Happy Lunar New Year!

"ဟက်ပီး လူနာ နယူးယီးယား"


အမေရိကမှာ ခရစ်ယန်မဟုတ်တဲ့ အိမ်နီးချင်းတွေကို အားနာလို့
"မေရီ ရစ္စမတ်" လို့ပြောဖို့တောင် လျှတွန့်လာတယ် ဆိုတဲ့ သရော်စာလေးကို သတိရတယ်။
အခုလည်း တရုတ်မဟုတ်တဲ့ လူမျိုးတွေကို အားနာလို့ "ဟက်ပီး ချိုင်းနီးစ် နယူးယီးယား" လို့ မပြောဘဲ "ဟက်ပီး လူနာ နယူးယီးယား (Happy Lunar New Year) လို့ပြောရင် ပိုသင့်မယ်။
အူကြောင်ကြောင်နိုင်လည်း မတတ်နိုင်ဘူး။
ဘာသာရေး၊ လူမျိုးရေး အစွန်းလွတ်အောင်
"ဟက်ပီး လူနာ နယူးယီးယား" ပေါ့။ တစ်ခုခုတော့ ပြောမှရမယ် မဟုတ်လား။

ယူနီကုတ်ကို သဘောမတွေ့လို့ ကော်ပီကူးပြီး တင်ပါရစေဘုရား။

အလွှာပေါင်းစုံက စာဖတ်သူ


အလွှာပေါင်းစုံက စာဖတ်သူ လူတန်းစားတွေကို ဖေ့စ်ဘုတ်က ရုတ်တရက် ကြီး ပေါင်းစပ်ပေးလိုက်တော့ ခံယူချက် မတူညီမှု၊ တွေးတော သုံးသပ်ပုံ အတိမ်အနက် စတာတွေ သိသိသာသာပေါ်ထွက်လာတယ်။ နောက် တုန့်ပြန်ခွင့်ပါပေးထားတော့ ဒီ ကွာဟမှုက ရုပ်လုံးပိုကြွလာပြန်တယ်။ ရေရှည် မှာတော့ အသားကျသွားစရာ ရှိပါတယ်။ အခုထိတော့ စိတ်ဓာတ်ဖွံ့ဖြိုးမှု အား နည်းတဲ့ ဘာသာစကားတွေမှာ ဆဲသံတွေ ထူနေဆဲပဲဖြစ်နေနိုင်တယ်။ ဆဲဆိုမှု၊ ဒေါသတကြီးတုန့်ပြန်မှုတွေ သီဟိုဠ်တွေဆီမှာ အတော်နည်းတာ တွေ့ရတယ်။

အမေရိကန်ေ ဒ်ါလာရယ်မှ မဟုတ်ပါဘူး


အမေရိကန်ေ ဒ်ါလာရယ်မှ မဟုတ်ပါဘူး။ စင်္ကာပူဒေါ်လာ နွမ်းနေရင်လည်း ငွေလဲလို့ မရတော့ပါဘူး။ ဒါက ကိုယ်တွေ့ပါ။ ဆရာသမားဆီမှာ လဲလို့မရတဲ့ စင်္ကာပူဒေါ်လာ ၅၀ တန်နှစ်ရွက် ရှိနေဆဲလို့ ထင်ပါတယ်။
ဘာကြောင့်လည်းဆိုရင် ဖြစ်နိုင်တာက ဒေါ်လာတန်ဖိုးက သိပ်မြင့်နေခြင်း၊ မိမိလဲပေးလိုက်တဲ့ ဒေါ်လာက တစ်ခုခုဆိုရင် သူတို့စိုက်လျော်ရမယ့် ပမာဏက ဘဏ်မှာ အလုပ်လုပ်နေတဲ့ လူငယ်တွေအတွက် သိပ်များနေခြင်းကြောင့်လို့ ထင်ပါတယ်။ ဒေါ်လာအရွက်ကြီးလေလေ သစ်ဖို့လိုလေလေ သဘောပေါ့။ ဘဏ်အလုပ်သမားတွေရဲ့ စိုးရိမ်မှု၊ ဒီလို စိုးရိမ်မှုမရှိရအောင် သူတို့ကို အာမခံပေးထားတဲ့ စနစ်မရှိမှုကြောင့်လို့ ဆိုရင် မှန်နိုင်မယ်ထင်ပါတယ်။