အကောင့်တင့်တွေ ဖတ်ဖို့ (တနင်္ဂနွေ အပျင်းပြေ )


စာရင်းစစ်သုံးယောက်ဟာ စာရင်းစစ် ခဏနား မြားပစ်လေ့ကျ့င်ကွင်းထဲ သွားပြီး အပမ်းဖြေ မြားပစ်လေ့ကျင့်ကြတယ်။
ပထမလူ ပစ်လိုက်တဲ့မြားက စက်ဝိုင်းရဲ့ ညာဖက် စင်တီမီတာ သုံးဆယ် အကွာမှာ သွားစိုက်နေတယ်။
ဒုတိယလူ ပစ်လိုက်တော့ မြားက စက်ဝိုင်းရဲ့ ဘယ်ဖက် စင်တီမီတာ သုံး ဆယ်အကွာမှာ သွားစိုက်န်ပြန်ရော။

တတိယလူအလှည့်ရောက်တော့ သူက မြားကိုပစ်တောင်မနေတော့ ဘဲ ဘေးချပြီး
"အထက်ကမြားနှစ်စင်းရဲ့ ညီမျှခြင်းအဖြေကို ထွက်ချက်လိုက်တော့ တတိယလူက ပစ်မှတ်ကို တိတိကျကျထိတယ်လို့ အဖြေထွက်တယ်" သူ့စာရင်းစာအုပ်စစ်စာအုပ်ထဲ အဲလို ကောက်ရေးလိုက်တယ်။


 ဇင်ဝေသော်

အော်.. အင်း.... ဘယ်လိုထပ်ပြောရမလဲ???



"The good will always outnumber the evil."
မှန်ပါတယ် မစ္စတာဘလော့ဂါရယ်။ ဒါပေမဲ့ တော်တော်တော့ လုပ်ယူရလိမ့် မယ်။
ဘော်စတွန် ဗုးခွဲမှုအတွက် သံသယရှိရသူ ညီအကို နှစ်ယောက်အကြောင်း ဖတ်ရတော့ အကြမ်းဖက်သမားတွေဟာ ကင်ဆာဆဲလ်တွေနဲ့ အတူတူပဲ ဆို တဲ့ ဆရာဝန်တစ်ယောက်စကားကို ထပ်သတိရမိတယ်။
လူရိုး၊ လူအေး၊ လူတော်တွေပဲ။ မထင်ရက်စရာတွေ။ ဒါပေမဲ့ ထိမ်းမရ၊ သိမ်း မရဖြစ်ပြီး ကင်ဆာဆဲလ်တွေလို အဖျက်သဘောတွေ ဆောင်လာတာ။

ပြည်တွင်းအရေးက ရှိနေပြန်တော့ ပြောရမှာက အားနာစရာ။ အင်း.... သူတို့လည်း မွတ်စလင်တွေပဲ၊ မွတ်စလင်အများစုနေတဲ့ ချေချင်းညှာ အောရီဂျင်နယ်တွေ။
အမေရိကရဲ့ နည်းပညာကလည်း ကြောက်စရာကောင်းလောက်အောင် အကွက်စေ့နေတော့ ပြေးနေလည်း မိတော့မိမှာပါ။ အသေမိ၊ အရှင်မိပဲ ကွာမယ်။

အရှင်မိရင်တော့ နောက်ဆက်တွှဲဇာတ်လမ်းတွေ သိရဦးမယ်။ တွင်း တာဝါကို ဝင်တိုက်စဉ်ကတော့
" လေယာဉ်ပျံ တွင်း တာဝါဆီသွားဖို့ မြေပြင်က တက်လိုက်တာနဲ့ အလ္လာ အရှင်မြတ်ဆီကို ခရီးစနေပြီ။ တွင်း တာဝါနဲ့ နီးလာလေလေ အလ္လာ အရှင်မြတ်နဲ့ နီးလာလေလေ။ တွင်း တာဝါကို ဝင်တိုက်လိုက်ပြီဆိုရင် ဟို ဖက်မှာ အလ္လာအရှင်မြတ် စောင့်နေတယ်" တဲ့။

ဘာသာရေး အစွန်းရောက်တွေ အလ္လာအရှင်မြတ်နဲ့တွေ့ဖို့ ပေးလိုက်ရတဲ့ အသက်တွေက မနည်းလှဘူး။
ဒါပေမဲ့ မစ္စတာဘလော့ဂါရဲ့ စကားကို လက်ခံယုံကြည်ပါတယ်။
"The good will always outnumber the evil."



ဇင်ဝေသော် 

ဦးနှောက်အကြောင်း ပြောရအောင်


သမ္မတ အိုဗားမားက "map the human brain" လူသားဦးနှောက် မြေပုံကို သုတေသနပြုဖို့ US$100 million သိပ္ပံပညာရှင်တွေကို ထုတ်ပေးတယ် တဲ့။
ဒါလေးများ။
ဂူးဂဲလ်သွားပြီး Google Map directions ကိုကြည့်လိုက်ရင် တစ်ပြားမှ မကုန်ဘူး။

ဒီလို တွေ့ရမယ်။
၁ ။ ဘယ်ဖက်နားရွက်ဆီကိုသွား၊ ပြီးရင် ညာဖက်ကိုကွေ့။
၂ ။ ညာဖက်ကွေ့ပြီး အထဲကို "တစ်" စင်တီမီတာ လိုက်ဝင်၊
၃ ။ အဲဒီမှာ ဦးနှောက်။ ။

အသက် ၂၈ နှစ်အရွယ်ရှိ ဆာဘ်လူမျိုး အမျိုးသမီးမှာ ထူးခြားတဲ့ ပြောင်းပြန် (upside down) ဦးနှောက်ဖွဲ့စည်းပုံ ရှိနေတယ်။
စာတွေရော ပုံတွေပါ ပြောင်းပြန်ကြည့်မှ အတည့်မြင်ရတယ် လို့ UK Sun သတင်းစာက ဖော်ပြတယ်။

အင်း.. တချို့ချို့ကျတော့လည်း up ရော down ရော အတူတူ ဖြစ်နေတတ် တယ်။ မယုံရင် အောက်က ကြော်ငြာနှစ်ခုကို ကြည့်ပါ။
1) “Market going up, best time to buy.
2) “Market going down, best time to buy.”
ဘာမှ မထူးဘူး မဟုတ်လား။ up ရော down ရော best time to buy ပဲ။ ဟဲ ဟဲ။


 ဇင်ဝေသော်

အော်.. အင်း.... ဘယ်လိုပြောရမလဲ???


မြန်မာ ဂျာနယ်လစ်ဇ်ဖြစ်တဲ့ ဆွေမင်းရဲ့ နယူးယောက် တိုင်းမှာပါတဲ့ ဆောင်း ပါးကို စထရိတ်တိုင်းမှာ ထပ်ဖော်ပြထားတယ်။ "When monks lose their way" ဘုန်းကြီးများ လမ်းကြောင်း လွဲလေသောအခါ တဲ့။

သူ့ကိုယ်သူပြည်ပြေးကျောင်းသားအမည်ခံ၊ ဟောင်ကောင်တက္ကသိုလ်မှာ ဂျာ နယ်လစ်ဇင် သင်ယူခဲ့ကြောင်း မိတ်ဆက်။

ဗုဒ္ဓဘာသာဆိုတဲ့ စစ်တပ်က ဘာလို့ လူထုကို ဒီလောက်ရက်စက်တာလဲဆို တဲ့ ပတ်ဝန်းကျင် အမေးကို အမည်ခံသက်သက်မို့လို့ ဖြေခဲ့ ရကြောင်း ပြောပြ ခဲ့။

လတ်တလော ဖြစ်ခဲ့တဲ့ ဗုဒ္ဓဘာသာနဲ့ မွတ်စလင်ပဋိပက္ခမှာ အဲသလို ဖြေလို့ မရတော့ကြောင့်း ရှင်းပြ။ မြန်မာတွေက အကြမ်းဖက်သူတွေဟာ ဘုန်းကြီး အတု လို့ ဆိုကြကြောင်း တင်ပြ။

ရှေးက သာသနာ့ဘောင်ထဲ ဝင်တယ်ဆိုတာ သူတော်ကောင်းအကျင့်ကို ကျင့် လိုလို့။ ယခု ရာစုဝက်လောက်အတွင်း စစ်အစိုးရလက်ထက်မှာ ဆင်းရဲ မွဲတေ၊ မှီခိုရာမရှိလို့ သာသနာ့ဘောင်ထဲရောက်လာပုံ ရှင်းပြ။

မြန်မာသံဃာတွေဟာ စစ်တပ်နဲ့ သိပ်မကွာလှ၊ တချို့ဆရာတော်တွေက စစ် တပ်အရာရှိတွေလိုပဲ ရက်စက် ကြမ်းကြုတ်ကြောင်း ရှင်းပြ။

သူကိုယ်တိုင် ဗုဒ္ဓဘာသာမိသားစုက မွေဖွားခဲ့၊ ငါးတန်းအောင်ပြီး သည်မှ စ နွေရာသီကျောင်းပိတ်ရက်တွေမှာ ဘုန်းကြီးကျောင်းတွေမှာပဲ အချိန်ကုန်ခဲ့။

ဘုန်းကြီးတွေက လာဘ်လာဘပေါများဖို့ ဗေဒင်ယတြာ လိုက်စား၊ ဒီနေ့ ဘုန်းကြီးတွေမှာ ဟန်းဖုန်း၊ ဇိမ်ခံကား၊ LCD တီဗွီ များရှိ၊ တချို့ဆို လောင်း ကစားပင် လုပ်ကြ။

တွေ့ရတဲ့ ဘုန်းကြီးတွေက ဘုရားအဆုံးအမကို အလေးမထား၊ အခြား ဘာ သာယုံကြည်မှုကို တန်ဖိုးမထားကြောင်း ရှင်းပြ။
စသဖြင့် စသဖြင့်............

စုန်းပြူးတော့ ရှိမှာပေါ့။
ဒီလို အားလုံးကိုဝါးလုံးရှည်နဲ့ ရမ်းပြီးရေးတဲ့ဆောင်းပါးမျိုး ကမ္ဘာ့ သတင်းစာ ကြီးပေါ်မှာ သူရေးသင့် မသင့် စဉ်းစားမိချိန်မှာ.......
ဒီဆောင်းပါးကို အင်္ဂလိပ်လို လက်လှမ်းမမီတဲ့ ပရိသတ်ကို ပြန်ချ ပြသင့် မပြ သင့်ကိုပင် ကိုယ်တိုင် ဝေခွဲချိန် မရလိုက်မိ။

Ref: "When monks lose their way" S.T. Apr,19, 2012


 ဇင်ဝေသော်

ဘာသာရေးတော့ ဘာသာရေးပေါ့


မနှစ်က ထူးထူးဆန်းဆန်း သတင်းတစ်ပုဒ်ဖတ်ရတယ်။ ဆော်ဒီအာရေး ဗျ နိုင်ငံ ရုပ်ရှင်ရုံထဲမှာ ဒိုင်နိုဆောကားပြနေရင်း THE HAYAA ခေါ်တဲ့ ဘာ သာရေးဆိုင်ရာ ရဲတွေက ရုပ်ရှင်ကို ချက်ချင်းအရပ်ခိုင်းပြီး ကလေးတွေအား လုံး အပြင်ထွက်ခိုင်းတယ်လို့ Economist သတင်းစာက ဖော်ပြထားတယ်။ အကြောင်းက ( သူတို့က မပြောဘူး၊ အပြင်မှာ ပြန့်နေတာက)
၁ ။ အမျိုးမတော်တဲ့ ဒိုင်နိုဆော အဖိုနဲ့အမ အတူထွက်လာလို့ ( ကလေးတွေ မမြင်အပ်လို့)
၂ ။ ဒိုင်နိုဆောအမဘေးမှာ အမျိုးတော်စပ်တဲ့ အစောင့်အရှောက် ဒိုင်နိုဆော အဖိုမပါလို့
၃ ။ ဒိုင်နိုဆော အဖိုရောအမပါ ဂျီဟပ် (hijabs) တွေ မပါလို့ တဲ့။

လွန်တယ်မထင်ပါနဲ့။ ဒီနေ့ စထရိတ်တိုင်းမှာ ပါလာပြန်တယ်။ ဆော်ဒီ အာေ ရးဗျမှာပဲ ကျင်းပတဲ့ ရှေးဟောင်းယဉ်ကျေးမှုပွဲတော် (Jenadrivah Heritage and Cultural Festival) ကိုတက်ရောက်လာတဲ့ အမျိုးသား သုံးဦး ကို အဲဒီ THE HAYAA ခေါ်တဲ့ ဘာသာရေးဆိုင်ရာ ရဲတွေကပဲ ပြည်ဝင်ခွင့်မပြုဘဲ အ ဘူဒါဘီကို ပြန်လွှတ်တယ်လို့ အာရပ်ဘာသာနဲ့ Elaph သတင်းစာ က ဖော်ပြ ထားပြန်တယ်။
အကြောင်းက ရုပ်ချောလွန်းနေလို့တဲ့။
ဒီပွဲကို အမည်မသိ အမျိုးသမီးအနုပညာရှင်တစ်ယောက်ပါ တက်ရောက်မယ့် သဘောရှိနေတော့ အဲဒီ လူချောငနဲသုံးယောက်ကြောင့် အမည်မသိ အမျိုး သမီးအနုပညာရှင် စိတ်ကစားတာတွေ ဖြစ်မှာ စိုးရိမ်ရလို့တဲ့။
ကဲ....... အဲဒါ အာရပ်ကမ္ဘာ။


 ကမ်းလက်