စုကြည်အတွက် နှင်းဆီတစ်ပွင့် (By Karel Schwarzenberg)

A rose for Suu Kyi
By Karel Schwarzenberg.
ခံစားပြန်ဆိုသူ - ဇင်ဝေသော်

ကွယ်လွန်လေသူ မစ္စတာ ဗားကလပ်ဗ် ဟာဘယ် (Vaclav Havel) ရဲ့ချက်နိုင်ငံ ဒီမိုကရေစီ အကူး အပြောင်း အခက်အခဲ သင်္ခန်းစာတွေကိုဟာ မြန်မာ နိုင်ငံရဲ့ ဒီမိုကရေစီ အကူး အပြောင်းမှာ အစစ်အမှန် တန်ဖိုးတွေ ပေးထားနိုင်ပါလိမ့်မယ်။ ချက် သမ္မတဟောင်းဟာ မြန်မာ နိုင်ငံရဲ့ ဒီမိုကရေစီ အကူး အပြောင်းကာလ အမြန်ဆုံး ရောက်ရှိလာဖို့ စိတ်အားသန်သန် စောင့်စားနေမိကြောင်း နဲ့ ဖြစ်နိုင်မယ်ဆိုရင် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို နှင်းဆီတစ်ပွင့် လူချင်းတွေ့ပြီး ပေးလိုက်လိုကြောင်း ဝါရှင်တန် ပို့စ်မှာဒီလို ရေးခဲ့ဖူးတယ်။

"I wish for her that those changes will happen as soon as possible, and that my silly idea -to hand her a rose -becomes a simple and easy thing to do."

"အပြောင်းအလဲတွေ အမြန်ဆုံးဖြစ်လာဖို့ ဆုတောင်းပေးပါတယ်၊ ဒါ အပြင် ကျနော့်ရဲ့ ခပ်ကြောင်ကြောင် အိပ်မက်ကတော့ သူမကို နှင်းဆီတစ်ပွင့် လက်ဆောင် ပေးချင်တာပါ" လို့ သူရေးခဲ့တယ်။

မြန်မာပြည်အထိ ခရီးသွားဖို့ သူ့ ကျန်းမာရေးက ခွင့်မပြုခဲ့ဘူး။ ဒါပေမယ့် သူမ လွတ်မြောက်လာတဲ့ ၂၀၁၀ ခု မှာတော့ သူတို့ချင်း ဖုန်း အဆက်အသွယ်တွေ ရှိခဲ့ကြပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ နဲ့ လူ့ အခွင့်အရေး အတွက် တစိုက်မတ်မတ် အားပေးခဲ့တဲ့ မစ္စတာ ဗားကလပ်ဗ်ကို ကျေးဇူး အများကြီးတင်ကြောင်း ဒ်ါအောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

သူ သေဆုံးတော့ သူ့ဈာပန က နှင်းဆီတွေကို သူ့မိတ်ဆွေတွေက စုစည်းပြီး ပညာရှင်တွေရဲ့ အကူအညီနဲ့ နှင်းဆီတွေ ကြာရှည်ခံအောင် စီမံခဲ့ကြတယ်၊ အဲဒါ သွားလေသူရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ပါ။

မြန်မာနိုင်ငံရဲ့ လတ်တလော ပြောင်းလဲမှုတွေကြောင့် နေပြည်တော်ကို ကျနော်ရောက်ခဲ့တယ်။ သမ္မတ ဦးသိန်းစိန် နဲ့ သူ့ ထိပ်တန်း အရာရှိတွေကို တွေ့ခဲ့တယ်။ သူတို့ အစီအစဉ်တွေကို ပြောပြကြတယ်။ သူတို့ ပွင့်လင်း ရိုးသားမှုကို တကယ် အံ့ဩမိပါတယ်။

ဒီ အပြောင်းအလဲတွေအတွက်ချက်နိုင်ငံရဲ့ ပြောင်းလဲလာပုံကိုလည်း သူတို့ စိတ်ဝင်စားကြတယ်။ မြန်မာအစိုးရဟာ လူးမျိုးစု လက်နက်ကိုင် တော်တော် များများနဲ့ ငြိမ်းခြမ်းရေး ယူခဲ့တယ်။ နှစ် ၆၀ ကြာ ကရင် လက်နက်ကိုင်အဖွဲ့နဲ့ ပဋိပက္ခကို ဖြေရှင်းဖို့ ခြေလှမ်းပြင်နေတယ်။ ကချင်တွေနဲ့ မပြေလည်သေးဘူး။ ရခိုင်ပြည်နယ်ကလည်း မငြိမ်းသေးဘူး။ ထောင်ထဲမှာလည်း နိုင်ငံရေး အကျဉ်းသားတွေ ကျန်ရှိနေဆဲပဲ။

သမ္မတ ဦးသိန်းစိန် နဲ့ သူ့ အစိုးရ က ပြောင်းလဲရေးကို စိတ်အားထက်သန်သလို ဒီလို ပြောင်းလဲမှုတွေလုပ်ဆောင်ရာမှာ အခက်အခဲတွေ အများကြီးဆိုတာ သဘောပေါက်ထားဖို့ လိုပါတယ်။ နှစ်ပေါင်း ၄၀ ပြည်နှင်ဒဏ်ခံခဲ့ရပြီး ကိုယ့်နိုင်ငံကို ပြန်ရောက်တော့ မြင်မိတဲ့ မွေးရပ်မြေရဲ့ ပုံသဏ္ဍာန်ကို ပြန်ပြောင်း သတိရမိတယ်။ အဆောက်အဦ တွေက အိုမြင်း၊ မြို့က ဖရိုဖရဲ၊ အက်စစ်မိုးတွေကြောင့် သစ်တောတွေတောင် စိမ်းစိမ်းစိုစို မရှိနိုင်ဘူး။

တစ်နိုင်ငံလုံး ကျနော် ပတ်ကြည့် ပြီးတဲ့နောက် ကျနော့် အစီရင်ခံစာကို သမ္မတဟောင်း ဗားကလပ်ဗ် ဟာဘယ်က တောင်းပါတယ်။ ပြီးတော့ "မင်းက နိုင်ငံနဲ့ အကြာကြီး ဝေးနေတာကိုး။ အဆောက်အဦတွေ ပိုင်ရှင်မှန်တွေပြန်ရအောင်လုပ်ပြီး ဒါတွေ ပုံမှန် ပြန်ဖြစ်အောင် လုပ်ရမယ်၊ ပါဝါ ပလန့် တွေ တည်ဆောက်၊ သစ်တောတွေကို ရှင်းလင်းပြီး အရင်လို စိမ်းစိုအောင် ပြန်လုပ်ရမယ်၊ မြို့တော်ကိုလည်း ပြန်လည် တည်ဆောက်ရမယ်။ ဒါပေမယ် ပျက်စီးသွားတဲ့ တို့ လူမျိုးတွေရဲ့ စိတ်ဓာတ်ကို ပြန်လည် တည်ဆောက်ရမယ့် တာဝန်က ဒါတွေထက် အချိန် အကြာကြီး ပိုလိုလိမ့်မယ်"

ဒီလိုပါပဲ။ လွတ်လပ်မှု၊ ဒီမိုကရေစီ၊ တရားဥပဒေ စိုးမိုးမှု စတဲ့ အယူအဆတွေကို အဝေးကွာဆုံး တောထဲက နောက်ဆုံးလက်နက်ကိုင် စစ်ဗိုလ်တစ်ယောက် လက်ခံလာဖို့ ဆိုတာအချိန်တွေ အများကြီး လိုပါတယ်။ ဒီ အကူးအပြောင်း ကာလမှာ လိုအပ်တဲ့ ပစ္စည်းပစ္စယတွေ ကျနော်တို့က အကူအညီ ပေးနိုင်ပါတယ်၊ ဒါပေမယ့် ကျနော်တို့ အတွေ့အကြုံတွေဟာ ငြိမ်းချမ်းစွာ ဒီမိုကရေစီ ကူးပြောင်းရေး အတွက် အကောင်းဆုံး အကူအညီတွေ ဖြစ်မှာပါ။

မြန်မာပြည် ရောက်ခိုက် လူမျိုးစု လက်နက်ကိုင် အဖွဲ့တွေ၊ လူမှုဝန်ထမ်းတွေ၊ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်စုကြည် နဲ့ တွေ့ခဲ့ပါတယ်။ ဖန်ပုလင်းထဲမှာ ထည့်ထားတဲ့ နှင်းဆီလက်ဆောင် ဒေါ်စုကို ပေးခဲ့နိုင်လို့ သွားလေသူ သမ္မတကြီးရဲ့ ဆန္ဒကို ဖြည့်ဆည်း ပေးနိုင်ခဲ့ပါတယ်။ ဒီမိုကရေစီ ရဲ့ ချန်ပီယံကြီး နှစ်ယောက်ကြားမှာ ဆက်ဆံရေး တံတားလေး ဖြစ်ခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ ပြီးတော့ ဒါဟာ ငြိမ်းချမ်းစွာ ဒီမိုကရေစီ ကူးပြောင်းနေတဲ့ မြန်မာပြည်အတွက် ချက် သမ္မတနိုင်ငံ တစ် နိုင်ငံလုံးရဲ့ လက်ဆောင်ပါပဲ။

ကျနော်တို့ တွေ့ဆုံစဉ်မှာ မစ္စတာ ဟာဘယ်လ် ချမှတ်ထားခဲ့တဲ့ လမ်းစဉ်တွေကို လိုက်ကြဖို့၊ မစ္စတာ ဟာဘယ်လ် ရေးသားခဲ့တဲ့ စာအုပ်တွေ၊ နိုင်ငံရေး အကူးအေပြောင်း လက်စွဲ တွေ ရွးချယ်ပြီး ဘာသာပြန်ကြဖို့ နဲ့ မီဒီယာနဲ့ လူမှုရေး ခေါင်းဆောင်ပိုင်တွေကို စနစ်တကျ လေ့ကျင့်ပေးကြဖို့ ဒေါ်စုကြည်က အားပေးစကား ပြောခဲ့ပါတယ်။

"အာဏာရှင်တွေနဲ့ အမှန်တကယ် ရင်ဆိုင်ခဲ့ရတဲ့ အခြား နိုင်ငံတွေ အကြောင်း ဖတ်ရ လေ့လာရတာဟာ သိပ် သဘောကျစရာ ကောင်းပါတယ်။ သူတို့ တော်တော် များများဟာ အစိုးရနဲ့ တစ်သက်လုံး သဘောထား ကွဲလွဲခဲ့သူတွေပါ၊ သူတို့ အသိအားပြိုင်မှုက ဘယ်လို အစိုးရကိုမဆို ကွက်ရှင်ထုတ်ဖို့ အဆင်သင့်ဖြစ်နေကြတယ်လို့ ကျမ ထင်ပါတယ်"
လို့ ၁၉၉၈ ခုက သူမ ရေးခဲ့တဲ့ ချက်နိုင်ငံ နဲ့ ကျမတို့ ဆောင်းပါးထဲမှာ ရေးထားခဲ့ပါတယ်။ (Czechs and Us)

ကျနော်တို့ အတွေ့အကြုံ အရ မြန်မာရဲ့ ဒီမိုကရေစီ အကူးအပြောင်းဟာ ညှိနှိုင်းဆွေးနွေးမှုတွေ အများကြီး လိုတယ်ဆိုတာ သိရပါတယ်။ ဒီအတွက် စွန့်စားမှု နဲ့ အခွင့်အရေး၊ သည်းခံမှု နဲ့ အလျော့အတင်းရှိမှု၊ ဒါတွေ ညီမျှနေဖို့လိုပါတယ်။

ဒါကို ပြတ်ပြတ်သားသာ ဆုံးဖြတ်ရမှာကတော့ သူတို့ ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ အပြင် ကမ္ဘာကတော့ မြန်မာ့ ခေါင်းဆောင်ပိုင်းတွေကိုသာ လေ့လာ အကဲခတ်လို့ ရမှာပါ။ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေ အနေနဲ့ အမှန်တကယ် ပြုပြင် ပြောင်လဲမှု ဖြစ်အောင် တစိုက် မတ်မတ် တွန်းအားပေးနေကြရမယ်၊ ဒီလိုမဟုတ်ရင် နှစ်ပေါင်းများစွာ သို့ ဆယ်စု နှစ်များစွာ သမိုင်း တစ်ပတ် ပြန်လည်သွားနိုင်ပါတယ်။

မြန်မာ နိုင်ငံဟာ စစ်မှန်တဲ့ အမျိုးသား စည်းလုံး ညီညွတ်ရေး တကယ် လိုအပ်နေပါတယ်။ ရင်းနှီးမြှပ်နှံမှုတွေလည်း အရေးတကြီး လိုအပ်နေပါတယ်။ ဒီ ရင်းနှီးမြှပ်နှံမှုတွေကလည်း သယံဇာတကို အမြတ်ထုတ်လိုမှု သက်သက်သာ မဟုတ်ဘဲ အနာဂတ် လူငယ်တွေ အတွက် အကျိုးရှိတာတွေ တောင်သူလယ်သမားတွေနဲ့ လူနည်းစု တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို လေးလေးစားစားနဲ့ လုပ်ဆောင်ကြတာတွေ ဖြစ်နေဖို့ လိုအပ်ပါတယ်။

လူထုကြီးရဲ့ အသက်မွေးဝမ်းကြောင်းမှု အဆင့်အတန်းကို မြှင့်တင်ပေးမယ့် အလုပ် အကိုင် အခွင့်အရေး ကို မပေးနိုင်တဲ့ ဘယ်လို ဒီမိုကရေစီ မှ ဆက်လက် ရှင်သန်နိုင်မှာ မဟုတ်ပါဘူး။ မြန်မာလူထုကြီးနဲ့ အတူ ကျနော်တို့ အားလုံးလည်း ကျနော်တို့ ယုံကြည်မှုတွေကို ဖွင့်ပြောပြနိုင်ကြပါတယ်။ ဒါကို ဒေါ်စု စကားကို ပြန်ကိုးကားရမယ်ဆိုရင်

"ပြောင်းလဲဖို့ အကြောင်း ပြောနေရုံနဲ့ အလုပ် မဖြစ်ဘူး၊ ပြောင်းလဲမှု တကယ် ဖြစ်နေစေရမယ်"
(To talk about change is not enough. Change must happen.")

The Washington Post.
The writer is Deputy Prime Minister of the Czech Republic.
He was president of the International Helsinki Federation for Human Rights from 1984 to 1991 and was chief of staff to Mr Vaclav Havel from 1990 to 1992.


ဇင်ဝေသော်








Copyright © 2012 ကမ်းလက်. All rights reserved.

သာရေး နာရေး၊ လွမ်းတာနဲ့ ဝမ်းစာ

မနေ့က အဖွားကြီးတစ်ယောက်ရဲ့ ဈာပန ကို သွားခဲ့ရတယ်၊ ရေစက်ချလို့အပြီး ယူလော်ဂျီတွေ ပြောကြတဲ့ အထဲမှာ သွားလေသူရဲ့ မြေးမကလေးနဲ့ သူမကို အနီးကပ် စောင့်ရှောက်ခဲ့ရတဲ့ အိမ်ဖော်မလေးလည်း ပါဝင်ခဲ့တယ်။

ထူးဆန်းတာက မြေးမလေးက မျက်ရည်လည်း မကျ ဘာမှလည်း ထူးထူးခြားခြား မခံစားရသလို ပြောသွားခဲ့ပေမယ့် အိမ်ဖော်မလေးကတော့ ဝမ်းနဲ တကြီးငိုနေတာနဲ့ ယူလော်ဂျီတောင် ကောင်းကောင်း အဆုံးမသပ်နိုင်ဘူး။

ဘာမှမဟုတ်ပေမယ့် စဉ်းစားစရာတွေတော့ အများကြီးပဲ။ မြေးမလေးက အမှန်တကယ် တည်ငြိမ်တာလား၊ အိမ်ဖော်မလေးက အဖြစ်သည်းတာလား။ မဆုံးခင်မှာ သွားလေသူနဲ့ အနီးဆုံးမှာ ရှိနေခဲ့တာ၊ သူ့ ဒုက္ခကို နားလည်နိုင်တာက မြေးမလေးလား၊ အိမ်ဖော်မလေး လား။

လူနာဆုံးသွားရင် ကျမလဲ အလုပ်ပြုတ်သွားပြန်ပြီလို့ တစ်ခါက အိမ်ဖော်မလေးတစ်ယောက် ပြောခဲ့တာက မဆီမဆိုင် ခေါင်းထဲ ဝင်လာသေးတယ်။

အရင်က ရှုပ်ပြီးသား ဘဝထဲ ခေတ်သစ် လူနေမှုစနစ်ဖြစ်တဲ့ အချိန်ပါးလျမှု၊ မနေမနား ရုန်းကန်နေရမှု ( ကြွက်ပြိုင်ပွဲ-rat-race ) ထည့်လိုက်တော့ သံယောဇဉ် အထူ အပါး နဲ့ နေရာ အထားအသိုတွေလည်း လွဲသွားနိုင်တာဘဲ မဟုတ်လား။

ရေးတတ်ရင် ဝတ္ထု တစ်ပုဒ်ပါဘဲ။ နေရေး သေရေး။ သာရေး နာရေး။ လွမ်းတာနဲ့ ဝမ်းစာ။ ဘဝ ထိုထိုတို့သည် .....................


သီဟနာဒ







Copyright © 2012 ကမ်းလက်. All rights reserved.

ဝါဆို မှတ်စုတို

ဝါဆို ကို အင်္ဂလိပ်လို ပြောရာမှာလည်း ပါဠိလို " Vassa " ဗတ်စ လို့ပဲ ပြောကြပါတယ်။
မြန်မာက ဝါဆို၊ သီဟိုဠ်က ဝတ်စ် ( Vas ) လို့ပဲ အတိုခေါ်ပါတယ်။
ဝါကပ် ဝါဆိုတာကို " Vassa observation " လို့ အသုံး များပါတယ်။
ဝါတွင်း သုံးလ ကိုတော့ "Rainy or raining retreat" လို့ အသုံး များပါတယ်။
နှစ်ဝါထပ်တဲ့ အခါ မြန်မာရဟန်းတော်တွေက ဒုတိယ ဝါဆိုလမှာသာ ဝါကပ်ကြပြီး
သီဟိုဠ် ရဟန်းတော်တွေကတော့ ပထမဝါ ( သို့ ) ဒုတိယဝါ
မိမိတို့ ကျောင်းတိုက် သဘောအရ ဝါကပ်တော် မူကြကြောင်း သိရပါတယ်။


ကမ်းလက်







Copyright © 2012 ကမ်းလက်. All rights reserved.

❃ဝါဆိုလပြည့် ဘာသာသမိုင်း အနုဿတိ❃

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် မှာလည်း မငြိမ်းသေးတဲ့ မီးစက တစ်ငွေ့င္ပေ့။ ထိုင်းနိုင်ငံ တောင်ပိုင်း မလေးရှားနဲ့ နယ်စပ်မှာကလည်း အပစ်၊ အခတ်၊ အသတ်တွေကြောင့် ကာဖျူး အမိန့် ထုတ်ရဖို့ ရှိနေပြန်တယ်။ ဘာသာရေး အချင်းချင်း လေးစားရပေမယ့် စစ်ပွဲသဏ္ဍာန်ဆောင်နေတဲ့ ဘာသာရေး နယ်ချဲ့မှုတွေကတော့ စိုးရိမ်စရာတွေပါပဲ။ ဒါတွေ တွေ့ရဖန်များတော့ ဗုဒ္ဓဘာသာရဲ့ အခြားဘာသာတွေအပေါ် သဘောထားကို အသောက မင်းကြီးက စလို့ ပြန်ကြည့်မိတယ်။

"ဘာသာတရားတိုင်းရဲ့ အနှစ်သာရတွေ ဖွံ့ဖြိုးနေစေချင်တယ်။ နည်းလမ်းတွေရှိပေမယ့် အပြောနဲ့ လမ်းဆုံးနေကြတယ်။ ကိုယ့် ဘာသာအဆုံးအမကို တကယ် မကျင့်ကြံဘဲ အကြောင်းမရှိ သူများ ဘာသာကို ပုတ်ခတ်လို့ နေကြတယ်။ ဝေဖန်မှုဟာ နည်းလမ်းကျတယ်ဆိုစေဦးတော့ သိမ်သိမ်မွေ့မွေ့ပဲ လုပ်ဆောင်သင့်တယ်။ ကိုယ့် ဘာသာအပေါ် တစ်ဖက်သတ် ယုံကြည်မှုနဲ့ သူများ ဘာသာကို ပုတ်ခတ်နေခြင်းဟာ ကိုယ့် ဘာသာကိုပဲ ထိခိုက်စေတယ်၊ ဒါကြောင့် ဘာသာတရား အချင်းချင်း နှီးနှောသင့်တယ်။ သူများ ဘာသာက အလေးအနက်ထားပြောတာတွေကို တလေးတစား နားထောင်သင့်တယ်။ သူများ ဘာသာရဲ့ ကျမ်းစာတွေကိုပါ ကျကျနနသိတဲ့ ပညာရှင် ဘာသာရေးသမားတွေ ရှိနေစေချင်တယ်" တဲ့။

"I desire that there be growth in the essentials of all religions. This can be done in several ways but all of them have their roots in restrained speech; in not practicing one's own religion and condemning the religion of others,without good cause. And even if criticism is justified it should be done in a mild way. Whoever praise his own religion due to excessive devotion and condemn other religions only harms his own religion. Therefore contact between religion is good. One should listen to and respect the doctrine professed by others. I desire that all should be well-learned in the good doctrine of other religions."

သက္ကရာဇ် ၉၉၁ ခု နှစ်က အာရပ် ဂျော်ဂရပ်ဖီ ပညာရှင် အဘူ ဇီး ဟာဆန် ဆိုရင် သိရိလင်္ကာ သားတွေရဲ့ ဖော်ရွေမှုကို နားမလည်နိုင်အောင် ဖြစ်ရလွန်းလို့ ဒီလိုပြောခဲ့တယ်။
"In the island there are a multitude of Jews as well as many other sects, the king permitting the practice of every religion."
အဲဒီကျွန်းလေးပေါ်မှာ ဂျူး တွေက အစ ဘာသာကွဲပေါင်း များစွာရှိနေတယ်။ ရှင်ဘုရင်ကလည်း ဘာသာတိုင်းကို လွတ်လွတ် လပ်လပ် ကိုးကွယ်ခွင့် ပြုထားတယ်။

ကက်သိုလစ် ဘုန်းတော်ကြီး ဂျွန် မာရီဂိုလီ လည်း ၁၃၄၉ ခုနှစ်က သိရိလင်္ကာကိုရောက်တော့ အံဩမဆုံး ဖြစ်ခဲ့ရ လွန်းလို့
"The monks made me welcome as if I were one of them."
ရဟန်းတော်တွေက အစ ကျနော့်ကို ညီရင်း အစ်ကို တွေလိုပဲ လို့ ပြောခဲ့တယ်။

အမေရိကန် ပရိုတက်စတင့် သာသနာပြုတွေ ၁၈၄၀ ခုက ထိုင်းနိုင်ငံကိုရောက်တော့ ဘုရင် Mongkut က ချပ်ကျောင်းတွေ ဆောက်ခွင့်ပြုရုံသာမက သမ္မာကျမ်းစာကို သူကိုယ်တိုင် လေ့လာနိုင်အောင် လက်တင်ဘာသာ စကားတောင် သာသနာပြုတွေ ဆီက သင်ယူခဲ့တယ်။

ဒါဆို မြန်မာဘုရင် မင်းတုန်းမင်းကရော။ ရန်ကုန်နဲ့ မန္တလေး စတဲ့ မြို့ကြီးတွေမှာ ချပ်ကျောင်းတွေ ဆောက်ဖို့ ခွင့်ပြုခဲ့တာပါပဲ။ စစ်ဝါဒ မဖက်တဲ့ ဘာသာတရားတိုင်းအပေါ် (ယုံကြည်မှု တူတာ မတူတာ အပထား ) ကျန်ုပ်တို့ ဧည့်ဝတ် ကျေခဲ့ကြပါတယ်။

ဒီထက် သိမ်မွေ့တဲ့ ဘုရားရှင်ရဲ့ ဩဝါဒတွေကို မဆွေးနွေးတော့ပါဘူး။ ပုထုဇဉ် ဘုရင်တွေနဲ့ တင် ရှင်းရှင်းကြီး ထင်နေပါပြီ။

ဒါပေမယ့် သီရိလင်္ကာက တမီးလ်တွေ
ထိုင်းတောင်ပိုင်းက သွေးဆာနေတဲ့ ဘာသာရေး အစွန်းရောက်တွေ
ရခိုင်ပြည်နယ်က ကာမေသု တွေ ကတော့ ကျွန်ုပ်တို့ရဲ့ ဗုဒ္ဓဘာသာ ပေါ်လစီကို အခွင့်ကောင်း ယူနေကြလေရဲ့။

သွေးယိုစေသော အပြုအမူသည် မြင့်မြတ်သော ဘာသာတရား အဆုံးအမ ဘယ်တော့မှ မဖြစ်နိုင်။ ဘာသာတရားဟူသည် နှလုံးသားနဲ့ နားလည်မှုကို လမ်းပြသော လမ်းညွှန် တစ်ခုထက် လုံးဝ မပိုသင့်။


သီဟနာဒ







Copyright © 2012 ကမ်းလက်. All rights reserved.

ဗုဒ္ဓဘာသာရဲ့ အနောက်ခရီး(ကိုးတိုင်းကိုးဌာန)

၂၅၆ ဘီစီမှာ ရေးထိုးခဲ့တဲ့ အသောကကျောက်စာအရ ကိုးတိုင်းကိုးဌာနသာသာနာပြုခရီးဟာ Syria, Egypt, Macedonia နဲ့ Cyrene တို့အထိ ပါဝင်ခဲ့ပါတယ်။ ဒီသာသနာပြုတွေဟာ သူတို့ရည်ရွယ်ထားတဲ့ ခရီးလမ်းဆုံးရောက်မရောက်တော့ မသိရပါဘူး။ ဒါပေမယ့် အေဒီ တစ်ရာစုရောက်တဲ့အခါမှာတော့ အာရှအလယ်ပိုင်းကို ဗုဒ္ဓဘာသာရောက်ရှိပျံ့နှံ့နေပြီဆိုတာ သိရပါတယ်။ အထူးသဖြင့် အီရန်မှာ ဗုဒ္ဓဘာသာ ရောက်ရှိပြန့်နှံ့နေပြီဆိုတာ သိရပါတယ်။

Turkmenistan မှာရှိတဲ့ Merv မြို့ဟာ Silk Road ရဲ့ ခရီးတထောက်နားတဲ့ အရပ်ဖြစ်ပြီး ဒီမြို့ဟာ ကဗျာဆရာ၊ သင်္ချာပညာရှင် အိုမာခရမ်ရဲ့ မွေးရပ်မြေလည်းဖြစ်ပါတယ်။ မြို့တော်ဟောင်းရဲ့ အရှေ့တောင်ထောင့်မှာ ပျက်စီးနေတဲ စေတီဟောင်းတွေ၊ ဘုန်းတော်ကြီးကျောင်းပျက်တွေလည်းတွေ့ရပါတယ်။ ဒီမြို့ဟာ ၁၃ ရာစုအရောက်မှာ မွန်ဂိုတွေလက်ချက်နဲ့ ပျက်စီးခဲ့ရတယ်။ Merv မြို့တော်ဟာ37.34(အနောက်) နဲ့ 61.25(အရှေ့) ကြားမှာတည်ရှိပါတယ်။ ဒါကြောင့် ဒီ တူးဖော်တွေ့ရှိမှူဟာ ရှေးဟောင်းဗုဒ္ဓဘာသာရဲ့ အနောက်ဖက်အကျဆုံး တွေ့ရှိမှုပါဘဲ။ ဒါပေမယ့် စာပေမှတ်တမ်းများအရကတော့ အီရန်နိုင်ငံရဲ့ အနောက်မြောက်ပိုင်းမှာရှိတဲ့ Tabriz အထိရောက်ခဲ့တယ်လို့သိရပြန်ပါတယ်။

အီရန်ဘုရင် Arghum(1284-1291)ဟာ ဘာသာတရားကိုင်းရှိုင်းတဲ့ဘုရင်တစ်ပါးပါ။ သူသေဆုံးပြီးတဲ့နောက် မွန်ဂိုတွေကျူးကျော်တာ၊ သူ့သားတွေ အချင်းချင်းမသင့်မြတ်တာတွေကြောင့် ပြဿနာမျိုးစုံဖြစ်ခဲ့ရတယ်။ အရေးအခင်းမှာ သူ့သားကြီဖြစ်တဲ့ Ghazan အနိုင်ရခဲ့တယ်။ ဗုဒ္ဓဘာသာတစ်ယောက်အနေနဲ့ ကြီးပြင်းခဲ့ပေမယ့် 1295ခု၊ ဂျွန်လ 19 ရက်နေ့မှာ ဘိသိက်မခံမီလပိုင်လေးအလိုမှာပဲ မွတ်စလင်ဘာသာကို ကူးပြောင်းခဲ့တယ်။ မှတ်တမ်းများအရကတော့ ဘိသိက်ခံပြီး Tarbiz မြို့ကိုရောက်ရောက်ချင်းပဲ ချတ်ကျောင်းတွေ၊ ဘုန်းတော်ကြီးကျောင်းတွေအားလုံး ဖျက်ဆီးပစ်ဖို့ အမိန့်ထုတ်ခဲ့ပါသတဲ့။

Ghazan ရဲ့လက်ထက်မှာရှိကြတဲ့ ဗုဒ္ဓဘာသာနဲ့ အခြားဘာသာတွေရဲ့ ကံကြမ္မာနဲ့ပတ်သက်လို့ ရှေးဟောင်းပါရှန်းဘာသာနဲ့ ဖော်ပြထားတာရှိပါတယ်။ "Ghazan နန်းတက်ပြီး မွတ်စလင်ဖြစ်သွားတဲ့နောက် ဘာသာရေးဆိုင်ရာရုပ်ထုတွေ၊ ဘုန်းတော်ကြီးကျောင်းတွေအားလုံး ဖျက်ဆီးပစ်ဖို့ အမိန့်ထုတ်ခဲ့ပါတယ်။" မွတ်စလင်နိုင်ငံထဲမှာ ဒါမျိုးတွေမထားရှိဖို့ ပြင်းပြင်းထန်ထန် တားမြစ်ပါတယ်။ ဘာသာအသီးသီးက ရဟန်းတော်တွေ၊ ရဟန်းမတွေအားလုံးလူဝတ်လဲစေပြီး မွတ်စလင်ဘာသာခံယူစေခဲ့တယ်။

ရဟန်းလူထွက်တွေကလည်း မွတ်စလင်ဘာသာကိုလည်းမယုံ၊ သူတို့အားကိုးနေတဲ့ဘုရားကလည်း လာမကယ်ဆိုတော့ ရေလိုက်ငါးလိုက် အယောင်ဆောင်ပြီးတော့ပဲနေလိုက်ကြတယ်။ အချိန်အတန်ကြာတော့ ဘုရင်က ဒီအကြောင်းတွေကိုသိပြီး သူတို့ကိုလာရင်းနိုင်ငံတွေဖြစ်တဲ့ အင်ဒီးယား၊ ကက်ရှမီးယား၊ တိဗက်တို့ကိုပြန်ပို့လိုက်ကြ။ ဒီနိုင်ငံထဲမှာနေပြီး အယောင်ဆောင်ကိုးကွယ်သူတွေအားလုံးကို သတ်ပစ်မယ်လို့ ကြုံးဝါးခဲ့တယ်။ အဲဒီနောက် ဆယ်စုနှစ်အနည်းငယ်အထိ အီရန်မှာ ဗုဒ္ဓဘာသာခပ်တည်းတည်းကျန်နေပြီး နောက်ဆုံးလုံးဝကွယ်ပျောက်ခဲ့ရပါတော့တယ်။

Ref:A to Z ဗုဒ္ဓဘာသာအကြောင်း


ကမ်းလက်







Copyright © 2012 ကမ်းလက်. All rights reserved.