ဒုကၡပဲ


အစိုးရကေတာ႔ ေဟာင္ေကာင္ေက်ာင္းသားသပိတ္ ကိုင္တြယ္ပုံကို အတုယူၿပီ ထင္တယ္။ ေလ်ွာက္ၾကစမ္းေပါ႔။ (ေလရွီးၿမိဳ႕ကို ေျခလ်င္တက္ဖူးတယ္၊ မိုင္ ၄၀ ခန္႔၊ ေတာင္တက္ခရီး၊ ႏွစ္ညအိပ္ သုံးရက္။ တကယ္ မလြယ္ဘူး။ မိုးဖြဲထဲေလ်ွာက္ တာေတာင္ ေခၽြးထြက္မရပ္ဘူး)

ဟိုကေလးေတြက ၿမိဳ႕ထဲမွာ ထီးအဝါနဲ႔။ တို႔ကေလးေတြက ေတာလမ္းမွာ ေနပူ က်ဲက်ဲ။ ေနာက္ၿပီး ေဟာင္ေကာင္ေက်ာင္းသားေတြေနာက္မွာ ျပည္သူေထာက္ခံမႈ အားမေကာင္းလွဘူး။ ျပည္သူထဲမွာကို တရုတ္ဖက္ စီးပြားေရးအရ ရိုင္ေနတာ အမ်ားႀကီး။ အေျခအေနက မတူလွဘူး။ ဒုကၡပဲ။

ေမာနင္း ပို႔စ္




၁။ ဆယ္ဖီေရာဂါ

တေလာေလးကပဲ ရထားလာေနစဥ္ ဆယ္ဖီရိုက္၊ အခ်ိန္မွီထြက္မေျပးႏိုင္လို႔ အိႏၵိယ အမ်ိဳးသမီး သုံးဦး ရထားႀကိတ္လို႔ ေသဆုံးရတဲ႔အေၾကာင္း ဖတ္လိုက္ရတယ္။ အခု အေမရိကန္ ပိုင္းေလာ႔ ကလည္း ဒီ ဆယ္ဖီနဲ႔ပဲ ေလယာဥ္ထိုးက်ခဲ႔ရပါသတဲ႔။ ဒါနဲ႔မ်ား ေရာဂါဆိုးေတြအေၾကာင္း ေရးေနၾကေသးတယ္။ လူဆိုတာ ဆယ္ဖီရိုက္ရင္းလည္း ေသ သြားႏိုင္တာပဲ။ သတင္း ရႈ။

၂။ ေအာ္စကာႀကိမ္စာ

အစကေတာ႔ ေအာ္စကာဆုရတဲ႔ မင္းသမီးေတြ အဲဒီရတဲ႔ႏွစ္မွာပဲ အိမ္ေထာင္ကြဲတတ္တယ္လို႔ ဆိုၾကပါတယ္။ အခု စနစ္တက်သုေတသနကေျပာတာကေတာ႔ ေအာ္စကာႀကိမ္စာက မင္းသမီးေတြထက္ မင္းသားေတြကို ပိုအထိမ်ားပါသတဲ႔။ တကယ္က ေအာ္စကာဆုမရရင္ေန ဆန္ကာတင္ အေရြးခံရၿပီဆိုရင္ပဲ ဒီ ေအာ္စကာႀကိမ္စာကေန မလြတ္တတ္ဘူး တဲ႔။ နာမည္ ထြက္ၿပီး မရလိုက္တဲ႔အခါမွာ အမ်ိဳးသားေတြက အမ်ိဳးသမီးေတြေလာက္ ေျဖၿပီးမေတြးတတ္ၾကလို႔ ပါတဲ႔။ ဘာရယ္မဟုတ္ပါဘူး။ ေအာ္စကာ ေနာ္မီနိတ္ကိုမ်ား ရည္းစားေတာ္ထားမိရင္ (သို႔) ကိုသစၥာနဲ႔ ဝင္႔ဝါတို႔ သတိထားမိေအာင္လို႔ပါ။

ေရြးေကာက္ပြဲလား၊ လူသတ္ပြဲလား ၂၀၁၅


အဆုံးမသတ္ရေသးတဲ႔ ေက်ာင္းသားဆႏၵျပေတာင္းဆိုမႈ၊
အင္နဲ႔အားနဲ႔ေရာက္လာမယ္႔ လူထုအစုအေဝး ဗိုလ္ခ်ဳပ္ ႏွစ္တစ္ရာ၊
လူမ်ိဳးေရးကို ခပ္တင္းတင္းစိန္ေခၚလိုက္တဲ႔ ငါ႔စကား ႏြားရ ကတ္ျဖဴ မဲေပးေရး ဆုံးျဖတ္ခ်က္
ဗိုလ္ခ်ဳပ္ ႏွစ္တစ္ရာမွာ လူထုအုံႂကြမႈျဖစ္လာဖို႔ အစိုးရက လိုလားေနေလသလား။
အဲသေလာက္ အသိဉာဏ္နည္းၿပီး အဲသေလာက္ ေကာက္က်စ္သလား။


photo source


၁။ အစ မေကာင္းေတာ႔ အေႏွာင္းက ခ်ာတူးလန္

ေကြးလို႔ေကာက္လို႔ရတဲ႔ ရာဘာကြင္းလို ၂၀၀၈၊ ၂၀၁၀ ဥပေဒကို အကိုးအကားလုပ္ရင္း သူတို႔ကပဲ ကြန္စတီက်ဴရွင္းနဲ႔ ညီသလိုလို။ ႏိုင္ငံေတာ္ကို သစၥာေဖာက္သြားၾကေလရဲ႕။ ဒီ (ကပ္ျဖဴကိုင္ေဆာင္သူ) အေရ အတြက္က ေရြးေကာက္ပြဲအေျဖကို ေျပာင္းမေပးႏိုင္ပါဘူးဆိုတဲ႔ ေမာင္ရဲထြဋ္ရဲ႕ တဆင္႔ခံစကားက အမွန္ပါပဲ။ ရိုဟိန္ဂ်ာ မဲတစ္သန္းရဖို႔ ျပည္သူအစစ္ရဲ႕ မဲဆယ္သန္း ရႉံးသြားလိမ္႔မယ္။ ဒီကတ္ျဖဴကိစၥက ေပကပ္ၿပီး စစ္အစိုးရဖက္က နားလည္ေပးေနသူေတြကို ပါးရိုက္သြားတာမ်ိဳးပါပဲ။ ၿဗိတိသ်ွကိုလိုနီဆိုတာ အခ်ိန္တန္ရင္အိမ္ျပန္တဲ႔ လူမ်ိဳးႀကီးေတြ။ ဘယ္ေတာ႔မွ အိမ္မျပန္မွာက အခု ကတ္ျဖဴေတြ။ ဒါေတြက တကယ္စိုးရိမ္စရာေတြ။
ကတ္ျဖဴေတြအတြက္ ေထာက္ခံ၊ ကန္႔ကြက္ေရြးေတာ႔ ေထာက္ခံ၊ ကန္႔ကြက္စာရင္းက စစ္လႊမ္းပါတီနဲ႔အျခားအုပ္စု အကြဲအတိုင္းပဲျဖစ္ေနတယ္။ အဲဒီ စစ္ပါတီထဲမွာ ဒါကို ရာႏႈန္းျပည့္ေထာက္ခံၾကသတဲ႔လား၊ တခ်ိဳ႕ကေတာ႔ သေဘာမက်ဘူး၊ ဒါဆို ဘာျဖစ္လို႔ သူတို႔ေထာက္ခံမႈက ရာႏႈန္းျပည့္ေနရတာလဲ။ ဒါဟာ ဒီမိုကေရစီရဲ႕ ရန္သူအစစ္ပါပဲ။ လႊတ္ေတာ္ဟာ တကယ္ေတာ႔ အေရာင္ေျပာင္း စစ္ဌာနခ်ဳပ္တစ္ခုသာပါပဲ။ ဘာ ဒီမိုကေရစီမွ မရွိပါဘူး။ ေၾကာက္သူနဲ႔ ေျခာက္သူပဲရွိတယ္။

၂။ ျပည္ေထာင္စု အကြဲအၿပဲ

ဒီစနစ္သာၿမဲသြားမယ္၊ ဒီမိုကေရစီလည္း တကယ္ရွိလာမယ္ဆိုရင္ ျမန္မာ စစ္ အုပ္စုရဲ႕ လုပ္ခ်င္ရာလုပ္ေပၚလစီကို တိုင္းရင္းသားေတြက ဘယ္နည္းနဲ႔မွ သေဘာ တူမွာမဟုတ္ပါဘူး။ ခြဲထြက္ေရး ေတာင္းဆိုမွာပါ။ က်ေနာက္သာ တိုင္းရင္းသားေခါင္းေဆာင္ဆိုရင္လည္း ခြဲထြက္ေရး ေတာင္းဆိုမိမွာပါပဲ။ ဒါ႔ေၾကာင္႔ ကတ္ျဖဴကိစၥဟာ ျပည္ေထာင္စုၿပိဳကြဲေရးအတြက္ အဓိအက္ေၾကာင္း ႀကီးျဖစ္ေနတယ္။
အဲသလို ၿပိဳကြဲမွာကိုစိုးရိမ္လို႔ဆိုၿပီး အရွက္မရွိ ေသနတ္နဲ႔ေျဖရွင္းလို႔ရေအာင္ ကလိန္လိုက္တာေနမွာလို႔ ယူဆမယ္ဆိုရင္ ယူဆလု႔ိရသြားျပန္ေရာ။
အဲသေလာက္ အသိဉာဏ္နည္းၿပီး အဲသေလာက္ ေကာက္က်စ္သလား။ မသိေတာ႔ဘူး။

၃။ ေနရာမွား၊ တာဝန္မွား စစ္တပ္

တပ္မေတာ္ရဲ႕ အဓိကတာဝန္က ဘာလဲ။ အေမရိကန္လို ကမၻာ့ပလိပ္မဟုတ္ရင္ ကာကြယ္ေရးပါ။ ဘာကို ကာကြယ္ရမွာလဲ၊ ျပည္ပရန္။ ဒီေန႔စစ္တပ္ဟာ မဆိုင္ ရာေတြ ေလ်ွာက္လုပ္ရင္း တကယ္လုပ္ရမယ္႔ တရုတ္နဲ႔ဘဂၤါလီကို မကာကြယ္ ခဲ႔ဘူး။ ဒီထက္အႏၱရာယ္ႀကီးတဲ႔ျပသနာက အနာဂတ္စစ္ေခါင္းေဆာင္ေတြကို လမ္းမွားျပခဲ႔ျခင္းပါပဲ။
အရင္က စစ္တပ္ထဲဝင္တယ္ဆိုတာ ႏိုင္ငံေတာ္ ကာကြယ္ဖို႔၊ ဒီေန႔ စစ္တပ္ထဲ ဝင္တယ္ဆိုတာ ခ်မ္းသာဖို႔၊ လူစြာလုပ္ဖို႔၊ စစ္တပ္က အနားယူၿပီးတဲ႔ေနာက္ မွာေတာင္ အရပ္သားဌာနေတြဆီသြားၿပီး ဘာမွမသိဘဲ ဆရာလုပ္ေနႏိုင္ဖို႔။ ဘယ္မွာလဲ မူရင္းတာဝန္။
စစ္တပ္က ရဲအလုပ္ကိုလုပ္ေတာ႔ ရဲက လူထုအဆဲခံလုပ္။ အဲသေလာက္ အသိဉာဏ္နည္းၿပီး အဲသေလာက္ ေကာက္က်စ္သလား။

၄။ ပစ္မွတ္ လြဲ

ရိုဟိန္ဂ်ာနဲ႔ ပတ္သက္လို႔ ေဒၚစုနဲ႔အဖြဲ႔ခ်ဳပ္ကို မၾကားဝံ႔ မနာသာစကားလုံးေတြသုံး စြပ္စြဲခဲ႔တဲ႔ ဦးဝီရသူ မမွန္ခဲ႔သလို လက္ရွိအခ်ိန္မွာ သူ႔ကိုလွမ္းဆဲေနၾကတာလည္း မဟုတ္ေသးပါဘူး။ ဆဲလို႔ေအာင္ျမင္ရင္ ေအာင္ျမင္ၿပီးၿပီေပါ႔၊ အေမရိကန္သမၼတ၊ ကုလေထြခ်ဳပ္၊ ဘုန္းႀကီး ကတုံးစုတ္၊ ဆဲစရာ လူကုန္ေနပါၿပီ။
အဓိကပစ္မွတ္က စစ္တပ္လူထြက္ေတြရဲ႕ (စစ္လူမထြက္ေသးသူေတြရဲ႕ ေသ နတ္အားကိုးနဲ႔) ေရးခ်င္ရာေရး ဥပေဒနဲ႔ လုပ္ခ်င္ရာလုပ္ ေပၚလစီပဲျဖစ္ပါ တယ္။

ျမန္မာျပည္ဟာ စိုးရိမ္စရာ အေကာင္းဆုံးအေနအထားမွာပါ။ သမၼတအႀကံေပးေတြလည္း ျပည္ပကိုထြက္ေျပးဖို႔ ျပင္ဆင္ေနၾကၿပီဆိုတဲ႔ သတင္း သဲ႔သဲ႔နဲ႔ အတူေပါ႔။ အခု အလယ္အလတ္သေဘာရွိသူေတြကေတာင္ မခံမရပ္ႏိုင္ျဖစ္ေနတယ္။ မယုံရင္ အီလဲဗင္း မီဒီယာအုပ္စုကိုသာ ၾကည့္ပါ။

က်ေနာ္ကေတာ႔ ဦးသိန္းစိန္က ၂၀၁၅ မွာ ေရြးေကာက္ပြဲ က်င္းပမွာလား၊ လူသတ္ပြဲ က်င္းပမွာလားဆိုတာ ေဝခြဲမရျဖစ္ေနပါတယ္။ (မျဖစ္ပါေစနဲ႔လို႔ေတာ႔ အၿမဲဆုေတာင္းေနမိပါတယ္)

ဇင္ေဝေသာ္
****************************************************************************
ရွေးကောက်ပွဲလား၊ လူသတ်ပွဲလား ၂၀၁၅

အဆုံးမသပ်ရသေးတဲ့ ကျောင်းသားဆန္ဒပြတောင်းဆိုမှု၊
အင်နဲ့အားနဲ့ရောက်လာမယ့် လူထုအစုအဝေး ဗိုလ်ချုပ် နှစ်တစ်ရာ၊
လူမျိုးရေးကို ခပ်တင်းတင်းစိန်ခေါ်လိုက်တဲ့ ငါ့စကား နွားရ ကတ်ဖြူ မဲပေးရေး ဆုံးဖြတ်ချက်
ဗိုလ်ချုပ် နှစ်တစ်ရာမှာ လူထုအုံကြွမှုဖြစ်လာဖို့ အစိုးရက လိုလားနေလေသလား။
အဲသလောက် အသိဉာဏ်နည်းပြီး အဲသလောက် ကောက်ကျစ်သလား။

၁။ အစ မကောင်းတော့ အနှောင်းက ချာတူးလန်

ကွေးလို့ကောက်လို့ရတဲ့ ရာဘာကွင်းလို ၂၀၀၈၊ ၂၀၁၀ ဥပဒေကို အကိုးအကားလုပ်ရင်း သူတို့ကပဲ ကွန်စတီကျူရှင်းနဲ့ ညီသလိုလို။ နိုင်ငံတော်ကို သစ္စာဖောက်သွားကြလေရဲ့။ ဒီ (ကပ်ဖြူကိုင်ဆောင်သူ) အရေ အတွက်က ရွေးကောက်ပွဲအဖြေကို ပြောင်းမပေးနိုင်ပါဘူးဆိုတဲ့ မောင်ရဲထွဋ်ရဲ့ တဆင့်ခံစကားက အမှန်ပါပဲ။ ရိုဟိန်ဂျာ မဲတစ်သန်းရဖို့ ပြည်သူအစစ်ရဲ့ မဲဆယ်သန်း ရှူံးသွားလိမ့်မယ်။ ဒီကတ်ဖြူကိစ္စက ပေကတ်ပြီး စစ်အစိုးရဖက်က နားလည်ပေးနေသူတွေကို ပါးရိုက်သွားတာမျိုးပါပဲ။ ဗြိတိသျှကိုလိုနီဆိုတာ အချိန်တန်ရင်အိမ်ပြန်တဲ့ လူမျိုးကြီးတွေ။ ဘယ်တော့မှ အိမ်မပြန်မှာက အခု ကတ်ဖြူတွေ။ ဒါတွေက တကယ်စိုးရိမ်စရာတွေ။
ကတ်ဖြူတွေအတွက် ထောက်ခံ၊ ကန့်ကွက်ရွေးတော့ ထောက်ခံ၊ ကန့်ကွက်စာရင်းက စစ်လွှမ်းပါတီနဲ့အခြားအုပ်စု အကွဲအတိုင်းပဲဖြစ်နေတယ်။ အဲဒီ စစ်ပါတီထဲမှာ ဒါကို ရာနှုန်းပြည့်ထောက်ခံကြသတဲ့လား၊ တချို့ကတော့ သဘောမကျဘူး၊ ဒါဆို ဘာဖြစ်လို့ သူတို့ထောက်ခံမှုက ရာနှုန်းပြည့်နေရတာလဲ။ ဒါဟာ ဒီမိုကရေစီရဲ့ ရန်သူအစစ်ပါပဲ။ လွှတ်တော်ဟာ တကယ်တော့ အရောင်ပြောင်း စစ်ဌာနချုပ်တစ်ခုသာပါပဲ။ ဘာ ဒီမိုကရေစီမှ မရှိပါဘူး။ ကြောက်သူနဲ့ ခြောက်သူပဲရှိတယ်။

၂။ ပြည်ထောင်စု အကွဲအပြဲ

ဒီစနစ်သာမြဲသွားမယ်၊ ဒီမိုကရေစီလည်း တကယ်ရှိလာမယ်ဆိုရင် မြန်မာ စစ် အုပ်စုရဲ့ လုပ်ချင်ရာလုပ်ပေါ်လစီကို တိုင်းရင်းသားတွေက ဘယ်နည်းနဲ့မှ သဘော တူမှာမဟုတ်ပါဘူး။ ခွဲထွက်ရေး တောင်းဆိုမှာပါ။ ကျနောက်သာ တိုင်းရင်းသားခေါင်းဆောင်ဆိုရင်လည်း ခွဲထွက်ရေး တောင်းဆိုမိမှာပါပဲ။ ဒါ့ကြောင့် ကတ်ဖြူကိစ္စဟာ ပြည်ထောင်စုပြိုကွဲရေးအတွက် အဓိအက်ကြောင်း ကြီးဖြစ်နေတယ်။
အဲသလို ပြိုကွဲမှာကိုစိုးရိမ်လို့ဆိုပြီး အရှက်မရှိ သေနပ်နဲဖြေရှင်းလို့ရအောင် ကလိန်လိုက်တာနေမှာလို့ ယူဆမယ်ဆိုရင် ယူဆလို့ရသွားပြန်ရော။
အဲသလောက် အသိဉာဏ်နည်းပြီး အဲသလောက် ကောက်ကျစ်သလား။ မသိတော့ဘူး။

၃။ နေရာမှား၊ တာဝန်မှား စစ်တပ်

တပ်မတော်ရဲ့ အဓိကတာဝန်က ဘာလဲ။ အမေရိကန်လို ကမ္ဘာ့ပလိပ်မဟုတ်ရင် ကာကွယ်ရေးပါ။ ဘာကို ကာကွယ်ရမှာလဲ၊ ပြည်ပရန်။ ဒီနေ့စစ်တပ်ဟာ မဆိုင် ရာတွေ လျှောက်လုပ်ရင်း တကယ်လုပ်ရမယ့် တရုတ်နဲ့ဘင်္ဂါလီကို မကာကွယ် ခဲ့ဘူး။ ဒီထက်အန္တရာယ်ကြီးတဲ့ပြသနာက အနာဂတ်စစ်ခေါင်းဆောင်တွေကို လမ်းမှားပြခဲ့ခြင်းပါပဲ။
အရင်က စစ်တပ်ထဲဝင်တယ်ဆိုတာ နိုင်ငံတော် ကာကွယ်ဖို့၊ ဒီနေ့ စစ်တပ်ထဲ ဝင်တယ်ဆိုတာ ချမ်းသာဖို့၊ လူစွာလုပ်ဖို့၊ စစ်တပ်က အနားယူပြီးတဲ့နောက် မှာတောင် အရပ်သားဌာနတွေဆီသွားပြီး ဘာမှမသိဘဲ ဆရာလုပ်နေနိုင်ဖို့။ ဘယ်မှာလဲ မူရင်းတာဝန်။
စစ်တပ်က ရဲအလုပ်ကိုလုပ်တော့ ရဲက လူထုအဆဲခံလုပ်။ အဲသလောက် အသိဉာဏ်နည်းပြီး အဲသလောက် ကောက်ကျစ်သလား။

၄။ ပစ်မှတ် လွဲ

ရိုဟိန်ဂျာနဲ့ ပတ်သက်လို့ ဒေါ်စုနဲ့အဖွဲ့ချုပ်ကို မကြားဝံ့ မနာသာစကားလုံးတွေသုံး စွပ်စွဲခဲ့တဲ့ ဦးဝိရသူ မမှန်ခဲ့သလို လက်ရှိအချိန်မှာ သူ့ကိုလှမ်းဆဲနေကြတာလည်း မဟုတ်သေးပါဘူး။ ဆဲလို့အောင်မြင်ရင် အောင်မြင်ပြီးပြီပေါ့၊ အမေရိကန်သမ္မတ၊ ကုလထွေချုပ်၊ ဘုန်းကြီး ကတုံးစုတ်၊ ဆဲစရာ လူကုန်နေပါပြီ။
အဓိကပစ်မှတ်က စစ်တပ်လူထွက်တွေရဲ့ (စစ်လူမထွက်သေးသူတွေရဲ့ သေ နတ်အားကိုးနဲ့) ရေးချင်ရာရေး ဥပဒေနဲ့ လုပ်ချင်ရာလုပ် ပေါ်လစီပဲဖြစ်ပါ တယ်။

မြန်မာပြည်ဟာ စိုးရိမ်စရာ အကောင်းဆုံးအနေအထားမှာပါ။ သမ္မတအကြံပေးတွေလည်း ပြည်ပကိုထွက်ပြေးဖို့ ပြင်ဆင်နေကြပြီဆိုတဲ့ သတင်း သဲ့သဲ့နဲ့ အတူပေါ့။ အခု အလယ်အလတ်သဘောရှိသူတွေကတောင် မခံမရပ်နိုင်ဖြစ်နေတယ်။ မယုံရင် အီလဲဗင်း မီဒီယာအုပ်စုကိုသာ ကြည့်ပါ။

ကျနော်ကတော့ ဦးသိန်းစိန်က ၂၀၁၅ မှာ ရွေးကောက်ပွဲ ကျင်းပမှာလား၊ လူသတ်ပွဲ ကျင်းပမှာလားဆိုတာ ဝေခွဲမရဖြစ်နေပါတယ်။ (မဖြစ်ပါစေနဲ့လို့တော့ အမြဲဆုတောင်းနေမိပါတယ်)

ဇင်ဝေသော်

The Forth Noble Truth (Lecture Note 3)




Noble Eightfold Path or Middle way or Gradual practices.
Noble Eightfold Path and Social Ethics.

It is called “Middle Way” as it is between the two extreme practices; self-indulgence and self-mortification.

Three categories
1) Generosity, morality and wisdom.
2) Morality, concentration and wisdom
3) Mindfulness, concentration and wisdom
Noble Eightfold Path is in 2nd category.

1) Right Understanding; the knowledge of the Four Noble Truths, of cause and effect etc. Understanding can gain by
a) hearing from others and
b) Thoughtful reflection. Or

a) Hearing from others
b) Reflecting properly and
c) Meditating
***************************************************************************
2) Right Thought;
the thought of renunciation, loving-kindness and non-violence. Free from greed, hatred and delusion.
****************************************************************************

3) Right speech;

a) abstaining from lying (truthfulness),
b) back-biting (social harmony),
c) harsh language (gentle words in communication) and
d) vain talks (meaningful, profitable).
(True, pleasant and profitable)
****************************************************************************

4) Right Action; Abstaining from

a) killing
b) Stealing
c) Sexual misconduct and
(Right Action guarantees the fundamental human rights of right to live, to posses and to maintain sexual relations.
**************************************************************************

5) Right Livelihood; usually five kinds of trades are mentioned to be avoided,
a) Trading in arms
b) ..in humans
c) ..in flesh
d) ..intoxicating drinks and
e) ..poisons.

Two professions
a) Neither harmful nor helpful/ blameless.
b) Helpful.
**************************************************************************

6) Right Effort; Four great efforts

a) To prevent the arising of unwholesome thoughts that have not yet arisen;
b) To abandon unwholesome thoughts that have already arisen;
c) To develop wholesome thoughts that have not yet arisen;
d) To maintain wholesome thoughts that have already arisen.
****************************************************************************

7) Right Mindfulness: Four kinds of mindfulness

a) Mindfulness on the body
b) ..on feelings or sensations
c) ..on mind and
d) ..mind-objects.
*************************************************************************

8) Right Concentration; the attainment of meditative absorptions. There are five hindrances that obstruct
a) Desire for sensual pleasure,
b) Ill-will
c) Sloth and torpor
d) Restlessness and worry and
e) Skeptical doubt.

a) is destroyed by one-pointedness,
b) .. by joy
c) ..by initial application,
d) ..by happiness
e) ..by sustained application.

## Buddhist social ethics to be continued.##


ေတာင္ေျပာင္းေျမာက္ေျပာင္း


စကၤာပူကိုအလည္ေရာက္ရင္း ေရးထားဟန္တူတဲ႔ဆရာတစ္ေယာက္ရဲ႕ ေဆာင္းပါး တစ္ပုဒ္ ေရႊျမန္မာမဂၢဇင္းမွာ ဖတ္ရဖူးတယ္၊ သူ႔အႀကံျပဳခ်က္က လက္ရွိ အေျခအေနနဲ႔အညီ Burmese Buddhist Temple ကို Myanmar Buddhist Temple လို႔ အမည္ေျပာင္းလဲသတ္မွတ္သင္႔ေၾကာင္းပါ။ သူက ျမန္မာျပည္လို ေျပာင္းခ်င္သလို ေျပာင္းလို႔ရတယ္ထင္ေနပုံရတယ္။
စကၤာပူမွာ အမည္ေတြကို မွတ္ပုံတင္ရတယ္။ ေျပာင္းခ်င္ရင္ေတာင္ ေျပာင္းလို႔ရဖိ႔ု ပရိုစီဂ်ာေတြလုပ္ရတယ္၊ ထင္သေလာက္ မလြယ္လွဘူးဆိုတာ သိဟန္မတူဘူး။

ေနာက္ၿပီးအမည္တစ္ခု မွတ္ပုံတင္ရာမွာ ဒီအမည္ဟာ ဘယ္သူ႔ကိုမွ ထိပါးေစာ္ ကားျခင္း မရွိဘူးဆိုတဲ႔ ေထာက္ခံခ်က္ေတြ အရင္ယူရတယ္။ အရင္က ဒီဥပေဒကို မသိခဲ႔ပါဘူး။ အခုဆိုရင္ ကုမၸဏီအသစ္ေတြဆီက စာေတြေရာက္ေရာက္ လာ တတ္တယ္။ သူတို႔ေပးထားတဲ႔အမည္ဟာ ဗုဒၶဘာသာကို ထိပါး၊ ေစာ္ကား၊ သေရာ္ဟန္ မရွိဘူးဆိုတာ လက္မွတ္နဲ႔တကြ ေထာက္ခံေပးရပါတယ္။
အဲဒီ ေထာက္ခံစာအတြက္လည္း ဥာဏ္ပူေဇာ္ခ ေပးကိုေပးရတယ္။ တစ္ခုခု ဆိုရင္လည္း ကိုယ္႔တာဝန္ပဲ။ အဲသလိုေတြပါ။

ဒါနဲ႔ဆက္စပ္ေတြးမိေတာ႔ အင္း Burmese Buddhist Temple ကို Myanmar Buddhist Temple လို႔ အမည္ေျပာင္းတယ္ဆိုပါေတာ႔၊ ကဲ ဒါဆို ေမာ္လမိန္း လမ္းတို႔၊ ရန္ဂြန္းလမ္းတို႔ကို ဘယ္လိုလုပ္ၾကမလဲ။
ျမန္မာအစိုးရ ေတာင္ေျပာင္းေျမာက္ေျပာင္း ေျပာင္းတိုင္း စကၤာပူ အစိုးရက လိုက္ေျပာင္းေနမွာ မဟုတ္ဘူး။
ဘာမွမဟုတ္ပါ။ ေခါင္းထဲ ေပၚလာလို႔။
****************************************************************************
စင်္ကာပူကို အလည်ရောက်ရင်း ရေးထားဟန်တူတဲ့ဆရာတစ်ယောက်ရဲ့ ဆောင်းပါးတစ်ပုဒ် ရွှေမြန်မာမဂ္ဂဇင်းမှာ ဖတ်ရဖူးတယ်၊ သူ့အကြံပြုချက်က လက်ရှိအခြေအနေနဲ့အညီ Burmese Buddhist Temple ကို Myanmar Buddhist Temple လို့ အမည်ပြောင်းလဲသတ်မှတ်သင့်ကြောင်းပါ။ သူက မြန်မာပြည်လို ပြောင်းချင်သလို ပြောင်းလို့ရတယ်ထင်နေပုံရတယ်။
စင်္ကာပူမှာ အမည်တွေကို မှတ်ပုံတင်ရတယ်။ ပြောင်းချင်ရင်တောင် ပြောင်းလို့ရဖို့ ပရိုစီဂျာတွေလုပ်ရတယ်၊ ထင်သလောက် မလွယ်လှဘူးဆိုတာ သိဟန်မတူဘူး။
နောက်ပြီးအမည်တစ်ခု မှတ်ပုံတင်ရာမှာ ဒီအမည်ဟာ ဘယ်သူ့ကိုမှ ထိပါးစော်ကားခြင်း မရှိဘူးဆိုတဲ့ ထောက်ခံချက်တွေ အရင်ယူရတယ်။ အရင်က ဒီဥပဒေကို မသိခဲ့ပါဘူး။ အခုဆိုရင် ကုမ္ပဏီအသစ်တွေဆီက စာတွေရောက်ရောက်လာတတ်တယ်။ သူတို့ပေးထားတဲ့အမည်ဟာ ဗုဒ္ဓဘာသာကို ထိပါး၊ စော်ကား၊ သရော်ဟန် မရှိဘူးဆိုတာ လက်မှတ်နဲ့တကွ ထောက်ခံပေးရပါတယ်။ အဲဒီ ထောက်ခံစာအတွက်လည်း ဉာဏ်ပူဇော်ခ ပေးကိုပေးရတယ်။ တစ်ခုခုဆိုရင်လည်း ကိုယ့်တာဝန်ပဲ။ အဲသလိုတွေပါ။
ဒါနဲ့ဆက်စပ်တွေးမိတော့ အင်း Burmese Buddhist Temple ကို Myanmar Buddhist Temple လို့ အမည်ပြောင်းတယ်ဆိုပါတော့၊ ကဲ ဒါဆို မော်လမိန်း လမ်းတို့၊ ရန်ဂွန်းလမ်းတို့ကို ဘယ်လိုလုပ်ကြမလဲ။ မြန်မာအစိုးရ တောင်ပြောင်းပြောင်းတိုင်း စင်္ကာပူအစိုးရက လိုက်ပြောင်းနေမှာ မဟုတ်ဘူး။ ဘာမှမဟုတ်ပါ။ ခေါင်းထဲ ပေါ်လာလို့။


ဥာတကာနဥၥ သဂၤေဟာ


အနာထပိဏ္သူေဌးက သူ႔ေငြကို သူႀကိဳက္ရာလႉခြင္႔ရွိတယ္။
ဗိမၺိသာရမင္းမွာ ဒီအခြင္႔အေရးမ်ိဳးမရွိဘူး။ အေၾကာင္းက
၁။ သူ႔ေငြမဟုတ္ဘူး၊ ျပည္သူ႔ဘ႑ာေတြျဖစ္ေနတယ္။
၂။ ႏိုင္ငံအဆင္႔တာဝန္ရွိသူဟာ ႏိုင္ငံကို အစုအစည္းတစ္ခုအေနနဲ႔ပဲ ရႈျမင္ထားရ မယ္။ မခြဲျခားရဘူး။
ဥာတကာနဥၥ သဂၤေဟာဟာ မြန္ျမတ္ပါလ်က္ တရုတ္၊ ျမန္မာ အက်င္႔ပ်က္ေတြေၾကာင္႔ ကမၻာ႔အျမင္မွာ အိုးမည္းအသုတ္ခံေနရရွာတယ္။
ဟစ္တလာ နာမည္မေကာင္းေပမဲ႔ ေဆြမ်ိဳးေကာင္းစားေရးသမား၊ လူယုတ္မာလို႔ စြပ္စြဲရင္ေတာ႔ မမွန္ႏိုင္ဘူး
(ေရွးေဟာင္းမဂၤလာနဲ႔ ေခတ္သစ္လူမႈဒိုင္မင္းရွင္းကို မုခမဂၢဇင္းက လစဥ္ေဖာ္ျပေပးမယ္လို႔ဆိုပါတယ္)
*****************************************************************************
အနာထပိဏ်သူဌေးက သူ့ငွေကို သူကြိုက်ရာလှူခွင့်ရှိတယ်။
ဗိမ္ဗိသာရမင်းမှာ ဒီအခွင့်အရေးမျိုးမရှိဘူး။ အကြောင်းက
၁။ သူ့ငွေမဟုတ်ဘူး၊ ပြည်သူ့ဘဏ္ဍာတွေဖြစ်နေတယ်။
၂။ နိုင်ငံအဆင့်တာဝန်ရှိသူဟာ နိုင်ငံကို အစုအစည်းတစ်ခုအနေနဲ့ပဲ ရှုမြင်ထားရ မယ်။ မခွဲခြားရဘူး။
ဉာတကာနဥ္စ သင်္ဂဟောဟာ မွန်မြတ်ပါလျက် တရုတ်၊ မြန်မာ အကျင့်ပျက်တွေကြောင့် ကမ္ဘာ့အမြင်မှာ အိုးမည်းအသုတ်ခံနေရရှာတယ်။
ဟစ်တလာဟာ နာမည်မကောင်းပေမဲ့ ဆွေမျိုးကောင်းစားရေးသမား၊ လူယုတ်မာ လို့ စွပ်စွဲရင်တော့ မမှန်နိုင်ဘူး
(ရှေးဟောင်းမင်္ဂလာနဲ့ ခေတ်သစ်လူမှုဒိုင်မင်းရှင်းကို မုခမဂ္ဂဇင်းက လစဉ်ဖော်ပြပေးမယ်လို့ဆိုပါတယ်)

ဂရိဝန္ႀကီးခ်ဳပ္အသစ္ Alexis Tsipras


ဂရိဝန္ႀကီးခ်ဳပ္အသစ္ Alexis Tsipras က စိတ္ဝင္စားစရာေကာင္းတယ္။
အသက္ ၄၀ ပဲရွိေသးၿပီး ႏွစ္ေပါင္း ၁၅၀ မွာ အသက္အငယ္ဆုံး ဂရိဝန္ႀကီးခ်ဳပ္။
၁၉၉၀ ေက်ာင္းသားအေရးအခင္းမွာ ေက်ာင္းသားနဲ႔အစိုးရအၾကား ေဆြးေႏြးညွိႏႈိင္းေပးႏိုင္သူ။
ကြန္ျမဴနစ္ပါတီ၊ လူလတ္တန္းစားမိဘေတြက ေမြး။ လူထုေရွ႕ အဂၤလိပ္စကား မေျပာ။ နက္ကတိုင္ မစည္း။
ႏွိမ္႔ခ်၊ ရိုသား၊ ရုပ္ရည္သန္႔ျပန္႔လို႔ လူႀကိဳက္မ်ားသတဲ႔။
ေက်ာင္းသားအေရးအခင္းမွာ ေတြ႔ခဲ႔တဲ႔ Peristera Batziana နဲ႔ လက္မထပ္ဘဲ အတူေန။ (သား) ကေလးႏွစ္ေယာက္ရွိ။
ဇႏၷဝါရီ ၂၆၊ ၂၀၁၅ ကေနစၿပီး ဝန္ႀကီးခ်ဳပ္တာဝန္ထမ္းေဆာင္။
ေဘးကေတာ႔ အေတြ႔အႀကဳံႏုနယ္၊ ႏိုင္ငံရဲ႕ျပသနာက ထူထပ္။ ဘယ္လိုခရီးဆက္မလဲ ေဝဖန္ေနၾကတယ္ေပါ႔။

ေပါက္တတ္ကရ အင္တာဗ်ဴး (၉)




    ေမး။ ။ ဘုန္းဘုန္း ရန္ကုန္မွာတုန္းက ပိန္ပိန္ေလးေနာ္။ အခု ေတာ္ေတာ္ ဝ, လာ တယ္။ စကၤာပူက အစားအစာေၾကာင္႔လား မသိဘူး။ ေပါက္ေပါက္႐ွာ႐ွာ ေမး တယ္ မထင္ပါနဲ႔ ဘုရား။
    ေျဖ။ ။ စကၤာပူက အစားအစာေၾကာင္႔ မဟုတ္ပါဘူး။ ဘုန္းဘုန္းမွ မဟုတ္ဘူး၊ တျခား ဘုန္းဘုန္းေတြ ဝလာတာလည္း အစားအစာနဲ႔ မဆိုင္ပါဘူး။ သကၤန္းေၾကာင္႔ပါ။
    ေမး။ ။ သကၤန္းနဲ႔ ဘယ္လိုပတ္သက္ေနလို႔လဲဘုရား
    ေျဖ။ ။ လူေတြက အက်ႌေဘာင္းဘီေတြ ဝတ္ၾကေတာ႔ နည္းနည္းေလး ဝ, လာတယ္ဆိုရင္ပဲ အက်ႌေတြ က်ပ္၊ ေဘာင္းဘီေတြ က်ပ္ ဆိုေတာ႔ တန္းသိတယ္။ ရဟန္းေတာ္ေတြမွာေတာ႔ သကၤန္းႀကီးက ျပန္႔ႀကီးဆိုေတာ႔ နည္းနည္းေလး ဝ, လာလည္းမသိ၊ မ်ားမ်ားႀကီးဝ, လာလည္းမသိ။ က်ပ္တယ္ဆိုတာလည္း မ႐ိွ။ ဒါေၾကာင႔္ပါ။
    ဘုန္းဘုန္းေတြ ဝ,လာရင္ ဘုရားေပးတဲ႔ သကၤန္းႀကီးေၾကာင္႔လို႔သာ မွတ္လိုက္ပါ။
    ****************************************************************************

    ပေါက်တတ်ကရ အင်တာဗျူး (၉)

    မေး။ ။ ဘုန်းဘုန်း ရန်ကုန်မှာတုန်းက ပိန်ပိန်လေးနော်။ အခု တော်တော်ဝလာတယ်။ စင်္ကာပူက အစားအစာကြောင့်လား မသိဘူး။ ပေါက်ပေါက်ရှာရှာ မေးတယ် မထင်ပါနဲ့ ဘုရား။
    ဖြေ။ ။ စင်္ကာပူက အစားအစာကြောင့် မဟုတ်ပါဘူး။ ဘုန်းဘုန်းမှ မဟုတ်ဘူး၊ တခြား ဘုန်းဘုန်းတွေ ဝလာတာလည်း အစားအစာနဲ့ မဆိုင်ပါဘူး။ သင်္ကန်းကြောင့်ပါ။
    မေး။ ။ သင်္ကန်းနဲ့ ဘယ်လိုပတ်သက်နေလို့လဲဘုရား
    ဖြေ။ ။ လူတွေက အကျႌဘောင်းဘီတွေ ဝတ်ကြတော့ နည်းနည်းလေး ဝ လာတယ်ဆိုရင်ပဲ အကျႌတွေ ကျပ်၊ ဘောင်းဘီတွေ ကျပ် ဆိုတော့ တန်းသိတယ်။ ရဟန်းတော်တွေမှာတော့ သင်္ကန်းကြီးက ပြန့်ကြီးဆိုတော့ နည်းနည်းလေး ဝ လာလည်းမသိ၊ များများကြီးဝ လာလည်းမသိ။ ကျပ်တယ်ဆိုတာလည်း မရှိ။ ဒါကြောင့်ပါ။
    ဘုန်းဘုန်းတွေ ဝလာရင် ဘုရားပေးတဲ့ သင်္ကန်းကြီးကြောင့်လို့သာ မှတ်လိုက်ပါ။

ကမၻာ႔ ပထမဦးဆုံး ဘေလာ႔ဂ္ဂါ



ေဖ႔စ္ဘုတ္ေပၚ၊ ဘေလာ႔ဂ္ေပၚေရးတဲ႔စာ ဆိုတာ ဘယ္လိုစာမ်ိဳးလည္းဆိုေတာ႔ (ပညာရွင္တို႔ အဆိုအရ)
၁ ။ ကိုယ္နဲ႔ပတ္သက္တဲ႔ (ကိုယ္႔အာေဘာ္၊ ကိုယ္တိုင္ႂကြား၊ ကိုယ္တိုင္ ရင္ ဖြင္႔၊ ရန္လုပ္၊ ဆဲ) ပုဂၢလိက ဒိုင္ယာရီ (သာဓကေတြမ်ားလို႔ ထုတ္ မျပေတာ႔ဘူး)
၂ ။ နားလည္ရခက္တဲ႔ စာလုံးေပါင္း၊ ေဝါဟာရ အထူး အဆန္းေတြနဲ႔ ေရးတဲ႔ စာ မ်ိဳး ျဖစ္ေနရမယ္။
ဒီႏွစ္ခ်က္နဲ႔ ညွိလိုက္ေတာ႔ ကမၻာမွာ ပထမဦးဆုံး ဘေလာ႔ဂ္ဂါ က အေသာက မင္ႀကီး ျဖစ္ေနတယ္။

၁ ။ သူ႕ကိုယ္သူ ေဒဝါနံ ပိယဒသီ=နတ္တို႔ အထူးခ်စ္ျမတ္ႏိုးတဲ႔ဘုရင္ တဲ႔၊ သူကိုယ္တိုင္ အဲသလိုေရးတာ၊ သူမ်ား ေရးတာမဟုတ္ဘူး (ကိုယ္တိုင္ႂကြား)။ ၿပီးေတာ႔ ေရးတဲ႔စာေတြက ဘုရားစာလို႔ ဆိုေပမယ္႔ သူ႕အာေဘာ္ေတြနဲ႔သူ ေရး တယ္ (ကိုယ္႔အာေဘာ္) ကလိဂၤစစ္ပြဲ အၿပီး ဘယ္ေလာက္ ရင္နာရ ပုံ (ကိုယ္တိုင္ ရင္ဖြင္႔) ဓမၼနဲ႔ေအာင္ႏိုင္ခ်င္တယ္ ဆိုေပမဲ့ ရန္လာစရင္ေတာ႔ အေသာကတို႔က ငုံ႔ခံေနမွာ မဟုတ္ တဲ႔။

၂ ။ ႏွစ္ ကေတာ႔ ေျပာမေနနဲ႔ သူ႕ စာလုံးေပါင္းေတြကို တစ္ကမၻာလုံးက ပညာရွင္ေတြ အဓိပၸါယ္ဝိုင္းေဖာ္ေနတာ မသိတာေတြ အမ်ားႀကီး က်န္ေနေသး တယ္။

အစ ဖုန္းမက္ေဆ႔ဂ်္ေတြ၊ ၿပီးေတာ႔ အြန္လိုင္း ေရးဟန္ေတြ၊ အခု ေဖ႔စ္ဘုတ္ေရး ဟန္ကို ၾကည္႔ၿပီး အဂၤလိပ္ေတြကလည္း သူတို႔စာေတာ႔ ပ်က္ပါၿပီ၊ ျမန္မာေတြက လည္း ျမန္ မာစာေတာ႔ ပ်က္ပါၿပီ (က်န္တဲ႔ဘာသာေတြလည္း အတူတူေနမွာပဲ) လုပ္ေနၾကတာ ၾကာပါၿပီ။ ပ်က္ေတာ႔ မပ်က္ပါဘူး၊ အြန္လိုင္းက အြန္လိုင္း ဟန္နဲ႔ပဲ ရွိေနမွာပါ။

တကယ္ေတာ႔ ဒီလိုေခတ္မီတဲ႔ ေရးဟန္က အေသာကႀကီး စ ခဲ႔တာပါ။ ကြန္ဆာေဗးတစ္ေတြ အျပစ္ေျပာခ်င္ရင္ အေသာက ေရးဟန္ကိုၾကည္႔ၾက လို႔ ေျပာရမယ္။
ဟုတ္တယ္။ ဝိုင္ဖိုင္ မေပၚေသးတာကလြဲရင္ အေသာကဟာ ဘေလာ႔ဂ္ဂါ အစစ္ပဲ။ ခပ္ႂကြားႂကြား နားလည္ရခက္တဲ႔ ေရးဟန္ေရး ထုံးေတြနဲ႔။
ဘာျဖစ္ျဖစ္ နားေတာ႔မယ္။ ။
*************************************************************************

ကမ္ဘာ့ ပထမဦးဆုံး ဘလော့ဂ်ဂါ

ဖေ့စ်ဘုတ်ပေါ်၊ ဘလော့ဂ်ပေါ်ရေးတဲ့ စာ ဆိုတာ ဘယ်လိုစာမျိုးလည်းဆိုတော့ ( ပညာရှင်တို့ အဆိုအရ )

၁ ။ ကိုယ်နဲ့ပတ်သက်တဲ့ ( ကိုယ့်အာဘော်၊ ကိုယ်တိုင်ကြွား၊ ကိုယ်တိုင် ရင် ဖွင့်၊ ရန်လုပ်၊ ဆဲ ) ပုဂ္ဂလိက ဒိုင်ယာရီ ( သာဓကတွေများလို့ ထုတ် မပြတော့ ဘူး )

၂ ။ နားလည်ရခက်တဲ့ စကားလုံးပေါင်း၊ ဝေါဟာရ အထူး အဆန်းတွေ နဲ့ ရေးတဲ့စာ မျိုး ဖြစ်နေရမယ်။

ဒီနှစ်ချက်နဲ့ ညှိလိုက်တော့ ကမ္ဘာမှာ ပထမဦးဆုံး ဘလော့ဂ်ဂါ က အသောက မင်ကြီး ဖြစ်နေတယ်။

၁ ။ သူ့ကိုယ်သူ ဒေဝါနံ ပိယဒသီ နတ်တို့ အထူးချစ်မြတ်နိုးတဲ့ဘုရင် တဲ့၊ သူကိုယ်တိုင် အဲသလိုရေးတာ၊ သူများ ရေးတာမဟုတ်ဘူး ( ကိုယ်တိုင်ကြွား )။ ပြီးတော့ ရေးတဲ့စာတွေက ဘုရားစာလို့ ဆိုပေမယ့် သူ့အာဘော်တွေနဲ့ သူ ရေးတယ် ( ကိုယ့်အာဘော် ) ကလိင်္ဂစစ်ပွဲ အပြီး ဘယ်လောက် ရင်နာရ ပုံ ( ကိုယ်တိုင် ရင်ဖွင့် ) ဓမ္မနဲ့အောင်နိုင်ချင်တယ် ဆိုပေမဲ့ ရန်လာစရင်တော့ အသောကတို့က ငုံ့ခံနေမှာ မဟုတ် တဲ့။

၂ ။ နှစ် ကတော့ ပြောမနေနဲ့ သူ့ စာလုံးပေါင်းတွေကို တစ်ကမ္ဘာလုံးက ပညာရှင်တွေ အဓိပ္ပါယ် ဝိုင်းဖော်နေတာ မသိတာတွေ အများကြီး ကျန်နေသေးတယ်။

အစ ဖုန်းမက်ဆေ့ဂျ်တွေ၊ ပြီးတော့ အွန်လိုင်း ရေးဟန်တွေ၊ အခု ဖေ့စ်ဘုတ်ရေးဟန်ကို ကြည့်ပြီး အင်္ဂလိပ်တွေကလည်း သူတို့စာတော့ ပျက်ပါပြီ၊ မြန် မာတွေကလည်း မြန် မာစာတော့ ပျက်ပါပြီ ( ကျန်တဲ့ဘာသာတွေလည်း အတူတူနေမှာပဲ ) လုပ်နေကြတာ ကြာပါပြီ။ ပျက်တော့ မပျက်ပါဘူး၊ အွန်လိုင်းက အွန်လိုင်း ဟန်နဲ့ပဲ ရှိနေမှာပါ။

တကယ်တော့ ဒီလိုခေတ်မီတဲ့ ရေးဟန်က အသောကကြီး စ ခဲ့တာပါ။ ကွန်ဆာဗေးတစ်တွေ အပြစ်ပြောချင်ရင် အသောက ရေးဟန်ကိုကြည့်ကြ လို့ ပြောရမယ်။ ဟုတ်တယ်။ ဝိုင်ဖိုင် မပေါ်သေးတာကလွဲရင် အသောက ဟာ ဘလော့ဂ်ဂါအစစ်ပဲ။ ခပ်ကြွားကြွား နားလည်ရခက်တဲ့ ရေးဟန်ရေး ထုံးတွေနဲ့။
ဘာဖြစ်ဖြစ် နားတော့မယ်။ ။

ဝင္စတန္ ခ်ာခ်ီအေၾကာင္း (ၿပဳံးစိစိ)


င္စတန္ ခ်ာခ်ီအေၾကာင္း (ၿပဳံးစိစိ)

စထရိတ္တိုင္းမ္က လူႀကီးေတြနဲ႔ စကားေျပာခြင္႔ရတိုင္း ဖတ္ဖို႔ သူတို႔တိုက္တြန္း တာက ဝင္စတန္ ခ်ာခ်ီရဲ႕ ဘဝအေၾကာင္းနဲ႔ သူ႔မိန္႔ခြန္းေတြပဲျဖစ္ေနပါတယ္။ မလုပ္ႏိုင္ေသးဘူး။ ဒီေန႔မနက္ေတာ႔ ဒီေဆာင္းပါးေတြ႔လို႔ ေကာက္ဖတ္လိုက္ တယ္။ ဖတ္ၾကည့္ပါ။ ၿပဳံးရတယ္။

သူဟာ အရက္သိပ္ႀကိဳက္တယ္၊ ကိုယ္႔ကိုယ္ကို ယုံၾကည္မႈအားႀကီးတယ္၊ စာဖတ္ နာတယ္၊ စကားေျပာေကာင္းတယ္၊ ေခတ္ၿပိဳင္ေတြက သူ႔ကို သေဘာမက် လွဘူး။
သူ အရက္ေသာက္တာနဲ႔ပတ္သက္လို႔
"က်ေနာ္႔ဆီက အရက္ယူသြားတာနဲ႔စာရင္ အရက္ဆီက က်ေနာ္ရလိုက္တာက ပိုမ်ားပါတယ္" တဲ႔။
ကဲ စကားေျပာေကာင္းတာ လက္ခံတယ္ မဟုတ္လား။ လူေနာက္ႀကီး။

ဟစ္တလာနဲ႔သေဘာတူခဲ႔တဲ႔ ျမဴးနစ္သေဘာတူစာခ်ဳပ္အတြက္ ခ်ိန္းဘာလိန္ကို ခ်ာခ်ီေျပာလိုက္တာက
"ေရြးခ်ယ္စရာ စစ္ပြဲနဲ႔ မရိုးသားမႈႏွစ္ခုထဲက မရိုးသားမႈကို ခင္ဗ်ားေရြးခဲ႔တယ္၊ ဒီေတာ႔ စစ္ပြဲလည္း ဆက္တိုက္ေနရလိမ္႔မယ္ (ေၾကာက္တတ္ေတာ႔ ႏွစ္ခါေသ)" တဲ႔။
သူမွန္တယ္ေလ။ ဟစ္တလာကို အေလ်ွာ႔ေပးလိုက္ေပမဲ႔ စစ္ပြဲက ေရွာင္မရခဲ႔ဘူး။

သူကခ်ည္းပဲ ေျပာေနလို႔ေတာ႔ ဘယ္ဟုတ္မလဲ၊ သူ႔ကိုေျပာသူလည္း ရွိဦးမွေပါ႔။ အဲဒီပုဂၢိဳလ္ကေတာ႔ အေမရိကန္သမၼတ ဖရင္ကလင္ ထရူးမင္းပါပဲ။
"တစ္ေန႔ တစ္ေန႔ ခ်ာခ်ီဆီမွာ ေထာင္ခ်ီတဲ႔ အႀကံဉာဏ္ေတြရွိေနတတ္တယ္၊ အဲဒီအထဲက ေလးခုကေတာ႔ ေကာင္းတယ္" တဲ႔။
ခ်ာခ်ီ ခံလိုက္ရတယ္။

ဇင္ေဝေသာ္
*****************************************************************************

ဝင်စတန် ချာချီအကြောင်း (ပြုံးစိစိ)

စထရိတ်တိုင်းမ်က လူကြီးတွေနဲ့ စကားပြောခွင့်ရတိုင်း ဖတ်ဖို့ သူတို့တိုက်တွန်းတာက ဝင်စတန် ချာချီရဲ့ ဘဝအကြောင်းနဲ့ သူ့မိန့်ခွန်းတွေပဲဖြစ်နေပါတယ်။ မလုပ်နိုင်သေးဘူး။ ဒီနေ့မနက်တော့ ဒီဆောင်းပါးတွေ့လို့ ကောက်ဖတ်လိုက်တယ်။ ဖတ်ကြည့်ပါ။ ပြုံးရတယ်။

သူဟာ အရက်သိပ်ကြိုက်တယ်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုအားကြီးတယ်၊ စာဖတ်နာတယ်၊ စကားပြောကောင်းတယ်၊ ခေတ်ပြိုင်တွေက သူ့ကို သဘောမကျလှဘူး။
သူ အရက်သောက်တာနဲ့ပတ်သက်လို့
"ကျနော့်ဆီက အရက်ယူသွားတာနဲ့စာရင် အရက်ဆီက ကျနော်ရလိုက်တာက ပိုများပါတယ်" တဲ့။
ကဲ စကားပြောကောင်းတာ လက်ခံတယ် မဟုတ်လား။ လူနောက်ကြီး။

ဟစ်တလာနဲ့သဘောတူခဲ့တဲ့ မြူးနစ်သဘောတူစာချုပ်အတွက် ချိန်းဘာလိန်ကို ချာချီပြောလိုက်တာက
"ရွေးချယ်စရာ စစ်ပွဲနဲ့ မရိုးသားမှုနှစ်ခုထဲက မရိုးသားမှုကို ခင်ဗျားရွေးခဲ့တယ်၊ ဒီတော့ စစ်ပွဲလည်း ဆက်တိုက်နေရလိမ့်မယ် (ကြောက်တတ်တော့ နှစ်ခါသေ)" တဲ့။
သူမှန်တယ်လေ။ ဟစ်တလာကို အလျှော့ပေးလိုက်ပေမဲ့ စစ်ပွဲက ရှောင်မရခဲ့ဘူး။

သူကချည်းပဲ ပြောနေလို့တော့ ဘယ်ဟုတ်မလဲ၊ သူ့ကိုပြောသူလည်း ရှိဦးမှပေါ့။ အဲဒီပုဂ္ဂိုလ်ကတော့ အမေရိကန်သမ္မတ ဖရင်ကလင် ထရူးမင်းပါပဲ။
"တစ်နေ့ တစ်နေ့ ချာချီဆီမှာ ထောင်ချီတဲ့ အကြံဉာဏ်တွေရှိနေတတ်တယ်၊ အဲဒီအထဲက လေးခုကတော့ ကောင်းတယ်" တဲ့။
ချာချီ ခံလိုက်ရတယ်။

ဇင်ဝေသော်