ဖရီးသင့်ကား ( Free Thinker ) များလာရခြင်း အကြောင်းရင်းတစ်ခု


" ယဉ်ကျေးတဲ့ ကမ္ဘာ့ နိုင်ငံကြီးတွေဟာ သူ့လူမျိုးမဟုတ်၊ သူ့ပြည်တွင်း မှာ မွေးတာလည်းမဟုတ်၊ ကိုးကွယ်မှုချင်း လုံးဝမတူမှန်းလည်းသိတဲ့ သူများနိုင်ငံတွေက ဒုက္ခသည်တွေကို ကိုယ်တာတွေထားပြီး ဘာလို့များ နှစ် စဉ် လက်ခံနေကြတာပါလိမ့်"

လွန်ခဲ့တဲ့ နှစ်လလောက်က ယူကေရဲ့ ယုံကြည်ကိုးကွယ်မှုနဲ့ ဆက်စပ်နေတဲ့ သတင်းတစ်ပုဒ် ပါလာတယ်။ စိတ်ဝင်စားစရာ ကောင်းတာက ဒီနှစ်တွေမှာ ဖရီးသင့်ကားတွေ ပိုလို့တိုးပွားလာနေတယ်တဲ့။ ယူကေမှာဆိုတော့ ဒီ ဖရီး သင့်ကားတွေ ဘယ်ကခွဲထွက်လာတာလဲဆိုတာ စဉ်းစားရတာ သိပ် မခက် လှပါဘူး။ မဆိုစလောက် ဗုဒ္ဓဘာသာ၊ ကိုလိုနီပါ အိန္ဒိယန်း ဟိန္ဒူတချို့ကလွဲ ရင် ခရစ္စယန်နဲ့ အစ္စလမ်က ( ခရစ္စယန်ထဲက ပိုများနိုင်တယ် ) ခွဲထွက် လာ တာတွေပဲ ဖြစ်ဖို့များပါတယ်။
ဘာဖြစ်လို့ ဖရီးသင့်ကားဖြစ်ကြရတာလဲဆိုတဲ့ အဖြေကတော့ အများကြီး ရှိနေနိုင်ပါတော့တယ်။
သေချာတာက ဘာသာရေး အဆုံးအမတွေအပေါ် သံသယရှိမှု၊ ကောင်းေ နပြီးတာပဲ ဘာသာမရှိလည်း ပြဿနာမရှိဆိုတဲ့ ယုံကြည်မှု၊ နောက်ပြီး ဘာသာရေးနောက်ခံ အကြမ်းဖက်မှုတွေလည်း သေချာပေါက် ပါနိုင်ပါတယ်။ အစိုးရကို ပေးရမယ့်အခွန်ကိုမပေးလို့ အဖမ်းခံရနိုင်ပေမဲ့ ဘယ်ဘာသာကိုမှ မကိုးကွယ်လို့တော့ လာဖမ်းလို့ မရဘူးလေ။

အကြမ်းဖက်မှုတိုင်းမှာ ဟိုဖက် ဒီဖက် ခိုင်လုံတဲ့အကြောင်းပြချက်တွေ ရှိနေ ကြတာချည်းပါပဲ။ သူမှန် ငါမှန်က တုတ်ထမ်း ဓားထမ်းငြင်းမှရတာမျိုးပါ။ ဘယ်တော့မှလည်း တုတ်၊ ဓားနဲ့ အဖြေရှာလို့ မရတတ်ဘူး။
မိတ္ထီလာကနေ ရမည်းသင်းကို ကူးသွားတယ်။ ဘယ်သူက ဘယ်သူ့ကို ဘာတွေ မခံမရပ်နိုင်အောင်လုပ်ထားလို့ ဒီလိုတွေ ဖြစ်ရတာလဲဆိုတာ ရမည်းသင်းမှာ မနေဖူးသူတွေ ကျကျနန မသိနိုင်ဘူး။ ဒီ မခံမရပ်နိုင်မှုတွေ ကို ဖော်ထုတ်ဖို့ ဒီမိုကရေစီကို စောင့်နေကြရတာလား၊ ဒါဆိုရင်တော့ ဒီမိုကရေစီလည်း ဓားစားခံ ( ဒုတ်စားခံလို့ ခေါ်ရင်လည်း ရမယ်ထင်တယ် ) ဖြစ်သွားရပြန်တယ်။ ပြီးတော့ ရှေ့ ခြေတစ်လှမ်းတက်လာတဲ့ နိုင်ငံတော်ဟာ နောက်တစ်လှမ်း ( တချို့က နှစ်လှမ်းလို့တောင် ပြောကြတယ် ) ပြန်ဆုတ်သွားတယ်။

ယဉ်ကျေးတဲ့ ကမ္ဘာ့ နိုင်ငံကြီးတွေဟာ သူ့လူမျိုးမဟုတ်၊ သူ့ပြည်တွင်း မှာ မွေးတာလည်းမဟုတ်၊ ကိုးကွယ်မှုချင်း လုံးဝမတူမှန်းလည်းသိတဲ့ ဒုက္ခသည်တွေကို ကိုယ်တာတွေထားပြီး ဘာလို့များ နှစ်စဉ် လက်ခံနေကြ တာပါလိမ့်။
ဆိုက်ပရပ်ကိစ္စက ပိုကြီးကျယ်နေတော့ မြန်မာ့သတင်းက ( တစ်ပိုင် တစ်နိုင် ကိုယ့်အသံနဲ့ကိုယ် အော်နေကြရတဲ့ ဖေ့စ်ဘုတ်ကလွဲရင် ) အင်္ဂလိပ်လို သတင်းစာတွေမှာ ဒုတိယနေရာ ရောက်သွားတယ်။
ကံကောင်းတယ် လို့ ပြော ရမလား၊ ကံမကောင်းတာတော့ သေချာတယ်။

ဒီလိုတွေ ကြုံတွေ့ရတာများရင် ကမ္ဘာမှာ ဖရီးသင့်ကားတွေ ပိုများလာမယ်ဆို တာ ဗေဒင်မေးစရာ မလိုလောက်ဘူး။ ဘာသာရေး ပြဿနာတွေ လတ်တလော ပြေလည်ဖို့ အဖြေရှာတွေ့ကြသေးဟန်လည်းမတူသေးဘူး။ အရင်က ဘာသာရေးအခြေခံ ပြဿနာတွေဆိုတာ နယ်ချဲ့မှုတွေနဲ့ ရောထွေးနေတယ်။ အခုလည်း နယ်မြေလုမှုက မပြီးသေးဘူး၊ ဒါ့အပြင် အခု ဘာသာရေးပြဿနာတွေက ဒုတ်၊ ဓား၊ မီးတုတ်၊ မုဒိမ်းကျင့်၊ အလံမီးရှို့၊ ရုပ်တုဖျက်ဆီး၊ လက်ဖြစ်ဗုံး၊ စက်ဖြစ်ဗုံး၊ ကားဗုန်း၊ လေယာဉ်ဗုံး ၊ ရော့ကက်တွေနဲ့ ဆက်စပ်နေတယ်။
ကံကောင်းထောက်မစွာပါပဲ ဘာသာရေး အစွန်းရောက်သူတို့ထံမှာ အနုမြူဗုံး ရှိကြသေးဟန် မတူဘူး။
ဤသို့ သတ်ကြပုတ်ကြဖြင့် အတန်ကြာသောအခါ..............


 ဇင်ဝေသော်

Post a Comment