အပြစ်မဲ့တဲ့ သစ်ပင်လေးတွေကို မခုတ်ကြနဲ့တော့


 ဖြစ်ရလေ ငါ့ရွာလေးရယ်
ကိုသာအေးနဲ့ တစ်စုံတစ်ယောက်ကို ယုံကြည်ရင်း
အစိမ်းရောင်တွေ သမ်းခဲ့ရသလို
သူတို့ပေးတဲ့ ကတိကို ယုံစားရင်း
ရွာထဲရောက်လာတဲ့ လျပ်စစ်မီးကိုတောင် မယူကြဘူးတဲ့။

၁၀၇ အိမ်စု ဒီမိုတွေက မီးလင်းနေချိန်
သုံးပုံနှစ်ပုံက ကိုသာအေးအလာကို
အမှောင်ထဲကနေ စောင့်ကြလို့ တဲ့၊

ငါတတ်နိုင်တာ ငါ အစပျိုးတယ်
၁၀၇ မိသားစုကို ရေနွေးအိုးလေးတွေ ဝေလို့
ဖြစ်နိုင်ရင်
ရေနွေးတည်ဖို့
ထမင်းချက်ဖို့
အပြစ်မဲ့တဲ့ သစ်ပင်လေးတွေကို
မခုတ်ကြနဲ့တော့။ ။

ဇင်ဝေသော်





ကမ္ဘာ့နိုင်ငံ့ခေါင်းဆောင်တွေပါ မဲပေးခွင့်ရရင် ...


ကမ္ဘာ့နိုင်ငံ့ခေါင်းဆောင်တွေပါ မဲပေးခွင့်ရရင် မဲက ဒီထက်ပြတ်မဲ့သဘော။
တရုတ်ဆရာကြီး ရှီဆီကတောင် ထောက်ခံမဲ ရနိုင်တယ်။

ရုပ်နဲ့နာမ်


ဘယ်သူမှ မပိုင်ဆိုင်တဲ့ သဗ္ဗညုတဉာဏ်ကြီး ငါ့မှာ ရှိနေပြီပဲဆိုတဲ့အထာမျိုးနဲ့
ဘုရားရှင်က အရှင်ရဲ့ ရူပကာယတော်ကို ဖြစ်သလို ထားတော်မူခဲ့ပါ သလား။
ဘုရားရှင် အိုဗာဝိတ်ဖြစ်နေတယ်ဆိုတဲ့ စာပေအထောက်အထား တွေ့ဖူး ပါသလား။
ဆံရှည်ရှည်၊ မုတ်ဆိတ်မွှေး ဗရဗွနဲ့ တွေ့ရတတ်ကြောင်းရော စာပေမှာ ဆိုထားတာ ရှိပါသလား။

ပီတိစား အားရှိ။ ခဏတော့ ဟုတ်ပါလိမ့်မယ်။
ဒါပေမဲ့ ခဏနေ ပြန်ဆာလာမှာပါ။ ဆရာက ဗြဟ္မာမှ မဟုတ်ဘဲ။
ပဉ္စဝေါကာရ (ခန္ဓာ ငါးပါး) သတ္တဝါတိုင်းဟာ ရုပ်နဲ့နာမ် ဟန်ချက် ညှိကို ညှိကြရတယ် မဟုတ်ဘူးလား။



ဘာမှ မရှိတဲ့လူကို ရောင့်ရဲမှုအကြောင်း ပြောနေတာ ရယ်စရာ မကောင်းဘူးလား။
ဘာမှ မရှိသူကို စွန့်လွှတ်ခြင်းအကြောင်း ပြောနေတာ ရယ်စရာ မကောင်းဘူးလား။

ဒီခေတ်မှာ အခြေအနေအရ ဟန်းဖုန်းလိုတယ်၊ ပတ်စပို့စ် လိုတယ်၊ ဗီဇာလိုတယ်၊ လူနေမှုအဆင့်အတန်း လိုတယ်၊ ထမင်းလိုတယ်၊ ဆေးဝါးလိုတယ်၊ ကားလက်မှတ် လိုတယ်၊ လေယာဉ်လက်မှတ် လိုတယ်။

ဈာန်ရပုဂ္ဂိုလ်က တစ်ယောက်ထဲ ကောင်းကင် ပျံနိုင်တယ်။
ဘိုးအင်း ဂျက်လေယာဉ်က လူ ၇၀၀ လောက်နဲ့ ကောင်းကင် ပျံတယ်။

ဗုဒ္ဓဒေသနာက လိုအပ်ချက် (Necessary) နဲ့ စွဲလန်းမှု (Craving) ကို ရောထွေးမထားပါဘူး။

ကျနော်တို့ အားလုံးရဲ့ အမေ


ကျမရဲ့ မူကြိုကျောင်းသားလေး တစ်ယောက်က သူ့အမေနာမည်ကို စာလုံးပေါင်းတတ်ပြီဆိုပြီး ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပေါင်းပြတယ်။
"M-U-M" တဲ့။
အဲဒီအချိန် နောက်ကလေးတစ်ယောက်က
"မင်း မှားနေပြီ၊ အဲဒါ မင့်မေမေ နာမည် မဟုတ်ဘူး၊ ငါ့ မေမေနာမည်" တဲ့။
ဒီလ RD ထဲက ဂျုတ်ကလေး။ တိုက်ဆိုင်လို့ပါ။



Image: Digital Art by Wedhahai

အိမ်ပြန်ချင်နေတဲ့ မြန်မာတွေ၊ စီတီဇင် မယူဘဲ ပေစောင့်နေတဲ့ မြန်မာတွေ


"ဆရာလတ် လာမယ့်နှစ်ထဲမှာ မြန်မာပြည်ပြန်ကြမယ့် ကျနော်တို့ ကုမ္ပဏီက ၀န်ထမ်း ဘယ်နှယောက်လောက်များ ရှိနေမလဲ"
"ကျနော်ကိုယ်တိုင် ပြန်မလို့ စဉ်းစားနေတာ"
"ဟာ ဒါဆို မြန်မာပြည်မှာ ကျနော်တို့ ကုမ္ပဏီခွဲ ထောင်ထားမှ ဖြစ်တော့မယ်"
ရွှေမြန်မာ အယ်ချုပ် ဒေါက်တာ ခင်မောင်လတ် ပြောသွားတဲ့ စကားတွေပါ။

အတူတူပဲနေမယ်။
ထိပ်တန်း ရာထူးရှိထားတဲ့ မြန်မာတွေတိုင်း ဒီမေးခွန်းမျိုး အမေးခံရလိမ့်မယ်။ အထူးသဖြင့် ဘူမိဗေဒနဲ့ ဆိုင်တဲ့ကုမ္ပဏီတွေ တော်တော် စိတ်ပူနေရပြီ။
စလုံး အစိုးရကလည်း အိမ်ပြန်ချင်နေတဲ့ မြန်မာတွေ၊ စီတီဇင် မယူဘဲ ပေစောင့်နေတဲ့ မြန်မာတွေကို မျက်စောင်းထိုးလှပြီ။