“လူပီသဖို့ ငိုရမယ် (I cry, therefore I am)”


Humanity’s sob story.
By Michael Trimble.

( နယူးယောက် တိုင်းက မျက်ရည်များရဲ့ သမိုင်း စစ်စစ်ပေါက်ပေါက် သုတေ သနဆောင်း ပါးပါ။ စိတ်ဝင်စားမိလို့ ပြန်လိုက်တာပါ။ ရှည်လွန်းလို့ သုံးရက် ခွဲတင်သွားပါမယ်။)

၂၀၀၈- ခုနှစ်တုန်းက ဂျာမဏီနိုင်ငံ Muenster မှာရှိတဲ့ တိရိစ္ဆာန်ရုံထဲက ဂါနာ (Gana) လို့ခေါ်တဲ့ ဂေါ်ဇီလာမကြီးက ဂေါ်ဇီလာလေး တစ်ကောင်မွေး တယ်။ သုံးလကြာတော့ ဂေါ်ဇီလာလေး ဆုံးသွားတယ်။ ဖြေဆည် မရ ကြေ ကွဲနေရှာတဲ့ ဂါနာရဲ့ဓာတ်ပုံတွေလည်း မီဒီယာပေါ်မှာ ပလူပျံလို့နေတာပဲ။ အသည်းကွဲ ဂေါ်ဇီလာမကြီးဟာ အသက်မရှိတော့တဲ့ ဂေါ်ဇီလာလေးကို ဝမ်းနည်းတကြီး ပွေ့ဖက်လို့ထားတယ်။ ဂေါ်ဇီလာမကြီးကိုကြည့်ချင်လို့ လာ ကြတဲ့ လူပရိသတ်ကြီးဆိုတာလည်း မနည်းမနောပဲ။

ပြောရမှာတော့ အားနာစရာပါ။ ဂါနာဟာ ဝမ်းနည်းတတ်ပေမယ့် ငိုတော့ မငို တတ်ပါဘူး။ ငိုကြွေးခြင်းနဲ့ မျက်ရည်ကျခြင်း တစ်ထပ်တည်းကျတာဆိုလို့ လူဆိုတဲ့ သက်ရှိသတ္တဝါပဲရှိပါတယ်။ ဒမ်ဘိုတို့ ဘန်ဘီတို့ကို တောင်းပန် စ ကား ပြောရပါလိမ့်ဦးမယ်။ တိရိစ္ဆာန်တွေ ငိုတတ်တယ်ဆိုတာ သိပ္ပံနည်းကျ သက်သေပြလို့ မရပါဘူး။

ဂေါ်ဇီလာတွေကို အထူးပြုလေ့လာနေတဲ့ Dian Fossey နဲ့ ချင်ပန်ဇီတွေကို အထူးပြုလေ့လာနေတဲ့ Jane Goodall တို့အဆိုအရ တိရိစ္ဆာန်တွေရဲ့ မျက်ရည်နဲ့ ကြေကွဲဝမ်းနည်းမှု ဆက်စပ်လို့ မရပါဘူး။ “the emotional Lives of Animals” စာအုပ်ကိုရေးတဲ့ Marc Bekoff အဆိုအရ တိရိစ္ဆာန်ရဲ့ မျက်ရည်ဟာ မျက်ရည်သက်သက်ပါ။ ဝမ်းနည်းပူဆွေးမှုနဲ့ ဆက်စပ်မနေပြန် ပါဘူး။ ဆင်တွေကို အထူးပြုလေ့လာနေတဲ့ မစ္စတာ Jeffery Moussaieff နဲ့ Mrs. Susan McCarthy တို့ကလည်း ဆင်တွေဝမ်းနည်းလို့ ငိုတယ်ဆိုတာ မတွေ့ဖူးသလောက်ပါလို့ ဆိုခဲ့ပြန်ပါတယ်။

တိရိစ္ဆာန်တွေ မျက်ရည်ကျတယ်ဆိုတာကတော့ မှန်ပါတယ်။ ဒါပေမယ့် ဒီမျက်ရည်က နာကျင်မှုကြောင့် ရုပ်ပိုင်းဆိုင်ရာ တုန့်ပြန်မှုသက်သက် သဘာ ဝအရ ထွက်လာတဲ့မျက်ရည်မျှသာ ဖြစ်ပါတယ်။ မျက်ရည်က မျက်လုံး ရဲ့စွတ် စိုမှုကို အကာအကွယ်ပေးပါတယ်။ ပရိုတိန်းဓာတ်တစ်ချို့ကို လည်း စောင့်ရှောက်ပေးထားနိုင်ပါတယ်။ ကြေကွဲဝမ်းနည်းမှုနဲ့ မျက်ရည် ဆက် စပ်ပြီး ကျလာတာကတော့ လူသားမှာသာရှိတယ်ဆိုတာ ကျွန်တော်တို့ အခိုင်အမာ လက်ကိုင်ထားကြဆဲပါ။

ကလေးတစ်ယောက်ဆိုရင် မွေးပြီးလို့ နှစ်ရက်အတွင်းမှာပဲ ဝမ်းနည်းတဲ့ မျက်နှာ ဝမ်းသာတဲ့မျက်နှာကို ဖော်ပြတတ်နေပါပြီ။ မွေးကင်းစ ကလေး တစ်ယောက်ဟာ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ မငိုတတ်ဘူးဆိုရင် အသက်ရှင်ဖို့ လမ်းစမရှိပါဘူး။

ကလေးမွေးပြီးလို့ လေးငါးလအတွင်းမှာပဲ အဲဒီကလေးနဲ့ ပတ်ဝန်းကျင်ရဲ့ ဆက်ဆံရေးဟာ ခံစားမှုတွေနဲ့ ပြည့်သိပ်ဖွဲ့ချည်နေပါတော့တယ်။ အထူးသဖြင့်တော့ သူ့ရဲ့ ခံစားချက်ကိုဖော်ပြဖို့ ကလေးက ငိုပြတာမျိုးတွေပါ။

ကျွန်တော်တို့ ကြီးပြင်းလာပြန်တော့လည်း မျက်ရည်ဆိုတာ ကျွန်တော်တို့ လူမှုဆက်ဆံရေးနယ်ပယ်ရဲ့ အထင်ကရ ဆက်သွယ်ချက်တစ်ခု ဖြစ်နေပြန်ပါသေးတယ်။ ငိုကြွေးခြင်းဆိုတာ ရယ်မောခြင်း လိုပါပဲ။ လူသားရဲ့ စကြာဝဠာဆိုင်ရာ ခံစားမှုပြယုဂ်တစ်ခုပါ။ ဒါပေမယ့် ယဉ်ကျေးမှုတွေအပေါ်အခြေခံ၊ လိင်ကွဲပြားမှုတွေအပေါ်မှာ အခြေခံပြီး ရယ်မောမှုလောက်တော့ ကျယ်ကျယ်ပြန့်ပြန့် ထုတ်ဖော်မပြ တတ်ကြပါဘူး။ လက်လည်းသိပ်မခံကြပါဘူး။ တကယ်က ပျော်ရွှင်မှု ထက် ကြေကွဲမှုက ပိုပြီးအရောင်အသွေးစုံလင်ပါတယ်။ တကယ်လို့ ကြေကွဲပြီး ငိုမိကြတယ်ဆိုရင်တောင် ငိုကြွေးပုံတွေက အမျိုးမျိုး အသွင်ကွဲနေတတ်ပါတယ်။

အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုငိုတတ်ပြီး ပိုပြီးလည်း ရှိုက်ကြီး တငင် ရှိတတ်ပါတယ်။ အထူးသဖြင့် သူတို့ခံစားမှု အရှိန်မြင့်မားနေတဲ့ အချိန် မျိုးတွေမှာပေါ့။ ဒါဟာ ကွဲပြားတဲ့ ဟိုမုန်းဓာတ် သဘာဝကြောင့်ဖြစ်နိုင်သလို လိင်ကွဲပြားမှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ငိုကြွေးခြင်းလိုပါပဲ၊ စိတ်ဓာတ်ကျခြင်းနဲ့ပတ်သက်လို့လည်း ကမ္ဘာတစ်ဝှမ်းလုံး မှာ အမျိုးသမီးတွေက အမျိုးသားတွေထက်ပိုပြီး ဖြစ်တာများပါတယ်။ ဒါဟာ အမျိုးသမီးတွေက ဆယ်စုနှစ်ပေါင်းများစွာ အမျိုးသားတွေနဲ့တန်းတူ အခွင့် အရေး မရခဲ့တဲ့ အားနည်းချက်ကြောင့်များ ဖြစ်လေမလားဆိုတဲ့ အကြောင်းပြ ချက်လည်း ရှိနိုင်ပါတယ်။ ပြီးတော့ လူမှုရေးနှိမ်ချခံရတာ၊ တခါတရံ အကြမ်း ဖက်မှု ခံရတာတွေအထိ ရှိတတ်တာတွေလည်း ပါနိုင်ပါတယ်။

" မျက်ရည်ကျဖို့ သေးမွှားတဲ့ကိစ္စရယ်လို့ မရှိ "

အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ငိုတဲ့အချိန်ပိုနည်းတာတင် မကပါ ဘူး။ သူတို့ ဘာကြောင့် မျက်ရည်ကျရတယ်ဆိုတာကိုလည်း အမျိုးသမီးေ တွလောက် ပွင့်ပွင့်လင်းလင်း ပြောမပြတတ်ပါဘူး။ အများအားဖြင့် သူများ မသိအောင် ယောင်္ကျားတွေက ခိုးခိုးငိုတတ်ပြီး သူတို့ငိုတာ သူများတွေ သိသွားရင်လည်း တောင်းပန်စကား အမျိုးသမီးတွေထက် ပိုပြောတတ်ကြ တယ်။ သူတို့ တကယ်ချစ်မြတ်နိုးသူတွေ ဆုံးပါးတဲ့အခါနဲ့ ဘာသာရေး ဓလေ့ထုံးစံနဲ့ ပတ်သက်ရင်တော့ အမျိုးသားတွေလည်း အမျိုးသမီးတွေလိုပဲ မျက်ရည်ကျတတ်တယ်လို့ သုတေသနအရ သိရပါတယ်။

အထူးသဖြင့်တော့ သူတို့ကိုယ်တိုင်က တာဝန်ယူထားရသူ၊ စောင့်ရှောက် ထားရသူ၊ ကာကွယ်ပေးထားရသူတွေ ဆုံးပါးသွားရင် ယောင်္ကျားတွေက ပိုငိုတတ်တယ်လို့ ဆိုပါတယ်။

ရှိတ်စပီးယားရဲ့ ကမ္ဘာကျော် Coriolanus ထဲမှာတော့ “ It is no little thing to make mine eyes to sweat compassion” လို့ ပြောထားတယ်။ ငါ့မျက်လုံးထဲမှာ ကရုဏာမျက်ရည်ဝေဖို့ သေးမွှားတဲ့ အရာရယ်လို့ မရှိဘူး လို့ ပြန်ရင် သင့်တော်မယ်ထင်ပါတယ်။


ဇင်ဝေသော်

Post a Comment