ဒီလိုကွ၊ ကျောင်းကနေ ဆေးရုံကြီးကို သွားကြတာ။ ကျုံးဘေးလမ်းမကြီးပေါ်မှာ ဆိုက်ကားဆရာက လမ်းလယ် တည့်တည့်ကြီးကနေ နင်းတာကွာ။ ငါလည်း လန့်တာပေါ့။ ဒါနဲ့
"ဒကာကြီး ခင်ဗျားက ဘာ့ကြောင့်လမ်းလယ် တည့်တည့်ကနေ နင်းနေရ တာတုံး၊ ဘေးချနင်း" လို့ပြောတော့
"ဘုန်းဘုန်းတွေ ဆိုက်ကားပေါ် ပါနေတာပဲ ရပါတယ်" တဲ့ကွာ။
"ပါပါ၊ မပါပါ၊ မနင်းရဘူး။ နောက်ပြီး လော်ရီတက်ကြိတ်ရင် ဘုန်းဘုန်းလည်း သေ တာပဲ"ဆိုပြီး ဘေးချနင်းဖို့ မနည်းပြောယူရတယ်ဗျာ-
ဆရာသမားက ဒီ ရောက်စဉ် သူ့အတွေ့အကြုံကို ဖောက်သည်ချခဲ့တာပါ။
ဘုန်းကြီးပါလာတော့ ဆိုက်ကားဆရာလည်း သတ္တိကောင်းသွားတယ်။
ဒါနဲ့ ဆက်စပ်ပြီး စဉ်းစားမိတာပါ။ လက်ရှိအနေအထားအရ ဘုန်းကြီးတွေဘဝ ကလည်း မလွယ်လှဘူး။
သမ္မတဦးသိန်းစိန်က အစ ဆိုက်ကားဆရာ အဆုံး လိုက်ထိမ်းပေးနေကြရတယ်။
တကယ်၊ ၁၆ ရာစု ဥရောပအတိုင်းပဲ။
Post a Comment