သမိုင်းကိုကြည့်ပြီး ကောက်ချက်ဆွဲရာမှာ


သမိုင်းကိုကြည့်ပြီး ကောက်ချက်ဆွဲရာမှာ အနည်းဆုံး နှစ်မျိုးရှိပါတယ်။ ရှိဖို့လည်း လိုအပ်ပါတယ်။

၁။ လူ့အဖွဲ့အစည်းတစ်ခုရဲ့ သမိုင်းတွင်စ ကာလဦးကနေ လက်ရှိ အခြေအနေ ကို ခြုံငုံသုံးသပ်ခြင်း။ (အသေးစိပ် အဖြစ်အပျက်ကို ဖော့ကပ် မလုပ်)
၂။ သမိုင်းကို အဆစ်ဆစ်ကန့်သတ်ပြီး လေ့လာမှု။ (အသေးစိပ် ကို ဖော့ကပ်လုပ်)

တစ်အပေါ် အလေးထားမှုပေါ့သွားရင် တိကျမှု နည်းသွားတယ်။
နှစ်အပေါ် အလေးထားမှုပေါ့သွားရင် အတိတ်ရဲ့ ကျေးကျွန်ဖြစ်သွားတယ်။

ဟင်နရီ ကစ်ဆင်းဂျား။
The World Order. Sept, 12014

အဲသလိုကြီး မဟုတ်ပါဘူး။


ဆရာတော်က မူအားဖြင့် မေတ္တာရပ်ခံတာပါ၊ ဒါကိုပဲ မူအားဖြင့် အားစမ်းတာ လို့ ခေါ်ရင်လည်း ရပါတယ်။
လက်ခံချင်ရင် မူအားဖြင့်လက်ခံပြီး၊ ဝေဖန်ချင်ရင်လည်း မူအားဖြင့် ဝေဖန်ချ လိုက်ရုံပါပဲ။
ဘာမှမဟုတ်ဘူး၊ "မူအားဖြင့်သဘောပေါက်ပါပြီ" တစ်ခန်းရပ်ပြဇာတ်အကြောင်း စဉ်းစားနေလို့။

ငယ်သေးတော့ စစ်ကားတွေခေါ်ပြ


နည်းနည်းကြီးလာတော့ သူတို့ကို စစ်ကားတွေနဲ့တား၊ ဟဲဟဲ၊ ဟုတ်တော့နေပြီ။
ကလေးတွေ စကားမပြောတတ်ခင်မှာ စကားတွေ စွတ်သင်ပေးကြ
စကားလည်း ပြောတတ်ရော "တိတ်တိတ်နေ၊ စကားသိပ်ပေါတာပဲ" ဆိုပြီး တားကြတာက လူကြီးသဘာဝလေ။
(ရီးဒါး ဒိုင်ဂျက်)

ကမ်းလက် shared Ye Htut's post.
 

ကမ်းလက်ဝေါပေါ်မှာ


ကမ်းလက်ဝေါပေါ်မှာ ဦးသန်းရွှေကိုတောင် ဆဲခွင့်မပြုပါ ခင်ဗျား။

ဆိုရှယ် ဘာသာရေး၊ သာသနာပြု


ဒီလို တရုတ်နှစ်သစ်ကူးတွေမှာ တစ်ချိန်က ကျောင်းအပေါ် ကျေးဇူးများပြီး အခု အသွားအလာခက်နေပြီဖြစ်တဲ့ သက်ကြီးရွယ်အိုတွေအိမ်ကို ရဟန်းတွေ ကိုယ် တိုင် သွားကြ၊ ပရိတ်ရွတ်ပေးကြ၊ အားပေးစကားအနည်းငယ်ပြောကြ လုပ်လေ့လုပ်ထရှိတယ်။
တစ်နေ့ကို လေးငါးအိမ်ပေါ့။ ပင့်ကြွမဟုတ်၊ မပင့်ကြွ။ ဖုန်းတော့ ကြိုတင်ဆက် ထားကြတယ်။ သူတို့တတွေ တကယ်ပျော်သွားတာ။
ဒါက ဆိုရှယ် ဘာသာရေး၊ သာသနာပြုပဲ။ နေမကောင်းတဲ့ အရှင်မဟာကသပ၊ အရှင်မဟာမောဂ္ဂလာန် ကိုယ်တော်ကြီးတွေက ဘုရားကြွလာဖို့ ဘယ် ပင့်ရဲပါ့ မလဲ။ ကြွသွားတော့ ဝမ်းသာတာပေါ့။