တစ် နှစ် သုံး

၁။ လစ်ဘရယ်ဆန်လွန်းတော့ ယဉ်ကျေးမှု တစ်ပတ်နွမ်းဖြစ်သွားတယ်။
၂။ အမျိုးသားရေးဝါဒဆန်လွန်းတော့ အာဏာရှင်စနစ်ဖြစ်သွားတယ်(သို့) အာဏာရှင်စနစ်ကို ထောက်ခံမိလျက်သား ဖြစ်သွားတယ်။

၁။ အဆိုးမြင်ဝါဒလွန်သွားတော့ ကာကွယ်ရေးအသုံးစရိတ်တွေ မြင့်သွားတယ်။
၂။ အကောင်းမြင်ဝါဒလွန်သွားတော့ နယ်ခြားစည်းတွေ ပေါက်သွားတယ်။

၃။ အလယ်အလတ်(မဇ္ဈိမပဋိပဒါ)လမ်းစဉ် အော်နေသူတွေကိုယ်တိုင်..
"အလယ်အလတ်လမ်းစဉ်ကို လာမထိနဲ့၊ မီးပွင့်သွားမယ်၊ တို့က ဒီလမ်းစဉ်ကနေ တစ်ပြားသားမှ မလျှော့နိုင်ဘူး" ဆိုနေကြတော့...
အထက်က နှစ်ခုလည်း မှန်သလိုလို ဖြစ်သွားတယ်။ ဘယ်ဟာက အလယ် အလတ်လမ်းစဉ်လဲဆိုတာ မရေရာတော့ဘူး။ အားလုံးက ဘောင်တွေနဲ့ကိုး။

အထက် ၁ နဲ့ ၂ ကဆိုရင် "အစွန်းရောက် အလယ်အလတ်ဝါဒ" လို့ ၃ ကို ခေါ်ကြမယ်ထင်တယ်။ မသိပါဘူး။ ရှုပ်လွန်းတယ်၊ ဉာဏ်မမီဘူး။

Post a Comment