တရုတ်ပြည်မှာ ဘီးလ်ဂိတ် ဘယ်နှယောက်များ ရှိနေလို့လဲ


ဂျပန်စီးပွားရေး "အုံး" ကနဲတက်လာတော့ (တကယ်က အမေရိကန် အကူအညီနဲ့) အာရှသတင်းစာအများစုက အမေရိကန်တွေ နောက်ကောက်ကျတော့မယ်ပေါ့။ ပြီးတော့ ငြိမ်သွားရော။ (ဟန်တင်တန်)

အခု တရုတ်စီးပွားရေး တက်လာတော့လည်း လုပ်ကြပြန်ပြီ။

စီးပွားရေပမာဏ ပိုကြီးလာတာကလွဲလို့ (ဒါက နိုင်ငံကြီး၊ လူများလို့ပါ) ဘယ်တရုတ်က ကမ္ဘာကို ပြောင်းလဲပေးနိုင်တဲ့ မိုက်ကရိုဆော့ဖ်လို တီထွင်မှုတွေ လုပ်နိုင်လို့လဲ။ တရုတ်ပြည်မှာ ဘီးလ်ဂိတ် ဘယ်နှယောက်များ ရှိနေလို့လဲ။ (လီကွမ်းယု)

၃၉ (စ) ပြီ


၃၉ (စ) ပြီ။၅၉ မ (စ) သင့်တော့၊ ဆုံးသင့်ပြီ။



အောင်ဆန်းသမီး အငယ်မလေးအတွက် ဖိုးစိန်ဆင့်သား အငယ်ကောင် ရေးတဲ့ကဗျာ (တစ်လလို အမှတ်တရ)







မြန်မာလိုပြောလည်း ဒီစကား
အင်္ဂလိပ်လိုပြောလည်း ဒီစကား
သွား သွား မစမ်းကြစမ်းပါနဲ့
အောင်ဆန်းသမီး အငယ်မလေးရယ်
Nothing to lose,
No one to fear,
Dare to change။


စင်္ကာပူအတွက် လီကွမ်းယုက Farther Figure
မြန်မာပြည်အတွက် ဒေါ်စုက Mother Figure
ဘုရားစူးပါရစေရဲ့
(ဒီတောသားက)
ဒန်ပေါက်စားရလို့ ပြောတာ မဟုတ်ရပေါင်။

အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားအရေး
သံသယလေးများ မခို့တရို့ရှိရင်
ကချင်ပြည်နယ်က အမေခေါ်သံကြီးကို
ကျေးဇူးပြု နားဆင်ပေးကြအုံး။

ချွေးတလုံးလုံးနဲ့
လယ်တောထဲက ပြန်လာတဲ့အမေကို
ဖုန်တလုံးလုံးနဲ့
ကစားရာက ပြေးဖက်ကြတဲ့ ကလေးတွေလိုပဲ။

အညာသားက အညာလေနဲ့ပဲ ပြောတတ်လို့
စကားရိုင်းသွားရင် ခွင့်လွှတ်ကြပါ
နိုဘယ်လ်အပါအဝင် ဆုတွေနဲ့
အင်္ဂလန်က ပြန်လာတဲ့
အောင်ဆန်းသမီး အငယ်မလေးကို
ဖိုးစိန်ဆင့်သား အငယ်ဆုံးကောင်
ဘက်ဆဲလား နိုင်ငံရေး ဘာသာပြန် ဆရာက
ယုံကြည်သတဲ့
လေးစားသတဲ့လေ။ ။

ဇင်ဝေသော်

(08/10/2015 08:16)

 

တစ်ဦးနဲ့တဦး ညှိကြည့်ကြပါအုံး


ဘယ်လိုမှ ညှိလို့မရကြတော့တဲ့နောက် လင်မယားနှစ်ယောက် ကွာရှင်းဖို့ တရားရုံးရှေ့နေဆီ ရောက်နေသတဲ့။
"စဉ်းစားကြပါအုံးဗျာ၊ လက်ထပ်ထားတာလည်း ဘာမှ မကြာလှသေးဘူး။ တစ်ဦးနဲ့တဦး ညှိကြည့်ကြပါအုံး"
"မရပါဘူးဗျာ၊ ကျနော်တို့ အိမ်ထောင်သက် ရက်ပတ် ၁၂ ပတ်အတွင်းမှာ သဘောထားချင်း တိုက်ဆိုင်တာဆို့လို့ တစ်ခုမှကို မရှိခဲ့ကြပါဘူး"
"ဘယ်ကလာ ၁၂ ပတ်လဲ၊ ရှင် မဟုတ်တာတွေ မပြောစမ်းပါနဲ့။ ၁၃ ပတ်ထဲ ရောက်နေပါပြီ"



(ရီးဒါး ဒိုင်ဂျက်ပဲ။ ဖတ်ဖူးရင် ဆောရီး)

ကမ္ဘာ့သမိုင်းအရ


၁။ ဘာသာရေး ယုံကြည်မှုခေတ်
၂။ ကျိုးကြောင်းဆင်ခြင်မှုခေတ်
၃။ အမျိုးသားရေးဝါဒခေတ်
၎။ သိပ္ပံနဲ့နည်းပညာခေတ်လို့ သတ်မှတ်ကြတယ်။

ဥရောပ အလယ်ခေတ်မှာ လူထုကို စည်းရုံး၊ မောင်းနှင်၊ ပုံသွင်းဖို့ ဘာသာရေးကို အသုံးချ။
အသိဉာဏ်ပွင့်လင်းခေတ်မှာ ဒီဗျူဟာ အလုပ်မဖြစ်တော့။ ကျိုးကြောင်းဆင်ခြင်မှုက နေရာ ဝင်ယူ။
၁၉ နဲ့ ၂၀ ရာစုမှာ လူထုကို စည်းရုံး၊ မောင်းနှင်၊ ပုံသွင်းဖို့ အမျိုးသားရေးကို အသုံးချ။
၂၀ ရာစုနှောင်းနဲ့ ၂၁ ရာစုမှာ ဒါလည်း သိပ္ပံနဲ့နည်းပညာ ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာ ကျရှုံးစပြုနေပြီ။
ပစ္စန္တရာဇ်တွေမှာတော့ ကောက်ရိုးမျှင်နဲ့ သံရည်ကြိုဖို့ ကြိုးစားနေဆဲ။

ဇင်ဝေသော်
Ref: World Order by Henry Kissinger