ဦးသိန်းစိန်က အင်းလေးကန်ကြီးအတွက် ကတိတွေပေး


ဦးသိန်းစိန်က အင်းလေးကန်ကြီးအတွက် ကတိတွေပေး၊
ဒေါ်စုက သူသာ အာဏာရရင် မြစ်ဆုံစီမံကိန်းကိစ္စနဲ့ပတ်သက်ပြီး ပြည်သူကို အရင်အသိပေးမယ်ဆိုတဲ့အကြောင်း ကတိတွေပေး။
ဟုတ်ချင် ဟုတ်ကြရောပေါ့။ မဟုတ်လို့ကတော့ မြင်းကို လက်သီးနဲ့ထိုးမှာ။
(ဘုရားဝတ်တက်တော့မယ်၊ ဘိုင့်ဘိုင်)


ကိုရင်ပေါက်စ


ကြာပါပြီ။ မန္တလေး၊ ၂၆ လမ်းမှာပါ။ ဆွမ်းခံကိုရင်လေးကို မြင်းလှည်းမှာကထားတဲ့ မြင်းက နှုတ်သီးနဲ့ လှမ်း ဟပ်လိုက်တော့ ကိုရင်လေးလက်ထဲက သပိတ်လွတ်ကျပြီး ဆွမ်းတွေ၊ ဟင်းတွေ မှောက်ကုန်ရော။
ဒီတော့ ကိုရင်လေးက ဘာလုပ်လဲ သိလား၊ သပိတ်ကို မြေကြီးပေါ်ချ၊
သင်္ကန်းရုံဖျက်၊ မြင်းဇက်ကြိုးကနေကိုင်ပြီး မြင်းနှုတ်သီးကို လက်သီးနဲ့ ထိုးပါလေရော။

မြင်းလှည်းဆရာရော ဘေးကလူတွေပါ ခဏတော့ ကြောင်ပြီး ကြည့်နေကြ တယ်။ နောက်မှ တချို့က ပြုံးစိစိ၊ အသံထွက်လည်း မရယ်ရဲဘူး။ မြင်းလှည်း ဆရာက ဆင်းပြီးတောင်းပန်ရတယ်။
"မလုပ်ပါနဲ့ ကိုရင်ရဲ့၊ မြင်းက ဘာမှ သိတတ်တာ မဟုတ်ပါဘူး၊ တိရစ္ဆာန်ပါ" ပြောလည်းမရ။ နောက်ဆုံး
"တော်ပါတော့ ကိုရင်ရယ်၊ ရှိကြီး ခိုးပါရဲ့ ဘုရား" ဆိုတော့မှ ကိုရင်က
"တကယ်လား၊ ဒါဆို ဒကာကြီး ကိုရင့်ကို ဦးသုံးကြိမ်ချ" လို့ပြောတယ်။




၂၆ လမ်းမ၊ ပလက်ဖောင်းပေါ်မှာ မြင်းလှည်းဆရာက ဦးသုံးကြိမ် ချပြီး တောင်းပန်လိုက်တော့မှ ကိုရင်ပေါက်စက ခပ်တည်တည်နဲ့ သင်္ကန်းရုံ၊ သပိတ်ကောက်ပွေ့ ထွက်သွားလေရဲ့။
ဒီတော့မှ မြင်းလှည်းဆရာရော ဘေးကလူတွေပါ တရားဝင် ရယ်ရဲကြတော့ တာ။
(ဟိုတွေးဒီတွေး မတွေးကြေး)

(img source)

နောက်နှစ်ပြန်မယ်နဲ့ နေ လာခဲ့တာ


ဒီနေ့ ဒကာကြီး ဦးသန်းမြင့်နဲ့ ဒကာမကြီးဒေါ်ရီတို့ပါ ဆွမ်းလာကပ်တယ်၊ မှတ်မိသေးတယ်..
"ဆရာတော်၊ စင်္ကာပူ ရောက်တဲ့နှစ်ကစပြီး နောက်နှစ်ပြန်မယ်၊ နောက်နှစ်ပြန်မယ်နဲ့ နေ လာခဲ့တာ ဒီကောင်တွေ လုပ်နေတာနဲ့ အခုထိ မပြန်ရသေးဘူးဘုရား"
"ဒါနဲ့ ဒကာကြီး အသက်က"
"၈၀ လေ ဘုရား" တဲ့။
အဲသလိုပြောတာ သုံး လေးနှစ်တော့ရှိပြီ။
(သူက ဂျာမဏီကျောင်းဆင်း၊ ဂျာမန်စကား ကောင်းကောင်းတတ်၊ စင်္ကာပူ အစိုးရဆုပေးတဲ့ တံဆိပ်တွေနဲ့ ပိုလီဆရာ၊ အမေရိကန် တက္ကသိုလ် တစ်ခုမှာလည်း သုတေသနပိုင်း ဆရာ)

ပါးစပ်ရာဇဝင်လေး ဖြစ်သွားခဲ့ပြီ


ပါးစပ်ရာဇဝင်လို့ပဲ သဘောထားကြပါ သူတော်ကောင်းတို့။ မန္တလေး သာသနာ့တက္ကသိုလ် နေ့စွဲများထဲမှာ ဖြစ်၏။ သီဟနာဒတို့ထက် စီနီယာ များစွာ ကျသော ရဟန်းတစ်ပါးက အနောက်တိုင်း ဗုဒ္ဓဘာသာပညာရှင်များ ရေး သားသည့် စာပေများကို အဖတ်များပြီး အနောက်တိုင်းဟန် လွှမ်းမိုးသွားကာ သူ၏ စာတမ်းထဲမှာ ဤသို့ ရဲရဲတင်းတင်း မှတ်ချက်ရေးဖူးသည်။
"ဤအချက်ကို ဘုရားရှင်သော်မှ သတိပြုမိခဲ့ဟန် မတူ" ဟူသတတ်။
ကျမ်းစစ်ဆရာများ အဖွဲ့က "အရှင်ဘုရားနှယ်၊ ဘုရားရှင်သော်မှ သတိပြုမိခဲ့ ဟန် မတူရယ်လို့၊ ဒီစာကြောင်းကိုတော့ ပြင်တော်မူပါဦး"
လျှောက်ထားကြလေ၏။
******************************************************************

ယခု သီဟနာဒလည်း ကိုယ်တိုင်ကြုံရလေပြီ။
"ပြည်ခိုင်ဖြိုးကိုသာရွေး၊ သင့် အနာဂတ် စိတ်အေးရပြီ၊ အပါယ်တံခါး ပိတ်ပေလိမ့်မည်" ဟု ဆိုလာချေ၏။


ထို့ကြောင့် ပါးစပ်ရာဇဝင် မှတ်ချက်လေး ရေးချင်မိသည်
"ဤအချက်ကို သဗ္ဗညုတဉာဏ်ရှင်၊ ဘုရားသခင်သော်လည်း သိမြင်တော်မူခဲ့ဟန် မတူ၊ နည်းပညာအကူဖြင့် ပိဋကတ်သုံးဆူကို အဖန်ဖန်အထပ်ထပ် ရှာဖွေကြည့်မှတ်သော်လည်း ဤဝါကျမျို တစိုးတစိမျှပင် ကျွန်ုပ်တို့ မတွေ့ကြရ"

ပါးစပ်ရာဇဝင်လို့ပဲ သဘောထားကြပါ သူတော်ကောင်းတို့။

သီဟနာဒ

ဒီထက် ကောင်းတဲ့ပုံတွေ့ရင် ပို့ပေးကြပါရန်


ဇင်ဝေသော်က ဇင်နီကို ထောက်ခံသလို ဦးသိန်းစိန်ကိုလည်း ထောက်ခံ ပါတယ်။ ကြံ့ဖွံ့ပါတီရဲ့ ကြော်ငြာပုံကို တွေ့တွေ့ချင်း ဝေါပေါ်တင်ပေးဖို့ စောင့်ကြည့်နေ ခဲ့ပါတယ်။
ဒီပုံကို ရှင်သစ္စာဝေါမှာ တွေ့တာပါ၊ ဒါနဲ့ ဒီပုံကို အသုံးပြုခွင့်ပေးဖို့ သူ့ဆီက ခွင့်တောင်းတော့ သူလည်း သများဆီကယူထားတာ၊ ယူပါလို့ ခွင့်ပြုပါတယ်။
ပြသနာက မူရင်းပုံပါ။ အန္တရာယ်ရှိသည်နဲ့ တွဲနေပါတယ်။ ရွေးစရာမရှိလို့ ရှိတာပဲ တင်လိုက်ရပါတယ်။
(ဒီထက် ကောင်းတဲ့ပုံတွေ့ရင် ပို့ပေးကြပါရန်)

နည်းနည်းလေး ကြွားပျဇီနော်




ဒီနေ့ ကျနော်ဖတ်မိ၊ စပ်မိတဲ့ စာနှစ်ပုဒ်


(တိုက်တိုက်ဆိုင်ဆိုင် နှစ်ပုဒ်စလုံးက ဓမ္မဂင်္ဂါ ရေးထားတာ ဖြစ်နေပါတယ်)
***************************************************
(၁)
သကြားစက်ရုံက ထုတ်လုပ်မှု ကောင်းနေတယ်
လူတိုင်းနဲ့ တည့်အောင် ပေါင်းတော့မယ်
ဘဝက တိုတိုလေး
အလွမ်းက အရှည်ကြီးလေ။
*************************************
(၂)
အရှင်ဝီရသူအတွက် မုဒိတာစကား
----------------------------------
ယနေ့ နံနက် အရှင်ဝီရသူနှင့် ဒကာကြီးဦးတင်ဦးတို့ တွေ့ဆုံကြပုံဗီဒီယိုဖိုင်ကို ဘကြီးဘုန်းကြီး ကလစ်ခဲ့သည်။ ဒကာကြီးဦးတင်ဦး၏ သာသနာတော်အား ရိုကျိုးသောပုံရိပ်ကို ထင်ရှားစွာ မြင်ရသလို အရှင်ဝီရသူ၏ ဖြစ်စဉ်အားလုံး ခြုံငုံမိစေသော အပြုသဘောဆောင်သည့် ကထာစကားအချို့ကိုလည်း နာကြားခွင့်ရခဲ့၏။
ထိုအချိန်မှာပင် ရွှေပြည်ကြီး၏ ပရိယတ္တိစာပေလောကတွင် ထင်ရှားသည့် အရှင်နေမိန္ဒ(တောင်ကြီး) က ဒကာကြီးဦးတင်ဦး၏ နိဝါတတရားနှင့် အရှင်ဝီရသူ၏ ပုဂ္ဂလဓိဋ္ဌာန်ထက် ဓမ္မဓိဋ္ဌာန်ကျသော စကားများအတွက် မုဒိတာဖြစ်မိကြောင်း ဂျူနီယာ့ဂျူနီယာ ဘကြီးဘုန်းကြီးလေးအား တခုတ်တရဖုန်းဆက်မိန့်ကြားခဲ့ပ့သည်။

ဓမ္မဘေရီဆရာတော်ကြီးသည်လည်း ထိုဗီဒီယိုဖိုင်ကို ရှုမြင်သုံးသပ်ကာ အပြုသဘောဆောင်သောစိတ်နှလုံးဖြင့် အပြုံးလက်နက်ကိုင်ဆွဲကာ ညီညွတ်သောပြည်ထောင်စုကြီး တည်ထောင်ရေးသာ အခရာကျပေသည်
ဟု မိန့်တော်မူကြောင်း --။

ဆွမ်းစားသွားရင်း အစိတ်သားကိစ္စကို နောက်တော့ သံရုံးတစ်ရုံးလုံး ရီကြတယ်


ဝါဆိုသင်္ကန်းကပ်၊ ဆွမ်းစားသွားရင်း အစိတ်သားကိစ္စကို နောက်တော့ သံရုံးတစ်ရုံးလုံး ရီကြတယ်။
သံရုံးကို လေးအုပ် လက်ဆောင် ပေးလိုက်တယ်။



ကဲ ကွ၊ အာ့မှ ဒီမိုကရေစီ၊ မကျေနပ်ရင် မလိုက်ခ်နဲ့။



ဒီမိုကရေစီ ဝိရောဓိ

"ကျနော်တို့ ပထမလုပ်ရမှာက အိမ်နီးချင်း နိုင်ငံတွေရဲ့ အောင်မြင်မှုတွေကို သွားရည်ယိုနေရတဲ့ ငမွဲနိုင်ငံအဖြစ်က လွတ်ဖို့ပဲ"
 


ဒေါ်စု၊ လယ်ဘရယ်ဒီမိုကရေစီ၊ ယဉ်ကျေးမှုနဲ့ ကမ္ဘာ့နိုင်ငံရေး
********************************************************
ဒီစတေးတပ်က ဒေါ်စုရဲ့ လယ်ဘရယ် ဒီမိုကရေစီဝါဒနဲ့ ပတ်သက်ပြီး စိုးရိမ်နေကြ၊ စွပ်စွဲနေကြတဲ့ အခြေအနေအပေါ် ကြည့်လိုက်မိတဲ့အမြင်ပါ။
အနောက်တိုင်း လယ်ဘရယ် ဒီမိုကရေစီ ဝင်လာရင် မိမိတို့ ယဉ်ကျေးမှုနဲ့ ကိုယ်ကျင့်တရားတန်ဖိုးတွေ ဆုံရှုံးကုန်တော့မှာပဲဆိုတဲ့ အတွေးဟာ အခြား နိုင်ငံသားတွေဆီမှာလည်း ရှိနေခဲ့တာပါပဲ။ ဒါပေမဲ့ ကမ္ဘာ့နိုင်ငံရေး သမိုင်းအရတော့ အဲသလိုကြီး အိတ်သွန်ဖာမှောက် ပြောင်းလဲတဲ့နိုင်ငံ ရယ် လို့ ကမ္ဘာမှာ တူရကီ တစ်နိုင်ငံထဲပဲ ရှိပါတယ်။ ဒါကလည်း ဒီမိုကရေစီ အကူးအပြောင်းရဲ့ ပထမလှိုင်း ကာလထဲမှာပါ။

ဒါနဲ့ပတ်သက်လို့ ဟန်တင်တန်အပါအဝင် ကမ္ဘာ့ စူပါ့စူပါ ပညာရှင်တွေ လက်ခံတဲ့ အယူအဆက "ဒီမိုကရေစီ ဝိရောဓိ" တဲ့။
ဒီမိုကရေစီ ထွန်းကားသွားရင် အနောက်နဲ့ ပိုနီးသွားသလိုလိုရှိပေမဲ့ တကယ်တော့ ဒီမိုကရေစီ ထွန်းကားလေလေ၊ အနောက်နဲ့ ဝေးလေလေ၊ အမျိုးသားရေးဝါဒ အားကောင်းလေလေ တဲ့။ ဒါကို "ဒီမိုကရေစီ ဝိရောဓိ" လို့ ခေါ်ပါတယ်။

အနောက်ရဲ့ အောင်မြင်မှုတွေကို သွားရည်ယိုနေရတဲ့ ငမွဲ အာရှနိုင်ငံတွေ ဟာ ဒီမိုကရေစီ အမြစ်တွယ်၊ စီးပွားရေးအားကောင်းလာတာနဲ့ ..
"ငါတို့လည်း မင်းတို့လို လုပ်နိုင်ပါတယ်" ဆိုတဲ့ ယုံကြည်ချက် ရသွားပြီး သူတို့ ကိုယ်ပိုင် ယဉ်ကျေးမှုနဲ့ အမျိုးသားရေးဖက်ဆီကို ခြေဦးပြန်လှည့် သွားကြတယ်။

ကျနော်တို့ ပထမလုပ်ရမှာက အိမ်နီးချင်း နိုင်ငံတွေရဲ့ အောင်မြင်မှုတွေကို သွားရည်ယိုနေရတဲ့ ငမွဲနိုင်ငံအဖြစ်က လွတ်ဖို့ပဲ။
မယုံဘူးလား။ ဂျပန်နဲ့ အိန္ဒိယက အခု ရွေးထားတဲ့ နိုင်ငံခေါင်းဆောင်တွေကို ကြည့်ပါ။ သူတို့ဟာ အမျိုးသားရေး ဝါဒီတွေပါ။

ဒါဆို ဒေါ်စုက ကျနော်တို့ အမျိုးသားရေးနဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို ကျိန်စာတိုက် ဖျက်ဆီးပစ်မှာတဲ့လား (သူမ ဝတ်စားနေထိုင်ပုံနဲ့ မြန်မာ စကား ပြောဆိုပုံတွေကို ကျေးဇူးပြု ကြည့်ပေးပါ)။ ကျနော်ကတော့ လုံးဝ မထင်ဘူး။ ထင်တဲ့ တစ်နေ့ သူ့ကိုလည်း ကျနော်တို့ တော်လှန်ကြရမှာပဲ မဟုတ်လား။
တီးတေတူးလို ခြေထောက်ထောင်ပြီး မအိပ်ပါရစေနဲ့။
သံသယနဲ့လည်း တစ်ဖက်သားကို မစွပ်စွဲပါရစေနဲ့။

ကုန်ကုန်ပြောတော့........
ဂျပန်ဒီ မိုကရေစီ ဖြစ်သွားတယ်၊ စူရှီ ပျောက်မသွားဘူး။
ကိုရီးယား ဒီမိုကရေစီ ဖြစ်သွားတယ်၊ ကင်မ်ချီ ပျောက်မသွားဘူး။
ကျနော်တို့စားမယ့် ပဲပြုတ်နဲ့ ထမင်းကြော်ဟာ ဒီမိုကရေစီကြောင့်၊ ဒေါ်စုကြောင့်တော့ ဘာမု ဖြစ်မသွားပါဘူး။ အဓိကက အဲဒီ ထမင်း နပ်မှန်နေဖို့ပဲ။

(နောက်နေ့ ဘာသာရေးကိစ္စ ဆက်ပါမယ်။)
ဇင်ဝေသော်

img source