သမိုင်းသင်္ခန်းစာ


ဘိုင်ဇန်တိုင်းအင်ပါယာနဲ့ ပါရှန်းအင်ပါယာကြီးနှစ်ခု အပြန်အလှန်တိုက်ကြ ခိုက်ကြ၊ ဒီကြားထဲ ပလိပ်ရောဂါက ဝင်ဒုက္ခပေး၊ ဒီအနေအထားမှာ တမန်တော် မိုဟာမက်နဲ့အဖွဲ့က အဲဒီအင်ပါယာကြီးနှစ်ခုလုံးကို အလွယ်တကူ ဝင်ရောက်သိမ်းပိုက်သွားတယ်ဆိုတဲ့ သမိုင်းသင်္ခန်းစာနဲ့ ကစ်ဆင်းဂျားက အမေရိကန်နဲ့တရုတ်ကို မသိမသာ သတိပေးသွားသလိုပဲ။ ကန္တာရနေ ခြေသလုံးအိမ်တိုင်သာသာ လူနည်းစုလေးက အင်ပါယာကြီးနှစ်ခု လုံးကို သိမ်းပိုက်နိုင်တယ်ဆိုတာကို ရှေ့ဆယ်စုနှစ်က အသက်ရှင်ခဲ့တဲ့ လူတွေအတွက် ဘယ်နည်းနဲ့မှ ယုံကြည်စရာဟုတ်မှာမဟုတ်ဘူး ဆိုတာနဲ့ အတူ မြို့တော်ရယ်လို့တောင် တူတူတန်တန်မရှိတဲ့ သူတို့အုပ်စုလေးက ဒီလောက်အထိ နယ်ချဲ့နိုင်မယ်မဟုတ်ဘူးလို့ အင်ပါယာကြီးနှစ်ခုလုံးက အထင်သေးထားမှုကိုလည်း မပွင့်တပွင့်ပြောတယ်။ သူက နိုင်ငံရေးသမားဆိုတော့ ဟန်တင်တန်လောက် နှုတ်ထွက်မရဲဘူး။

"privacy" သဘောတရား


ဖတ်ကြည့်၊ ရီရတယ်။
"privacy" ကို ကျနော့်အဘိဓာန်ထဲမှာ တရုတ်လိုဘာသာပြန်ထားတာ ဘာလို့မရှိပါလိမ့်ဆိုတာ အခုမှသိရတယ်။ အဲဒီ "privacy" သဘောတရားကိုပဲ သူတို့ဆီမှာ ရှိမနေဘူး တဲ့။
(From Mr China)

" မြန်မာလူမျိုးတွေက ကိုယ့်နိုင်ငံထဲမှာနေပြီး ရဖျူဂျီတွေဖြစ်နေရတာ" တဲ


လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကသိခဲ့တဲ့ အမေရိကန်စီတီဇင် တမီးလ်ဘုန်းကြီး ကခေါ်လို့ ဒီနေ့ သွားတွေ့ဖြစ်တယ်။ မြန်မာပြည်ကနေ အမေရိအပြန် စင်္ကာပူ ကိုဝင်လာတာ။ သူနဲ့ပြောဖြစ်တာတွေထဲမှာ နားထဲစွဲသွားတဲ့ စကားတစ်ခွန်းက
"စိတ်မကောင်းဘူး အရှင်ဘုရားရေ၊ မြန်မာလူမျိုးတွေက ကိုယ့်နိုင်ငံထဲမှာနေပြီး ရဖျူဂျီတွေဖြစ်နေရတာ" တဲ့။
သူက ကရင်ပြည်နယ်၊ ချင်းပြည်နယ်ထဲအထိသွားခဲ့တာ။ နှိမ်တာမဟုတ်၊ သရော်တာမဟုတ်၊ ကရုဏာသံနဲ့ဆိုတော့ တပည့်တော်တို့လူမျိုး အဲသလောက် မညံ့ပါဘူးလို့တောင် ပြောမထွက်ခဲ့ဘူး။
သူပြောတာက လူ့အဖွဲ့အစည်းတစ်ခုလုံးကို ရည်ညွှန်းပြောတာပါ။ အစိုးရ လည်းပါ၊ စည်းကမ်းလည်းပါ၊ လူအများစုရဲ့ သဘောထားလည်းပါတာပေါ့။

ပြန်ချင်တဲ့ ကွန်မင့် နှစ်ခု


M Zaw Moe "၁၅ စက္ကန့်က များလွန်းသလားလို့။ လွန်ခဲ့တဲ့ ၁၅ စက္ကန့်က ကားကို မြင်လိုက်တာပါဆိုရင် ကိုယ့်ကိုတိုက်ပြီး ခပ်ဝေးဝေး ရောက် သွားလောက်ပြီ။"
Rijal Kancho "Distance နဲ့ ကွာမယ်လို့ ထင်တာပဲ"

ကားမှန်း စသိတဲ့အချိန်ကနေ ရေတွက်တာမဟုတ်ဘူး။ ကားကို မြင်တယ်လို့ လူကသိချိန်မှာ စိတ်ဖြစ်စဉ်အရ ၁၅ စက္ကန့်လွန်သွားပြီပြောတာ။ ၁၅ စက္ကန့် မတိုင်မှီ (၁၂ စက္ကန့်လည်းဖြစ်နိုင်) လူက ဘာမြင်မှန်း (သို့) သူ့မြင်စိတ်ကို ဘာ ဝတ္ထုက လာထိခိုက်မှန်း တိတိကျကျမသိဘူး။ စက္ခဝိဉာင်စိတ်(မြင်သိစိတ်)ဖြစ်ဖြစ်ချင်း သိတာက မြင်ရတဲ့ဝတ္ထု ဆိုတာလောက်ပဲသိတာ၊ ဆိုလိုတာက စိတ်ကို ထိခိုက်လာတဲ့အပြင်ဝတ္ထုက ကြားရတဲ့ဝတ္ထုမဟုတ်၊ နံတဲ့ မွှေးတဲ့ဝတတ္ထု မဟုတ်ဘူး စသည်ပဲသိတယ်။ ဘာမြင်မှန်းတိတိကျကျမသိရသေးဘူ။

ဝီထိစကားအရ ရှေ့က"ပဉ္စဒွါရဝဇ္ဇန်း"အဆင့်မှာ အာရုံကို ဝတ္ထုက လာထိခိုက် တယ်ပဲ သိတယ်။ မြင်ရတဲ့ဝတ္ထုလား၊ ကြားရတဲ့ဝတ္ထုလားကိုမသိဘူး။ ဒါက ဂျင်နရယ်သဘော ပဲ။
နောက်မှ စက္ခု၊ သောတ စတဲ့ တစ်ခုခုသောဝိဉာင်ဖြစ်တာ၊ မြင်ရတဲ့ဝတ္ထုဆို စက္ခုဝိဉာင်၊ ကြားရတဲ့ဝတ္ထုဆို သောတဝိဉာင် စသည်ဖြစ်တာ။ ဒါက ပိုသေချာ တယ်။ ပရီဆိုက်စ်ဖြစ်သွားတယ်။
ဒါတောင် မြင်ရတဲ့ဝတ္ထုဆိုတာကလွဲလို့ ဘာမှန်းတိတိကျကျမသိသေးဘူး။ ဒီနောက် ပေါ်လာတဲ့အာရုံကို "လက်ခံ"၊ "စုံစမ်း"၊ "ဆုံးဖြတ်"ဆိုတဲ့ ခဏကြီး သုံးခုဆက်ဖြစ်တယ်။ ဒီနောက်မှ ဇောကျတယ်။
M Zaw Moe ပြောတဲ့ ကားကို မြင်တယ်ဆိုတာက ဆုံးဖြတ် (သို့) ဇောကျခိုက် ကိုဆိုလိုတာ။ အဲဒီနောက် ၁၅ စက္ကန့်ကြာမဟုတ်၊ ဒီအဆင့်ရောက်ဖို့ ၁၅ စက္ကန့် ကြာတယ်လို့ဆိုတယ်။

Rijal Kancho ပြောတဲ့ "Distance နဲ့ ကွာမယ်လို့ ထင်တာပဲ" က ဝေးရင် (သို့) နီးရင် စက္ခုဝိဉာင်(မြင်စိတ်) ဖြစ်ဖို့ အနှေးအမြန်ကွာမယ်၊ စက္ခုဝိဉာင်ဖြစ်ပြီးနောက်နဲ့ မဆိုင်ဘူး။ ဝေးလို့ (သို့) မှောင်လို့ ဘာမှန်းမသိတဲ့ ဝတ္ထုကို ဆုံးဖြတ်တဲ့စိတ်က ဘာမှန်းမသိရလို့ ဆုံးဖြတ်မှာ။ (တကယ်က မမြင် ရတဲ့ မြင်စရာတွေ အများကြီးပါ။ ဝေးလို့၊ မှောင်လို့၊ ဖုံးထားလို့ စသည်ပေါ့။ ဒါပေမဲ့ ဖုံးထားတာကိုမြင်ရလည်း မြင်မှုဖြစ်စဉ်က ပြီးသွားတာပဲ။ မကျေနပ်ရင် ဖုံးထားတာကိုဖယ်ပြီး ထပ်ကြည့်၊ ထပ်ဝီထိပြန်ချပေါ့။ အဲသလိုပါ။)

Mr. China


နယူးယောက် ဝေါစထရိတ်ကဆရာကြီးတွေ အပိုင်ပဲဆိုပြီး တရုတ်ပြည်ထဲဝင် စီးပွားရေးလုပ်တာ ဒေါ်လာသန်းချီကုန်သွားပြီး လက်ချည်း နယူးယောက်ပြန်ပြေးရတယ်။ တရုတ်က တရုတ်ဥပဒေနဲ့ ဆော်သွားတာ။ လက်မှတ်ထိုးထားလို့လည်း အတည်ယူလို့မရဘူး။ တရုတ်ကို လျော့မတွက်ရဲတော့ဘူး။ ဖြစ်ရပ်မှန် ဝတ္ထုတစ်ပုဒ်ပါ။ ဘက်ဆဲလား တစ်အုပ်ပဲ။


တစ်ကျော့ပြန် ၀ီထိလက်ချာ


ဒီနေ့ တစ်ကျော့ပြန် ဝီထိလက်ချာ။ သိပ္ပံပညာက အဘိဓမ္မာကို ထောက်ခံ လိုက်ရပြီ။
အခု မြင်နေရတာက လွန်ခဲ့တဲ့ ၁၅ စက္ကန့်က မြင်ခဲ့တဲ့ဟာ တဲ့။ အဘိဓမ္မာက စက္ခုဝိဉာင်စိတ်ဖြစ်ပြီး ခဏကြီး ၅ ချက်ကြာမှ ဇောကျတယ်တဲ့။ ခဏကြီး ၅ ချက်ကို ခဏငယ်နဲ့ တွက်တော့ ၁၅ ချက်။ ခဏငယ်နဲ့စက္ကန့်က အချိန်ညီနေဟန်ပဲ။ လက်ဖျစ် တစ်တွက်ထက် တစ်စက္ကန့်လို့ဆိုရင် အင်္ဂလိပ်စကားပြောသူတွေအတွက် ပိုထိရောက်တယ်။



လူမှန်နေရာမှန်


အခန်းထဲမှာ အုတ်ခဲတစ်ရာထည့် ပြီး အလုပ်လာလျှောက်သူတွေကို အဲဒီအခန်းထဲမှာ ၆ နာရီကြာအောင် သော့ခတ်ထားလိုက်ပါ။ ၆ နာရီကြာလို့ ပြန်လာကြည့်တဲ့အခါ.......
တချို့က အုတ်ခဲတွေကို ရေနေလိမ့်မယ်၊ သူတို့ဟာ စာရင်းကိုင်ဖြစ်မယ့်သူတွေ..
တချို့က ရေပြီးသားအုတ်ခဲတွေကိုပဲ ထပ်တလဲလဲရေနေမယ်၊ သူတို့က စာရင်းစစ်..
တချို့က အုတ်ခဲတွေကို ဟိုလိုစီလိုက် ဒီလိုစီလိုက်လုပ်နေမယ်၊ သူတို့ကတော့ အိမ်တွင်း ဒီဇိုင်းနား..
တချို့ကတော့ ဘယ်သူနဲ့မှစကားမပြောဘဲ ပျင်းပျင်းရိရိနဲ့ ထိုင်နေမယ်။ သူတို့က HR နဲ့အဆင်ပြေပါတယ်။
တချို့ကတော့ ၆ နာရီမပြည့်ခင် အိမ်ပြန်သွားနှင့်ပြီ၊ ဒါဆို PA လုပ်လို့ရပါတယ်။
တချို့ကတော့ အုတ်ခဲတွေကိုခေါင်းခုပြီးအိပ်နေလိမ့်မယ်။ သူတို့ကတော့ လွှတ်တော်အမတ်ဖြစ်နိုင်သူတွေပါ။
တချို့ကတော့ အုတ်ခဲတွေနဲ့ တစ်ယောက်ကိုတစ်ယောက် ပေါက်နေကြမယ်။ သူတို့ကို လက်ပတ်နီဝတ်ပေးလိုက်ပါ။



တချို့ကတော့ အုတ်ခဲပုံပေါ်အခန့်သားထိုင်နေပြီး "အုတ်ခဲမလောက်သေးလို့ ဘာမှမလုပ်ရသေးတာပါ၊ စိတ်ရှည် ရှည်ထားကြပါ၊ အကောင်းဆုံး အဆောက်အဦကြီးဆောက်ပြပါမယ်" လို့ပြောမယ်။
အဲ သူတို့ကတော့ သမ္မတအထိဖြစ်နိုင်သူတွေပါ။
(အွန်လိုင်းဂျုတ်ကို မြန်မာမှုပြုထားတာပါ)

ကျနော်နဲ့တောင်ပေါ်သားများ


တောင်တန်းကြီးရာ ခင်ဗျားကလည်း မြင့်မောက်လိုက်တာ၊ ကျနော်သယ်လာရတဲ့ ၀န်ထုပ်ကအလေးကြီးဗျ ဟု လူငယ်က ငြီးလေသည်။
ကောင်လေးရာ အဲဒါ မင်းဘာသာသယ်တဲ့ ၀န်ထုပ်ပဲ၊ ငါက ဘာတတ်နိုင်မှာလဲ ဟု တောင်တက်လမ်းက ပြန်ပြောသည်။

ဝန်ထုပ်ကြီးရာ ခင်ဗျားကလည်း လေးလိုက်တာ၊ ကျနော်က မတ်စောက်တဲ့ တောင်တက်ခရီးကို တက်နေရတာဗျ ဟု လူငယ်က ပြောပြန်သည်။
ကောင်းလေးရာ၊ အဲဒါ မင်းရွေးတဲ့လမ်းပဲဟု သူ့ဝန်ထုပ်က သူ့ကိုပြောလေသည်။

ထို့နောက် လူငယ်သည် ဘာစကားမှ မပြောတော့ပဲ သူ့လမ်းကို သူလျှောက်နေတော့သည်။

ရှောင်ရင်းပြေးရင်းနဲ့ မေဝဲသား ကမ္ဘာ့ချန်ပီယံ ဖြစ်သွားပြီးနောက်


ချယ်လ်ဆီး အငြင်းပွားဖွယ်မရှိ ပရီမီယားလိဂ် ချန်ပီယံဖြစ်သွားပါပြီ။ ကွန်ဂရက်ကျူလေးရှင်းပါ။
ရှောင်ရင်းပြေးရင်းနဲ့ မေဝဲသား ကမ္ဘာ့ချန်ပီယံ ဖြစ်သွားပြီးနောက်....
ဒီနေ့ ချယ်လ်ဆီး ပရီမီယားလိဂ် ချန်ပီယံဖြစ်သွားပြီဆိုတဲ့နောက်......
အိုးလ် လေဒီ ဂျူပင်တပ်စ်က ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်နဲ့ မက်ဒရစ်တို့ကို အနိုင်ယူပြီး (ခံစစ်အားကိုးလေးနဲ့) ချန်ပီယံလိဂ်သရဖူဆောင်းဖို့ပဲ ကမ္ဘာက စောင့်မျှော်နေကြောင်း။

သိပ်တောင့်တင်း သိပ်ကောင်းတဲ့အသင်း ဘာညာပေါ့


ရီရတယ်။ မန်ယူက နည်းပြရော ကစားသမားတွေပါ အမြှောက်ကြိုက်တွေ။ အူတူတူတွေ။
အယ်ဗာတန်နည်းပြရော ၀က်စ်ဘရောင်းနည်းပြရောကပြောတယ် မန်ယူက နောက်နှစ်ဆို ပရီမီးယားရော ချန်ပီယံလိဒ်ပါချိန်နိုင်တဲ့အသင်း၊ သိပ်တောင့်တင်း သိပ်ကောင်းတဲ့အသင်း ဘာညာပေါ့။ ပြီးတော့ နှိပ်ကွပ်သွားတယ်။ ဘောပိုင်ဆိုင်မှု ၇၅၊၊ နိုး ဂိုး။ ပေးဂိုး ၄။ ဟဲဟဲ ချိန်ပေါ့ ချန်ပီယံလိဒ်။