'ထား' တို့ စတိုရီများ


( 1 )
Siti ။ ။ နင်တို့အိမ်ရှင်က တစ်ခါတစ်ခါ သူကိုယ်တိုင် ထမင်းဟင်း ချက်တယ်ဆို
Maribet ။ ။ ကံမကောင်း အကြောင်းမလှစွာပါပဲ၊ ဟုတ်တယ်။
Siti ။ ။ ဒါနဲ့များ ဘာကြောင့် ကံမကောင်း အကြောင်းမလှ ဖြစ်နေ ရတာလဲ
Maribet ။ ။ သူက အဝတ်အစားတင် " dresses to kill " မဟုတ်ဘူး၊ ချက်ရာ ပြုတ်ရာမှာလည်း ဒီအတိုင်းပဲ။

( 2 )
Siti ။ ။ အစားမစားခင် ဆုတောင်းစာတွေ ရွတ်တတ်သလား။
Maribet ။ ။ အိမ်ရှင်မကိုယ်တိုင် ဝင်ချက်တဲ့ နေ့တွေမှပါ။

(3 )
အလုပ်နားတဲ့နေ့မှာ Maribet နဲ့ Teresita တို့ အပြင်ထွက် လည်ပတ်ကြ ရင်း နေ့ခင်းရောက်တော့ စားသောက်ဆိုင်ထဲဝင်ပြီး သူတို့မှာ ပါလာတဲ့ နေ့ လည်စာတွေ ထုတ်စားနေလိုက်ကြတယ်။
ခဏနေတော့ စားပွဲထိုးရောက်လာပြီး ဒီဆိုင်ထဲမှာ ကိုယ်ယူလာတဲ့ အစား အစာတွေ ကိုယ် ပြန်မစားရဘူး လို့လာပြောတယ်။
ဒီတော့ Maribet.က “No problem,” ဆိုပြီး သူယူလာတာကို Teresita ကို ကျွေးပြီး Teresita ပါလာတာကို သူ ယူစားလိုက်တယ်။



 ဇင်ဝေသော်

Post a Comment