှော့ပေါ့ပြဌာန်းခြင်းကို သာဓကအဖြစ် ကြည့်နိုင်ပါသည်။

ကောင်းလိုက်တာဆရာ (သစ္စာနီ)ရယ်။ ကဗျာကို ရိုးရိုးလေးရေးရတယ်ဆိုတဲ့


ကဗျာကို ရိုးရိုးလေးရေးရတယ်ဆိုတဲ့ ကဗျာဆရာရဲ့
(မပြီးသေးတဲ့ကဗျာ) တဲ့။

ကယ်တင်ရှင်တွေရေးတဲ့သမိုင်းဟာ
သွေးတစ်စက် မှင်တစ်စက်။
မုဆိုးစိုင်သင်နိုင်ငံရေးတဲ့
တော်လှန်ရေးကိုဗိုက်ခွဲမွေးခဲ့

ဟွန့် အငြိုးငြိုးဘဲ


လွန်ခဲ့တဲ့ငါးနှစ်က စင်္ကာပူမှာ...........
"အရှင်ဘုရားလည်း စာရေးနေတာဆိုတော့ နိုင်ငံရေးလေးဘာလေး နည်းနည်း ပါးပါးသိရင် ကောင်းတာပေါ့ဘုရား"
"ဟုတ်ကဲ့ ဒကာကြီး၊ လက်လှမ်းမှီသလောက် ဖတ်ကြည့်ပါဦးမယ်"
ဒါနဲ့ ဆရာကြီးသုံးယောက်ဖြစ်တဲ့ လီကွမ်းယု၊ ဆမ်မြူယယ် ဟန်တင်တန်၊ ဟင်နရီ ကစ်ဆင်းဂျားတို့ရဲ့ နံမည်ကြီးစာအုပ်တွေ ဆက်တိုက်ဖတ်လိုက်တယ်။ နည်းနည်း ပါးပါးသိသွားရော။
အခု............
"တောင်ရေးမြောက်ရေးနဲ့ ဂရုစိုက်" တဲ့။
"အော် ကိုယ်သိလိုက်တဲ့နိုင်ငံရေးက သူတို့သိစေချင်တဲ့နိုင်ငံရေး ဟုတ်ပုံမရဘူး" လို့သာ။
(ဟောလီးဒေး မုဒ်မို့ ပို့စ်တွေတက်တာများတယ်၊ စိတ်မရှိကြပါနဲ့။)

ဦးအောင်မင်း ဖွင့်ဆိုတဲ့ ရဲဘော်စိတ် (လိုတိုးပိုလျှော့) အက်သစ် (တဲ့)


၁။ သစ်တုံးကြီးတစ်တုံးကို ရွာသားနှစ်ယောက်ထမ်းလာတယ်၊ ဘေးက ဝင် မထမ်းရင် သူတို့ဆက်လေးနေမယ်။ ဝင်ထမ်းလိုက်ရင် ပေါ့သွားတယ်။ (ရှင်းတယ် ဝန်ကြီးရာ)

၂။ လှေက လူသုံးယောက်ပဲဆန့်တယ်၊ ရေပေါ်မှာ လက်တစ်လုံးပဲပေါ်တော့ တယ်။ အဲဒီအချိန် နေ့စေ့လစေ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ကလည်း လိုက်လိုတယ်။ ဒါဆိုတစ်ယောက်ဆင်းပေးရမယ်။ (ဒါလည်း ရှင်းတာပဲ ဝန်ကြီးရေ)

အွန်လိုင်း အူကြောင်ကြောင် ကွန်မင့် ငါးမျိုး


(The 5 Types of Stupid Internet Comments. RD)

၁။ အတိုက်အခံကွန်မင့်

စတေးတပ်။ ။ "လကမ္ဘာပေါ် ခြေချနိုင်ပြီ၊ အမ်းစထရောင်း......"
သာမန်ကွန်မင့်။ ။ ဒါမှ လူသားကွ၊ အမေရိကန်တဲ့ကွ၊ နာဆာကိုကျေးဇူးတင်ပါတယ်။
ဘုဂလန့်ကွန်မင့်။ ။ ဘာမှမဆန်းဘူး၊ ငွေကုန်လူပမ်း၊ နေပေါ်ရောက်မှ ချီးမွမ်း လိုက်မယ်။

၂။ အပြစ်ရှာကွန်မင့်

စတေးတပ်။ ။ "ဒေါက်တာဂျိုးနပ်စ် ပိုလီယိုဆွေး တွေ့ပြီ"
စတေးတပ်။ ။ ဝမ်းသာစရာပဲ၊ သာဓုခေါ်ပါတယ်ရှင်။
အပြစ်ရှာကွန်မင့်။ ။ ဒီလူကြီးလား၊ မသိရင်ခက်မယ်။ သူများသုတေသနတွေကို ခိုးယူပြီး သူ့ဟာလုပ်ထားတာ၊ သူ့အိမ်ထောင်ရေးသမိုင်းကလည်း ကောင်းလှတာ မဟုတ်ဘူး။

၃။ "သောက်တလွဲကွန်မင့်"

စတေးတပ်။ ။ ဘာလင်တံတိုင်းပြိုပြီ
သာမန်ကွန်မင့်။ ။ (က) ကောင်းလိုက်တာ၊ ဂျာမန်တွေအတွက် ဝမ်းသာတယ်။
(ခ) အဲဒီ အုတ်ခဲတွေကို အမှုံ့ကြိတ်၊ အိမ်သာထဲချကွာ။
သောက်တလွဲကွန်မင့်။ ။ အပေါ်ကတျောက် ရူးနေသလား၊ အုတ်ခဲတွေကို အမှုံ့ကြိတ်၊ အိမ်သာထဲချလိုက်လို့ ရေပိုက်လိုင်းတွေပိတ်ကုန်မှာ မစဉ်းစားမိဘူး လား။

၎။ မဏ္ဍပ်တိုင်တက်ကွန်မင့်

စတေးတပ်။ ။ "တိုင်တန်းနစ်သဘောင်္နစ်မြုတ်၊ လူထောင်ချီသေဆုံး"
သာမန်ကွန်မင့်။ ။ ဂျာမန်ရေငုတ်သင်္ဘောတွေရဲ့ လက်ချက်များလား။
မဏ္ဍပ်တိုင်တက်ကွန်မင့်။ ။ ဟီး ကျနော်လည်း ဒါမျိုးကြုံဖူးတယ်၊ လှေပေါ်ပါလာ တဲ့ကောင်မလေးတွေကလည်း အလန်းလေးတွေ ဘာညာ ဘာညာ............

၅။ ဝါးလုံးရှည်ကွန်မင့်

စတေးတပ်။ ။ "ဝါတားဂိတ်တရားခံ သမ္မတ နစ်က်ဆင်"
သာမန်ကွန်မင့်။ ။ သမ္မတဆိုတော့ ဘယ်သူမှ ထိရဲမှာမဟုတ်ပါဘူး။
ဝါးလုံးရှည်ကွန်မင့်။ ။ အဲဒီလူကြီးတွေအားလုံးဖြုတ်ပစ်၊ တစ်ကောင်မှ မကောင်းဘူ။

ပို့စ်တစ်ခု လူကြိုက်များသွားရင် တွေ့ရတတ်၊ ဘန်းရတတ်လို့ အမှတ်တရ။ 

ငါ့ရှင်တို့နဲ့ စကားပြောကြည့်ခြင်း


လက်ရှိမြန်မာပြည်ရနေတဲ့ ဒီမိုကရေစီ အရိုးအရင်းလေးတွေနဲ့ ပတ်သက်လို့ အပြင်မှာ
၁။ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုရဲ့ ဆုပေးဒဏ်ပေးပေါ်လစီကြာင့်
၂။ တရုတ်ဦးဆောင်တဲ့အာစီယံအုပ်စုရဲ့ သာပေါင်း(သူများပြည်တွင်းရေးကို မဖက်စွက်မှု)ပေါ်လစီကြာင့်လို့ပြောကြတယ်။
နှစ်ခုစလုံးဖြစ်နိုင်ပါတယ်။ ခြေထောက်နဲ့ကျမ်းပြင် မထိတထိမြင့်တဲ့ ခုံပေါ်မှာထိုင်း ရင်း စင်္ကာပူဝန်ကြီးချုပ်ကို မျက်နှာငယ်စွာ ဦးသိန်းစိန်တစ်ယောက်တည်း စောင့် ခဲ့ရဖူးသလို အိမ်ဖြူတော်က အလည်ဖိတ်တော့လည်း တန်ကနဲပြေးခဲ့တာပါပဲ။

ပြည်တွင်းထဲ အနေအထားမှာလည်း
၁။ အစစအောက်ဆုံးရောက်နေတာကို ဗိုလ်ချုပ်ကြီးတွေကိုယ်တိုင် သိသွားလို့၊ နာဂစ်ဟာ နောက်ဆုံး Wake up call၊
၂။ ဒေါ်စုနဲ့အဖွဲ့ချုပ်ကြောင့်၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ ကျောင်းသားခေါင်းေ ဆာင်တွေနဲ့ကျောင်းသားတွေကြောင့်(စသည်)လို့ ပြောတတ်ကြပြန်ပါတယ်။
နှစ်ခုစလုံးဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ အုပ်စုဖွဲ့တိုက်ခိုက်နေတာက ဒေါ်စုကိုပဲ ဖြစ်နေတယ်။ နိုင်ငံရေးအရကြည့် ရင် ဒေါ်စုက အန္တရာယ်ပိုရှိနေလို့နေမှာပေါ့။ ဒါပဲလေ။

ငါ့ရှင်တို့
ငါ့ရှင်တို့ လက်ရှိမြန်မာပြည်ရနေတဲ့ ဒီမိုကရေစီအရိုးအရင်းလေးတွေရဖို့
(ငါ့ရှင် တို့ခေါ်တဲ့ မွတ်ဒေါင်းခေါင်းဆောင်အဖွားကြီး)
ရင်းနှီးခဲ့ရတာတွေကို တစ်ချက်လောက် စောင်းငဲ့ကြည့်ပေးပါ။
စာပေစီစစ်ရေး အကန့်အသတ်တွေ ဖွင့်ပေးလိုက်သလိုမျိုး(စသည်) ဦးသိန်းစိန်ရဲ့ ကနဦးခြေလှမ်းတွေကိုလည်း မမေ့အပ်ပါဘူး။

ဦးနေဝင်း၊ ဦးသန်းရွှေနဲ့ဒေါ်စု။ ဘယ်သူက လူစိတ် ပိုရှိမလဲ။


အမေရိကန်လည်း တွင်း တာဝါ ပြိုကျဖူးပြီ၊ သူတို့ချင်း ဘယ်သူ့ဘယ်သူမှလက်ညှိုး မထိုးကြဘူး။ (ဒီမိုကရက်ကြောင့်၊ ရီပတ်ဘလင်ကန်ကြောင့် စသည်)
ဩစတေးလျလည်း အရှက်ခွဲ ခံလိုက်ရပြီ။ သူတို့ချင်း အပြစ်ပုံချမနေကြဘူး။ ဒါဟာ ရင့်ကျက်တဲ့ကမ္ဘာရဲ့သဘောပဲ။
မြန်မာပြည်က မိတ္ထီလာဖြစ်လည်း ဒေါ်စု၊ မန္တလေး၊ ရခိုင်ပြည်နယ်မှာဖြစ် လည်း ဒေါ်စုပဲ။
တစ်သက်လုံး အန္ဒိယ၊ အင်္ဂလန်နဲ့နေအိမ်ထဲထောင်ကျနေခဲ့ရတဲ့အမျိုးသမီးကြီးက အဲဒီမွတ်စလင်တွေကို ဘယ်လိုလုပ် ပြည်တွင်းထဲရောက်အောင် ဆွဲသွင်းလို့ရမှာ လဲ။ ဆိုင်ကော ဆိုင်ရဲ့လား။

အခု လတ်တလောကိစ္စက ပြောရတော့ခက်ပါတယ်။ ဒါ့ကြောင့် ဘာမှ မပြောလို ပါဘူး။
ဒေါ်စုတက်လာလည်း နိုင်ငံရေး စီးပွားရေးအရ တရုတ်နဲ့မကင်းနိုင်သလို မွတ်စ လင်နဲ့လည်းကင်းနိုင်မှာ မဟုတ်ပါဘူး။
ဒါပေမဲ့ ကိုင်တွယ်ပုံ ပိုရင့်ကျက်လာလိမ့်မယ့်။ လူထုဆန္ဒကို နားပိုထောင်လာမယ်။
နောက်ဆုံး ရုပ်ပျက်ဆင်းပျက်မှားသွားရင် နှုတ်ထွက်ပေးလိမ့်မယ်။ မသထာရေစာ အဏာကို တွယ်ဖက်နေမယ့်အစား မဟုတ်ဘူးလို့ သူမ သမိုင်းအရ သိရတယ်။
ဒါကလည်း ပုဂ္ဂိုလ်ရေးနဲ့မဆိုင်ဘူး၊ သမိုင်းနဲ့ဘဲဆိုင်တယ်။ သမိုင်းနည်းနည်းပဲ သိရင်ကို ဒီအဖြေထွက်တယ်။
ဦးနေဝင်း၊ ဦးသန်းရွှေနဲ့ဒေါ်စု။ ဘယ်သူက လူစိတ် ပိုရှိမလဲ။

တရုတ် ဝူကန်ရွာ အရေးအခင်းနဲ့ မြန်မာ့လယ်ယာမြေ ဆုံးရှုံးမှု

၂၀၁၁ ခု စက်တင်ဘာလက Guangdong ပြည်နယ်ရှိ ဝူကန်ရွာ( Wukan) မှာ တောင်သူလယ်သမားတွေရဲ့ လယ်ယ်မြေ ဆုံးရှုံးမှုနဲ့ ပတ်သက်ပြီး ဆန္ဒပြ မှုတွေဖြစ်ခဲ့တယ်။ ကန်ထရိုက်သမားတွေက အစိုးရ အရာရှိတွေနဲ့ပေါင်းပြီး လယ်ယ်မြေ တွေကိုသိမ်းယူမှုပါပဲ။ မြန်မာပြည်ရဲ့ လတ်တလော အနေ အ ထားတွေနဲ့ ဆင်ဆင်တူပါတယ်။ ဒီက ရလာတဲ့ အကျိုး အမြတ်တွေ ကျေ တာ့ တောင်သူလယ်သမားတွေအတွက် ခံစားခွင့် လုံးဝမရှိဘဲ ကန်ထရိုက် သမားတွေနဲ့ အစိုးရ အရာရှိတွေဆီသာ အကျိုးအမြတ်တွေအားလုံးရောက် သွားတယ်။
ဒါကို မကျေမနပ်ဖြစ်ရာကတဆင့် ဆန္ဒပြမှုတွေဖြစ်လာခဲ့တယ်။
အစပိုင်း မှာတော့ ရွာသားအနည်းအကျဉ်းလောက်ပါပဲ။ ဒီ ဆန္ဒပြမှုကို အ ကြမ်းဖက် နှိမ်နှင်းရာမှာ ရွာသားအချို့ အဖမ်းခံရပြီးရွာသားတစ်ယောက် သေ ဆုံးခဲ့တယ်။ ရွာသားတစ်ယောက် သေဆုံးမှုနဲ့ပတ်သက်ပြီး ဆန္ဒပြမှု အရှိန် အ ဟုန် အားကောင်းလာပြီး ဒီဇင်ဘာလမှာ ရွာသား နှစ်သောင်းလောက်
အထိ ဖြစ်လာခဲ့တယ်။ ရိုးရိုးဆန္ဒပြရုံတင်မကတော့ဘဲ သူတို့မှာရှိတဲ့ လက် နက်တွေကို ဆောင်ယူလာကြတဲ့ အထိပါပဲ။



ဒီမှာ တရုတ်ကွန်မြူနစ် အစိုးရရဲ့ ကိုင်တွယ်ပုံက စိတ်ဝင်စားစရာပါ။ Guangdong ပြည်နယ်ရဲ့ လက်ထောက် ပြည်နယ်မှုးကိုယ်တိုင် ရွာအထိ ဆင်းပြီး ဖြေရှင်းပေးတယ်။ လယ်သမားတွေ ဆုံးရှုံးတဲ့ မြေတချို့ ပြန်ပေး တယ်၊ ဆန္ဒပြမှုမှာ အဖမ်းခံထားရသူတွေကို လွှတ်ပေးတယ်။ ပြီးတော့ အဲ့ဒီရွာအတွက် ရွေးကောက်ပွဲ ကျင်းပပေးတယ်။ ရွေးကောက်ပွဲမှာ ဆန္ဒပြမှုရဲ့ လူထုခေါင်းဆောင်က မဲ အပြတ်နဲ့ နိုင်သွားတယ်။ ဒီတော့ လက်ထောက် ပြည်နယ်မှုးက သူ့ကို ရွာသူကြီး ခန့်ထားပေးခဲ့တယ်။

ဒါက ကွန်မြူနစ်လို့ အမည်ခံထားတဲ့ တရုတ်အစိုးရရဲ့ ဖြေရှင်းပုံပါ။
*********************************************


ကျနော်တို့နိုင်ငံက တောင်သူလယ်သမားတွေရဲ့ လယ်ယ်မြေ ဆုံးရှုံးမှု နဲ့ နောက်ဆက်တွဲပြဿနာတွေကိုတော့ အွန်လိုင်းပေါ်မှာ လူတိုင်းက ကျနော့်ထက် ပိုသိနိုင်လို့ (ကိုယ်တိုင်လည်း ကျကျနန မသိလို့) မရေးတော့ ပါဘူး။
ကျနော် မျှဝေချင်တာက လီကွမ်းယု ကောက်ချက်ချသလို "တရုတ်အစိုးရက ကွန်မြူနစ် ပုလင်းအခွံထဲထည့်ထားပေမဲ့ "ဝိုင်" က ကွန်မြူနစ် မစစ်တော့ ဘူး" ဆိုတာပါပဲ။

သူ့ ဝိုင် ကွန်မြူနစ် စစ်၊ မစစ် က ကိုယ်နဲ့မဆိုင်လှပေမဲ့ လူလည်ကြီးများ၊ အ ကျင့်ပျက် အရာရှိကြီးများနဲ့ လယ်ယာမြေ ဆုံးရှုံးရတဲ့ တောင်သူ လယ်သ မားတွေရဲ့ အဖြစ်ဆိုးက နိုင်ငံအဝှမ်းလိုက် ကြုံတွေ့နေကြရတယ်။

အင်္ဂလိပ်ခေတ်က ဖောင်စီးရင်း ရေငတ် စကားပုံ တွင်ကျယ်ခဲ့တယ်။ ကုန်းမြေအချမ်းသာဆုံး ရှေ့တောင်အာရှနိုင်ငံက တောင်သူတွေ မြေမရှိတော့ဘူး၊ လူလတ်တန်းစား ပညာတတ်တွေ နေစရာ မြေပိုင် မဝယ်နိုင်တော့ဘူး။
မြန်မာ (ဒီမိုကရေစီ) အစိုးရနဲ့ တရုတ် (ကွန်မြူနစ်) အစိုးရ ပြည်သူ့အပေါ် သဘောထား ဘယ်သူသာမလဲ။

Ref: One Man's View of The World. LKY.

28/08/2013

တဖြည်းဖြည်းနဲ့တော့ အာဖဂန်နဲ့ တူလာပြီ။


ဒါ(တက်တူး)က တားမရဘူး၊ တစ်ဦးချင်းကိစ္စ၊ မိတ်ကပ်အထူအပါး၊ နှုတ်ခမ်းနီ အထူအပါး၊ ဘောင်းဘီအတိုအရှည်ကိစ္စမျိုးပဲ။ ဘာသာရေး၊ ယဉ်ကျေးမှု၊ အလုပ် အကိုင်နဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေက သူတို့ပိုင်နက်ထဲမှာ တားမြစ်နိုင်ပါ တယ်။ လမ်းပေါ်လျှောက်သွားနေတဲ့ လူငယ်ကို တားမြစ်လို့မရသလို အစိုးရ လုပ်ရမယ့်ကိစ္စလည်း မဟုတ်ပါဘူး။ ဟိုတစ်နေ့ကပဲ ဘီးလ်ဂိတ်ပုံ ခြေသလုံးမှာ ထိုးထားတဲ့ကောင်လေး တစ်ယောက်တွေ့ရတယ်။ ဒါမျိုးကို သူ့မိဘတွေကလည်း သဘောမတူနိုင်ပါဘူး။ ဘာတတ်နိုင်မှာလဲ။ (လီကွမ်းယုလေသံနဲ့ ငါက ကုမ္ပဏီ ပိုင်ရှင်ဆိုရင်တော့ သူတို့ကို မခန့်ဘူး ပေါ့။ ဒါပဲရမှာပေါ့) အောက်က စာက တို လွန်းသွားလို့ပါ။
ဟိုဟာတားချင်၊ ဒီဟာတားချင်နဲ့ မွတ်စလင်အစွန်းရောက်နဲ့ သိပ်မကွာတော့ဘူး လို့ ပြောချင်တာ။
(12/22/2014 at 5:58 pm)

ဒါ အနောက်ယဉ်ကျေးမှုမဟုတ်ပါဘူး၊ လူငယ်ယဉ်ကျေးမှု (သို့) တစ်ခေတ်ပြန်ဆန်းယဉ်ကျေးမှုပါ။
အစွန်းရောက်အုပ်စုသိရင် လက်ဖြတ်ခံရမှာသိလျက်နဲ့ တက်တူးထိုးနေကြတာ တဲ့။
(12/22/2014 at 5:01 pm)



၇ နှစ်သား အကိုတစ်ယောက်ရဲ့ ဆုံးမစကား

ညီလေး
ဖေဖေနဲ့ ရန်ဖြစ်ပြီးစ မေမေက ခေါင်းဖီးပေးမယ်ဆိုရင် အဖီးမခံနဲ့။ ထွက်ပြေးပါ။ ဘာဖြစ်မယ်ဆိုတာ ကိုကို သိတယ်။

ညီလေး
ဆံပင်ညှပ်ခံနေရင်း နှာမချေမိပါစေနဲ့။ ကိုရင်မဝတ်ခင် ဆံချတာမျိုးဆို ပို ဂရုစိုက်ပါ။ ဘာဖြစ်မယ်ဆိုတာ ကိုကို သိတယ်။

ညီလေး
ပီကေကို ဆက်မဝါးချင်တော့ဘူးဆိုရင် သူများရှေ့က စာသင်ခုံအောက်မှာ ကပ်ထားရတယ်။



ညီလေး
"ဝိုင်နှစ်ခွက်လောက် သောက်ပြီးမှ ဖေဖေ့ဆီက မုန့်ဖိုးတောင်းပါ" ဆိုတဲ့စကားက မမှန်ဘူး။
မူးနေရင် တောင်းစရာတောင်မလိုတော့ဘူး။ ကြိုက်သလောက် နှိုက်ယူထား လို့ရတယ်။
မနက်ရောက်ရင် ဖေဖေနဲ့ မေမေ ရန်ဖြစ်တာကိုပါ ချောင်းကြည့်လို့ ရသေး တယ်။

ညီလေး
ခဲဖျက်မပါတဲ့ ခဲတန်ဟာ ဘောလ်ပင်နဲ့ အတူတူပဲဆိုတာ မှတ်ထားပါ။ စာမေးပွဲ မဖြေနိုင်ရင် ခဲတန်ကို ကိုက်နေတတ်တယ်။ ခဲဖျက်ပေါ်က သံ ပတ်လေးပေါ်မှာပဲ ကိုက်ပါ။

ညီလေး
ရန်မဖြစ်နဲ့၊ လူလည်ကျလွန်းလို့ မကျေနပ်တဲ့ကောင်ရှိရင် မှတ်ထား၊
နိုင်ငံတော်အလံကို အလေး ပြုရင်း မသိသလိုလိုနဲ့ သူ့ခြေသန်းလေးပေါ် တက်နင်းပါ။ ခြေမပေါ်ထက် ခြေသန်းလေးပေါ်တက်နင်းတာက ပို ထိရောက်တယ်။

ညီလေး
အပေါက်ဆိုးဆိုး ဆရာမက ပြုံးပြီးခေါ်ရင် မသွားနဲ့။ လူမမြင်ရင် ခေါင်းခေါက်မလို့။ အရမ်းနာတယ်။

ညီလေး
အရေးအကြီးဆုံးကတော့ အတန်းထဲမှာ တော့ပ် သရီး မရစေနဲ့။
မင်း ကျောင်းပျက်ရင် လူတိုင်းသိတယ်။

ချစ်တဲ့
ကိုကို

22/05/2013  

နယူးယောက် မာရသွန်ပွဲ


နယူးယောက် မာရသွန်ပွဲပြိုင်အတွက် အချိန်ကုန်ခံပြီး ဘာကြောင့် ဒီလောက်ပြင် ဆင်နေကြတယ်ဆိုတာကို ကျနော်တော့ နားမလည်နိုင်တော့ဘူး။
ကင်ညာနိုင်ငံက လူတစ်ယောက်ကိုခေါ်ပြီး လည်ပင်းမှာ ဆုတံဆိပ်ဆွဲပေး လိုက်ရင် ပြီးနေပြီ။ ဒါဆို ဘယ်သူမှ အလုပ်မရှုပ်တော့ဘူး။
(နယူးယောက် ပရိသတ်တစ်ဦး)

လူဝင်စား


စစ်တပ်အကြီးအကဲတွေက သမိုင်းထဲက ဘုရင်တွေကို လူဝင်စားလုပ်နေကြချိန်မှာ
ဘုန်းကြီးလူဝင်စားသံကိုတော့ မကြားရသေးဘူး(ကိုယ်မသိတာလည်းဖြစ်မယ်)၊
ဥပမာ ရှင်အရဟံတို့၊ ဆရာတော်ဗုဒ်တို့ကို ဝင်စားတယ်ဆိုတာမျိုးပေါ့။
လက်ရှိအနေအထားကိုကြည့်ရတာကတော့ ဒါလည်း ပေါ်လာနိုင်မယ့်သဘောပဲ။

စစ်တပ်ထဲရော ခရိုနီထဲမှာပါ နတ်သျှင်နောင်ဝင်စားတယ်ဆိုတာတော့ မကြားသေးဘူး။ ကလောင်ထက်လို့ မဝင်စားရဲတာလား၊ ပိုက်ဆံ ကုန်တင်ကားနဲ့ သယ်ရလောက်အောင် ချမ်းသာတဲ့ဘဝမဟုတ်လို့ စိတ်မဝင်စားတာလားတော့ မသိဘူးပေါ့။
ဝန်မခံပေမဲ့ ရှင်အဇ္ဇဂေါဏကိုဝင်စားသလိုလို ဘုန်းကြီးတွေတော့ ရှိတယ်။

အမေရိကန်တွေရဲ့ အားသာချက်


အမေရိကန်တွေရဲ့ အားသာချက်က ဉာဏ်ကောင်းတာမဟုတ်ဘူး၊ မှားမှန်းသိ ရင် တောင်းပန်ရဲတာ၊ ပြင်ရဲတာ(အူတူတူ ခေါင်းမာတာမျိုးမဟုတ်)တဲ့။ (တမြန်နေ့ကဆောင်းပါးတစ်ပုဒ် ဖတ်လိုက်ရ)
ပင်လယ်ကွေ့စစ်ပွဲပြီးတော့ စစ်ပွဲတွင်းမှာ အမှားတွေဘယ်လောက်များခဲ့သလဲ ဆိုတာ စာရင်းလုပ်ဖို့ ဘုရှ်နဲ့တိုနီဘလဲယားတို့နှစ်ယောက် ခေါင်းချင်းဆိုင်ပြီး အမှား ရှာခဲ့ကြတယ်။
တို့ဆီက အဘတွေပဲနားအေးတယ်။ အမွဲဆုံးနိုင်ငံဖြစ်နေတာကို အမှားလည်း မရှာ၊ မှားမှန်းလည်း မသိ၊ သိလည်း မတောင်းပန်။

ဖေ့စ်ဘုတ်သာ ဆိုင်လေးတစ်ဆိုင်ဆိုရင်


ဖေ့စ်ဘုတ်သာ ဆိုင်လေးတစ်ဆိုင်ဆိုရင် လူအလာနည်းရင်နည်း၊ ပတ်ဝန်းကျင် သန့်ပြီး လူကြီးလူကောင်းတွေပဲလာတတ်တဲ့ ဆိုင်လေးမျိုးဖြစ်နေစေချင်တယ်။ မနက်ပိုင်း အောင်ခြင်းရှစ်ပါး၊ နေ့၊ ညပိုင်းတွေမှာ ဆင်ဖိုနီတေးသွားလေးတွေနဲ့ လွင်နေတာမျိုးပေါ့။
အမူး၊ အရမ်း၊ မိမဆုံးမ ဖမဆုံးမတွေ မလာစေချင်ဘူး။ ဖေ့စ်ဘုတ်က အမြဲ လှဲကျင်းနေတော့ လူရမ်းကားမလာဘူး။
သူတို့က ဂူဂဲလ်ပလပ်သွားပြီး တောင်ရေးမြောက်ရေး၊ အုပ်စုလိုက်ဖြစ်မယ်။ တတ်နိုင်သရွေ့တော့ လှဲကျင်းရမှာပဲ။ ဒါမျိုးတော့ အားမပေးချင်ဘူး။

သူများနိုင်ငံတွေရဲ့ အားနည်းချက်ကိုထောက်ပြတိုင်း အဘတို့အုပ်စုကို ရွဲ့ပြောနေသလိုပါပဲ။


ဖတ်ကြည့်ကြပါအုံး။

နောက်ဆုံးအနေနဲ့ သူတို့ရင်ဆိုင်ဖြေရှင်းရမှာက လာဘ်ပေးလာဘ်ယူမှု ပါပဲ။ ပြည်နယ်အရာရှိတွေကလည်း သူတို့ဝေစုကို ရဖို့ကြိုးစားနေကြတာဆိုတော့ ခရိုင်အုပ်ချုပ်ရေးစနစ်ကလည်း လာဘ်ပေးလာဘ်ယူမှုကင်းပျောက်အောင် လုပ် မပေးနိုင်ပါဘူး။ ကိုယ်ကျင့်တရားပျက်မှုက အဆင့်ဆင့်မှာကို အမြစ်တွယ်နေတာ ပါ။ ပရောဂျက်တစ်ခုအတွက် တစ်ဒေါ်လာသုံးမယ်ဆိုရင် ဆယ်ဆင့်က ဟိုနေရာရောက်သွား၊ ဆင့်နှစ်ဆယ်က ဒီနေရာရောက်သွား စတာတွေနဲ့ပဲ အမှန် တကယ်ရောက်ရမယ့် နေရာရောက်တော့ သိပ်မကျန်တော့ပါဘူး။ အကျင့်ပျက်မှု သန္ဓေတည်သွားပြီဆိုရင် ဒါကိုတော်လှန်ဖို့ တော်တော်ခက်တယ်ဆိုတာ သမ္မတ ယူဒိုယူနိုက သဘောပေါက်တယ်။ ဒါကို တွန်းလှန်ဖို့ ခိုင်ခိုင်မာမာနဲ့ ပြတ်ပြတ် သားသား ကိုင်တွယ်မှရမယ်။ ဒါကလည်း ဗဟိုကနေ စမှရမယ်။ တကယ်လို့ လာဘ်ပေးလာဘ်ယူပြဿနာကို ကျော်လွှားနိုင်တယ်ဆိုရင်တော့ သူတို့အနာဂတ်တောက်ပပြီး အင်ဒိုနီးရှားအသစ် ဖြစ်လာနိုင်ပါတယ်။
(လီကွမ်းယု၊ လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်)

အင်ဒိုနီးရှား အရာရှိကြီးတွေ


လက်ရှိအစိုးရဟာ လမ်းပန်းဆက် သွယ်ရေးနဲ့ပတ်သက်တဲ့ အစည်းအဝေး ကြီးတွေ ခေါ်နေတာကြာပါပြီ။ ဘာမှတော့ဖြစ် မလာသေးပါဘူး။ ဒါတွေ အကောင်အထည်မပေါ်ရတဲ့အထဲ အင်ဒိုနီးရှား အရာရှိကြီးတွေက စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တွေမှာ စင်ကာပူကိုလာပြီး ဇိမ်ခံနေကြတာဟာ ပြည်သူတွေ အတွက် စိတ်ပျက်စရာဖြစ်နေခဲ့ပြန်ပါတယ်။ ဒီကိုလာပြီး ပြန်ပြန်သွားကြတိုင်းလည်း သူတို့ကားလမ်းတွေ၊ လေယာဉ်ကွင်းတွေ ကို ပိုကောင်းအောင်လုပ်ရမယ်ဆိုတဲ့ စိတ်ကူးပါသွားကြတာချည်းပါပဲ။

ဆူဟာတို


ဆူဟာတို အနေနဲ့ သူ့နိုင်ငံအပေါ် ဘယ်လောက်အကျိုးပြုခဲ့သလဲဆိုတာ တိတိ ကျကျသိရဖို့ မြန်မာပြည်နဲ့ နှိုင်းယှဉ်ကြည့်ရမှာဖြစ်ပါတယ်။ ဒီနှစ်နိုင်ငံလုံးဟာ တိုးတက်မှုအတူတူလောက်နဲ့ တာထွက်ခဲ့ကြတာပါ။ နှစ်နိုင်ငံလုံးမှာ သဘာဝ အရင်းအမြစ်တွေရှိတယ်။ စစ်တပ်အကြီးအကဲက ခေါင်းဆောင်နေရာမှာ ရှိခဲ့ တယ်။ ဒါပေမယ့် မြန်မာ့ခေါင်းဆောင် နေဝင်းဟာ (အဲဒီအချိန်တုန်းက ဘားမား) ဆိုရှယ်လစ်လမ်းစဉ်ကို လိုက်သွားခဲ့ပါတယ်။ တကယ်လို့ ဆူဟာတိုသာ ခေါင်း မာမာနဲ့ ဖွံ့ဖြိုးရေးကို မလုပ်နိုင်ခဲ့ဖူးဆိုရင် အင်ဒိုနီးရှားလည်းပဲ မြန်မာလိုဖြစ်နေ မှာပါ။ ဆူဟာတိုဟာ လာဘ်စားမှု၊ သူ့မိသားစုအသိုင်းအဝိုင်းကို ဦးစားပေး မှုကြောင့် နာမည်ဆိုး ထွက်ကောင်း ထွက်ပါလိမ့်မယ်။ ဒါပေမယ့် သမိုင်းဟာ သူ့လုပ်ရပ်တွေနဲ့ အောင်မြင်မှုတွေကိုပါကြည့်ပြီး တိုင်းထွာဆုံးဖြတ်တာဖြစ်ပါ တယ်။ သူ့လူထုကို သူပညာသင်ပေးခဲ့တယ်။ စီးပွါးရေး တိုးတက်လာအောင် လုပ်ဆောင်ပေးနိုင်ခဲ့တယ်။ လမ်းတွေ၊ အဆောက်အဦးတွေ ဆောက်ပေးခဲ့တယ်။

ဗျည်းသုံးဆယ့်သုံးလုံး ဖွဲ့စည်းပုံ ပြင်ရမည်(New Version)


"ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ရမယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ရမယ်" ဆိုသည့် အသံများ မကြာခဏ ကြားနေရပါသည်။ ပြင်ကြပါ။ ပြင်သင့်ပါသည် ။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ပြီးလျှင် အခြားပြင်စရာ များ စွာရှိနေသေးကြောင်းတော့ သတိပေးချင်ပါသည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြီး လျှင် ဒုတိယ အရေးအကြီးဆုံးက ဗျည်း သုံးဆယ့်သုံးလုံး ဖွဲ့စည်းပုံ ဖြစ်ပါသည်။ အက္ခရာအခွင့်အရေးနှင့် လုံးဝ မညီညွ တ်ပါ။ ပြင်ကို ပြင်ရပါမည်။ စိတ်ကူးပေါက် ခိုက် အနည်းငယ် တင်ပြချင်ပါ သည်။

"က" ကြီး။
သူက ဗျည်းသုံးဆယ့်သုံးလုံး၏ ခေါင်းဆောင်ဖြစ်ပါသည်။ ပြသနာက "က" ငယ် ဆိုတာမရှိဘဲ သူတစ်ယောက်ထဲ အလိုလို ကြီးနေခြင်းဖြစ်ပါ သည်။ "က" ငယ်ရှိလျှင် "က" ကြီးကို လက်ခံလို့ရပါသည်။ ရှေ့ဆုံးကမို့ ကြီး တာလား၊ အဓိပ္ပါယ် မရှိပါ။ သူ့ထက်ကြီးကျယ်၊ သူ့ထက်ခန်းနား၊ သူ့ထက် အရေး ခက်သော ဗျည်း များစွာရှိသည်။
ဥပမာ ဃ၊ ဋ၊ ဍ၊ ဏ၊ ဠ တို့ဖြစ်ပါသည်။ တော်ရုံတန်ရုံလူ မှန်အောင် မရေးတတ်ပါ။

"ခ" ကွေး
"ခ" ကွေးကလည်း အဆင်မပြေလှပါ။ မြန်မာစာမှာ ကွေးနေအောင် "က" တယ်လို့သာရှိပါသည်။ ပြသနာက "ခ" ကွေး ကြောင့် ကွေးနေအောင် "ခ" သူများ ပေါ်ပေါက်လာရသည်။ နိမိတ်မကောင်းသော အက္ခရာ ဖြစ်သည်။ "က" ကြီးနောက်လိုက်တို့သည် ကွေးနေအောင် "ခ" တတ်သည့် နောက်လိုက် ဒုတိယတန်းစား၊ အချောင်စားများဖြစ်နေသည်ကို တွေ့ရပါသည်။

"ဂ" ငယ်
"ဂ" ငယ်ကလည်း မစွံလှပါ။ "ဃ" ကြီးကြောင့် ငယ်လိုက်ရတာဟု ဆိုရန် ရှိသော်လည်း ရေးထုံးအရ "ဃ" ကြီးနဲ့ "ဂ" ငယ် လုံးဝဆက်စပ်ဖို့ ခက် ပါသည်။ တည်နေပုံအားဖြင့်လည်း ပက်လက်နဲ မှောက်ရက် ဖြစ်သည်။ သူနှင့် ပုံစံတူသည်က "က" ကြီးသာ ဖြစ်သည်။ "ဂ" ငယ်ဟူသည် "က" ကြီးတစ်ခြမ်းပဲ့သာဖြစ်သည်။ တက္ကနီကယ်တန်းဖြင့် စမော "က" (သို့ ) "က" ငယ် ဟုဆိုနိုင်သည်။ ယခု ဤသို့မဟုတ်ဘဲ သူနဲ့ မိသားစုချင်းမတူသည့် "ဃ" ကြီး လက်အောက်ခံလုပ်ကာ "ဂ" ငယ် ဖြစ်နေရသည်။

"ဃ"
"ဃ"၏ ဖြစ်သင့်သောအမည်က "ယ" ပျက်ဖြစ်သည်။ ပုံစံ ပျက်နေသော "ယ" သာဖြစ်ပါသည်။ ယ ကို ခေါင်းပေါင်းစတပ်ပေးလျှင် "ဃ" ဖြစ်ပါသည်၊ အစစ်မဟုတ်ပါ။

"င"
သူတစ်ယောက်ထဲ အလိုလို ကြီးနေသော "က" ကြီး၊ ကွေးနေအောင် "ခ" သော "ခ" ကွေး တို့ အုပ်စု အဆုံးသတ်က "င" ဖြစ်နေသည်။ အတ္တသံပါသည်။ သူတပါးဆိုတာ မပါတော့ဘဲ "င" (ငါ့) ဖြစ်နေသည်။

"စ" လုံး
"စ" လုံး ကိုတော့ ထောက်ခံပါသည်။ အဓိပ္ပါယ်လည်း လှပါသည်။ အစမှာ လုံးလုံးလေး (သို့) စတင်ချိန်မှာ စည်းစည်းလုံးလုံး ရှိကြသည် ဟုအဓိပ္ပါ ယ် ကောက်ယူနိုင်ပါသည်။ သို့သော် ပုံစံကို သေသေချာချာကြည့်မိတော့ မျက်စောင်းထိုးနေဟန်ရှိသည်ကို စတင်တွေ့ရသည်။

"ဆ" လိမ်
သိပ်သဘောမတွေ့မိတော့ပါ။ စ လို့မှ ဘာမှ မကြာသေးခင် မုန်းကြိုးလိမ်လို့ လိမ်လိမ်ကောက်ကောက်ဖြစ်လာသည်။ ထိုသို့ မဖြစ်သင့်ဟု ထင်ပါသည်။ "လုံး" နေရာမှာ "လိမ်" သွားသောကာလက ဘာမှ မကြာလိုက်ပါ။ ရေးဟန် အနေနဲ့လည်း ကွေးနေအောင် "ခ" သော "ခ" ကွေးနှင့် တော်တော်တူနေ သည်။
ထူးသည်က "ဆ" လိမ်က ကျောပိုးအိပ်ကြီး ပါနေခြင်းသာဖြစ်သည်။ ဘာတွေ ထည့်ထားမှန်း မသိပါ။ "ခ" သူများ "ကျောပိုးအိပ်ကြီး" ဖြစ်သွားတတ်ပါသလား။

"ဇ" ကွဲ
လိမ် သွားပြီဆိုလျှင် အခြေအနေကို အကဲခတ်လို့ ရသွားပြီဖြစ်ပါသည်။ လိမ်ပြီး မကြာမီ သူသူ ငါငါ "ဇ" များ ကွဲကြတော့သည်။ ရေးဟန်အားဖြင့် လည်း "ဇ" ကွဲသည် ပုရွက်ဆိတ် အကိုက်ခံထားရသော "ဂ" ငယ် နဲ့ တော်တော်တူနေပါသည်။ မဖြစ်သင့်ပါ။

"ဈ" မျဉ်းဆွဲ
မကောင်းတော့ပါ။ ကွဲကြ ပြဲကြပြီး မျဉ်းများ "စွဲ"လာကြ၊ "ဆွဲ"လာကြသည်။ သူ့မျဉ်း ကိုယ့်မျဉ်းစသည်တို့ဖြင့် သူသူငါငါ အတ္တလည်း ကဲလာကြတော့ သည်။
ဗျည်းတစ်လုံးရေးရာမှာ ပေတံလိုနေသလိုလည်း ခံစားရပါသည်။ လုံးဝ မဖြစ်သင့်ပါ။

"ည"
ဤမျှဆို စာရှူသူတို့ သဘောပေါက်ပြီဟု ယူဆမိပါသည်။
"စ" လုံး။ အစမှာ စည်းစည်းလုံးလုံး ရှိကြသည်။
"ဆ" လိမ်။ စ လို့ မကြာမီ မုန်းကြိုးလိမ်လို့ လိမ်လိမ်ကောက်ကောက်ဖြစ် လာသည်။
"ဇ" ကွဲ။ လိမ်ပြီး မကြာမီ သူသူ ငါငါ "ဇ" များ ကွဲကြတော့သည်။
ထို့နောက် "ဈ" မျဉ်းဆွဲ။ ကွဲကြ ပြဲကြပြီး သူ့မျဉ်း ကိုယ့်မျဉ်း ဆွဲလာကြသည်။
ဒီနောက် ဘာရှိသေးသနည်း။
"ည" ရောက်သွားပါတော့သည်။
မီးကလည်း ပျက်နေသည် ဆိုပါတော့......?????




"ဋ၊ ဌ၊ ဍ၊ ဎ၊ ဏ" အုပ်စုကတော့ ကျနော့် ဉာဏ်မမီလောက်အောင် ရှုပ်ေ ထွးသော အုပ်စုဖြစ်နေသဖြင့် လက်ရှောင်လိုက်ပါသည်။ အပြင်မှာ ချရေးပါ ဆိုလျှင် ဤအုပ်စုကို မှန်အောင်ပင် မရေးတတ်ပါ။ ကိုယ်မပိုင်သော ဘာသာ ရပ်ကို လူလယ်၊ လူတတ် ဝင်မလုပ်တာက စိတ် မချမ်းမြေ့ဖွယ် ကွန်မင့်များ အန္တရာယ်မှ ကင်းဝေးစေနိုင်ပါသည်။ စိတ်ကူးပေါက်ရင် ဆက်ပါမည်၊ မပေါက်ရင် မဆက်ပါ။ ဤမျှဖြင့်ပင် ဗျည်း သုံးဆယ့်သုံးလုံး ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ကို ပြင်မှရ မည် ဆိုသည်က တောင်ကြီးတစ်တောင် လုံး နေ့ချင်းညချင်း မြေပြင် ညီဖြစ်သွား သလို သိသာလှပြီ ဖြစ်ပါသည်။

တိုးတက်ပွင့်လင်းတဲ့ မွတ်စလင် နိုင်ငံဆိုတာ


မေး။ ။ နောက်ပြီးလတ်တလော လူမျိုးရေး ရောနှောမှုနဲ့ပတ်သတ်တာက မလေးရှားဟာ အစ္စလာမ်ဘာသာရေးဖက်ကို ပိုပိုပြီးယိုင်လာနေတဲ့အချက်ပါ။
ဖြေ။ ။ အဲဒါ အရှေ့အလယ်ပိုင်းရဲ့လွှမ်းမိုးမှု။

မေး။ ။ဒါဆိုရင် တိုးတက်ပွင့်လင်းတဲ့မွတ်စလင် နိုင်ငံဖြစ်လာနိုင်ဦးမလား။
ဖြေ။ ။ဒါကိုမင်းတို့က ယုံကြည်သလား။ ဒါနဲ့တိုးတက်ပွင့်လင်းတဲ့ မွတ်စလင် နိုင်ငံဆိုတာ ဘာကိုပြောတာလဲ။

မေး။ ။ ကမ္ဘာကြီးနဲ့ ဆက်သွယ်တာ၊ အိုင်ဒီယာအသစ်တွေကိုလမ်းဖွင့်ပေးတာ။
ဖြေ။ ။ မင်းဆိုလိုတာက သူတို့ခေါင်းစွပ်တွေကို ချွတ်လာကြမယ်၊ အမျိုးသားနဲ့ အမျိုးသမီး လက်ဆွဲနှုတ်ဆက်၊ စားသောက်ဆိုင်မှာ အတူထိုင်၊ မွတ်စလင် မဟုတ် သူက ဘီယာသောက်၊ မွတ်စလင်က သူနဲ့အတူတူထိုင်ပြီး ကော်ဖီသောက်၊ ဒီလိုလား။

မေး။ ။ ဒီလိုမဟုတ်ပေမဲ့ ဆော်ဒီအာရေးဗျထက် တူရကီနဲ့တော့ ပိုတူလာနိုင် တယ် မဟုတ်လား။ အထိုက်အလျောက် ပွင့်လင်းလွတ်လပ်၊ နိုင်ငံတကာ တန်း ဖိုးတွေကို အသိအမှတ်ပြု၊
ဖြေ။ ။ မဖြစ်နိုင်ပါဘူး။ မလေးရှားဟာ မလေးမွတ်စလင်နိုင်ငံပဲဖြစ်မယ်။ အရင်တုန်းက ဒီလောက်တင်းတင်းကျပ်ကျပ်ကြီး မဟုတ်ဘူး။ အခု အရှေ့ အလယ်ပိုင်းနိုင်ငံတွေရဲ့လွှမ်းမိုးမှုကြောင့်ပိုပြီးတင်းကျပ်လာနေတယ်။ အရင်က ညစာစားပွဲတွေမှာ အသောက်အစားတွေ ဘာတွေနဲ့ဧည့်ခံတယ်။ ငါ မလေးရှား ကို ရောက်တယ်ဆိုရင် တန်ကုက သူ့မိတ်ဆွေတွေကိုပါ ဖိတ်ပြီး ၀ီစကီတို့ ဘရန် ဒီတို့နဲ့ဧည့်ခံတယ်။ အခုဆိုရင် အချိုရည်ထည့်ပြီး ဖန်ခွက်ချင်း တိုက်နေကြတယ်။

အစ္စလမ်အကြမ်းဖက်မှု နောက်ခံ


၁။ ယူနီဗာဆယ်လစ်ဇင်နဲ့ အစစသာလွန်နေတဲ့ ခရစ်ယန်နယ်ချဲ့မှုကြောင့် မွတ်စလင်ဘာသာရေးအဖွဲ့တွေ စုစည်း၊ အားကောင်းလာ။
၂။ အင်္ဂလိပ်တတ် ပြည်ပမွတ်စလင်ပညာရှင်တွေက ပြည်တွင်းမွတ်စလင်ပညာ ရှင်တွေကို အစွန်းရောက်နေပြီလို့ပြော။
၃။ ပြည်တွင်းမွတ်စလင်ပညာရှင်တွေက အင်္ဂလိပ်တတ် ပြည်ပ မွတ်စလင်ပညာ ရှင်တွေကို လူဖြူရဲ့ ကပ္ပလီလို့ခေါ်။
၎။ ကိုရန်ကျမ်းတတ်တွေက ဦးဆောင်တော့ လူငယ်ထုကြီး အုံနဲ့ကျင်းနဲ့ပါလာ။
၅။ သေရတာက လူငယ်တွေ၊ ခေါင်းဆောင်စည်းရုံးသူ ပညာတတ်တွေက အသေ မခံ၊ (အမေရိကန်တွေ ရှာသတ်မှသေ)
၆။ အစတော့ ကိုယ့်ယဉ်ကျေးမှုကို ကာကွယ်ဖို့၊ တဖြည်းဖြည်းနဲ့ သူများ ယဉ်ကျေးမှုကို တိုက်ခိုက်ချေမှုန်းဖို့။
၇။ နောက်ဆုံး ဘာသာရေးအတွက် အသက်ပေးရတာကို ဂုဏ်ယူပြီး အသေခံ အကြမ်းဖက်သမားတွေဖြစ်။
၈။ သူတို့ကို မထောက်ခံတဲ့ ကျန်တဲ့မွတ်စလင်တွေကိုပဲ သူတို့က ရန်သူသတ်မှတ်။

မြန်မာပြည်ရော ဘယ်လိုလဲ။ ၁ ကနေ ၈ အထိ ဘယ်လောက် ကွဲနေမလဲ။
နံပါတ် ၈ က ကြောက်စရာအကောင်းဆုံး၊ ညီညွတ်ရေးကို အန္တရာယ်ပေးတယ်။

သင်ပုန်းကြီးသင်ရင်


မဆလ
မထသ
မယက
မဘသ
ကလေးတွေ သင်ပုန်းကြီးသင်ရင် အသုံးကျတယ်။ စာလုံးပေါင်းရတာ လွယ်တယ်။

နိုင်ငံရေး နဲ့ ဘာသာရေး


အရှင်ဘုရားတစ်ပါးက နိုင်ငံရေးလုပ်တတ်တယ်။
နောက် အရှင်ဘုရားတစ်ပါးက နိုင်ငံရေးမလုပ်တတ်ဘူး။
ဒါနဲ့........
အရှင်ဘုရားတစ်ပါးစကားက နိုင်ငံရေးဖြစ်ပြီး ဘာသာရေးလိုလို..........
နောက် အရှင်ဘုရားတစ်ပါးစကားက ဘာသာရေးဖြစ်ပေမဲ့ နိုင်ငံရေးဖြစ်သွားရော............။