ဒင်းတူမနဲ့ ဒင်းတူ


ကိုယ်ဝန် အရင့်အမာနဲ့ အမျိုးသမီးတစ်ယောက် အက်ဆီးဒင့်ဖြစ်ပြီး ( coma ) မေ့မြောသွားတယ်။ သူမ သတိပြန်ရလာတော့ ဆရာဝန်ရောက်လာပြီး သူမ မေ့နေစဉ်မှာ ခွဲစိပ်ပြီး ကလေးမွေးပေးခဲ့ရတယ်၊ မွေးလာတာကလည်း အမွှာပူးလေး ၊ ယောက်ျားလေးနဲ့ မိန်းကလေး၊ အားလုံး ကျန်းကျန်းမာမာပဲ ဆို တဲ့အကြောင်း လာ ရှင်းပြ တယ်။
ပြီးတော့ သူမရဲ့မောင် ရောက်လာပြီး ကလေးတွေရဲ့ နာမည်တွေတောင် ပေး ထားခဲ့တယ်ဆိုတဲ့အကြောင်း ဆက်ပြောပြတယ်။

" ကျမမောင်က ဘယ်လိုနာမည်များ ရွေးပေးခဲ့ပါလိမ့် "
" မိန်းကလေးကိုတော့ Denise "
" လှလိုက်တဲ့ နာမည်လေးပဲ၊ သူ့ကိုကျေးဇူးစကားပြောရအုံးမယ်။ ဒါနဲ့ ယောက်ျားလေးနာမည်ကရော "
" Denephew " တဲ့။

( R.D, Apr,2012 )


ဇင်ဝေသော် 

တနင်္ဂနွေ အပျင်းပြေ


အမျိုးသားတွေက အမျိုးသာသမီးတွေကို နားလည်မပေးနိုင်တာ ဆိုလို့ နှစ် ချိန်ပဲရှိတယ်။ အဲဒါ
( က ) လက်မထပ်ခင်အချိန်နဲ့
( ခ ) လက်ထပ်ပြီး နောက်ပိုင်းအချိန် တဲ့။

Melissa D Brandon ဆိုတဲ့ အသက် ၂၆နှစ်ရှိ အမေရိကန်အမျိုးသမီးငယ် တစ်ယောက်က အလှမယ်တစ်ယောက်ရဲ့ ဓာတ်ပုံကို သူမ ဖေ့စ်ဘုတ်ပေါ် တင်ပြီး ပိုက်ဆံလိုက်ချူနေလို့ Saskatoon ရှိ တရားရုံးက သူမကို ဖေ့စ် ဘုတ်သုံးခွင့်ပိတ်လိုက်တယ်။

အဲသလိုဆို ဘယ်သူတွေကို ထပ် ပိတ်သင့်သေးသလဲဆိုတော့ မစ္စတာ ဂျင်းမ်က
" Anyone who tags a photo on Facebook with the name of someone not in the photo. " တဲ့။

သဘော သိပ်မတူချင်ဘူး။ ဖြစ်သင့်တာက ကျန်းမာရေးအတွက်
( က ) အသက် ၁၆ နှစ်အောက် လူငယ်တွေ
( ခ ) ၁၆ နှစ်အထက် ( ၉၆ နှစ် အထိ လူငယ်တွေ ) ကို ပိတ်သင့်တယ်။

မြန်မာတွေတော့ မပါဘူး။ မီးလာတုန်းလေး သုံးကြရလို့။


ဇင်ဝေသော်

လက်ထပ်လက်စွပ်


ကျနော့်သားက သူ့မင်္ဂလာဆောင် ရောက်လာတဲ့ ပရိသတ်တွေကို သူကိုယ် တိုင်ဖျော်ဖြေမယ်ဆိုပြီး ဂစ်တာကြိုးတွေ စ ညှိတယ်။
ခဏနေတော့ သူ့ဆီကတောင်းပန်သံထွက်လာတယ်။
" မဝတ်စဖူး လက်ထပ်လက်စွပ်ဝတ်ထားရတော့ ဂီတာတီးရာမှာ နည်း နည်းပြဿနာတက်နေလို့ စိတ်ရှည်ရှည်ထားပြီး နားသောတဆင်ပေးကြ ဖို့ တောင်းပန်ပါတယ် "

သူပြောလို့မှ မဆုံးသေးဘူး။ အောက်က ပရိသတ်တစ်ယောက်က
" နားလည်ပါတယ်၊ လက်ထပ်လက်စွပ်ဝတ်ထားရတယ်ဆိုရင် ဂီတာတီးမှ ရယ်မဟုတ်ပါဘူး၊ ဘာပဲလုပ်လုပ် ဖြောင့်ဖြောင့်လုပ်လို့ မရတော့ပါဘူး " တဲ့။

Ref: R.D, Dec,2011


ဇင်ဝေသော်
 

အကျဉ်းထောင် အားကစားကွင်း ( ငွေနဲ့ အားကစား )


ရန်ကုန် မန္တလေးတို့မှာရှိတဲ့ အောင်ဆန်းကွင်းတို့ ဗထူးကွင်းတို့ကို အကျဉ်း ဦးစီး အားကစားကွင်းလို့ နာမည်ပြောင်းပေးလိုက်ရမယ်ဆိုရင် မြန်မာတွေ ဘယ်လို တုန့်ပြန်လာကြမလဲ။ ဒီခေတ်ထဲမှာတော့ လမ်းပေါ်ထွက် ဆန္ဒပြ ကြရမှာပေါ့။

အရင်တစ်ပတ်က Florida Atlantic University က သူ့အားကစားကွင်း နာ မည် ကို GEO group Stadium လို့ နာမည်ပြောင်းပေးခဲ့ကြတယ်။ အဲ့ဒီ GEO group က ပုဂ္ဂလိက အကျဉ်းထောင်တွေနဲ့ စီးပွားရှာနေတဲ့အ ဖွဲ့ ဖြစ်နေတော့ မဖြစ်သင့်ဘူး စသည် ပွက်လောရိုက်ခဲ့တာပေါ့။ အဲ့ဒီ GEO group ရဲ့ ချဲယားမန်း George Zoley ဆိုသူက Florida Atlantic University ဘွဲ့ရ ( နှစ်ဘွဲ့တောင် တဲ့ ) ပြီးတော့ အမေရိကန်ဒေါ်လာ ၆ သန်းလှုဒါန်းခဲ့တယ်။ ငြင်းဖို့ခက်တဲ့ ငွေပမာဏပေါ့။ ဒါနဲ့ပဲ GEO group Stadium ဖြစ်သွားခဲ့ရတော့တယ်။

အားကစားရုံတွေ ပုဂ္ဂလိကနာမည် စပြီးပေးတာလည်း အမေရိကန်တွေပါ။ ၁၉၁၂ ခုနှစ်၊ ဘောစ်တွန်တက္ကသိုလ် အားကစားရုံကို Fenway Park လို့ စတင်အမည်ပေးခဲ့ရာကနေ စခဲ့တာလို့ သိရပါတယ်။ အမေရိကန်တွေ ရှေ့ကပြတော့ ကမ္ဘာက နောက်ကလိုက်တယ်။ဒီနေ့ ဆိုရင် ဘိုင်ယန်မြူးနစ်က Allianz ကစားကွင်းမှာ ကစားနေတယ်။
အာဆင်နယ်က Emirates Stadium မှာ၊
မန်စီးတီးက ၂၀၀၂ ခုက ဓနသဟာယအားကစားပြိုင်ပွဲ အတွက် ဆောက်ခဲ့ တဲ့ ကွင်းကနေ Etihad Stadium ကို ပြောင်းသွားပြီ။

တခါတခါမှာတော့ ဆန္ဒပြမှုတွေ ရှိတတ်တယ်။ နယူးကာဆယ် ဥက္ကဋ္ဌ Mike Ashley က wonga.com ဆီက ထောက်ပံ့ငွေတွေယူပြီး အားက စားကွင်း နာမည်ကို St James' Park ကနေ the Sporting Direct Arena လိုပြောင်း မယ်လုပ်တော့ ပရိသတ်က သပိတ်မှောက်မယ်လို့ ကြုံးဝါးကြတယ်။ ဒါနဲ့ wonga.com က ငွေကြးကိစ္စပဲ ကိုင်တွယ်မယ် ကစားကွင်းနာမည်ကိုတော့ St James' Park လို့ပဲ ထားမယ်ဆိုမှ ပြဿနာ အေးသွားတယ်။ ပရိသတ်က ဘာကြောင့် ဒီလောက်ဖြစ်နေရတာလဲဆို့တော့ အဲ့ဒီ wonga.com က ငွေ တိုးပေး အမြတ်ကြီးစား ကုမ္ပဏီတစ်ခု ဖြစ်နေလို့ပါပဲ။

ဒါပေမဲ့ အားကစားလောက က တဖြည်းဖြည်းနဲ့ စီးပွားရေး ပိုပိုဆန် လာလေတော့ ဒီပြဿနာကလည်း မကြိုက်ရင်သာနေရမယ် ဒီအတိုင်း ပဲခရီး ဆက်သွားနေပါလိမ့်မယ်။
မယုံရင် ချယ်လ်ဆီး စပွန်စာတွေကိုကြည့်ပါ။ အဲဒီအထဲမှာ ကမ္ဘာ့အမွဲဆုံးနိုင် ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ မြန်မာပြည်က ကုမ္ပဏီတစ်ခုပါတယ်။ အဲ့ဒီ ကုမ္ပဏီက ဂုဏ်သရေရှိအရက်ဆိုင်။ ။


ဇင်ဝေသော်
 

တရံရောက မန်း အကြောင်း ( ရှော့တ်နုတ် )


လျှို့ဝှက် သစ်ပင်

၁၉၉၄၊ ၉၅ ဝန်းကျင်လောက်က ကားလမ်းဘေးအိမ်တွေက အိမ်ထဲမှာရှိတဲ့ သစ်ပင်ငယ်ငယ်တွေကို မိုးကာတွေ၊ ပလပ်စတ်အမည်းကြီးတွေနဲ့ မမြင်အောင် အုပ်ထား၊ ဖွက်( ဝှက် ) ထားတတ်ကြတယ်။
ထူးဆန်းချက်တော့။ ဖြစ်ပုံက ဒီလို။
စစ်ဗိုလ်ချုပ်မှုးကြီးက သူလာရင် မန္တလေးတောင်ဝန်းကျင်မှာ သစ်ပင်တွေနဲ့ စိမ်းစိုနေတာ မြင်ချင်တယ်ဆိုလို့ တဲ့။ မန္တလေး အရာရှိတွေက နေ့ချင်းညချင်း စိမ်းစိုအောင် အိမ်တွေထဲမှာရှိတဲ့ အပင်တွေကို ဖြေထိုးစက်နဲ့ ဝင်ကော်ပြီး မန္တလေးတောင်ဝန်းကျင်က လမ်းဘေးတွေမှာ စိုက်ကြလို့ တဲ့။ ( ဗိုလ်ချုပ် မှုးကြီး ပြန်ရင် ပြန်ပေးမှာပါ လို့ ပြောကြတယ် တဲ့၊ သစ်ပင်ငှားတာ၊ အဲ အမြစ်ပြန်ပါ မပါတော့ အာမ မခံနိုင်ဘူးပေါ့ )

မန္တလေးတောင် စိမ်းလန်းစိုပြေရေးအသင်း

ဒီအသင်းက လည်လည်းလည် ရယ်လည်းရယ်ရ တယ်။ ဆောင်းဝင်ပြီဆိုတာ နဲ့ မန္တလေးတောင် စိမ်းလန်းစိုပြေရေး ပရောဂျက်က သူတို့နဲ့ မဆိုင်သလိုပဲ။ တန်ခူး၊ ကဆုန်ရောက်ပြီဆိုတာနဲ့ ဆိုင်းဘုတ်တွေ အသစ်ပြန်ထောင်၊ ဘာ လုပ်၊ ညာလုပ်နဲ့ အဲဒီ ပရောဂျက်က အသက်ပြန်ဝင်လာပြန်ရော။ ခဏနေတော့ မိုးတွေရွာလာပြီး မန္တလေးတောင်ကြီးလည်း စိမ်းစိုသွားရော။ ပိုင်တယ်။
အဲဒါက နှစ်တိုင်း။ အခုရော အဲလိုပဲလားတော့ မပြောတတ်ဘူး။


ဇင်ဝေသော်