စလုံးဒကာ၊ ဒကာမတွေကလည်း လီကွမ်းယုမြန်မာပြန်ကို တောင်းသဗျ



မြန်မာလိုတစ်လုံးမှ မဖတ်တတ်တဲ့ စလုံးဒကာ၊ ဒကာမတွေကလည်း လီကွမ်းယုမြန်မာပြန်ကို တောင်းသဗျ။
မျက်နှာဖုံးကြည့်ပြီး Cool! လို့က ပြောသေးတယ်။ ဂုဏ်ယူကြတာလေ။ စိတ်ကူးချိုချိုရဲ့ စာအုပ်အပြင်အဆင်ကလည်း အဆင့်မြင့်ပါတယ်၊ စံ ဝင်တယ်ပေါ့။
တချို့က သိမ်းထားဖို့ တဲ့၊ တချို့ကတော့ လုပ်ဖော်ကိုင်ဖက် မြန်မာကို ပေးဖို့တဲ့။
မဖတ်နိုင်ဘဲတောင်းတာဆို တစ်အုပ်ကို ဒေါ်လာတစ်ရာနဲ့မှ ပေးမှာဆိုရင် အခုနေ သူဌေးဖြစ်ပြီ။

ဦးရဲထွဋ် ညွှန်းမယ်ဆို ညွှန်းလောက်ပါတယ်


ဦးရဲထွဋ် ညွှန်းမယ်ဆို ညွှန်းလောက်ပါတယ်။ တေလာက ဦးနေဝင်းအပေါ် အကောင်းမြင်တာတွေရှိတယ်။ စာအုပ်လက်ဆောင်ပေးသွားတဲ့ ပါမောက္ခ ကတော့ "တေလာက အကောင်းမြင်တာများလွန်းတယ်၊ ဖတ်ပြီးရင် အမြင်ပြောပြပါအုံး၊ ဆွေးနွေးကြည့်ရအောင်" မှာထားခဲ့တယ်။
မစ္စတာချိုင်းနား မပြတ်သေးလို့ သေသေချာချာ မကိုင်နိုင်သေးပါဘူး။ ထူထဲ လွန်းတာကြောင့် ဘာသာပြန်ဖို့ထက် ထုတ်နှုတ် ဝေဖန်ဖို့ကောင်းမယ့် စာအုပ်မျိုးဖြစ်နိုင်ပါတယ်။ သေချာတာကတော့ ဦးနေဝင်း ငယ်ဘဝအကြောင်းနဲ့ပတ်သက်လို့ ရေရာတဲ့ အထောက်အထား ဘာမှ မရှိခြင်းပဲ။ တစ်မျိုးစီ ဆော်နေကြတယ်။

တေလာရဲ့ ဂျင်နရယ်နေဝင်း စာအုပ်ထဲက မြန်မာ စကားပ


တလောကထွက်တဲ့ တေလာရဲ့ ဂျင်နရယ်နေဝင်း စာအုပ်ထဲကပါ၊ မြန်မာ စကားပုံတွေကို အင်္ဂလိပ်လို ပြန်ရေးထားတာ။
အဲဒါတွေကို စွတ်ပြီးဘာသာပြန်ရင်တော့ ရယ်စရာဖြစ်ကုန်မှာ သေချာတယ်။

အမေကျော် ဒွေးဒေါ်လွမ်းကို "Those who seek to love the Aunty outside rather than the mother of their own." လို့ ရေးထားပြီး
ဒီယုန်မြင်လို ဒီခြုံထွင်ကို "They create the bush (to catch it) as they see the rabbit." လို့ သူနားလည်သလို ရေးထားတာ တွေ့ရတယ်။

ဖတ်ရင်း ရယ်ချင်လို့ တင်လိုက်တာပါ။ မျဉ်းတားထားတာလေးတွေ ဖတ်ကြည့်ပါ။

အစိတ်သား

တရုတ်ပြည် အိပ်ပျော်နေပါစေ


“တရုတ်ပြည် အိပ်ပျော်နေပါစေ။ သူနိုးလာရင် တစ်ကမ္ဘာလုံး လှုပ်ခတ်သွားလိမ့်မယ်”
(နပိုလီယံ)

အေဒီ ၂၁ ရာစု


လူ လွှတ်တော်၌ တင်သွင်း ဆွေးနွေးရသည့် အရေးတကြီး ကိစ္စနှစ်ရပ်
၁။ စစ်အကြောင်း နားလည်ရမည် (သို့) ကာကွယ်ရေးအကြောင်း နားလည်ရမည်။
၂။ ချွေးမ၊ သားမက် ဖယ်ရေး၊ မဖယ်ရေး။
********************************************************************************
ဘီစီ ၆ ရာစု

လွှတ်တော် ဥက္ကဋ္ဌ ရှင်ဒေဝဒတ်။
လွှတ်တော်အမတ်။ လင်းနို့သား ငါးရာဖြစ်ဖူးသော ရဟန်း ၅၀၀။

ဗုဒ္ဓဇင်လွှတ်တော်၌ တင်သွင်း ဆွေးနွေးမည့် အရေးတကြီး ကိစ္စနှစ်ရပ်
၁။ ဗုဒ္ဓဇင်ကို နှံ့စပ်ရမည် (သို့) ပိဋကတ်တော်ကို ကျွမ်းကျင်လိမ္မာရမည်။
၂။ အဖိတ်နေ့ညနေမှာ ခေါင်းရိတ်ရမည် (သို့) ဥပုသ်နေ့ မနက်မှာ ခေါင်းရိတ်ရမည်။

ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းနှင့်အထက်မှာရှိမှ ဆုံးဖြတ်ချက် အတည်ပြုနိုင် သည်။

မှတ်ချက်။ ဘုရားလည်း "ဒုအင်္ဂုလံ၊ ဒွေမာသံ" ဖြင့် ရောမချရ။ ဆန္ဒရှိလျှင် ဘုရားလည်း ထောက်ခံ (သို့) ကန့်ကွက် တစ်မဲထည့်ခွင့်ရှိသည်။ မဲခွဲဆုံးဖြတ်ခြင်းမပြီးမှီ အရှင်သာရိပုတ္တရာနှင့် အရှင်မဟာ မောဂ္ဂလာန်တို့ကို ရဟန်းငယ် ၅၀၀ ထံ စည်းရုံးရေး မလွှတ်ရ။

ပရမတ္ထနီးပါးမှန်တဲ့ အမှန်တရား


ကုလသမဂ္ဂမှာ မဲခွဲဆုံးဖြတ်တာပဲ ဖြစ်ဖြစ်
အိုလံပစ်မြို့တော်အတွက် မဲခွဲဆုံးဖြတ်တာပဲ ဖြစ်ဖြစ်
(အပြင်မှာ ဘယ်လိုပဲပြောပြော)
နောက်ဆုံးအဖြေက စီဗီလိုက်ဇေးရှင်းအတိုင်းပဲ ရှိတယ်။
ဒါက ပရမတ္ထနီးပါးမှန်တဲ့ အမှန်တရား။
တဖြည်းဖြည်း ကိုယ်အားကောင်းအောင် လုပ်ယူဖို့ပဲ ရှိတယ်။

Ref: The Clash of Civilizations

အရမ်းရီရလို့



ကမ်းလက် shared Kathy Nyunt's video.

သူငယ်ချင်းတယောက်ဆီ ကရတာပါ အရမ်းရီရလို့ မျဝေလိုက်တာပါ မူလဖန်တီးရှင်ရေ ကျေးဇူးပါနော်
Posted by Kathy Nyunt on Wednesday, May 27, 2015

ဓမ္မဂင်္ဂါစာ ပေါက်နေတာကြာပါပြီ


သက္ကရာဇ် ၂၀၀၀ ကျော်ကျော်၊ သီဟနာဒက မဟာသန္တိသုခမှာ၊ သူက ထေရဝါဒတက္ကသိုလ်မှာပဲ ရှိသေးသည်။ မဟာသန္တိသုခကို သူ အ လည်ရောက်ရောက်လာတတ်သလို ထိုနှစ်မှာ ယူနီဆက်ကလည်း မဟာ သန္တိသုခ သင်တန်းသား ရဟန်း၊ သီလရှင်၊ အခြား ကျောင်း သူကျောင်း သားလေးတွေအတွက် ကျန်းမာရေး အလုပ်ရုံပွဲ ကျင်းပပေးသည်။ ထိုပွဲထဲကို ခရီးကြုံ ဓမ္မဂင်္ဂါလည်းပါသွားသည်။

ကိုယ်တိုင် အခန်းရပ် ပြဇာတ်တွေ ရေးကြ၊ ကိုယ်တိုင် သရုပ်ဆောင်ကြ၊ ဇာတ်ဝင်ခန်းတွေ စာစီကြ၊ ဇာတ်ဝင်ခန်း သီချင်းတွေရေးကြ၊ ပဟေဠိတွေ ဖွက်ကြ၊ ဖြေကြ၊ ဒီဘိတ်တွေ လုပ်ကြ၊ ငြင်းကြ ခုံကြ။ ပျော်စရာကောင်းသလို သင်္ခန်းစာယူစရာလည်း ကောင်သည်။

တစ်နေ့မှာတော့ အိမ်သာအရေးကြီးပုံကို အခန်းရပ်ပြဇာတ်ရေးပြီး ကိုယ်တိုင် တင်ပြကြရသည်။ ပြဇာတ်ရေးစရာ ရှိလျင်တော့ သူနဲ့တိုင်ပင်ပြီး ကိုယ်တိုင် ပဲ ရေးမိသည်။ ယင်းပြဇာတ် ရှေ့ထွက် စကားပြောခန်းကို ဓမ္မဂင်္ဂါက တာဝန် ယူရေးသည်။ ကျေးလက်အိမ်သာ သင်္ခန်းစာထဲကို ဘယ်လို ညှပ်ထည့်လိုက် သည် မသိ၊ ဒါဝင်တွေရော အီဗိုလူးရှင်းတွေပါ ပါကုန်သည်။ ယူနီဆက်ဆရာတွေလည်း မျက်လုံပြူး၊ လက်ခုပ်တီး၊ တော်တော်ကြီး မြိုင်သွား သည်။
အထူးသဖြင့် စာဖတ်နာ၊ စာလည်းရွေးလွန်းသော ယခု နယူး ဇီလန်ရောက် ဦးသီရိဓမ္မက "မောဒန်ကြီး၊ နင့်စာလေး ငါ့ကို မိတ္တူဆွဲပေးခဲ့စမ်း ပါ၊ ကြိုက်လွန်းလို့" ဟု ဆိုသည်။
ထိုမှနောက် သန္တိသုခကျောင်းသားမဟုတ်သော်လည်း ဦးသီရိသာမက အားလုံးက သူ့ကို့ မော်ဒန်လို့ သိသွားကြသည်။ (အသိအမှတ် ပြုလိုက်ကြရသည်)

ဓမ္မဂင်္ဂါသည် ကျေးလက်အိမ်သာနှင့် ဒါဝင်၊ အီဗိုလူးရှင်းကိုပင် မရ ရအောင် ဆွဲစေ့ ကွန့်စပ်နိုင်သူပင်။ ယနေ့ ဓမ္မဂင်္ဂါရောက်နေသည့်နေရာကို ကျွန်ုပ်တော့ အံ့ဩတကြီး မဖြစ်မိ။

ထိုစဉ်က ကျွန်ုပ်တို့ ပြိုင်တူဆိုခဲ့ရသည့် "ဒီနေ့" ဆိုသည့် သီချင်းလေးကိုလည်း အမှတ်ရသည်။

မင်းတို့ကြီးလာရင် ဘယ်လိုမိန်းမမျိုးကို ယူမှာလဲ


မန်ချက်စတာ ရှုံးတဲ့နေ့၊ နေအလွန်ပူတဲ့နေ့တွေမှာ ကျနော်တို့ဆရာသမား အိပ် မပျော်တတ်ဘူး။ အဲသလိုနေ့တွေမှာ လူပျိုကြီးဆရာက ကျောင်းသားတွေကို ဟိုမေး ဒီမေး မေးတတ်တယ်။
"မင်းတို့ကြီးလာရင် ဘယ်လိုမိန်းမမျိုးကို ယူမှာလဲ"
အများစုက လျောက်ပြောကြတာ၊ အရပ်ရှည်ရမယ်၊ အသားဖြူရမယ်၊ ပညာ တတ်ရမယ်၊ စုံလို့ စုံလို့ပဲ။
အဲ......တစ်ယောက်က လွဲရင်ပေါ့။
"ကျနော်ကြိုက်တ်တဲ့မိန်းမ ကျနော်ယူမှာ"
"ဟေ"
************************************************************************
စကားတစ်ခွန်းထဲနဲ့ ကျနော်ဆရာ့ဖြစ်သွားတဲ့ သူငယ်ချင်း
ရွာပြန်ရောက်လို့ သူဘယ်မှာရှိနေသလဲလို့မေးတော့ အမတွေက.....
"သူ....ဘုန်းကြီးဝတ်သွားပြီ" တဲ့။
ကဲ ကြည့်၊ ဒီကောင်က လုပ်ချသွားပြန်ပြီ။ သူ့စကားနဲ့သူကတော့ ဟုတ်လို့။
"ကျနော်ကြိုက်တ်တဲ့မိန်းမ ကျနော်ယူမှာ" တဲ့လေ။

(စောနေလတ်၊ လူလားမမြောက်သေးသော အတွေးများ)

လက်ရှိအစိုးရနဲ့အဖွဲ့ချုပ်


အခုဆုံးဖြတ်ချက်က မနှစ်မြို့စရာပေမဲ့ သွေးပျက်စရာတော့ မဟုတ်ပါဘူး။
အချိန်အကြာကြီး အုပ်ချုပ်လာတဲ့ အစိုးရတစ်ဖွဲ့ (ဘယ်နိုင်ငံရဲ့ အာဏာရှင် အစိုးရမဆို) က ရာဂဏန်းသာ အရေအတွက်ရှိတဲ့ လွှတ်တော်ကိုတော့ အနိုင်ကိုင်ထားမှာ အသေအချာပါပဲ။ အခုဟာက လွှတ်တော်ကိစ္စပါ။

ရွေးကောက်ပွဲမှာတော့ ရာဂဏန်းလောက် ထိန်းချုပ်နိုင်ရုံနဲ့ မရတော့ပါ ဘူး။ နိုင်ငံအလိုက်ဖြစ်သွားပါပြီ၊ သန်း ၆၀ ဖြစ်သွားပါပြီ။ ဒါတောင် အစိုးရက တတ်နိုင်သလောက် ထောက်ခံမဲအများဆုံးရဖို့ ကြိုးစားမှာပါ။ သူ့ဆီမှာ လုပ်ပိုင် ခွင့်၊ အာဏာ၊ ပါဝါ အပြည့်ရှိနေတော့ အားသာချက်ရှိနေပါတယ်။ ဘာပဲဖြစ်ဖြစ် နိုင်ငံတော်တစ်ခုလုံးကို ကိုင်တွယ်ဖို့က လွှတ်တော်ကို ကိုင်တွယ် ဖို့ထက်တော့ အဆများစွာ ပိုခက်သွားပါပြီ။

မသေချာလှပေမဲ့ စဉ်းစားစရာက ဒီပွဲဟာ (လက်ရှိအစိုးရနဲ့အဖွဲ့ချုပ်အတွက်) သွေးတိုးစမ်းတဲ့ပွဲများ ဖြစ်နေမလားဆိုတာပါ။
ဒေါ်စုဖြေသွားတဲ့ အဖြေကိုကြည့်တော့ ခြေစမ်းပွဲတစ်ပွဲ ရှုံးသလောက်သာ သဘောထားဟန်ရှိကြောင်း တွေ့ရပါတယ်။

ကမ်းလက် shared Martin Swe's video.
မထိရောက်တဲ့ ပြင်ဆင်မှုတွေကိုတောင် မထောက်ခံကြတာဟာ ပြုပြင်ပြောင်းလဲရေးကို မလိုလားဘူးဆိုတာ ပြသလိုက်တာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်အပြီး သတင်းထောက်တွေကို ပြောပါတယ်။
RFA သတင်းထောက် မဝေယံမိုးမြင့်က ကောက်နှုတ်တင်ပြထားပါတယ်။
ရိုက်ကူး - မျိုးသန့်ခိုင်၊ ဝင်းနောင်တိုး
.
Credit : RFA
.
ပြန်လည်မျှဝေပေးပါတယ်။
လေးစားစွာဖြင့်
Martin Swe
25-06-2015
 


မထိရောက်တဲ့ ပြင်ဆင်မှုတွေကိုတောင် မထောက်ခံကြတာဟာ ပြုပြင်ပြောင်းလဲရေးကို မလိုလားဘူးဆိုတာ ပြသလိုက်တာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်အပြီး သတင်းထောက်တွေကို ပြောပါတယ်။RFA သတင်းထောက် မဝေယံမိုးမြင့်က ကောက်နှုတ်တင်ပြထားပါတယ်။ရိုက်ကူး - မျိုးသန့်ခိုင်၊ ဝင်းနောင်တိုး.Credit : RFA.ပြန်လည်မျှဝေပေးပါတယ်။လေးစားစွာဖြင့်Martin Swe25-06-2015
Posted by Martin Swe on Thursday, June 25, 2015

လူလားမမြောက်သေးသော အတွေးများ


ရွှေမြန်မာမဂ္ဂဇင်း အတွေးအမြင်စာစုများ စုစည်းမှု


၂၀၁၅ ရွေးကောက်ပွဲ မဲပေးခွင့်က


၂၀၁၅ ရွေးကောက်ပွဲ မဲပေးခွင့်က
မြန်မာနဲ့ထိုင်း ဗိုလ်လုပွဲလက်မှတ် ဝယ်ရသလို
ဖြစ်နေမလား စိုးရိမ်စရာ။

ပန်တော်ကျ ဗိုလ်ခင်ညွန့်ကလည်း
သနားရမှာလား၊ ဖနောင့်နဲ့ ပိတ်ကန်ရမှာလား
စဉ်းစားစရာ။

ဖတ်ခဲ့ရတဲ့ စာတစ်ပုဒ်......


"Later period" ကို လေထာ ပရိယတ် လို့ ( နိုင်ငံတော်ဝန်ကြီးဌာနတစ်ခုရဲ့ စီမံခန့်ခွဲမှုအောက်ရှိ တက္ကသိုလ်ကြီးတစ်ခုမှ) ဆရာတစ်ယောက်က အသံထွက် လို့ မြန်မာတွေ၊ နိုင်ငံခြားကျောင်းသားတွေအတွက် ပြုံးစရာ ဖြစ်ကြရဆိုပဲ။

ဓမ္မ္မဂင်္ဂါ၊ ဖိုးဇော်၊ ကျော်စွာဝင်း


စာရေးဆရာများ၊ ဖေ့စ်ဘုတ် ဖရင့်များ၊ စာဖတ်သူများ၊
တနည်းမဟုတ် တနည်း အကူအညီပေးခဲ့ကြသူများ
အားလုံးကို ကျေးဇူးတင်စွာ နှုတ်ဆက်ပါသည်။

အသံထွက် ရောနှောမှု


လောကဓမ္မ ကို မြန်မာလို လောကဓံ ဟု သိထားကြသည်။
အမှန်တော့ လောကဓမ္မက လောကဖြစ်စဉ် သဘောတရား သာဖြစ်ပါသည်။
လောကဓံ ဟု ခေါ်ဆိုနားလည်ရာမှ တဆင့် လောကဒဏ် နှင့် ရောထွေးမှုလည်း ဖြစ်သွားတော့သည်။
ထို့ကြောင့် အဆိုးလောကဓံကြုံရတိုင်း ဒါက လောကဓံပဲဟု သတ်မှတ်လာကြသည်။ မယုံ မရှိပါနဲ့၊ ထီပေါက်လို့ ပျော်နေသူကို ဒါက လောကဓံလို့ မပြောကြပါ။

အမှန်မူ လောကဓမ္မခေါ်သော လောကဓံသည် အကောင်းရော အဆိုးပါ ပါဝင်ပါသည်။
ဆန့်ကျင်ဖက် လောကဓံများစွာ အခု ရန်ကုန်ပြန်တဲ့အခေါက်မှာ ကြုံတွေ့ရသည်။ မီးပျက်သည်၊ ဥပဒေထဲမှ ခပ်တည်တည် ဥပဒေမရှိသလို တောင်းသည်။ ဒါသည် လောကဓံ။
မိတ်ဆွေကောင်းတစ်ယောက် အရှင်လတ်လတ်ရလိုက်ခြင်းသည်လည်း လောကဓံသာ ဖြစ်ပါသည်။

ဘော လုံး ပွဲ လက်မှတ်


ကမ်းလက် shared Tin Maung Win's post.
သည်နေ့ညနေ စောင်း မှာ The Straight Times က ဖုံး ခေါ် လာ တယ်
ဘော လုံး ပွဲ လက်မှတ် ကိစ္စ မေး တာ
ဒို့ဗမာ ဆိုင် ကနေ semi final ပွဲ ကို ၂၅$ နဲ့ ၅ စောင် ဝယ် ရ တယ် လို့ ဖြေ လိုက် တယ် ၊ သူ တို့သိတာ က Final မှာ ရောင်းတာ ဘဲ သိ တာ....ဆက် ဖြေ လိုက် တယ်. လက် မှတ် မှာ တန် ဘိုး က ၁၃ ကျပ် ရေး ထား တာ လို့. နံ မည် ရယ် IC အလုပ် အ ကိုင် ပါ ပြော လိုက် တယ်. သတင်းထဲ ထည့်ျရးရင် ရ တယ် လို့
အမှန် လက် မှတ် က ရ ပြီး သား၊ နေ ရာ မ ကောင်း လို့ (section420) လိုချင် တဲ့ မိတ်ဆွေ ကို ပေး ပြီး ထပ် ဝယ်တာ
လက်မှတ် သွားယူသူ ကို သူ တို့ ပြော တာ က ၅ $ အမြတ် က ဘော အသင်း အတွက်ပါ တဲ့. လက်မှတ် ရတော့ကြည့်လိုက် တော့ တန် ဘိုး က ၁၃ ကျပ်. သွားယူသူ ကို ဆူ ပြစ် လိုက် တယ် နင်တယ်ပြီး အ ပါ လား လို့.. ပြောလိုက်သေး တယ် လက်မှတ်ရတာ သူ တို့ က်ု ဘဲ ကျေး ဇူး တင် ရမဲ့ အပေါက်....အဲ့ဒီ ထဲ က တင်း နေ တာ နောက် ပိုင်: FB မှာ ဖတ် ရတော့ ပို ချဉ် လာ တယ် E အရေးကောင်းလို့ဘဲ လက် မှတ်တွေရတယ် ဆိုတာမျိုး ကို့လူမျိုး တွေ က ဒုက္ခ ခံပြီး လက်မှတ်မ ဝယ် ချင် တာ မျိုး
စီးပွားရေး လုပ် တာ ကို နားလည် တယ် အမှန်အကန် ပြော ပြီး လုပ်..
SEA game or police က တရား စွဲ ရင် ကို့စားစရိတ် က်ုစား ပြီး သက် သေ လိုက် ဘို့ အ ဆင် သင့် ဘဲ

 

တကယ်က ကိုယ်လုပ်သည့်အလုပ်ကို ပိုင်နိင်ဖို့၊ ပရော်ဖက်ရှင်နယ်အဆင့်အထိ ရှိနေဖို့သာ


အနာဂါမ် ဆရာသက်ကြီး တရားပြလာခဲ့ဖူးသည်။
ထိုမှနောက် လူပုဂ္ဂိုလ်မျာ ဆက်တိုက်လိုလို တရားပြလာခဲ့ကြသည်။
ကမ္ဘာအထိတရားခြေဆန့်သွားသူက ဆရာကြီး ဦးဂိုအင်ကာ
မျက်မှောက်ခေတ် ဒေါက်တာမင်းတင်မွန်ကအစ များစွာ တရားပြသူပြ၊ အဘိဓမ္မာ ပို့ချသူ ပို့ချ။

မနေ့က သူများတက်သဖြင့် ဖတ်လိုက်ရသည့် စတေးတပ်တစ်ခုမှာ လူအလုပ်ကို ဘုန်းကြီးလုပ်လို့ရပေမဲ့ ဘုန်းကြီးအလုပ် လူလုပ်လို့ မရဟန် ရေးထားတာကို ဖတ်လိုက်ရသည်။
တကယ်က ခေတ်အဆက်ဆက်မှာ ရောထွေးယှက်တင်ဖြစ်မှု ရှိပါသည်။
တကယ်က ကိုယ်လုပ်သည့်အလုပ်ကို ပိုင်နိင်ဖို့၊ ပရော်ဖက်ရှင်နယ်အဆင့်အထိ ရှိနေဖို့သာ အရေးကြီးသည်။

ဒါက မြန်မာ့ ယဉ်ကျေးမှု အောက်မှာပဲ ရှိသေးသည်။

ကြက်သား ကာလသားချက်နဲ့ ပုံမပျက် ကိတ်မုန့် တစ်ပွဲ


ရွာကိုမရောက်ဖြစ်ခဲ့ပေမဲ့ တစ်အိမ်လုံးစာ ကြက်သားကာလသားဟင်း ချက်ထားဖို့ မှာခဲ့သည်။
ရွာမရောက်ဘဲ ရန်ကုန်ပြန်ရောက်လာခဲ့သည်။

နောက်နေ့မနက် အသိတစ်ယောက်က ဘာစားချင်သလဲ မေးလို့ အလွမ်းပြေ ဒါပဲစားမယ် ဖြေခဲ့မိ၏။ သူမက ကိုယ်တိုင်မလာ၊ ကလေးတွေကို အပို့ခိုင်းလိုက်သည်။ ဘာဖြစ်ဖြစ် ထိုဟင်း ရောက်လာသည်ပေါ့။ စားကောင်းပါသည်။ ထိုဟင်းကိုစားပြီး ဘာမှ မစားဖြစ်တော့။

တစ်ယောက်ကလည်း ကိတ်မုန့် စီစဉ်ထားသည်၊ လက်ရှိ ကျန်းမာရေးနဲ့အညီ ဖြစ်ပါလိမ့်မည်။ သို့သော် မစားဖြစ်။
မိတ်ဆွေတွေ ရောက်လာတိုင်း ထိုကိတ်မုန့်ကို ချကျွေးမိသည်။ အများအားဖြင့် မစားကြ။လူမမာစာဟု ထင်သောကြောင့်လား၊ သူတို့ကိုယ်တိုင် မကြိုက်သောကြောင့်လားတော့ မသိပါ။

မနေ့က ပထမဆုံး ဆရာ သစ္စ္စာနီနဲ့ ကိုကျော်သာလာသည်၊ ထို့နောက် ဆရာ မောင်စိမ်းနီလာသည်။ ပြသနာက မောင်စိမ်းနီနှင့် ရိုက်လိုက်သောပုံမှာ ထိုကိတ်မုန့်ပွဲပါသွားသည်။

ထိုစဉ် မိန်းကလေးတစ်ယောက်က တို့ကို ချကျွေးတဲ့ ကိတ်မုန့်က ပန်းကန်းကအစ အတူတူပဲ ပြောရင်း ဖုန်းဆက်သည့်အခါ စဉ်းစားရင်း ရယ်မောလိုက်ရသည့်အဖြစ်က ဗိုက်ကြောတွေ နာသည်အထိပင်။ ဒီနေ့ လာချင်လို့ လိပ်စာတောင်းသူများ ထိုကိတ်မုန့်ကို အရင် သတိရစေချင်ပါသည်။ ထိုကိတ်မုန့် မကုန်သေးပါ။ ရေခဲသေတ္တာထဲမှာ ရှိသေးသည်။

ဆရာကြီး ဦးတင်ဦး (ကျူရှင်)


၁၉ ရက်နေ့က ထူးထူးခြားခြား တက်ရောက်လာသူများတွင် ဆရာကြီး ဦးတင်ဦး ကျူရှင်လည်းပါဝင်သည်။ ဆရာကြီးကတော့ အရွယ်လည်းရှိ၊ မျက်စိလည်းကောင်း အခုလို စာအုပ်တွေကို ဖတ်ရုံမက ဘာသာပြန်ဖို့အထိပါ စိတ်ဝင်စားလို့ ၀မ်သာကြောင်း၊ သူ့အနေနဲ့ မျက်စိကို တော်တော် ညှာနေရကြောင်း ပြောသွားသည်။ စကား ဒီထက်ကြာကြာ ပြောလိုသေးသော်လည်း နှစ်ဖက်စလုံးက ရှုပ်နေသဖြင့် ခဏသာပြောခွင့်ရခဲ့သည်။ သို့သော် ထိုက်သင့်သလောက် ပြည့်စုံသည်။ လေးစားရသည့် ဘာသာပြန် ကျွမ်းကျင်လှသော ဆရာကြီးတွေထဲမှ တစ်ယောက် လို့တော့ အနည်းဆုံး ပြောနိုင်ပါသည်။
ကိုယ်တိုင်ကလည်း ဆရာကြီးနှင့် တွေ့လိုက်ရသဖြင့် အလွန်ဝမ်းသာမိပါသည်။


စုဋီကာရှိပြီးဖြစ်သူများအနေနဲ့ ဆရာကြီး ဦးတင်ဦး ကျူရှင်၏ ဆောင်းပါးကို သေသေချာချာဖတ်မိကြဖို့ တိုက်တွန်းချင်ပါသည်။ အတိတ်၊ ပစ္စ္စုပ္ပန်မှတဆင့် အနာဂတ်ကို မျှော်ခေါ်ရေးထားသဖြင့် သုံးသပ်စရာတွေ များစွာပါဝင်ပါသည်။







ပြောမယ်ဆိုလည်း ပြောစရာပဲ


ဟန်တင်တင် ဒုတွဲထွက်လာတော့ ပတွဲပါ အော်ဒါလိုက်လာတယ်။
ရဟန်းနဲ့နိုင်ငံရေးက ပြောစရာ ရှိပေမဲ့ ရဟန်းနဲ့ နိုင်ငံရေးစာပေကတော့ မကင်းပါဘူး။ ရာဇောဝါဒသုတ်က နိင်ငံရေးပုံစံဖြစ်ပြီး အဂ်ဂညသုတ်က စီဗီလိုက်ဇေးရှင်းအကြောင်း ဟောထားတာပါ။
စပ်မိလို့ မနှစ်က ထွက်တဲ့ ကစ်ဆင်းဂျားရဲ့ world order နဲ့ ဖူကူယားမားရဲ့ political Order and Political Decay မြန်မာပြန် ရှိနေပြီလားဆိုတော့ မရှိသေး၊ တချို့က ကြားကို မကြားဖူးသေးတာ။
နောက်ပြီး ဟန်တင်တန်လို စာမျက်နှာ ၈၀၀ ၀န်းကျင်ကို ၀ယ်မ၀ယ်မသိဘဲ ရိုက်ထုတ်ဖို့က အရဲစွန့်စရာတွေ အများကြီးပဲ။ ဘာကိုမှ ဂရုမစိုက်မှ ဒါမျိုးတွေ စာအုပ်ဖြစ်လာမှာထင်တယ်။ ငွေအကြောင်း စဉ်းစားရင် သို့ မြတ်ဖို့၊ မရှုံးဖို့ဆိုရင် ဒါမျိုးတွေ စဉ်းစားစရာကို မလိုတော့ဘူး။

ဒီက စောင့်နေသူ


တစ်

လေယာဉ်ပေါ်မှ အဆင်း ခပ်ဝေးဝေးမှ လက်ပြနေသည့်ရဟန်းတစ်ပါးကိုတွေ့နေရသည်။ မည်သူမှန်း အတိအကျ မသိရသေး။ သို့သော် လက်ပြခြင်း၊ ပြုံးပြခြင်း၊ ဓာတ်ပုံရိုက်ခြင်း၊ ပို့စ်တင်ခြင်း လေးမျိုးစလုံး တပြိုင်နက်လိုလို လုပ်နေနိုင်သဖြင့် ဓမဂင်္ဂါသာဖြစ်ရမည်ဆိုပြီး ပြန်လည်လက်ပြလိုက်၏။ မှားနိုင်ခြေ နည်းသည်။



နှစ်

ပါဠိကောလိပ်ရောက်ပြီး ကိုယ်လက်သန့်စင်ရန် ရေချိုးခန်းထဲ ၀င်လိုက်သည်။
ထိုစဉ် အမြင့် ငါးပေ ခြောက်လက်မအထက်မှာရှိသည့် ပိုးမျှင်လေးတစ်ခုက နဖူးကို လာနှုတ်ဆက်သည်။ တကယ်တော့ ရေချိုးခန်းက သန့်ရှင်းနေပါသည်။

သုံး

ထို့နောက် ကိုယ်တိုင်က စောင့်နေသူ ဖြစ်ခဲ့ရသည်။
ဘိက်ခု ဥာဏိန်
ဘစံ
နှစ်းပါးစလုံး နောက်ကျသည်။ နှစ်ပါးစလုံးကလည်း ကားကြပ်နေလို့ဟု ပြောကြသည်။

"အတော် အဆင်ပြေပါတယ်။ ရန်ကုန်မှာက ဘာကြောင့်ပဲ နောက်ကျနောက်ကျ၊ ကားကြပ်နေလို့ဆိုရင် အိုကေသွားတာပဲ" ဓမဂင်္ဂါက ဆိုသည်။

သူစကားကိုတော့ ဟိုနှစ်ပါးကို ပြန်မပြောဖြစ်ခဲ့ပါ။

ဆက်ရန်
(ဆက်ရန်ဆိုသော်လည်း ဆက်ဖို့က မသေချာလှပါ)

Ready!


*****

ကျွန်ုပ်သိခဲ့သည့် မော်ဒန်က ယနေ့ ဓမ္မဂင်္ဂါ ဖြစ်နေပါပြ


တစ်
၁၉၉၄ ၁၉၉၅ ၀န်းကျင်က ဖြစ်မည်ထင်ပါသည်။ ထိုကာလတွေတုန်းက ကျွန်ုပ်တို့ ရဟန်းငယ် အုပ်စုလေးထဲမှာ တာရာမင်းဝေနှင့် လေးဖြူတို့ကလည်း သင်ခန်းစာများလို ထူထူထဲထဲ လွမ်းမိုးမှု ရှိခဲ့သည်။ တစ်ညနေမှာတော့ (ညနေဟုထင်သည်) စိတ်ထဲမှာပဲ ညည်းလိုက်မိသည်ထင်သည့် သီချင်းတစ်ပုဒ် ပါးစပ်းထဲမှ ထွက်ကျသွားခဲ့သည်။

"ဘ၀အသစ်တစ်ခု ရှိနေတယ်. လျှို့ဝှက်ချက်တို့ ဆန်းကြယ်တယ်
အတိအကျ မသိနိုင်လည်း ရည်ရွယ်ရာသို့ ရောက်နိုင်တယ်"

ထို့နောက် ရှက်နိုးစွာ ဘေးဘီလှည့်ကြည့်
မည်သူမှတော့ မရှိ။ တော်သေးသည်။ ဘယ်သူမှ မကြားလိုက်မိဘူး ထင်သော်လည်း အနည်းဆုံး နှစ်ယောက်ကတော့ ကြားသွားခဲ့သည်။
သူတို့က မော်ဒန်နှင့် သကျ။

နှစ်
အမြဲလိုလို ဘုရားရှိခိုးနောက်ကျသူအတွက် ထိုနေ့ကလည်း စောမရောက်ခဲ့ပါ။ နောက်ကျနေသဖြင့် ခပ်သုတ်သုတ် ခန်းမထဲအ၀င် ရှေ့တည့်တည့်မှာထိုင်ပြီး ဒေသနာကြားနေသည့် ရဟန်းနှစ်ပါးကို တွေ့ရသဖြင့် အံ့သြတကြီး လှည့်ကြည့် ရပ်ကြည့်ခဲ့ရသေးသည်။
သူတို့ ဒေသနာကြားနေသည့် ဘာသာစကားက အင်္ဂလိပ်လို။
သူတို့နှစ်ပါးကလည်း သကျနှင့် မော်ဒန်

သုံး
ထို့နောက် သူနဲ့ မဟာသန္တိသုခမှာ
အိန်ဒိယမှာ
စင်္ကာပူမှာ
ယနေ့ သူ့ပါဠိကောလိပ်မှာ
ကျွန်ုပ်သိခဲ့သည့် မော်ဒန်က ယနေ့ ဓမ္မဂင်္ဂါ ဖြစ်နေပါပြီ။




သီဟနာဒ

အရပ်မတူလည်း ပေါင်းလို့ရတယ်


ဆီးယူ တူမောရိုး အင် မြန်မာ ဂိုင်းစ်။



ငွေတံဆိပ် ဆုရ ယူ ၂၃ နဲ့ပတ်သက်လို့ ဒီလို မြင်ပါတယ်


၁။ ဆီမီးတက်လာတဲ့ လေးသင်းမှာ လူကောင် အသေးဆုံး၊ ( နိုင်ငံ့ စီးပွားရေး က အဓိကအကြောင်း)

၂။ လူကောင်သေးပေမဲ့ စိတ်ဓာတ် အမာဆုံး၊ (လူမျိုးရေးစိတ်က အဓိက အကြောင်း)

၃။ ယူ ၂၃ ကို ဝန်းရံထားတဲ့ ပြည်တွင်းပြည်အားပေးမှုက ဘယ်နိုင်ငံနဲ့မဆို ယှဉ်နိုင်တယ် (လူထု၊ စစ်တပ်၊ ခရိုနီ မကွဲတော့ဘူး၊ အားလုံးတစ်သားထဲ။ ဒီအတိုင်း ဖြစ်နေရမယ်)

၎။ ရှက်စရာအကောင်းဆုံးက လက်မှတ်ဦးအောင်ဝယ်၊ မှောင်ခိုဈေးနဲ့ ပြန်ရောင်းတဲ့ လူတစ်စု (တကယ်မှန်ရင် ကောက်ကျစ်၊ ယုတ်မာလွန်းတယ်၊ မြန်မာ လူလတ်တန်စား အများဆုံးရှိတဲ့ စင်္ကာပူရောက် မြန်မာတွေက ဒါကို စံပြ တော်လှန်ပြမှရမယ်။ ပြီးပြီးရော မထားသင့်ဘူး၊ လက်ဆုပ်လက်ကိုင် မိရင် ရဲလက် အပ်သင့်တယ်။ အဲဒီစိတ်ဓာတ်က လူမှုရေး ကင်ဆာပဲ)

၅။ ဦးသိန်းစိန် တီဗွီကနေ အားပေးစကားပြောတာမျိုးက အပြုသဘောဆောင်တယ်။ (ဒါပေမဲ့ မျက်နှာ၊ ကိုယ်အမူအယာ၊ လေသံက မိုနိုတုန်းဖြစ်နေပြီး အသက်မဝင်ဘူး။ ထိုင်ပြောနေတော့ အားမပါဘူး။ အားပေးစကားပြောတာနဲ့ မဟာဗျူဟာရှင်းပြတာက လေသံ၊ မျက်နှာထား တူနေလို့ကို မရဘူး။ အသက် ကြီးပြီဆိုပေမဲ့ ရသလောက် ပြင်ယူသင့်တယ်)

မှတ်ချက်။ ဒီနေ့ သတင်းစာကို ကောက်မကိုင်တာ၊ ရှင်းတယ်။

ညီလေးတို့ရေ


ညီလေးတို့ရေ
ရင်ဘတ်နဲ့ကန်တဲ့ ငါတို့လည်း
ခြေကုန်လက်ပန်း ကျသကွဲ့
လူတွေက သွေးနဲ့သားနဲ့ကိုး။

ကွင်းထဲက ပရိသတ်ရေ
လက်ခုပ်မတီးရလို့
ငါတို့လည်း ရင်နာသကွဲ့ "မြန်မာ မြန်မာ"
လူတွေက သွေးနဲ့သားနဲ့ကိုး။

လီကွမ်းယုကို စိန်ခေါ်ဖူးရဲ့
၁၀ နှစ် အချိန်ပေးပါ
"မင်္ဂလာပါ" ချတ်တင်းရုန်းမ်က နှုတ်ဆက်ခွင့်ပြုပါ
ခင်ဗျား မွေးနေ့မှာ အိုင်ပက် လက်ဆောင်ပေးခွင့်ပြုပါ။

ဟုတ်ကဲ့
အဲဒီအချိန်မှာ ကျနော်တို့
ရာနှုန်းပြည့် နိုးထနေစေရမယ်
လူကြီးမင်း ခန့်မှန်းချက်တွေ ရာနှုန်းပြည့် လွဲနေစေရမယ်။


ဇင်ဝေသော်

နှလုံးသားနဲ့ ကန်ရတဲ့အခါ


နှလုံးသားနဲ့ ကန်ရတဲ့အခါ
ဗိုက်ရွှဲရွှဲတွေက သရော်မြဲ။
ဒီပလိုမက်တစ် ပြောတဲ့အခါ
အူတူတူ စတေးတပ် သရော်မြဲ။

ကိုယ့်နိုင်ငံကို ကိုယ်တကယ် ချစ်ရင် ဒါတွေ ပြင်ရမယ်။
လေချို မသွေးကြေး၊ ဒီမှာ ပြောမယ် (မင်း သဘောမတူရင် ငြင်းလေ၊ မဆဲနဲ့)
၁။ ကိုယ်ကျင့်တရားအရ သာတူညီမျှရှိမှု (ဘယ်အကောင် ဥပဒေ ချိုးဖောက်ဖောက်၊ ဖောက်တဲ့ကောင် ဥပဒေနဲ့ အရေးယူ)
၂။ အခွင့်အရေးအရ သာတူညီမျှရှိမှု (ခင်ဗျား သားသမီး ဒီပညာသင်နိုင်ရင် သူများသားသမီးလည်း ဒီပညာ သင်ခွင့်ရနေရမယ်။
၃။ ပိုင်ဆိုင်ခြင်း သာတူညီမျှ ရိုမှု (မြန်မာပြည်သူတိုင်း အမိုး၊ အိပ်ယာနဲ့ ယုံကြည်ရာ အိပ်မက် မက်ခွင့် ရှိနေရမယ်)

အဲဒီလူဟာ သမ္မတ ဖြစ်ထိုက်တယ်။
ဒီမှာ ကုန်ကုန်ပြောမယ်။ အဲဒီနေ့ ထိုင်းဆိုတာ ပါမွှားလေးပါ။
နေးရှင်းကို တကယ်ချစ်ပါ။ ပညာပါပါ ပြောင်းလဲပါ။

ဘာဖြစ်ဖြစ် အကုန်ညှစ်သွားတဲ့ ယူ ၂၃ ကို အလေးပြုတယ်။

အိပ်မက်များ ရှင်သန်ဆဲ


မိတ်ဆွေအဖြစ် ဆက်လက်ရှိနေချင်လျင် ယူ ၂၃ ၏ ကစားဟန်၊ တစ်ဦးချင်းကစားဟန်၊ သရော်တော်တော်ကွန်မင့် မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ငွေတံဆိပ်ကို ကျေနပ်စွာ ခံယူပါသည်။ ဂိုးပြတ်သလောက် ခြေမပြတ်ပါ။ အိပ်မက်များ ရှင်သန်ဆဲ။

ဘာလဲ writing on the wall။ သူတင်ကိုယ်တင်ပဲ။


မနက်မှ အီးလို ကွန်ပလိန်းရေးမယ်။ တီဗွီကြေငြာသူ အရူးက မြန်မာကိုပဲ အစွယ်မရှိတဲ့ မြွေလို။
သေလိုက်။ မြန်မာက ဘယ်တော့မှ အလွယ်အရှုံးမပေးခဲ့ဘူး။
မယုံရင် ကမ္ဘာ့သမိုင်း ပြန်ဖတ်။

"ဒါ တို့ပြည် ဒါ တို့မြေ တို့ ပိုင်တဲ့မြေ...."


တီဗွီ ကြေငြာသူက writing on the wall တဲ့၊ အဖြေထွက်ပြီးသားပွဲလို့ ပြောတာ။
မကန်ခင်ပြောတဲ့ ခင်ဗျားစကားကို ရှုတ်ချပါတယ်။



အဲလိုလုပ်ပါ။ ဟိုနေ့က ပုံထက်သာတယ်။


ကမ်းလက် shared MOI Webportal Myanmar's video.
  You will never walk alone!
  အဲလိုလုပ်ပါ။ ဟိုနေ့က ပုံထက်သာတယ်။


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မြန်မာ U-23 ဘောလုံးအားကစားသမားများနှင့် ဆီးဂိမ်းပြိုင်ပွဲဝင်အားကစားသမားများ သို့ ပြောကြားသည့် ဂုဏ်ပြု အားပေးစကား▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®
Posted by MOI Webportal Myanmar on Monday, June 15, 2015

တရားကို နတ်စောင့်ပါတယ်ဗျ

ဖိုင်နယ်ပွဲ ဆွမ်းကပ် ဆိုပဲ


ဆွမ်းစားရယ်ကြွတော့လည်း ထန်းတောကျောင်းဆရာတော်က အသက်ရှည်စွာ အနာမဲ့ရေး စသည်ပေါ့လေ။
ပြီးတော့မှ ဒကာမက "ဗိုလ်လုပွဲနိုင်အောင် ရည်းမှန်းပြီး ဆွမ်းကပ်တာပါဘုရား" တဲ့။
ကဲ ဆရာ ဒကာမညီဘူးလား။
(ကိုဝင်းနိုင်၊ မငယ် မိသားစု)


အဲသလောက်ကြီး ရှေ့ထွက်လို့တော့ မကောင်းဘူးထင်သပါ့


ကိုယ့်လူတွေထဲမှာ ဘယ်သူက ချောက်တွန်းလိုက်သလဲ မသိဘူး။ မနေ့က မီဒီယာက ဖိုင်နယ်ပွဲ ထင်မြင်ချက် လာမေးနေလို့ ငြင်းခဲ့ရသေးတယ်။ အဲသလောက်ကြီး ရှေ့ထွက်လို့တော့ မကောင်းဘူးထင်သပါ့။ ကိုယ့်ပေ့ဂျလေးနဲ့ကို ရေးတာက တစ်မျိုးလေ။

ရှီနဲ့ဒေါ်စု


အွန်လိုင်းမှာ ဟော့နေပေမဲ့ သတင်းစာမှာတော့ ရှီနဲ့ဒေါ်စုပုံ စောစောရက်တွေ အတွင်း မတွေ့ခဲ့ရဘူး။
နိုင်ငံခြားသတင်းထောက်တွေကို ပိတ်ထားဆိုပဲ။
လက်ခံတွေ့ဆုံတဲ့နေရာက နိုင်ငံခေါင်းဆောင်တွေကိုသာ တွေ့ဆုံတဲ့နေရာမို့ ဒေါ်စုအပေါ် တရုတ်ပြည်ရဲ့ တန်ဖိုးထားမှုကတော့ ထင်ရှားနေတယ်လို့ မှတ်ချက်ပေးတယ်ပေါ့။
တရုတ်ယဉ်ကျေးမှုက ထမင်းဝိုင်းမှာ သူ့ခုံကိုယ့်ခုံ ထိုင်ခုံရွေးတာကကို နာရီဝက်လောက် ကြာနေတတ်ဆိုပဲ။

နေလင်းထွန်းကတော့ အချိန်ပို မလို၊ ပင်နယ်တီမလို၊ မိနစ် ၉၀ အတွင်း အပြတ်ဖြတ်မယ် ဆိုပဲ


နေလင်းထွန်းကတော့ အချိန်ပို မလို၊ ပင်နယ်တီမလို၊ မိနစ် ၉၀ အတွင်း အပြတ်ဖြတ်မယ် ဆိုပဲ။ အားပေးကြပေါ့။
စထရိတ်တိုင်းကလည်း မျက်နှာပြည့်ဖော်ပြထားတယ်။
(ပစ်ဒဏ်ဘော၊ ဒေါင့်ကန်ဘောရရင်ကိုပဲ တအုန်းအုန်းအော်နေတဲ့ ပရိသတ်ဆိုပဲ။ ကွင်းထဲအော်တာက ဥပဒေဖောက်တာ မဟုတ်ပါဘူး၊ ဦးအောင်ဇေယျ အဝတ်အစားမျိုးတွေ ဝတ်တာတော့ မလုပ်အပ်ဘူး ထင်ပါတယ်၊ သိက္ခာကျသလို လူကြီးလူကောင်း မဆန်ရာလည်းရောက်တယ်)


ယူ ၂၃ အတွက် မိုဟာမက် အလီရဲ့ အားပေးစကား


(ကမ်းလက် ပရောက်ဒ်လီ ပရီဆင့်တက်ဒ်)

"အဲဒီ လူ့ဘီလူးကြီးကို ကျနော် ကြောက်ခဲ့ဖူးပါတယ်၊ ဒါပေမဲ့ ချန်ပီယံဖြစ်ချင်တဲ့ လူက အဲဒီ ဘီလူးကြီးကို ကြိုးဝိုင်းထဲမှာ အလဲထိုးနိုင်မှ ရမှာလေ။ အခု ကျနော် ချန်ပီယံဖြစ်ချင်လာတဲ့နောက် အဲဒီ လူ့ဘီလူးကြီးကို မကြောက်မိတော့ဘူး၊ သူ့ကို အလဲ ထိုးသတ်ဖို့ပဲ စိတ်ကူးထားတော့တယ်"


၁၇ နှစ်သား မိုဟာမက် အလီရဲ့ စကား။



photo from မြန်မာဘောလုံးချစ်မြတ်နိုးသူများ

အမျိုးသာရေး ဂုဏ်သိက္ခာအကြောင်း


အမျိုးသာရေး ဂုဏ်သိက္ခာအကြောင်းပြောတိုင်း ခေါင်းငုံ့၊ အံကြိတ်နေခဲ့ရတဲ့ နိုင် ငံလေ။
ကြာခဲ့ပြီကော၊ အင်း...တကယ်ဆို အသက် ၄၀ ဝန်းကျင်းတွေအထိ မမှီလိုက် ရတဲ့ ရွှေအိုရောင် ဒိုင်ယာရီတွေပါ။
တစ်ခုခု အနာတရဖြစ်တိုင်း အနော်ရထာ လှမ်းခေါ်ရ၊ အလောင်းဘုရား လှမ်းခေါ်ရ၊ ဦးသန့်ကို လှမ်းခေါ်ရ။
"ထိုင်း ဗိုလ်လုပွဲတက်လာတာနဲ့ ပတ်သက်လို့ အံဩစရာမဟုတ်ပေမဲ့ အပျင်းပြေ ဂိုးတွေသွင်းလာခဲ့တဲ့ ဗီယက်နမ်ကို ၂၊ ၁ နဲ့ အနိုင်ယူခဲ့တဲ့ မြန်မာကတော့ အံဩစရာဖြစ်ခဲ့ရ" ဆိုပဲ။
"ယူ ၂၀ နဲ့ အသင်းကြီးရဲ့ ရွေးကျတွေ ကောက်ယူခဲ့ရလို့ အတောင့်တင်းဆုံး အနေအထား မဟုတ်ဘဲ ဝင်ပြီုင်ခဲ့ရ" လို့လည်း ပြောထားတယ်။



နိုင်ငံတစ်ခုရဲ့ ဘက်စုံ ချွတ်ခြုံကျနေမှုကို အားကစားမျိုးစုံ ဆုတံဆိပ်တွေက ခပ်ဖွဖွ သရော်နေပြန်သေး။
ဖီလစ်ပိုင်ကိုတောင် ခပ်ဝေးက မျှော်ကြည့်လို့လေ။

လူကြီးမင်းတို့ ရေ။ အဲဒီနိုင်ငံဟာ စစ်မှန်တဲ့ ပြောင်းလဲမှု လိုကိုလိုနေတယ်။
သူများတွေက ပြေးနေတော့ ပြောင်းလဲမှုက သိပ်နှေးနေလို့လည်း မရဘူး။ ပညာလိုတယ်၊ စိတ်ဓာတ်လိုတယ်၊ ကိုယ်ကျိုးစွန့်မှု လိုတယ်။

သမိုင်းမလှရင် အသေဆိုးနဲ့ သေရတယ်၊
အနေဆိုးနဲ့ နေရမယ်။ ဘာမှ မလှဘူး။
လက်တစ်ဆုပ်စာ လူတစ်စု ဝိုင်းပြီး ပရိုမုတ်လုပ်ပေးနေတဲ့ ဦးသန်းရွှေရဲ့ ပရိုဖိုင်ဟာလည်း လူထုကြားထဲမှာတော့ Thump down ပဲ။

"ထိုင်းဆိုတာကရော ချိုနဲ့လား?" ဟွင်း ဟွင်း။


၁။ အင်ဒိုကို အားပေးနေတယ်။
၂။ တစ်ယောက်ထဲ ကုလားထိုင်ပေါ် မတ်မတ်ကြီးထိုင်ပြီး ခပ်တည်တည်နဲ့ ဘောပွဲကြည့်နေတဲ့ပုံကြီး တက်လာရင် တက်မပေးကြပါရန်။
 (Published by Zin Wai Thaw · June 13 at 8:33pm ·)

မရတော့ဘူး။ ထိုင်း ဖိုင်နယ်တက်ပြီ။
ဒီမှာ မေးစရာရှိတာက "ထိုင်းဆိုတာကရော ချိုနဲ့လား?" ဟွင်း ဟွင်း။
ဖိုင်နယ်မှာ ဘာမဆို ဖြစ်နိုင်တယ်။
ပုတီးလည်း စိတ်၊ အနယ်လိုက်ဇ်လည်းလုပ် ကိုကြည်လွင်။
(Published by Zin Wai Thaw · June 13 at 10:02pm ·)

Come on U-23, Kyi Lwin and fan!


But I have my meditation class 3-5 pm. It is a must!
(Published by Zin Wai Thaw · June 13 at 7:46am)

"ပြုံးစိစိ ချဉ် ငံ စပ်လေးများ" အတွက် သတင်းကောင်းလေးတွေ ရနေချိန်
(ထိုက်တန်တဲ့ ပင်နယ်တီ၊ အမှားအယွင်း မရှိတဲ့ ကန်ချက်)
မြန်မာ ၁ ဗီယက်နမ် ဝ
(Published by Zin Wai Thaw · June 13 at 2:40pm)

ဒုန်း ဒုန်း ဒုန်း ဒုန်း ဒုန်း
မြန်မာ ဂိုး တူ ဖိုင်နယ်။ ၂၊ ၁
(Published by Zin Wai Thaw · June 13 at 3:55pm)

What happened to me this afternoon.
2 pm။ ။ တီဗွီဖွင့်၊ စင်္ကာပူ ညစ်၊ မြန်မာပွဲက ၇ မိနစ်ကျော်မှလာ။ ကိစ္စမရှိ၊ ပင်နယ်တီရ၊ ဂိုးရ၊ စတေးတပ် အတိုလေး တင်။ ဒုတိယပိုင်း ပြန်စ။

3-3:45။ ။ ခန်းမထဲသွား "What and why meditation" အကျဉ်းရှင်း၊ "How to do sitting meditation." ရှင်းပြ။
"No question? Then go and do meditation. I will join you later." ပြောပြီး အခန်းထဲ အမြန်ဝင်ဖို့ လုပ်။ ဖွင့်နေကျ လက်၊ ဖွင့်နေကျသော့ ထစ်နေ။

3:46-4:05။ ။ ပွဲချိန် ၉၀ ၅ မိနစ်ကျော်၊ မြန်မာ နှစ် တစ် နဲ့နိုင်နေ၊ ဂိုးသမား အဝါထိ၊ ထိပါစေ တစ်ပွဲပဲ ကျန်တော့။ ခဏနေ ခရာတုတ်။ မြန်မာ ဖိုင်နယ် ရောက်၊ စတေးတပ် အတို တင်။

4:10-5 pm။ ။ အောက်ဆင်း သူတို့ (၄၀ လောက်ထင်) နဲ့ ၃၅ မိနစ် တရားထိုင်။ မိနစ် ၂၀ အမေး အဖြေလုပ်။
ပြီး
(Published by Zin Wai Thaw · June 13 at 5:08pm ·)

စာအုပ်သတင်း


ကမ်းလက် shared New River's photo.
စာအုပ်သတင်း
------------------
ဇင်ဝေသော်
-----------------
နားဝင်မချို (ဇင်ဝေသော်)
လူ့ယဉ်ကျေးမှု ပဋိပက္ခ၊ ဒုတိယတွဲ (ဇင်ဝေသော်)
စုဋီကာ (သို့) အောင်ဆန်းစုကြည်ကို ဖြတ်သန်းခြင်း (ကလောင်စုံ)
ပြုံးစိစိ ချဉ် ငန် စပ်လေးများ (ဇင်ဝေသော်)
(ဇွန်လ ၁၉ ရက် စင်ထရယ်ဟိုတယ်တွင် မိတ်ဆက်ပွဲကျင်းပမည်။)

ရှင်အာစာရ
---------------
တရားမင်းသခင် (ဗုဒ္ဓ၀င်သစ်)
(ကန့်ကော်ဝတ်ရည်စာပေ မှ ထုတ်ဝေမည်)
ဓမ္မဂင်္ဂါ
=====
အေဒီနှစ်ထောင်ပလပ်စ်ရန်ကုန် (ဒုတိယအကြိမ်)
ရဟန်းနှင့် ပင်လယ် (ဒုတိယအကြိမ်)
အဓိပတိလမ်းပေါ်က ရဟန်း(ဒုတိယအကြိမ်)
မင်းကိုနိုင်များစွာအတွက် သမ္မတကြီး၏ ၀ိမုတ္တိခြင်တစ်ကောင်

 

ပထဝီနိုင်ငံရေးမှာ ချာသကိုး


ကမ်းလက် shared Kamayut Media's photo.
မင်းအောင်လှိုင်က မြန်မာပြည်နဲ့ အရှေ့အလယ်ပိုင်း နှိုင်းယှဉ်ကြည့်ရလောက်အောင် ပထဝီနိုင်ငံရေးမှာ ချာသကိုး။
 "ဦးသန်းရွှေ ကျေးဇူးကိုမမေ့ဘူး၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် ကျွန်တော့်အမြင် ပြောဖို့ခက်တယ်" (Text Report)

အငြိမ်းစားယူသွားတဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေဟာ တပ်မတော်ရဲ့ဖခင်ကောင်းဖြစ်တယ်လို့ လက်ရှိစစ်ခေါင်းဆောင်က The Mainichi သတင်းစာနဲ့တွေ့ဆုံခန်းမှာ ထုတ်ဖော်ချီးကျုးလိုက်ပြီး ဗိုလ်ချုပ်မှူးကြီး(ဟောင်း)သန်းရွှေရဲ့ လုပ်ဆောင်ချက်တွေကြောင့် ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ်ရောက်လာသလို ငြိမ်းချမ်းရေးအတွက် အခြေခံကောင်းတွေဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာ့သမိုင်းမှာ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေဟာ ခေတ်မီတပ်မတော်ဖြစ်အောင် ဆောင်ရွက်ခဲ့ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် တင်ပေးခဲ့သူဖြစ်လို့ သူရဲ့ကျေးဇူးကိုမေ့လို့မရပါဘူးလို့ ဆိုပါတယ်။ ဒီမိုကရေစီကိုကူးပြောင်းခဲ့တဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် မြန်မာပြည်မှာ ပြဿနာတွေအများကြီး မရှိဘဲ ပြုပြင်ပြောင်းလဲမှုလုပ်နိုင်ခဲ့လို့ ဦးသန်းရွှေကို အသိအမှတ်ပြုရမယ်လို့ The Mainichi သတင်းစာနဲ့ တွေ့ဆုံခန်းမှာ ပြောခဲ့ပါတယ်။ ဒါပေမယ့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် သူ့ရဲ့အမြင်ကိုတော့ ပြောရခက်ပါတယ်လို့ ဆိုပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော့်ရဲ့ပုဂ္ဂိုလ်ရေးအမြင်နဲ့ ပြောရမယ်ဆိုရင် ခက်ပါတယ်။ လူတစ်ယောက်ကို ကျွန်တော့အမြင်နဲ့ပြောဖို့ခက်ပါတယ်” လို့ ဆိုပါတယ်။ နိုဗယ်ငြိမ်ချမ်းရေးဆုရှင်ဟာ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်လို့ လူသိများပြီး မြန်မာနိုင်ငံသားတစ်ယောက်ရဲ့ ဥပဒေပါအခွင့်အရေးတွေကိုလည်း ရရှိနေသူဖြစ်တာကြောင့် တိုင်းပြည်အတွက်ဆောင်ရွက်မယ်ဆိုရင် အထောက်အကူရမယ်လို့ သူမျှော်လင့်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေး ပုဒ်မ ၄၃၆ကိုတော့ တပ်မတော်အနေနဲ့ တိုင်းပြည်အခြေအနေ မယိမ်းယိုင်အောင် ထိန်းသိမ်းထားရတာကြောင့် အခြေအနေအရပ်ရပ် အားလုံးကောင်းလာတဲ့အခါကျမှ ၄၃၆ပြင်ဆင်ရေးဟာအဓိက မဟုတ်တော့ဘူးဆိုတာ သဘောပေါက်လာလိမ့်မယ်လို့ ဆိုပါတယ်။ "ဒီအချိန်ကတော့ (ပုဒ်မ ၄၃၆ကို) ပြင်ဖို့မသင့်သေးတဲ့ အချိန်တစ်ခုလို့ ပြောရပါလိမ့်မယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့အယူအဆမှာ ကျွန်တော်တို့အနေနဲ့ လုံးဝမပြင်ရဘူးဆိုတာ မရှိပါဘူး။ အခြေအနေပေါ် မူတည်ပြီးတော့ လုပ်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဥပဒေဆိုတာ ခိုင်ခိုင်မာမာရှိနေတာ အကောင်းဆုံးဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်”လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုပါတယ်။

တရုတ်နိုင်ငံအပေါ် မြန်မာပြည်အနေနဲ့ လုံးဝမှီခိုအားထားတယ်ဆိုတဲ့ဟာမျိုး မရှိဘူးလို့ ယတိပြတ်ငြင်းဆိုလိုက်ပြီး မြန်မာပြည်အပေါ် စိတ်ကောင်းစေတနာကောင်းရှိတဲ့ ဘယ်နိုင်ငံနဲ့မဆို ပူးပေါင်းဆောင်ရွက်ဖို့ အမြဲတမ်းတံခါးဖွင့်ထားမယ်လို့ ဆိုပါတယ်။ ဒီမှတ်ချက်ဟာ တရုတ်နိုင်ငံကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမိုင်းဝင်ခရီးစဉ်အဖြစ် ရောက်ရှိနေချိန်မှာ ပေါ်ထွက်လာတာလည်းဖြစ်ပါတယ်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး လော်ခီးလာညီလာခံမှာ NCA နဲ့ပတ်သက်လို့ စောဒကတက်တဲ့အသံတွေ ပြန်ကြားရလို့ စောင့်ကြည့်နေကြောင်း၊ တစ်ချို့အဖွဲ့အစည်းတွေက သူတို့ရထားတဲ့ အာဏာနဲ့အခွင့်အရေးတွေကို စွန့်လွှတ်ဖို့ ဝန်လေးနေပုံရကြောင်း၊ တရားမဝင်ရရှိထားတဲ့ အခွင့်အရေးတွေကို တောင်းဆိုမှုတွေ လုပ်လာမယ်ဆိုရင် ဘယ်လိုမှ လိုက်လျောပေးလို့မရဘူးလို့ ဆိုပါတယ်။ "ငြိမ်းချမ်းရေးတကယ်လိုချင်လို့ရှိရင် ငြိမ်းချမ်းရေး ရချင်လို့ရှိရင် ငြိမ်းချမ်းရေးလိုချင်တဲ့စိတ်တွေလည်း ရှိဖို့တော့ လိုလိမ့်မယ်။ ငြိမ်းချမ်းတဲ့နည်းနဲ့ ဥပဒေနဲ့အညီသွားတဲ့ လမ်းကြောင်းကိုသွားရမယ်လို့ ကျွန်တော်ပြောလိုပါတယ်”
(ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

တိုက်ဆိုင်မှုတစ်ခု သက်သက်ပဲလား


ဒေါ်စု တရုတ်ပြည်အရောက်၊ ဘေဂျင်းအစိုးရက ကိုးကန့်တွေကို လိမ်လိမ်မာမာနေဖို့ လှမ်း အငေါက်။
ကိုးကန့်တွေကလည်း စာတွေဘာတွေတောင် ထုတ်ပြန်လို့။
ပြသနာက သူတို့စာထုတ်ပြန်ရခြင်းရဲ့ အဓိကအကြောင်းရင်းက တရုတ် အစိုးရကြောင့် တဲ့။
ဒါက ဘာသဘောလဲ။ အကြီးစား ကွက်ရှင်မာ့(ခ်)
ဘာပဲဆိုဆို ဦးရဲထွဋ်အတွက် စတေးတပ်တစ်ပုဒ် ရသွားတာပေါ့။
"စောင့်ကြည်ရဦးမှာ" တဲ့လေ။

ကမ်းလက်စာပေတိုက်နှင့် စာအုပ်မိတ်ဆက်ပွဲ ဖိတ်ကြားလွှာ




နားဝင်မချို (ဇင်ဝေသော်)
လူ့ယဉ်ကျေးမှု ပဋိပက္ခ၊ ဒုတိယတွဲ (ဇင်ဝေသော်)
စုဋီကာ (သို့) အောင်ဆန်းစုကြည်ကို ဖြတ်သန်းခြင်း (ကလောင်စုံ)
ပြုံးစိစိ ချဉ် ငန် စပ်လေးများ (ဇင်ဝေသော်)
အထက်ပါ လေးအုပ် ပင်နီဇူလာ ပလာဇာ၊ မြသရဖူအထည်ဆိုင်မှာ ရနိုင်ပါပြီ။

ကမ်းလက် shared General Knowledge's post.

မြစ်တစ်စင်း


မြစ်တစ်စင်း ပျောက်
မြစ်တစ်စင်း ဖောက်
လူမပျောက်သေးသရွေ့ လျှောက်ဟေ့
ဓမ္မဂင်္ဂါ.....


ဒီပလိုမေစီကြောင်ဋီကာသစ်(အဆက်) - (ဓမ္မဂင်္ဂါ)


ကမ်းလက် shared New River's post.
ဒီပလိုမေစီကြောင်ဋီကာသစ်(အဆက်)
------------------------------------
သာမန်လူတို့အဘိဓာန်တွင် လူကြောင်များဟု သတ်မှတ်ခံရသည့်
ထူးကဲချွန်မွန်သော ပုဂ္ဂိုလ်များသည် ကမ္ဘာ့ဥဒါန်းတွင်မူ မဟာလူကျော်များအဖြစ် ကမ္ဗည်းထိုးရလေသည်တည့်..။
(မှတ်စု)

(၄)
ဧကရာဇ်ဘုရင်ဒိုင်အိုနီရှပ်(Dionysius I or Dionysius the Elder (ca. 432–367 BC,)က လက်ထဲမှ ပုရပိုဒ်လွှာကို ယုယစွာ ကိုင်ရင်း တစ်စုံတစ်ဦးကို မျှော်နေခဲ့သည်။ ထိုပုရပိုဒ်လွှာတွင် ဘုရင်မင်းမြတ်ကိုယ်တော်တိုင် ရေးစပ်ပြီး ကိုယ်တော်တိုင် ကြိုက်နှစ်သက်လျက်ရှိပေသော ၊ ဇမ္ဗူတစ်လူမဟာ့ မဟာကဗျာများဟု စိတ်တော်သိ ဗောင်းတော်ညိတ်အမတ်များက ထပ်တလဲလဲ ချီးမွမ်းခြင်းအမှုပြုကြပေသော ခေါမလင်္ကာ မဟာကဗျာ ဆိုသဟာများရှိလေသည်။ ဘုရင်မင်းမြတ်က ကိုယ်တော်တိုင်ရေးထားသည့် ကဗျာအလင်္ကာကို ဖတ်လို့ မငြီးနိုင်အောင် ဖြစ်နေလေသည်။ သိပ်ကောင်းတဲ့ မဟာကဗျာပေပဲ...ဟဲဟဲ..။ ကောင်းဆို ငါရေးထားတာကိုး.. ဟီးဟီး..။ ကြောင်လင့်တေး ကြောင်လင့်တေး..။ သို့သော် ဘုရင်မင်းမြတ်က ကိုယ်တော်တိုင်ရေးထားသည့်ကဗျာများနှင့် ပတ်သက်၍ တစ်စုံတစ်ဦး၏ ထောက်ခံအသိအမှတ်ပြုမှုကိုတော့ အမှန်တကယ် တောင့်တနေပါသည်။
ဒိုင်အိုနီရှပ်ဧကရာဇ်က သာမန်စာရေးလေးဘ၀မှ စစ်ရေးစစ်ရာကျွမ်းကျင်မှုကြောင့် ကာသေ့ခ်ျရန်သူတော်တို့ကို အပြတ်အသတ်ချေမှုန်းနိုင်သော စစ်ဗိုလ်ချုပ်ကြီးဖြစ်လာပြီး သံခင်းတမန်ခင်းကျင်လည်မှုကြောင့် စစ္စလီကျွန်း၊ စီရာကျူရွှေနန်းရှင် ဘုရင်ဧကရာဇ်ဘ၀သို့ တက်လှမ်းခဲ့သူဖြစ်လေသည်။ အာဏာရှင်စစ်ဘုရင်ကြီးဘ၀ ရောက်လာသည့်ဒိုင်အိုနီရှပ်က တစ်ချိန်ချိန်တွင် ပြည်သူတို့က မိမိကို ရွှေနန်းမှ ဆွဲချလိမ့်မည် ဟူသော သံသယဖြင့် မသင်္ကာသူမှန်သမျှ၊ အတိုက်အခံမှန်သမျှကို သတ်ဖြတ်ညှင်းဆဲခြင်း၊ ထောင်သွင်း အကျဉ်းချခြင်းများကို မညှာမတာပြုလုပ်ခဲ့သည်။ သတ်ဖြတ်ခြင်းနှင့် ကွပ်ညှပ်ခြင်းတွင် သရဖူဆောင်းသည့် အာဏာရှင်ကြီးအဖြစ် ရာဇ၀င်မဲညစ်ခဲ့လေသည်။
သံသယရှိသူများအတွက် အကျဉ်းထောင် သီးခြားဆောက်လုပ်ကာ အကျဉ်းစံတို့၏ စကားကို ခိုးနား ထောင်နိုင်ရန် ထောင်နံရံများတွင် ဂလိုဏ်ပေါက်များပြုလုပ်ထားသည်။ စကားမှားရှာသည့် အကျဉ်းသမားအတွက် နေမထွက်တော့.။ဘုရင်မင်းမြတ်၏ မုတ်ဆိတ်ကျင်စွယ်ကို ရိတ်ဖြတ်ရသည့် လက်သုံးတော်ဆတ္တာသည်လည်း ကျုပ်ကို နှယ်နှယ်ရရလူ မမှတ်ပါနဲ့ဗျ၊ ဘုရင်မင်းမြတ်ရဲ့ လည်ပင်း နားကို ကျုပ်ဓါးက မနက်တိုင်း တစ်နေ့တစ်ကြိမ်ရောက်နေတဲ့လူပါဗျ ဟု စကားကြွား၍ အသတ်ခံဖူးသည်။ ထို့နောက် သမီးတော်များကို ဓါးအပ်ကာ မုတ်ဆိတ်မွှေးရိပ်ခိုင်းစေခဲ့ပြန်သည်။ သို့သော် ဓါးကိုင်ထားသည့် သမီးတော်များကိုလည်း စိတ်မချပြန်ပါ၊ သို့နှင့် သစ်စေ့များကို ပူအောင် ပြုလုပ်ပြီးမှ မုတ်ဆိတ်မွှေးများကို ပွတ်ပစ်ခိုင်းလေသည်။
ဘုရင်ဧကရာဇ်က အိပ်စက်လျှင်လည်း တစ်ကိုယ်တည်းအိပ်စက်သည်။ သူ့အိပ်ဆောင်ပတ်လည်တွင် ကျုံးတူးထားသည်။ ကျုံးကို ကူးရန် တံတားအရှင်ပြုလုပ်ထားပြး အိပ်စက်ရန် အိပ်ဆောင်ကူးပြီးသည့်အခါ ကိုယ်တော်တိုင် တံတားကို ခေါက်သိမ်းလေ့ရှိသတတ်...။အော် စိတ်မအေးဖွယ်..။
ဒိုင်အိုနီရှပ်ဘုရင်က စစ်ဘုရင်အာဏာရှင်ကြီးအဖြစ် အသတ်အဖြတ်ရဲသည့်တိုင် အနု ပညာမြတ်နိုးသူကြီး အဖြစ်လည်း တော်ဝင်မဟာကဗျာဟု ကိုယ်တိုင်အမည်ပေးထားသည့် ခေါမလင်္ကာများစွာကို ရေးစပ်လိုက် သေးသည်။ ဘုရင်မင်းမြတ်အပါးက မှူးကြီးမတ်ကြီးဆိုသူများကတော့ ဘုရင်မင်းမြတ်ရေးသမျှ ကောင်းလှောင့်တေး ကောင်းလှောင့်တေးကြသည်သာ..၊ ကန့်ကွက်ရန် အဆိုမရှိ ဘုန်းတော်ကြောင့် ဘယ်လိုရေးရေး ကောင်းမြတ်ကြောင်းပါ လုပ်ကြသည်ချည်း..။ သို့သော် ဘုရင်မင်းမြတ်က မကျေနပ်သေး..။ ပြည်သူကို သတ်ဖြတ်ညှင်းဆဲနေသည့်တိုင် ပြည်သူ့ရင်နှစ်သည်းခြာ မဟာကဗျာဆရာကြီးလည်း ဖြစ်ချင် သေးသည်။ ပြည်သူတို့ နှလုံးသည်းပွတ်ကဗျာဆရာက ဖီလိုဇီနပ်စ်(Philoxenus_of_Cythera) ဖြစ်သည်။ ဖီလိုဇီနပ်စ်သည်သာ ပြည်သူချစ်သော ပြိုင်ဘက်ကင်းကဗျာဆရာဖြစ်သည်။ ဖီလိုဇီနပ်စ်သာ ကိုယ်တော်ရေးထားသည့် ကဗျာကို ချီးမွမ်းထောက်ခံလျှင် ဘုရင်မင်းမြတ်သည်လည်း ပြည်သူ့ကဗျာစာဆို အလိုလိုဖြစ်ချေမည်..။
ဖီလိုဇီနပ်စ်ကို ဘုရင်မင်းမြတ်ကိုယ်တော်တိုင် ထောင်သွင်းအကျဉ်းချထားသည်။ ထောင်သွင်း အကျဉ်းချထားရသည့်အကြောင်းကလည်း ခိုင်လုံသည်။ ဧကရာဇ်ဘုရင် ကိုယ်တော်တိုင် ရေးထားသည့် ကဗျာအလင်္ကာကို အနှစ်သာရမရှိဟု ဝေဘန်ရက်ပေသည့် ငမိုက်သား..အကျဉ်းချထားစေ..။ ယခုတော့ အကျဉ်းစခန်းတွင် ကြပ်ကြပ်တည်းတည်း ဆင်းရဲငြိုငြင်စွာ နေရသမို့ ငမိုက်သားစာဆို နောင်တရလောက်ပေပြီ..။
ရှေ့တော်သို့ သွင်းစေ....။
ပြည်သူ့စာဆိုကား အ၀တ်အစားအသွင်အပြင် နွမ်းရိလျက်..၊ သို့သော် မျက်လုံးများက တောက်ပစူးလက်ကာ ပြုံးရိပ်ထင်နေသည်။ ကဗျာစာဆိုမှလွဲ၍ နန်းရင်ပြင်တစ်ခုလုံး၏ ဗဟိဒ္ဓအသွင်အပြင်က ရတနာမျိုးစုံ ပိုးဖဲကတ္တီပါအရောင်တို့ဖြင့် ဖိတ်ဖိတ်လက်နေသည်..။ မင်းပရိသတ်စုံလင်ချေပြီ...။ ဘုရင်မင်းမြတ်က ပုရပိုဒ်လွှာမှ ကိုယ်တိုင်ရေးမဟာကဗျာကြီးကို ကိုယ်တိုင်ပင် ရွတ်ဖတ်လေတော့သည်...။ နန်တော်ရင်ပြင်ကြီးတစ်ခုလုံး ပိုးပုဝါလေတိုးသံလေးပင် ကြားအံ့မထင်..။ ဘုရင်းမင်းမြတ် ရွှေစိတ်တော်ညိုလျင်ဆိုသော အရိုးစွဲ ကြောက်စိတ်က ရွှေနန်းခန်းမကြီးတွင် အေးစက်နေမြဲမဟုတ်လား..။
ဒိုင်အိုနီရှပ်ဘုရင်ကြီး၏
အော့နှလုံးနာဖွယ်ရာ ကဗျာရွတ်ဖတ်သံများ...........
z,o.$#%@^&uryhbnl;nbfdw...bbbnmiill.,/,;!@#$%
ကဗျာအလင်္ကာ ဘယ်အချိန်ဆုံးလေသည် မသိ..။ ဘုရင်မင်းမြတ်ရွှေနှုတ်တော်မှ အသံတိတ်သွားလျှင် လက်ခုပ်တီးဖို့အဆင်သင့်ပြင်ထားကြသည့်အတိုင်း (လုပ်တတ်ပါ့..) ရွှီး ရွှီး ....ဖြောင်း ဖြောင်း ..... ကောင်းချီးပေးသံများ...။ တစ်ချို့ အကဲပိုသူများက ဘုရင်မင်းမြတ်မြင်အောင် ဦးထုပ်ခေါင်းစွပ်များပါ မြှောက်ပြကြသည်။ ကြိုက်ပါတယ် ကောင်းပါတယ်ပေါ့...။ ဘုရင်ကလည်း လူအ,တော့ မဟုတ်...။ သိပေမယ့် ခံလိုက်ကွာ..။
ဒိုင်အိုနီရှပ်ကြီးအလိုရှိသည်က ထိုလက်ခုပ်သံများမဟုတ်.. ဖီလိုဇီနပ်စ်၏ ထူးကဲပါပေသည် ဟူသော ပညာရှင်မှတ်ချက်စကား..။ စိတ်နှလုံးအတွင်းသားက ပါသော အဇ္ဈတ္တအရိပ်ထဲက စကား...။ ဘုရင်ဧကရာဇ်က ကဗျာစာဆိုကြီးကို တစ်ချက်ကြည့်လိုက်သည်.။ ဖီလိုဇီနပ်စ်ကား ငြိမ်ဆိတ်လျက်..၊ ''ဒီငနဲ တစ်ခုခုတော့ ပြောလိုက်ဖို့ ကောင်းတယ်..။ ဒါ သူ့အတွက် အခွင့်အရေးပဲ..၊'' နောက်ဆုံးတော့ ဧကရာဇ်ကြီးက မနေနိုင် ..
'' ဘယ်လိုလဲ စာဆိုကြီးရဲ့ ငါကိုယ်တော်မြတ် ရေးတဲ့ မဟာကဗျာ......'' စကားမဆုံးလိုက်ခင်..။ ကဗျာစာဆိုက နောက်မှာ ရှိသည့် အရာရှိများကို လှည့်ကာ
''ကဲ အရာရှိမင်းတို့ ကျုပ်ကို အကျဉ်းထောင်သာ ပြန်ပို့ကြပေတော့ ''..။
သည်တစ်ခါတော့ အာဏာရှင်စစ်ဘုရင်ကြီးလည်း မိမိထက် ပိုကြောင်သော ကဗျာစာဆိုကြီးကို ကြည့်ကာ တ၀ါးဝါး တဟားဟားရယ်ရင်း အရှက်ဖြေရတော့သည်။
'' လွှတ်လိုက်ကြပါကွယ်တို့ရယ် ဒီငနဲက လူကြောင်ပါ '' ဟူသတတ်..။
ထိုနည်းနှင်နှင် မန္တလေးရတနာပုံနေပြည်တော်ကြီး၏ နန်းရင်ပြင်တွင်လည်း လူကြောင်ကြီး တစ်ဦးရှိခဲ့ဖူးလေသည်တကား..။
ဆက်ရန်...
ဓမ္မဂင်္ဂါ
၀၃-၁၀-၂၀၁၁
 

အာဏာယူထားစဉ်မှာလည်း အချင်းချင်း ဒေါက်ဖြုတ်ဖို့ကလွဲလို့ ဘာမှမလုပ်


အာဏာယူထားစဉ်မှာလည်း အချင်းချင်း ဒေါက်ဖြုတ်ဖို့ကလွဲလို့ ဘာမှမလုပ်၊ ပြည်သူကို ဘာမှလည်း မပြော
ဗေဒင်လိုလို၊ ဓာတ်ဆရာ နတ်ဆရာလိုလို၊ တောင်ယုံ မြောက်ယုံ
ဒီကြားထဲ သူကပဲ မဟာဗျူဟာ ရေးဆွဲသူလိုလို။
အဲသလောက် မဟာဗျူဟာပိုင်ရင် ရိုဟိန်ဂျာ အပေါက်၊ ကိုးကန့်အပေါက်၊ ကိုဟီးမားအပေါက်ကို စစ်အုပ်ချုပ်ရေးကာလအတွင်း အပြတ် ရှင်းထားခဲ့ ပါတော့လား။
နာဂ လက်နက်ကိုင်အရေးထက် လေရှီးက စစ်တပ်ဝင်းထဲမှာ ငှက်ပြောနှစ်ခိုင် ထွက်လို့ ရာထူးတက်တော့မှာဆိုပြီး ပျော်နေတဲ့ တပ်ရင်းမှုးက ရှိသေး။ ဖြစ်ရပုံတော့။


လူတစ်ယောက်အတွက် လူတစ်ယောက်ရဲ့ အမှာစာ


“လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်” ကို ဘာသာပြန်ပြီးချိန်နဲ့ ထုတ်ဝေချိန် က တော်တော်ကွာနေခဲ့ပါတယ်။ “နားဝင်မချို” စာအုပ်မှာ အတူတူ အလုပ်လုပ် ခဲ့တဲ့ အိတ်ဇက်ကူးတစ် ဒါရိုက်တာ ရှယ်လီ ဟူး ကင်ဆာရောဂါနဲ့ သေဆုံး သွားခြင်း၊ သူမရှိတော့တာနဲ့ ကလဲရာ ဝမ်းပါ စထရိတ်တိုင်းမှာ မရှိတော့ခြင်း၊ ဒီကြားထဲမှာ မစ္စတာလီသေဆုံးသွားခြင်း၊ ရှယ်လီရဲ့နေရာကိုဝင်လာတဲ့ ဆူဇန်နဲ့ ဆက်ဆံရေး ပြန်လည်စတင်ယူရခြင်း စတာတွေဟာ ဒီစာအုပ် ထုတ်ဝေဖို့ နှောင့်နှေးရခြင်းရဲ့အကြောင်းတွေဖြစ်ခဲ့ပါတယ်။ အခု အားလုံး သဘောတူညီမှုရပြီး စာဖတ်သူထံ အရောက်ပို့ပေးနိုင်ခဲ့တာကို ကျေနပ် ဝမ်း သာဖြစ်ရပါတယ်။

Hard Truth ထွက်စဉ်က မစ္စတာလီရဲ့ နောက်ဆုံးစာအုပ်ဖြစ်လိမ့်မယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် အဲ့ဒီခန့်မှန်းချက်လွဲသွားပြီး “One Man’s View of the World” ထွက်လာခဲ့ပါတယ်။ ဒီစာအုပ်ကတော့ သေချာပေါက် သူ့ရဲ့ နောက် ဆုံး စာအုပ်ဖြစ်သွားခဲ့ပါပြီ။

စာဖတ်သူတွေကို ကြိုတင်အသိပေးချင်တာကတော့ လီကွမ်းယု၊ ဇင်ဝေသော် အတွဲလိုက် ထွက်လာလို့ “နားဝင်မချို” စာအုပ်လို ဒိုးဒိုးဒေါက်ဒေါက်ထင်ပြီး မဝယ်ယူမိစေဖို့ပါ။ ကမ္ဘာ့အမြင်လို့ ဆိုထားတဲ့အတိုင်း ဒီစာအုပ်ဟာ စင်္ကာပူ အရေးတင်မက ကမ္ဘာ့အရေးတွေပါ ဆွေးနွေးထားတာဖြစ်လို့ နယ်ပယ် ကျယ် ဝန်းပါတယ်။ ရှယ်လီ့စကားနဲ့ပြောရရင် “One Man’s View” က အင်တယ် လက်ကျူယယ် ဆန်တယ်၊ မင်းချက်ချင်း ဘာသာမပြန်နဲ့ဦး ဆိုတာပါ။ ဒီစာအုပ်မှာ အဓိကဆွေးနွေးသွားတာက တရုတ်၊ အမေရိကန်တို့ရဲ့ အားနည်း ချက်၊ အားသာချက်တွေ ဖြစ်ပြီး လာမယ့် နှစ်နှစ်ဆယ်၊ သုံးဆယ်အတွင်း ကမ္ဘာ့နိုင်ငံရေးနဲ့ စီးပွားရေးကို အဓိက အကျိုးသက်ရောက်မှုရှိနေမှာကလည်း သူတို့ပဲလို့ သုံးသပ်သွားပါတယ်။

“One Man’s View” ကို တစ်အုပ်လုံး ဘာသာပြန်ထားတာ မဟုတ်ပါဘူး။ ဥရောပဆိုင်ရာ တစ်ခန်းလုံး အပ်ကြောင်းထပ်နေပြီထင်လို့ ချန်ထားခဲ့ပါတယ်။ စင်္ကာပူနိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးကဏ္ဍတွေကလည်း Hard Truth (နားဝင်မချို) ကို ဖတ်ပြီးသူတို့အတွက် သိပ်မလိုအပ်လှဘူးထင်လို့ အင်တာဗျူး အခန်းတွေကိုပဲ ရွေးထုတ်ဘာသာပြန်ခဲ့ပါတယ်။ နောက်ဆုံး စထရိတ်တိုင်း မှာ ဖော်ပြခဲ့တဲ့ မစ္စတာလီနဲ့ အနောက်ဂျာမဏီ အဓိပတိဟောင်း Helmut Schmidt(1974-1982) တို့ရဲ့ စကားပြောခန်းကိုလည်း မှတ်သားစရာပါတယ် ဆိုပေမယ့် မြန်မာစာဖတ်ပရိသတ်နဲ့ မဆိုင်လှတာရယ်၊ စာမျက်နှာချွေတာ ချင်တာရယ်ကြောင့် ချန်လှပ်ထားခဲ့ပါတယ်။ ဒါပေမယ့် အဓိကကျတဲ့ တရုတ်၊ အမေရိက၊ အရှေ့အလယ်ပိုင်း၊ အရှေ့တောင်အာရှနိုင်ငံများနဲ့ သူ့ရဲ့ သေတမ်း စာဆန်ဆန် တစ်ကိုယ်ရေဘဝအကြောင်းတွေကို အပြည့်အဝ ဘာသာပြန်ခဲ့ ပါတယ်။

နောက်ပြီး ဒီစာအုပ်မှာ နာမ်စားနှစ်မျိုးခွဲသုံးခဲ့ပါတယ်။ သာမန်ဝါကျတွေ ထဲမှာ ပါတဲ့ “I” ကို ကျွန်တော်နဲ့ ဘာသာပြန်ပြီး အင်တာဗျူးထဲမှာပါတဲ့ “I” ကိုတော့ အရင်အတိုင်း “ငါ” လို့ပဲ ဘာသာပြန်ခဲ့ပါတယ်။

ဒီစာအုပ်က နယ်ပယ်ကျယ်ပြန့်ပြီး အင်တယ်လက်ကျူယယ် ဆန်တယ်ဆိုပေ မယ့် ဒိုးဒိုးဒေါက်ဒေါက်ပြောတတ်တဲ့ လီကွမ်းယုရဲ့ဟန်ကြောင့် ဟန်တင်တန်လောက် မလေးလံတာကတော့ အမှန်ပါ။ နောက်ပြီး ဘာသာပြန်သူ တစ်ယောက်ရဲ့ တာဝန်တစ်ရပ်အနေနဲ့ လီကွမ်းယုရဲ့ လေယူလေသိမ်းကို တတ်နိုင်သရွေ့ နီးစပ်နေအောင်တော့ ကြိုးစားခဲ့ပါတယ်။

ဒီစာအုပ်မြန်မာဘာသာပြန် ထုတ်ဝေခွင့်ပြုခဲ့တဲ့ SPH (Singapore Press Holdings)၊ မန်နေဂျင်းဒါရိုက်တာ ဆူဇန် လောင်း (Ms Susan Long) နဲ့ ဂျူးလီယက် လီ (Ms Juliet Lee)တို့ကို ကျေးဇူးတင်ရှိပါတယ်။
နောက်ပြီး ကော်ပီရိုက်ရဖို့ လူအား၊ ငွေအားနဲ့ အချိန်အားတွေပါ ပေးခဲ့တဲ့ မစ္စတာ ဒေါက်တာဂျွန် လီ (Lee Chuan Guan) ကိုလည်း ကျေးဇူး အထူး တင်ရှိပါတယ်။
နောက်ဆုံး “နားဝင်မချို” ကို တခဲနက် အားပေးခဲ့ကြတဲ့ (ကြားသိရသလောက် ဆိုရင် ကော်ပီတောင် ကူးရောင်း၊ ကူးဖတ်ကြရပါသတဲ့) စာဖတ်ပရိသတ် ကို ကျေးဇူးတင်ရှိကြောင်းကတော့ ပြောဖွယ်ပင် လိုတော့မည်မထင်ပါ။

ဇင်ဝေသော်
(10/6/2015)

မပွင့်တပွင့် တရုတ်နဲ့ ဒိုးဒိုးဒေါက်ဒေါက် ဒေါ်စု တွေ့ကြပြီ


မီရှယ် ရိုးရဲ့ The Lady ကို ပြသခွင့် ပိတ်၊ အောင်ဆန်းစုကြည်ဆိုတဲ့ နာမည် ကိုတောင် ဝက်ဘ် ပေ့ဂ်ျမှာ
ရှာမရအောင် ပိတ်ထားခဲ့သတဲ့ (ဒီ ဆောင်းပါးက ပြောတာ)။
မြန်မာပြည်က အဘတို့ စိတ်ကောက်မှာ စိုး..စိုး.. စိုး.... ရိမ်လို့ရယ်
ပြည်တွင်းနိုင်ရေး အပေါ် ဒေါ်စု ဩဇာလွှမ်းလာမှာကို စိုး.. စိုး.. စိုး.. ရိမ်လို့ ရယ်ကြောင့် ဒေါ်စုရဲ့ တရုတ်ပြည် ခရီးစဉ်နှောင့်နှေးခဲ့ရခြင်း ဖြစ်ဟန်တူပါသတဲ့။

"ဟေ့ ကြည့်ကြ၊ ဗုဒ္ဓပြန်ကြွလာပြီ" တဲ့


ဒီမနက် မင်္ဂလာသတင်းလေးနဲ့ စခွင့်ရပါတယ်။
"ဟေ့ ကြည့်ကြ၊ ဗုဒ္ဓပြန်ကြွလာပြီ" တဲ့။
အာဖဂန်မှာ ဖျက်ဆီးခြင်းခံလိုက်ရတဲ့ ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်ကြီးဟာ တရုတ် ဇနီးမောင်နှံကောင်းမှုကြောင့် အရင်လို ပြန်လည်ဖူးတွေ့လာနိုင်ပါပြီ။။



နိုင်ငံတကာမှာ စာအုပ်ရေးတာက အမြီးကြွားတာမဟုတ်ဘူး


ကလောင်အမည် (သို့) နာမည်ရင်းဆို ရပါပြီ။
သူဘာကောင်လဲဆိုတာကို သူဘာရေးထားတာလဲ ဆိုတာနဲ့ဆုံးဖြတ်တယ်။
ဟင်နရီ ကစ်ဆင်းဂျား၊ ဆမ် ဟန်တင်တန်၊ ဖရန်စစ် ဖူကူယားမား၊ လီကွမ်းယု၊ ရပါပြီ။
အခု ဂျင်နရယ်နေဝင်း ရေသူကလည်း အနှောင့်မှာ တေလာ ပဲ။ တေလာဆို ရနေပြီ။

ဗမာပြည်သည် တို့ပြည်ကို အင်္ဂလိပ်လိုရေးတော့ အဲလို ဖြစ်သွားရော ဟဲ ဟဲ


*****

နယူးဇီလန် ပရော်ဖက်ဆာသားအဖက ပေးထားခဲ့တဲ့ စာအုပ်


မနေ့ကမှ ထွက်တာဆိုပဲ။ လက်ရှိစာအုပ်တွေက လက်စ မပြတ်သေး။


မရွေးခဲ့မိသည့် လမ်း


ထမံသီမှာ တောင်တန်းသာသနာပြုတာဝန်ကျစဉ် မန္တလေးပြန်ရောက်ခိုက် သိန်းသန်းဆရာတော် ဦးပဏ္ဍိစ္စာဘိဝံသ မိန့်ကြားခဲ့သည့် စကားတော်(သို့) ပေးခဲ့သည့် အခွင့်အရေးတို့ကို သတိရမိသည်။
"ထမံသီလို ရွာမှာတော့ မလွယ်ဘူးကွ မောင်ရ၊ ဟုမ္မလင်းမြို့လို ခန္တီးမြို့လိုနေရာမှာ နှစ်လမ်းသွား ပညာရေးကျောင်း ထောင်ပါလား။ ဒါကလည်း သီးသန့်လုပ်မှ ရမှာ၊ သာသနာရေးဝန်ကြီးဌာနနဲ့ တွဲလိုက်ရင်တော့ ပျက်ကုန်မှာ၊ တို့မှာ ရဟန်းဒကာကြီး၊ ရဟန်းဒကာမကြီးတွေက အမွေပေးထားခဲ့တဲ့ အိမ် ၂၆ လမ်းမှာရှိတယ်။ အဲဒီအိမ်ကို ကပ္ပိရင် မင်းလိုတဲ့ငွေ ရနိုင်တယ်။ မင်းလုပ်ရမှာက ကလေးတွေမွေး၊ လောကီအားသန်တဲ့ ကလေးတွေကို လောကီစာသင်၊ လောကုတ္တရာ အားသန်တဲ့ကလေးတွေကို တို့ဆီပို့ဖို့ပဲ၊ တို့က ဉာဏ်ကောင်းတဲ့ ကလေးတွေကို သာမဏေကျော်လိုင်း တင်ပေးမယ်။ ဒီအကြောင်း ဘယ်သူ့ကိုမှ မပြောနဲ့နော်"
"တင်ပါး၊ မပြောပါဘုရား၊ ဒါပေမဲ့ တပည့်တော်ကို စဉ်းစားချိန် ပေးပါဘုရား"
"အေး မင်း စဉ်းစားပြီးရင် တို့ဆီကို အကြောင်းပြန်"
၁၉၉၈ ဝန်းကျင်ကဆိုတော့ ကြာခဲ့ပြီကော၊ ဆရာတော်၏ မွန်မြတ်သောကမ်းလှမ်းမှုကို မယူခဲ့မိ။ သို့သော် စွန့်လွှတ်ရဲသော၊ ခေတ်အမြင်ရှိသော ဆရာတော်ကိုမူ ပို၍ ကြည်ညိုမိ၏။
ခွင့်လွှတ်ပါဘုရား၊ မည်သူ့ကိုမှ မပြောဖြစ်သော်လည်း လူမှုကွန်ယက်ပေါ်မှာတော့ ရေးလိုက်မိပြီ။

သီဟနာဒ

ဂျင်းရိုင်းမြစ်နှင့် သင်္ဘောပင်ငယ်


လွန်ခဲ့သော ခြောက်လခန့်က ခြံအလုပ်သမားနှင့်အတူ ဤသင်္ဘောပင်လေးကို စိုက်ပျိုးခဲ့ပါသည်။ ထိုနေရာမှာ အရင်က တံတိုင်းကာရံသည့် သဘောဖြင့် စိုက်ထားသည့် ဂျင်းအနွယ်ဝင်အပင်များ ရှိခဲ့ဖူးသည်။ ဘာပင်ခေါ်သလဲ မသိပါ၊ သိသည်က စိုက်လိုက်မိလျှင် အမြစ်ပြတ်အောင်သတ်ဖို့ အလွန်ခက်ခဲသော အပင်ဖြစ်သည်ဆိုတာပဲ ဖြစ်ပါသည်။
ထို အပင်များမရှိတော့သော်လည်း သူတို့အမြစ်များက ရှိနေဆဲပင်။ ဆိုလိုသည် မှာ စိုက်သာစိုက်ခဲ့ရသော်လည်း သင်္ဘောပင်လေးနှင့် ပတ်သက်သည့် မျှော် လင့်ချက် ကြီးကြီးမားမား ကျနော့်ဆီမှာ မရှိဆိုတာသာဖြစ်ပါသည်။

သို့သော် မြေကိုအနည်းငယ် ပြင်ပြီးမှ စိုက်ပျိုးခြင်းဖြစ်သဖြင့် တစ်လနှစ်လ အတွင်းလောက်မှာတော့ အရွက်တဖားဖား၊ လက်တံ တကားကားနဲ့ တက် လာခဲ့သည်။ ထိုအခါ သီးများသီးလေဦးမလားဟု သင်္ဘောပင်လေးအပေါ် မျှော် လင့်ချက်ပြန်ထားလာမိသည်။

သို့သော် တစ်လနှစ်လလွန်သည့်အခါမှာတော့ အလွန်ခက်မာလှသည့် ဂျင်းရိုင်းအမြစ်ဒဏ်ကို သူ ခံရရှာတော့သည်။ ကျနော်တို့ မြေဩဇာကျွေးလျင် ဂျင်းရိုင်းမြစ်တွေက စားသုံးသွားသည်၊ ရေလောင်းလျင်လည်း ဂျင်းရိုင်းမြစ်တွေ က သောက်သုံးသွားသည်။ သို့ဖြင့် ယခုပုံအတိုင်း ဖြစ်နေရှာတော့သည်။



တစ်နေ့က ခြံအလုပ်သမား ဂေါဝိန္ဒက
"ခုတ်ပစ်ရအောင်လား၊ သီးမှာ မဟုတ်တော့ဘူး" ဟု ဆိုလာသည်။
"မခုတ်ပါနဲ့၊ သူစွမ်းသရွေ့ ရှင်နေပါစေ၊ ဒါပေမဲ့ ဂျင်းရိုင်းမြစ်တွေရဲ့ဒဏ်ကို သူ ကြာကြာခံနိုင်မှာတော့မဟုတ်ဘူး" ဟု ပြန်ပြောမိပါသည်။

အမှန်မူ ဂျင်းရိုင်းမြစ်များရှိသည့်နေရာမှာ သူတို့ထက် စွမ်းအားကောင်းသည့် အုန်းပင်လိုမျိုး စိုက်ပျိုးနိုင်မှ ရှင်သန် သီးပွင့်နိုင်ပေမည်။
ဤ သင်္ဘောပင်လေးက သီးပွင့်လာလေဦးမလားဆိုသည့် သံသယဆန် ဆန်မျှော်လင့်ချက် ယခု ကျနော့်ဆီမှာ မရှိတော့ပါ။

ကိုယ်ကျင့်တရား ပျက်မှု၊ အတ္တထူပြောမှုနှင့် ငတေမာပြီးရော စိတ်ဓာတ်တို့သည် ဂျင်းရိုင်းမြစ်များနှင့် တူသည်ဟု မနေ့က စာတစ်ပုဒ်ထဲမှာ
ဖတ်လိုက်ရသည်................................။

ဒေါက်တာဂျွန်လီရဲ့ လက်ရှိဘာသာပြန်စာအုပ် (လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်) အတွက် အမှာစာ....


PREFACE

In March 2015, we witnessed the over-pouring of emotions by Singaporean, young and old, with the demised of our founding Prime Minister LEE Kuan Yew. What was equally enlightening was the show of respects overseas. Foreign nations observed a moment of silence at their respective National Assemblies/Parliaments and some nations, raising their national flags to half-mast, the highest respects reserved for national leaders.

The world has lost another illustrious leader, whom we loved and respects, but his legacy should live on, transcending space and time, the like of Mahatma Gandhi, Mao Tse-Tung, Winston Churchill and George Washington.

As a Singaporean, I am honoured and humbled to have a part in disseminating Mr. LEE legacy far and wide. However, this would not have come to passing for not the enthusiasm of my mentor, Zin Wai Thaw. Having read Mr. LEE book - “HARD TRUTH: To keep Singapore Going” (2011), he was particularly keen to have it translated into Myanmar language, so that his fellow countrymen could be avail of the wisdom and experience of Mr. LEE. As a man of principle, Zin Wai Thaw, insisted on doing it the right way, that is, to have the license to translate “HARD TRUTH’. Thanks to Singapore Press Holding, the copyright holder for all of Mr. LEE books, license to translate into Myanmar language was granted.

The official translated version of the “HARD TRUTH” was officially launched in Yangon on October 2013. A few months earlier Mr. LEE latest book, “One Man’s View of the World” was launched and Zin Wai Thaw was already discussing about doing a translated version of it.
Once again, many thanks to Singapore Press Holding, license was granted for this translation “One Man’s View of the World“to Zin Wai Thaw.

Not the least, this translation is a humble tribute to Mr. LEE Kuan Yew (1923-2015), a visionary leader who seeks so little for himself but care so much for Singapore and humanity.

မျက်နှာ မလိုက်ကြေး၊ ဘယ်ပုံက သဘာဝပိုကျသလဲ။



*****

စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ ပတ်သက်လို့ ကောက်ချက်တွေ အကြိမ်ကြိမ် လွဲခဲ့တဲ့ ဆရာကြီးလီဟာ အခုလည်း.........


မြန်မာ
ဗိုလ်ချုပ်ကြီးများ လမ်းကြောင်းပြောင်းခြင်း

"နိုင်ငံရဲ့ စီးပွားရေးတံခါးဖွင့်မှုကို အဓိကအားရှိစေမယ့် နောက်အချက် တစ်ချက် ကတော့ နိုင်ငံခြားမှာ ရောက်ရှိနေထိုင်နေကြတဲ့ မြန်မာလူမျိုးတွေပါပဲ။ မြန်မာပြည်ထဲကနေ ထွက်ပြေးသွားကြတဲ့ အဲဒီအုပ်စုဟာ အတော်ဆုံးမြန်မာလူမျိုးတွေ ပါ။ သူတို့က မွေးလာတဲ့ကလေးတွေက နိုင်ငံတော်အပေါ်ထားရှိရမယ့် တာဝန် နဲ့ဝတ္တရားတွေကို မသိတော့ဘူး ဆိုရင်တောင်မှ မြန်မာပြည်ကနေ ငယ်စဉ်မှာ ထွက်ခွာခဲ့သူတွေ၊ အရွယ်ရောက်မှ ထွက်ခွာခဲ့သူတွေကတော့ လူမျိုးရေးအသိ နဲ့ လူမျိုးရေးခံယူချက် မြဲမြဲ မြန်မြန်ရှိနေကြပါတယ်။ နိုင်ငံရေးပြုပြင်ပြောင်းလဲ မှုတွေနဲ့အတူ အဲဒီ နိုင်ငံခြားရောက်မြန်မာတွေကိုပါ ပြန်လာအောင် စည်းရုံးပြီး စီးပွားရေး စတင်လုပ်ကိုင်နိုင်မယ်ဆိုရင် နိုင်ငံအတွက် တကယ့်အခွင့် အရေးကြီး တစ်ခုဆိုတာ မြေကြီးလက်ခတ် မလွဲပါပဲ။"