ထမင်းဆိုင်


အမှန်တရား ဟူသည်
လိုက်ပွဲမရသော
ထမင်းဆိုင်ဖြစ်သည်။
သို့သော်
လောကဓံကို ခံတွင်းတွေ့လျင်
လိုက်ပွဲများစွာ တောင်းယူနိုင်သည်။
ယင်းဆိုင်က
တစ်ခါတစ်ခါ မုသားကို
သွားကြားထိုးတံအဖြစ်လည်း
ဧည့်ခံတတ်သေး၏။
ထူးခြားသည်ကား
ဆိုင်၏နာမည်
သတ်ပုံလွဲမှားနေပါစေ
အမှန်တရား၏အရသာက
ပြောင်းလဲမသွားပါ။
ဇင်ဝေသော်

Post a Comment