မြန်မာပြည်က ၁၆ စိတ်ပဲ ကွဲရတော့မှာလား


တိုင်းရင်းသားအရေးကို ဖေ့စ်ဘုတ်စတေးတပ် အတိုတင်တော့ စဉ်းစားစရာ တချို့ ချန်ထားနိုင်တယ်ဆိုပေမဲ့ ဘယ်နည်းနဲ့မှတော့ မပြည့်စုံနိုင်ပါဘူး။
ဒိနေ့ ဒီကိစ္စကို နည်းနည်းထပ်ဆက်ပါမယ်။

နောက်ကွယ်က အကြောင်းများ......
မြန်မာပြည်ဟာ ကိုဆိုဗိုမဟုတ်၊ ခရိုင်မီးယား မဟုတ်ပါ။ ကိုဆိုဗိုဟာ စီဗီ လိုက်ဇေးရှင်းကြီး သုံးခုရဲ့မြားဦး (သို့) စစ်မြေပြင်ဖြစ်ပါတယ်။ အရေးကြုံတာနဲ့ အနောက်တိုင်း ခရစ်ယန်တွေနောက်မှာ ဂျာမဏီစတဲ့အုပ်စုကြီးက ထောက်ခံ ထားတယ်။ အော်သိုဒေါက်စ် နောက်မှာ ရုရှား၊ မွတ်စလင်တွေနောက်မှာ အီရန်စတဲ့ အစ္စလာမ်ကမ္ဘာက ထောက်ခံထားတယ်။

ခရိုင်မီးယားကလည်း အနောက်တိုင်း ခရစ်ယန်နဲ့ အော်သိုဒေါက်စ်တို့ရဲ့မြား ဦး ဖြစ်နေပြန်ပါတယ်။

ဒီတော့ စီဗီလိုက်ဇေးရှင်းလိုင်းအရကြည့်ရင် မြန်မာပြည်အတွက် အန္တရာယ် နှစ်ခု (သို့) သုံးခု ရှိနေနိုင်ပါတယ်။ ပညာရှင်တွေပြောတဲ့ အရှေ့အနောက်တံခါးပါပဲ။
၁။ ရိုဟိန်ဂျာ
၂။ ကိုးကန့်
၃။ နာဂလွတ်မြောက်ရေး ( စီဗီလိုက်ဇေးရှင်းကွဲ၊ အင်အားသိပ်မကောင်း။ အန္တရာယ် မကြီးလှ)

ရိုဟိန်ဂျာက ဘာလို့အန္တရာယ်ရှိနေတာလဲဆိုရင် သူ့ဘေးမှာ မွတ်စလင်နိုင် ငံကြီး ရှိနေလို့။ အကူအညီပေးချင်ရင် သူကနေတဆင့် အခြားနိုင်ငံတွေက အကူအညီတွေပါ ရောက်လာနိုင်လို့ပါ။ ဒါဆိုရင် အဲဒီဒေသဟာ ဗုဒ္ဓဘာသာ၊ မွတ်စလင် စီဗီလိုက်ဇေးရှင်းမြားဦးဖြစ်နေမယ်။

ကိုးကန့်ကတော့ သူ့နောက်မှာ တရုတ် (ဟန်တင်တန်စကားနဲ့ ကွန်ဖျူးရှပ် စီဗီ လိုက်ဇေးရှင်း) ရှိနေလို့ပါ။ လူရဲ့သဘောအတိုင်း အားကိုးရှိရင် မိုက်တတ် ပါတယ်။
နာဂလွတ်မြောက်ရေးအဖွဲ့ကတော့ စီဗီလိုက်ဇေးရှင်းကွဲတယ်လို့ပြောရင် ရ သလို တူတယ်လို့ပြောရင်လည်း ရပါတယ်။ သူတို့ကလည်း နာဂပြည်နယ် ထူထောင်ချင်နေပါတယ်။ အိန္ဒိယ၊ ကိုဟီးမားတဝိုက်မှာလည်း နာဂတွေရှိနေေ တာ့ အိန္ဒိယ အကူအညီမပါဘဲ ဒါက မလွယ်ပါဘူး။

ဟုတ်ပြီ။ ဒါဆိုရင် အခြားတိုင်းရင်းသားတွေကရော ဘယ်လိုလဲ။
အခြားတိုင်းရင်းသားတွေက ခရစ်ယန်များမယ်။ သူတို့ ခွဲထွက်ရေးကို အားပေး လို့ရတယ်ဆိုစေဦး စစ်ရေးစတဲ့ အကူအညီပေးဖို့ကျတော့ ခရစ်ယန်နိုင်ငံတွေ နဲ့ သူတို့က အလှမ်းဝေးတယ်။ သူတို့ဘေးမှာ ခရစ်ယန်နိုင်ငံကြီး မရှိဘူး။
ပြောမယ် သာပြောတာ လက်နက်တကယ်လျှော့ချနေတာက ခရစ်ယန်စူပါ ပါဝါကြီးတွေ။
စီဗီလိုက်ဇေးရှင်း တူနေတာရယ်၊ သူ့မှာလည်း မလေးနယ်စပ်ပြသနာတွေ ရှိနေတာရယ်ကြောင့် ထိုင်းနိုင်ငံနဲ့စပ်နေတဲ့ တိုင်းရင်းသားတွေကို ထိုင်းက စစ်ရေးအရ အကူအညီမပေးနိုင်ဘူး။



လူဦးရေးအများဆုံးက ရှမ်း။ ရှမ်းအများစုက မြန်မာနဲ့စီဗီလိုက်ဇေးရှင်း တူတယ်၊ နောက်ပြီး အပြန်အလှန်လက်ထပ်မှုတွေရှိတယ်၊ အပြန်အလှန် လက်ထပ်မှုဟာ ခွဲထွက်ရေးကို ဟန့်တားနိုင်တဲ့ အဓိက လူမှုရေးအကြောင်း ရင်းဖြစ်ပါတယ်။
ရခိုင်ကတော လတ်တလောမှာ ခွဲထွက်ပါဆိုရင်တောင် "စဉ်းစားပျဇေအုံး" ပြောရမယ့် အနေအထားပါ။ မွန်၊ ရခိုင်တွေက ဘာသာတူ တယ်။ အစိုးရက မျှမျှတတရှိရင် ဘာကိစ္စခွဲထွက်နေမှာလဲ။ လီကွမ်ယုတောင် ဒုတိယ စင်္ကာပူမလုပ်နိုင်တော့ဘူးလို့ ပြောသွားတယ်။ နိုင်ငံပေါက်စ အလုပ်ဖြစ်သွားတာက ကံလည်းပါတယ်။ ဒါက သူကိုယ်တိုင် ဝန်ခံထားတာ။

မနေ့က ဝီကီအရ မြန်မာပြည်က ၁၆ စိတ်ပဲ ကွဲရတော့မယ့်သဘော။

တရုတ်က တဖြည်းဖြည်း လူကြီးလူကောင်းဆန်ချင်လာတာရယ်၊ ကမ္ဘာအရပ် ရပ်က တရုတ်တွေကို စစ်ရေးအကူအညီပေးမယ်ဆိုရင် ကမ္ဘာနဲ့စစ်ဖြစ်ဖို့ပဲ ရှိတာရယ်ကြောင့် ကိုင်တွယ်ပုံ ညင်သာရင် ကိုးကန့်ပြသနာလည်း အဆင်ပြေနိုင်ပါတယ်။

နောက်ပြီး ပြည်တွင်းထဲက လက်ရှိတရုတ်တွေဟာ ဒုတိယ၊ တတိယမျိုးဆက် လည်းရောက်ရော မြန်မာ့ယဉ်ကျေးမှုကို အပီအပြင်မွေးစားသွားကြတယ်။ တစ်ခါတစ်ခါ "More Catholic than Pope" တောင် ဖြစ်နေတတ်တယ်။

အဲ ရိုဟိန်ဂျာကတော့ မွေးစားမှာ မဟုတ်ဘူး။
ဒါက စီဗီလိုက်ဇေးရှင်းအမြင်တချို့ပါ။ စိတ်ကူးပေါက်ရင် လူမှုကွန်ယက်ကို ဆက်ပါဦးမယ်။

ဇင်ဝေသော်

တန်ဖိုးရှိတဲ့ ကွန်မင့်


ဒီနေ့ တန်ဖိုးရှိတဲ့ ကွန်မင့်တစ်ခုရရှိခဲ့ပါတယ်။ တန်ဖိုးရှိကွန်မင့်ဆိုတာ ဒီလို ကွန်မင့် ရောက်လာကောင်းပါရဲ့လို မျှော်လင့်ထားမိချိန်မှာ တကယ်ရောက်လာလို့ပါ။
"မွတ်စလင်နဲ့မဟုတ်တဲ့ တိုင်းရင်းသားပြသနာ ကမ္ဘာမှာ မရှိတော့ပါဘူး၊ ၂၀ ရာစုမှာ ကျန်ခဲ့ပြီ" ဆိုတဲ့စကားနဲ့ပတ်သက်လို့ ဝင်းဇော်မိုး ဆီကရောက်လာတဲ့ ဝီကီ အညွှန်းပေါ့။

တစ်ကမ္ဘာလုံးက ဝီကီစာရင်းတွေဆိုတော့ လိုက်ရှင်းရင် ကျမ်းစာဖြစ်တော့ မယ်။ ဒါနဲ့ တရုတ်နဲ့ဆိုင်တဲ့ကိစ္စကို အရင်ဆွဲကြည့်လိုက်ပါတယ်။ ချုပ်ရင် လေးမျိုးရှိတယ်။

၁။ မွန်ဂိုလီယား ခွဲထွက်ရေး။
ဒါကိုမေးခွန်းထုတ်ဖို့ တရုတ်-ရှရှား၊ တရုတ်-ဂျပန်၊ ဂျပန်-ရုရှား သုံးပွင့်ဆိုင် သမိုင်းကို အရင်လေ့လာရမယ်။
တရုတ်ပြည်က မွန်ဂိုလီယားကို တကယ်ပိုင်သလား။ စိတ်ဝင်စားစရာပါ။
၂။ တိဗက် ခွဲထွက်ရေး။
ဒီကိစ္စကို ဝင်းဇော်မိုးအမည်နဲ့ မြန်မာလို ဆွေးနွေးလာရင် နားထောင်ကြည့်ချင် ပါတယ်။ တရုတ်ကရေးတဲ့သမိုင်းရော၊ ကမ္ဘာက မြင်တဲ့ သမိုင်းရောပေါ့။ အပြု သဘောပါ။

၃။ ရှင့်ကျန်းက ဝီဂါကတော့ မွတ်စလင်မို့ မဆွေးနွေးတော့ပါဘူး။
၎။ ဟောင်ကောင်၊ ထိုင်ဝမ်၊ မကာအိုက(တရုတ် သုံးနိုင်ငံ) အနောက်တိုင်း ကိုလိုနီ ချုပ်ငြိမ်း၊ ရုတ်သိမ်းတဲ့နောက် ပေါ်ပေါက်လာတာပါ။ မြန်မာပြည်က ဗြိတိသျှလက်ထက်ကတည်းက လေးနိုင်ငံ၊ လေးမြို့ကွဲနေတာမဟုတ်ပါဘူး။ ဒီတော့ လုံးဝမတူဘူး။

ဇင်ဝေသော်

မိဘပြည်သူများခင်များ


ကျနော်တို့အစိုးရရော မိဘပြည်သူများပါ ကာလအကူးအပြောင်းရဲ့ စိန်ခေါ်မှုတွေကို အခု ရင်ဆိုင်နေရပါတယ်။
အခု ကျနော်တို့ရောက်နေတဲ့ အချိန်အခါဟာ တန်ခူးလထဲမှာပါ။ တန်ခူးဟာ ပထမဆုံးလလို့ ဆိုလိုမရပါဘူး။ လက်ရှိ စိန်ခေါ်မှုတွေကို နားမလည်ရင် တန်ခူးဟာ နှစ်သစ်ရဲ့ ပထမဆုံးလလို့ ထင်မှားတတ်ကြပါတယ်။ မမှန်ပါဘူး။ တစ်ဝက်က နှစ်သစ်ထဲမှာပါနေပြီး ကျန်တစ်ဝက်က နှစ်ဟောင်းထဲမှာပါ။ အဟောင်းရက်စွဲတွေကို ချန်ထားခဲ့ပြီး ရက်စွဲအသစ်တွေဆီ ကျနော်တို့ လျှောက်လှမ်းကြမှာပါ။

နှစ်တစ်နှစ်မှာတောင် ဖွဲ့စည်းပုံ အတည်တကျမဖြစ်သေးတော့ လလေးတစ်လထဲမှာ နှောင်းတံခူး၊ ဦးတံခူးရယ်လို့ ဖြစ်နေရပါတယ်။ ဒီကိစ္စဟာ သေးမွှားတဲ့ကိစ္စတစ်ခု မဟုတ်ပါဘူး။ ဒါကို သဘောပေါက်ပြီး မိဘပြည်သူများက နားလည် စိတ်ရှည်ပေးကြဖို့ ကျနော်တောင်းဆိုပါတယ်။ အာလုံး တည်တည်ငြိမ်ငြိမ်ဖြစ်သွားရင် ဒီပြသနာတွေ မရှိနိုင်တော့ပါဘူး။

ကဆုန်လကစလို့ နှောင်းကဆုန်၊ ဦးကဆုန်ဆိုတာ မရှိဖို့ မိဘပြည်သူများကို ကတိပေးရင်း ကျနော် နိဂုံးချုပ်အပ်ပါတယ်။

မတူတဲ့ မိတ္တူ


လွန်ခဲ့တဲ့ ၁၂ နှစ်က ဒီနေ့ (Good Friday) မှာ မှတ်သားစရာတစ်ခု ရခဲ့တယ်။
ပတ်ဘလစ်ဟောလီးဒေးမှာ တစ်ရက် တရားစခန်း တဲ့။ တိုပါးရိုးကျောင်းကြီး မှာပါ။
၇ ရက်၊ ၁၀ ရက်၊ တစ်လ စတဲ့ တရားစခန်းတွေပဲသိလာခဲ့တဲ့ တောဘုန်း ကြီးလေးအတွက် အံ့ဩစရာတစ်ခုပေါ့။
အခုတော့လည်း အသားကျနေပြီ။

ကိုကျော်သာကတော့ "စင်္ကာပူမှာ စာပိုရေးဖြစ်တယ်။ ရုံးမှာ တကယ် အလုပ် လုပ်ရပေမဲ့ အိမ်ပြန်ရောက်တာနဲ့ စိတ်လွတ်ကိုယ်လွတ်ဆိုတော့ စာရေးရ၊ ပန်း ချီဆွဲရတာ ပိုကောင်းတယ်" လို့ပြောဖူးတယ်။
ဟုတ်မှာပါ။ သူဆွဲပေးသွားတဲ့လက်ရာတွေ ကျောင်းမှာကို မနည်းလှဘူး။
ကိုယ်တိုင်ပြန်ကြည့်တော့ မူရင်းတာဝန်တွေ ရှိနေတယ်ဆိုတာတောင် ရေးဖြစ်၊ ဘာသာပြန်ဖြစ်တာမနည်းဘူး။

နိုင်ငံတော်က လူငယ်တွေ စနေ၊ တနင်္ဂနွေမဟုတ်ဘဲ လဖက်ရည်ဆိုင်တွေ မှာ ပြည့်နေတာတွေ့ရတော့ ပထမဆုံးအခေါက်က ဝမ်းနည်းဖူးတယ်။
စင်္ကာပူရဲ့ တစ်ရက် တရားစခန်းလိုမျိုးပဲ ထင်ပါရဲ့။

နောက်အခေါက်တွေမှာတော့ နားလည်စွာ အသားကျသွားတယ်။
အချိန်ရဲ့ စီးမြောပုံ မတူဘူး။ ။

သီဟနာဒ

ထောက်ခံတယ် ကြည်ညိုတယ် လေးစားတယ်

ဒါလည်း သမိုင်းဝင်ကိစ္စပါပဲ


ကိုဆိုဗိုလို ကွဲထွက်သွားမှာစိုးရိမ်တယ်လို့ ပြောကြဦးမှာလား။
ဒါဆို ကိုဆိုဗိုရဲ့ လူဦးရေကိုပြန်ကြည့်ပါ။ ခရစ်ယန်၊ အော်သိုဒေါက်၊ မွတ်စလင် လူဦးရေတွေ သူတင်ကိုယ်တင်ရှိနေတယ်။ မြန်မာပြည်ရဲ့ ဘာသာရေးအခြေခံ လူဦးးရေကွာဟမှုက အများကြီး။ ဗုဒ္ဓဘာသာဝင်တွေက တင်တင်စီးစီး မဆက် ဆံရင် အခြားတိုင်းရင်းသားတွေက အတူတကွနေထိုင်ဖို့ Co-exist သီအိုရီကို ကျင့်သုံးကြမှာပဲ။

ဒီအဆို မှားသွားသလား။
ဒါဆိုရင် ဒီမေးခွန်းကို ဖြေကြည့်ပါ။ ရှမ်း၊ ကချင်၊ ကရင်တိုင်းရင်းသားတွေနဲ့ သာမန် မြန်မာလူထုကြားမှာ အမုန်းတရားက ဘယ်လောက်ကြီးနေလို့လဲ။ ဦးရာလူက သတ်ကြေးလား။ မဟုတ်ဘူး။ သူတို့ကြားမှာ အမုန်းတရား အဲသလိုမရှိဘူး။ ဒါဆို ကိုဆိုဗိုကိုပြန်ကြည့်ရအောင်။
အော်သိုဒေါက်တွေက မွတ်စလင်ကလေးတွေကို သတ်ရတဲ့အကြောင်းပြ ချက်တဲ့။
"အခုမသတ်လည်း နောင်တချိန်မှာသတ်ရမှာမို့ ကလေးကတည်းက သတ် ထားတာ" တဲ့။
ကိုဆိုဗိုမှာက လူထုကြားမှာကို အဲသလိုအမုန်းတရားတွေနဲ့။ ဒါကြောင့် ကိုဆိုဗို နဲ့ နှိုင်းလို့မရတော့ဘူး။

နောက် မေးခွန်းတစ်ခုက စစ်တပ်ဗိုလ်ကျဝါဒကို တိုင်းရင်းသားတွေကပဲ သဘောမတူတာလား၊ မြန်မာလူထုကြီးက ဘာဖြစ်ဖြစ် သူတို့ဗမာ စစ်တပ် ကို ထောက်ခံနေတာလား။ ဟုတ်တယ်ဆိုရင် တိုင်းရင်းသားတွေနဲ့မြန်မာလူထု မတည့်နိုင်ဘူး။ အခုက အဲလို မဟုတ်ဘူး။ လက်နက်မပါပေမဲ့ အစိုးရအပေါ် ဆန္ဒပြမှုတွေ၊ အနုနည်းတော်လှန်မှုတွေက နယ်ပယ်တိုင်းမှာရှိဆဲပဲ။ ဒါဆို တိုင်းရင်းသားတွေနဲ့မြန်မာလူထုက တစ်သားထဲပဲ။ အစိုးရ မစွံလို့ ကွဲဖို့ပဲ အကြောင်းရှိတယ်။

ဦးသိန်းစိန်နဲ့မင်းအောင်လှိုင်တို့က သမိုင်းဝင်သွားပြီဆိုတဲ့ ဦးရဲထွဋ် မသိလိုက် တာက ၂၁ ရာစုထဲမှာ ကိုယ့်တိုင်းရင်းသားတွေနဲ့ ရန်ဖြစ်နေတဲ့အစိုးရ၊ ပြေ လည်အောင် မညှိနှိုင်းနိုင်သေးတဲ့ အစိုင်္ိရ ဘယ်နှခုများ ကမ္ဘာမှာ ကျန်နေသေး သလဲဆိုတာပဲ။

မွတ်စလင်နဲ့မဟုတ်တဲ့ တိုင်းရင်းသားပြသနာ ကမ္ဘာမှာ မရှိတော့ပါဘူး၊ ၂၀ ရာစုမှာ ကျန်ခဲ့ပြီ။
အဲ......ဦးရဲထွဋ်တို့ နိုင်ငံက လွဲရင်ပေါ့။ ဒါလည်း သမိုင်းဝင်ကိစ္စပါပဲ။

ဇင်ဝေသော်

---------------------------------------------------------

ကမ္ဘာ့သမိုင်းမှာ စစ်ပွဲကို အောင်နိုင်တဲ့ သမ္မတတွေ၊ ဗိုလ်ချုပ်တွေ အများကြီး ရှိတယ်။ သို့သော် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင် တဲ့ နိုင်ငံ့ခေါင်းဆောင်တွေ၊ စစ်ခေါင်း ဆောင်တွေက လက်ချိုးရေလို့ရပါတယ်။
ဒီနေ့မှာတော့ နိုင်ငံခေါင်းဆောင် နိုင်ငံတော်သမ္မတကြီး နှင့်တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က ငြိမ်းချမ်းရေး ကို ဖော်ဆောင် နိုင်တဲ့ ရှားရှား ပါးပါး နိုင်ငံ့ခေါင်းဆောင်၊ တပ်မတော်ခေါင်းဆောင်များအဖြစ် သမိုင်းဝင်သွားပြီ လို့ ပြောလို့ရပါတယ်။
" ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်ရောင်ခြည်တင်မကပါဘူး၊ အလင်းတန်းတွေ ပေါ်လာပြီဖြစ်တယ်လို့ ကျွန်တော်တို့ပြောလို့ရပါပြီ "
(နိုင်ငံတော်သမ္မတ)
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®
ရန်ကုန်၊ မတ် ၃၁
မြန်မာ့သတင်းစဉ်(သတင်းအဖွဲ့)
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC)နှင့် တစ်နိုင်ငံ လုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့(NCCT)တို့၏ တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်မူကြမ်း အား နှစ်ဖက်သဘော တူ ညှိနှိုင်းပြုစုရေး ဆွဲပြီး စီးကြောင်း အတည်ပြုချက်အား ယနေ့နံနက်ပိုင်းတွင် လက်မှတ်ရေး ထိုး နိုင်ခဲ့ပြီဖြစ် သည်။ ပြည်သူအများ၏ ငြိမ်းချမ်းရေးမျှော်လင့်ချက်ကို အကောင်အထည်ဖော် မည့် ခြေလှမ်း သစ်ဖြစ် သည့် ယနေ့အခမ်း အနားသို့ တက်ရောက်လာသော နိုင်ငံတော် သမ္မတနှင့် တာဝန် ရှိသူများအား တွေ့ဆုံမေးမြန်းခဲ့မှု များကို မြန်မာ့သတင်းစဉ်မှ စုစည်းဖော်ပြ လိုက်ပါသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
ဒီနေ့ကတော့ မင်္ဂလာရှိတဲ့ နေ့တစ်နေ့ပါ။ ငြိမ်းချမ်းရေး အတွက် မျှော်လင့် ချက် ရောင်ခြည် တင်မကပါဘူး၊ အလင်းတန်းတွေ ပေါ်လာပြီ ဖြစ်တယ်လို့ ကျွန်တော်တို့ ပြောလို့ရပါပြီ။ မကြာခင် ငြိမ်းချမ်းရေးရဖို့လည်း အားလုံးဝိုင်းပြီး ဆုတောင်းပေးကြပါ။
ဦးရဲထွဋ် (ပြည်ထောင်စုဝန်ကြီး)
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
ဒီနေ့ကတော့ မြန်မာ့နိုင်ငံရေးသမိုင်းမှာ သမိုင်းတွင်တဲ့ အဖြစ် အပျက် နှစ်ခု ရှိတဲ့ နေ့လို့ ပြောလို့ရပါပြီ။ နိုင်ငံတော်သမ္မတကြီးက ၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက်က နိုင်ငံတော် သမ္မတ အဖြစ် စတင်တာဝန်ထမ်းဆောင်တဲ့ အချိန် မှာပြောခဲ့ တဲ့ မိန့်ခွန်းထဲမှာ မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေးကို စတော့မယ့် လို့ ပြောကြားခဲ့ပါတယ်။ ဒီလိုပြောခဲ့ပြီး လေးနှစ်မြောက်တဲ့ ဒီနေ့မှာ ငြိမ်းချမ်းရေး တံခါးကို ပွင့်စေတဲ့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မူကြမ်းကို လက်မှတ်ရေးထိုးနိုင်ခဲ့တယ်။ ဒါကြောင့်မို့ ဒီနေ့က သမိုင်းဝင်တဲ့ ဖြစ်ရပ်နှစ်ခု ရှိတဲ့ နေ့လို့ ပြောချင်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့သမိုင်းမှာ စစ်ပွဲကို အောင်နိုင်တဲ့ သမ္မတတွေ၊ ဗိုလ်ချုပ်တွေ အများကြီး ရှိတယ်။ သို့သော် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင် တဲ့ နိုင်ငံ့ခေါင်းဆောင်တွေ၊ စစ်ခေါင်း ဆောင်တွေက လက်ချိုးရေလို့ရပါတယ်။
ဒီနေ့မှာတော့ နိုင်ငံခေါင်းဆောင် နိုင်ငံတော်သမ္မတကြီး နှင့်တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က ငြိမ်းချမ်းရေး ကို ဖော်ဆောင် နိုင်တဲ့ ရှားရှား ပါးပါး နိုင်ငံ့ခေါင်းဆောင်၊ တပ်မတော်ခေါင်းဆောင်များအဖြစ် သမိုင်းဝင်သွားပြီ လို့ ပြောလို့ရပါတယ်။
ဒီစာချုပ်မူကြမ်းကို မကြာခင်မှာ တိုင်းရင်းသားခေါင်းဆောင်တွေက စဉ်းစားပြီး လက်ခံ သဘောတူရင် လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်ပြီးလုပ်ရမှာ ပါ။ နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်တဲ့အခါမှာလည်း အားလုံးက စိတ်ရှည် သီးခံပြီး ဆောင်ရွက် ရမှာပေါ့ ဒီလို ဆောင်ရွက်နိုင်ပြီ ဆိုရင်တော့ ပြည်သူအားလုံးမျှော်လင့်တဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားအားလုံးရဲ့ အခွင့်အရေးကို အပြည့်အဝကျင့်သုံးနိုင် တဲ့ ပြည်ထောင်စုစနစ်ကြီးကို တည်ဆောက်နိုင်မယ်လို့ ယုံကြည်ပါတယ်။
မြန်မာ့သမိုင်းမှာ ပဋိပက္ခတွေ စပြီးဖြစ်ကတည်းက ငြိမ်းချမ်းရေးရနိုင်ဖို့အတွက် အစိုးရ အဆက်ဆက်က ကိုယ့်နည်းကိုယ့်ဟန်နဲ့ကြိုးစားခဲ့ကြတယ်။ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် လက်ထက်မှာ တာဝန် ယူပြီး ဆောင်ရွက်ခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုကတော့ အရင်တုန်း က ဆောင်ရွက်ခဲ့ပုံနဲ့ ချဉ်းကပ်ပုံ ချဉ်းကပ်နည်းလည်းကွာခြား တယ်။ နောက်တစ်ခါ ပါဝင်တဲ့ အရေ အတွက် လည်း အရမ်းများတယ်။ အမျိုးမျိုးသော အဖွဲ့အစည်းတွေက စုစည်းပြီး ဒီလိုမျိုး သဘောတူနိုင် တဲ့အတွက် ဒီမှာပါဝင်ခဲ့တဲ့ အောက်ခြေက အထောက်အကူပြု ဝန်ထမ်းကနေစပြီး အဆုံးအဖြတ်ပေးတဲ့ ခေါင်းဆောင်တွေ အားလုံး ဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး သူရဲကောင်း တွေပါ လို့ ကျွန်တော်ပြော ချင်ပါတယ်။
ဦးခင်ရီ (ပြည်ထောင်စုဝန်ကြီး)
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး လုပ်ငန်းကော်မတီမှာ အဖွဲ့ဝင် တစ်ဦးပါ။ အခုလို တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအစည်းအဝေးတွေ စခဲ့ကတည်းက ပါဝင်ခဲ့ပြီး အခုလို သဘောတူစာချုပ်မူကြမ်းရတဲ့ အထိ တော်တော်လေးကြိုးစားခဲ့ရပါတယ်။ ပါဝင်တဲ့ အဖွဲ့ အစည်း တွေရဲ့ ငြိမ်းချမ်းရေး လိုချင်တဲ့ စိတ်၊ အထက်အကြီးအကဲများရဲ့ ငြိမ်းချမ်းရေးအတွက် ချမှတ်ပေးတဲ့ မူဝါဒလမ်းစဉ်အပေါ်မှာ ကြိုးစားပမ်းစား လေးနှစ်နီးပါး ဆောင် ရွက်ခဲ့ ပါတယ်။ ဒီနေ့မှာ မူကြမ်း ကြီးကို သဘောတူညီမှုရရှိတာ အလွန်ဝမ်း သာစရာ ကောင်းပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲတော့မယ်။ ဒါပြီးရင် လာမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေ အတွက်အလွန် ဝမ်းသာစရာ ကောင်းပါတယ်။
ဖွံ့ဖြိုးတိုးတက်မှုနဲ့ ငြိမ်းချမ်းရေးက ဆက်စပ်နေတယ်။ ငြိမ်းချမ်းမှုမရှိဘဲ ဖွံ့ဖြိုးတိုးတက် အောင် လုပ်လို့မရဘူး။ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ငြိမ်းချမ်းရေးက အဓိကကျတယ်။ ငြိမ်းချမ်း ရေးမှာ အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေးက ပထမဆုံးအဆင့်ပဲ။ ဒီအဆင့်ကို လှမ်းနိုင်ပြီ ဖြစ်တဲ့ အတွက် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ လမ်းစ လို့ ပြောချင်ပါတယ်။
ဒုတိယအဆင့် သဘောတူညီချက်ဖြစ်တဲ့ NCA တစ်ခုလုံး ပေါ်ထွက် လာဖို့အတွက် UPWC နှင့် NCCT တို့ရဲ့Final Draft ကို ဒီနေ့ အတည်ပြုခဲ့ပြီးပါပြီ။ ဒါကို ခေါင်းဆောင်တွေကို ကျွန်တော်တို့ တင်ပြပြီးရင် သတ်မှတ်ရက်တွေအတိုင်းNCA စာချုပ်ကြီးကို လက်မှတ်ထိုးမှာပါ။ NCA လက်မှတ် ထိုးပြီး ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးဆွေးနွေးပွဲတွေကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။
ဦးစောကွယ်ထူးဝင်း (ကရင်အမျိုးသားအစည်းအရုံး)
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မူကြမ်းကို ဒီနေ့မှာ လက်မှတ်ရေး ထိုးတာဖြစ်ပါတယ်။ ဒီစာချုပ်ရရှိဖို့က တစ်နှစ်ကျော် မှာကြိုးစား လာခဲ့တဲ့ တစ်ဖက်နဲ့ တစ်ဖက် နားလည်မှုရတဲ့ ရလဒ်ပဲဖြစ်တယ်။ တစ်ပြည်လုံး ငြိမ်းချမ်းရေးရရှိဖို့အတွက် ပထမခြေလှမ်း လည်း ဖြစ် တယ်။ ပြည်သူပြည်သား တစ်ရပ်လုံး ရယူလိုတဲ့ ငြိမ်းချမ်းရေးအတွက် ဆက်လက်ပြီး ဆွေးနွေး သွား ဖို့ ဖြစ်ပါတယ်။ နိုင်ငံတော် အတွက် ရှေ့အလား အလာကောင်း တဲ့ ပြုပြင်ပြောင်းလဲရေးတွေ ဆက်လက်ဆောင်ရွက်နိုင်မယ်လို့ ယူဆပါတယ်။
ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း (အဖွဲ့ဝင်)
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ (NCCT) ကျွန်တော်တို့ ဒီအစည်းအဝေး ဆွေးနွေးလာတာ တော်တော်လေးကြာပြီ။ တရားဝင် ခုနစ်ကြိမ်။ အဲဒီထဲမှာ ကျွန်တော်တို့ သဘောတူထားတဲ့ ဆုံးဖြတ်ချက်တွေ အများ ကြီးရှိပါတယ်။ အဲဒီဆုံးဖြတ်ချက်တွေကလည်း ရှေ့ဆက် လုပ်ငန်းစဉ်တွေ အကောင်ထည်ဖော်တဲ့နေရာမှာ တရားဝင် သုံးဖို့၊ ကိုးကားဖို့ဖြစ်ပါတယ်။ ဒီတိုင်းပြည်မှာ ပြည်တွင်းစစ် ဖြစ်နေတာ နှစ်ပေါင်း ၆ဝ ကျော်ပြီ။ နှစ်ပေါင်း ၆ဝ ကျော်ပြီ ဖြစ်တဲ့ ပြည်တွင်းစစ်ကိုရပ်စဲဖို့အတွက် အပေါ်ယံနဲ့ လုပ်လို့ မရပါဘူး။ ပြည်တွင်းစစ်ရဲ့ တကယ့်ပြဿနာကို စတင် ဖြစ်ပွားစေတဲ့အကြောင်း အရင်းတွေကို ဘယ်လိုကိုင်တွယ် ရမလဲ။ ဘယ်လိုဖြေရှင်းရမလဲဆိုတာတွေကို အသေးစိတ် ဆွေးနွေးရပါတယ်။ အဲဒါကြောင့် အခုကျွန်တော်တို့ သဘောတူနိုင်တဲ့ စာချုပ်မူကြမ်းဟာ သာမန်သဘောတူ စာချုပ်မူကြမ်းမဟုတ်ဘဲ ကျွန်တော်တို့ ပြည်ထောင်စုကြီးကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုပြန်လည်ထူထောင်မလဲ ဆိုတဲ့အပိုင်းပါတယ်။ ပြီးရင် နိုင်ငံရေးဆွေးနွေးပွဲကို ဘယ်လိုဆွေးနွေးကြမလဲ၊ ဘာအကြောင်းအရာတွေ ဆွေးနွေးကြမလဲဆိုတာပါတယ်။ ဆွေးနွေးပွဲကာလမှာ တိုင်းရင်းသားတွေရဲ့အခန်းကဏ္ဍက ဘယ်လိုဖြစ်မလဲ။ လက်နက်ကိုင်တော်လှန်ရေးတွေရဲ့ ရပ်တည်ရေးက ဘယ်ပုံစံ ဖြစ်မလဲဆိုတာကို ဘက်ပေါင်းစုံက ဆွေးနွေးရပါတယ်။ အဓိကအရေးကြီးဆုံးက အပစ်အခတ်ရပ်စဲရေးကာလမှာ နှစ်ဖက်တပ်က လိုက်နာရမယ့် အဆင့်တွေ၊ စစ်သည်တော် တွေရဲ့ ကျင့်ဝတ်၊ ပြဿနာမဖြစ်အောင် နှစ်ဖက်လုံးက
ကြိုးစားပြီး ဆောင်ရွက်ရမှာဖြစ်တယ်။ တစ်ခုခုဖြစ်ရင် နှစ်ဖက်စလုံးက ချက်ချင်း ပူးပေါင်းပြီးစောင့်ကြည့်ဖို့လိုတယ်။ ချက်ချင်းဖြေရှင်းဖို့လိုတယ်။ အဲဒီအတွက် ပူး တွဲစောင့်ကြည့် ရေးကော်မတီကိုဘယ်လိုဖွဲ့စည်းရမလဲ အဲဒါတွေကအစ ကျွန်တော်တို့ အသေးစိတ်သဘောတူထားပါတယ်။ အဲဒီ အတွက်ကြောင့် ကျွန်တော်တို့ အခုသဘောတူထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မူကြမ်း ဟာ ဒီတိုင်းပြည်ရဲ့ ပြဿနာတစ်ခုလုံးကို ဘယ်လိုကိုင်တွယ် ဖြေရှင်းမယ်ဆိုတာ အသေးစိတ်ပါတဲ့အတွက် အင်မတန်မှ ပြည့်စုံတဲ့ သဘောတူစာချုပ်ဖြစ်တယ်လို့ ပြောချင်တယ်။နို င်ငံတော်သမ္မတ ဦးသိန်းစိန်အနေနဲ့ ငြိမ်းချမ်းရေးကို အလေးအနက် ထားပြီးဆောင်ရွက်တယ်ဆိုတာကို ကျွန်တော်တို့ အနေနဲ့ သတိထားမိပါတယ်။ ကြိုဆိုတယ်။ ဘာလို့လဲဆိုတော့ ၂ဝ၁၁ သြဂုတ်လမှာ သမ္မတ ဦးသိန်းစိန်က အပစ်အခတ် ရပ်စဲရေးလုပ်မယ် ဖိတ်ခေါ်တော့ ကျွန်တော်တို့ရေးတဲ့ စာတွေကို သတိထားမိကြမှာပါ။ အစိုးရကတကယ်လုပ်ပါ့ မလားလို့ အများကြီးသံသယတွေရှိခဲ့တယ်။ အခုလုပ်ရင်းနဲ့ သမ္မတကြီးကိုယ်တိုင် ပါဝင်ပတ်သက်တာကို တွေ့ရတော့ အစိုးရဘက်က ဒီအစိုးရအနေနဲ့ တကယ်ငြိမ်းချမ်းရေး လိုလားပြီး ဆောင်ရွက်ချင်တယ်ဆိုတာသက်သေသဘောနဲ့ မြင်ရတဲ့အတွက် ဝမ်းသာပါတယ်။
ပြည်သူလူထုတစ်ရပ်လုံးကို ပြောချင်တာက အခုသဘော တူစာချုပ်ကပထမအဆင့်ပဲ ရှိသေးတယ်။ ရှေ့ဆက်သွားရ မယ့် ကဏ္ဍအသီးသီးမှာလူထုရဲ့ အားပေးမှုကို ကျွန်တော်တို့ လိုလားပါတယ်။ ဒီတိုင်းပြည် ငြိမ်းချမ်းဖို့ကို ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းနဲ့ အစိုးရ သက်သက်ပဲလုပ်လို့မရပါဘူး။ ပြည်သူလူထုတစ်ရပ်လုံး ပါဝင်ပတ်သက်မှ ငြိမ်းချမ်းရေးဆောင်ရွက်နိုင်ပါတယ်။ လူထုရဲ့အားပေးမှုကို မေတ္တာရပ်ခံချင်ပါတယ်။
ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင် တွေ ထိပ်သီးညီလာခံခေါ်နိုင်ဖို့ အမြန်ဆုံး၊ အတတ်နိုင်ဆုံး ကြိုးစားပါမယ်။ အမြန်ဆုံးလုပ်ဖို့ ပြင်ဆင်ပါမယ်။ ဒီနေ့ ပြီးရင် မနက်ဖြန်နားပြီး လာမယ့်နှစ်ရက်အတွင်းမှာNCCT အစည်းအဝေးလုပ်ပါမယ်။ ဒီအစည်းအဝေးမှာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး ခေါင်းဆောင်တွေ ထိပ်သီး အစည်းအဝေး ဘယ်တော့ခေါ်မယ်ဆိုတာကို ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အမြန်ဆုံးခေါ်ချင်တယ်။ အမြန်ဆုံး ဆွေးနွေးချင်တယ်။
ဦးနိုင်ဟံသာ (အဖွဲ့ခေါင်းဆောင်)
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ (NCCT)
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
ကျွန်တော်တို့ ပြည်ထောင်စုကြီးမှာ နှစ်ပေါင်း ၇ဝ နီးပါး အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ကြားမှာ ဖြစ်ပွားနေတဲ့လက်နက်ကိုင်ပဋိပက္ခဟာ နိုင်ငံရေး ပြဿနာပေါ်မှာ အခြေခံတာဖြစ်ပါတယ်။ နိုင်ငံရေးနည်းနဲ့ တွေ့ဆုံဆွေးနွေးဖြေရှင်းဖို့အတွက် လက်နက်ကိုင်ပဋိပက္ခကို ဦးစွာရပ်စဲဖို့လိုပါတယ်။ တိုက်ပွဲတွေ ဆက်ဖြစ်နေရင် တွေ့ဆုံ ဆွေးနွေးပွဲဟာ အောင်မြင်ဖို့မလွယ်ဘူး။ ဒါကြောင့် တစ်နိုင်ငံ လုံး အတိုင်းအတာနဲ့
အပစ်ရပ်ဖို့ အစိုးရကိုယ်စားလှယ် UPWC နဲ့ တိုင်းရင်း သား လက်နက်ကိုင်တော် လှန်ရေးအဖွဲ့တွေရဲ့ ကိုယ်စား လှယ် ကျွန်တော်တို့နဲ့ NCCT တို့ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဆွေးနွေးလာကြတာ အချိန်ကာလ အားဖြင့် တစ်နှစ်နဲ့ ငါးလ၊ အကြိမ်ပေါင်းအားဖြင့် တရားဝင် ခုနစ်ကြိမ်နဲ့ အလွတ်သဘော အကြိမ် ၂ဝ ကျော် ဆွေးနွေးခဲ့ကြတာဖြစ်တယ်။ ဒီလို အချိန်ကာလ ကြာမြင့်စွာနဲ့ အကြိမ်ပေါင်းများစွာ ဆွေးနွေးပြီးတဲ့အခါမှNCCT နဲ့ UPWC အကြား အကြိုအဆင့်သဘောတူညီမှု ရခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ NCCT ကို ၂ဝ၁၃ လိုင်ဇာမှာ တိုင်းရင်းသား လက်နက်ကိုင်ညီလာခံက ဖွဲ့စည်း တာဝန်ပေးခဲ့တာဖြစ်ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၁၆ ဖွဲ့မှ တစ်ဖွဲ့ကို ကိုယ်စားလှယ် တစ်ဦးကျနဲ့ ဖွဲ့စည်းထားတဲ့NCCT ဟာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိရေးအတွက် အစိုးရနဲ့ ညှိနှိုင်းဆွေးနွေးတဲ့ အလုပ်အဖွဲ့သာ ဖြစ်ပါတယ်။NCCT ဟာ တိုင်းရင်းသားလက်နက်ကိုင် ညီလာခံက ချမှတ်ထားတဲ့ အခြေခံမူတွေအပေါ်မှာ ရပ်တည်ပြီး ညှိနှိုင်း ဆွေးနွေးနေတာဖြစ်ပါတယ်။ အခု NCCT အနေနဲ့ ညှိနှိုင်း ရရှိထားတဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်ဟာ ပဏာမအဆင့် သဘော တူညီချက်ပဲဖြစ်ပါတယ်။NCCT က ကိုယ်စားလှယ်အဖွဲ့သာ ဖြစ်ပြီး တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲခြင်း အခြေခံလုပ်ပိုင် ခွင့် မူဘောင်အောက်မှာ လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။ ဒီရရှိထားတဲ့ သဘောတူ ညီချက်တွေကို တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေးမှာ တင်ပြပြီးတော့ အဲဒီ အစည်းအဝေးကနေ သဘောတူလက်ခံမှ အပြီးသတ် အတည်ဖြစ်မှာဖြစ်ပါတယ်။ အဲဒီ ထိပ်သီးအစည်း အဝေးကြီး ကနေ ပြင်ဆင်ဖြည့်စွက်စရာ အနည်းငယ်ရှိပါလိမ့်မယ်။ အဖွဲ့အစည်းအသီး သီးက ထိပ်သီးခေါင်းဆောင်များ သဘောတူ လက်ခံလာအောင် ကျွန်တော်တို့ NCCT အဖွဲ့ဝင်များက ကြိုးစားပြီးတော့ ရှင်းလင်းတင်ပြရပါဦးမယ်။
ဒေါက်တာကျော်ရင်လှိုင်
ငြိမ်းချမ်းရေးဆွေးနွေးပွဲအစီအစဉ် (ဒါရိုက်တာ)
မြန်မာနိုင်ငံငြိမ်းချမ်းရေြး ပန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန(MPC)
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်(Nationwide Ceasefire Agreement-NCA) နဲ့ ပတ် သက်ရင် လွန်ခဲ့တဲ့ ၁၈ လလောက်မှာ ရာပေါင်းများစွာသော အစည်း အဝေးတွေနဲ့ အပင်ပန်းခံပြီး နှစ်ဦးနှစ်ဖက်က ကြိုးစားခဲ့တော့ ဒီနေ့ကတော့ အဲဒီကြိုးစားမှုတွေရဲ့ အသီး အပွင့်အဖြစ်နဲ့ ကျွန်တော်တို့ကတော့ အရမ်းဝမ်းသာပါ တယ်။ ဖော်မပြနိုင်လောက်အောင်ပါပဲ။ တိုင်းပြည်အတွက်လည်း အလွန်ပဲကောင်းသွား လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။
အခက်အခဲတွေ ကျော်ဖြတ်ရတယ်ဆိုတာက တစ်ခါ တစ်ခါကျရင် တစ်ဖက်နဲ့ တစ်ဖက်က Issue တွေ အပေါ် မှာ နားလည်မှုပုံစံချင်းမတူညီတဲ့ အပိုင်းလေးတွေ ရှိပါ တယ်။ အဲဒီအပိုင်းလေးတွေနဲ့ ပတ်သက်ပြီးတော့ အပြန် အလှန်ဆွေးနွေးပြီးတော့Common and distended ပေါ့။ တူညီတဲ့ နားလည်မှုရအောင် လုပ်ရတဲ့အပိုင်း။ အဲဒီအပိုင်းတွေက အစပိုင်းမှာတော့ ခက်ခဲပါတယ်။ နောက်ပိုင်း တစ်ဖက်နဲ့တစ်ဖက် ဆွေးနွေးမှုတွေရှိလာတဲ့ အခါကျတော့ နှစ်ဖက်က ဟိုဘက် ဒီဘက်ပုံစံမျိုး မဟုတ် ဘဲနဲ့ နှစ်ဦးနှစ်ဖက် အားလုံးလက်ခံနိုင်တဲ့ သဘောတူညီ ချက်ကြီးကို စပြီးတော့ ကြိုးစားတဲ့အခါမှာတော့ အခက် အခဲတွေ ရှိသော်ငြားလည်း အားလုံးကို ကျော်လွှားသွား နိုင်ပါတယ်။ မဖြစ်မနေ ကြီးမားတဲ့အခက်အခဲဆိုတာကို ကျွန်တော့်အနေနဲ့တော့ မတွေ့ခဲ့ပါဘူး။ ကျော်လွှားနိုင်လို့ ဒါတွေမရှိခဲ့လို့လည်း ကျွန်တော်တို့ ဒီနေ့ တကယ့်သဘော တူညီချက်ကြီးကို ရခဲ့တာဖြစ်ပါတယ်။
အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်မယ့် အချိန်အတိအကျကိုတော့ ပြောဖို့ခက်ပါတယ်။ သို့သော် လည်း ကြည့်လိုက်မယ်ဆိုလို့ရှိရင် တစ်နေ့ကထက်စာရင် အဲဒီလက်မှတ်ရေးထိုးဖို့က တအားနီးသွားပြီ။ ဒီတော့ လာမယ့် တစ်လအတွင်းမှာ ဒါတွေ ဖြစ်တန်ကောင်းတယ် လို့တော့ မျှော်လင့်ပါတယ်။ သူတို့အနေနဲ့ကလည်း ဒါက အစိုးရတစ်ဖွဲ့တည်းကိုး။ တိုင်းရင်းသားတွေဘက်မှာက အဖွဲ့ပေါင်း မြောက်မြားစွာ ရှိတယ်ဆိုတော့ ဒီအဖွဲ့တွေ စုစည်းပြီးတော့ ဒီကိစ္စကို ပြန်ပြီးတော့ ပြောကြ၊ ဆိုကြမယ် ဆိုတော့ အချက်တစ်ချက်အနေနဲ့ လုပ်ကြရတာ ဖြစ်ပါ တယ်။ ဒါပေမယ့် ကျွန်တော်ထင် ပါတယ်။ မဝေးတော့တဲ့ ကာလတစ်ခုမှာ သဘောတူညီချက်ကြီးကို အောင်အောင် မြင်မြင်နဲ့ လက်မှတ်ရေးထိုးသွားနိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်။
ဒီနေ့ သဘောတူညီချက်လက်မှတ်ရေးထိုးတာဟာ အများကြီး အကျိုးသက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ လက်မှတ်ရေးထိုးပွဲ ပြီးသွားလို့ရှိရင် ကျွန်တော်တို့က အပြန်အ လှန်စောင့်ကြည့်တဲ့ အဖွဲ့တွေ အားလုံးနဲ့ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဆိုတော့ ဒါတွေ ဆောင်ရွက်တာနဲ့အမျှ ပြည်နယ်တွေမှာ ပိုပြီး ငြိမ်းချမ်း လာမယ်။ ငြိမ်းချမ်းလာတာနဲ့အမျှ အခြားအဖွဲ့တွေမှာ လည်း ဒီရဲ့အကျိုးသက်ရောက်မှုတွေ အများကြီးရလာမှာ ဖြစ်ပါတယ်။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®



လူဆိုတာ တရားမျှတတယ် ထင်ရင် ကြိမ်ဒဏ်ကို လည်စင်းခံတယ်။ မတရားဘူးထင်ရင်


မြန်မာပြည်မှာ တိုင်းရင်းသားလူမျိုးစုတွေများလို့ ညီညွတ်ဖို့ခက်တယ် ဆိုတာတွေကို ဒီနေ့အမြင်နဲ့ လက်ခံဖို့ သိပ်ခက်တယ်။
တိုင်းရင်းသားတွေ ထပ်တူမတူညီကြပါဘူး။ တူညီစရာလည်း မလိုဘူး။ သူ့ ယဉ်ကျေးမှုနဲ့သူ ရှိမှာပေါ့။
ဒါဆို ဒုတိယမေးခွန်းက သူတို့ချင်း ဘယ်လောက်များ ကွဲပြားနေလို့လဲ။
ဟန်တင်တန် သီအိုရီအရဖြေမယ်။
အီတလီက ရွာနှစ်ရွာ မတူကြဘူး။ ဒါပေမဲ့ ဂျာမဏီက ရွာနဲ့ယှဉ်တော့ အီတလီ ရွာချင်း တူနေတဲ့ဘုံယဉ်ကျေးမှုတွေ အများကြီး။ ဒါပဲ။

လက်ရှိ အစိုးရရဲ့ အကျင့်ပျက်မှု၊ အစိုးရနဲ့ ကပ်မိသူတွေ ကျိကျိတက် ချမ်းသာ မှု ပြသနာတွေ ဖြေရှင်းနိုင်ရင် တိုင်းရင်းသားတိုင်း လက်ခံမယ်။
မဟုတ်ရင် ရှုံးမှန်းသိလျက် အသေခံတော်လှန်ကြလိမ့်မယ်။

လက်ရှိအစိုးရဟာ အတွင်းရှုပ်ကို အရင်ရှင်းရမယ်။
အတွင်းရှုပ်မရှင်းနိုင်ရင် ဦးအောင်မင်း၊ ဦးရဲထွဋ် ဘယ်လောက် ပြုံးပြုံး အပြင်ပြသနာ မအေးဘူး။
လူဆိုတာ တရားမျှတတယ် ထင်ရင် ကြိမ်ဒဏ်ကို လည်စင်းခံတယ်။ မတရားဘူးထင်ရင် အသက်ပေး တော်လှန်တယ်။

Whole Night Chanting at Mangala Vihara Buddhist Temple


ကမ်းလက် shared မင်္ဂလာမောင်မယ်အသင်း's post.
Whole Night Chanting at Mangala Vihara Buddhist Temple
Mangala Vihara celebrated its 55th Anniversary yesterday. Thirty monks from different temples were invited for Lunch Dana. As usual, All merits accumulated on temple 55th Anniversary Day were especially dedicated to the founder of Mangala Vihara, M.M. Mahaweera Mahathera and founding members of Mangala Vihara. Their gratitude was expressed with talks by Bhante Cittara of Mangala Vihara and Bhante Nyanasiha of Samadhi Buddhist Society.
Whole Night Chanting was held and members of Sangha opened chanting by reciting three Parittas (Protective verses). Then the well-trained lay devotees took turns one group after another. Many devotees stayed overnight to listen to the chanting. The celebration was ended with the group chanting of resident monks together with senior members of MV this morning.
Mangala Vihara means the blessing temple. Last night the temple was blessed by its members and devotees by celebrating Whole Night Chanting. As always, Mangala Vihara Buddhist Temple will bless devotees who come to its premises.





















 

စင်ကာပူရောက် မြန်မာများ စုစည်းဆောင် ရွက် မှု့ ရ လဒ် တခု


ကမ်းလက် shared အောင်ဆန်း ရာပြည့်'s photo.
စင်ကာပူရောက် မြန်မာများ စုစည်းဆောင် ရွက် မှု့ ရ လဒ် တခု

 

စကားပြောသော ဓာတ်ပုံများ (၈)


၁။ အခွင့်အရေးကိုသာ တန်းတူပေးလို့ရပြီး အဆင့်အတန်းကို တန်းတူပေးလို့ မရ။
၂။ အောက်ဆုံးကခွေးမှာ ခဲတစ်လုံးကို အကြောင်းမဲ့ ကန်တတ်သော လမ်းပေါ်က အမူးသမား၏ အန္တရာယ် ရှိနေနိုင်ပြီး အပေါ်ဆုံးက ခွေးခမျာ လည်း အိပ်ချင်မူးတူး အိမ်ရှင်၏ တက်နင်းခြင်းကို ခံစားရတတ်သည်။
၃။ အလယ်အလတ် ဘဝသည် အထိုက်အလျောက် အန္တရာယ်ကင်း၏။