စပါးနှံနှင့် ပြောင်းဖူး

ညီမလေးရေ-
          ဒီတစ်ခါတော့ စာသင်ခန်းထဲကို ပထမဝင်လာတာက ရသေ့ကြီးတဲ့ကွယ်။ သူ့လက်ထဲမှာလည်း ငိုက်နေတဲ့စပါးနှံတစ်နှံ ကိုင်ထားသတဲ့။ ကလေးတွေက စာကလေးတွေများ အစာကျွေးဖို့လားလို့ စဉ်းစားနေတာပေါ့။

          မဟုတ်ပါဘူးကွာ၊ ရသေ့ကြီးက စပါးနှံကိုပြပြီး-


          “ပညာရှိဆိုတာ အဆံပြည့်နေတဲ့ စပါးနှံလို ငိုက်နေတယ်။ ထောင်ထောင်လွှားလွှား မရှိတော့ဘူး” ဆိုပြီး ပညာရှိရဲ့ ဂုဏ်ပုဒ်တွေကို ရှင်းပြသတဲ့။


          ဒီတော့ ကျောင်းသားလေးတစ်ယောက်က-
          “ပညာရှိမဖြစ်ချင်တော့ပါဘူး။ ပညာရှိဖြစ်ရင် လူတကာကို မော့မကြည့်ရဲတော့ဘူး။ ကျွန်တော်တို့မှာ အဲသလောက်ပျော့တဲ့ ခါးရိုးတွေမရှိဘူး။ လူတွေ့တိုင်းကို ဦးညွှတ်အရိုအသေ မပေးနိုင်ဘူး၊ စပါးနှံဆိုတာက လေလာရာ ယိမ်းတတ်တဲ့ သဘောလည်းရှိတယ်၊ ကျနော်တို့က အဲလိုကြီး လိုက်မယိမ်းနိုင်ပါဘူး” လို့ တွေးတွေးဆဆ ပြောသတဲ့။

          ဒီတော့ ရသေ့ကြီးက-
          “မင်းတို့ခေတ် လူငယ်တွေ တော်တော်ပြောရခက်တာပဲ” ဆိုပြီး စိတ်ဆိုးဆိုးနဲ့  စာသင်ခန်းထဲက ထွက်သွားသတဲ့။


  ရသေ့ကြီး စာသင်ခန်းထဲက ထွက်သွားတော့ (၂၁) ရာစု ရဟန်းတစ်ပါး ဝင်လာသတဲ့ကွယ်။ သူ့လက်ထဲမှာ ပြောင်းဖူးကြီးတစ်ဖူးလည်း ကိုင်ထားသတဲ့။ အဲဒီ ရဟန်းက-


       “ကလေးတို့ရေ၊ ဒီပြောင်းဖူးကြီးကို ကြည့်ကြကွဲ့။ ဒီပြောင်းဖူးကြီးဟာ အဆံလည်းပြည့်နေပြီး၊ နေတာကလည်း ပညာရှိဆန်ဆန် ခပ်ဖြောင့်ဖြောင့် ခပ်မှန်မှန်ပဲ။ သူတတ်ထားတဲ့ ပညာကို ဘယ်အာဏာ ဘယ်ပါဝါနဲ့မှ မလဲနိုင်ဘူးလို့လည်း ခံယူထားတယ်ဒီတော့ ဒီပြောင်းဖူးကြီးက လူတွေ့တိုင်း ဦးညွှတ်အရိုအသေ မပေးတော့ဘူးတဲ့သူ့ခါးက သိပ်မပျော့လို့လည်း နေမှာပေါ့ကွယ် ၊ ဒီတော့ သူကလေလာတိုင်းလည်း လိုက်ယိမ်းစရာ မလိုတော့ဘူး” လို့ ရှင်းပြသတဲ့။
 
  ဒီတော့ ကလေးတွေက “ဟုတ်တာပေါ့၊ ပညာတတ်ပြီး ဘာမှမဟုတ်တဲ့လူတွေကို လိုက်ဦးညွှတ်ရတာ၊ လေလာတိုင်း လိုက်ယိမ်းနေရတာ ခါးညောင်းပါတယ်” လို့ ပြောကြသတဲ့။        ။


ဒါပါပဲ ညီမလေးရယ်-
   ဒီပုံပြင်က အန္တရာယ်ကြီးသကွဲ့ ။ ညီမလေးကို ချစ်လို့ (အားကြီးချစ်လို့)  ပြောတာ။ သူများတွေကို လျှောက်မပြောရဘူးနော်။ သဘောတူသော်ရှိ၊ မတူသော်ရှိပေါ့ကွယ်။ မှတ်ထားနော် ညီမလေး။



ဇင်ဝေသော်



















Copyright © 2011 ကမ်းလက်. All rights reserved.

❀အာ့တ်၊ အနုပညာ❀

ဘိက္ခု ဘိက္ခူနီတ္ပေ ကျောင်းကိုမြေမှုန့်လိမ်းကျံပြီး တန်ဆာဆင်တာ၊ ပန်းစသည်တို့နဲ့
တန်ဆာဆင်တာတ္ပေကို ခ္ပင့်ပြုတော်မူတာကြည့်ရင် ဘုရားရှင်ဟာ အနုပညာကို
တန်ဖိုးထားတယ်ဆိုတာ သိသာထင်ရှားပါတယ်။

ဗုဒ္ဓဘာသာပြန့်နှံ့ ခဲ့တာကကို ပန်ချီ၊ ပန်းပု၊ ကဗျာ၊ပြဇာတ်၊
အနည်းငယ်သော ဂီတတ္ပေကို အမှီပြုပြီး ပျံ့နှံ့ခဲ့တာပါ။
ဒါကို ငြင်းလို့မရပါဘူး။












Copyright © 2011 ကမ်းလက်. All rights reserved.

✿◕ ‿ ◕✿ ဗုဒ္ဓဘာသာ နှင့် မြန်မာ့ယဉ်ကျေးမှု သင်တန်း ✿◕ ‿ ◕✿


စင်္ကာပူရောက် ပထမဒုတိယမျိုးဆက် မြန်မာကလေးငယ်များအတွက်

ဗုဒ္ဓဘာသာ နှင့် မြန်မာ့ယဉ်ကျေးမှု သင်တန်း

မှတ်တမ်းဓါတ်ပုံများ (အဘိဓမ္မာ အသင်းကြီး၏ Facebook မှ)
၁။ ၁၂-၀၂-၂၀၁၂ (ပြည်ထောင်စုနေ့)
၂။ ၁၉-၀၂-၂၀၁၂
၃။ ၂၆-၀၂-၂၀၁၂


ပထမနှစ်တွင် စတင်သင်ကြားပေးမည့် ဘာသာရပ်များ -
 ╰⊰⊹✿ ဗုဒ္ဓဘာသာ ✿⊹⊱╮
- သြကာသ၊ သရဏဂုဏ်၊ ငါးပါးသီလ၊ ရှစ်ပါးသီလ၊
- ခုနစ်နေ့ ဘုရားရှိခိုး၊ ဗုဒ္ဓ၀င်အကျဉ်း၊
- ဘုရားရှင်၏ နာမည်ကျော် သာဝကများ စသည်။


╰⊰⊹✿ မြန်မာ့ယဉ်ကျေးမှု ✿⊹⊱╮
- ရွှေတိဂုံ ပုဂံ စသည့် ဘာသာရေးနှင့် လူမျိုးရေး အမွေအနှစ်များ၊
- မြန်မာပြည်တည်နေရာ၊ ရာသီဥတု၊ အစားအစာ၊
- တိုင်းရင်းသားလူမျိုးစုများ၊ ၀တ်စားဆင်ယင်မှု၊ ပြောဆိုဆက်ဆံမှု စသည်။
- မြန်မာနှစ်၊ လ၊ ပွဲလမ်းသဘင် နှင့် ရာသီပန်း စသည်။

[စာသင်ချိန် နာရီ (၄၀)ခန့်၊ အီလီနွိုက်တက္ကသိုလ်၏ သင်ရိုးညွှန်းတမ်းကို မှီးသည်]

နေရာ - မင်္ဂလ၀ိဟာရ၊ 30 Jalan Eunos, Singapore 419495
နေ့ရက် - ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၂၉ရက်မှ စ၍ တနင်္ဂနွေနေ့တိုင်း
အချိန - ညနေ (၇)နာရီမှ (၉)နာရီအထိ
သင်တန်းကာလ - သုံးနှစ် ။

★နှစ်စဉ် စာမေးပွဲ စစ်မည်။ အောက်လက်မှတ်နှင့် ဆုများ ချီးမြှင့်မည်။
★မိဘကိုယ်တိုင် လက်မှတ်ထိုး၍ အပ်နှံရမည်။
★ကျောင်းသားဦးရေ ကန့်သတ်ချက် ရှိသည်။

ဆက်သွယ်ရန်
၁။ ဦးမြင့်သိန်း ၊ ☎ ၈၁၅၉ ၃၉၈၉ ၊ ✉mtheingeo@gmail.com
၂။ ဒေါ်မြင့်မြင့်သန်း၊ ☎ ၉၄၂၄ ၂၇၁၃ ၊ ✉mamyintthan@gmail.com

“ပစ္စုပ္ပန်ကို မကျေနပ်လို့ အနာဂတ်နောက်ကို အသဲအမဲ လိုက်နေရင်း အတိတ်က ခမ်းနားတဲ့ ဘာသာရေးနဲ့ ယဉ်ကျေးမှု အမွေတွေ ကျကျန်ခဲ့မှာစိုးလို့ ဒီ သင်တန်းကို စခဲ့ကြပါတယ်။

သင်တန်းဖြစ်မြောက်ရေးအဖွဲ့

အပေါ့စတေစီ၊ ဘာသာကူးပြောင်းခြင်း

 
မိမိဘာသာကို စ္ပန့်လွှတ်သ္ပားတဲ့အတ္ပက် ပစ်ဒဏ်ပေးရမယ်၊
ငရဲရောက်သ္ပားလိမ့်မယ်လို့ ဘုရားရှင် ဘယ်တုန်းကမှ မမိန့်ခဲ့ဖူးပါဘူး။

ဘာသာကူးပြောင်းသ္ပားလို့ တရားစွဲအရေးယူတာမျိုးတ္ပေ
ဘယ် ဗုဒ္ဓဘာသာနိုင်ငံမှာမှ မရှိပါဘူး။




Copyright © 2011 ကမ်းလက်. All rights reserved.

❖ ဘုရားဆေးနဲ့ဝေးတဲ့ရဟန်း ❖


၁။ ဝက်နဲ့သင်္ဘောသီး
မြန်မာတွေမရောက်ခင်က သင်္ဘောသီးစားရမှန်း နာဂတွေမသိကြသေးဘှုး၊
အများအားဖြင့်ဝက်တွေကို ခုတ်ပြီး ကျွေးကြတာ၊
မြန်မာတွေက သင်္ဘောသီးမှည့်သွားတောင်းရင်
ဝက်ကျွေးဖို့လားလို့ မေးတတ်ကြသတဲ့။
စားလို့ရမှန်းလည်းသိရော အလကားသွားတောင်းလို့ မရတော့တဲ့အပြင်
သူတို့ပါ လိုက်စားလာကြတော့ ဝက်တွေသင်္ဘောသီး သိပ်မစားရတော့ဘူး။  ။

၂။ ပဲငါးပိနဲ့ ဆော်ယာဘီးမစ်(လ်ခ်)
ရွာမှာတုန်းက နွားတွေအလုပ်များပြီးပင်ပမ်းတဲ့ရက်တွေဆိုရင်
ပဲငါးပိတို့ ပဲစင်းငုံတို့ကို ရေစိမ်ပြီး နွားတွေကိုအားရှိအောင် တိုက်ကြတယ်၊
အခုပဲငါးပိစိမ်ရည်ဖြစ်တဲ့ ဆော်ယားဘီးနို့တွေကို နိုင်ငံခြားကလူတွေ
အမြတ်တနိုးကြီးသောက်နေကြတာ တွေ့ရတယ်။
အဲဒီနောက် ဈေးကြီးလွန်းလို့ ရွာက လူတွေတောင်
ပဲငါးပိတို့ ပဲစင်းငုံတို့ စားဖို့မလွယ်တော့ဘူး တဲ့။  ။

၃။ နွားကျင်ငယ်ရေနဲ့ ဖန်းခါးသီး
ဘုရားပေးတဲ့ဆေးဖြစ်တဲ့ နွားကျင်ငယ်ရေနဲ့စိမ်တဲ့ ဖန်းခါးသီးကို
ဒီနေ့အထိဘုန်းပေးဆဲ ဆရာတော်ကြီးတစ်ပါးရှိတယ်၊
ဘုရားပေးတဲ့ဆေးမို့သာ အနံ့အသက်ကတော့ တော်တော်ကိုပြင်းတယ်။
တစ်ခါက ဆရာတော်ကြီးရဲ့ တပည့်တစ်ပါးနဲ့ တစ်ခန်းထဲ နေခဲ့ရဖူးတယ်၊
သူက အဲဒီဆေးကို တစ်ခါဘုန်းပေးလိုက်ရင် လှောင်နေတဲ့အခန်းထဲ
အနံ့တွေစွဲကျန်ရစ်တာ တော်တော်နဲ့ မပျောက်တော့ဘူး၊
သူက စမ်းကြည့်ပါလားဆိုတော့ ဘုရားဆေးနဲ့ဝေးတဲ့ရဟန်းမို့
အနံ့ကို မခံနိုင်ဘူး၊ ဖြစ်ပုံက၊ အနံ့ပဲသောက်ခဲ့ရတော့တယ်။
အနံ့ပဲသောက်ရတာကကိုမလွယ်ဘူး။

ဒါနဲ့ပဲ  ဘုရားဆေးနဲ့ ဒီခေတ်ရဟန်းကလည်း
ဝက်နဲ့သင်္ဘောသီး၊ နွားနဲ့ ပဲငါးပိတို့ပဲစင်းငုံတိုလိုဖြစ်လို့။  ။






သီဟနာဒ
 















Copyright © 2011 ကမ်းလက်. All rights reserved.