ပြန်ချင်သည့် ကွန်မင့်များ


"Kyaw Winmyint: သော ကြာ နေ့ ဆို ရင် နေ့ လည် 12:15 မှ 1:45pm ခန့် အ ထိ လောက် ပါ ။ အ ချိန် လွဲ နေ တော့ ဒါ မ ဟုတ် လောက် ပေ ဘူး
2 hours ago via mobile · Unlike · 2"


ကိုကျော်ဝင်းမြင့်၏ အထက်ပါ ကွန်မင့်နှင့်ပတ်သက်၍ ရှင်းလို့ရသမျှ ရှင်းပြ ချင်သည်။ အသေးစိပ်များကား ကော်မတီထဲမှာပင် ရှိရမည်ဖြစ်သည်။

၁ ။ ယင်း ဗလီ၏အမည်မှာ Masjid Darul Aman ဖြစ်ပြီး လိပ်စာက1, Jalan Eunos ဖြစ်သည်။

၂ ။ အစ္စလမ်တရားပွဲနှင့် ပတ်သက်ပြီး

Talk on "Islam" Our way of life
1 ) The meaning of Islam
2 ) The basic teaching of Islam
3 ) Who are Muslims?
4 ) Why Islam is still relevant today.
5 ) Islam the most misunderstood and underrated religion.
6 ) Qs and As

By Mr Haron Akhtar, a religious teacher.
Sun day, 31st of March,
Venue: Mangala Hall
Time 12:45 pm to 2 pm.

၃ ။ (ကားပါကင်နှင့် ပတ်သက်ပြီး ) အထက်ပါ ကွန်မင့်ရှင်က မြန်မာပြည်ထဲမှ ဆိုလျှင် စင်္ကာပူမှာရှိနေသော ဗလီ၊ ချပ်ကျောင်းနှင့် ဗုဒ္ဓဘာသာကျောင်းတို့ လည်ပတ်နေပုံကို ကျကျနန မသိနိုင်လောက်ပေ။ မိမိတို့ကျောင်းမှာပင် တနင်္ဂနွေနေ့ဆိုလျင် နံနက် ၉ နာရီမှာစသော ဆန်းဒေး ဓမ္မသင်တန်းများ၊ ပါဠိကောလိပ်တန်းများ ၊ ဘုရားရှိခိုး၊ တရားထိုင်၊ ပဋ္ဌာန်းရွတ်တို့ဖြင့် ည ၉ နာရီရောက်မှ ပြီးဆုံးသည်။ ထို Masjid Darul Aman ဗလီမှာလည်း သော ကြာနေ့များတွင် တစ်နေ့လုံးလိုလို လူစည်ကားနေသည်ကို တွေ့ရပါ၏။

မေတ္တာဖြင့်

သီဟနာဒ

 

Post a Comment