**ပြည်ပရောက် တစ်ဦးချင်းဆီကို 'ထိ' လာနိုင်ပြီး နိုင်ငံ အတွက် ကောင်းလာနိုင်တဲ့ အနေအထား**


ခေါင်းစဉ်က ရှည်နေပေမဲ့ ရေးချင်တာက တိုတိုပါ။ လတ်တလော စင်္ကာပူမှာ (အခြား အာရှနိုင်ငံတွေမှာလည်း သိပ်မထူးခြားလောက်ပါဘူး ) ကြားနေရတဲ့ သတင်းနှစ်ခုက
၁ ။ စလုံးကုမ္ပဏီတချို့ ရန်ကုန်ကို တော်တော်အာရုံကျနေကြတယ်။ အကြီး စား တီမာဆက်၊ ဆင်းတယ်လ်၊ စထရိတ်တိုင်းတို့ အပါအဝင်ပဲ။ တချို့က သွားကြည့်၊ ကုမ္ပဏီရုံးခွဲဖွင့်၊ တချို့က စောင့်ကြည့်ရုံ စောင့်ကြည့် ၊ စုံလိုပဲ။
၂ ။ မြန်မာတွေလည်း တော်တော် တပ်ခေါက်နေကြတယ်။

ဒီ ဒုယအချက်မှာက ဖြစ်နိုင်ခြေ နှစ်ခုရှိပါတယ်။ တချို့က တပ်ခေါက်တာ။ တချို့က 'ထိ' တာ။ ဘာလို့ထိတာလဲဆိုတော့...
၁ ။ စင်္ကာပူက မြှင့်လာတဲ့ ခရိုက်တီးရီးယားကြောင့် ( လစာ၊ ပညာအရည် အချင်း၊ လုပ်သက်၊ ကွန်ထရီဗြူးရှင်း )၊
၂ ။ စီးပွားရေးသမားတွေရဲ့ စီးပွားရေး ကျားကွက် ရွှေ့မှု (သို့ ) ပေါ၊ ချောင် ၊ ကောင်း အလုပ်သမားဈေးကွက်ကို ဈေးချိုနိုင်သမျှ ချိုအောင် အားထုတ်မှု။

ဒုတိယအချက်ကတော ပုံသေကားချ ပြောလို့မရပါဘူး။ ဒါပေမဲ့ ငြင်းဖို့တော့ ခက်မယ်။ ဒါဟာ အက်သစ်ကယ် ဖြစ် မဖြစ်ဆိုတာကလည်း ပါးစပ်နဲ့ပဲ ငြင်း လို့ရမယ်။


၁ ။ စင်္ကာပူက မြှင့်လာတဲ့ ခရိုက်တီးရီးယား


လစာသိပ်မကောင်း၊ သာမန်ဘွဲ့လောက်နဲ့ဆိုရင် ကွန်ထရီဗြူးရှင်းလည်း မကယ်ဘူးဆိုရင် မနှစ်က၊ ဒီနှစ်ကစလို့ လာမယ့်နှစ်တွေမှာ ဆက်ထိနေဖို့ များပါတယ်။ ဒါက နိုင်ငံခြားသား အားလုံးနဲ့ ဆိုင်ပါတယ်။ ဒါကို သဘောမပေါက်ရင် ယုံထင် ကြောင်ထင် ထင်စရာတွေ အများကြီးပါပဲ။
ဒီမှာ စလုံးအစိုရက ဘယ်လောက်အလေးအနက် ထားသလဲဆိုတာ ရှင်းပြလို့ ရတဲ့အချက်တွေရှိတယ်။ အလုပ်သမားတစ်ယောက်က ပညာအရည်အချင်း၊ လုပ်သက်၊ ကွန်ထရီဗြူးရှင်း အားလုံးကောင်းနေတယ်၊ လစာပဲ နည်းနေတယ် ဆိုရင် အလုပ်သမားရဲ့ အားနည်းချက် လုံးဝမဟုတ်တော့ပဲ အလုပ်ရှင်ပေးတဲ့ လစာနဲ့ပဲ ဆိုင်တော့တယ်။ ဒါဆို ( နိုင်ငံခြားသား အလုပ်သမားက တကယ် အဆင့်ရှိရင်) အစိုးရကပါ အလုပ်ရှင်ကို လစာတိုးပေးဖို့ မသိမသာ ဖိအားပေးတယ်။
ဆိုလိုတာက ဒီလစာနဲ့ပဲ ထပ်တင်ရင် ရီဂျက်ထပ်ထိမယ်။ တကယ်လိုအပ်ရင် လစာတိုးပေးပါ ဆိုတာမျိုးပေါ့။ ကျန်တာကတော့ အလုပ်ရှင်နဲ့ပဲ ဆိုင်တော့ တယ်။ အလုပ်ရှင်ကလည်း သူ့အတွက် ဒီအလုပ်သမားက ဘယ်လောက် ကွန်ထရီဗြူးရှင်းလုပ်ပေးနိုင်သလဲ ဆိုတာကိုကြည့်ပြီး လစာ တိုး မတိုး ဆုံးဖြတ်ပါလိမ့်မယ်။
ဒီမှာပဲ ထိသူထိ မထိသူမထိ ဇာတ်လမ်းတွေ ဖြစ်တော့တာပါပဲ။ ဒါကြောင့် စင်္ကာပူကနေ တပ်ခေါက်သူ၊ တပ်ခေါက်ရသူ ပိုများလာမယ်။ အလုပ်အကိုင် အတွေ့အကြုံရှိသူတွေ ပြည်တွင်းပြန်ရောက်သွားခြင်းဟာ နိုင်ငံအတွက် ကောင်းပါတယ်။

၂ ။ စီးပွားရေးသမားတွေရဲ့ စီးပွားရေး ကျားကွက် ရွှေ့မှု

ဒီအတွေးက နည်းနည်း ရက်စက်ရာရောက်နေမလားလို့တောင် ထင်မိတယ်။ ကျနော်က စင်္ကာပူကို ဦးတည်ပြောနေပေမယ့် ဒီအချက်က အခြားနိုင်ငံတွေ နဲ့လည်း ဆိုင်ပါတယ်။ စင်္ကာပူက ရီဂျက်ထိတဲ့ မြန်မာတစ်ယောက်ဟာ မြန် မာပြည်ပြန်ရောက်သွားပြီး မြန်မာပြည်မှာပဲ (စီတီဇင် ခံထားသူတွေ၊ ပီအာ တချို့ ဒီအထဲမှာ မပါပါဘူး၊ ပီအာတချို့ဆိုတာက ပီအာလည်း အာမခံချက် သိပ်မရှိလို့ပါ ) အလုပ်လုပ်ရတော့မှာပါ။
နိုင်ငံခြားကုမ္ပဏီတွေကလည်း မြန်မာပြည်ရောက်ရင် လုပ်အားခ ဈေးချိုချိုနဲ့ ရသလို အပြည်ပြည်ဆိုင်ရာ အတွေ့အကြုံမရှိသေးတဲ့ အလုပ်သမားတွေ ရဲ့ဒဏ်ကိုလည်း တော်တော်သည်းခံကြရလိမ့်မယ်။ ဒီမှာ မြန်မာတွေ ညံ့ တယ်လို့ဆိုတာမဟုတ်ဘဲ အတွေ့အကြုံမရှိသေးတာကိုပဲ ဆိုလိုတာဖြစ်ေ ကြာင်း ထပ်ပြောခဲ့ချင်ပါတယ်။( အမျိုးချစ်တာ ချစ်တာပေါ့၊ ဒီနေရာမှာတော့ ကိုယ့်အားနည်းချက်ကို လက်ခံကြရအောင်၊ သာကီမျိုး မဟုတ်ဘူးလို့ မပြောပါဘူး )။
ဒီတော့ ဈေးလည်းချို ပြည်ပ အတွေ့ကြုံလည်းရှိတဲ့ အလုပ်သမားကို နိုင် ငံခြား ကုမ္ပဏီတွေက အလိုရှိမှာ အသေအချာပဲ။ ကဲ ဒီတော့... တကယ်ပြန်တွေ့ဖို့ ရာခိုင်နှုန်း များတာက ပြည်ပက လာဖွင့်တဲ့ကုမ္ပဏီ နဲ့ ပြည်ပမှာ အလုပ်လုပ်ပြီး ပြန်လာတဲ့ မြန်မာတွေပါပဲ။ မမိုက်ဘူးလား။ စင်္ကာပူမှာ ဒေါ်လာ၂၀၀၀ နဲ့ ၃၀၀၀ ( ကျော်ရင် ကျော်နိုင်တာပေါ့ ) ပေးရ မယ့် အလုပ်သမားကို မြန်မာပြည်မှာ ၁၀၀၀ လောက်ဆိုရင် ရနေပြီ။ ဒါကြောင့် ပြည်ပရောက် မြန်မာတွေအတွက်အစိုးရ ပေါ်လစီကြောင့်တင် မဟုတ်တော့ဘဲ ဈေးကွက် အရွှေ့အပြောင်းကြောင့်ပါ အထိများလာနိုင်ပါ တယ်။

ဒီမှာ ချွင်းချက်က အောက်စတန်းဒင်းဖြစ်တဲ့ မြန်မာတွေပါပဲ။ သူတို့ ကုမ္ပဏီ မြန်မာပြည်အသွားမှာ သူ့ကို စင်္ကာပူကခန့်တဲ့ အလုပ်၊ ပေးတဲ့လစာ စတဲ့ စံနှုန်းတွေနဲ့ ဆက်လက်ခန့်ထားပြီး မြန်မာပြည်မှာ လည်ပတ်ဖို့ တာ ဝန်ပေးပါလိမ့်မယ်။
ဒီပေါ်လစီက ကမ္ဘာလုံးဆိုင်ရာ ပေါ်လစီပါ။ အမေရိက ကုမ္ပဏီတစ်ခုက စင်္ကာပူမှာ ရုံးစိုက်တော့မယ်ဆိုရင် ပိုပြီးတိုးအားကောင်း၊ လူမျိုးဘာသာစကား လည်း ပြဿနာ မရှိနိုင်တဲ့ စလုံးကို ရွေးပြီး လည်ပတ်ခိုင်းသလိုပါပဲ။ ဒါကြောင့် ကိုယ်က တော်တော် အရေးပါတဲ့အထဲမှာ မပါဘူးဆိုရင်တော့ နိုင်ငံခြားကုမ္ပဏီတွေက မြန်မာအလုပ်သမားတွေကို "See you In Myanmar." သဘောထား ရှိနေနိုင်ပါတယ်။
ဒီလူ၊ ဒီအရည်အချင်းကို ဒီတစ်ဝက်မရှိတဲ့လစာနဲ့ရတာ ဘယ်သူ မပျော် ဘဲ နေမလဲ။

နောက်ဆုံးကျန်နေတာက တကယ်ကို တပ်ခေါက်ပြန်သွားသူတွေပါ။ ဒီမှာ အဆင်တပြေရှိလျက် တပ်ခေါက်ပြန်သွားသူတွေက နယ်ကထက် ရန်ကုန် က ဖြစ်ဖို့များတယ်။ ရန်ကုန်မှာ မိသားစု၊ အခြေခံစီးပွားရေး စတာတွေ ရှိပြီးသားတွေ ဖြစ်မယ်။ ဒီမှာ မိသားစု၊ ကလေးတွေနဲ့လူတွေ ဖြစ်ဖို့ထက် လူလွတ်တွေ ပိုများလိမ့်မယ်လို့ ယူဆရပါတယ်။ ဒီလိုမှ မဟုတ်ရင်တောင် ဒီမှာ လခစားလုပ်တာထက် ဟိုမှာ ကိုယ်ပိုင် အလုပ် ပြန်လုပ်ကြည့်မယ်၊ အရဲစွန့်ကြည့်မယ်ဆိုတဲ့ Risk ယူသူတွေ ဖြစ်နိုင် ပါတယ်။ ရေလိုက် ငါးလိုက်လေးပဲ နေချင်သူတွေကတော့ ဒီမှာ အဆင်ပြေေ နသရွေ့ ဒီမှာပဲ နေနေကြဦးမယ့် သဘောပါ။ မြန်မာဟာ စင်္ကာပူမဟုတ်သေး ဘူး ဆိုတာလောက်တော့ သူတို့လည်း သိတာပေါ့။ ဒါကြောင့်လည်း Risk ယူတယ်လို့ သုံးရတာပါ။

အတွေ့အကြုံရှိတဲ့ အလုပ်သမား ရှားပါးချိန်မှာ အတွေ့အကြုံရှိပြီးသား မြန် မာတွေ ပြည်တွင်းထဲ ပြန်ရောက်သွားခြင်းကြောင့် ပြည်တွင်းက အလုပ်သ မားတွေကို လက်တွဲပြီး ခေါ်သွားနိုင်သလို ပြည်ပ ကုမ္ပဏီတွေ ပြည်တွင်းထဲ မှာ မြန်မြန် ဝင်လာပြီး လည်ပတ်ဖြစ်စေဖို့ အထောက်အကူလည်း ဖြစ်ပါလိမ့် မယ်။
ဘာပဲဆိုဆို စလုံးအစိုးရရဲ့ ခရိုက်တီးရီးယား မြှင့်လာတဲ့ ပေါ်လစီကြောင့် တစ်ဦးချင်းဆီမှာ ရီဂျက်တွေ ဆက်ထိလာပြီး ( နိမိတ်မရှိ၊ မင်္ဂလာမရှိ တာတွေ လျှောက်ရေးနေတယ်ထင်ရင် တောင်းပန်ပါတယ်၊ ဒါပေမဲ့ ဒါက နှစ်နှစ်ေ လာက်ကတည်းက စနေတဲ့ ပေါ်လစီပါ၊ ထိလည်း တော်တော်ထိနေပါပြီ ) နိုင်ငံအတွက်တော့ ဇိကုပ် နတ်ပြည်တင်လို့တောင် မြင်မိပါတယ်။

သမ္မတ ဦးသိန်းစိန်ခေါ်လို့ ပြန်ချင်မှ ပြန်မှာ ရီဂျက်ထိရင်တော့ ပြန်ကို ပြန် ရတော့တာ မဟုတ်လား။

ကျနော်ကတော့ ဒါဟာ ငိုစရာမဟုတ်သလို ထိသွားသူအတွက်လည်း ဘေး က ဝင်ငိုပေးနေစရာ မလိုလှဘူး ထင်ပါတယ်။ ကိုယ့်နိုင်ငံသာ ကိုယ့်နိုင်ငံပါ။ ဒီမှာ ကျနော်တို့ ယာယီလာနေကြတာ။ အဲ တစ်ခုခုကြောင့် ထွက်လာခဲ့ကြ တာ။ ဒါပဲ။

နိုင်ငံတစ်ခု ကုန်းထနေရတဲ့ အချိန်မှာ နိုင်ငံသားတိုင်းရဲ့ အနစ်နာခံမှု အနည်း အများ လိုပါတယ်။ အနုမြူဗုံး ခေါင်းပေါ်မကျပေမဲ့ နိုင်ငံက ဒီထက်ဆိုးတဲ့ စစ် တပ်အစိုးရရဲ့ အကြမ်းမြူဗုံးဒဏ်ကို ဆယ်စုနှစ်ပေါင်းမျာစွာ ခံထားကြရတာ မဟုတ်လား။

ပုဂ္ဂလိကအမြင်မတူတာ၊ တစ်ယောက်ယောက်၊ တစ်ဖွဲ့ဖွဲ့ကို ထိပါးတာမျိုး မရည်ရွယ်ဘဲ ဖြစ် ခဲ့ရင် တောင်းပန်ပါတယ်။

လေးစားစွာဖြင့်
ဇင်ဝေသော်


Post a Comment