ရွေးကောက်ပွဲနီးမှ လုပ်ပေးတယ် တဲ့


စလုံးအစိုးရက စလုံးနည်းစလုံးဟန်ပဲ။ ပတ်ပတ်လည်မှာ သစ်ပင်ဟောင်းတွေနှုတ်၊ အားလုံးအသစ်တွေနဲ့ အစားထိုးနေလို့ မေးကြည့်တော့ ရွေးကောက်ပွဲ နီးလာလို့ တဲ့။
လီကွမ်းယုပြောသားပဲ၊ တို့က အစောကြီးကြိုလုပ်ပေးရင် လူထုက မေ့သွားတာ။ မလုပ်ဘူး၊ ရွေးကောက်ပွဲနီးမှ လုပ်ပေးတယ် တဲ့။




ဒီလောက်အရေးကြီးတဲ့ကိစ္စမျိုးကို လွယ်လွယ်တော့ အတည်မပြုသင့်ဘူး


နေပြည်တော်မှာ တိမ်အနည်းငယ်ပဲရှိပြီး ရာသီဥတု သာယာတယ်ဆိုတာ အမှန်ပဲလား။
လီလီနိုင်ကျော်က ရာသီဥတုကောင်းပါသည် ဆိုတဲ့သီချင်းကို တကယ်ပဲ ဆိုခဲ့သလား။
ဒီလောက်အရေးကြီးတဲ့ကိစ္စမျိုးကို လွယ်လွယ်တော့ အတည်မပြုသင့်ဘူး။
(August 13 at 10:24am)


နေပျီဒေါ်မှာ အဲ့လို ဖြစ်နာ




Ito ang totoong kung-fu
Posted by Even Demata on Friday, April 24, 2015

မောနင်း ပို့စ်


၁၊ ၂။ အစိုးရက ပြည်သူနဲ့ယှဉ်တော့ နာမည်ပိုပျက်မယ့်ကိန်းပဲ။ ရေဘေး သင့် ပြည်သူအများစုက စေတနာရှင်ပြည်သူလူထုရှိတယ် အစိုးရကို အားမကိုး တဲ့။
ရက်ရောတဲ့ နိုင်ငံတွေစာရင်းမှာ အမေရိကန်နဲ့အတူ ထိပ်ကရှိနေပေမဲ့ လူထုရဲ့ တစ်ရက်ဝင်ငွေ (အနည်းဆုံး) သုံးဒေါ်လာပဲရှိတဲ့ နိုင်ငံမွဲရဲ့ စေတနာက အမှတ် ပိုရတာပေါ့။
၃။ ဦးသိန်းစိန်က ပါလီမန် မဝင်၊ ဒါပေမဲ့ အဖွဲ့ချုပ်က ဒေါ်စု သမ္မတမဖြစ်နိုင်မှု၊ အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲပြိုင်ပွဲဝင်စာရင်း ထုတ်ပြန်ရာမှာ အငြင်းပွားစရာတွေ ရှိနေမှုနဲ့ နာမည်ကြီး အစိတ်သားကိစ္စကြောင့် ဦးသိန်းစိန်ရဲ့ ဒုတိယ သက်တမ်း ဖြစ်မလာနိုင်ဘူးလို့ ပြောမရကြောင်း အဆုံးသတ်ထားလေရဲ့။






ကြက်တူရွေး သုံးကောင်


ကြက်တူရွေးဆိုင်မှာ ဈေးသုံးမျိုးတင်ထားတဲ့ ကြက်တူရွေး သုံးကောင်ရှိတယ် တဲ့။
မေးကြည့်တော့ အရောင်းစာရေးလေးက.....
"ဒီဖက်က ကြက်တူရွေးက ဘာသာစကား နှစ်မျိုးပြောနိုင်တယ်၊ သူက ဒေါ်လာ တစ်ထောင်၊ ဟိုဖက်က ကြက်တူရွေးက ဘာသာစကား သုံးမျိုးအထိ ပြောနိုင် တယ်၊ သူက နှစ်ထောင်၊ အလယ်ခေါင်က ကြက်တူရွေးကတော့ ဒေါ်လာ သုံးထောင်ပါ။ သူက ဘာစကားမှတော့ မပြောဘူး"
"ဘာစကားမှ မပြောတတ်ဘဲနဲ့ သူက ဘာလို့ ဈေးကြီးနေတာလဲ"
"ဒါတော့ ကျနော်လည်း ကောင်းကောင်းမသိဘူး၊ ဟို နှစ်ကောင်က သူ့ကို အဘ ခေါ်လို့တော့ ဖြစ်နိုင်တာပဲ"
(၁၉၉၁၊ ဧပြီ၊ ရီးဒါးဒိုင်ဂျက်ကို မှီးပါတယ်)


ဘယ်လိုသောက်ရမလဲ