သစ္စာနီနဲ့အတူ သန္တရသလွင်ပြင်ကို ဖြတ်သန်းခြင်း



စင်္ကာပူရောက် ဆရာ့ပရိသတ်တွေအတွက် အထူး ရည်စူးပါတယ်။ ဘာသာရေးနေရာမှာ ဘာသာရေးပဲဖြစ်စေချင်လို့ "သန္တရသလွင်ပြင်" အကြောင်း လူငယ်တွေကိုပြောပေးဖို့ မေတ္တာရပ်ခံမှုကို သဘောတူ လက်ခံပေးတဲ့ ဆရာသစ္စာနီကို ကျေးဇူးစကား ဆိုလိုက်ပါတယ်

အချိန်။ ။ ဖေဖော်ဝါရီလ ၂၁ ရက်နဲ့ ၂၂ ရက်၊ ညနေ ၇ နာရီခွဲမှ ၉ နာရီအထိ။
နေရာ။ ။ မင်္ဂလဝိဟာရကျောင်း၊ ချူကွင်ညို ခန်းမ။ (Mangala Vihara Buddhist Temple, 30, Jalan, Eunos, Singapore. 419495.)

သစ္စာနီနဲ့အတူ သန္တရသလွင်ပြင်ကို ဖြတ်သန်းခြင်း
Live broadcasting
http://www.ustream.tv/channel/thitsarni


လူဦးရေ ကန့်သတ်မှုရှိပါတယ်။ တက်ရောက်လိုသူများ အီးမေးလိပ်စာနဲ့တကွ ကမ်းလက်အီးမေးမှာ မှတ်ပုံတင်ဖို့လိုအပ်ပါတယ် (lek.camm@gmail.com)။ သိလိုတာကို ဖေ့ဘုတ် မက်ဆေ့ဘောက် (သို့) ကမ်းလက်အီးမေးမှ တဆင့် မေးမြန်းနိုင်ပါတယ်။
အီးမေးတောင်းခံရခြင်းက အကြောင်းတစ်ခုခုရှိလာရင် ချက်ချင်း သတင်းပေးပို့နိုင်ဖို့ပါ။

ဗီဇာမရခဲ့ရင် ချက်ချင်းအကြောင်းကြားနိုင်ဖို့ မှတ်ပုံတင်ဖို့၊ အီးမေးပေးဖို့ တောင်းဆိုခဲ့တာပါ။ အခု မည်သူ မဆို လာရောက်နိုင်ပါပြီ၊ တတ်နိုင်သရွေ့ နေရာစီစဉ်ပေးပါမယ်။


“သန္တရသလွင်ပြင်” ဆိုပြီး ဘာသာရေး ဆောင်းပါးတွေ ဘယ်လို ရေးဖြစ် ခဲ့တာလဲ ဆရာ...

အဲဒါဒဂုန်မဂ္ဂဇင်းမှာ ရေးခဲ့တာ။ စာအုပ်အဖြစ် နှစ်အုပ် ထွက်သွားတယ်။ “ဖတ်ကြည့်ရင် သိလိမ့်မယ်”၊ “မျက်စိ ထဲက ဆူး“ တို့ ဘာတို့ပေါ့။ ပညာတတ်လူငယ်တွေ ဦးနှောက်ထဲ ဘာသာရေးအသိ ဝင်စေချင်တဲ့ စေတနာနဲ့ ခေါင်းစဉ် ပေးတာကအစ “ပန်းပွင့်ကိုယ်ပေါ်က သက္ကာလိပ်ပြာ” ဆိုတာမျိုး၊ လူငယ်ကြိုက်ပေးပြီး ရေးခဲ့တယ်။ လယ်တီ ဆရာတော် နဲ့ မိုးကုတ် ဆရာတော်ဘုရားကြီး ရဲ့ စာအုပ်တွေ အများကြီးရှိပေမဲ့ လူငယ်တွေကြားထဲ မရောက်ဘူးလေ။ ဒါကြောင့် လူငယ်တွေကို ဦးတည်ပြီိး အက်ဆေး ဆန်ဆန်လေးတွေ ရေးခဲ့တာ။ စရေးကတည်းက စရဏ၊ အဲဒီနောက် သီလ၊ သမာဓိခန်း၊ နောက်ဆုံး ဝိပသနာ အဆင့်ထိ ရောက်သွားတယ်။ သန္ထရသ လွင်ပြင်(၁) နဲ့ (၂)တောင် မတူဘူး။ (၂) က လူငယ်တွေ ဖတ်လို့ မရဘူး။ ဘာသာရေးဆိုတာ ဆုံးခန်းတိုင်အောင်ပြောမှ၊ ဒါနဲ့ပဲ နောက်ပိုင်းမှာ ကျယ်ပြန့်သွားခဲ့တယ်။

သစ္စာနီ



Thitsarni Poet


 
စင်္ကာပူ joo Enousရှိ
မင်္ဂလာဝိဟာရ သုံးထပ်ကျောင်းမမှာတည်းနေပါတယ်။အဲဒီကျောင်းထိုင် ဆရာတော်ဦးစိတရ္တက စာရေးဆရာ ကဗျာဆရာ ဇင်ဝေသော်ပါ
အခုအဲဒီကျောင်းမှာဂျာမဏီကပြန်လာတဲ့ ကျနော်နဲ့ခင်တဲ့ဆရာတော်
ဒေါက်တာအရှင်ဝိစိတ္တသာရလဲ(စာရေးဆရာဓမ္မဂင်္ဂါ)လဲရောက်နေတော့ ပိုအဆင်ပြေသွားပါတယ်။
 
 

ငြိမ်းချမ်းရေးဆိုတာ


"ငြိမ်းချမ်းရေးဆိုတာ ရန်သူကို အမြစ်ပါမကျန် တော်လှန်ခြင်းဖြစ်တယ်" လို့ မောင်းချဓားကလေးက အဆိုပြုတယ်။
"ဟင့်အင်း၊ ဟင့်အင်း။ မဟုတ်ဘူး၊ မဟုတ်ဘူး။ နှလုံးသားချင်း လက်ဆွဲနှုတ် ဆက်ပြီး ဦးနှောက်ချင်း အပေးအယူညှိယူတာမျိုးသာ ငြိမ်းချမ်းရေး အစစ်ဖြစ် တယ်"
လို့ ခေါင်းတခါခါနဲ့ ပန်းကလေးက ငြင်းသတဲ့။
ဒီကိစ္စ သူတို့ ဆွေးနွေလာလိုက်ကြတာကလည်း
ကမ္ဘာမြေရဲ့လူသားပျိုးခင်း
လေးဖက်တွားသွားစကတည်းက တဲ့လေ။

(ညီမလေးကိုပြောမိတဲ့ ပုံပြင်များမှ)

ဇင်ဝေသော်

မနက်စာ စားအပြီး ကျောင်းဝန်းကျင် တိုးရ်


ဇင်ဝေသော်၊ သစ္စာနီ၊ ဓမ္မဂင်္ဂါ။



ဆရာသစ္စာနီက ဘာတွေပြောလိုက်လို့ ဒီလောက်ရယ်မောလိုက်မိသည် မသိပါ


ဆရာသစ္စာနီက ဘာတွေပြောလိုက်လို့ ဒီလောက်ရယ်မောလိုက်မိသည် မသိပါ။
သို့သော် အမိအရဖမ်းယူလိုက်နိုင်သော ဤဓာတ်ပုံကြောင့် (ဤမျှ) ဟက်ဟက် ပက်ပက် ရယ်မောလိုက်မိကြောင်း မဖြစ်မနေ ဝန်ခံရပါတော့မည်။
၂၀၁၅ သည် ကံကောင်းသော၊ ရယ်မောဖွယ်များသော နှစ်ဖြစ်ကြောင်း သိရပါ သည်။
၆ ရက်ခန့်ကရောက်သော ဓမ္မဂင်္ဂါသည်လည်းကောင်း
ယနေ့ရောက်သော သစ္စာနီသည်လည်းကောင်း
ကျွန်ုပ်သည်လည်းကောင်း