ကိုယ့် နိုင်ငံသား ပဓာနဝါဒ (သို့) နိုင်ငံတချို့ရဲ့ ဖောရိန်းအလုပ်သမား ကန့်သက်ချက်များ(၂)


၂။ ဩစေတးလ်

နိုင်ငံခြား အလုပ်သမားဥပဒေနဲ့ ပတ်သက်လို့ကတော့ ဩစတေးလျက အတင်းကြပ်ဆုံး နိုင်ငံလို့ ပြောရမှာပါပဲ။ ပထမဆုံး ဩစတေးလျအစိုးရ အလိုရှိတာက နိုင်ငံခြားသား အလုပ်သမား ငှါးတော့မယ်ဆိုရင် ဗီဇာယူစဉ်ကကို မားကတ်ဈေးနှုန်း ပေးထားရပါတယ်။ ရည်ရွယ်ချက်ကတော့ ဒီလို လုပ်ခြင်းအားဖြင့်ဒေသခံတွေကို လစာမြှင့်ပေး မယ့်အစား ဈေးချိုတဲ့ နိုင်ငံခြားသားကို ခေါ်ခိုင်းမှာကို တပ်လှန့်ပြီးသား ဖြစ် တယ်လို့ ယုံကြည်ထားလို့ပါ။
နိုင်ငံခြားသား အလုပ်သမားကို လစာပေးရာမှာလည်း ဒီလစာကို ဘာ့ကြောင့် ဒီလောက် ပေးရတယ်၊ ဒေသခံကို လစာပေးရာမှာလည်း ဘာကြောင့် ဒီလ စာ ပေးရတယ်ဆိုတာ အစိုးရကို ရှင်းပြရပါတယ်။ သက်မှတ်ချက်အရ အ နည်းဆုံး အလုပ်သမားတစ်ယောက်ရဲ့ နှစ်စဉ်ဝင်ငွေဟာ ဩစတေးလျဒေါ် လာ (၅၁၄၀၀) ရှိနေရတယ်။

ဒုတိယအချက်အနေနဲ့ နိုင်ငံခြားသားကို အလွယ်တကူ ခေါ်ခိုင်းတာ မဟုတ်ကြောင်း၊ ဒေသခံ အလုပ်သမားတွေကိုလည်း ကျွမ်းကျင်လာအောင် လေ့ကျင့် ခန်းသင်တန်းတွေ ပေးကြောင်း အလုပ်ရှင်တွေက အစိုးရကို ရှင်းပြကြရတယ်။ ဒီလမ်းညွှန်ချက်နဲ့ ကိုက်ညီအောင် သူတို့ ငှါးရမ်းထားတဲ့ အလုပ်သမားရဲ့ ဝင်ငွေ (၂) ရာခိုင်နှုန်းကို ပေးဆောင်ရတယ်။ ဒါမှမဟုတ် လစာအား လုံးရဲ့ (၁) ရာခိုင်နှုန်းကို အလုပ်သမား လေ့ကျင့်ပေးရေး သင်တန်းတွေ အ တွက် သုံးစွဲရတယ်။
အလုပ်ရှင်တွေက ဩစတေးလျန်းတွေကို မငှါးရမ်းဘဲ နိုင်ငံခြားသားတွေ အများကြီးကို ငှါးရမ်းလာကြမှာ စိုးရိမ်လို့ အစိုးရက ဒီဥပဒေကို ၂၀၀၉ - ခုနှစ် ကတည်းက စတင် ကျင့်သုံးလာခဲ့တာ ဖြစ်ပါတယ်။

" ဈေးနှုန်းသက်မှတ်ချက်ကိုလည်း အလုပ်ရှင်က ပေးကိုပေးရပါမယ်။ ဒါမှ လည်း နိုင်ငံခြားက အလုပ်သမားတွေကို လိုက်မရှာတော့ဘဲ ဩစတေး လျန်းတွေကို ငှါးရမ်းဖို့ ကြိုးစားလာကြမှာပါ” လို့ လူဝင်မှုကြီးကြပ်ရေး ဝန် ကြီးဟောင်း ခရစ်ဘရောင်းက ဘီဘီစီကို ရှင်းပြခဲ့ပါတယ်။

တတိယအချက်အနေနဲ့ကတော့ ငှါးရမ်းမယ့် နိုင်ငံခြားသား အလုပ်သမားဟာ ဩစတေးလျမှာ အမှန်တကယ် လိုအပ်နေတဲ့ အရည်အသွေးတွေနဲ့ ပြည့် စုံနေသလားဆိုတဲ့ အချက်ကို အစိုးရကိုယ်တိုင်က စိစစ်တာပါ။ဩစတေးလျမှာ လိုအပ်နေတဲ့ အလုပ်အရေအတွက်ကို နှစ်စဉ်နှစ်တိုင်း အစိုး ရက ထုတ်ပြန် ကြေညာတတ်ပါတယ်။ လတ်တလောမှာတော့ အလုပ်အကိုင် နှစ်ရာလောက် ဖော်ပြထားပါတယ်။ ဗိသုကာပညာရှင်တွေ၊ ဆောက်လုပ်ရေး ပရောဂျက် မန်နေဂျာတွေ၊ အင်ဂျင် နီယာ၊ ရှေ့နေ၊ လက်သမားစတာတွေ ပါဝင်ပါတယ်။ အများအားဖြင့်တော့ ဆေးဝါး၊ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အလုပ်မျိုးတွေ ပါပဲ။ အလုပ်အကိုင် ခေါ်ယူတဲ့ ကြော်ငြာတွေ သတင်းစာမှာ ထည့်ဖို့ မဖြစ်မနေ လိုအပ်တာမျိုး မဟုတ်ပေမဲ့ နိုင်ငံခြားသား အလုပ်သမားကို ခေါ်ယူဖို့ အမှန် တကယ် လိုအပ်နေပါတယ်ဆိုတဲ့ အချက်ကိုတော့ အလုပ်ရှင်တွေဘက်က လုံးဝ သေချာနေရပါမယ်။

ဩစတေးလျမှာ အများဆုံးရှိနေတဲ့ နိုင်ငံခြားသားတွေကတော့ အရည် အချင်းရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ ပါပဲ။ ဒီနှစ်မှာပဲ အဲသလို ပညာရှင်တွေ အတွက် အမြဲနေထိုင်ခွင့် ဗီဇာ (၁၂၉၂၅၀) ခွင့်ပြုမယ်လို့ ဆိုထားပါတယ်။ လတ်တလောမှာတော့ အဲဒီ နိုင်ငံခြားသား ပညာရှင်တွေကြောင့်ပဲ လူထုက မကျေမချမ်း ဖြစ်နေကြပါတယ်။ ဒီလူတွေက သူတို့ အလုပ်တွေကို လုယူနေ ကြတယ်လို့ လူထုက ခံယူထားလို့ပါ။

သူတို့ကို ခွင့်ပြုတဲ့ ဗီဇာသက်တမ်းက သုံးလကနေ လေးနှစ်အထိ အမျိုးမျိုး ရှိနိုင်ပါတယ်။ ဒါတွေက အစိုးရဖက်ကနေ သူတို့လူမျိုးတွေရဲ့ အကျိုး စီးပွား အတွက် နိုင်ငံခြားသားတွေအပေါ် ကန့်သတ်တားမြစ်မှုတွေပါ။ ဒါပေမဲ့ အစိုးရ က ဘယ်လောက်ပဲ ကြိုးစားကြိုးစား အလုပ်ရှင်တွေဖက်ကလည်း သူတို့ကမ်း လှမ်းတဲ့ အလုပ်ကို လိမ်လည်တာ၊ လစာကို လိမ်လည်တာမျိုးတွေတော့ ရှိနေဆဲပါပဲလို့ သိရပါတယ်။

၃။ ဟောင်ကောင်

ဟောင်ကောင်မှာရှိတဲ့ အလုပ်ရှင်တွေအနေနဲ့ သူနာပြုဌာန စတာတွေ မှာ နိုင်ငံခြားသားကို ခေါ်ယူတော့မယ်ဆိုရင် အခက်အခဲ သုံးမျိုးကို ကျော် လွှားဖို့ လိုအပ်ပါတယ်။ အရင်ဆုံး အလုပ်သမား ခန့်တော့မယ်ဆိုရင် အလုပ်သမားသစ် ခန့်အပ်ထားဖို့ တစ်လကြာအောင် စောင့်ဆိုင်းရပါတယ်။ ခန့်အပ်မယ့် အလုပ်သမားက နည်းပညာရှင်အဆင့်နဲ့ ဒီအောက် နိမ့်တဲ့အဆင့်ဆိုရင် ပြည်တွင်း သတင်းစာ ကနေ နှစ်ပတ်ကြာအောင် အလုပ်ခေါ်ယူကြောင်း ကြော်ငြာ ထည့်ရပါတယ် ။ ပေးမယ့်လစာ အပါအဝင် ဖော်ပြရပါတယ်။

ပြီးရင် အစိုးရရဲ့ အလုပ်သမားဝန်ကြီးဌာနက အလုပ်ရှာဖွေနေသူတွေနဲ့ လစ် လပ်နေတဲ့ရာထူးကို ကြားကနေ တွေ့ဆုံညှိနှိုင်းပေးတယ်။ အလုပ်ခန့်အပ်ခံရမယ့် အလုပ်သမားတွေမှာ အရည်အချင်း လိုနေမယ်ဆိုရင် အလုပ်ရှင်ကနေ သင်တန်းတွေ ထပ်ပေးရပါတယ်။ ဒီသင်တန်း ဖြစ်မြောက်ဖို့ကိုတော့ အစိုးရရဲ့ အလုပ်သမား လေ့ကျင့်ပေးရေး ဘုတ်အဖွဲ့ (Employees Training Board) က ပူးပေါင်းကူညီပါတယ်။ နောက်ဆုံးအခက်အခဲကတော့ နောက်ဆုံးအဆင့်ပါ။ အလုပ်သမားသစ် ရှာဖွေရေးနဲ့ ပတ်သက်ပြီး သူတို့ ဘယ်လောက် ကြိုးစားခဲ့တယ်ဆိုတာကို အလုပ်သမားရေးရာဦးစီးဌာန (Labour Department) ကို တင်ပြရပါတယ်။ ဒီလောက် ကြိုးစားပါလျက် ဒီအလုပ်အတွက် ဒေသခံတွေထဲက ရှာလို့ မရတော့တဲ့အတွက် နိုင်ငံခြားသား အလုပ်သမားကို ခန့်အပ်ခွင့်ပြုဖို့ လျှောက် ထားရပြန်ပါတယ်။ ဒီလျှောက်လွှာကို အလုပ်သမားရေးရာ အကြံပေးအဖွဲ့ (Labour Advisory Board) က စစ်ဆေးပြီး အလုပ်သမားရေးရာ ဦးစီးဌာန ကနေ ခွင့်ပြုပါတယ်။

ဒီလို ဥပေဒ ထုံးတမ်းစဉ်လာကိုတော့ အပိုအလုပ်သမား ခန့်အပ်ခြင်း အစီအစဉ်လို့ ခေါ်ပါတယ်။ ဒီဥပဒေက ၁၉၉၆ - ခုနှစ် ကတည်းက အတည်ပြု ခဲ့တာ ဖြစ်ပြီး အဲဒီအချိန်က ဟောင်ကောင်ဟာ ပြည်ပလုပ်အား မဖြစ်မနေ လိုအပ်နေတဲ့ ကာလလည်း ဖြစ်နေခဲ့ပါတယ်။ ဒီဥပဒေက ပြည်တွင်း အလုပ်သမားတွေ အလုပ်ရရှိရေး၊ လစာ တူတူတန်တန် ရရှိရေးကို အကာအကွယ် ပေးထားပါတယ်။ (Supplementary Labour Scheme ကို S.L.S. လို့ ခေါ်ပါ တယ်။)

ပရော်ဖက်ရှင်နယ်အဆင့် နိုင်ငံခြားသား အလုပ်သမားကို ငှါးယူချင်တယ် ဆိုရင်တော့ အလုပ်ရှင်က ဒီလောက် တင်းကြပ်မှု မရှိတဲ့ General Employment Scheme အောက်ကနေ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနကို တင်ပြ တောင်းဆိုရပါတယ်။ဟောင်ကောင်မှာလည်း ဆောက်လုပ်ရေးပိုင်းက အလုပ်သမားတွေ အလုပ် လက်မဲ့တွေ များပြားလာနေတဲ့အတွက် နိုင်ငံခြားသားတွေ ခေါ်ယူပြီး ငှါးရမ်းနေလို့ ဒီလို ဖြစ်ရတာဆိုတဲ့ ယုံကြည်မှုမျိုး လူထုကြားထဲမှာ ရှိနေလို့ ဒီလောက် ထိန်းကွပ်ထားတဲ့ ကြားက အစိုးရလည်း ဝေဖန်ခံနေရတာတော့ မလွတ်ခဲ့ပါဘူး။

( ဆက်ရန် )

 ဇင်ဝေသော်

Post a Comment