ကြိုးဟောင်းနဲ့ ပြန်ချည်လာတဲ့ ပျော်ရွှင်တဲ့ မိသားစုဘဝ ( ၁ )


ကျွန်တော်တို့ ငယ်စဉ်ဘဝက လူကြီးသူမတွေ ပြောခဲ့ဖူးတဲ့ အိပ်ယာဝင် ပုံပြင်တွေဟာ ကြီးလို့ လူလားမြောက်လာတဲ့အထိ အသိထဲမှာ နက်နက်နဲနဲ ရှိနေတတ်တယ်။ ဒီပုံပြင်တွေရဲ့ ထိရောက်မှုကို ရှေးလူကြီးသူမတွေက ကိုယ် တိုင်ထပ်တူ ခံစားပြီး ပြောခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အိပ်ယာဝင် ပုံပြင်တွေရဲ့ အကျိုးသက်ရောက်မှုတွေဟာ ခေတ်သစ် စိတ်ပညာသိပ္ပံနဲ့ သက်သေပြလို့ ရတယ်ဆိုတာတော့ ကျနော်တို့ လူကြီးသူမတွေ သိသွားနိုင် မယ် မဟုတ်ပါဘူး။

" What a happy family life? " ဆိုတဲ့ ဆောင်းပါးကို ဖတ်ပြီး မွေးစား ရင်း ဆောင်းပါး တစ်ပုဒ် ပြန်ရေးလိုက်မိပါတယ်။
ဒေါက်တာ Duke ဟာ ကလေးတွေနဲ့ဆိုင်တဲ့ စိတ်ပညာကို သုတေသနပြုနေ တဲ့ Emory တက္ကသိုလ်က ပါမောက္ခ တစ်ယောက်ပါ။ အထူးသဖြင့် အခက် အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့အခါမှာ ဘယ်သူတွေက ပိုပြီး ခံနိုင်ရည် ရှိတယ် ၊ ပြဿနာကို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်နိုင်တယ်၊ ပိုပြီး ရင့်ကျက်တယ် ဆို တာတွေနဲ့ ပတ်သက်လို့ သူ သိချင်နေခဲ့တာပါ။

အဖြေရဲ့ သဲလွန်စက တွေ့မယ့်တွေ့တောလည်း ကလေးတွေကို စာသင်ပေးေ နတဲ့ သူ့ရဲ့ဇနီး ဆာရာဆီက ရခဲ့တယ်။ သူမ သတိထားမိတာက မိသားစု ရဲ့ နောက်ခံသမိုင်းကို ကောင်းကောင်း သိထားတဲ့ ကလေးတွေဟာ အခြား ကလေးတွေထက် ပိုပြီး တည်ငြိမ်ရင့်ကျက်တယ် ဆိုတာပါ။

အဲဒီ သဲလွန်စကို အခြေခံပြီး ဒေါက်တာ Duke နဲ့ သူ့ လုပ်ဖော်ကိုင် ဖက် ဒေါက်တာ Robyn တို့က ‘Do you know’ ဆိုတဲ့ မေးခွန်း (၂၀) နဲ့ ကလေးတွေကို စတင် စမ်းသပ်ခဲ့ကြတယ်။ မင်းသိသလားဆိုတဲ့ မေးခွန်း (၂၀) ထဲမှာ …
- မင်း အဘိုးအဘွားတွေက ဘယ်မှာ မွေးပြီး ဘယ်မှာ နေခဲ့ကြတာလဲ။
- မင်းမိဘတွေက ဘယ်ကျောင်းမှာ တက်ခဲ့ကြတာလဲ။
- သူတို့ ဘယ်မှာ စတင် စုံတွေ့ခဲ့ကြတာလဲ။
- မိသားစုထဲမှာ ကျန်းမာရေးစတဲ့ ဘယ်လို ပြဿနာတွေ ကြုံတွေ့ခဲ့ရဖူးသလဲ
- မင်းကို ဘယ်မှာ မွေးခဲ့တာလဲ။
စတဲ့ သူတို့ဘဝနဲ့ ဆက်စပ်နေတဲ့ မေးခွန်းတွေပါ။ အံ့ဩစရာ ကောင်းတာက အဲသလို မေးခွန်းတွေကို ဖြေဆိုနိုင်တဲ့ ကလေးတွေဟာ အတန်းထဲမှာ တည်ငြိမ်မှု အရှိဆုံးနဲ့ ပညာရေး၊ ကိုယ်ကျင့်တရားစတဲ့ အခက်အခဲတွေကို သူများထက် ပိုပြီး ကောင်းကောင်း ရင်ဆိုင်နိုင်တယ်ဆိုတာ တွေ့ရှိရတယ်လို့ ဆိုပါတယ်။
ဒီတော့ ကလေးတွေကို မိသားစုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို သူတို့ အရွယ်နဲ့အလိုက် အဆိုးရော၊ အကောင်းပါ အသိပေး ပြောပြထားသင့် ပါတယ်။ မိသားစုအကြောင်းကို ပြောပြရာမှာ သုံးမျိုး ခွဲပြထားပါတယ်။

၁။ Ascending Family narrative
မိသားစုဘဝ အစရဲ့ နောက်ခံသမိုင်းကို ပြောပြခြင်းပါ။ ငါတို့ ဒီမြို့ကို ရောက် လာတော့ ဘာပစ္စည်းမှလည်း မရှိ၊ အသိအကျွမ်း ဆိုတာလည်း ကောင်းေ ကာင်းကန်းကန်း မရှိ၊ ကြိုးစားလိုက်ရတာ မနည်းပဲ။ ဒီလိုနဲ့ ကိုယ်ပိုင် (မိသား စုပိုင်) စတိုးဆိုင်လေး ဖွင့်လာနိုင်တယ်။ မင်းအဘိုးဆိုရင် အထက်တန်း ပညာရေးလောက်ပဲ သင်ယူနိုင်ခဲ့တယ်။ အဖေနဲ့ အမေတို့ အလှည့်ရောက်ေ တာ့ မှ တက္ကသိုလ်ပညာကို သင်ယူနိုင်တာ။ သားရေ (သမီးရေ) … ဒီတစ်ခါ သားအလှည့် (သမီးအလှည့်) ရောက်လာပြီ စတဲ့ စကားမျိုးတွေပါ။

သူတို့ကို လေးလေးပင်ပင် ဆုံးမစကားတွေ ပြောတာထက် အဲသလို မိသားစု ရဲ့ နောက်ခံသမိုင်းတွေကို ပြန်ပြောင်း ပြောပြတာဟာ ကလေးအတွက် ပိုပြီး သင့်တော်သလို သူ့အတွက်လည်း ပိုပြီး ခွန်အားတွေ ဖြစ်စေပါတယ်။

၂။ The Descending family narrative
ဒုတိယ ပြောပြသင့်တဲ့ စကားတွေကတော့ မိသားစုအကြောင်း ဆိုတာထက် ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို ရွေးထုတ်ပြောပြခြင်းပါ။ ကားစီးချင်တယ် ဆိုတဲ့ ကလေးကို အဘိုးအဘွားတို့ လက်ထက်က (သို့မဟုတ်) သား (သမီး) ကို မမွေးခင်က အဖေတို့ အမေတို့လည်း ကားရှိခဲ့ဖူးတယ်။ အိမ်ယာတွေ ပိုင် ဆိုင်ခဲ့ဖူးတယ်။ ကံမကောင်း အကြောင်းမလှလို့ ဒါတွေအားလုံး ဆုံးရှုံးခဲ့ရတယ်။ သား (သမီး) တို့အလှည့်ရောက်ရင် ဒါတွေ ပြန်ရအောင် လုပ်နိုင်ဖို့ အဖေတို့ အမေတို့က မင်းတို့ရဲ့ ပညာရေးကို အတတ်နိုင်ဆုံး ထောက်ပံ့ပေးနေတာ၊ ကြိုးစားနော် … စတဲ့ စကားမျိုးတွေပါ။
(ဆက်ရန်)


 ဇင်ဝေသော်

Post a Comment