အော်.. အင်း.... ဘယ်လိုပြောရမလဲ???


မြန်မာ ဂျာနယ်လစ်ဇ်ဖြစ်တဲ့ ဆွေမင်းရဲ့ နယူးယောက် တိုင်းမှာပါတဲ့ ဆောင်း ပါးကို စထရိတ်တိုင်းမှာ ထပ်ဖော်ပြထားတယ်။ "When monks lose their way" ဘုန်းကြီးများ လမ်းကြောင်း လွဲလေသောအခါ တဲ့။

သူ့ကိုယ်သူပြည်ပြေးကျောင်းသားအမည်ခံ၊ ဟောင်ကောင်တက္ကသိုလ်မှာ ဂျာ နယ်လစ်ဇင် သင်ယူခဲ့ကြောင်း မိတ်ဆက်။

ဗုဒ္ဓဘာသာဆိုတဲ့ စစ်တပ်က ဘာလို့ လူထုကို ဒီလောက်ရက်စက်တာလဲဆို တဲ့ ပတ်ဝန်းကျင် အမေးကို အမည်ခံသက်သက်မို့လို့ ဖြေခဲ့ ရကြောင်း ပြောပြ ခဲ့။

လတ်တလော ဖြစ်ခဲ့တဲ့ ဗုဒ္ဓဘာသာနဲ့ မွတ်စလင်ပဋိပက္ခမှာ အဲသလို ဖြေလို့ မရတော့ကြောင့်း ရှင်းပြ။ မြန်မာတွေက အကြမ်းဖက်သူတွေဟာ ဘုန်းကြီး အတု လို့ ဆိုကြကြောင်း တင်ပြ။

ရှေးက သာသနာ့ဘောင်ထဲ ဝင်တယ်ဆိုတာ သူတော်ကောင်းအကျင့်ကို ကျင့် လိုလို့။ ယခု ရာစုဝက်လောက်အတွင်း စစ်အစိုးရလက်ထက်မှာ ဆင်းရဲ မွဲတေ၊ မှီခိုရာမရှိလို့ သာသနာ့ဘောင်ထဲရောက်လာပုံ ရှင်းပြ။

မြန်မာသံဃာတွေဟာ စစ်တပ်နဲ့ သိပ်မကွာလှ၊ တချို့ဆရာတော်တွေက စစ် တပ်အရာရှိတွေလိုပဲ ရက်စက် ကြမ်းကြုတ်ကြောင်း ရှင်းပြ။

သူကိုယ်တိုင် ဗုဒ္ဓဘာသာမိသားစုက မွေဖွားခဲ့၊ ငါးတန်းအောင်ပြီး သည်မှ စ နွေရာသီကျောင်းပိတ်ရက်တွေမှာ ဘုန်းကြီးကျောင်းတွေမှာပဲ အချိန်ကုန်ခဲ့။

ဘုန်းကြီးတွေက လာဘ်လာဘပေါများဖို့ ဗေဒင်ယတြာ လိုက်စား၊ ဒီနေ့ ဘုန်းကြီးတွေမှာ ဟန်းဖုန်း၊ ဇိမ်ခံကား၊ LCD တီဗွီ များရှိ၊ တချို့ဆို လောင်း ကစားပင် လုပ်ကြ။

တွေ့ရတဲ့ ဘုန်းကြီးတွေက ဘုရားအဆုံးအမကို အလေးမထား၊ အခြား ဘာ သာယုံကြည်မှုကို တန်ဖိုးမထားကြောင်း ရှင်းပြ။
စသဖြင့် စသဖြင့်............

စုန်းပြူးတော့ ရှိမှာပေါ့။
ဒီလို အားလုံးကိုဝါးလုံးရှည်နဲ့ ရမ်းပြီးရေးတဲ့ဆောင်းပါးမျိုး ကမ္ဘာ့ သတင်းစာ ကြီးပေါ်မှာ သူရေးသင့် မသင့် စဉ်းစားမိချိန်မှာ.......
ဒီဆောင်းပါးကို အင်္ဂလိပ်လို လက်လှမ်းမမီတဲ့ ပရိသတ်ကို ပြန်ချ ပြသင့် မပြ သင့်ကိုပင် ကိုယ်တိုင် ဝေခွဲချိန် မရလိုက်မိ။

Ref: "When monks lose their way" S.T. Apr,19, 2012


 ဇင်ဝေသော်

Post a Comment