ပိုကြီးလာတဲ့ တရုတ်နဲ့ သူ့ရဲ့ ဘောဂသဟာယ ပိုင်နက်


လူ့ယဉ်ကျေးမှု ပဋိပက္ခနဲ့ ကမ္ဘာသစ်တစ်ခုကို ပုံဖော်ခြင်း
အခန်း ၇၊ ကောက်နှုတ်ချက်


တရုတ်ပြည်ဟာ သမိုင်းအစဉ်အဆက်ကတည်းကကိုပဲ ကိုရီးယား၊ ဗီယက်နမ်၊
လျူချူးကျွန်းစု (Liu Chiu Islands)နဲ့ တခါတရံ ဂျပန်အပါအ၀င် အားလုံးကို ဆိုင်း နစ်ဇုန် (Sinic Zone တရုတ်စီဗီလိုက် ဇေးရှင်းပိုင်နက်) လို့ သတ်မှတ်ပါ တယ်။ “အတွင်းပိုင်း အာရှဇုန် (Inner Asian Zone)” အနေနဲ့ ကတော့ တရုတ်လူမျိုး မဟုတ်တဲ့ မန်ချူး၊ မွန်ဂို၊ ၀ီဂါ (Uighurs) တူရကီနဲ့ တိဗက်တွေ ပါဝင်တယ်။ လုံခြုံရေးအတွက် သူတို့ဟာ တရုတ်ထိန်းချုပ်မှုအောက်မှာ ရှိနေရမယ်လို့ ခံယူ ထားကြတယ်။ အပြင်ပိုင်းဇုန်(Outer Zone)ကတော့ တရုတ်ယဉ်ကျေးမှုမရှိတဲ့ လူတွေ “တရုတ်ရဲ့ ကြီးကျယ် မြင့်မြတ်မှုကိုအထင်တကြီး လေးစားမှုပေးရုံက လွဲလို့ ဘာမှအဖြစ်မရှိတဲ့ လူမျိုးစုတွေလို့ ခံယူထားကြ ပါတယ်။ Note-13 *


လက်ရှိ ဆိုင်းနစ်(Sinic=တရုတ်)စီဗီလိုက်ဇေးရှင်းကလည်း အလားတူ ဖက်ရှင် အတိုင်း ပုံဖော် လာနေတယ်။ ဟန်တရုတ်လူမျိုးက ပင်မဌာနချုပ်၊ ဒီဌာနချုပ်ကို ၀န်းရံထားတာက တရုတ်ပြည်တွင်းထဲ ရှိပြည်နယ်တွေ၊ အများအားဖြင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရှိ၊ တရုတ်ပြည်ထဲမှာ တရားဝင်ပါဝင်နေပေမဲ့ အခြားစီဗီလိုက်ဇေးရှင်း ထဲကလာတဲ့ တရုတ်လူမျိုးမဟုတ်သူတွေ အများအပြားရှိနေတဲ့ ပြည်နယ် တွေပါ။ (ဥပမာတိဗက်နဲ့ ရှင်ကျန်း- Xinjiang) အခြေအနေအပေါ် မူတည်ပြီး တရုတ်ပြည် မထဲကို ပူးပေါင်းလာနေကြ၊ လာနိုင်မယ့်အလားအလာရှိတဲ့ တရုတ်လူ့အဖွဲ့ အစည်းတွေ (ဟောင်ကောင်၊ ထိုင်ဝမ်)၊ ဘေဂျင်းနဲ့ အဆက်အဆံ သိသိသာသာ တိုးတက်ကောင်းမွန်လာနေတဲ့ တရုတ်လူမျိုး အများစုတစ်နိုင်ငံ(စင်္ကာပူ)တရုတ် လူမျိုးတွေရဲ့လွှမ်းမိုးမှု အကြီးအကျယ်ရှိနေတဲ့ ထိုင်လန်၊ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဖီလစ်ပိုင်နိုင်ငံ။ တရုတ်လူမျိုး မဟုတ်ကြတဲ့ (တောင်၊ မြောက်ကိုရီး ယားနဲ့ ဗီယက်နမ်တို့ကတော့ တရုတ်လူမျိုးမဟုတ်ပေမဲ့) ကွန်ဖျူးရှပ် ယဉ်ကျေးမှု ရှိသူတွေ နဲ့ ၀ိုင်းရံထားတယ်။

၁၉၅၀ ခုနှစ်တွေအတွင်း တရုတ်ပြည်ဟာ သူ့ကိုယ်သူ ဆိုဗီယက် မဟာမိတ်လို့ ခံယူခဲ့တယ်။ ဒီနောက် တရုတ် ဆိုဗီယက် (Sino-Soviet) သဘောတူညီမှု ချုပ်ငြိမ်းသွားပြီး စူပါ ပါဝါကြီး နှစ်နိုင်ငံရဲ့ အတိုက်အခံ နိုင်ငံငယ်လေးတွေ ရဲ့ ခေါင်းဆောင်အနေနဲ့ ခံယူလာပြန်တယ်။ အကုန်အကျများလှပြီး အကျိုးကျေးဇူး သိပ်မရှိလှတဲ့လှုပ်ရှားမှုပါ။ နက်(က်)ဆင်ရဲ့ အစိုးရ လက်ထက် အမေရိကန် ပေါ် လစီထဲကို ပြောင်းဝင်လာခဲ့ပြီး ၁၉၇၀ ခုနှစ်တွေမှာ အမေရိကန် အားနည်း လာ ဟန်ရှိနေတော့ စူပါ ပါဝါကြီး နှစ်ခုကို ဟန်ချက်ညှိပေးတဲ့ သဘောမျိုးနဲ့ တရုတ်က အမေရိကန်နဲ့ ပေါင်းလာတယ်။ ၁၉၈၀ ခုနှစ်တွေ ရောက်တော့ အမေရိကန် စစ် တပ်အင်အားက ပြန်ကောင်းလာပြီး အာဖဂန်နစ္စတန် စစ်ပွဲကြောင့် ဆိုဗီ ယက်ရဲ့ စွားပွားရေးကျဆင်းသွားတော့ နှစ်ဖက်စလုံးနဲ့ ခပ်ကွာကွာနေလာခဲ့ပြန်ပါတယ်။ စူပါပါဝါ အားပြိုင်ပွဲကြီး ပြီးဆုံးသွားတော့ တရုတ်ကိုင်ထားတဲ့ “ဝှက်ဖဲ” က အသုံး မကျ ဖြစ်သွားပြီး သူ့ရဲ့ အခန်းကဏ္ဍကို ကမ္ဘာ့နိုင်ငံအရေး အခင်းတွေကြားမှာ ပြ သလာပြန်တယ်။ သူတို့မှာ ရည်ရွယ်ချက် ပန်းတိုင် နှစ်ခုရှိခဲ့တယ်။
(က) တရုတ်ပြည်ဟာ တရုတ်ယဉ်ကျေးမှုရဲ့ ချန်ပီယံ၊ တခြားနိုင်ငံတွေထဲမှာ ရှိနေကြတဲ့ တရုတ်လူမျိုးအားလုံးအတွက် စီဗီလိုက်ဇေးရှင်း ဗဟိုဌာနဖြစ်ဖို့နဲ့
(ခ) (၁၉)ရာစုထဲမှာ ဆုံးရှုံးခဲ့ရတဲ့ အရှေ့အာရှရဲ့တစ်ခုတည်းသောပါဝါဆိုတဲ့ သမိုင်းဝင်နေရာကို ပြန်ယူနိုင်ဖို့တို့ ဖြစ်ပါ တယ်။

တရုတ်ပါဝင်လာတဲ့ အခန်းကဏ္ဍတွေကို အောက်ပါ အချက်တွေ ထဲမှာ တွေ့မြင်နိုင်ပါတယ်။
တစ်၊ ကမ္ဘာ့နိုင်ငံရေးကိစ္စတွေထဲမှာ သူ့ရဲ့နေရာ ဘယ်နေရာဆိုတာ တရုတ်ကိုယ် တိုင် ဖော်ပြလာ မှုတွေ
၊နှစ်၊ ပြည်ပရောက်တရုတ်လူမျိုးတွေက တရုတ်ပြည်မကြီးနဲ့ စီးပွားရေး ဆက်စပ်မှု ပိုများလာတာတွေနဲ့၊
သုံး၊ အခြားတရုတ်လူမျိုး အများစုရှိတဲ့ သုံးနိုင်ငံ (ဟောင်ကောင်၊ ထိုင်ဝမ်နဲ့ စင်္ကာ ပူ) စီးပွားရေး၊ နိုင်ငံရေးနဲ့ သံတမန်ရေးတွေမှာ ပိုပြီးရင်းရင်းနှီးနှီး ဆက်ဆံလာ တာတွေရယ် တရုတ် နိုင်ငံရေးလွှမ်းမိုးမှု ရှိတဲ့ အရှေ့တောင်အာရှ နိုင်ငံတွေ အပေါ် ဆက်ဆံရေးတိုးမြှင့်လာတာတွေ ဖြစ်ပါတယ်။

တရုတ်အစိုးရက တရုတ်ပြည်မကြီးကို တရုတ်စီဗီလိုက်ဇေးရှင်းရဲ့ ပဓာနနိုင်ငံ အဖြစ် ရှုမြင်ပြီး အခြားနိုင်ငံတွေရှိ တရုတ်လူမျိုးတွေအနေနဲ့ တရုတ်ပြည်ထဲ လာရောက်ပေါင်းသင်း ရမယ်လို့ ယူဆ ထားကြတယ်။ ဒေသတွင်းရှိကွန်မြူနစ် ပါတီတွေကတဆင့် တစ်ကမ္ဘာလုံးကို ကွန်မြူနစ်ဝါဒ ဖြန့်ချီဖို့ ကြိုးစားမှုကို လက်လျှော့ခဲ့ရပြီးတဲ့နောက် အချိန်တော်တော်ကြာတဲ့ အခါမှာတော့ တရုတ်ဟာ “တစ်ကမ္ဘာလုံးရှိတရုတ်လူမျိုးတွေအားလုံးရဲ့ ကိုယ်စားလှယ်အနေနဲ့ နေရာပြန် ယူလာခဲ့ပါတော့တယ်။” Note-14 * တရုတ်အစိုးရအလိုအရ အခြားနိုင်ငံသား အဖြစ် ခံယူထားရင်တောင် တရုတ်မျိုးနွယ် တွေဆိုရင် သူတို့အဖွဲ့ဝင်တွေအနေနဲ့ ပါဝင်တယ်။ ဒါ့ကြောင့် တရုတ်ပြည်မအစိုးရရဲ့ သြဇာသက် ရောက်မှုရှိနေရ မယ်ဖြစ်ပါတယ်။ တရုတ်ရဲ့ အိုင်ဒင်တတီကလည်း တရုတ် လူမျိုးအပေါ်မှာ အခြေ ခံပြီး သတ်မှတ်တယ်"လူမျိုး၊ သွေးသားတော်စပ်မှု၊ ယဉ်ကျေးမှုတူညီမှု” တူညီရင် တရုတ်လူမျိုး ဖြစ်တယ်လို့ တရုတ်အစိုးရပညာရှင်တစ်ယောက်ကဆိုပါတယ်။ ၁၉၉၀ ခုနှစ်တွေ ထဲမှာ အစိုးရပိုင်းဆီကရော တရုတ်လူမျိုးတွေဆီကပါ ဒီ အ သံတွေကို တော်တော်ကြားခဲ့ရတယ်။ (ဘယ်နိုင်ငံသားမဆို တရုတ် မျိုးနွယ်ဆိုရင် PRC) (Peoples’ Republic of China) တရုတ်ပြည်တွင်းရှိ တရုတ်တွေနဲ့ အခြား နိုင်ငံတွေမှာနေထိုင်နေကြတဲ့ တရုတ်နွယ်ဖွားတွေအတွက် သူတို့ ဘယ် သူတွေဖြစ်တယ်ဆိုတာ သိဖို့ “ ကြေမုံ စစ်တန်း (Mirror test)” ဆိုတာ ပေါ်ပေါက် ခဲ့ဖူးတယ်။ တခြားနိုင်ငံတွေမှာ နေထိုင်ပြီး အခြားယဉ်ကျေးမှုကျင့်သုံးနေတဲ့ တရုတ်နွယ်တွေကို ဘေဂျင်းအခြေစိုက် တရုတ်လူမျိုးတွေရဲ့ သတိ ပေးစကားက
“ကိုယ့်မျက်နှာကို မှန်ထဲပြန်ကြည့်ဦး” ဆိုတာ ဖြစ်ပါတယ်။ ဒေသအတွင်းမှာ ပျံ့နှံ့နေတဲ့ တရုတ်လူမျိုးတွေကလည်း အရေအတွက် အများအပြားရှိနေတယ်။

တရုတ်ပြည်တွင်းရှိ မူလတရုတ် လူမျိုးတွေနဲ့ တရုတ်ပြည်ထဲရှိအခြားလူမျိုးတွေ ကလည်း အဆင့်အတန်းမတူကြဘူး။ “တရုတ် ယဉ်ကျေးမှု” နဲ့ ပတ်သက်တဲ့ သဘောထားကိုလည်း “တူညီတဲ့ စိတ်ဓာတ်” ဆိုပြီး ပီပီပြင်ပြင် ပြောဆိုလာနေကြ တယ်။ (၂၀)ရာစုအတွင်းမှာ အနောက်တိုင်းရဲ့ လွှမ်းမိုးမှုကြောင့် တရုတ် အိုင်ဒင် တတီဟာ အကြီးအကျယ် ထိခိုက်ခဲ့ရပြီး အခုအချိန်မှာတော့ တရုတ်ယဉ်ကျေးမှုကို အခြေခံပြီး တရုတ်အိုင်ဒင်တတီကို အားနဲ့မာန်နဲ့ ပြန်လည် ပုံဖော်လာနေကြ ပါတော့တယ်။ Note-15 *
ဒီ အိုင်ဒင်တတီက တရုတ်ပြည်ဗဟိုအစိုးရနဲ့ အခြားပြည်နယ်အစိုးရတွေရဲ့ ပုံစံ အမျိုးမျိုးသော ဆက်ဆံရေးမှာ သဟဇာတလည်းဖြစ်ပါတယ်။ ယဉ်ကျေးမှုသင်္ကတ ဆိုတဲ့ စိတ်က ပြည်နယ် အသီးသီး ရှိ တရုတ်လူမျိုးတွေနဲ့ စီးပွားရေးဆက်ဆံရာမှာ ပိုမိုအားကောင်းစေသလို တရုတ်ပြည်မထဲနဲ့ အခြားနေရာတွေမှာ တရုတ်ပိုင် စီးပွားရေးတွေ ရုတ်တရက် ဖွဲ့ဖြိုးလာခြင်းအပေါ်မှာလည်း ကျေးဇူးပြု နိုင်တယ်။ အလားတူပါပဲ စီးပွားရေးကတဆင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ တိုး တက်လာ မှုတွေက တရုတ်ယဉ်ကျေးမှုအိုင်ဒင်တတီကို အားသစ်လောင်းေ ပးနိုင်ပါတယ်။

“Greater China” ဆိုတာဟာ နောက်ကြောင်းပြန်ယုံကြည်မှု တစ်ခုသက်သက် တင် မက တော့ပါဘူး။ ယဉ်ကျေးမှုနဲ့စီးပွားရေးက တကယ်ပဲ မြန်မြန်ဆန်ဆန် တိုးတက်လာနေပြီး ဒီကနေ နိုင်ငံရေးပုံသဏ္ဍန်ပါ ပါဝင်လာနေပါတယ်။ ၁၉၈၀ နဲ့ ၁၉၉၀ ခုနှစ်တွေအကြား တရုတ်ပြည်ရဲ့ စီးပွားရေး ရုတ်တရက် တိုးတက်လာခြင်း ဟာ တရုတ်လူမျိုးတိုင်းနဲ့ ဆက်စပ်နေပါတယ်။ တရုတ်ပြည်မထဲက တရုတ် လူမျိုးတွေ၊ အာရှကျားသုံး ကောင်ထဲက တရုတ်တွေ ( အာရှကျးလေးကောင်မှာ သုံးကောင်က တရုတ်လူမျိုးတွေပါ)ရယ်၊ အရှေ့တောင်အာရှထဲက တရုတ်လူ မျိုးတွေအားလုံး ပါဝင်ပါတယ်။ အရှေ့ အာရှရဲ့ စီးပွားရေးဟာတရုတ်ဗဟိုပြု၊ တရုတ် လွှမ်းမိုးတဲ့ စီးပွားရေး ဖြစ်လာနေတယ်။ ၁၉၉၀ ခုတွေမှာ တက်လာတဲ့ တရုတ်ပြည် စီးပွားရေးအတွက် ဟောင်ကောင်၊ ထိုင်ဝမ်နဲ့ စင်္ကာပူရှိ တရုတ်လူ မျိုးတွေ ရဲ့ ငွေကြေးရင်းနှီးမြှုပ်နှံမှုတွေက အများကြီးအထောက်အကူဖြစ်ခဲ့ပါ တယ်။ အရှေ့တောင်အာရှ နိုင်ငံတွေ ထဲမှာရှိတဲ့ တရုတ်လူမျိုးတွေကလည်း သူတို့နေထိုင်နေတဲ့ နိုင်ငံတွေရဲ့ စီးပွားရေးကို လွှမ်းမိုးထား နိုင်တယ်။

၁၉၉၀ ခုနှစ်တွေအတွင်း ဖီလစ်ပိုင်မှာရှိတဲ့ တရုတ်လူဦးရေဟာ တစ်နိုင်ငံလုံးရှိ လူဦးရေရဲ့ တစ်ရာခိုင်နှုန်းသာ ရှိပေမဲ့ ပြည်တွင်းအရောင်းအ၀ယ် ဈေးကွက်ရဲ့ (၃၅) ရာခိုင်နှုန်း သူတို့ပိုင်တယ်။ ၁၉၈၀ ခုနှစ်တွေရဲ့ အလယ်ပိုင်းမှာ တရုတ် လူဦးရေ ၂-၃ ရာခိုင်နှုန်းလောက်ပဲ အင်ဒိုနီးရှားမှာရှိခဲ့ပေမဲ့ ပြည်တွင်းစီးပွားရေးရဲ့ (၇၀) ရာခိုင်နှုန်းလောက်ကို သူတို့က ပိုင်ထားတယ်။ အကြီးဆုံးစီးပွားရေး (၂၅) ခုထဲမှာ(၁၇)က တရုတ်လူမျိုးတွေရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေခဲ့ပြီး တရုတ်လူမျိုး တစ်စုရဲ့ (အများထဲကတစ်စု) GDP က အင်ဒိုနီးရှား GDP ရဲ့ ငါးရာခိုင်နှုန်းအထိ ရှိနေတယ်။ ၁၉၉၀ ခု စောစောပိုင်းနှစ်တွေအတွင်း ထိုင်းနိုင်ငံမှာ တရုတ်လူဦးရေ (၁၀) ရာခိုင်နှုန်းရှိပြီး အကြီးဆုံးစီးပွားရေး (၁၀)ခုမှာ(၉)ခုက သူတို့ပိုင်ဆိုင်တယ် ။ နောက်ပြီး ထိုင်းနိုင်ငံရဲ့ GDP (၅၀) ရာခိုင်နှုန်းဟာ တရုတ်တွေ ဆီကပဲ ဖြစ် ပါတယ်။ မလေးရှားမှာတော့ တရုတ်လူမျိုး သုံးပုံတစ်ပုံ လောက်ရှိမယ်။ ဒါပေမဲ့ ရှိရှိသမျှ စီးပွားရေးအားလုံးနီးပါးကို တရုတ်တွေက ဦးစီးထားပါတယ်။ Note-16 * ဂျပန်နဲ့ ကိုရီးယား စီးပွားရေး ကလွဲရင် အရှေ့အာရှရဲ့ စီးပွားရေးဟာတရုတ်စီးပွားရေးပါပဲ။

“Greater China” ရဲ့ ဘောဂသဟာယ ပိုင်နက်ကို ခေါက်ဆွဲစား “တူ” မိသားစု ကွန်ယက် (Bamboo Network) ပုဂ္ဂိုလ်ချင်း ဆက်ဆံရေးနဲ့ ယဉ်ကျေးမှုတူညီခြင်း က အများကြီး အထောက်အကူပြုပေးထားတယ်။ တရုတ်ပြည်ထဲမှာ စီးပွားရေး လုပ်ဖို့ဆိုရင် ပြည်ပမှာရှိတဲ့ တရုတ် တွေအဖို့ အနောက်တိုင်းသားတွေ၊ ဂျပန်တွေ ထက် အများကြီး လွယ်ကူချောမွေ့မှုရှိပါတယ်။ တရုတ်ပြည်ထဲမှာ ယုံကြည်မှုနဲ့ လုပ်ဆောင်တယ်ဆိုတာက စာချုပ်နဲ့ မဆိုင်၊ ဥပဒေနဲ့ မဆိုင်၊ ဘယ်လို ဥပဒေရေး ရာ အထောက်အထား(စာရွက်စာတမ်း)နဲ့မှမဆိုင်ဘဲ တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီး ကျွမ်းဝင်မှုနဲ့သာဆိုင်တယ်။ ဒီတော့ အနောက်တိုင်းသားတွေအဖို့ စီး ပွားရေးလုပ်ရာမှာ လူနှစ်ယောက် ကြားက ဆက်ဆံရေးအပေါ်မှာပဲမူတည်နေတဲ့ တရုတ်ပြည်ထဲမှာ စီးပွားရေးလုပ်ရတာထက် အိန္ဒိယမှာ စီးပွားရေးလုပ်ရတာက ပိုမိုလွယ်ကူနေပါတယ်။

ဂျပန်ခေါင်းဆောင်ပိုင်းတစ်ယောက်က အားကျဝန်တိုမှုနဲ့အတူ ဒီလို မှတ်ချက်ချခဲ့ တယ်။ “ တရုတ်ပြည်ဟာ ဟောင်ကောင်၊ ထိုင်ဝမ်နဲ့ အရှေ့တောင်အာရှမှာ ရှိနေ တဲ့ နယ်ခြားစည်းမဲ့ ကွန်ယက် ကြီး ဖြစ်နေတဲ့ တရုတ်ကုန်သည်ပွဲစားတွေဆီက အကျိုးအမြတ်တွေ ရရှိနေတာပါ” Note-17

အမေရိကန် စီးပွားရေးသမားတစ်ယောက်ကလည်း ဒီအဆိုကို သဘောတူ တယ်” ပြည်ပရောက် တရုတ်တွေဟာ စီးပွားရေးသဘော ကျွမ်းကျင်တယ်။ ဘာသာစကားတူတယ်။ အချင်း ချင်း ဆက်သွယ်ဖို့ ခေါက်ဆွဲစားတူ ကွန်ယက် လည်းရှိတယ်။ ဒါက တစ်ခုခုဆိုရင် အက္ကရွန် (Akron) (သို့) ဖီလဒယ်ဖီးယား (Philadelphia)က ဘုတ်အဖွဲ့ကို ပြန်လည်တင်ပြနေရတဲ့ လူတစ်ယောက် အပေါ် အများကြီး အသာစီးရနေစေတယ်”

ဆက်ရန်

Post a Comment