အမျိုးသားတွေရဲ့ အသံ

မေး။ ။ အိမ်နောက်ဖေးမှာ ခွေးက သူ့ကို အပြင်မှာထားပြီး တံခါးပိတ်မိ လို့ ဟောင်နေမယ်၊ အိမ်ရှေ့မှာလည်း အပြင်ကပြန်လာတဲ့ဇနီးက တံခါး ဖွင့်ပေးဖို့ ခေါ်နေမယ်ဆိုရင် ဘယ်ကို အရင်သွားမလဲ။
ဖြေ။ ။ ခွေးဆီ အရင်သွားရမှာပေါ့။
မေး။ ။ ဘာလို့ပါလဲ။
ဖြေ။ ။ ခွေးက အထဲရောက်ရင် ငြိမ်သွားမှာလေ။

မေး။ လက်ထပ်ခြင်းကို ဘယ်လို သဘောပေါက်ပါသလဲ
ဖြေ။ လက်ထပ်ခြင်းဆိုတာ "ring" သုံး "ring" နဲ့ ဖွဲ့စပ်ထားတဲ့ လူမှု ဆက်ဆံရေး တစ်မျိုးပါ။
မေး။ စိတ်ဝင်စားစရာပါပဲ၊ "ring" သုံး "ring" က ဘာတွေပါလဲ၊ ပြောပြပေး ပါလား။
ဖြေ။ "ring" သုံး "ring" ဆိုတာက engagement ring, wedding ring နဲ့ suffer ring တွေပါ။

မေး။ အန္ဒိယနဲ့ အာဖရိကမှာဆို အမျိုးသားတွေဟာ သူတို့ လက်ထပ်ရမယ့် ဇနီးအကြောင်း လက်မထပ်ခင်အထိ ဘာမှ မသိကြရဘူးလို့ သိရပါတယ်။
ဖြေ။ အင်း ဒါက အန္ဒိယနဲ့ အာဖရိကမှာတင်မဟုတ်ပါဘူး။ နိုင်ငံတိုင်းက အမျိုးသားတိုင်း မှာ ဒီပြဿနာရှိပါတယ်။
မေး။ တကယ်လား။
ဖြေ။ တကယ်ပေါ့။ ကျနော်ဆို ကလေးသုံးယောက်ရတာတောင် ကျနော့် ဇနီးအကြောင်း မသိသေးဘူး။

မေး။ ညပိုင်း အိမ်မှာမရှိတဲ့ ယောက်ျား ဘယ်မှာရောက်နေတယ်ဆိုတာကို တိတိကျကျ ပြောနိုင်တဲ့ ဇနီး ရှိနိုင်ပါသလား။
ဖြေ။ ရှိနိုင်တာပေါ့။
မေး။ စိတ်ဝင်စားစရာပါပဲ၊ ဘယ်သူလဲ၊ ပြောပြပေးပါလား။
ဖြေ။ ဒါက အိမ်ထောင်ထပ်မပြုသေးတဲ့ ဘယ် မုဆိုးမ မဆို သိနိုင်တဲ့ ကိစ္စပါ။

လူနောက်တွေနဲ့ သုတေသန

၂၀၁၁ ခုနှစ်မှာ ယူကေအစိုးရ က ဘာသာတွေနဲ့ ဘာသာဝင် အရေအတွက် ကို စာရင်းဇယားနဲ့ ထုတ်ပြန်ပေးခဲ့တယ်။
ဟုတ်မလိုလိုပါပဲ။ ကိုးကွယ်တဲ့ဘာသာ ဆိုပြီး ကွက်လပ်ထားပေးတယ်၊ ဖြည့် ရ တယ်ပေါ့။
တချို့ ခပ်နောက်နောက်လူတွေက (Jedi) လို့ ဖြည့်တယ်။
ဒီ ဘာသာကို တစ်ခါမှလည်းမကြားဖူးပါဘူးလို့ ထင်ကောင်း ထင်စရာပါ၊ ဒါဆို the Star Wars (ကြယ်တာရာစစ်ပွဲ) ရုပ်ရှင်ကား မကြည့်ဖူးသေးလို့ပဲဖြစ်ပါ တယ်။
ဂျေဒီ (Jedi) ရီလေးဂျင်းက အပြင်မှာတကယ်မရှိဘဲ ကြယ်တာရာစစ်ပွဲ ရုပ်ရှင်ကားထဲမှာပဲ ရှိတာပါ။ ယူကေက လူတွေ အစိုးရကို နောက်တယ်၊။


Ref: The Middle Way Journal, July, 2013

***အနိစ္စ ပွင့်သီ***

ဘယ်အချိန်မှာ စ၍ ရွာခဲ့မှန်းမသိသည့် မိုးက ရွာနေဆဲပင် ဖြစ်လေသည်။ သိပ်ပြီးမဆိုင်လှသော်လည်း ပြောင်းလဲသွားတတ်သည့် သဘောတချို့ဆီ ယနေ့မနက် မိုးအေးအေးထဲမှာ စိတ်လွင့်သွားခဲ့မိသည်။
ကန့်ကော်ပင် အသွင်ပြောင်းခဲ့ပြီ။ သပြေပင်လည်း အသွင်ပြောင်းနေပြီ။

ကန့်ကော်ပင်ကို မြန်မာပြည်မှ သယ်ယူလာသူက ထားဝယ်သူ၊ မွန် တရုတ် စပ် အန်တီချန်ဟုခေါ်သည့် ဒကာမကြီးဖြစ်သည်။ သူမ၏ စင်္ကာပူ သက်တန်း က ၆၀ ကျော်ပြီထင်သည်။ သူမ သမီးက ပြင်သစ်လူမျိုးနှင့် အိမ်ထောင်ကျပြီး သူမမြေးများက ပြင်သစ် စစ်စစ်ကလေးတွေ ဖြစ်နေကြပြီ။

ကန့်ကော်ပင်က ဘာသာရေးနှင့် ဆက်စပ်မှုရှိနေသည်။ ပွင်လတံ့သော ဘု ရားရှင်သည် ကန့်ကော်ပင်ခြေရင်းမှာ သစ္စာအလင်း ပွင့်မည်ဟု ဆိုထား သည်မဟုတ်ပါလား။ ဤက အတန်ကွာဝေးသော ကိစ္စဖြစ်သည်။ ကျွနုပ် သိနိုင်သည့် ကိစ္စမဟုတ်။ သေချာသည်က စင်္ကာပူကို ရောက်လာပြီး ကန့်ကော်၏ အရွက်တို့ ထွားကြိုင်းလာသည်။ မသိလျှင် ကန့်ကော်ပင်မှ ဟုတ်ပါလေစဟု ထင်စရာ ဖြစ်နေသည်။
လွန်ခဲ့သည့်နှစ်တွေက ကန့်ကော်တွေ ပွင့်တော့မှ အရွက်သာမဟုတ် အပွင့်တွေကလည်း နှစ်ဆခန့် ကြီးနေသည်ကို တွေ့ခဲ့ရပြန်သည်။ မြန်မာ တ ချို့က စင်္ကာပူ ကန့်ကော်က မြန်မာကန့်ကော်လောက် မမွှေးဟု ဆိုကြသည်။ အခြား ကန့်ကော်ပင်များကိုတော့ မဆိုလိုပါ၊ ကျောင်းထဲမှာ ကြီးပြင်းလာ သည့် ကန့်ကော်ပင်ကတော့ မြန်မာပြည်မှ သယ်ယူလာသည့် ကန့်ကော်ပင် ငယ်လေးမှ ကြီးထွားလာခြင်းဖြစ်ကြောင်း သေချာသည်။
သို့သော် မြန် မာပြည်မှ သယ်ယူလာသည့် ကန့်ကော်ပင်ငယ်လေးသည် လည်း ဒီက ရေ မြေ တောတောင်သဘာဝအတိုင်း ရှင်သန်နေရကား ဒီမှာ ရှိသည့် ကန့်ကော်တို့အတိုင်း တစ်သွင်တည်း ဖြစ်သွားလေတော့သည်။
စင်္ကာပူမှာ ကြီးသည့်ကန့်ကော်ကို မြန်မာပြည်က ကန့်ကော်နှင့် ဘာကြောင့် အသွင်မတူ ကွဲပြားနေရသနည်းဟု အပြစ်တင်လျှင် မိမိ၏ အတ္တကြီးမားမှု၊ သဘာဝဓမ္မကို သွေဖီမှုကိုသာ အပြစ်ဆိုဖွယ် ရှိပေတော့မည်။

ထို့အတူ လွန်ခဲ့သော နှစ်နှစ်ခန့်က ကျောင်းဝင်းထဲမှာ မရှိသေးသဖြင့် သပြေ ပင် ကိုယ်တိုင်ပင်စိုက်ထားလိုက်သည်။ ယခု နှစ်နှစ်သား သပြေပင်က အနံ ကြီးကွင်းကျယ်စတိုင် ဖမ်းနေပြီဖြစ်သည်။ မသိလျှင် သပြေပင်ဟု မထင်ရေ တာ့။ သူ့အရွက်တို့က သရက်ရွက် အငယ်စား အနုစားလေးများလောက် ရှိနေသည်၊ စိုက်စဉ်ကလို ရှည်မျောမျော အရွက်ငယ်လေးများ သူ့ပင်စည်မှာ မရှိတော့။

စဉ်းစားမိသည်။
ပမာဏ ကြီးထွားလာသည့် ထို သပြေခက်တို့ကို ဘုရားတင်ရန် သင့် မသင့်။
သင်က တင်သည် ဆိုပါစို့၊ ပတ်ဝန်းကျင်က သင့်ကို ဘာကြောင့် သရက် ရွက်တွေကို ဘုရားတင်ထားတာလဲဟု အပြစ်တင်ကောင်း တင်ပေလိမ့်မည်။
အကယ်၍ သူတို့က အပြစ်တင်သော် အဓိက တရားခံက ဘယ်သူဖြစ်နိုင်ပါ သလဲ။
ရေ မြေ တောတောင်သဘာဝလား
အသွင်ပြောင်း သပြေခက်လား
သင် ကိုယ်တိုင်လား
အပြစ်တင်သည့် ပတ်ဝန်းကျင်လား။
အန်တီ ချန်၏ မြေးနှစ်ယောက်သည် ဗုဒ္ဓဘာသာခံယူထားသည်မှ အပ မြန် မာစကား တစ်လုံးမှ မသိတော့၊ အသွင်အားဖြင့်လည်း ယူရိုပီယံ စစ်စစ်။

သို့ဖြစ်လျှင် ယခု စာရေးနေသည့် ရဟန်းကိုယ်တိုင်ကရော????
မထင် မမြင်သာသည့် အတွေး အခေါ်တို့ကို ဘေးဖယ်ထား မည်ဆိုလျင် ပင် ပေါင် ၁၂၀ ဖြင့် ရောက်လာခဲ့သည့် ရဟန်း ယခု ပေါင် ၁၆၀ ရှိနေတာ ကိုတော့ ဖုံးဖိထားလို့ ရအံ့မထင်။
၁၀ နှစ်ကျော်အတွင်း ပေါင်ချိန် ၄၀ ခန့် တက်လာခြင်းမှာ ယခု ရွာနေသော မိုးနှင့် ဆိုင် မဆိုင်တော့ မပြောတတ်တော့ပေ။ ဆိုင်ကောင်း ဆိုင်နိုင်၏။
လူ၊ သဘာဝ၊ အညမည၊ သဟဇာတ နှင့် အဒက်ပတေဘယ်လ်တီ (Adaptability) ။
အနိစ္စ။ မိုးကတော့ အပြင်မှာ ရွာနေဆဲ ဖြစ်၏။

ပေါက်တတ်ကရ အင်္ဂလိပ်စာ

အင်တာဗျူး တစ်ခုထဲမှာ မြန်မာသမ္မတ ဦးသိန်းစိန်က "ပီအာ" (PR) ကောင်း တယ်လို့ ဖြေထားတာ တွေ့ရတယ်။ ခက်တာက ကျနော်တို့ သိထားတဲ့ "ပီအာ" (PR) က အနည်းဆုံး အဓိပ္ပါယ်သုံးမျိုး ဖြစ်နေတယ်။
လူထုကြားထဲမှာတော့ (PR) က Public Relations လူထုဆက်ဆံရေး။
နိုင်ငံရေးလောကမှာတော့ (PR) က Politically Correct ဖြစ်သွားရော။ နိုင် ငံရေး သဘောတရားအရ မှန်တယ်။
နိုင်ငံခြားရောက်နေတဲ့ လူတွေအသုံးများတာကတော့ (PR) ဆိုတာ Permanent Resident (နိုင်ငံခြားမှာ အမြဲနေထိုင်ခွင့် ရရှိသူ) ဖြစ်တယ်။
(PR:proportional representation ကိုတော့ မဆိုင်လို့ ချန်ထားခဲ့ရတယ်။)

ဒါဆို ဦးသိန်းစိန်ဟာ
၁။ လူထုဆက်ဆံရေးကောင်းသူလား
၂။ နိုင်ငံရေးသဘောတရားအရ မှန်နေသူလား
၃။ နိုင်ငံခြားမှာ အမြဲနေထိုင်ခွင့် ရရှိသူလား။

တစ်ခုရှိတာက Resident (Re-sident) နဲ့ President (Pre-sident) ကိုမှားပြီး မဖတ်ဖို့ပဲ။
ရီ (Re) နဲ့ ပရီ (Pre) က အင်္ဂလိပ်မှာလည်း အဓိပ္ပါယ် မတူဘူး မဟုတ်လား။ သမ္မတကြီးကို အားနာစရာ။
'ရီ' က လပ်ဖ်၊ စမိုင်းဖြစ်ပြီး 'ပရီ' က ဘာကြီးမှန်း မသိဘူး။

ဗေဒင်ဆရာ၊ မှန်ဘောင်

တိုက်ဆိုင်မှုလား၊ နောက်နေတာလားတော့ မသိဘူး။ ဦးသိန်းစိန်က ယူကေ ရောက်နေတုံး ဒီနှစ်အကုန်မှာ နိုင်ငံရေး အကျဉ်းသားတွေအားလုံး လွှတ်ပေးမယ်၊ ၂၀၁၄ ခု နှစ်စမှာ စတော့ အိတ်စ်ချိန်း မြန်မာပြည်မှာ စတော့ မယ် ဆိုတဲ့သတင်းကို ကိုးကားဖော်ပြပြီး နောက် တစ်မျက်နှာ ဆက်ဖတ် လိုက်တော့...
တရုတ်ပြတိုက်တစ်ခုထဲမှာ ပြထားတဲ့ ရှေးဟောင်း ပစ္စည်းပေါင်း လေးေ သာင်းကျော်က အတုတွေဆိုတာ ဖော်ပြထားတာ တွေ့ရတယ်။ ဆိုင်တော့မဆိုင်လှဘူး ထင်တာပါပဲ၊ ဒါပေမဲ့ သတင်းနှစ်ပုဒ်ကို ဆက်ကြည့် လိုက်ရင်တော့ "ဗေဒင်ဆရာ၊ မှန်ဘောင်" လို ဖြစ်နေတယ်။
ဦးသိန်းစိန်ကတော့ သူကတိပေးထားတဲ့ ဂုံးကျော်တံတားကြီးတွေ ပြီးအောင် အရင်ဆောက်ရဦးမယ်ထင်တယ်။ အချိန်မှီ မပြီးဘူးဖြစ်နေတယ်။

ဘာသာရေးနဲ့ နိုင်ငံရေး 1,2, 3

၁။ မလေးရှားပညာရေးဝန်ကြီးဌာနက (မိဘတစ်ယောက် သဘောတူရင် ကလေးမွတ်စလင်ဖြစ်စေ ဥပဒေပြီးတော့) ပုဂ္ဂလိက တက္ကသိုလ်တွေမှာ အစ္စလာမ်ဘာသာနဲ့ အာရှယဉ်ကျေးမှု မသင်မနေရ ဥပဒေမူကြမ်း ထပ် တင် သွင်းတော့ ပွစိ ပွစိဖြစ်နေကြပြန်ပြီ။ ကျန်တဲ့ ဘာသာဝင်တွေက ဘယ် သဘောတူပါ့မလဲ၊
လစ်ဘရယ်ဖြစ်တဲ့ မွတ်စလင်တွေကလည်း ဒီဥပဒေမူကြမ်းက မဟန်လှဘူး ဆိုတာသိပေမဲ့ ဖွင့်ပြော (ရဲ) ကြမှာတော့ မဟုတ်ဘူး။ ဘာပဲပြောပြော အစ္စလာမ်နိုင်ငံတွေထဲမှတော့ မလေးရှားက အပျော့ပြောင်းဆုံးလို့ဆိုရမှာပါ။

၂။ စင်္ကာပူက လီကွမ်းယုကြီး သူကိုယ်တိုင် တရားထိုင်၊ အကျိုးရှိမှန်းလည်း သိပြီးတဲ့နောက် စာသင်ကျောင်းတွေမှာတောင် ကလေးတွေကို တရာထိုင် ခိုင်း သင့်တယ်လို့ လူသိရှင်ကြားပြောပြီး အသံပြန်တိတ်သွားခဲ့တယ်။ မတိတ်လို့မရဘူး၊ ဒီမိုကရေစီနိုင်ငံမှာ ဘယ်လောက်ကောင်းတယ်ပြောပြော ဘာသာတစ်ခုရဲ့ အဆုံးအမကို ဘာသာမျိုးစုံ ကျောင်းသားတွေကို သင်ပေး လို့ မရနိုင်ဘူး။ ကျန်တဲ့ဘာသာဝင်တွေက သဘောမတူဘူး။ ကိုယ်ကြိုက်ရင် ကိုယ်ဘာသာ တခြားနေရာ သွားလုပ်လို့ပဲရမယ်၊ ပတ်ဘလစ်ကျောင်းမှာတော့ မရဘူး။

၃။ အမေရိကမှာလည်း ဒီလိုအသံ ထွက်လာသေးတယ်။ ယောဂအကျင့်ကို ပတ်ဘလစ်ကျောင်းတွေမှာ သင်သင့် မသင်သင့်ပေါ့။ တကယ်တော့ ယောဂဆိုတာ ဟိန္ဒူဘာသာရေးပိုင် ကျင့်စဉ်တစ်ခုပဲ။ ဒါပေမဲ့ တချို့ကတော့ ယောဂအကျင့်ကို အမေရိကန်လူထုက မွေးစားလိုက်ပြီမို့ ဟိန္ဒူဘာသာရေး ကျင့်စဉ်တစ်ခု မဟုတ်တော့ဘဲ ကျန်းမာရေးအတွက် လေ့ ကျင့်ခန်းမျှသာ ဖြစ်တော့တယ်၊ ဒါကြောင့် ဘာပြဿနာမှ မရှိနိုင်ဘူးလို့ ဆို ကြလေရဲ့။

လူ့အဖွဲ့အစည်းသာ ကွန်ပြူတာ တစ်လုံးဆိုရင်
နိုင်ငံရေးနဲ့ စီးပွားရေးက ဟာ့ဒ် ဝဲယားတွေဖြစ်ပြီး
ပညာရေးနဲ့ ဘာသာရေးက ဆော့ဖ် ဝဲယားတွေ ဖြစ်နေလိမ့်မယ်။
ဆင်ခြင်မိသင့်တာတွေ အများကြီးပဲ ထင်တယ်။