အမ ။ ။ ဟဲ့ မောင်လေး၊ နင်က ဘာဖြစ်လို့ မျက်နှာ ပုဝါကြီးစည်းထားရ တာလဲ။
မောင်။ ။ မျက်စေ့နှစ်လုံး အမြင် မရရင် အနံ့ခံတဲ့ အာရုံမှာ ပိုပြီးစူးရှတယ်ဆို လို့ စမ်းသပ်ကြည့်တာလေ။ တကယ်မှန်တယ်၊ အဝေးက အနံ့တွေကို ငါ ကောင်းကောင်း ရနေတယ်။ မျက်လုံး မစည်းခင်က ဒီ အနံ့တွေကို မရခဲ့ဘူး။
အမ ။ ။ အခု နင်က ဘာအနံ့တွေ ရနေလို့လဲ။
မောင် ။ ။ မီးဖိုထဲမှာ မေမေချက်နေတဲ့ ဟင်းနံ့တွေ၊ ကြက်သွန်နံ့၊ သစ်သီးနံ့၊ ဘာအနံ့လို့ ခွဲခြားပြောလို့ မရတဲ့ အနံ့မျိုးစုံကို ငါ ရနေတယ်။
အမ ။ ။ မှန်း စမ်း...၊ ရမှာပေါ့၊ နင့်မျက်လုံးကို စည်းထားတဲ့အဝတ်က ငါ လျှော်မလို့ထားတာ မလျှော်ဖြစ်သေးတဲ့ လက်သုပ်ပုဝါကြီး ဟဲ့။
ဇင်ဝေသော်
Post a Comment