ရဟန်းသုံးပါးနဲ့ဖေ့စ်ဘုတ်ဈာန် ငါးပါး (Reflection)


၁။ ဓမ္မဂင်္ဂါနဲ့အောက်ဈာန်နှစ်ပါး

၂၀၁၄ ခု စာတွေအရ ဓမ္မဂင်္ဂါနဲ့ဆရာတော်သည် ဖေ့စ်ဘုတ်အောက်ဈာန်နှစ် ပါးဖြစ်သည့် ပထမဈာန် (သို့) ဒုတိယဈာန် ရရှိပြီးပြီဟု ယူဆမိပါသည်။ သူခမျာ ဝိတက်နဲ့ဝိစာရ (စဉ်းစားခြင်း၊ ပြန်လှန်သုံးသပ်ခြင်း) ကို မပယ်နိုင်သေးသဖြင့် ဘီစီ မိုင်းနပ်စ် B.C-)၊ အေဒီ ပလပ်စ်တွေနဲ့ (A.D+) ရှုပ်ထွေးနေလေသည်။ သို့သော် သူစာတွေထဲမှာ ပီတိ၊ သုခ၊ ဧကဂ္ဂတာ သဘောတွေလည်း တွေ့ရပါ သည်။
ဖေ့စ်ဘုတ် တတိယဈာန်ကို သူ ရသေးဟန်မတူပါ။ အကြောင်းက လျပ်စစ်မီး၊ အင်တာနက်နဲ့ပတ်သက်သည့် ဒုက္ခ၊ ဒေါမနသကို မခွာနိုင်သေးသောကြောင့် ဖြစ်ပေသည်။

၂။ ရှင်သစ္စာနဲ့တတိယဈာန်

၂၀၁၄ ခု သူ့ပို့စ်တွေအရ ဒီအရှင်ကတော့ အနည်းဆုံး ဖေ့စ်ဘုတ် တတိယဈာန် ကို ရောက်ရှိနေပြီဟု ယူဆနိုင်ပါသည်။ ဖေ့စ်ဘုတ်တတိယဈာန်အင်္ဂါများဖြစ် သည့် ပီတိ၊ သုခ၊ ခင်ဝင့်ဝါ (အဲ မှားလို့၊ ဧကဂ္ဂတာ)တို့ကို သူ့ပို့စ်တွေမှာ တွေ့ရ ပါသည်။ လျပ်စစ်မီး၊ အင်တာနက်နဲ့ပတ်သက်သည့် ဒုက္ခ၊ ဒေါမနသကို လွန် သွားပြီဖြစ်သဖြင့် ၆+ပလပ်စ်ဖြင့်ပင် ပီတိသုခကို ခံစားနေလေတော့သည်။

၃။ ဓမ္မဂါးဒင်းနဲ့ ပဉ္စမဈာန်

ဒီအရှင်ကတော့ အနည်းဆုံး ပဉ္စမဈာန်ကိုရောက်နေပါပြီ(အများဆုံးလည်း မရှိတော့ပါ)။ သူ့စာတွေမှာ ရယ်တာ၊ ပြုံးတာ လုံးဝမတွေ့ရတော့ပါ။ အမြဲ ခပ်တည် တည်ကြီး ဖြစ်နေတတ်ပါသည်။

(အမှာ။ ။ ကမ်းလက်သည် ဈာနလာဘီ(ဈာန်ရပုဂ္ဂိုလ် မဟုတ်ပါ။ မြန်မာပြည် မှာ ကျောင်းမရှိသော သီဟနာဒအတွက် သူ့ကျောင်းကြီးထဲမှာ အခန်းတစ်ခန်း ဖွဲ့ပေးထားပါမည်ဟုဆိုသဖြင့် (ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ) ကျန်နှစ်ပါးထက် ၂၀၁၅ မေတ္တာ သူ့အပေါ် ပိုလို့ ပို့မိပါတော့သည်။)

Post a Comment