သတင်းကဗျာ


"ဒီစကားအတွက် "ခွင့်လွှတ်ပါ ငါ့ရှင်" မဆိုချင်ဘူး
တတ်နိုင်သလောက်တော့
ဗိုလ်ရှုသဘင်ကို အိုးမည်းသုတ်လိုက်တယ်"

ဒီလိုခမ်းနားမှုမျိုးလောက်တော့ ကျနော်တို့ ဦးခေါင်းတွေက
ဆံတစ်ချည်တောင် ညွတ်ကျလာမယ်မဟုတ်လေဘူး
ဒီလို ဇာတ်လမ်းတွဲတွေ လက်စမသိမ်းသရွေ့
လူကြီးမင်းတို့ ဗိုလ်ရှုခံသဘင်ကလည်း
ယဉ်ယဉ်လေး ရူးနေသူတွေရဲ့ လုပ်ဇာတ်တစ်ခုပါ။

ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ဟာ အိမ်ဖော်တွေ မွေးပေးဖို့ မဟုတ်ဘူး။
နည်းပညာတက္ကသိုလ်ဆိုတာ
အပြန်လမ်းမရှိတဲ့ ကမ်းကြည့်ငှက်တွေရဲ့
အတောင်သွေးရာ သစ်ကိုင်းခြောက် မဟုတ်ဘူး။

ဒါပေမဲ့ ကျေးဇူးပါ။
ယဉ်ယဉ်လေး ရူးနေသူတွေကို အတွေ့များတော့
ရူးရူးလေး ယဉ်နေသူတွေကို ချစ်တတ်လာတယ်။

ရန်ကုန်နဲ့မဲဆောက်
ဒီ ကောင်မလေးတွေ ရှော့ပင်းထွက်လာတာ မဟုတ်လောက်ဘူး။
(ဘမ်ဘူး(ဝါး)တောတွေ ဖြတ်ခဲ့ရတာ၊ လူကုန်ကူးခံခဲ့ရတာဆိုတော့လေ)





မြန်မြန်ပြောင်းပါ
အောက်ဆုံးက ဒီနိုင်ငံမှာ
သူ့အောက် အပါယ်လေးဘုံပဲ ရှိတော့တယ်။
လွတ်လပ်ရေး တဲ့လား
ဗြိတိသျှအင်ပါယာ ကျရှုံးသွားတာတောင်
ကျနော်တို့ အနိုင်မရလိုက်ဘူး
ကိုယ်ဂိုးပေါက်ထဲ ပြန်ရှူးပြနေတဲ့ ခြေရူးတွေ။

စိတ်မကောင်းဘူး
ဒီစကားအတွက် "ခွင့်လွှတ်ပါ ငါ့ရှင်" မဆိုချင်ဘူး
တတ်နိုင်သလောက်တော့
ဗိုလ်ရှုသဘင်ကို အိုးမည်းသုတ်လိုက်တယ်။

Post a Comment