အာဏာယူထားစဉ်မှာလည်း အချင်းချင်း ဒေါက်ဖြုတ်ဖို့ကလွဲလို့ ဘာမှမလုပ်


အာဏာယူထားစဉ်မှာလည်း အချင်းချင်း ဒေါက်ဖြုတ်ဖို့ကလွဲလို့ ဘာမှမလုပ်၊ ပြည်သူကို ဘာမှလည်း မပြော
ဗေဒင်လိုလို၊ ဓာတ်ဆရာ နတ်ဆရာလိုလို၊ တောင်ယုံ မြောက်ယုံ
ဒီကြားထဲ သူကပဲ မဟာဗျူဟာ ရေးဆွဲသူလိုလို။
အဲသလောက် မဟာဗျူဟာပိုင်ရင် ရိုဟိန်ဂျာ အပေါက်၊ ကိုးကန့်အပေါက်၊ ကိုဟီးမားအပေါက်ကို စစ်အုပ်ချုပ်ရေးကာလအတွင်း အပြတ် ရှင်းထားခဲ့ ပါတော့လား။
နာဂ လက်နက်ကိုင်အရေးထက် လေရှီးက စစ်တပ်ဝင်းထဲမှာ ငှက်ပြောနှစ်ခိုင် ထွက်လို့ ရာထူးတက်တော့မှာဆိုပြီး ပျော်နေတဲ့ တပ်ရင်းမှုးက ရှိသေး။ ဖြစ်ရပုံတော့။


သူ့အရပ်နဲ့သူ့ဇာတ်


စကားစပ်မိလို့ ပြောရဦးမယ်ပေါ့နော်၊ အမေရိကန်နိုင်ငံက မြို့လေးတစ်မြို့မှာ (နာမည်တော့ မေ့နေပြီပေါ့နော်) လူဦးရေက ငါးရာလောက်ပဲ ရှိသတဲ့။ မက္ကစီကို နဲ့နီးပြီး အန္တရာယ်လည်းရှိတော့ လူတိုင်းလိုင်စင်နဲ့ကိုင်တဲ့ သေနတ်တွေရှိသတဲ့။
ပြသနာ တစ်ခုခုဖြစ်ပြီဆိုရင် အရပ်သားတွေက သေနတ်တွေဆွဲပြီး ထွက်ထွက် လာကြသတဲ့။ အဲဒီမြို့မှာ တာဝန်ကျနေတဲ့ ရဲသားနှစ်ယောက်ကတော့ အကြမ်း ဖက်မှု သမိုင်းရှိနေလို့ သေနတ်ကိုင်ခွင့် မရှိဘူးတဲ့။ ဒီတော့ တစ်မြို့လုံးမှာ သေ နတ်ကိုင်ခွင့် မရှိတာက ရဲနှစ်ယောက်ပဲရှိသတဲ့။ အရပ်သားတွေ သေနတ်တကား ကားနဲ့ ရန်ဖြစ်နေရင် အဲဒီ ရဲသားနှစ်ယောက် ရောက်လာတယ်ပေါ့နော်။
သေနတ်က မရှိတော့
"အားလုံး လက်နက်တွေချလိုက်ပါ၊ မချရင် ပစ်ခတ်ထိန်းသိမ်းရပါလိမ့်မယ်" လို့ အမိန့်ပေးလို့ မရတော့ဘူးပေါ့နော်။ ဒါ့ကြောင့် သူတို့က
"အားလုံး လက်နက်တွေချလိုက်ပါ၊ မချရင် ပျစ်ပျစ်နှစ်နှစ် ဆဲရေးတိုင်းထွာရပါ လိမ့်မယ်" လို့ စပီကာနဲ့ အော်ကြသတဲ့။
အလုပ်ဖြစ်သတဲ့။ အရပ်သားတွေက ဆဲရေးတိုင်းထွာမှာကို ကြောက်ပြီး လက် နက်တွေချ၊ လက်မြှောက်ထားကြသတဲ့။
************************************************************************
ဓာတ်ပုံနဲ့သတင်းက ကျော်စွာမြင့် ဝေါပေါ်က။
မူးယစ်ဆေးဝါး သယ်လာတဲ့ရဲကို အရပ်သားတွေက ဖမ်းပြီး ရဲစခန်းပို့ တဲ့ ပေါ့နော်။

"ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့မှာ မူးယစ်ဆေးဝါးသယ်ဆောင်လာတဲ့
ရဲတပ်သားတယောက်နဲ့ အရပ်သားတယောက်ကို ရပ်ကွက်လူငယ်တွေက
ဖမ်းဆီးပြီး ရဲစခန်းကို လွှဲပြောင်းပေးခဲ့ပါတယ်။

နမ့်ခမ်းမြို့ ကောင်းဆာရပ်ကွက်မှာ ဇန်န၀ါရီ ၂၃ ရက် ည ၁၀ ကျော်အချိန်က
ဖမ်းဆီးမိခဲ့တာဖြစ်ပြီး ရက်ကွက်လုံခြုံရေးယူနေတဲ့ လူငယ်အဖွဲ့က ဖမ်းတာလို့
ဒေသခံတဦးက ပြောပါတယ်။"

"ပီအာ" ဆို ဒီဟာကြည့်ကြ


နီပေါ။ ဘုရားရှင်ရဲ့ မွေးရပ်မြေလို့ အများစုသိတဲ့နေရာ။ ဒါတင် မကသေးဘူး။
မြန်မာ အာဏာအချောင်လိုက်အုပ်စုတွေ သွားရည်ယိုနေတဲ့ ပီအာဆိုတဲ့စနစ် ကျင့်သုံးတဲ့နေရာ။
ဘယ်တုံးကမှ ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေး အိန္ဒိယလွှမ်းမိုးမှုအောက်ကနေ မလွတ်၊ အမြဲတမ်း နောက်မြည်းဆွဲ။
အစိုးရက ဖွဲ့စည်းပုံပြင်ဆင်ဖို့ ပေါင်မုန့်စက္ကူကပ်(ကပ်ပြီးရင်း ထပ်ထပ် ကပ်)၊ လူထုက မကျေနပ်။
သစ္စာနီကတော့ နီပေါဆိုတာ အနီတွေပေါတဲ့နိုင်ငံတဲ့။
နီပေါစစ်ရင် စရိုက်လေးတွေကလည်း မြန်မာဆန်ဆန်လေးတွေ။ ရိုသား(တချို့က အ,တယ်လို့ သုံးကြတယ်)၊ ဖော်ရွေ၊ ရောင့်ရဲ၊ ချစ်စရာလေးတွေ။
နိုင်ငံရေးဝံပုလွေတွေ အကြိုက်ပဲ။
တစ်ခုကျန်သေးတယ်၊ စင်္ကာပူငှားထားတဲ့ အသေခံရဲတပ်ဖွဲ့က နီပေါကဆိုပဲ။
ဒီပုံကတော့ ပါလီမံမှာ ခုန်ကန်တမ်း ကစားနေပုံပါ။
မြန်မာက ဒီကစားနည်းမကြိုက်ဘူး၊ ဘောလီဘောပုတ်တယ်။

ဇင်ဝေသော်

အလွန့် အလွန် အလွန့် အလွန် အလွန်ချစ်ကြသူများ


၁။ သူတို့သည် သူတို့ဘာသာတရားကို ချစ်ကြပါသည်၊ ထို့ကြောင့် သူများနှင့် ယှဉ်လျင် အရာရာအောက်ကျနေသည့် ဘာသာတရားတန်ဖိုးကို မြှင့်တင်ရန် လူငယ်အများဖြင့် အဖွဲ့တွေ ဖွဲ့၊ အချင်းချင်း ကွန်ယက်တွေ ချည်၊ တညီတညွတ် ရှိလာခဲ့ကြသည်။

၂။ သူတို့သည် သူတို့ဘာသာတရားကို (အလွန်)ချစ်ကြပါသည်၊ ထို့ကြောင့် ဘာသာနှင့်လူမျိုးအတွက် ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာကိစ္စများမှာ အားကြိုးမာန်တက် ပါဝင်ခဲ့ကြသည်။ ကမ္ဘာကပင် သူ့ထက်ငါ နောက်ကျမှာ စိုးသည့်အလား သာဓုအမြန် ခေါ်ကြရသည်။

၃။ သူတို့သည် သူတို့ဘာသာတရားကို (အလွန့် အလွန်)ချစ်ကြပါသည်၊ ထို့ကြောင့် သူတို့နဲ့ အယူမတူသူသူများကို မတူ မတန်သလိုထင်လာကြသည်။ ထို့နောက် တဖြည်းဖြည်း တိုက်ခိုက်ပြောဆိုလာကြသည်။ (လွန်စပြု)

၎။ သူတို့သည် သူတို့ဘာသာတရားကို (အလွန့် အလွန် အလွန်)ချစ်ကြပါသည်၊ ထိုကြောင့် ဘာသာမတူသူများကိုသတ်လျင် အပြစ်မရှိဟုယူဆပြီး သတ်ဖြတ် ကြသည်။ မဟုတ်မမှန်၊ မြေပေါ် မြေအောက်တော်လှန်ရေးတွေ လုပ်လာကြ သည်။(အတော်လွန်စပြု)

၅။ သူတို့သည် သူတို့ဘာသာတရားကို (အလွန့် အလွန် အလွန့် အလွန်) ချစ်ကြပါ သည်၊ ထို့ကြောင့် သူတို့လို အလွန့် အလွန် အလွန့် အလွန်မချစ်ကြသည့် ဘာသာ တူတွေကိုပင် အားမလို အားမရဖြစ်လာကြသည်၊ အပြစ်တင် ဝေဖန်လာကြသည်။ တော်လှန်လာကြသည်။ (အတော့် အတော် လွန်စပြု)

၆။ သူတို့သည် သူတို့ဘာသာတရားကို (အလွန့် အလွန် အလွန့် အလွန် အလွန်) ချစ်ကြပါသည်၊ ထို့ကြောင့် သူတို့စိတ်တိုင်းကျ ပြုမူနိုင်အောင် ဘာသာရေးနိုင် ငံတော်ကြီး တည်ထောင်လာကြသည်။(အတော့် အတော် အတော် လွန်စပြု)

သူတို့ကို အစွန်းရောက်အကြမ်းဖက်သမားတွေဟုခေါ်လျင် မှားပါသည်၊ အမှန်မူ သူတို့သည် သူတို့ဘာသာတရားကို အလွန့် အလွန် အလွန့် အလွန့် အလွန် ချစ်ကြသူများသာ ဖြစ်ကြပါသည်။
ထိုသူတို့သည် ဂျီဟတ်တွေဖြစ်သည်ဟုဆိုလျင်..........
ထိုလမ်းစဉ်သည် အလွန့် အလွန် အလွန့် အလွန့် အလွန်ချစ်ကြသူများ၏ လမ်းစဉ် ဆိုလျင်..............
ထိုအဖွဲ့သည် ပညာတတ်လူကြီးများ ဦးဆောင်သည့် အသေခံ လူငယ်များတပ်ဖွဲ့ ဟုဆိုလျင်.....
သူတို့မြင်သည့် သူတို့ပုံရိပ်သည် ဘာသာရေး လူစွမ်းကောင်းများ၊ သေရဲသတ်ရဲ သူများသာ ဖြစ်ပါသည်။

ဗုံး


လှံ ထမ်းလာတာမြင်ရတယ်၊ ကံ ထမ်းလာတာမမြင်ရဘူး။
ဗုံ ထမ်းလာတာမြင်ရတယ်၊ ဗုံး ထမ်းလာတာမမြင်ရဘူး။
တာရာမင်းဝေက မိုးခေါင်လို့ တီးတဲ့ ဗုံသံ တဲ့။
အခု ဘာလို့တီးတဲ့ ဗုံးသံပါလိမ့်!

မြန်မာတွေက
ဆိုင်းသံ ဗုံသံကြားရင် ကချင် ခုန်ချင်တယ်။

ဂျီဟတ်တွေက
မိုင်းသံ ဗုံးသံကြားရင် ကကြခုန်ကြတယ်။

ဒုတိယကမ္ဘာစစ် ပြီးကတည်းက ကမ္ဘာမှာ ဗုံး နှစ်မျိုးပဲ ရှိတော့တယ်။
တစ်က ဂျီဟတ်တွေ ဖောက်တဲ့ ဗုံးနဲ့
နှစ်က အစိုးရတွေကိုယ်တိုင် ဖောက်တဲ့ ဗုံး။


ကမ္ဘာ့ရွာထဲမှာ တကယ်ဖြစ်နေတာတွေ

ဒီနေ့ထုတ် စထရိတ်တိုင်းကို လှန်ကြည့်လိုက်ရင် ဒါတွေ တွေ့ရမယ်။ ပြဿ နာက နယ်ပယ်စုံမှာ။ မယုံရင် အားကစားလောက က စပြီးကြည့်ရအောင်။

၁။ အားကစားလောကနဲ့ မွတ်စလင်

I.O.C Cutting ties with Muslims. Turkish PM. တဲ့။
၂၀၂၀ အိုလံပစ်ပွဲတော် ကျင်းပရေးမှာ ဂျပန်ကို ကပ်ရှုံးသွားလို့ ထွက်လာတဲ့ တူရကီ ဝန်ကြီးချုပ်ရဲ့ အသံ။ အင်တာနေရှင်နယ် အိုလံပစ်ကော်မတီက မွတ် စလင်တွေနဲ့ အဆက်အဆံ မလုပ်ချင်လို့ တဲ့။ သူစွပ်စွဲတာ ဟုတ်သလား၊ မ ဟုတ်လား ကျနော်တို့ ညာဏ်မမီဘူး။ သိရသလောက်ကတော့ စပိန်က စီးပွားရေးကြောင့်၊ တူရကီက နိုင်ငံရေး မငြိမ်သက်မှု၊ အိမ်နီးချင်း နိုင်ငံတွေ မှာ ဆူပူမှုကြောင့် ဂျပန်ကို ရှုံးသွားတယ်၊ ဒီလိုပါ။
ဒါလားဆိုတော့ မဟုတ်ဘူး ၂၀၁၂ ရဲ့ ကာတာ ကမ္ဘာ့ဖလားပွဲ အိမ်ရှင် အဖြစ် ရွေးခြယ်လိုက်မှုဟာ အမှားတစ်ခု ဖြစ်နိုင်ကြောင်း ဖီဖာ ဥက္ကဋ္ဌ ဝန်ခံ လာရပြီ။ သဘာဝ အဟန့်အတား၊ ခရီးကွာဝေးမှု အဟန့်အတား၊ ယုံကြည်မှု အဟန့်အတား စုံလို့ပဲ။ ဒါတောင် မထင်ရင် ဗုံးထခွဲတတ်တဲ့ အာရပ်ကမ္ဘာရဲ့ အကျင့်ဆိုးကို ထည့် မပေါင်းရသေးဘူး။ ဥရောပက ဘီလျံနာ ဘောလုံး သ မားတွေ အားလုံးရော လာကန်ကြပါ့မလား။

၂။ ဖက်ရှင်လောကနဲ့ မွတ်စလင်

ဒါက ဂျကာတာမှာ။ ကမ္ဘာ့အလှမယ်ရွေးချယ်ပွဲ ကျင်းပရေး ကော်မတီ ချွေး ပျံနေပြီ။ ဖိုင်နယ်ပွဲအတွက် ဂျကာတာကနေ ဂျဗား ကိုရွှေုခဲ့ရပြီးပြီ၊ ပြဿနာ က မပြီးဘူး။ အဓိက က ယုံကြည်မှု။ အမျိုးသမီးတွေ ရေကူးဝတ်စုံဝတ်တာဟာ အကုသိုလ်ပစ်မှုကြီးလို့ ယုံကြည်ေ နကြဆဲ။ ဖြစ်ရပုံက ၁၇ ရာစုအတိုင်း။ ဆန္ဒတွေပြနေဆဲ။ ကမ္ဘာ့အလှမယ်ရွေးချယ်ပွဲ ကျင်းပရေး ကော်မတီကရော အင်ဒိုနီးရှားကို အိမ် ရှင်အဖြစ် ရွေးခြယ်လိုက်မှုအတွက် နောင်တ မရနိုင်ဘူးလား။ မပြီးသေး ဘူး၊ ဘာသာရေး ပဋိပက္ခကို ကြည့်ပါအုံး။

၃။ ဘာသာရေးနဲ့ မွတ်စလင်

ဒါက မလေးရှားမှာ
Tussle over use of "Allah" back in court
KL appeals against 2009 Decision to lift ban on Catholics' use of word တဲ့။
ကက်သိုလစ်တွေက God ကို အာရဗီဘာသာနဲ့ "Allah" လို့ သုံးစွဲ မှုကြောင့် ဖြစ်နေတဲ့ ပြဿနာ၊ နှစ်ပေါင်း ကြာလှပေါ့။ မရှင်းနိုင်သေးဘူး။ အလ္လာ ဆိုတဲ့ ဝေါဟာရက မွတ်စလင်မူပိုင်။ ဘယ်ဘာသာမှ ဘာသာပြန် သုံးခွင့်မရှိ။ အဲသလို။

၎။ စီးပွားရေးလောကနဲ့ မွတ်စလင်

စတိုးဆိုင်မှာ ဈေးရောင်းရင်း ခေါင်းမြီးခြုံကို မဖွင့်နိုင်ဘူးဆိုလို့ အလုပ်ရှင်က အလုပ်ထုတ်ပစ်လို့ အမေရိကမှာ ပြဿနာ ဖြစ်လျက်။ အလုပ်ရှင်ကလည်း ခေါင်းမြီးခြုံနဲ့လူရောင်းရင် လူတွေကကြောက်ပြီး မ ဝယ်တော့ဘူး၊ သူ့ စီးပွားရေးကို ထိခိုက်တယ်ဆိုပြီး ဖြုတ်တာပဲ။ အကြိမ်ကြိမ် ဗုံးခွဲခံရပြီး သေနေရလို့ ကြောက်နေတဲ့ အမေရိကန်တွေကို အပြစ်ဆိုမှာလား၊ သူ့ဆိုင် လူမဝင်လို့ အလုပ်ထုတ်ပစ်တဲ့ အလုပ်ရှင်ကို အပြစ်ဆိုမှာလား၊ တကယ်ကို ရှုပ်ထွေးလွန်းတဲ့ အပေါ်ယံ အစွန်းရောက် ဥပါဒါန် အကြီးစားေ တွပဲ။

ဒါတောင် စီရီးယား၊ ဖီလစ်ပိုင်နဲ့ ရခိုင်ပြည်နယ်က ပါဝါဒိန်းဂျားတွေ မပါသေး ဘူး။ လူသိများလို့ မတို့တော့ဘူး။
အဲဒါ ကမ္ဘာက ရင်စည်းခံနေရတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နေပါတယ် ဆိုတဲ့ ယုံကြည်မှုဘာသာကြီးတစ်ခုအကြောင်းပါပဲ။

နှုတ်ခမ်းမွှေးချစ်သူ (မောနင်း ပိုစ်၊ ဟာ ဟ)

သူ့ကို ဘယ်လိုပြောကြမလဲ။
နှုတ်ခမ်းမွှေးကြောင့် ပြန်ပေးအဆွဲ ခံခဲ့ရပြီး ဂူထဲမှာ တစ်လ လှောင်ပိတ်ခံ ထားရပြီးပြီ။
မဖြတ်ရင် ခေါင်းအဖြတ်ခံရမယ်လို့ တာလီဘန် လက်အောက်ခံ အဖွဲ့က ခြိမ်းခြောက်ပြီးပြီ။
မိသားစုကို စွန့်မယ်၊ ပါကစ္စတန်ကို စွန့်မယ်၊ နှုတ်ခမ်းမွှေးကိုတော့ မစွန့်နိုင်တဲ့။

သူက ပါကစ္စတန်နိုင်ငံသား စီးပွားရေးသမား Malik Amir Mohammad Khan Afridi တဲ့။
သူ့ နှုတ်ခမ်းမွှေးက ၇၆ စင်တီမီတာရှည်တယ်၊ ကျွဲချိုနဲ့ ဆင်ဆင်တူတယ်။ အဲ့ဒီ နှုတ်ခမ်းမွှေးကြောင့် သူ့ကို လူတွေက အလေးထားကြတယ်လို့ ယုံကြည်တယ်။ သူက စတားပဲ။
ဒါကို ကြည့်မရတဲ့ တာလီဘန် လက်အောက်ခံ အဖွဲ့က ပြန်ပေးဆွဲပြီး မဖြတ် ရင် ခေါင်းဖြတ်မယ်ကြုံးဝါးလို့ ဖြတ်ခဲ့ရတယ်။ အခု ထပ်ရှည်နေတော့ သတ် မယ် ဖြတ်မယ် ဖုန်းတွေ ဝင်ဝင်လာတယ်။
သူ့မှာ ကလေးဆယ်ယောက်ရှိတယ်။ သူတို့ကလည်း ဒီနှုတ်ခမ်းမွှေးကို ကြည့်မရလို့ ဖြတ်ဖို့ပြောကြတယ်။
သူ့ရပ်တည်ချက်ကလည်းရှင်းတယ်။
"မိသားစုကို စွန့်မယ်၊ ပါကစ္စတန်ကို စွန့်မယ်၊ နှုတ်ခမ်းမွှေးကိုတော့ မစွန့်" တဲ့။

ပရီမီးယားလိဂ်ရဲ့ အံ့ဖွယ်နှစ်ခု

ပေးထားတာကတော့ အံ့ဖွယ်နှစ်ဆယ့်နှစ် (၂၂ ) ခုပါ။ ရှည်လို့ အကြိုက် ဆုံး နှစ်ခုပဲ ရွေးလိုက်တယ်။

၁။ မပြောင်းလဲတဲ့ သဘောတရား

ဘောလုံးပွဲတွေမှာ ဒီနေ့သုံးနေတဲ့ ခရာ (ဝီစီ) ဟာ ၁၈၈၄ ခုနှစ်ကတည်းက ဘာမင်ဂန်မြို့သား ဂျိုးဇက် ဟုဒ်ဆင် တည်ထွင်တဲ့ ခရာ (ဝီစီ) ပါတဲ့။ အပြောင်းအလဲများစွာနဲ့ ဘောလုံးလောကမှာ ခရာ (ဝီစီ) ကတော့ အရင် အတိုင်းပါပဲ။ ပြောင်းဖို့ကောင်းပြီ။ ကြားရကြာတော့ ငြီးငွေ့တယ်။ ဘာနဲ့ ပြောင်းရင် ကောင်မလဲ။ လုပ်ကြပါအုံး။ စစ်အစိုးရထက် သက်တန်း ရှည်နေပြီ။

၂။ အင်္ဂလိပ်မန်နေဂျာ ချန်ပီယံ မရှိ

ဒါက အင်္ဂလိပ်တွေ ဘယ်လောက်တော်သလဲဆိုတာရဲ့ သက်သေပဲ။ ပရီမီးယားလိဂ်ဖလား ရဖူးတဲ့ အင်္ဂလိပ်လူမျိုး မန်နေဂျာ မရှိသေး။ မယုံရင် ကြည့်။
အဲလက်စ် ဖာဂူဆန် (မန်ယူ) နဲ့ ကင်နီ ဒပ်ဂလစ်ရှ် (လစ်ဗာပူးလ်)၊ စကော့တ်လူမျိုး။
ကာလို့ အန်ဆယ်လော့တီ (ချယ်လ်ဆီး) နဲ့ ရောဘာတို မန်ချိနီ (မန် စီးတီး)၊ အီတလီလူမျိုး။
အာဆင် ဝင်းဂါး၊(အာဆင်နယ်) ပြင်သစ်။
စပယ်ရှယ် ဝမ်း မော်ရင်ငြို (ညို)၊ (ချယ်လ်ဆီး) ပေါ်တူဂီ။
ကဲ... ဘယ်မလဲ အင်္ဂလိပ်လူမျိုး???

အရှေ့တောင်အာရှမှာလည်း သေနတ်တွေအများကြီး၊ ဒါပေမဲ့

၁။ အင်ဒိုနီးရှား
သေနတ်ပိုင်ဆိုင်မှု။ အသက် ၂၁ မှ ၆၅ နှစ်။ ရာဇဝတ်မှုကင်းရှင်း၊ ရုပ်ပိုင်း၊ စိတ်ပိုင်း ကျန်းမာကြောင်း ရဲထောက်ခံချက်လိုအပ်။
တရားမဝင် ပိုင်ဆိုင်မှု။ ထောင်ဒဏ် နှစ် ၂၀။
သူတပါးကို နာကျင်မှု၊ သေဆုံးမှု ဖြစ်ခဲ့ရင်။ သေဒဏ်။
(အင်ဒိုနီးရှားမှာ ဂျကာတာ တစ်မြို့ထဲမှာတင်ပဲ တရားမဝင်တဲ့ သေ နတ်ေ ပါင်း ရှစ်ထောင်ကျော်ရှိ။ ဈေးကြီး၊ မှောင်ခို ဈေးချို)

၂။ မလေးရှား
သေနတ်ပိုင်ဆိုင်မှု။ အသက် ၁၈ နှစ်။ ရဲ ဌာနရဲ့ စစ်ဆေးမှုခံရ။ ပိုင်ဆိုင်လိုခြင်းရဲ့ အကြောင်းပြချက် ခိုင်လုံရမယ်။ပါမစ်ကျဖို့ ၂ နှစ်ခန့်ကြာ။
တရားမဝင် ပိုင်ဆိုင်မှု။ ဒဏ်ငွေ ရူပီး တစ်သောင်း ( ဆင်း ၃၉၁၀ ဒေါ်လာ)
သူတပါးကို နာကျင်မှု၊ သေဆုံးမှု ဖြစ်ခဲ့ရင်။ သေဒဏ်။
(တရားဝင်ဈေးနှုံး ရူပီး လေးထောင်၊ မှောင်ခို ရူပီး သုံးရာ။ သေနတ် အရေအတွက် ၃၇၀၀၀၀ ခန့်ရှိ)

၃။ ဖိလစ်ပိုင်
သေနတ်ပိုင်ဆိုင်မှု။ အသက် ၂၁ နှစ်၊ သုံးစွဲနည်း သင်တန်းတက်ရ၊ ရာဇဝတ်မှု ကင်းရှင်း၊ ရှည်လျားတဲ့ ရုံး ပရိုစီဂျာအတိုင်း လျှောက်ထားရ။
တရားမဝင် ပိုင်ဆိုင်မှု။ ထောင်ဒဏ် ၆ နှစ်မှ ၈ နှစ်။
သူတပါးကို နာကျင်မှု၊ သေဆုံးမှု ဖြစ်ခဲ့ရင်။ ထောင်ဒဏ် ၁၂ နှစ်မှ နှစ် ၂၀ အထိ။
သေနတ်အရေအတွက် ၁.၂ မီလီယံ။ ၆ သိန်းခန့်က တရားမဝင်တော့။

၎။ ထိုင်းလန့်ဒ်
သေနတ်ပိုင်ဆိုင်မှု။ လျှောက်လွှာသက်တန်း တစ်လမှ နှစ်လကြာ။ ကိုယ်ရေးနောက်ခံ စစ်ဆေး၊ လက်ဗွေနှိပ်ရ။
တရားမဝင် ပိုင်ဆိုင်မှု။ ထောင်ဒဏ် ၁၀ နှစ် (သို့) ငွေဒဏ် ဘတ် နှစ်သောင်း (သို့) နှစ်မျိုးလုံး။
သူတပါးကို နာကျင်မှု၊ သေဆုံးမှု ဖြစ်ခဲ့ရင်။ သေဒဏ် (သို့) တစ်သက် တစ် ကျွန်း (သို့) ထောင်ဒဏ် နှစ် ၂၀။
သေနတ်အရေအတွက် ၆.၂ မီလီယံ။

ဒါပေမဲ့....
လူသတ်မှု ဖြစ်ပွားနှုံးက ဖိလစ်ပိုင်နဲ့ ထိုင်းလန့်ဒ်။ ၉.၅ ရာခိုင်နှုံး ခန့်ရှိတယ်။
မြန်မာပြည်က အရပ်သား သေနတ်ပိုင်ဆိုင်ခွင့် ရှိဟန်မတူဘူး။ ဒါပေမဲ့ လူ သတ်မှု ဖြစ်ပွားနှုံးက တော့ပ် ပဲ။ ၁၀.၂ ရာခိုင်နှုံးရှိတယ်။ ((2008)
မြန်မာတွေလက်ထဲ သေနတ် ၆ မီလီယံလောက် (ထိုင်းလို) ထည့်ပေး လိုက် ရရင် ဘယ်လိုနေမလဲ။
ပိုပြီး ထိမ်းသိမ်းလာကြမလား
အကုန်ပဲ သေကုန်မလား။


Ref: ST, Aug, 8,2013

ဖေ့စ်ဘုတ်ရဲ့ အားသာချက်

အသက် ၁၈ နှစ်နဲ့ ၂၄ နှစ် လူငယ်တွေကြားမှာ ဖေ့စ်ဘုတ်က တီဗွီစတဲ့ တခြား မီဒီယာတွေထက် အများကြီး ရှေ့ပြေးနေတယ်လို့ သတင်းတစ်ပုဒ် က ပြောထားပါတယ်။ ည ၈နာရီနဲ့ ၁၁ နာရီကြားမှာ ဖေ့စ်ဘုတ်သုံးသူက ၇၀ ရာခိုင်နှုံးရှိတယ် တဲ့။ ၂၄ နှစ်နဲ့ ၄၄ နှစ်ကြားမှာလည်း ၆၀ ရာခိုင်နှုံး ရှိတယ်လို့ ဆိုပါတယ်။
ကျန်တာတွေတော့ မသိဘူး။ သတိထားမိတာကတော့ ဖေ့စ်ဘုတ်ပေါ်မှာ မဂ္ဂဇင်းတွေလို စာကို အကဲဖြတ်ဝေဖန်တဲ့ လေသံတွေ မရှိတာပဲ။
ကြိုက်တာရေး၊ တင်၊ ကြိုက်သူ လိုက်ခ်တယ်။ ရှယ်တယ်။ တော်တော် ကြီး ကောင်း တဲ့စာတွေ တက်တက်လာတယ်။ အထူးသဖြင့် မြန့်မာ့စာပေမှာ အားနည်းတဲ့ သရော်စာတွေပါ။ မဂ္ဂဇင်းပေါ်မှာတောင် ရှားတဲ့ စာမျိုးတွေပါ။

အရေးအသား လိုပါသေးတယ်။
ဇာတ်အိမ်တည်ဆောက်မှု အားနည်းပါသေးတယ်။
ကျနော့်မျက်စိမကောင်းလို့ စာလုံးကြီးကြီးရေးပါ။
စာမျက်နှာ နှစ်မျက်နှာလုံး မရေးပါနဲ့လို့ ဘယ်နှခါ ပြောရမလဲ။
စာရေးပြီး ဘေးမှာ မာဂျင်ချန်ထားရမှန်းမှ မသိသေးဘူးလား။
စာရေးမယ်ဆို စာများများဖတ်ပါအုံး။
ဝတ္ထုဆိုပြီး ပုံပြောသလို ဖြစ်နေတယ်။
အစပိုင်းမှာ မဆိုးလှပေမဲ့ ဇာတ်သိမ်းက တော်တော် မစွံတာပဲ။
ဒါတွေ
ဒါတွေ မရှိတော့ဘူး။
တိုက်ပ်၊ ကလစ်၊ ပို့စ်။ ကြိုက်သူကြိုက်၊ မကြိုက်သူမကြိုက် ။ ဆရာကြီးတွေရေးတာလည်း လူတိုင်းတော့ မကြုက်။
အဲဒါ ဖေ့စ်ဘုတ်ပေါ်က စာပဲ။

လူရိုင်းတွေနေတဲ့ တိုင်းပြည်ဖြစ်နေပြီ - ဘုန်းကျော် (ၾသစေတ်းလ်)

"အီးမေးထဲက နိုင်ငံတော်" ပြောရမလားပဲ၊ ဖတ်ကောင်းလို့ ထပ်ရှယ်လိုက် ပါတယ်။ မူရင်း သတ်ပုံအတိုင်းပဲ၊ သတင်းပေး၊ အင်ဖိုပေးရာမှာလည်း ပြုံးစ ရာလေးတော့ ပါမှပေါ့။ ဒီစာက ပြုံးရတယ်။
(ကမ်းလက်)


ကိုယ့်တိုင်းပြည်နဲ့ လူမျိုးအကြောင်းကို အပြစ်ချည်းပဲ မြင်တာတော့ မဟုတ် ဘူး။ သူများတွေနဲ့ ယှဉ်ပြီးတွေ့ မိတာကိုပြောပြတာ။ အမြင်မတော်လို့ ဆိုရင် ပိုမှန်လိမ့်မယ်။ မြန်မာတွေဟာ အရမ်းကိုယဉ်ကျေးပါတယ်။ သိမ်မွေ့ ပါတယ်။ ဘာသာတရားကိုအရမ်းကိုင်းရှိုင်းသလို၊ လူကြီးသူမတွေကိုလည်း လေးစား ပါတယ်လို့ ဆိုပြီးပြောနေကြစကားတွေကို ပြောချင်ပေမဲ့၊ အဆဲခံပြီး အဲဒါ နဲ ဆန့် ကျင်ဘက်စကားတွေကိုပဲ ပြောပါရစေ။

နိုင်ငံခြားမှာအနေကြာလို့ တော့မဟုတ်ဘူး။ နိုင်ငံခြားမှာတွေ့ ဘူး၊ ဆက်ဆံ ဘူးတဲ့ လူမှု့ ပတ်ဝန်းကျင်နဲ့ မြန်မာ့ပတ်ဝန်းကျင်ကို နှိုင်းယှဉ်တာပါ။
လက်တွေ့ ကြုံရလို့ ပါ။ နိုင်ငံခြားမှာအနေကြာလို့ များ မြန်မာနိုင်ငံထဲက မြန်မာလူမျိုးနဲ့ ဝေးနေလို့ များလားဆိုပြီး ခဏခဏစဉ်းစားကြည့်ပါတယ်။ ဘယ်လိုပဲ စဉ်းစား၊ စဉ်းစား။ အဖြေကတော့ မြန်မာလူမျိုးတွေ အတော့်ကိုရိုင်းနေတယ်။ အားလုံးတော့မဟုတ်ဘူး။

မြန်မာပြည်နဲ့ ဝေးပြီး ၁၅-နှစ်အကြာ ရန်ကုန်လေဆိပ်ကနေ ဆင်းဆင်း ချင်း လေဆိပ်ဝန်ထမ်းတွေရဲ့ ဆက်ဆံရေးက ဖော်ရွေမှု့ မရှိတာကို စတင်ေ တွ့ ရတယ်။ ကာစတန်ဝန်ထမ်းအမျိုးသမီး ဟောက်တာကိုခံရတယ်။ သူ များနိုင်ငံက လေဆိပ်ဝန်ထမ်းနဲ့ ကာစတန်ဆို ရင် တွေ့ေ တွ့ ခြင်း နေေ ကာင်း လားဆိုပြီး ပြုံးရွှင်တဲ့မျက်နှာနဲ့ ဝန်ထမ်းတွေက ဧည့်သည်ကို ကြိုဆို တာ ခံခဲ့ ဘူးတယ်။ ဒီလိုဆက်ဆံရေးမျိုးကိုတွေ့ ရတော့ စိတ်အေးချမ်းတာပေါ့။ အခုကြတော့ ရန်ကုန်လေဆိပ်ကိုရောက်တဲ့အချိန်မှာ လူက ပင်ပန်းနေတဲ့ အပြင် လေဆိပ်က ၀န်ထမ်းတွေရဲ့ ဆက်ဆံရေး ကိုတွေ့ တော့ အမောပါဆို့  တယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်ဘူး။ လေ ဆိပ်ထဲမှာ ခရီးဆောင်အိတ်ကို ထမ်းပါရစေဆိုတဲ့လူတွေကို ငြင်းရတာလည်း အမောပဲ။

တက္ကစီပေါ်ရောက်တော့လည်း တက္ကစီသမားရဲ့ ကျသင့်နှုံးထက် ပိုတောင်း တဲ့ ဈေးနှုံးကိုတွေ့ ရပြန်တယ်။ တက္ကစီထဲမှာ ကွမ်းတံတွေးတဗျစ်ဗျစ်နဲ့ ။ သန့် ရှင်းသတ်ရပ်တဲ့တိုင်းပြည်တော့ ဖြစ်အုံးမယ်။
ဟိုတည်ရောက်တော့ တက္ကစီလိုပဲ။ နိုင်ငံခြားသားကဈေးနှုံး တမျိုး။ မြန် မာနိုင်ငံသားဈေးနှုံးတစ်မျိုး။ မြန်မာတွေထင်နေတာက နိုင်ငံခြားသားက အရမ်းချမ်းသာတယ်လို့ များထင်နေလားမသိဘူး။ ဘာ့ကြောင့်များ ဈေးနှုံးကို အတူတူမသတ်မှတ်တာလဲမသိဘူး။ ဒါကိုမြင်တွေ့ ခံစားရတော့ ဒေါသ မ ထွက်ပဲနေပါ့မလား။

ဘုရားဖူးထွက်တော့လည်း တွေ့ ပြန်ပြီ။ နိုင်ငံခြားကလာလို့ တဲ့။ ကားငှားခ က နှစ်ဆလောက်ဖြစ်နေတယ်။ ဘုရားပေါ်မှာ ဓာတ်ပုံရိုက်ဖို့ လုပ်တော့ ကင်မရာအခွန်ဆောင်ပါဆိုပြီး အကြွေးတောင်းသလို လိုက်ပြီးတောင်း ကြ တယ်။ အဲဒိကင်မရာအခွန်ကိုနိုင်ငံတော်အစိုးရက ရလားဆိုတော့မရဘူး။ ကန်ထရိုက်ဆွဲထားတဲ့လူတွေကိုပေးရတယ်လို့ ဆိုပြီး ၀န်ထမ်း အမျိုးသမီး ကပြောတယ်။ ဘယ်က ကန်ထရိုက်လဲမသိဘူး။ ကင်မရာအခွန်ကောက်တာဆိုလို့ မြန်မာပြည်တစ်ခုပဲရှိမယ်ထင်တယ်။ အတော့်ကို ရုပ်ဆိုးပြီး ရှက်စရာကောင်းတဲ့ ကင်မရာအခွန်။

ဘုရားတွေမှာ အလှူခံတာကလည်း ဓားပြတိုက်သလိုပဲ။ နိုင်ငံခြားသားတွေ ကို ဈေးရောင်းတာက ဈေးရောင်းတာနဲ့ မတူပဲ အတင်းလုနေသလို။ သူငယ် ချင်းနိုင်ငံခြားသူတစ်ယောက်က ဘာပြောလဲဆိုရင် အရမ်းကို စိတ်အနှောက် အယှက်ဖြစ်ရတယ်လို့ ပြောတယ်။ သူတို့ လိုလူမျိုးခြားတွေ စိတ်အနှောက် အယှက်ဖြစ်ရတယ်ဆိုရင် ကျနော်တို့ လိုလူမျိုးတူတွေက ဒေါသအရမ်းထွက် ရပါတယ်။
ဘာပစ္စည်းပဲ ၀ယ်ဝယ်ဈေးနှုံးက လုံးဝမတူဘူး။ မော်လမြိုင်မှာ ဟင်းချက်စား ဖို့ ငါးဝယ်တော့ နိုင်ငံခြားကလာလို့ တဲ့ ဈေးက နှစ်ဆလောက်တင်ထားတယ်။ ယောက်ခမ၀ယ်တော့ ဈေးကတစ်မျိုး။ ဈေးရောင်းတဲ့လူနဲ့ ကျနော်တို့ က တစ်ရပ်ကွက်ထဲ။ နေ့ တိုင်းမြင်တွေ့ နေရတဲ့လူအချင်းချင်းတောင် လိမ် လိုက်သေးတယ်။ ပုံမှန်ဈေးတင်ရောင်းတော့ ဘာဖြစ်မှာမို့ လို့ လဲ။ အလေးက လည်း ခိုးသေး။

ဘက်စ်ကားတိုးစီးတော့ စပါယ်ရာဆဲတာကို ခံရတယ်။ ကားပေါ်ကိုဆွဲတင် တုန်းကတော့ မျက်နှာကတမျိုး။ အဆင်းမှာတော့ တွန်းချတယ်။ ကျောက်ေ ပါက်မာနဲ့ စပါယ်ယာသမားရဲ့ ပါးစပ်က မိုးမွှန်နေအောင်ဆဲတယ်။ အသက် ကြည့်တော့ ငယ်ငယ်လေး။ ကားပေါ်က ခရီးသည်တွေက အရွယ်ပေါင်းစုံ။ အပျိုအရွယ်မိန်းခလေးတွေနဲ့ ဘုန်းကြီးတွေကိုမှ အားမနာ ဆဲလိုက်တာများ သူတစ်ယောက်တည်းနေတာကြနေတာပဲ။ ပါးစပ်ကလည်း ကွမ်းတဗျစ်ဗျစ်။ သနားစရာနဲ့  ချစ်စရာတကွက်မှမကောင်းတဲ့ မြန်မာပြည်က ဆင်းရဲသားဗျာ။

ဘုရားနားမှာ အသုတ်စုံရောင်းတဲ့မိန်းမနဲ့ စားပွဲထိုး။ ဘယ်လောက်ထိအောင် ဆိုးလဲဆိုရင် သူ့ ဆိုင်မှာစားဖို့ အတွက် လူခေါ်တာများ၊ ရန်ဖြစ်သလိုပဲ။ အော် ကြီးဟစ်ကျယ်နဲ့ ။ လာပါစားပါဆိုတဲ့ စကားလုံးတွေဟာ သူ့ ပါးစပ်က ထွက် လာလိုက်တော သေနတ်နဲ့ ပစ်သလားတောင်ထင်ရတယ်။ ဆက်တိုက်ပဲ။ သူ့ ဆိုင်မှာစားတော့ အကိုကြီးဆိုတဲ့ စကားလုံးကို ပါးစပ်က မချဘူး။ မစားတော့ သူ့ မျက်နှာက ထပြီးရိုက်တော့မဲ့ပုံပဲ။

မဟာမြတ်မုနိဘုရားမှာ သင်္ကန်းဝတ်ထားတဲ့ ဘုန်းကြီးနှစ်ပါးဟာ နှစ်ရက်ရှိပြီး ဆွမ်းမစားရသေးလို့ ပါဆိုပြီး လိုက်တောင်းတော့ လှူခဲ့ပါတယ်။ နောက်မှ သူငယ်ချင်းတွေ ရှင်းပြတာက သင်္ကန်းဝတ်ပြီး လုပ်စားတာလို့ ရှင်းပြတယ်။ ဒီလောက်သန်သန်မာမာနဲ့ လူတွေဟာ လက်မပါသလိုပဲ။ အတော့်ကို အံ့သြရပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှုးဆိုတဲ့ လူက ရှစ်တန်းတောင်မအောင်ဘူး။ သူက ဥက္ကဌ။ လူကိုဆက်ဆံတဲ့ပုံစံက သူ့ ထမင်းကို အလကားထိုင်စားနေတဲ့ပုံစံနဲ့ ။ သူ့ ဘေးနားမှာကလည်း လူမိုက်လိုလို ဆယ်အိမ်ခေါင်းနဲ့ ရာအိမ် မှုး၊ ပေါင်း စားကြတာကိုတွေ့ ရတော့ ဒီလိုတွေးမိခဲ့တယ်။ ဦးသိန်းစိန်ရဲ့ သန့် ရှင်းသော အစိုးရဟာ သူတို့ လိုလူမျိုးတွေကြောင့် နာမည်ပျက်ရတော့မယ်။ သူတို့ က အောက်ခြေထုနဲ့ အဓိက ထိတွေ့ ရတဲ့ အာဏာပိုင်တွေပဲ။ နိုင်ငံခြား မှာဆိုရင် အဲဒါက Local Government လို့ ခေါ်တယ်။

နိုင်ငံတကာအဆင့်မှီရဲတပ်ဖွဲ့ ဖြစ်နိုင်ခြေရှိလားမရှိလားမရှိတော့ မသိဘူး။ လှိုင်သာယာမှာတွေ့ ခဲ့တဲ့ ရဲတပ်သားက မှုးနေပြီး ပတ်စ်ပို့ ပြဆို လို့ ပြခဲ့ ဘူးတယ်။ ထိုင်းမှာလိုမျိုး သူက လက်မှတ်ရှိမရှိ စစ်တဲ့ပုံစံနဲ့ ။ လူကြည့်တော့ စကားပြောစက်တစ်လုံးကိုင်ပြီး မှုးနေတယ်။ အင်္ဂလိပ်လိုရေးထားတဲ့ ပတ်စပို့ သတ်တမ်းကုန်တဲ့ရက်ကိုတော့ မဖတ်တတ်ဘူး။ ဘယ်လောက် အဆင့်ရှိတဲ့ရဲလည်းဗျာ။ သြော်..ဒုက္ခ။

ဗီဇာသက်တမ်းတိုးဖို့ အတွက် ခရီးတွေအတော်သွားရတယ်။ မော်လမြိုင်က လ၀ကဆိုတဲ့ ပညာရှင်တွေက Immigration ဖြစ်ပြီး၊ သက်တမ်းတိုးတာကို နားမလည်ဘူး။ သူတို့ ရဲ့ ကျွမ်းကျင်မှု့  Immigration ဖြစ်ပြီး၊ ဘာဖြစ်လို့ များ သက်တမ်းတိုးတာကို အစိုးရက မသင်ပေးတာလဲ။ လ၀က ရုံးထဲမှာတော့ ကုလားတွေအများကြီးပဲ။ ဒါကြတော့ နားလည်ပုံရတယ်။ မော်လမြိုင်ကနေ ရန်ကုန်။ ရန်ကုန်မှာ သုံးဆင့်လောက်ဖြတ်ပြီး လူလည်းပန်း၊ ငွေလည်းကုန်၊ လ၀က ၀န်ထမ်းတွေဟောက်တာကို ခံရပေမဲ့ သက်တမ်းတော့ မတိုးဖြစ် ခဲ့ဘူး။

နောက်ဆုံးဒေါ်လာ ငါးရာလောက်အကုန်ခံပြီး လေဆိပ်အထွက်မှာပဲတင် တုံးထုခဲ့ရပါတယ်။ တုံးထုတဲ့အချိန်မှာ သုံးရစ်နဲ့ လ၀က ပါးစပ်ကကွမ်း တ ဗျစ်ဗျစ်နဲ့ မျက်နှာက မှုံသုန်နေတယ်။ ကွန်ပြူတာလည်းမရှိတဲ့ သူ့ ရုံးခန်းထဲ မှာ သူ့ ဆရာက ဘယ်လောက်စားထားလဲမသိဘူး။ ၀ဖြိုးနေတာပဲ။ Cash လို့ ခေါ်တဲ့ ဒေါ်လာတွေကိုင်ကြတယ်။ ဘယ္လုိမ်ဴိး Transparency ရွိလဲေ တာ့မသိဘူး။ အစိုးရက ၀င်ငွေရလားမရလားမသိဘူး။ သူ့ ခေါင်းထဲမှာရှိပုံက ဒီပိုက်ဆံတွေက ငါ့ဟာတွေဆိုတဲ့ပုံစံနဲ့ ။

စင်္ကာပူနိုင်ငံသားတစ်ယောက်ကလည်း သူလည်း သက်တမ်း တစ် ရက်နောက်ကြလို့ သုံးဒေါ်လာဆောင်ရတယ်။ သူက သုံးဒေါ်လာအကြွေပဲ ပါတယ်။ ဒါကိုပေးတော့ လ၀က ကိုယ်တော်ချောတို့ က မယူဘူး။ အတန် အရွက်မှ ယူမယ်ဆိုလို့ စင်္ကာပူနိုင်ငံသားခင်ဗျား လေဆိပ်တစ်ခုလုံး လိုက်ပြီး လဲတာ ဘယ်ကောင်တာမှ အကြွေမယူဘူး။ အံ့ပါရဲ့ ဗျာ။ အကြွေလည်း ငွေ မဟုတ်ဘူးလား။
နောက်ဆုံးတော့ ကျနော်ပဲ ထုတ်ပေးလိုက်ပါတယ်။ သူ့ ခင်ဗျားကျေးဇူးတင်လွန်းလို့ အလေးတောင်ပြုသွားသေးတယ်။

နိုင်ငံတော်အစိုးရက လူကြီးမင်းများကတော့ စေတနာတွေဗရပွနဲ့ တိုင်းပြည် တိုးတက်အောင်လုပ်နေပါတယ်။ နိုင်ငံခြားက ပညာရှင်တွေနဲ့ အရင်း အနှီးတွေကိုဖိတ်ခေါ်ပြီး ကိုယ့်လူတွေတိုးတက်အောင်လုပ်နေပေမဲ့ ၀န် ထမ်းတွေနဲ့ ပြည်သူတွေရဲ့ စရိုက်ကိုမပြောင်းရင်တော့ အရွေ့ ဆိုတဲ့ဟာကြီး လည်း ဘယ်တော့မှ ရွေ့ ပါ့မလဲမသိဘူး။

ရန်ကုန်လေဆိပ်ကနေထွက်၊ စင်္ကာပူလေဆိပ်ကိုဝင်တဲ့အခါမှ သက်ပြင်းချရ ပါတယ်။ စင်္ကာပူကနေ တဆင့်သြစတျေးလျရောက်ရောက်ခြင်း မြန်မာေ တွနဲ့ ပက်သက်ပြီးတွေးမိတာက မြန်မာလူမျိုးတွေဟာအတော်ရိုင်းတာပဲလို့ ။
ကိုယ့်အချင်းချင်းဒီလိုပြောလို့ စိတ်ဆိုးလည်း မတတ်နိုင်ဘူးဗျာ။

ဘုန်းကျော် (ၾသစေတ်းလ်)
၁၁၊ ၆၊ ၂၀၁၃

ဗေဒင်ဆရာ၊ မှန်ဘောင်

တိုက်ဆိုင်မှုလား၊ နောက်နေတာလားတော့ မသိဘူး။ ဦးသိန်းစိန်က ယူကေ ရောက်နေတုံး ဒီနှစ်အကုန်မှာ နိုင်ငံရေး အကျဉ်းသားတွေအားလုံး လွှတ်ပေးမယ်၊ ၂၀၁၄ ခု နှစ်စမှာ စတော့ အိတ်စ်ချိန်း မြန်မာပြည်မှာ စတော့ မယ် ဆိုတဲ့သတင်းကို ကိုးကားဖော်ပြပြီး နောက် တစ်မျက်နှာ ဆက်ဖတ် လိုက်တော့...
တရုတ်ပြတိုက်တစ်ခုထဲမှာ ပြထားတဲ့ ရှေးဟောင်း ပစ္စည်းပေါင်း လေးေ သာင်းကျော်က အတုတွေဆိုတာ ဖော်ပြထားတာ တွေ့ရတယ်။ ဆိုင်တော့မဆိုင်လှဘူး ထင်တာပါပဲ၊ ဒါပေမဲ့ သတင်းနှစ်ပုဒ်ကို ဆက်ကြည့် လိုက်ရင်တော့ "ဗေဒင်ဆရာ၊ မှန်ဘောင်" လို ဖြစ်နေတယ်။
ဦးသိန်းစိန်ကတော့ သူကတိပေးထားတဲ့ ဂုံးကျော်တံတားကြီးတွေ ပြီးအောင် အရင်ဆောက်ရဦးမယ်ထင်တယ်။ အချိန်မှီ မပြီးဘူးဖြစ်နေတယ်။

ဘာသာရေးနဲ့ နိုင်ငံရေး 1,2, 3

၁။ မလေးရှားပညာရေးဝန်ကြီးဌာနက (မိဘတစ်ယောက် သဘောတူရင် ကလေးမွတ်စလင်ဖြစ်စေ ဥပဒေပြီးတော့) ပုဂ္ဂလိက တက္ကသိုလ်တွေမှာ အစ္စလာမ်ဘာသာနဲ့ အာရှယဉ်ကျေးမှု မသင်မနေရ ဥပဒေမူကြမ်း ထပ် တင် သွင်းတော့ ပွစိ ပွစိဖြစ်နေကြပြန်ပြီ။ ကျန်တဲ့ ဘာသာဝင်တွေက ဘယ် သဘောတူပါ့မလဲ၊
လစ်ဘရယ်ဖြစ်တဲ့ မွတ်စလင်တွေကလည်း ဒီဥပဒေမူကြမ်းက မဟန်လှဘူး ဆိုတာသိပေမဲ့ ဖွင့်ပြော (ရဲ) ကြမှာတော့ မဟုတ်ဘူး။ ဘာပဲပြောပြော အစ္စလာမ်နိုင်ငံတွေထဲမှတော့ မလေးရှားက အပျော့ပြောင်းဆုံးလို့ဆိုရမှာပါ။

၂။ စင်္ကာပူက လီကွမ်းယုကြီး သူကိုယ်တိုင် တရားထိုင်၊ အကျိုးရှိမှန်းလည်း သိပြီးတဲ့နောက် စာသင်ကျောင်းတွေမှာတောင် ကလေးတွေကို တရာထိုင် ခိုင်း သင့်တယ်လို့ လူသိရှင်ကြားပြောပြီး အသံပြန်တိတ်သွားခဲ့တယ်။ မတိတ်လို့မရဘူး၊ ဒီမိုကရေစီနိုင်ငံမှာ ဘယ်လောက်ကောင်းတယ်ပြောပြော ဘာသာတစ်ခုရဲ့ အဆုံးအမကို ဘာသာမျိုးစုံ ကျောင်းသားတွေကို သင်ပေး လို့ မရနိုင်ဘူး။ ကျန်တဲ့ဘာသာဝင်တွေက သဘောမတူဘူး။ ကိုယ်ကြိုက်ရင် ကိုယ်ဘာသာ တခြားနေရာ သွားလုပ်လို့ပဲရမယ်၊ ပတ်ဘလစ်ကျောင်းမှာတော့ မရဘူး။

၃။ အမေရိကမှာလည်း ဒီလိုအသံ ထွက်လာသေးတယ်။ ယောဂအကျင့်ကို ပတ်ဘလစ်ကျောင်းတွေမှာ သင်သင့် မသင်သင့်ပေါ့။ တကယ်တော့ ယောဂဆိုတာ ဟိန္ဒူဘာသာရေးပိုင် ကျင့်စဉ်တစ်ခုပဲ။ ဒါပေမဲ့ တချို့ကတော့ ယောဂအကျင့်ကို အမေရိကန်လူထုက မွေးစားလိုက်ပြီမို့ ဟိန္ဒူဘာသာရေး ကျင့်စဉ်တစ်ခု မဟုတ်တော့ဘဲ ကျန်းမာရေးအတွက် လေ့ ကျင့်ခန်းမျှသာ ဖြစ်တော့တယ်၊ ဒါကြောင့် ဘာပြဿနာမှ မရှိနိုင်ဘူးလို့ ဆို ကြလေရဲ့။

လူ့အဖွဲ့အစည်းသာ ကွန်ပြူတာ တစ်လုံးဆိုရင်
နိုင်ငံရေးနဲ့ စီးပွားရေးက ဟာ့ဒ် ဝဲယားတွေဖြစ်ပြီး
ပညာရေးနဲ့ ဘာသာရေးက ဆော့ဖ် ဝဲယားတွေ ဖြစ်နေလိမ့်မယ်။
ဆင်ခြင်မိသင့်တာတွေ အများကြီးပဲ ထင်တယ်။

မောနင်း ပို့စ်

၆၉ ဂိုး ဂိုး မရှိနဲ့ ၆၇ ဂိုး ဂိုး မရှိ

ပရီမီးယားလိဂ် (ဘီလူးကြီးတွေ) ဒီအပတ်ထဲ အရှေ့တောင်အာရှကို အပြိုင်းပြိုင်းရောက်လာနေကြတယ်။ မန်ယူ၊ ချဲလ်ဆီးက ဘန်ကောက်၊ အာ ဆင်နယ်က ဂျကာတာ။ (ဘီလူးကြီးတွေ) ဆိုတာ အင်္ဂလိပ်သင်ပေးတဲ့ ဆရာ သမားကို အမှတ်တရအနေနဲ့ Giant ကို ဘာသာပြန်လိုက်တာပါ။ Giant wooden drum ကို ဘီလူးတီးသော သစ်သား ဒရမ်လို့ ဆရာက ဘာသာပြန် တယ်။ (တုန်းမောင်းကြီးဆို ရသားနဲ့)။
ထားပါတော့။ သတင်းထူးကတော့ နိုင်ဂျီးရီးယားက ဘောလုံးပွဲ နှစ်ပွဲပါ။ နှစ်
သင်းက အမှတ်တူနေတော့ ပရို အဆင့်ကိုတက်ဖို့ ဂိုးအရေအတွက်နဲ့ ဆုံးဖြတ်ရတော့မှာပေါ့။ ဒါနဲ့ ကန်လိုက်ကြတာ တစ်ပွဲက ၆၉ ဂိုး ဂိုး မရှိ ၊ နောက်တစ်ပွဲက ၆၇ ဂိုး ဂိုး မရှိ တဲ့။ ဒါပေမဲ့ ကံမကောင်းကြရှာပါဘူး၊ ယုတ္တိမရှိလို့ဆိုပြီး နိုင်ဂျီးရီးယား ဘောလုံးအဖွဲ့ချုပ်က လေးသင်းစလုံးကို ပယ်ချလိုက်ပါလေရော။ တကယ်ဆို အတက်ကင်း ဖွတ်တဘော မို့ ဂုဏ်တောင်ယူရဦးမှာ။

အမျိုးသမီးအတွင်းရေးမှုး မရှိရ

ဒါကတော့ အင်ဒိုနီးရှား ပြည်နယ်အုပ်ချုပ်းရေးမှူးရဲ့ အမိန့်ပါ။ အရာရှိကြီးတွေ က အမျိုးသားအတွင်းရေးမှုးမခန့်တာ၊ အမျိုးသမီးအတွင်းရေးမှုးတွေကို လက်ဆောင်အကောင်းစားတွေ ပေးနေတာကို ကိုယ်ကျင့်တရား ရှုဒေါင့်က ကြည့်ပြီး မှားတယ်လို့ ယုံကြည်မိလို့ပါ တဲ့။ သူပြောတာက အရာရှိကြီးတွေက သူတို့ဇနီးတွေကိုတောင် ဒီလောက် စေတနာမရှိဘဲ အတွင်းရေးမှုးမလေးတွေ ကို စေတနာသိပ်ရှိနေလို့ တဲ့။ဒါကြောင့် အမျိုးသားအတွင်းရေးမှုးပဲ ခန့်ရမယ် (သို့) အမျိုးသမီးဆိုရင်လည်း Attractive မဖြစ်တော့တာမျိုးပဲ ဖြစ်နေရမယ် တဲ့။
ကဲ မြန်မာ အရာရှိကတော်တွေ သဘောတူ မတူ။

ဆေးခန်းအကြမ်ဖက်မှု

ဒါက သတင်းမဟုတ်ပါဘူး။ အတွေ့အကြုံပါ။ ဆရာဝန်မလေးထိုင် တဲ့ ဆေး ခန်းထဲ အသားဖြူဖြူ မျက်ပေါက်ကျဉ်းကျဉ်းလူတစ်ယောက် ဝင်လာပြီး ထိုင်ေ စာင့်နေတဲ့ လူနာတွေကိုဂရုမစိုက်ဘဲ ဆေးကုသတဲ့အခန်းထဲ တန်း ဝင်သွား တယ်။ ပြီးတော့ ဒဏ်ရာရထားတဲ့ သူ့ခြေထောက်ကို စားပွဲပေါ် တင်လိုက်ပြီး သူ့အနာကို ဆေးထည့်ပေးဖို့ပြောတယ်။ မာနကို စော်ကားတာရယ်၊ ဆေးခန်းဥပဒေကို ချိုးဖောက်တာရယ်ကြောင့် ဆရာဝန်မလေးက မကုနိုင်ဘူး၊ ထွက်သွားပါဆိုတော့ အဲဒီလူက သေနတ်ကိုထုတ်ပြီး မကုရင်သတ်မှာလို့ ခြိမ်းခြောက်တော့ ဆရာ ဝန်မလေးခမျာ သူ့အနာကို အရက်ပြန်နဲ့ဆေးပြီး ဆေးထည့်ပေးလိုက်ရ တယ်။ ဝမ်းနည်းစရာက အဲသလိုလူတွေကို တိုင်တန်းဖို့ မန္တလေးမှာ ရဲစခန်း မရှိခဲ့ဘူး။ ဟိုတုံးကပါ။
အခုရော???????

တော်တော်နောက်တဲ့ လန်ဒန် မြို့တော်ဝန်

အခုရက်တွေမှာ မလေးရှားနဲ့ ရေစက်ဆုံနေတယ်။ မတတ်နိုင်ဘူး။ မလေးမလေးတွေ တက္ကသိုလ်များများတက်တော့ ယောင်္ကျားကောင်းကောင်း ရှာလို့ရတာပေါ့ လို့ ကွန်ဖရင့်လိုနေရာမှာများ မြို့တော်ဝန်က ပြောရတယ်လို့။
လန်ဒန်မှာ ကျင်းပတဲ့ World Islamic Economic Forum မှာပြောတာ တဲ့။ သူ့ဘေးမှာထိုင်နေတာက မလေးရှားဝန်ကြီးချုပ် နီဂျပ်၊ မွတ်စလင်လူ့အဖွဲ့အစည်းမှာ အမျိုးသမီတွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်တဲ့ အမေးကို ဖြေစဉ်
" ဒီမလာခင်မှာပဲ သူတို့ပေးလိုက်တဲ့ အချက်အလက်တွေအရ မလေးရှားလို မွတ်စလင်နိုင်ငံမှာ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာတင်သွင်းတဲ့ မိန်းကလေး ဦးရေ ၆၈ ရာခိုင်နှူံးရှိတယ်...... "

သူ့စကာမဆုံးမီ လန်ဒန် မြို့တော်ဝန် ဘိုရစ် ဂျွန်ဆင်က
"........they got to find men to marry" လို့ ဝင်နှောက်လိုက်တော့ အရှိန် ပျက်သွားတာပေါ့။ သူကနောက်တာ၊ ဒါပေမဲ့ အပြောခံရသူက နာတာပေါ့။

ရိုဟင်ဂျာပြည်နယ် ရယ်လို့


အင်္ဂလိပ်တွေ လုပ်လိုက်ရင် အသည်းအသန်ချည်းပဲ။ ဘီဘီစီ သတင်းဌာန ကိုကြည့်ဦး။
"၂၀၁၂၊ ဇွန်လက ဖြစ်ပွားခဲ့သော ရခိုင်ပဋိပက္ခ မတိုင်မီကလည်း ရခိုင်ပြည် နယ်ကို ရိုဟင်ဂျာပြည်နယ်ဟု မှားယွင်းဖော်ပြခဲ့ဖူးသည်" တဲ့။

ကျနော် ရေးခဲ့ဖူးပါတယ်။ လူမှားပြီး အင်တာဗျူးနေတာကို ကမ္ဘာကို လွှင့်ဖူး တဲ့ သတင်းဌာနတစ်ခုပဲ။ သူလျှောက်တဲ့အလုပ်နဲ့ မေးနေတဲ့ မေးခွန်းတွေက ဘာမှမဆိုင်တော့ အမေးခံရသူက ဘာတွေလာမေးနေပါလိမ့် ဖြစ်နေရှာတယ် တဲ့။ အင်တာဗျူးကြည့်နေမိသူတွေလည်း အူကြောင်ကြောင်ဖြစ်နေမှာပဲ။

ဒီ ရိုဟင်ဂျာပြည်နယ် ဆိုတာကတော့ နောက်တာမဟုတ်နိုင်ဘူး၊ မှားတာပဲ။ ဒါမှမဟုတ် မြန်မာတွေကို အကဲစမ်းတာ နေမှာ။ ဘာရမလဲ။ အင်္ဂလိပ်လို မရေးတတ်လို့သာ၊ မြန်မာလိုကတော့ ပွက်လော ညံ သွားမယ်။
ဒီနေ့တော့ ခပ်ပါးပါးပဲ။

လက်ခံရအခက် ငြင်းရအခက်

(၁)
"တိုင်းပြည်ကြီး ပျက်တော့မည်။
တွေးရင်းနှင့် ကြည်နူးမိသည်" တဲ့။ သက်ဦးမောင်က။
ဒီနေ့ သတင်းစာကို ကောက်လှန်တော့
"Hate speech testing Myanmar democracy" တဲ့။
လက်ခံရအခက် ငြင်းရအခက်။

(၂ )
လတ်တလော နိုင်ငံအလိုက်သတင်းတွေ တစ်ပြေးနေတာကတော့ ဆီးရီး ယားနဲ့ မြန်မာပါပဲ။ ပြဿနာပေါင်း သောင်းခြောက်ထောင် ကိုယ်စီနဲ့။
အမေရိကန်သံအမတ်စကားက သက်ဦးမောင်ကို ထောက်ခံနေပြန်တယ်။
"This country, for too long, has been at war with itself. For decades, the talk has been one of 'enemies within'. This attitude has been major caused this country's underdevelopment."
"In many ways.....the sense of fear and insecurity here is fundamental to what is to be Myanmar...... based as they are on concerns about geography, demographic, or ethnic and cultural differences."
"It leads nowhere good,it is in fact dangerous."
အချင်းချင်း သတ်ပုတ်နေတဲ့နိုင်ငံ၊ အချင်းချင်း စွပ်စွဲနေတဲ့ နိုင်ငံ၊ ဒီ့နိုင်ငံမွဲနေရတဲ့အကြောင်းတွေထဲမှာ အဲဒါက အဓိကအကြောင်း တဲ့။
လက်ခံရအခက် ငြင်းရအခက်။

(၃)
တရုတ်ပြည်ကို နို့စားနွားမနှစ်ကောင် ပေးလိုက်ရင် ဘာလုပ်ကြမယ် ထင် သလဲ။
တစ်နိုင်ငံလုံး ဝိုင်းပြီး နွားမတွေသေသည်အထိ နို့ ညှစ်မယ်။ ဒီသတင်းကိုရေး ရင် ရေးသူကို ဖမ်းမယ်။
ပြင်သစ်ကို နို့စားနွားမနှစ်ကောင် ပေးလိုက်ရင် ဘာလုပ်ကြမယ်ထင်သလဲ။
သုံးကောင်မဟုတ်လို့ လမ်းပေါ်တက် ဆန္ဒပြမယ်။
လက်ခံရအခက် ငြင်းရအခက်။

ကံဆိုးသည့်ရဟန်း သွားလေရာ မီးခိုးလိုက်လို့လာ

ရေးသင့်သည့်ကိစ္စ ဟုတ်သလားတောင် မသိတော့၊ သို့သော် အလှည့် အပြောင်းက ထူးဆန်းလွန်းနေသဖြင့် ရေးလိုက်မိသည်။
သီတင်းသုံးဖော် ရဟန်းတစ်ပါးနှင့် နောက်ပါ တပည့်တချို့ သုံးလလောက်က ကြိုတင်ပြီး ခရီးစဉ်ဆွဲခဲ့ကြသည်။
၂၂ ရက်နေ့ နံနက်စောစော မလေးရှားသွားရန်၊ ထိုမှတဆင့် ၂၄ ရက်နေ့၌ ထိုင်း သို့ ခရီးဆက်ရန်၊ ၂၆ ရက်နေ့ စင်္ကာပူပြန်လာရန်ဖြစ်သည်။
ကံ အလွန်ဆိုးသော ခရီးစဉ်တစ်ခု ဖြစ်ချေ၏။ ကြည့်ပါလေ။

စင်္ကာပူကို အကြီးအကျယ် ဒုက္ခပေးသွားသည့် ဟေ့ဇ် များ ၂၂ ရက်က စ အခြေအနေ ကောင်းမွန်လာပြီး လေနှင်ရာလိုက်ပါကာ မလေးရှားကို အကြီး အကျယ် ဒုက္ခသွားပေးတော့သည်။
ထို ရဟန်းက ထိုနေ့မှာပင် မလေးရှားကြွလေ၏။

၂၃၊ ၂၄ ရက်နေ့တို့၌ မြူတို့က လေနှင့်အတူ ထိုင်းဖက်သို့ ခရီးဆက်ကူးချိန် ထို ရဟန်းနှင့် နောက်ပါ တပည့်တို့လည်း ထိုင်းသို့ သွားကြလေသည်။

မြူများလည်း အနည်ထိုင်စပြုပြီ၊ ယနေ့ သူတိုအားလုံးလည်း ပြန်ရောက် လာကြပေတော့မည်။
သူတို့ခရီးစဉ်အကြောင်းပြောကြရင်း စိတ်မကောင်းသည့်ကြားက ပြုံးမိကြ ရသေး၏။ မတတ်နိုင်ပြီ။

အာရှခေါင်းဆောင်ကြီးများ Facebook နဲ့ Facebook ဖြစ်သွားတဲ့မဂ္ဂဇင်း

အာရှခေါင်းဆောင်ကြီးတွေရဲ့ ဖေ့စ်ဘုတ်၊ တွစ်တာတွေကြည့်တော့ ဦးသိန်း စိန် ဖေ့စ်ဘုတ်မှာ လိုက် နည်းနေတယ်။ မြန်မာတွေက လိုက် လုပ်ရာမှာ စတင်းဂျီး (stingy) ဖြစ်ဟန်တူပါရဲ့။ ဒီနေ့ စထရိတ်တိုင်း သတင်းပါ။

India
Prime Minister: Manmohan Singh
Over 600,000 followers on Twitters.
Population: 1,2 billion

Indonesia
President: Susilo Bambang Yudhoyono
Nearly 2.5 million followers on Twitter.
Population: 237 million

Japan
Prime Minister: Shin Zo Abe
About 368,000 "likes" on Facebook, over 137,000 followers on Twitter.
Population: 127 million

Malaysia
Prime Minister: Najib Razak
Over 1.7 million Facebook "likes" and 1.6 million followers on Twitter.
Population:29 million

Myanmar
President: Thein Sein
About 6400 "likes" on Facebook and 300 followers on Twitter.
Population: 53 million

Philippine
President: Beningno Aquino
Over 2.8 million "likes" on Facebook, while his Twitter account has nearly 1.56 million followers
Population: 92 million

Singapore
Prime Minister: Lee Hsien Loong
Over 137,000 followers on Facebook and more than 32,000 followers on Twitter.
Population: 5.3 million

Taiwan
President: Ma Ying-Jeou
Over 1.4 million followers on Facebook
Population: 23 million

Thailand
Prime Minister: Yingluck Shinawatra
Over 800,000 "likes" on Facebook, 134,000, followers on Twitter.
Population: 65 million

အိန္ဒိယဝန်ကြီးချုပ်နဲ့ အင်ဒိုသမ္မတက Facebook မသုံးကြဘူး။

ထိုင်ဝမ်မှာ အမျိုးသား စာရးဆရာတွေကို ပေးတဲ့ဆု အမျိုးသမီးရသွားတာက ဘာထူးသေးလို့လဲ ဒီအပတ်ထဲမှာ မဂ္ဂဇင်းဖြစ်ပြီး "Face" book ဂုဏ်ထူး ရ သွားတဲ့ တိုင်းမ်မဂ္ဂဇင်းကမှ ထူးတာ။ မဂ္ဂဇင်းက "Face" book ဖြစ်ရတယ် လို့။

အခြေအနေ ကောင်းပါသေးတယ်

၁။ ဝိလီယံ ဂါးလက်ရဲ့ အုန်းဂိုး

စနေဆိုတော့ ဘောလုံးလေးနဲ့ စလိုက်ပါရစေ။ ဘောလုံးအဖွဲ့ချုပ်တစ်ခုက "ဂိုးစောင့်" ဥပဒေမူကြမ်းကို ဖီဖာမှာတင်သွင်းဖို့ ကြိုးစားနေတယ်လို့ သိရပါ တယ်။ ဂိုးဆိုတဲ့နေရာမှာ သူများရှူးတဲ့ ဂိုး၊ ကိုယ့်ဂိုးကို ပြန်ရှူးတဲ့ဂိုးဆိုတာ ရှိပါတယ်။ ကိုယ့်ဂိုးကို ပြန်ရှူးတဲ့ဂိုးဆိုရာမှာလည်း မတော်တဆ ဝင်သွားတဲ့ ဂိုးနဲ့ သက်သက်မဲ့ ကိုယ့်ဂိုးပေါက်ထဲ ကန်သွင်းတဲ့ ဂိုးဆိုတာ ရှိပြန်ပါတယ်။ ဥပမာ ဝိလီယံ ဂါးလက်က သူ့ကို တော့တင်ဟန်ကို ပြောင်းခွင့် မပေးရင် အရေးကြီးတဲ့ပွဲ အရေးကြီးတဲ့ အချိန်မှာ ကိုယ့်ဂိုးပေါက်ထဲ ပြန်ကန်သွင်းမယ် လို့ ကြုံးဝါသံမျိုးပါ။
ဒီ ဥပဒေမူကြမ်းမှာ ဂိုးသမားက ဂိုးဖမ်းတော့မယ် (သို့) ပုတ်ထုပ်တော့မယ် ဆိုရင် နောက်တန်း လေးယောက်ရဲ့ သဘောတူညီမှုရမှ၊ နောက်ပြီး ကိုယ့် သဘောနဲ့ကို ဖမ်းတယ် (သို့) ပုတ်ထုပ်တယ်ဆိုတာ လက်မှတ်ရေးထိုးရပါ မယ်။ စသဖြင့် စသဖြင့်။ ဒီ ဥပဒေမူကြမ်းနဲ့ ပတ်သက်လို့ အမြင်မတူကြ တာတွေတော့ ရှိပါတယ်။
တချို့ပညာရှင်တွေ အဆိုအရကတော့ ဒီ ဥပဒေမူကြမ်းကိုယ်တိုင်ကပင် ဝိလီယံ ဂါးလက်ရဲ့ ဂိုးလို အုန်းဂိုးကြီးလို့ ဆိုကြပါတယ်။

၂။ ထိုင်ပြီး ဆုတောင်းနေကြတာပေါ့

နောက်သတင်းကတော့ အင်ဒို သစ်တောဝန်ကြီးရဲ့ ဘာသာရေး ကိုင်းရှိုင်းတဲ့ အကြောင်းပါ။ တောမီးလောင်ရာကစပြီး ဟော့တ်ဖြစ်နေတဲ့ ဟေ့ဇ် အကြော င်းနဲ့ပတ်သက်လို့ပါ။ သူပြောပုံလေးက
"We have considered creating artificial rain to put out the fires, but that would take two weeks. So we have decided to leave it in the hand of nature. And let's just pray for that."
မိုးအတုရွာပြီး မီးငြိမ်းသတ်ဖို စဉ်းစားခဲ့ပေမဲ့ ဒါက နှစ်ပတ်အချိန်ယူရမယ်၊ ဒါ့ကြောင့် သဘာဝတရားလက်ထဲ ဝကွက်အပ်လိုက်ပါတယ်။ ထိုင်ပြီး ဆုတောင်းနေကြတာပေါ့ တဲ့။ လေးစားစရာ ဝန်ကြီးပါပဲ။

၃။ ကံမကောင်းတဲ့ မြန်မာ့ ဒီမိုကရေစီ

ဒါကတော့ အပြင်ကလူတွေရဲ့ အမြင်ပါ။ မြန်မာ့ ဒီမိုကရေစီဟာ စူပါ ပါဝါ ကြီးနှစ်ခုအောက်မှာ ဖွတ်ဖွတ်ညက်ညက် ကြေနေရရှာတယ် တဲ့။ ပထမ စစ်တပ်။ ဒုတိယ လက်ယာဝါဒီ ဘုန်းကြီးထု တဲ့။ ဒါက ဆောင်းပါးရှင်ရဲ့ ကောက်ချက်ပါ။
သတင်း သုံးပုဒ်ကို ချုပ်ကြည့်တော့ ဘာသာရေးစကားဆိုတာ (And let's just pray for that စတာမျိုး) မဆိုင်တဲ့အချိန်၊ မဆိုင်တဲ့နေရာမှာ လာပြောရင် ကိုယ်ဘာသာပဲမှန်ပြီး သူတပါးအတွက်တော့ ဝိလီယံ ဂါးလက် ရဲ့ အုန်းဂိုး ဆိုတာ နားလည်လိုက်ရပါတယ်။

၎။ ၇ နှစ် သမီးလေး

လောကကြီးဟာ ထင်သလောက် ဗရုတ်သုတ်ခ မဖြစ်သေးဘူးဆိုတာကို ၇ နှစ်အရွယ် အမေရိကန်မလေးက သက်သေပြနေပါတယ်။ သူမက သမ္မတ အိုဗားမာဆီ စာရေးပါတယ်။ ဒီလို......
"Please ask your good friend the President of Indonesia to stop burning the forest. It is not good for both people and animals, especially endangered species. The sun is also red, People are even having to wear masks. Airplanes can't fly. McDonald's won't deliver." ၇ နှစ် သမီးလေးက လူတွေအတွက်ပါမက မျိုးတုန်းနိုင်တဲ့ သတ္တ ဝါတွေအတွက်ပါ လှမ်းပူနေတော့ ထင်သလောက် မဆိုးသေးပါဘူး။ အခြေအနေ ကောင်းပါသေးတယ်။

The haze, the brave or the craze

"The haze"
အရာတိုင်းဟာ ဘာမှ မမြင်ရအောင် ဝေဝါးနေလေတော့ရဲ့
စင်္ကာပူရဲ့ (The haze) PSI က ၁၁ နာရီမှာ ၄၀၀ ကို ရောက်သွားပြီ။

"the brave or the craze"
တိုင်းမဂ္ဂဇင်းက The Face of Buddhist Terror တဲ့၊ ဝီရသူရဲ့ ဓာတ်ပုံနဲ့။
ပေးထာားတဲ့ ဂုဏ်ထူးက "the Burmese bin Laden" ဗမာ ဘင်လာဒင်။
ဝီရသူကတော့ the brave လား the craze လား။
ပြောချင်ရာပြော မှန်နေပြီ။
အဆုံး အစမရှိ ဝေဝါးကုန်ပြီ။

ရပ်သတင်း ရွာသတင်း


မနေ့ ညကတော့ သတင်းထူးတစ်ပုဒ်ကို ဖြစ်စေခဲ့တယ်။ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ဝီဂန်က မန်စီးတီးကို တစ်ဂိုး ဂိုးမရှိနဲ့နိုင်ပြီး အက်ဖ်အေဖလား ယူသွားတယ်။
ဒီနေ့မနက် စထရိတ်တိုင်းမှာတော့ ပထမဆုံး မြန်မာအမျိုးသား အိမ်ဖော် တစ်ယောက် စင်္ကာပူရောက်လာတဲ့အကြောင်း တခန်းတနား ဖော်ပြ ထား တာ တွေ့ရပြန်တယ်။
လစာက ဆင်းဒေါ်လာ ၅၀၀ တဲ့။ တလောလေးကပဲ "စင်္ကာပူက ဖွင့်လာ မယ့် တံခါး" ဆောင်းပါး ရေးခဲ့မိတယ်။ အခု တကယ်ပဲ ဖွင့်လာလေပြီ။

ပြည်တွင်းမှာကလည်း လမ်းတွေမှာ ကားတွေကြပ်နေသလို အလုပ်အကိုင်နဲ့ စားဝတ်နေရေးကလည်း ကြပ်နေကြတယ်။
အကျင့်ပျက် လာဘ်စားမှုကလည်း ပုံစံတမျိုးနဲ့ ဖြစ်တည်နေတယ်ဆိုတာ ခပ် ပါးပါး လေ့လာမိတယ်။
နေ့စဉ်ထုတ် ပုဂ္ဂလိကသတင်းစာတွေ ဆက်တိုက် အရှုံးပြနေပေမဲ့( သန်း ၆၀ လူဦးရေမှာ သတင်းစာ သိန်းဂဏန်းမရှိသေး) ဒေါ်စုမျက်နှာဖုံး နဲ့စာအုပ်ေ တွ ရောင်းအားလိုက်နေတယ်။
စာအုပ်တွေကလည်း တစ်ခါ နှစ်ခါကိုင်ဖတ်လိုက်တာနဲ့ စာရွက်တွေ ဖောင် လိုက်ပြုတ်ကျလာတယ်။
လူငယ်တွေ စာဖတ်အားနည်းလို့ဆိုပြီး စည်းရုံးလှုံ့ဆော်ပွဲတွေ လုပ်နေကြပေ မဲ့ ဒီပွဲတွေကို တက်ရောက်လာတာက လူလတ်ပိုင်းနဲ့ လူကြီးပိုင်းတွေပါ။
အွန်လိုင်းမှာတော့ စာဖတ်အားကောင်းတယ်လို့ ထင်မိပါတယ်။
နောက်မှ အကျယ် ရေးရဦးမယ်။


 ဇင်ဝေသော်