ပရိုမိုးရှင်း ပဟေဠိ


စီဒီပလေယားလေး တစ်လုံးလိုချင်လို့ ပရိုမိုးရှင်းပေးနေတယ်ဆိုတဲ့ စူပါမား ကက် ဆီကို ရောက်ခဲ့ပါတယ်။ ကိုယ်လိုချင်တဲ့ မော်ဒယ်မှာ သူတို့ရေးထားတဲ့ စာတွေကို နားမလည်လို့ အရောင်းစာရေးကို ခေါ်မေးရတယ်။

" ဒါနဲ့ စီဒီပလေယားဘေးမှာ ရေးထားတဲ့ ' Hybrid pulse D/A converter' ဆိုတာ ဘာအဓိပ္ပါယ်လဲ" မေးတော့...

" ဆိုလိုတာက ဒီ စီဒီပလေယားဟာ စီဒီပြားပေါ်မှာ ရေးထားတဲ့ ဒစ်ဂျစ်တယ် အမှတ်အသားတွေကို ဖတ်နိုင်တယ်၊ ဖတ်ပြီး အော်ဒီယို ( အသံဖြစ်အောင် ) ပြောင်းလဲပေးနိုင်တယ်၊ ဒီလိုပါ " အရောင်းစာရေးက ရှင်းပြတယ်။

" ရှင်းရှင်းပြောရင် ဒီ စီဒီပလေယားက စီဒီဖွင့်လို့ရတယ်၊ ဒီလိုမဟုတ်လား " ဆိုတော့မှ
" အတိအကျပဲ " တဲ့။
(R.D, March,2005 )

ဇင်ဝေသော်

 

Post a Comment