နိုင်ငံရေးတကယ်လုပ်တဲ့အခါ


နိုင်ငံရေးတကယ်လုပ်တဲ့အခါ အရင်ကရှိခဲ့တဲ့ စိတ်ဓာတ်ရေး၊ စာပေရေးနဲ နိုင်ငံရေးခံယူချက်တွေကနေ အနည်းငယ် သွေဖီသွားတတ်ပါတယ်။ ဗားကလပ် ဟာဘယ်ကိုယ်တိုင်လည်း ဒီအတိုင်းပါပဲ။
ကကြိုးလေးထွေနဲ့ အောင်ဆန်းစုကြည်
Four lives of Aung San Suu Kyi ကို ပြန်ဖတ်ရင်း စဉ်းစားမိတာပါ။ ဒီသဘောက ကိန်းသေမို့ ဒိတ်အောက်တယ်မရှိဘူး။
(8:39 am)
https://www.facebook.com/sharinghand/posts/965107893596401



ဦးထင်ကျော်ရဲ့ အင်္ဂလိပ်အသံထွက်၊ လေယူလေသိမ်းက လုံးဝ တန်းဝင်ပါတယ်။
မြန်မာတွေထဲမှာတော့ (ဒေါ်စုရဲ့အင်္ဂလိပ်ကလွဲရင်) မညံ့တဲ့၊ တန်းဝင်ပြီး ကမ္ဘာနားလည်နိုင်တဲ့ အင်္ဂလိပ်လို့ထင်ပါတယ်။
တစ်ခုပဲ၊ "Busy" အစား "Tight schedule" လို့ပြောရင် ပိုခန့်မယ်။
Keep up your good work Mr President!
(12:23pm)

https://www.facebook.com/sharinghand/posts/965193703587820

အဖြေမရှိသေးတဲ့ မေးခွန်း


နိုင်ငံခြားရေးဝန်ကြီးကတော့ ဟုတ်ပြီ။ ဒါဆို သမ္မတအထက်ကဆိုတဲ့ စကားကိုလည်း မေ့ထားလို့ မရပြန်ဘူး။ ဒီတော့....
လူတစ်ယောက်က သမ္မတတာဝန်နဲ့ ကြီးလေးလှတဲ့ နိုင်ငံခြားရေးတာဝန် နှစ်ခုကို ပူးတွဲ တာဝန်ယူထားနိုင်ပါ့မလား။
အခိုက်အတန့်အားဖြင့် ရတယ်ဆိုနိုင်ပေမဲ့ သက်တန်းစေ့ တာဝန်ဆိုရင် ဘယ်လိုလဲ။
ဒေါ်စုကမယ့် ကကြိုးကိုပဲ စောင့်ကြည့်ကြရမယ့်သဘောပါပဲ။
သမားရိုးကျ မဆန်လှတဲ့ နိုင်ငံရေး။ လူနဲ့ ရာထူး စတာတွေကတော့ မြန်မာ့နိုင်ငံရေးမှာ နေရာယူနေတော့မယ်။

တရုတ်ပြည်မှာ ဘီးလ်ဂိတ် ဘယ်နှယောက်များ ရှိနေလို့လဲ


ဂျပန်စီးပွားရေး "အုံး" ကနဲတက်လာတော့ (တကယ်က အမေရိကန် အကူအညီနဲ့) အာရှသတင်းစာအများစုက အမေရိကန်တွေ နောက်ကောက်ကျတော့မယ်ပေါ့။ ပြီးတော့ ငြိမ်သွားရော။ (ဟန်တင်တန်)

အခု တရုတ်စီးပွားရေး တက်လာတော့လည်း လုပ်ကြပြန်ပြီ။

စီးပွားရေပမာဏ ပိုကြီးလာတာကလွဲလို့ (ဒါက နိုင်ငံကြီး၊ လူများလို့ပါ) ဘယ်တရုတ်က ကမ္ဘာကို ပြောင်းလဲပေးနိုင်တဲ့ မိုက်ကရိုဆော့ဖ်လို တီထွင်မှုတွေ လုပ်နိုင်လို့လဲ။ တရုတ်ပြည်မှာ ဘီးလ်ဂိတ် ဘယ်နှယောက်များ ရှိနေလို့လဲ။ (လီကွမ်းယု)

၃၉ (စ) ပြီ


၃၉ (စ) ပြီ။၅၉ မ (စ) သင့်တော့၊ ဆုံးသင့်ပြီ။



အောင်ဆန်းသမီး အငယ်မလေးအတွက် ဖိုးစိန်ဆင့်သား အငယ်ကောင် ရေးတဲ့ကဗျာ (တစ်လလို အမှတ်တရ)







မြန်မာလိုပြောလည်း ဒီစကား
အင်္ဂလိပ်လိုပြောလည်း ဒီစကား
သွား သွား မစမ်းကြစမ်းပါနဲ့
အောင်ဆန်းသမီး အငယ်မလေးရယ်
Nothing to lose,
No one to fear,
Dare to change။


စင်္ကာပူအတွက် လီကွမ်းယုက Farther Figure
မြန်မာပြည်အတွက် ဒေါ်စုက Mother Figure
ဘုရားစူးပါရစေရဲ့
(ဒီတောသားက)
ဒန်ပေါက်စားရလို့ ပြောတာ မဟုတ်ရပေါင်။

အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားအရေး
သံသယလေးများ မခို့တရို့ရှိရင်
ကချင်ပြည်နယ်က အမေခေါ်သံကြီးကို
ကျေးဇူးပြု နားဆင်ပေးကြအုံး။

ချွေးတလုံးလုံးနဲ့
လယ်တောထဲက ပြန်လာတဲ့အမေကို
ဖုန်တလုံးလုံးနဲ့
ကစားရာက ပြေးဖက်ကြတဲ့ ကလေးတွေလိုပဲ။

အညာသားက အညာလေနဲ့ပဲ ပြောတတ်လို့
စကားရိုင်းသွားရင် ခွင့်လွှတ်ကြပါ
နိုဘယ်လ်အပါအဝင် ဆုတွေနဲ့
အင်္ဂလန်က ပြန်လာတဲ့
အောင်ဆန်းသမီး အငယ်မလေးကို
ဖိုးစိန်ဆင့်သား အငယ်ဆုံးကောင်
ဘက်ဆဲလား နိုင်ငံရေး ဘာသာပြန် ဆရာက
ယုံကြည်သတဲ့
လေးစားသတဲ့လေ။ ။

ဇင်ဝေသော်

(08/10/2015 08:16)