အရှတိုက်တွင် ညာလက်ဖြင့်စတင်ပြီး


မေး။ ။ အစာကြေချက်ခြင်း စစ်စတန်ကို ရှင်းပြပါ။

ဖြေ။ ။ အရှတိုက်တွင် ညာလက်ဖြင့်စတင်ပြီး ဘယ်လက်ဖြင့် အဆုံးသတ်ပေးရသည့် ဖြစ်စဉ်တစ်ခုဖြစ်ပါ သည်။(အခြား တိုက်တွေမှာတော့မသိပါ)

ကွန်စတီကျူးရှင်းဟူသည် ပြင်လို့ရ၏


ဘာသာရေး၊ နိုင်ငံရေး နယ်ပယ်မတူသော်လည်း အနည်းငယ်ရေးကြည့်ချင် သည်။ ယခု သီဟနာဒကျောင်းထိုင်ဘုန်းကြီးလုပ်နေသည့် မင်္ဂလ ဝိဟာ ရကျောင်းမှာ ယခင်က ရှိသည့် ကွန်စတီကျူးရှင်းအရဆိုလျှင် သီရိလင်္ကာဘုန်း ကြီး မဟုတ်ပါက ကျောင်းထိုင်းဘုန်းကြီး ဖြစ်ခွင့်မရှိပေ။ ၂၀၀၈၊ ၂၀၀၉ ဝန်းကျင်က ဤကိစ္စကြုံတွေ့ခဲ့ရသည်။ ကော်မတီအနေနဲ့ ကျောင်းထိုင်တင်လို
သည့်ရဟန်းက သီဟနာဒဖြစ်နေပြီး သီဟနာဒက မြန်မာရဟန်းဖြစ်နေသည်။

အကျိုးအမြတ်ရမည်ထင်လျင် စလုံးတို့က ပြောင်းလဲဖို့ လက်မတွန့်ကြ။ ပြောင်း လဲရေးဆွဲကြ၏၊ သို့ဖြင့် သီဟနာဒလည်း ကျောင်းထိုင်းဘုန်းကြီး ဖြစ်ခွင့် ရသွားတော့ သည်။ သီဟိုဠ်သံဃာထုကို အားနာစရာတော့ ကောင်းသည်။ သို့သော် ကျောင်းဒကာ၊ ဒကာမများနဲ့ ကော်မတီများကတော့ ဤ ကိစ္စအတွက် နောင်တရကြဟန် မတူပါ။

သီဟနာဒ ကျောင်းထိုင်ဖြစ်ပြီး တရုတ်မင်ဒရင်းလိုသင်မည့် ဘာသာရေး သင် တန်းများကို (ကိုယ်က တရုတ်စာမတတ်စေဦး) အားတက်သရော အားပေးခဲ့ သည်။ ထိုသင်တန်းများ အောင်မြင်သည်ဟု ထင်ပါသည်။
အကယ်၍ သီရိလင်္ကာဘုန်းကြီး ကျောင်းထိုင်ပါက ဤသင်တန်းမျိုးတွေ ခွင့်မှ ပြုပါ့မလားဆိုသည့်အတွေး စလုံးတွေဆီမှာ သေချာပေါက်ရှိနေနိုင်သည်။ ကျွန်ုပ်အနေနဲ့ကတော့ ဘာမှ မှတ်ချက်မပေးအပ်ပါ။

ထိုစဉ် သီဟနာဒ၏မူက ဘယ်ဘာသာစကားနဲ့ပဲ သင်သင် ထေရဝါဒ အဆုံး အမဖြစ်လျင် လက်ကမ်းကြိုဆိုရမည်ဟုဖြစ်သည်။ ထိုမူ အတည်ဖြစ်သွားသည့် အခါ မြန်မာလို ဗုဒ္ဓဘာသာသင်တန်းများလည်း သင်ခွင့်ရသွားတော့သည်။ အရွှေ့ မှန်သွားသည်ဟု ဆိုရပါမည်။ ကျောင်းက ပို၍စည်ကားလာ၏။

နောက်ပြီး လူမှုအဖွဲ့အစည်းတိုင်းမှာ အပျော့၊ အမာ ပါဝါရှိပါသည်။ ဒါက နိုင်ငံရေးစကားသာ မဟုတ်၊ လူမှုရေး စကားလည်း ဖြစ်ပါသည်။ နိုင် ငံရေးအရဆိုလျင် အစိုးရဆီမှာ အမာ ပါဝါရှိပြီး ဘာသာရေးခေါင်းဆောင်တွေ ဆီမှာ အပျော့ပါဝါရှိသည်။ ဤမင်္ဂလဝိဟာရကျောင်းဆိုလျင် ကော်မတီဆီမှာ အမာ ပါဝါရှိနေပြီး သီဟနာဒဆီမှာ အပျော့ပါဝါရှိနေသည်။ ထိုနှစ်ခု ဟန်ချက် မျှနေဖို့လိုသည်။ ငါတကော ကောလို့မရ။ ငါ ဘုန်းကြီးပဲ၊ ငါ ဥက္ကဋ္ဌပဲ မဖြစ်သင့်။ ဥက္ကဋ္ဌက ဘုန်းကြီးကို မောင်းထုတ်နိုင်သလို (စင်္ကပူဥပဒေအရ) ဘုန်းကြီးက လည်း ဥက္ကဋ္ဌကို လွင့်သွားအောင် အပျော့ပါဝါသုံးနိုင်သည်။ အကြောင်းက လူထုနဲ့ တိုက်ရိုက်ဆက်ဆံနေသည်က ကျောင်းထိုင် ဘုန်းကြီးဖြစ်နေသောေ ကြာင့်ပင်။

ဤ၌ အကျိုးတူပူးပေါင်းရေး ( နိုင်ငံရေးစကား) ဆရာဒကာလက်တွဲညီရေး (ဘာသာရေးစကား) ကိစ္စက အရေးပါလာတော့သည်။ ယင်းအတွက် အရေးအပါဆုံး မဟာဗျူဟာက အာဏာခွဲဝေမှုဆိုသည့် မူကို စနစ်တကျ လိုက်နာခြင်းသာဖြစ်သည်။ ထို့ကြောင့် ဘာသာရေး ပုံသဏ္ဍာန် အကူးအပြောင်း ကာလကို မြန်မာပြည် ရင်မဆိုင်ရသေးဟု မနေ့က စတေးတပ်အတို တင်လိုက်ရခြင်းဖြစ်ပါသည်။

မည်သို့ဖြစ်စေ ယနေ့မနက်ပြောလိုသည့်စကားက အကျိုးရှိမည်ထင်လျင် ကွန်စတီးကျူးရှင်းကို ပြင်သင့်၏ ဆိုတာသာ ဖြစ်ပါသည်။

သီဟနာဒ

ကမ္ဘာ့သမိုင်း မမှားဘူးဆိုရင်ပေါ့လေ


မြန်မာပြည်က နိုင်ငံရေး၊ စီးပွားရေး ကူးပြောင်းဆဲ (ထရန်ဇစ်ရှင်း) ကာလထဲမှာ။
လူမှုရေး၊ ဘာသာရေး အကူးအပြောင်းကို ရင်မဆိုင်ရသေးဘူး။
နိုင်ငံရေး၊ စီးပွားရေး အကူးအပြောင်းအောင်မြင်သွားရင် ပထမဆုံး
တွန့်ကနဲဖြစ်သွားမှာက ဘာသာရေးပုံသဏ္ဍာန် အကူးအပြောင်းဖြစ်မယ်။
(ကမ္ဘာ့သမိုင်း မမှားဘူးဆိုရင်ပေါ့လေ)

အရှင်စက္ကပါလနဲ့ ပွဲဦးထွက် မင်္ဂလာမောင်မယ်အသင်းတို့ရဲ့ အဘိဓမ္မာသင်တန်း


အရှင်စက္ကပါလနဲ့ ပွဲဦးထွက် မင်္ဂလာမောင်မယ်အသင်းတို့ရဲ့ အဘိဓမ္မာသင်တန်း။
(အဘိဓမ္မာအသင်းကြီး (စင်္ကာပူ) နဲ့ ပညာပါရမီအသင်းတို့ရဲ့ ပံ့ပိုးမှုနဲ့အတူ)
ကျောင်းသား ၁၆၀ ကျော် တက်ရောက်ကြ။



ရှေးဟောင်းမင်္ဂလာများနဲ့ ခေတ်သစ် လူမှုဒိုင်မင်းရှင်း (၃)


တကယ်တော့ မတူတာကို အတင်းဆွဲညှိနေခြင်း အားဖြင့် တန်ဖိုးမတက် လာတဲ့ အပြင် တန်ဖိုးတောင် ကျနိုင်ပါတယ်။
ဘာကြောင့် ဒီလိုပြောရသလဲ?
သိပ္ပံဟာ ဘာသာရေးဆန်ဖို့ ဘယ်တုန်းကမှ မကြိုးစားခဲ့လို့ပါ။ ဒါဆိုရင် ဘာသာရေးကလည်း သိပ္ပံဆန်ဖို့ ကြိုးစားမနေသင့်တော့ပါဘူး။ သူတို့အတိုင်း၊ သူတို့ တန်ဖိုးနဲ့ သူတို့ရှိနေကြရင် တစ်ခါတစ်ခါ သမ္ပယုတ္တပစ္စည်း၊ တစ်ခါတစ်ခါ ၀ိပ္ပယုတ္တပစ္စည်းမို့ အဓိပ္ပါယ်ပိုရှိပါတယ်။

ဘယ်ဟာက တန်ဖိုးပိုရှိသလဲ?
တူညီတဲ့ အဖြေဟာ ဘယ်တော့မှ မရနိုင်ပါ။ သိပ္ပံက ထမင်းနဲ့လူနေမှု အဆင့် အတန်းကိုပေးပြီး ဘာသာရေးက စိတ်ကျေနပ်ကြည်နူးမှုကို ပေးပါတယ်။ (နိဗ္ဗာန်နဲ့ ထာဝရကောင်းကင်ဘုံ ဆိုတာတွေက အဆုံးသတ်အောင်မြင် မှုတွေပေါ့။)

ဘာသာရေး အားသန်သူ (ဘာသာရေးစည်းရုံးသူ) က သိပ္ပံမဆန်လို့ ဒီ တစ် ဘ၀ပဲ ဆင်းရဲမယ်၊ ဘာသာရေး မဆန်ရင် တစ်သံသရာလုံး ဆင်းရဲမယ် လို့ ဖြေပါလိမ့်မယ်။ သိပ္ပံဆန်သွားသူကလည်း ဒီဘ၀မှ လူမွှေးလူတောင် မပြောင်တဲ့လူက အခုပြောတဲ့ သံသရာမှာ (ရှိခဲ့တယ်ဆိုရင်တောင်) ဘယ်လိုလုပ် ချမ်းသာ ဦးမှာလဲလို့ (မေးခွန်းပြန်မထုတ်ရင်တောင်) ယုံကြည်ထားပါတယ်။
ဒီတော့ "သိပ္ပံနဲ့ ကိုးကွယ်မှု" "Fact နဲ့ Belief" ကို တစ်ခြားစီထာ၊ သူတို့ခြင်း တိုက်ဆိုင်မှုတွေကို တိုက်ဆိုင်မှုအနေနဲ့ ထား၊ မတိုက်ဆိုင်မှုတွေကို ကွဲလွဲမှု အနေနဲ့ထားရင် လက်တွေ့ ပိုကျနိုင်ပါတယ်။

သိပ္ပံကလည်း ဘာသာရေးဆန်ဖို့ မကြိုးစားပါနဲ့ ။ ဒါတွေဟာတွေ့ရှိမှုကို သစ္စာဖောက်ခြင်းပါ။
ဘာသာရေးကလည်း သိပ္ပံဆန်ဖို့ (အလွန်အမင်း) မကြိုးစားပါနဲ့ ၊ ဒါဟာ ရယ်စရာကောင်းပါတယ်။
ခေတ်သစ်ကမ္ဘာမှာ သိပ္ပံရဲ့တိုးဝင်လာမှုကြောင့် အရာခပ်သိမ်း ပြောင်းလဲ လာနေပါတယ်။ ဒီအထဲမှာ လူထုကြားက ဆက်ဆံရေး၊ ဘ၀ကို ပုံဖော်ဖို့ တန်ဖိုး သတ်မှတ်ချက်တွေလည်း ပါဝင်ပါတယ်။

ဒါကြောင့် ဒီနေရာမှာ ကောက်ချက်ချကြတာကတော့ အပိတ်ဒေသနာ တချို့ကို ယုံကြည်မှု (Belief) ထဲမှာထားခဲ့ပြီး အဖွင့်ဒေသနာတွေကို လက်ရှိဘ၀ထဲ ပေါင်းစပ်ကြည့်နိုင်ပါတယ်ဆိုတာပဲ ဖြစ်ပါတယ်။
ဒါကြောင့် အဖွင့် ဒေသနာလို့ ယုံကြည်တဲ့ မင်္ဂလသုတ်ဆီ ဒုတိယမ္ပိ ခြေဦး လှည့်လိုက်မိပါတယ်။
(မောင်ငယ်ရင်သွေး နာဘိသေးလော့ - ဆိုတဲ့ ခေါင်းစဉ် ၊ စောနေလတ် (မဟာသန္တိသုခ) ဆိုတဲ့ ကလောင်နဲ့ ဘာသာသွေးမဂ္ဂဇင်းမှာ အခန်းဆက်ရေးပြီး သက္ကရာဇ် (၂၀၀၀) ကျော်စက စာအုပ်လေးတစ်အုပ် ထုတ်ခဲ့ဖူးပါတယ်။)

ဆက်ရန်
ဇင်ဝေသော်