ကိုယ်ပျောက်ထီး


ဒါလည်း ရီရတယ်။ - 
ကမ်းလက် shared နိုင် လင်းငွေ's photo
MOI Webportal Myanmar မှာ ဒီအောက်ကပုံ ပါတယ် ဆိုလို့ သွားကြည့်တာ edited တဲ့ ပြန်ဖြုတ်လိုက်ပြီ။
ကိုယ်ပျောက်ထီးလေ၊
အမျိုးသမီး ဒုဝန်ကြီး ကော့သောင်းခရီစဉ်မှာ ထီးမိုးပေးထားတာ၊ အမျိုးသမီးကို ထီးမိုးပေးတော့ ဝေဖန်ခံရမှာ စိုးလို့ထင်ပ၊ Photoshop နဲ့ ထီးကို ဖျတ်လိုက်ပုံရတယ်၊ အရိပ်ကို မဖျတ်မိတော့ ခုလိုပဲ ကိုယ်ပျောက်ထီး ဖြစ်သွားရော။
ကိုယ့်အတွေးနဲ့ကိုယ်နော်၊ ဟုတ်ချင်မှာလည်း ဟုတ်မယ်၊ ဟုတ်ချင်လည်း ဟုတ်မယ်။
ပုံကတော့ အစစ်၊အစစ်။

ဒါကတော့ အင်္ဂါ သား သမီးတွေကို အရှက်ခွဲတာပဲ။ ငြိမ်နေလို့ မဖြစ်ဘူး။


ကမ်းလက် shared Ko Zaw Aung's photo.
ဒီနေ့ အတွက်ဓာတ်ပုံ။
အင်းဝခေတ်ကခြင်္သေ့နှစ်ကောင်တဲ့။
အင်းဝခေတ်ကခြင်္သေ့နှစ်ကောင်လည်း
အ၀တ်လှန်းတဲ့ တန်း ကိုက်ထားရတဲ့ဘ၀ရောက်ကရော။


အခုမှ တင်ဖြစ်တဲ့ စာ


မနှစ်ကရော ဒီနှစ်မှာပါ နီးစပ်တဲ့အသိုင်းအဝိုင်းက စာပေဆုနဲ့ ပတ်သက်ပြီးေ မးတတ်ကြပါတယ်။ နားဝင်မချိုက ဆုမရဘူးလားပေါ့။ သူတို့ကို ဒီအကြောင်း တိတိကျကျ မဖြေဖြစ်ခဲ့ဘူး။
ရန်ကုန်မှာ အစအဆုံးကူညီနေတာက ကိုကျော်သာ။ သူ့ကိုပြောပါသတဲ့။ ဒီစာအုပ်က အမျိုးသားစာပေဆု မှန်းထားသလား၊ မှန်းထားရင် ဘုတ်အဖွဲ့ အ တွက် စာအုပ်ဆယ်အုပ် (ဆိုလားပဲ) ထပ်ပေးဖို့ပေါ့။ ဒါက စည်းကမ်းချက်ပါ။

ဒီတော့ ကိုကျော်သာက
"ဘာဆုမှလည်း မမှန်းဘူး၊ စာအုပ်ဆယ်အုပ်လည်း ထပ်မပေးနိုင်ဘူး" ဆိုပြီး ထွက်လာခဲ့ပါသတဲ့။ တကယ်လည်း မပေးဘူး၊ အရှင်းပဲ။
ဆရာ၊ ဒကာက အဲသလို ညီတာ။ ညှိနေစရာကို မလိုတာ။ ဆုမရဘူးလားမေးကြတော့ နည်းနည်းတော့ ပြုံးမိတာပေါ့။
ဇင်ဝေသော်ထက် ဘက်စုံပိုတော်တဲ့ ဆရာကြီးတွေ စာပေဆု မယူ၊ မရနဲ့ပတ်သက်ပြီး စာဖတ်သူတွေ သဲလွန်စရစေဖို့ပါ။

Buddha Bar ဆရာတွေ အလုပ်ကြမ်းနဲ့ထောင်ဒဏ် နှစ်နှစ်ခွဲ


နိုင်ငံခြားသားကထားပါတော့ မြန်မာနှစ်ယောက်က ဘာဖြစ်လို့ ဒီ လောက်အထိ လုပ်ရဲရတာလဲ။
လူ့အခွင့်အရေးလား၊ လွတ်လပ်စွာ ဖော်ပြခွင့်လား။
မလုပ်အပ်ပါဘူး။ မလုပ်ရပါဘူး။ ဘယ်ဘာသာကမှလည်း ဒါမျိုးကို လက်ပိုက်ကြည့်နေမယ် မဟုတ်ပါဘူး။

ဒီလောက်ရဲရင်လည်း ဆီးရီးယားသွားပြီး မိုဟာမက် ဘား ဖွင့်ဖို့ကောင်းတယ်။
ဘာသာရေးနဲ့ယဉ်ကျေးမှုမှာ ရှိရမယ့်၊ မကျော်ရမယ့် ခံစစ်စည်း ရှိကိုရှိနေရမှာမို့ တားမြစ်ရမှာပါပဲ။ ဒါ့ကြောင့် ချမှတ်တဲ့ ပစ်ဒဏ်ကို ထောက်ခံပါတယ်။