၎ ။ ထိုင်ဝမ်
ထိုင်ဝမ်ရဲ့ အလုပ်သမားရေးရာနဲ့ ပတ်သက်လို့ကတော့ ‘ဒေသခံများ ခန့်အပ်ရေးသည် ပထမ’ (Locals over foreigners) ဆိုတဲ့ စာတန်းကိုပါ ထင်ထင်ရှားရှား ဖော်ပြထားတာ တွေ့ရပါတယ်။
အလုပ်သမား ခန့်ထားရေး အက်ဥပဒေ ၄၂ - အရ “ဘယ်နိုင်ငံခြား သားေ ကြာင့်မှ ပြည်တွင်း အလုပ်သမားတွေရဲ့ အလုပ်ကို ထိပါးမှု မရှိစေရ” ဆိုတာ တိတိကျကျ ဖော်ပြထားတာလည်း ရှိပါတယ်။ ဒီဥပဒေအရ နှစ်စဉ် ထိုင်ဝမ်ငွေ ဆယ်ဘီလျံထက်ကျော်ပြီး လည်ပတ်နိုင်တဲ့ ကုမ္ပဏီတွေကသာ ပညာရှင် နိုင်ငံခြားသား အရာရှိကို ငှါးလို့ ရပါတော့တယ်။ ဒီနိုင်ငံခြားသားကလည်း အနည်းဆုံး အသိအမှတ်ပြု ဘာချလာဒီဂရီဘွဲ့ (B.A ဘွဲ့) ရထားပြီး လုပ်သက် နှစ်နှစ် အတွေ့အကြုံ ရှိပြီး ဖြစ်နေရပါမယ်။ ဒီ အထဲ မှာ စက်မှုဆိုင်ရာ သုတေသနပညာရှင်တွေ၊ သိပ္ပံဌာနအတွက် အင်ဂျင်နီ ယာတွေတော့ မပါဝင်ပါဘူး။ ဒါပေမဲ့ ဒီဥပဒေကိုပဲ ၂၀၀၄ - ခုနှစ်ကစလို့ ပြင် ဆင်ရဖို့ အခြေအနေနဲ့ ဖိအားတွေလည်း တိုးလာနေပါတယ်။
ဒီနှစ် ဇန်နဝါရီလကုန်စာရင်းအရ ထိုင်ဝမ်မှာ နိုင်ငံခြားသားပေါင်း (၂၇၀၀၀) အလုပ် ခန့်အပ်ထားရပါတယ်။ ဒီအရေအတွက်ထဲမှာ ရှစ်ထောင်ကျော်က အင်္ဂလိပ်စာ သင်ပေးနေတဲ့ ကျောင်းဆရာတွေပါ။ ထိုင်ဝမ်ရဲ့ လူဦးရေနဲ့ နှိုင်း စာကြည့်ရင် ထိုင်ဝမ်မှာ ရှိတဲ့ နိုင်ငံခြားသား အလုပ်သမား အရေအတွက်ဟာ (၀.၂၅) ရာခိုင်နှုန်းပဲ ရှိပါတယ်။ အေဆာ (Acer) ကုမ္ပဏီ တည်ထောင်ခဲ့သူ စတန်ရှီး (Stan Shih) လို လူမျိုးတွေအတွက်တော့ စိတ်ကြိုက်ပညာရှင်တွေ ကမ္ဘာပတ်ရှာခွင့် မရလေအောင် ဒီဥပဒေက အဟန့်အတား တစ်ခုဖြစ်နေသ လို အေဆာကလည်း ဒီအတွက် စောဒကတွေ တက်နေဆဲပါပဲ။
၅ ။ ထိုင်း
နိုင်ငံခြားသားတွေ ထိုင်းနိုင်ငံထဲမှာ အလုပ်လုပ်ဖို့ စာရွက်ထဲမှာကတော့ အ ခက်အခဲတွေ အများကြီးပါပဲ။ ၁၉၇၃ - ခုနှစ်က စတင် အတည်ပြုခဲ့ပြီး မကြာ မကြာ ပြင်ဆင်ပေးနေရတဲ့ အလုပ်သမား ဥပဒေအရ နိုင်ငံခြားသား အလုပ် လုပ်ခွင့် မရှိတဲ့ အလုပ်အကိုင် အရေအတွက်ဟာ (၃၉) ခုတောင် ရှိပါတယ်။ ဒီအထဲမှာ ဆံပင်ညှပ်တာ၊ ရှုးဖိနပ်လုပ်တာတွေတောင် ပါဝင်ပါတယ်။ တိုးရစ်ဂိုက်နဲ့ ရှေ့နေ အလုပ်အမျိုးတွေအတွက် ဘယ်လို နိုင်ငံခြားသားမှ လုပ်ပိုင်ခွင့် မရှိပါဘူး။
နိုင်ငံခြားသားတွေ လိုအပ်နေဆဲဖြစ်တဲ့ ဆေးဝါး၊ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဌာနတွေမှာတော့ ဥပဒေက ဒီလောက် မတင်းကြပ်လှပါဘူး။ ဒါပေမဲ့ လိုင်စင် ရရှိဖို့ ဆိုတာကျတော့ အခက်အခဲတွေက ရှိနေဆဲပါ။ ဆရာဝန်တစ်ယောက် ဟာ ထိုင်းနိုင်ငံထဲမှာ ဆေးကုသခွင့်လိုင်စင်ရဖို့ ထိုင်းဘာသာနဲ့ မေး၊ ဖြေရတဲ့ လိုင်စင်စာမေးပွဲ ဖြေဆိုရပါတယ်။
နိုင်ငံခြားသား ပညာရှင် ငှါးရမ်းလိုတဲ့ ကုမ္ပဏီတစ်ခုဟာ အနည်းဆုံး ထိုင်း အလုပ်သမား (၄) ဦး ခန့်ထားရမယ်။ အနည်းဆုံး ထိုင်းဘက်ငွေ နှစ်သန်းနဲ့ လည်ပတ်နေရပါမယ်။ နိုင်ငံခြားသားရဲ့ အလုပ်လုပ်ခွင့်ပြုမိန့်ရဖို့ အလုပ်ရှင် က အဲဒီအလုပ်သမားရဲ့ နောက်ခံသမိုင်း၊ ပညာအရည်အချင်း၊ ဒီလုပ်ငန်း အ တွက် အရည်အချင်း ပြည့်မှီကြောင်း အထောက်အထားတွေကို အစိုးရထံ တင်ပြရပါတယ်။
လိုအပ်တဲ့ စာရွက်စာတမ်း အထောက်အထားက “တောင် သေးသေးလေး တစ်လုံးစာလောက်တော့ ရှိပါတယ်” လို့ Bangkok International Associates ဆိုတဲ့ ဥပဒေရေးရာ ကုမ္ပဏီရဲ့ ဒါရိုက်တာ မစ္စတာ စတီဖင် ဖရော့(တ်) က ဆိုပါတယ်။
ရှေ့နေ လုပ်ခွင့်မရဘူး ဆိုပေမဲ့ နိုင်ငံခြားသား ရှေ့နေတစ်ယောက်ဟာ ထိုင်း ကုမ္ပဏီတွေမှာ အကြံပေးအနေနဲ့တော့ လုပ်ခွင့်ပြုထားပါတယ်။
မနှစ်က ဇွန်လစာရင်းအရတော့ ထိုင်းနိုင်ငံထဲမှာ ပညာရှင် နိုင်ငံခြားသား အလုပ်သမားဦးရေ (၈၃၀၀၀) ရှိခဲ့ပါတယ်။
နိုင်ငံခြားသား ငှါးရမ်းခွင့်နဲ့ ပတ်သက်လို့ ထိုင်းကုမ္ပဏီတွေမှာ ပြဿနာ မရှိ လှသလို သူတို့ကလည်း သိပ်ပြီး ဂရုမစိုက်ပါဘူး။ ထိုင်းနိုင်ငံမှာက နိုင်ငံခြား သားကို ပေးရတဲ့ လစာထက် ထိုင်းလူမျိုးကို ပေးရတဲ့ လစာက ပိုပြီး နည်းနေ တယ် မဟုတ်လား။ ပြီးတော့ ထိုင်းလူမျိုးက ထိုင်းစကား မတက်မှာလည်း ပူ စရာ မလိုတော့ဘူးပေါ့။
၆ ။ အင်ဒိုနီးရှား
အင်ဒိုနီးရှားရဲ့ အလုပ်သမား ဥပဒေကလည်း ပညာရှင် နိုင်ငံခြားသား အလုပ် သမားတွေအတွက် တင်းကြပ်တာပါပဲ။ သူတို့ရဲ့ အလုပ်လုပ်ခွင့်ပါမစ်ဟာ နှစ် စဉ် သက်တမ်းတိုးကြရပါတယ်။ အလုပ်အကိုင် အမျိုးအစားအနေ နဲ့ ဖျော်ြေ ဖရေး ၊ အားကစားနဲ့ ဆောက်လုပ်ရေး စီမံခန့်ခွဲမှုတွေပါ ပါဝင်ပါတယ်။
နိုင်ငံခြားသားကို အလုပ်လုပ်ခွင့်ပြုတဲ့ စာရွက်ထဲမှာကိုပဲ အလုပ်သမား ဝန် ကြီးဌာနက အလုပ်ရှင်ကို မှာကြားထားတာတွေ အတိအကျ ပါဝင်ပါတယ်။ ဒီနိုင်ငံခြားသားနဲ့အတူ အင်ဒိုနီးရှန်းတွေကို တွဲပြီး အလုပ်လုပ်စေရမယ်။ တစ် ချိန်ချိန်မှာ ဒီနိုင်ငံခြားသား နေရာကို အင်ဒိုနီးရှန်းနဲ့ အစားထိုးဖို့ ကြိုးစားရမယ် ဆိုတာမျိုးပါ။
မနှစ်က အင်ဒိုနီးရှားမှာ မန်နေဂျာနဲ့ အဲဒီအထက်က ရာထူးတွေအတွက် နိုင် ငံခြားသားတွေ အများကြီး ဝင်လာခဲ့လို့ နိုင်ငံခြားသား အလုပ်လုပ်ခွင့် မရှိတဲ့ အလုပ်အကိုင် (၁၉) မျိုးကို အလုပ်သမား ဝန်ကြီးဌာနက အသစ် ထုတ်ပြန်ခဲ့ ပါတယ်။
“အလယ်အလတ် ရာထူးနေရာတွေကို နိုင်ငံခြားသားတွေကချည်းပဲ ဝင်ယူနေ ကြမယ်ဆိုရင် ပြည်သူက ဘယ် ကြည်ဖြူတော့မှာလဲ” လို့ အလုပ်သမားဝန်ကြီးက ပြောကြားခဲ့တယ်။ ဒါပေမဲ့ ဒီဥပဒေဟာ အင်ဒိုနီးရှား ပိုင် ကုမ္ပဏီတွေနဲ့သာ သက်ဆိုင်ပြီး နိုင်ငံခြားသားပိုင် ကုမ္ပဏီတွေ အနေနဲ့ ကတော့ စိတ်ကြိုက် ငှါးရမ်းခွင့် ရှိပါတယ်။
အင်ဒိုနီးရှားရဲ့ လူဝင်မှုကြီးကြပ်ရေးဌာန စာရင်းအရ ၂၀၁၀ - ခုနှစ်တုန်း က နိုင်ငံခြားသား အလုပ်သမားဦးရေ (၄၉၀၀၀) ရှိပြီး ၂၀၁၁ - ခုနှစ်မှာ (၅၅၀၀၀) ရှိတယ်လို့ သိရပါတယ်။ ဒီအလုပ်သမားတွေဟာ အများအားဖြင့် ကုန်ထုတ်လုပ်မှု၊ ဆောက်လုပ်ရေးနဲ့ မိုင်းတွေမှာ အလုပ်လုပ်ကြရသူတွေ ဖြစ် ကြပါတယ်။
.............................................................................................
မတ်လ (၁၈) ရက်ထုတ် စထရိတ်တိုင်းဆောင်းပါးကို မူတည်ပြီး ရေးထား တာပါ။ ဂလိုဘယ် ဖြစ်လာတဲ့ ကမ္ဘာမှာ ဒီကလူက ဟိုသွားပြီး အလုပ်လုပ် သလို ဟိုကလူကလည်း ဒီလာပြီး အလုပ်လုပ်နေကြ ပါတော့တယ်။
ဖွံ့ဖြိုးမှု နည်းသေးတဲ့ နိုင်ငံတွေမှာတော့ ဒီပြဿနာက သိပ်မကြီးသေး ပါဘူး ။ ဒေသခံလူထုကို ပေးရတဲ့ လစာက နိုင်ငံခြားသားကို ပေးရတဲ့လစာအောက် ပိုနည်းနေသေးတယ် မဟုတ်လား။ ဒါပေမဲ့ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးဟာ တစ်ခါတလေမှာ တစ်ဦးချင်းနဲ့ ဆက်စပ်မှု တော်တော် နည်းပါတယ်။
တရုတ်ပြည် တိုးတက်လာတယ် ဆိုပေမဲ့ ငတ်မွတ်ဆဲ၊ ဆင်းရဲဆဲ တရုတ်တွေ အများကြီးပါ။ အဲသလိုပဲ အိန္ဒိယမှာကလည်း အဲသလိုလူတွေ အများကြီးပဲ ။ မြန်မာပြည်ထဲ တစ်ခုခုဆို တရားဝင်၊ မဝင် ဝင်ရောက်လာမှာကလည်း လူဦးရေ မဆန့်မပြဲနဲ့ အဲဒီနှစ်နိုင်ငံကပဲ ဖြစ်ဖို့ များပါတယ်။
ဒီနှစ်နိုင်ငံကြားမှာ Dark horse က ဘင်္ဂလားဒေ့ရှ်ပေါ့။ ဒီနေ့ ကြုံတွေ့နေရတဲ့ ဘင်္ဂါလီတွေဟာ တစ်ချိန်က မသေသပ်ခဲ့တဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန ရဲ့ ညံ့ဖျင်းမှုတွေပါ။
ဘာပဲဖြစ်ဖြစ် “အစိုးရဟာ ကိုယ့်လူမျိုးသာ ပထမ” ဝါဒကိုတော့ ရှိနေကြ ရပါတယ်။ ထိုင်ဝမ်လို စာနဲ့ ရေးတာ၊ မရေးတာက လွဲရင်ပေါ့။
( ပြီး)
ကိုယ့် နိုင်ငံသား ပဓာနဝါဒ (သို့) နိုင်ငံတချို့ရဲ့ ဖောရိန်းအလုပ်သမား ကန့်သက်ချက်များ(၁)
ကိုယ့် နိုင်ငံသား ပဓာနဝါဒ (သို့) နိုင်ငံတချို့ရဲ့ ဖောရိန်းအလုပ်သမား ကန့်သက်ချက်များ(၂)
ကိုယ့် နိုင်ငံသား ပဓာနဝါဒ (သို့) နိုင်ငံတချို့ရဲ့ ဖောရိန်းအလုပ်သမား ကန့်သက်ချက်များ(၂)
ဇင်ဝေသော်
Post a Comment