မောင်အံ့(မဟာဝိဇ္ဇာ၊ ဘုံဘေ)ရဲ့ ကျမ်းစာကို ခြေရာခံပြခြင်း


မောင်အံ့(မဟာဝိဇ္ဇာ၊ ဘုံဘေ)ဟာ "သာသနာတော် ၂၅၀၀ ခရီး" နဲ့ စာပေနယ်မှာ လူသိလာခဲ့သူ ဖြစ်ပါတယ်။
ဒါပေမဲ့ သူ့စာအုပ်ရဲ့ ခေါင်းစဉ်၊ ကျောရိုးနဲ့ အကြောင်းအရာတွေဟာ အထက်ဖော်ပြပါ မူရင်းစာအုပ်နဲ့ မယုံကြည်နိုင်လောက်အောင် တိုက်ဆိုင်နေ ပါတယ်။
ဒီမူရင်းစာအုပ်ကို ကျမ်းကိုးစာရင်းအနေနဲ့တော့ နံပါတ် ၆ မှာ ပေးထားတာ တွေ့ ရပါတယ်။ အမှန်တော့ ဒီစာအုပ်ဟာ ကျမ်းကိုးထက် ကျမ်းရင်းဖြစ်သင့်ပါတယ်။
သူပိုင် မာတိကာအချို့ကို ထည့်သွင်းထားတဲ့အတွက် လုံးလုံးလျာလျား ခိုယူးခြင်း (ပိုင်းရေစီ)ပြောလို့တော့ မရပါ။
အင်္ဂလိပ်လိုဖတ်နိုင်တဲ့ ရဟန်းတော် အချို့ရှိပေမဲ့ မြန်မာပြည်အတွက် အကျိုးများ တာကြောင့် ဒီစာအုပ်နဲ့ ပတ်သက်ပြီး ထောက်ပြဝေဖန်မှုမျိုး မလုပ်ခဲ့ကြပါ။
ဒါပေမဲ့ အထက်ပါစာအုပ်နဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ အမှာစကား မထားခဲ့ခြင်းကြောင့် သူရဲ့ စာပေသစ္စာကတော့ မေးခွန်းထုတ်စရာ ရှိနေပါတယ်။
မာတိကာကို ပုံများမှာ လေ့လာနိုင်ပါတယ်။ အသွင်ခွဲလိုက်ပေမဲ့ မူရင်းကြောရိုး ပျောက်မသွားခဲ့ပါ။










Post a Comment