အောက်မှာ မျက်ရည်တွေနဲ့ မိသားစုတစ်စု ရောက်နေလို့ အောက်ကို ခဏ ဆင်းခဲ့ဖို အတွင်းရေမှုးက ဖုန်းဆက်သည်။
ကျေးဇူးရှိသည့် မိသားစုဟုဆိုရမည်။ သတိပဋ္ဌာန်သင်တန်းများကို တာဝန် ယူ ဆောင်ရွက်ပေးနေသည့် ဒကာမ မိသားစုဖြစ်သည်။
အဖေ၊ အမေ၊ သားနှစ်ယောက်စလုံး မျက်ရည်တွေနဲ့မို့ ဘာများဖြစ်ပါလိမ့်ဟု စိုးရိမ်နေစဉ်မှာပင် ဒကာက
" မက်သယူးရဲ့ ခွေးလေး သေသွားလို့ တစ်အိမ်လုံး သောကရောက်နေကြ ရတယ်" တဲ့။ (မက်သယူး သားအကြီး၊ ၁၃ နှစ်သား)
မာတင်ကရော ဘာဖြစ်လို့လဲ ဆိုတော့
"မာတင်က အဲဒီခွေးလေးကို လေ့ကျင့်ပေးနေတာ၊ တော်တော်တတ်နေပြီ" ဟု အဖေလုပ်သူက ဖြေသည်။
မည်သို့ဖြစ်စေ သူတို့ကို ဘလက်ဇင်းလုပ်ပေးဖို့ လျှောက်ထားသဖြင့် ဘလက် ဇင်းလုပ်ပေးလိုက်သည်။
မမေးဖြစ်တောပေမဲ့ မိဘတွေကရော ဘာဖြစ်လို့ ဒီလောက်ကြီး ငိုနေရတာ လဲဟု တွေးမိသည်။ မျက်ရည်စို့ရုံမျှ မဟုတ်ကြ။ ခွေးလေး အတွက်လား ၊ ခွေးသေလို့ ဝမ်းနည်းနေသည့် သားနှစ်ယောက်အတွက်လား။
မိဘများအတွက် ခွေးသေလို့ထက် ခွေးသေလို့ဝမ်းနည်းနေသည့် သားနှစ်ယောက်အတွက်က ပိုနေနိုင်သည်ဟု မဆီမဆိုင် တွေးနေမိသည်။
မှန်ချင်မှတော့ မှန်ပေမည်။
ခွေးအတွက် ရေစက်ချ အမျှဝေပေးပါဦး လျှောက်ထားသဖြင့် ဆွမ်တစ်ရက် အကပ်ခိုင်းပြီး အမျှဝေပေးလိုက်ရသေးသည်။ မိမိအတွက် မကြုံဖူးသဖြင့် ထူးသွား၏။
သီဟနာဒ
Post a Comment