၉၆၉ ကို ဘယ်လို ဂလိုဘယ်ကြမလဲ


အကြမ်းဖက်မှုသည် ၉၆၉ မဟုတ်သလို ၉၆၉ သည်လည်း အကြမ်းဖက်မှု မဟုတ်ပါ။ ဘာသာတရား၏ သင်္ကေတ တစ်ခုမျှသာဖြစ်သည်။ ဤ လှုပ်ရှားမှု သည် အသစ်အဆန်း တစ်ခုမဟုတ်ကြောင်း သာသနာ့အလံတော်နှင့် ဗိုလ် မှူး အော်လ်ကော့တို့က သက်သေခံသည်။
စစ်စစ်ပေါက်ပေါက် ပြောစတမ်းဆိုလျှင် ခြောက်ရောင်စုံ အလံတော်ကမှ အ ဆုံးအမထဲမှာ အဖျားကျနေသေးသည်။ ဤ ၉၆၉ က သာသနာ့သွေးကြော ကြီးသုံးခုကို ကိုယ်စားပြုနေသည်။
သာသနာ့အလံတော်နှင့် ဆက်စပ်၍ တချိန်က ဗိုလ်မှူး အော်လ်ကော့ကို မူလ တည်ထွင်သူဟု ထင်မှတ်နေမိသည်၊ အမှန်က မဟုတ်ပါ။ ဗိုလ်မှူး အော်လ်ကော့ ဗုဒ္ဓဘာသာမဖြစ်မီကတည်းကပင် ခြောက်ရောင်စုံ သာသနာ့ အလံတော်က သီရိလင်္ကာမှာ တည်ထွင်ပြီးသားဖြစ်သည်။ သို့သော် ဤမျှ မတွင်ကျယ်ခဲ့။ ထေရဝါဒ နိုင်ငံတိုင်း အတည်ပြုခံရသည်အထိ မရောက်ခဲ့။ အဓီက အကြောင်းက ဒီဇိုင်းပညာ မကောင်းလှသောကြောင့်ဟု ဆိုရမည် ထင်သည်၊ အလံက အထက် အောက် ရှည်လျားပြီး အသုံးပြုရန် အခက်အခဲရှိသည်။ ဤတွင် ဗိုလ်မှူး အော်လ်ကော့က ယနေ့ မြင်တွေ့နေရ သည့် သာသနာ့ အလံတော်ပုံစံကို မိတ်ဆက်ပေးလိုက်သည်။
ခေတ် စကားဖြင့် ပေါက်သွားသည်ဟု ဆိုရပေမည်။

ခြောက်ရောင်စုံ သာသနာ့ အလံတော်ကို ထေရဝါဒနိုင်ငံတိုင်း သဘောတူ သုံးစွဲကြသလို ဤ ၉၆၉ ကိုလည်း အားလုံးသဘောတူသုံးစွဲလာအောင် ငြိမ်း ချမ်းသောနည်းဖြင့် စတင်လှုပ်ရှားလျင် ဖြစ်နိုင်သည်ဟု ထင်သည်။
ဤ လှုပ်ရှား မှုမျိုးက နိုင်ငံတော်အဆင့်က စလျင် ပို၍ထိရောက်နိုင်သည်။ ဤ၌ နိုင်ငံတော်အဆင့်ဟူသည် သံဃမဟာနာယက အဖွဲ့လိုမျိုးကို ဆိုလို သည်။ သံဃမဟာနာယက အဖွဲ့က စိတ်မဝင်စား (သို့) ပါဝင်ပတ်သက်သည် ဟု မထင်မှသာ အခြား အဖွဲ့များကလှူပ်ရှားတာ ပိုကောင်းသည်ဟု ထင်မိပါ သည်။

ပထမဆုံး ခြေလှမ်းအနေဖြင့် ၉၆၉ ကိစ္စနှင့် ပတ်သက်ပြီး အခြား ထေရဝါ ဒနိုင်ငံတို့၏ သဘောထားကို တောင်းခံသင့်သည်။ ရာခိုင်နှုန်းအားကောင်းလျင် စွမ်းနိုင်သော ( စွမ်းနိုင်သောဟူသည် ဩဇာနှင့် ပစ္စည်းလေးပါး ပေါများခြင်ကို ဆိုလိုပါသည် ) ဆရာတော် တစ်ပါးပါးက ဦးဆောင်ပြီး ထေရဝါဒ ကွန်ဖရင့်လိုမျိုး ကျင်းပပြီး ကွန်ဖရင့် အထိမ်းအမှတ် အဖြစ် ၉၆၉ ကို စတင်ရလျင် ပို၍ထိရောက်နိုင်သည်။ သာသနာ့ အလံတော် ကိုလည်း ဤသို့ပင် စတင်ခဲ့ကြခြင်းဖြစ်သည်။
ဖြစ်နိုင်သည်ဟုလည်း ယုံကြည်မိသည်၊ ထိုင်း၊ သီရိလင်္ကာတို့မှာလည်း ဘာသာရေးပြဿနာက ရှိနေကြသောကြောင့် ဤသို့ ယုံကြည်မိခြင်းဖြစ်၏။

ဗုဒ္ဓဘာသာဝင်တို့ ကမ္ဘာကို အရင်ဆုံး ပြရမည်က ၉၆၉ သည် အကြမ်းဖက် မှုနှင့် လုံးဝမဆိုင်၊ ဘာသာရေးသင်္ကေတ တစ်ခု အသုံးပြုကာမျှ ဖြစ်သည် ဆို သည့် အချက်ဖြစ်သည်။ ဝမ်းနည်းစရာက ယနေ့ အနည်းငယ် ရောထွေးရှက် တင်ဖြစ်နေ၏။ ဤသို့ဆိုသဖြင့် အမှား အမှန်ကို ဝေဖန်နေခြင်းမဟုတ်ကြော င်း သိစေချင်ပါသည်။ ၉၆၉ ပုံရိပ် ကမ္ဘာ့အမြင် လှစေလိုခြင်းသာဖြစ်ပါသည်။ ခရစ္စယန်တို့က ခရော့စ်ကိုသုံးသည်။ မွတ်စလင်တို့က ၇၈၆ ကိုသုံးသည်၊ သို့ဆိုလျင် ဗုဒ္ဓဘာသာဝင်တို့ကိုရော ဘာကြောင့် ၉၆၉ မသုံးသင့်ဟု ဆိုနိုင် မည်နည်း။

မိမိတို့ဘာသာ လှုပ်ရှားမှု စတင်ပြီး ယင်း လှုပ်ရှားမှုမှာ အခြား ထေရဝါဒနိုင်ငံ တို့ပါ ပါလာအောင် စည်းရုံးနိုင်မည်ဆိုလျင် အလွန်သင့်တော်သော ကိစ္စဟု ထင်မိ၏၊ သို့သော် ထိုလှုပ်ရှားမှုသည် ငြိမ်ချမ်းရေးသင်္ကေတနှင့် တွဲစပ်နေမှ အများ၏ ထောက်ခံမှုရမည်။ အများပါလာမှလည်း လှုပ်ရှားမှုက ထိရောက် သည်။ ထိုအခါ ၉၆၉ သည် မြန်မာကိုသာ ကိုယ်စားမပြုတော့၊ ကမ္ဘာမှာ ပြန့် နေသော ဗုဒ္ဓဘာသာကို ကိုယ်စားပြုတော့၏။



 သီဟနာဒ

Post a Comment