သမိုင်းကနေ ထွက်ပြေးလို့ မရဘူး


သမိုင်းကနေ ထွက်ပြေးလို့ မရဘူး
( 2/27/2014)

Political leaders can make history but they cannot escape history.
(The Clash of Civilizations P. 154)
"နိုင်ငံရေးခေါင်းဆောင်တွေဟာ သမိုင်းကိုရေးနိုင်ပေမဲ့ သမိုင်းကို ဖျက်ပစ်လို့တော့ မရနိုင်ဘူး"
ဆရာကြီးတွေအမြဲ ပြောတတ်တဲ့စကား၊ ဘယ်သူ့စကားမှန်း မသိခဲ့ဘူး။ အခုမှ မူပိုင်ရှင် ဟန်တင်တန်ကို ရှာတွေ့တယ်။
"သမိုင်းကို ဖျက်ပစ်လို့မရဘူး" ဆိုတာအပြင်
"သမိုင်းကနေ ထွက်ပြေးလို့ မရဘူး"
"သမိုင်း ရေးခွငိ့ရှိတယ်၊ သမိုင်းဖျက်ခွင့်တော့ မရှိဘူး" လို့ ဘာသာ ပြန်လိုက်ရင်လည်း သမိုင်း မရိုင်းနိုင်ဘူး။

လူနဲ့ စင်တာကလော့စ်(ခရစ်ယန် စာဖတ်ပိတ်သတ်အတွက်)


၁။ ငယ်စဉ် စင်တာကလော့စ် တကယ်ရှိတယ်လို့ သင် ယုံကြည်တယ်။
၂။ နည်းနည်းကြီးလာတော့ စင်တာကလော့စ် တကယ်မရှိဘူးလို့ သိလာတယ်။
၃။ ဒီထက်ကြီးတော့ သင်ကိုယ်တိုင် စင်တာကလော့စ်နဲ့တူအောင် ဝတ်စားလာတယ်။
၎။ နောက်ဆုံး တူအောင်ဝတ်စားစရာမလိုတော့ဘဲ စင်တာကလော့စ်ပုံပေါက်လာတယ်။

စမ်းသပ်ပွဲက ရက်ရှည်လွန်းတယ်


အရှင်ဘုရား
သစ္စာရှိသူရော
သစ္စာမဲ့သူတွေပါ
စီရင်ချက်ဟာ အတူတူပဲလား
စမ်းသပ်ပွဲက ရက်ရှည်လွန်းတယ်။
(ပိုင်စိုးဝေ)

Ven EainDar Vudha သီ ဟ နာ ဒ သုံးဘက်မြင် ဘာလို့မထည့်လဲ ဘုရား


၁။ တပည့်တော်တွေးတာ ရေးတာက လွတ်လပ်လွန်းသွားလို့
၂။ မထွက်ခင်က ဆော်မယ်တကဲကဲအုပ်စုရှိနေတယ်ဆိုတာ မြောက်ဥက္ကလာ စာပေအသိုင်းအဝိုင်းက သတိပေးလို့
၃။ (မကြောက်ပေမဲ့) ဘာသာရေးမငြိမ်မသက်ဖြစ်နေချိန်မို့
စာအုပ်ဖြစ်ပြီးမှ ဆိုင်းထားတာပါ။ မဖြန့်ချီသေးတော့ ချန်ထားခဲ့တာပါဘုရား။ တချိန်ချိန်တော့ ပြန်ကိုင်မှာပါ။

၂၁ ရာစုပုံပြင်


ရှေးသရောအခါ ၂၁ ရာစုခန့်က လူတစ်ယောက်မှာ တစ်နေ့လျင် ရွှေဥတစ်လုံး ဥပေးသော ဘဲငန်းကြီးတစ်ကောင် ရှိလေသည်။ တစ်နေ့လျင် ရွှေဥတစ်လုံးသာ ဥနေခြင်း အပေါ် အားမလိုအားမရဖြစ်ခြင်း၊ ဝမ်းဗိုက်ထဲမှာ ရွှေဥများစွာရှိနေမည် ထင်ခြင်းကြောင့် ထိုဘဲငန်းကြီးကိုသတ်၊ ရင်ဘတ်မှ ခွဲချလိုက်ရာ ဘာရွှေဥမှ မတွေ့ဘဲ ဘဲချေးတွေသာတွေ့ရလေ၏။ထိုအခါ ဆင်ခြင်ဉာဏ်နှင့်ပြည့်စုံသော ၎င်းပညာရှိကြီးက
"ကံကောင်းလေစွ၊ မစူးစမ်းဘဲ ဘဲငန်းကြီးကိုအသက်ရှင်လျက်ဆက်ထားလျင် အစာကုန်တာပဲ ရှိချေမည်၊ သူ့ ဝမ်းဗိုက်ထဲမှာ နောက်ထပ်ဥစရာ ဘာရွှေဥမှ မရှိတော့"
ဟု ဝမ်းမြောက်ဝမ်းသာ ဥဒါန်းဆိုလေ၏။