တစ်ရွာလုံး ဇွန်လ ၂၁ ရက်နေ့မှာချည်းပဲ မွေးထားတယ် (ဆိုလား)


မှတ်ပုံတင် အတု လုပ်ပုံကလည်း တစ်ရွာလုံး ဇွန်လ ၂၁ ရက်နေ့မှာချည်းပဲ မွေးထားတယ် (ဆိုလား)။
(ဆိုလား) ဆိုတော့ သတင်း အတိအကျတော့ မဟုတ်ဘူးပေါ့။
သတင်း အတိအကျ မဟုတ်ပေမဲ့ မှန်ပုံတော့ရတယ်နော့်။
အလိမ်ကများတော့ အလိမ်အိတ်စပတ်တွေပေမဲ့ အစထွက်ထွက်လာတတ်တာပေါ့။

အိမ်ပြောင်းတယ်ဆိုတာ ဒါမှအစစ်


အိမ်ကို အလုံးလိုက်မပြီး ဒီလို့ရွှေ့လို့ရသတဲ့
အိမ်ပြောင်းတယ်ဆိုတာ ဒါမှအစစ် :D စည်းလုံးညီညာ အောင်ကြောင်းဖြာပေါ့။ကရင်ပြည်နယ်ဖက်လို့ထင်တာပဲ။ စကားသံနဲ့ လုံချည်အဆင်ကိုကြည့်ပြီးပြောတာပါ။ သေတော့မသေချာဘူး။ ဒါမျိုး တခြားနယ်ဖက်တွေမှာ တွေ့ဖူးကြားဖူးရင် ပြောပြသွားပါဦး။Villagers moving a house in Myanmar.Credit: Wi Zin Nyo Zinnyo
Posted by Myanmar Pictures on Friday, April 18, 2014

ကျွန်တော့်ကိုယ် ကျွန်တော် ဘာသာမဲ့ (ဖန်ဆင်းရှင် မယုံကြည်)လို့ မသတ်မှတ် ပါဘူး


ကျွန်တော့်ကိုယ် ကျွန်တော် ဘာသာမဲ့ (ဖန်ဆင်းရှင် မယုံကြည်)လို့ မသတ်မှတ် ပါဘူး။ ထာဝရဘုရားသခင်နဲ့ ပတ်သက်လို့ လက်ခံတာမဟုတ် ငြင်းဆန်တာ မဟုတ်ပါ။ လူပြောသူပြောအရ ကမ္ဘာဆိုတာ မဟာပေါက်ကွဲမှုကြီး ကနေ စတင်ဖြစ်ပေါ်လာတယ်။ ဒါပေမဲ့ လူသားဟာ နှစ်ပေါင်းနှစ်သောင်းကျော် အတွင်းမှာ တွေးခေါ် စဉ်းစားတတ်တဲ့ သတ္တ၀ါ၊ မိမိကိုယ်ကို သုံးသပ် ဆင်ခြင်နိုင်တဲ့ သတ္တ၀ါ အနေနဲ့ ဖွံ့ဖြိုးတိုးတက်လာ ခဲ့ပါတယ်။

ဒါဟာအဆင့်ဆင့်ပြောင်းလဲမှု ဒါဝင်ဝါဒရဲ့ အကျိုးဆက်ပဲလား၊ ဒါမှမဟုတ် ဒါဟာ ထာဝရ ဘုရားသခင်ရဲ့ ဖန်ဆင်းမှုလားဆိုတာ ကျွန်တော် မသိပါဘူး။ ဒီတော့ ထာဝရဘုရားသခင်ကို ယုံကြည်သူတွေနဲ့ တွေ့လာရင်လည်း ပျက်ရယ်မပြုပါဘူး။ ထာဝရဘုရားသခင် ရှိတယ်ဆိုတာကို ယုံကြည်ဖို့ မလိုအပ် သလို မရှိပါဘူးလို့ငြင်းဆန်နေစရာလည်း မလိုအပ်ပါဘူး။


သူတို့ဘာသာထဲဝင်ဖို့ စည်းရုံးနေကြတဲ့ ကျွန်တော့်ဘေးက လူတွေလည်း မျှော်လင့်ချက် မရှိဘူး ဆိုပြီး ကျွန်တော့်ကို စည်းရုံးဖို့ လက်လျော့သွားကြပါပြီ။ ကလေးဘ၀ကတည်းက ရင်းနှီးလာခဲ့တဲ့ အမျိုးသမီး မိတ်ဆွေတစ်ယောက် ကျွန်တော့်ဇနီးမှာလည်းရှိပါတယ်။ သူကလည်း ကျွန်တော်ဇနီးကို သူတို့ဘာသာထဲဝင်ဖို့ အမြဲနားချနေတတ်တယ်။ နောက် ဆုံးတော့ ကျွန်တော့်ဇနီးက အဲဒီ အမျိုးသမီးကို အတွေ့မခံတော့ပါဘူး။ "အတော်စိတ်ပျက်စရာကောင်းတာပဲ၊ တွေ့လိုက်တိုင်း ခရစ္စယန် ဘာသာထဲ ၀င်ဖို့ပဲပြောနေတယ်" လို့ ကျွန်တော့််ဇနီးက ပြောပါတယ်။ ကျွန်တော့်ဇနီးကလည်း ဒုတိယ ဘ၀ရှိတယ်ဆိုတာကိုမယုံကြည်ပါဘူး။ (ဒုတိယဘ၀) မရှိဘူးဆိုစေဦးတော့ ရှိတယ်လို့ ယုံကြည်ခြင်းက စိတ် သက်သာရာ ရစေတယ်ဆိုတာကိုတော့ သူမက၀န်ခံပါတယ်။

(One Man's View of the World)

နွေရောက်မလာတဲ့ နွေဦး


(လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်၊ လီကွမ်းယု)

"တရုတ်တွေက အဲဒီကို သွားပြီး ရင်းနှီးမြှုပ်နှံမယ်၊ ရသမျှ သယံဇာတကို တူးယူမယ်"

မေး။ ။ အာရပ်ကမ္ဘာထဲမှာ ဘယ်လိုနိုင်ငံရေးကစားကွက်တွေ ရှိလာနိုင်မယ် လို့ ထင်ပါသလဲ။ အာရှတိုက်လိုပဲ အရှေ့ အလယ်ပိုင်းမှာ အမေရိကန်နဲ့တရုတ် အားပြိုင်မှုတွေ ရှိလာ နိုင်မလား။

ဖြေ။ ။ ဘယ်အင်အားကြီးနိုင်ငံမှ ပါဝင်ပတ်သက်လို့ မရဘူး။ အဲဒီဒေသ တွင်းမှာ စိုးမိုးထားနိုင်တဲ့ အင်အား က အီရန်မှာပဲ ရှိတယ်။ တရုတ်လည်း အရှေ့အလယ်ပိုင်းကိုမသွားနိုင်ဘူး။ သိပ်ဝေးလွန်းတယ်။ အမေရိကန်တွေ သွားရင်လည်း သူတို့ အလံတွေ မီးရှို့တာခံရမယ်။ သူတို့သံအမတ်တွေ အသတ်ခံရမယ်။ လစ်ဗျားမှာလည်း ဒီအတိုင်း ဖြစ်ခဲ့တာပဲ။

မေး။ ။ အဲဒီ ဒေသထဲမှာ အမေရိကန်လွှမ်းမိုးမှုနဲ့ အမေရိကန်တွေရဲ့ စိတ်ဝင် စားမှု ကုန်ခမ်း လာနေပြီလား။

ဖြေ။ ။ သူတို့ သယံဇာတတွေကြောင့် အမေရိကန်တွေရဲ့ စိတ်ဝင်စားမှု ကတော့ လျော့ကျသွားမှာ မဟုတ်ဘူး။ သူတို့ နိုင်ငံထဲမှာ ရှဲ(လဲ) ဂက်(စ်)(Shale gas) တစ်မျိုး တွေ့ထားပြီ လို့ အမေရိကန် တွေကပြောတယ်။ ဒါဆိုရင် စွမ်းအင်အတွက် ဘယ်သူ့ကိုမှ အားကိုးစရာ မလိုတော့ဘူး။ ဒါပေမဲ့ နိုင်ငံ အများစုမှာ ရှဲ(လ်)ဂက်(စ်)ကမရှိဘူး။ ဒီတော့ ရေနံဟာ အရေးကြီးနေဦး မှာပဲ။ လေယာဉ်တွေ၊ သင်္ဘောတွေနဲ့ တခြားကူးသန်းသွားလာရေး ယာဉ်တွေ အတွက် ရေနံက လိုနေဦးမှာပဲ။



မေး။ ။ တရုတ်ပြည်ကလည်း ဒီအထဲကို ၀င်ပါလာချင်နေမှာပဲ။

ဖြေ။ ။ အမှန်ပဲပေါ့။ ဒါပေမဲ့ သူတို့အတွက် ခရီးအကွာအဝေးက မနည်းလှဘူး ဆိုတော့ အင်အား ဖြည့်တင်းပေးနိုင်ဖို့မလွယ်ကူလှဘူး။ တရုတ်တွေက အဲဒီကို သွားပြီး ရင်းနှီးမြှုပ်နှံမယ်၊ ရသမျှ သယံဇာတကို တူးယူမယ်။ အာဖရိကမှာလည်း ဒီအတိုင်းပဲ သူတို့လုပ်နေကြတာပဲ။ ရေနံနဲ့ အခြားအခြေခံ လိုအပ်ချက်ပစ္စည်းတွေရဖို့ ကွန်ဖရင့်ခန်းမ ကြီးတွေ ဆောက်ပေး၊ ပြည်သူ့ခန်းမတွေ ဆောက် ပေး လုပ်နေကြတာ။

ဇင်ဝေသော်

တော်တော်နောက်တဲ့ ဝန်ကြီး


ဟာ..... ပြန်ကြားရေးဝန်ကြီးကတော့ နောက်ပြီ။ စင်္ကပူရီယန်းက မြန်မာစာ မဖတ်တတ်လောက်ဘူးရယ်လို့။
မြန်မာစာဖတ်နိုင်တဲ့ စလုံးတွေ အတော်များများရှိတယ်။
လီကွမ်းယုစာအုပ်တွေ ဘာသာပြန်ခွင့်ရဖို့ အစအဆုံးကူညီနေတဲ့ ဒေါက်တာ ဂျွန် လီ တို့တောင် တွေ့ရင် မင်္ဂလာပါ၊ နေကောင်းလားနဲ့ စတာ။
သူ တင်တဲ့ ပို့စ် အစစ်ဆိုရင်တော့ တော်တော်နောက်တဲ့ ဝန်ကြီးပါ။