သူ့အရပ်နဲ့သူ့ဇာတ်


စကားစပ်မိလို့ ပြောရဦးမယ်ပေါ့နော်၊ အမေရိကန်နိုင်ငံက မြို့လေးတစ်မြို့မှာ (နာမည်တော့ မေ့နေပြီပေါ့နော်) လူဦးရေက ငါးရာလောက်ပဲ ရှိသတဲ့။ မက္ကစီကို နဲ့နီးပြီး အန္တရာယ်လည်းရှိတော့ လူတိုင်းလိုင်စင်နဲ့ကိုင်တဲ့ သေနတ်တွေရှိသတဲ့။
ပြသနာ တစ်ခုခုဖြစ်ပြီဆိုရင် အရပ်သားတွေက သေနတ်တွေဆွဲပြီး ထွက်ထွက် လာကြသတဲ့။ အဲဒီမြို့မှာ တာဝန်ကျနေတဲ့ ရဲသားနှစ်ယောက်ကတော့ အကြမ်း ဖက်မှု သမိုင်းရှိနေလို့ သေနတ်ကိုင်ခွင့် မရှိဘူးတဲ့။ ဒီတော့ တစ်မြို့လုံးမှာ သေ နတ်ကိုင်ခွင့် မရှိတာက ရဲနှစ်ယောက်ပဲရှိသတဲ့။ အရပ်သားတွေ သေနတ်တကား ကားနဲ့ ရန်ဖြစ်နေရင် အဲဒီ ရဲသားနှစ်ယောက် ရောက်လာတယ်ပေါ့နော်။
သေနတ်က မရှိတော့
"အားလုံး လက်နက်တွေချလိုက်ပါ၊ မချရင် ပစ်ခတ်ထိန်းသိမ်းရပါလိမ့်မယ်" လို့ အမိန့်ပေးလို့ မရတော့ဘူးပေါ့နော်။ ဒါ့ကြောင့် သူတို့က
"အားလုံး လက်နက်တွေချလိုက်ပါ၊ မချရင် ပျစ်ပျစ်နှစ်နှစ် ဆဲရေးတိုင်းထွာရပါ လိမ့်မယ်" လို့ စပီကာနဲ့ အော်ကြသတဲ့။
အလုပ်ဖြစ်သတဲ့။ အရပ်သားတွေက ဆဲရေးတိုင်းထွာမှာကို ကြောက်ပြီး လက် နက်တွေချ၊ လက်မြှောက်ထားကြသတဲ့။
************************************************************************
ဓာတ်ပုံနဲ့သတင်းက ကျော်စွာမြင့် ဝေါပေါ်က။
မူးယစ်ဆေးဝါး သယ်လာတဲ့ရဲကို အရပ်သားတွေက ဖမ်းပြီး ရဲစခန်းပို့ တဲ့ ပေါ့နော်။

"ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့မှာ မူးယစ်ဆေးဝါးသယ်ဆောင်လာတဲ့
ရဲတပ်သားတယောက်နဲ့ အရပ်သားတယောက်ကို ရပ်ကွက်လူငယ်တွေက
ဖမ်းဆီးပြီး ရဲစခန်းကို လွှဲပြောင်းပေးခဲ့ပါတယ်။

နမ့်ခမ်းမြို့ ကောင်းဆာရပ်ကွက်မှာ ဇန်န၀ါရီ ၂၃ ရက် ည ၁၀ ကျော်အချိန်က
ဖမ်းဆီးမိခဲ့တာဖြစ်ပြီး ရက်ကွက်လုံခြုံရေးယူနေတဲ့ လူငယ်အဖွဲ့က ဖမ်းတာလို့
ဒေသခံတဦးက ပြောပါတယ်။"

Post a Comment